ညနေ ၃နာရီလောက်ရောက်တော့ ဟိုတယ်ကမှာလိုက်တဲ့ အုန်းသီးနှစ်လုံးကိုင်ကာ နှစ်ယောက်သား
ကမ်းခြေဖက်ကို ထွက်လာကြသည်။ ဟိုတယ်က ကျောက်ဆောင်ပေါ်မှာ ဆောက်ထားတာမလို့ လှေကားထစ်တွေကနေ တစ်ဆင့် ကမ်းစပ်ဆီကို ဆင်းလာလိုက်သည်။
ဒီဖက်မှာ ဟိုတယ်မှာတည်းနေတဲ့လူတစ်ချို့သာ ရှိပြီး ကမ်းခြေဖက်နှင့် ယှဉ်ရင် သီးသန့်ဆန်ပြီး လူရှင်းနေသည်
အသားပျော့ပျော့ ရှပ်လက်ရှည်က လေမှာ
တလွင့်လွင့်ဖြစ်နေကာလက်ဖမိုးအထိ နေဒဏ်ကို
ကာကွယ်ထားပေမယ့် အောက်က ဒူးလောက်သာရှိသည့် ဘောင်းဘီတိုကြောင့် တစ်ခါမှ သေချာမမြင်ဖူးသည့် ခြေသလုံးသားဖြူဖြူတွေက အမွေးအမျှင် ခပ်ရေးရေးသာရှိသည်။
ရေချိုး နေ့လည်စာစားပြီးကတည်းက ဝရံတာက အမိုးလေးနဲ့ အလှဆင်ထားတဲ့ ခုံမှာ လှဲနေတာ အခုမထွက်လာခင်အထိ။ခုနက သူပဲ စနမ်းပြီး ကိုယ်ပြန်နမ်းတော့ အသားယူတာတဲ့။ ဒေါက်တာကြီးက ဘယ်လိုတောင် ဂျီဂျောင်ကျသလဲဆိုရင် အဲ့ဒါပဲကြည့်။
ရေဆော့ဖို့လည်း ပျင်းနေတာနဲ့ နည်းနည်းနေပူသက်သာတဲ့ နေရာမှာ ထိုင်ချကာ ပင်လယ်ထဲကို ငေးလိုက် သောင်ပြင်ပေါ် ဟိုငေးဒီငေးလုပ်လိုက်ဖြင့် အချိန်ဖြုန်းနေလိုက်သည်။ လည်ပင်းမှာဆွဲလာတဲ့ ကင်မရာကလည်း ဘာကိုမှ အခုထိ မရိုက်ရသေး။သဲပြင်ပေါ် ထိုင်ချလိုက်တော့ ပေါ်လာတဲ့ ပေါင်သားတွေဟာ ကိုယ်နှင့် ဒူးခေါင်းချင်းထိလုနီးပါးအခြေအနေမှာ ဖြူတဲ့အထဲ ပါသည့် ကိုယ့်အသားအရေနှင့် များစွာကွာခြားနေပြန်သေးသည်။
"ဘာရှာနေတာလဲ"
သူ့ရဲ့ ဖြူဖွေးနေတဲ့ ပေါင်သားတွေက်ိုကြည့်လိုက် ရောက်တာတစ်ရက်မပြည့်သေးဘဲ လေဒဏ်ကြောင့် နည်းနည်းအရောင်တက်လာတဲ့ ကိုယ့်အသားအရေကိုကြည့်လိုက် အလုပ်ရှုပ်နေတုန်း ကိုယ်တစ်ခုခုက်ို ရှာနေသည်အထင်နှင့်
မေးလာသည်။
" ဟမ် ဘာမှ မရှာပါဘူး"
" ခုနနေ ကိုယ်တို့အခန်း ဝရံတာကနေ နေဝင်တာကြည့်လို့ရတယ် ညစာစားမယ့်ချိန်မှ အောက်က ဘားကို ဆင်းရအောင်"
အခန်းက sea view roomကိုမှ upper base မလို့ နေဝင်တာကို သေချာမြင်နိုင်ပြီ မနက် အိပ်ရာထတာနဲ့ အိပ်ရာပေါ်ကနေ ပင်လယ်ကို တန်းမြင်နိုင်သည်။
"အင်း သောက်မှာလား"
အုန်းရည်ကို ပိုက်နဲ့စုပ်သောက်နေရင်း ခေါင်းငြိမ့်ပြသည်။
"မူးချင်လို့"
အုန်းရည်ကို မျိုချလိုက်လို့ လှုပ်ခတ်သွားတဲ့ လည်ပင်းက
တစ်နေရာကို ငေးနေတုန်း ခပ်ဟဟရယ်ရင်းပြောလာသည်က မူးချင်လို့တဲ့။
" ညကျ အမှောက်သောက် ကျွန်တော်ရှိတယ်"
ခေါင်းမော့ကာရယ်ရင်း ကိုယ့်ကိုမှီချလာသည်။ ကြည့်လိုက်ရင်တော့ သူ့ဘာသာသူထိုင်နေတာမျိုဆိုပေမယ့် သူ့ပုခုံးက ကိုယ့်ပုခုံးကိုထောက်လို့ မှီထားတာမျိုးဖြစ်သည်။
"ဉာဏ်လည်း သောက်လေ ကိုယ်တစ်ယောက်တည်းမူးရင်
ပျော်စရာမကောင်းလောက်ဘူး"
"နှစ်ယောက်လုံးမူးမယ်ဆို အခန်းထဲက မီနီဘားထဲက ကောင်တွေနဲ့ အခန်းထဲမှာပဲ"
"မင်းက ဘီယာနဲ့မူးတယ်ဆိုတော့"
"ဪ ဘီယာလည်း သူ့အတိုင်းအတာနဲ့သူပေါ့
မူးအောင်သောက်ရင် မူးတာပဲ"
" ကိုယ်က အရမ်းသောက်နိုင်တဲ့အထဲတော့ မပါပါဘူး"
" ဒါပေမယ့် အစ်ကိုမူးတာ အရမ်းသဘောကျဖို့ကောင်းတယ်"
"မင်းနော်"
"တကယ်ပြောတာ တစ်ခါပဲတွေ့ဖူးပေမယ့် အခုထိ screen recording ယူထားတဲ့ ဗီဒီယ်ိုကို ခနခနဖွင့်ကြည့်နေတုန်းပဲ"
" တော်ပြီ အဲ့အကြောင်းမပြောရဘူး"
နားရွက်ဖျားတွေ နီစွေးလာကာ မှီထားတာကို ပြန်ဖယ်သွားကာ အုန်းရည်ကိုသာ သောက်နေသည်။
" အစ်က်ို့နဲ့ ပထမဆုံးသောက်ဖူးတဲ့ Terminal မှာထိုင်ကတည်းက သဘောကျသွားတာဖြစ်မယ် မီးရောင်ထဲမှာ အစ်ကို့ကိုမြင်နေရတာ ရင်ဘတ်ထဲ အရမ်းနေရခက်နေလို့
အဲ့ညက ဆိုင်မှာ ထိုင်နေရင်း toilet ထဲ ခနခနထသွားနေမိတာ ခပ်ထွေထွေဖြစ်လာတော့ အစ်ကို့ကိုမြင်နေရင် ဘာဖြစ်လ်ို့ဖြစ်နေမှန်းမသိတဲ့ ကိုယ့်ဘာသာကိုယ် ဒေါသတွေ
ထွက်လာတယ်"
" ကိုယ်ကတော့ သိပ်မမှတ်မိတော့ဘူး"
"ဘယ်မှတ်မိမလဲ ကျွန်တော့်ကို အာရုံထဲတောင် မရှိတာ"
"ဟား ဟား"
" အဲ့ဒီတုန်းက အစ်ကိုကြောင့်ညတွေဆိုလဲ အိပ်မပျော်ဘူး
ဆေးလိပ်တွေ ထိုင်သောက်ရင်း ဦးနှောက်တွေလည်း
ခြောက်ရသလားမမေးနဲ့"
"..."
"အဲ့ဒီအချိန်တွေက ကျွန်တော့်ဘဝရဲ့ လမ်းအပျောက်ဆုံးအချိန်တွေလိုပဲ အရမ်းလည်းမွန်းကြပ်စရာကောင်းတယ်
အဲ့ဒီညက အစ်ကိုသာမူးပြီး ဖုန်းမဆက်လာခဲ့ရင် ကျွန်တော်ရှေ့ဆက်တိုးဖြစ်မှာလဲ မဟုတ်ဘူး အဲ့ဒီရှေ့မှာကတည်းက အစ်ကိုအပေါ် သဘောကျတယ် ကိုယ့်ဘာသာကိုယ် ဘာဆိုတာကိုလည်း လက်ခံလိုက်ပြီးသားဆိုပေမယ့်
အစ်ကို့ကို ထိခိုက်မှာကြောက်တဲ့စိတ်က များနေတော့
ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးပဲရှိနေခဲ့တာ"
"အစ်ကို့ဆီက တန်ပြန်သက်ရောက်မှုက တန်ဖိုးကြီးတယ်လို့ ဘာလို့ပြောလဲဆို အဲ့ဒီရှေ့မှာ ကျွန်တော်တစ်ယောက်တည်း မွန်းကြပ်ခဲ့ရလို့ အဲ့ဒီမွန်းကြပ်မှုက ကျွန်တော့်ဘဝမှာ အများကြီးလေးနက်ခဲ့လို့ပဲ အဲ့တာကြောင့် အစ်ကို့ရဲ့ဘေးမှာ ကျွန်တော်ရှိနေဖို့က အစ်ကိုကျွန်တော့်ကို ယုံကြည်ထားမှ ဖြစ်မယ်"
" အင်း ကိုယ့်ကိုလည်း မင်းက ယုံကြည်ရမယ်"
တော်သေးတာပေါ့ မင်းသဘောကျတာ ကိုယ်မလို့ဆိုပြီးဘဝမှာ ပထမဆုံးလောဘတက်ခဲ့ဖူးတာပဲ ဉာဏ်။ မင်းအများကြီး မွန်းကြပ်လမ်းပျောက်ပြီးမှ ရခဲ့တဲ့ အဖြေက ကိုယ့်ကို သဘောကျနေခြင်းဆို ကိုယ့်ဖက်က အရာအားလုံး လျစ်လျူရှုပြီး မင်းကိုရွေးချယ်ခဲ့ခြင်းကရော မင်းကို မြတ်နိုးခြင်းလို့ သတ်မှတ်လို့ရမလား။
ကိုယ်က မင်းထက် ပိုချစ်တတ်သူပါ ဉာဏ်ရယ်။ မင်းလေးနက်သလောက် ကိုယ်ကလည်း နက်ရှိုင်းပေးနိုင်တဲ့သူပါ။
ကိုယ်က အကြီးမို့ ဖြစ်လာသမျှလည်း အကုန်ကိုယ်ပဲ ခေါင်းငုံ့ခံပြီး မင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မင်းကိုလည်း ကိုယ်ဂရုစိုက်ပေးနိုင်တယ် ။ မင်းကိုလည်း ကိုယ်စောင့်နေပါ့မယ်။
" သွားရအောင်"
အရင်ထပြီး လက်ကမ်းပေးတော့ ဉာဏ်က ကိုယ့်လက်ကိုဆွဲကာ ထရပ်သည်။ အုန်းရည်ကုန်သွားပြီဖြစ်တဲ့ အုန်းသီးတွေကို အမှိုက်ပုံးထဲ ပစ်လိုက်ပြီး ဘောင်းဘီမှာ ကပ်နေတဲ့ သဲတွေခါကာ ပငါလယ်ကမ်းစပ်ဆီ ဦးတည်လိုက်သည်။
လှိုင်းလုံးသေးသေးလေးက ခြေမျက်စိလောက်အထိ မြုပ်သွားလိုက် တဖန် ရေပြန်ကျသွားလိုက်ဖြစ်နေသည်ကို ငုံ့ကြည့်နေရင်း
" အစ်ကို"
လှည့်ကြည့်လိုက်တော့ ဉာဏ်က ကင်မရာဖြင့်ချိန်ထားနှင့်ပြီးသား အခြေအနေတင်မက ကိုယ်လှည့်သည်အချိန် သူက ကိုယ့်ပုံရိပ်ကို ဖမ်းယူလို့ ပြီးသွားခဲ့ပြီ။ ဉာဏ်ကတော့ ပြုံးပြီး ကိုယ့်ပုံကိုသာ ငုံ့ကြည့်နေသည်မို့ ခေါင်းခါကာ ရေထဲကိုသာ ခြေတစ်လှမ်းချင်းတိုးလိုက်သည်။
"ဆက်မသွားတော့နဲ့"
ဒူးအထက် ဘောင်းဘီစတွေ ရေစိုလာချိန်မှာ နောက်ကနေ လှမ်းပြောလာတဲ့ ဉာဏ့်ိကို လှည့်ကြည့်တော့ ကိုယ့်ဆီလာနေသည်။
"ဒီဘက်က လှိုင်းကြမ်းတယ် ကျောက်ဆောင်တွေရော အန္တရာယ်များတယ် ရေဆော့မယ်ဆို အဝတ်အစားလဲပြီး ကမ်းခြေဖက်သွားမယ်"
"ဆရာမလုပ်နဲ့"
"ဟာ"
ခန္ဓာကိုယ်ကို ကိုင်းချကာ လက်တစ်ဖက်ဖြင့် ရေလှမ်းပက်တော့ လက်နဲ့ကာပြီး သူ့ရင်ဘတ်ထဲက ကင်မရာကို ကာသွားသည်။ တကယ်တော့ရေက ကင်မရာကိုမထိဘဲ နဖူးနဲ့ဆံပင်တွေကို စိုသွားတာ။
" လာမစနဲ့နော် ချီပြီး ငါးဖမ်းသင်္ဘောပေါ် ပစ်တင်ပေးလိုက်မယ်"
"ဒီကိုလာ"
"ဘာလုပ်မလို့လဲ အရင်ပြော ပြောမှလာမှာ"
"ငါးမန်းစာကျွေးမလို့"
ဉာဏ်က ရေစိုသွားတဲ့ ဆံပင်တွေကို လက်တစ်ဖက်ဖြင့် သပ်တင်ရင်း သွားချွန်ချွန်ပေါ်အောင်လည်း ပြုံးနေသေးသည်။ တလှမ်းချင်းတိုးကပ်လာတာက ကြောက်စရာကောင်းနေသေးသည်။ လှိုင်းနည်းနည်းကြမ်းပြီး ကျောက်ဆောင်ပေါတဲ့ဖက်မလို့ ပင်လယ်ရေထဲဆင်းတဲ့သူကတော့ သိပ်မရှိ။ ကျောက်ဆောင်ဖက်ခြမ်းမှာ ဓာတ်ပုံရိုက်နေတဲ့ အဖွဲ့သာရှိသည်။
" ကိုယ့် ကောင်လေးကို ပေါက်ကရတွေပြောပြီး စတယ်ပေါ့"
လက်တစ်ဖက်တည်းနှင့် ခါးကနေ ဆက်ခနဲ ဆွဲယူကာ ရင်ဘတ်ခြင်း ကပ်ပစ်တော့ အလန့်တကြားပတ်ဝန်းကျင်ကို လှမ်းကြည့်ရသေးသည်။
"ဉာဏ် လူတွေ မြင်မယ်"
"ညကျ အမူးတိုက်ပြီး ကျွန်တော် လုပ်ကြံမှာမကြောက်ဘူးလား အခုက လာစနေတာ"
"ပေါက်ကရတွေ မပြောနဲ့"
" အဟွန်း"
"တော်ပြီ အခန်းပြန်တော့မယ်"
ဘေးတစောင်းပုံတွေ နောက်ကျောပုံတွေဖြင့် ပြည့်နှက်နေပြီးသားဆိုပေမယ့် ဉာဏ်ကတော့ ထွက်သွားတဲ့ ကျောပြင်လေးရဲ့ ပုံရိပ်ကို ဖမ်းယူလို့ မဝနိုင်သေးပါ။ ဒါကို ထွက်သွားပြီး တော်တ်ောလှမ်းတဲ့နေရာရောက်မှ မလိုက်လာဘူးလားဆိုတဲ့ အကြည့်နဲ့ လှည့်ကြည့်လာတဲ့
ဒေါက်တာလေးကလည်း မသိလိုက်ပါ။
သေချာတာက မျက်ခုံးလေးကျုံ့ကာ လှည့်ကြည့်လာတဲ့ ပုံလေးကလည်း memory cardလေးထဲ နေရာယူသွားပြီဖြစ်သည်။
___________
(Underage warning ⚠️)
လေတွေက ပင်လယ်မျက်နာပြင်ပေါ်ကနေ ဖြတ်သန်းလာသည့်မလို့ စိမ့်နေအောင် အေးနေသည်။ ခုနက အောက်က ဘားမှာ နည်းနည်းသောက်ပြီး ညစာစားကြမယ်ဆိုကာ ဆင်းသွားပေမယ့် cocktail တစ်ခွက်ဆီပဲ သောက်လာပြီး dinner အတွက် room service ပဲယူလိုက်ကာ mini barထဲက ဘီယာဘူးတွေဖြင့် ဝရံတာမှာပဲ နှစ်ယောက်အတူတူဆိုတဲ့ အခိုက်အတန့်ကို ဖြတ်သန်းဖို့ဖြစ်လာသည်။
အောက်က သောက်လာတဲ့ Cocktailက နည်းနည်းပြင်းတာကြောင့် အစ်ကိုက နည်းနည်းရီဝေဝေဖြစ်နေပြီမလို့ အများကြီးထပ်မသောက်စေချင်ပေမယ့် ဘီယာဗူးရှည် သုံးဘူးမြှောက်ကို ထပ်ဖောက်နေပြန်သည်။
" များနေပြီ"
ဘီယာဘူးကို ကိုင်ထားတဲ့ လက်ကို ဆုပ်ကိုင်ရင်းတားပေမယ့် ကိုယ့်လက်ကို ဖယ်ထုတ်သွားကာ မော့ကျနေတာများ ဘူးတစ်ဝက်ကျိုးသွားသည်အထိ။ လေတိုက်လေ
အရှိန်တက်လေမလို့ ဝတ်ထားတဲ့ ဗွီပုံသဏ္ဍန် ခပ်ကျယ်ကျယ် လည်ပင်းပေါက် တီရှပ်ကြောင့် လည်ပင်းသားတွေ နီနေတာကိုလည်း မြင်နေရသည်။ လူကို ဘယ်လောက် သမာဓိအားကောင်းတယ် ထင်နေပြီး ပစ်ယုံထားပုံရသည်။
မတတ်နိုင်တော့တဲ့အဆုံး လက်တစ်ဖက် နောက်ပစ်ကာ ခပ်ရှောရှောထိုင်ရင်း ထိုင်သာကြည့်နေလိုက်တော့သည်။
ကျွန်တော့်ငြိမ်းချမ်းရိပ်ကလေးက မူးနေလည်း သဘောကျစရာကောင်းနေတာပဲလေ အဲ့တော့ ထိုင်ကြည့်နေရုံပေါ့။
"မင်း အဲ့လိုကြည့်တာ"
ရုတ်တရက်ထပြောလာတာက အဆက်စပ်မရှိ။
" ဘုရားမှာလေ မင်းအဲ့လိုကြည့်နေတာ
မင်းကိုယ့်ကို သဘောကျနေပါတယ်လို့ စည်သူပြောတုန်းက ကိုယ် မင်းနဲ့ဆိုတဲ့ ဖြစ်စဉ်တစ်လျှာက် ပြန်တွေးကြည့်လိုက်တာ မသင်္ကာစရာဆိုလို့ မင်းအဲ့လိုကြည့်နေတာပဲ ရှိတယ်"
သဘောကျမိလွန်းလို့ ခေါင်းမော့ကာ အသံထွက်အောင်
ရယ်ပစ်လိုက်သည်။ မပြောဘူးလား မူးရင်း ပိုသဘောကျစရာ ကောင်းပါတယ်လို့။ အခုလည်း ထိုင်ငေးနေရင်း လက်ထဲက ဘူးက ကုန်သွားပြန်ပြီထင်တယ် ။
ထောက်ထားတဲ့လက်ကို အနီးတိုးကပ်ပြီး ခါးတွေဆီ ပွေ့ပိုက်လိုက်တော့ အစ်ကိုက ရင်ခွင်ထဲ ရောက်နေသလိုဖြစ်သွားသည်။ ဝင်ထားတဲ့Alcohol အရှိန်က ပုခုံးတွေဆီ နှုတ်ခမ်းတွေ ဖိကပ်မိမှ တဟုန်တိုးတက်လာသလို နားထင်တွေအထိပါ ပူထူကုန်သည်။ ကိုယ်တိုင်တောင် လန့်သွားသည်မလို့ ကိုယ်ခေါင်းကို ပြန်မတ်နေတုန်း လှည့်လာသည့် မျက်နာ၏ ပါးပြင်ပေါ်က မှဲ့ကိုမြင်တော့ ကြက်သီးတွေပါ ဖျင်းကနဲထသွားရသည်။ သေချာတယ် ဒါက Alcohol နဲ့မဆိုင်တော့ဘူး ။
ခါးဆီက လက်တွေကို ဖယ်ဖို့တွေးနေတဲ့အချိန် ကိုယ်လည်ပင်းကြား တိုးဝင်လာတဲ့ အစ်ကိုမျက်နာက ပူနွေးနေသည်။
" ကိုယ် များသွားပြီထင်တယ်"
အံကို တင်းတင်းကြိတ်လို့ ငုံ့ကြည့်တော့ မျက်လုံးမှိတ်ထားသည့် အစ်ကိုက နှုတ်ခမ်းတွေကတော့ ပြုံးနေသည်။ ဒီအနေအထားနဲ့ ဆက်နေရင်း အစ်ကို အသက်ရှုလိုက်တိုင်း လည်ပင်းကို လာရိုက်ခတ်နေတဲ့ လေနွေးနွေးတွေကြောင့် သူချွေးစေးတွေပါ ထွက်လာသည်အထိ။
" ဉာဏ်"
"ဗျာ"
"ဟိုမှာ လိမ်လိမ်မာမာနေ စာကြိုးစားပြီး
ကိုယ့်ဆီ မြန်မြန်ပြန်လာခဲ့"
ရုတ်တရက် ဝဲတက်လာတဲ့ မျက်ရည်တွေကြောင့် ခေါင်းကို မော့လိုက်သည်။ မခွဲနိုင်ဘူး ကျွန်တော်ရဲ့ ချစ်မဝလေးရဲ့။
"ကိုယ်ပြောတာ ကြားလား"
ကိုယ့်ပါးပြင်တစ်ဖက်ဆီ အုပ်မိုးထိတွေ့လာတဲ့ အေးစက်စက်လက်ဖဝါးလေးနှင့်အတူ ခေါင်းကိုပြန်ထောင်သွားကာ
ကိုယ့်ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေက ရူးလောက်တယ်။ ဒီလို အပြုအမူအသေးလေးတွေကအစ ချစ်တယ်။နောက်ဆုံး ဒီအတိုင်းလေး သူ့ဘာသာနေ,နေရင်ကို ဘာလို့မှန်ူးမသိ ချစ်နေတာပဲ ။
" အင်း ကြားတယ်"
ဘီယာနံ့သင်းနေတဲ့ နှုတ်ခမ်းတွေကို မထိတွေ့ခင်
မှဲ့နက်လေးရှိရာ ပါးပြင်ဆီ တရှိုက်မတ်မတ် အရင်စတင်လိုက်တော့ တွန့်သွားတဲ့ ပုခုံးလေးက မူးနေတာတောင် အကျင့်က မပျောက်သေးတာမျိုး။ တစ်ကိုယ်လုံး သွေးတွေ ပြောင်းပြန်စီးကုန်သလားထင်ရအောင် မှဲ့နက်လေးက ထိတွေ့လိုက်တာနဲ့ ရူးသွပ်မတတ်။
နွေးအိနေတဲ့ နှုတ်ခမ်းတွေက မိနစ်တစ်ချို့ကြာသည်အထိ မရပ်တန့်နိုင်ကာ အသံတစ်ချို့ပါ ထွက်လာတဲ့အခါ အတွေးအသိတွေပါ ညစ်ထေးကုန်၏။ နမ်းနေကြဆိုပေမယ့် ဒီနေ့မဖြူစင်တဲ့ ကိုယ့်စိတ် ကိုယ့်အတွေးတွေကို အလိုလိုက်ပစ်ဖို့ကလည်း မဖြစ်နိုင်သည်မို့ အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း။
"အေးလာပြီ အခန်းထဲဝင်ရအောင်"
ကိုယ့်ကြောင့်နီရဲသွားတဲ့ မြတ်နိုးခြင်းလေးတွေဆီ အဆုံးသတ်တစ်ချက်ဖိကပ်ရင်း အခန်းထဲဝင်ဖို့ပြောတော့ ခေါင်းငြိမ့်သည်။ တကယ်ကို limitကျော်သွားတဲ့ အစ်ကိုက အခန်းထဲဝင်တာတောင် ယိုင်တိုင်တိုင်။ ဘူးခွံတွေ အစားအသောက်ပန်းကန်တွေကို ရှင်းပြီးတာနဲ့ သယ်လာတဲ့ လှည်းလေးပေါ်ပြန်တင်ကာ service ကို ဖုန်းဆက်ပြီး တစ်ခါတည်း လာယူခိုင်းလိုက်သည်။
အားလုံးပြီးစီးသွားလို့ အခန်းထဲက ဆိုဖာမှာ ထိုင်နေတုန်း
ရေချိုးခန်းထဲက ထွက်လာတဲ့ အစ်ကိုက ညအိပ်ဝတ်စုံပါ လဲပြီးနေသည်။
"ရေချိုးတာလား"
"ဟင့်အင်း သန့်ရှင်းရေးပဲ လုပ်တာ"
" အင်း ကျွန်တော် ဝင်လိုက်အုန်းမယ်"
ရေချိုးခန်းထဲက သွားတိုက် မျက်နာသစ်ပြီး ညအိပ်ဝတ်စုံလဲပြီးထွက်လာတော့ ကုတင်ပေါ်ဘေးစောင်းလေး လှဲနေသူက ကွေးကွေးလေး။ ဝရံတာက မှန်တံခါးကို ပိတ်၊ခန်းဆီတွေချပြီး ကုတင်ပေါ် မျက်နာချင်းဆိုင် ဝင်လဲသည်အထိ မျက်လုံးလေး မှိတ်ထားတုန်းပင်။ ခေါင်းအောက် လက်တစ်ဖက်ခုပြီး အမူးမပြေသေးတဲ့ မျက်နာလေးကို ကြည့်နေလိုက်သည်။
"ဉာဏ်"
နှာခေါင်းချင်းထိလုမတတ်တိုးကပ်လာတဲ့ အနေအထားမှာ အစ်ကိုက မျက်လုံးတွေ ဖွင့်မလာသေး။ မျက်ခွံဖောင်းဖောင်းတွေပေါ် အနမ်းခြွေမိသည်က သတိလက်လွတ်စွာ။ ထို့မှတဆင့် မျက်ခုံးနှစ်ခုကြားလေးမှာ ခရီးဆက်နေတုန်း
" မင်း နမ်းတာ များနေပြီနော် ညီလေး"
ရုတ်တရက် ကိုယ့်ကို ပုခုံးကနေတွန်းကာ ပက်လက်လန်ပြီးတာနဲ့ အပေါ်က အုပ်မိုးလာသည်။ ကိုယ့်ခါးရဲ့ ဘေးတစ်ဖက်ဆီမှာ ဒူးတွေထောက်က လက်တွေရင်ဘတ်ပေါ် ဖိကပ်ထားသည်။ သူက ရူးစေချင်ရုံဆိုပေမယ့် ကိုယ်က ကိုယ့်အတတ်ကိုယ်စူးတော့မှာ ။ ခုနက ရေချိုးခန်းထဲမှာ ပြန်ငြိမ်သွားတဲ့ ခန္ဓာဗေဒက အခုတစ်ဖန် ပြန်တောက်လောင်လာလေပြီ။
"အဟွန်း တော်ရုံပဲ ချစ်စရာကောင်းပါဗျာ
အစ်ကိုသိအောင် ပြောအုန်းမယ် ကျွန်တော်လည်း
နှာဗူးတတ်တယ်နော်"
ထိစပ်နေတဲ့ ခန္ဓာအလယ်ပိုင်းတစ်နေရာကို မေးငေါ့ရင်းပြောတော့မှ ထိတ်ထိတ်လန့်လန့်ဖြင့် အောက်ဆင်းဖို့ပြင်နေသည်။
" မင်းနော်"
ခါးတွေကို အတင်းဆုပ်ကိုင်ထားတော့ ရုန်းနေရင်း ကိုယ်နှင့် ပိုထိကပ်သွားမှာလည်း ကြောက်နေတဲ့သူက
အတင်းလည်းမရုန်းရဲ။ နောက်မှ နဖူးချင်းထိကပ်လာသည်အထိ အုပ်မိုးချလာသူက အသွင်ပြောင်းသွားသည်မှာ
ချက်ချင်း။
"ဉာဏ် တကယ် ဆန္ဒရှိနေတာလား
ကိုယ် ကူပဲ ကူညီနိုင်မှာ"
" နောက်တာပါ ကျွန်တော် အဆင်ပြေပါတယ်
ကျွန်တော် ရေချိုးခန်းထဲ သွားမလို့ ခန"
" ကိုယ် ကူညီပေးမယ်"
ရုတ်တရက်ဆန်လွန်းတဲ့ နှုတ်ခမ်းတွေဆီက ထိတွေ့မှုက
ညင်ညင်သာသာလေးဆိုပေမယ့် ကိုယ့်လက်တွေကတော့
ခါးသိမ်သိမ်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားမိသည်။
"အစ်ကို"
ညအိပ်ဘောင်းဘီဆီ တိုးဝင်လာကာ ကိုယ့်ရဲ့ ထကြွနေတဲ့ ခန္ဓာအစိတ်အပိုင်းဆီ လှမ်းနေတဲ့ လက်လေးက်ို လက်ကောက်ဝတ်ကနေ ကိုင်ရင်း ဟန့်တာမိတော့ ကိုယ့်ကို မေးခွန်းပါတဲ့ မျက်ဝန်းတွေဖြင့် ကြည့်သည်။ မြတ်နိုးရတဲ့ ကျွန်တော့်အချစ်ကို ဒီလို တောက်လောင်နေမှုကို ငြိမ်းသက်ရုံလေးပဲဆိုတဲ့ အနေအထားမျိုးဆိုရင်တောင် ကျွန်တော် အားနာနေမိတယ်။
" ကျွန်တော် ကိုယ့်ဘာသာပဲ"
" ဘာလို့လဲ"
အရောင်ပြောင်းသွားတဲ့ မျက်ဝန်းတွေက စက္ကန့်ရဲ့ အစိတ်အပိုင်းတစ်ခုသာကြာပေမယ့်လည်း ကိုယ်အလွတ်ရသည်အထိ နားလည်လိုက်သည်။
"မဟုတ်ဘူး အစ်ကိုထင်သလို မဟုတ်ဘူး
အားနာလို့ ကျွန်တော် အချစ်ကို အားနာလို့"
" ဒါဆို မင်း ကိုယ့်ကို ပြန်ကူညီ
ကိုယ်ကတော့ အားမနာဘူးနော် ဘယ်လိုလဲ"
"အချစ်ဗျာ"
ပထမဆုံး လက်ဖဝါးရဲ့ အထိအတွေ့မှာ ခေါင်းမော့ကာ လည်ပင်းကြောတွေ ထောင်သည်အထိ အံကို တင်းတင်းကြိတ်လို့ သည်းခံနေရင်း မနေနိုင်တဲ့အဆုံး နှုတ်ခမ်းတွေအပေါ်သာ အပြစ်ပုံချမိသည်။ တစ်ခါတလေ ငြိမ်းချမ်းရပ်ဝန်းလေးမှာ တောက်တဲ့မီးတောက်ကလေးမို့ မြတ်နိုးနိုးကိုယ်ထွေးပွေ့ချော့မြူတော့ ယောကျ်ားတစ်ယောက်၏ မာန်အပြည့်ဖြင့် ကြည့်ကောင်းနေတဲ့ အစ်ကိုက
အောက်နှုတ်ခမ်းကို ဖိကိုက်လို့ ယစ်ယစ်မူးမူး လိုက်ပါစီးမျောသည်။
"ဉာဏ် ...ကိုယ်"
ဒါဟာ ပထမဆုံး ပုထုဇဉ်လူသား ကိုယ်တို့နှစ်ယောက်ကြားမှာ ဖြူစင်ခြင်းသော အနမ်းတွေအပြင် ပူလောင်ပြီး မှောင်မိုက်သော ရမ္မက်တွေ ပေါက်ဖွားလာခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာဟာ ခံစားသက်ဝင်သူနှစ်ယောက်ကြား အေးချမ်းတယ်ဆိုပေမယ့် တစ်ခါတစ်ရံ တောက်လောင်လာတဲ့ မီးတောက်ကလေးကတော့ ပူလောင်ပါတယ်။
" အချစ်... "
စိတ်လှုပ်ရှားမှုများစွာနဲ့ အထွတ်အထိပ်ရောက်ပြီးချိန် နှစ်ယောက်သား ဘာစကားမှ မဆိုဘဲ ခပ်တင်းတင်းသာ
ဖက်ထား ဖြစ်သည်။ ပုခုံးပေါ်မှာ ဖွက်ထားတဲ့ မျက်နာလေးက တော်တော်နဲ့ မထွက်လာပါ။
" ဘာလို့ အချစ်လဲ"
မောနေတဲ့ အသံလေးဖြင့် ခေါင်းမမော့ဘဲ မေးခွန်းတွေ စတင်လာသည်။
"ချစ်လို့ပေါ့ ကျန်တဲ့အချိန် ဘယ်လိုပဲ ကိုးကွယ်ရပါစေ
အဲ့ဒီ့အချိန်မှာ ကျွန်တော်ခေါ်ချင်တဲ့ နာမည်လေးပဲ ခေါ်ချင်တယ် အစ်ကိုက ခွင့်ပြုပေး"
" ငါ မင်းထက်အကြီးနော်"
" သိပ်မကွာဘူးလားလို့"
"ဉာဏ် မင်း"
ရှက်ရမ်းရမ်းကာ နဖူးနဲ့ ရင်ဘတ်ကို တိုက်ချလိုက်တာ အင့်ခနဲ။
" သူများတွေပြောပြောနေတဲ့ ချစ်မဝလေးဆိုတာ
အချစ်နဲ့မှ တကယ်နားလည်လာတာဗျ"
"တော်ပြီကွာ ကိုယ်ထတော့မယ်
ရေချိူးခန်းဝင်မလို့ ဖယ်ပေးတော့"
" နေပါအုန်း wet tissue ထုပ်ရှိတယ် ကျွန်တော်လုပ်ပေးမယ်"
"မလုပ်ဘူး ကိုယ် လက်ဆေးမှာလို့"
" ရေချိုးခန်းထဲ လိုက်ခဲ့မယ်"
"ကိုယ်အခု မျက်နာပူနေလို့ မင်း အေးဆေးနေစမ်းကွာ"
" မပူပါနဲ့ ကျွန်တော်တို့က ချစ်သူတွေလေ
ဘာပူစရာရှိလဲ နောက်ဆို"
"မင်း မထင်ရဘူးနော် မင်း"
"ဒါက ရိုးသားတာပါ အစ်ကိုရဲ့"
"တော်ပြီ မင်းပါးစပ်ပိတ်ထားတော့"
ထို့နောက် ကိုယ်ပေါ်ကနေ ထကာ လှည့်မကြည့်စတမ်း ရေချိုးခန်းဆီ ပြေးဝင်သွားသည်။ခေါင်းမော့ကာ ကြည်နူးမှု အဖြာဖြာနဲ့ သွားတွေအကုန်ပေါ်အောင် ပြုံးမိသည်။
ဒါက ချစ်သူနှစ်ဦးကြား အချင်းချင်းနားလည်မှုတစ်ခုဖြစ်ပြီး အစ်ကိုနှင့် ကျွန်တော်ကြား တစ်ဆင့်တက်
ခဲ့ကြပြီဖြစ်သည်။
ထွေးပွေးခွင့်ရလိုက်တဲ့ မီးတောက်ကလေးက အမြင်အာရုံမပါဘဲ လက်ဖြင့်သာ ထိတွေ့လိုက်ရတဲ့ အထိအတွေ့အာရုံပဲဆိုရင်တောင် ကျွန်တော့်ဒေါက်တာကြီးသည် သိပ်ကိုသဘောကျစရာကောင်းသည်။
_______\\\||______
ညေန ၃နာရီေလာက္ေရာက္ေတာ့ ဟိုတယ္ကမွာလိုက္တဲ့ အုန္းသီးႏွစ္လုံးကိုင္ကာ ႏွစ္ေယာက္သား
ကမ္းေျခဖက္ကို ထြက္လာၾကသည္။ ဟိုတယ္က ေက်ာက္ေဆာင္ေပၚမွာ ေဆာက္ထားတာမလို႔ ေလွကားထစ္ေတြကေန တစ္ဆင့္ ကမ္းစပ္ဆီကို ဆင္းလာလိုက္သည္။
ဒီဖက္မွာ ဟိုတယ္မွာတည္းေနတဲ့လူတစ္ခ်ိဳ႕သာ ရွိၿပီး ကမ္းေျခဖက္ႏွင့္ ယွဥ္ရင္ သီးသန့္ဆန္ၿပီး လူရွင္းေနသည္
အသားေပ်ာ့ေပ်ာ့ ရွပ္လက္ရွည္က ေလမွာ
တလြင့္လြင့္ျဖစ္ေနကာလက္ဖမိုးအထိ ေနဒဏ္ကို
ကာကြယ္ထားေပမယ့္ ေအာက္က ဒူးေလာက္သာရွိသည့္ ေဘာင္းဘီတိုေၾကာင့္ တစ္ခါမွ ေသခ်ာမျမင္ဖူးသည့္ ေျခသလုံးသားျဖဴျဖဴေတြက အေမြးအမၽွင္ ခပ္ေရးေရးသာရွိသည္။
ေရခ်ိဳး ေန႔လည္စာစားၿပီးကတည္းက ဝရံတာက အမိုးေလးနဲ႔ အလွဆင္ထားတဲ့ ခုံမွာ လွဲေနတာ အခုမထြက္လာခင္အထိ။ခုနက သူပဲ စနမ္းၿပီး ကိုယ္ျပန္နမ္းေတာ့ အသားယူတာတဲ့။ ေဒါက္တာႀကီးက ဘယ္လိုေတာင္ ဂ်ီေဂ်ာင္က်သလဲဆိုရင္ အဲ့ဒါပဲၾကည့္။
ေရေဆာ့ဖို႔လည္း ပ်င္းေနတာနဲ႔ နည္းနည္းေနပူသက္သာတဲ့ ေနရာမွာ ထိုင္ခ်ကာ ပင္လယ္ထဲကို ေငးလိုက္ ေသာင္ျပင္ေပၚ ဟိုေငးဒီေငးလုပ္လိုက္ျဖင့္ အခ်ိန္ျဖဳန္းေနလိုက္သည္။ လည္ပင္းမွာဆြဲလာတဲ့ ကင္မရာကလည္း ဘာကိုမွ အခုထိ မရိုက္ရေသး။သဲျပင္ေပၚ ထိုင္ခ်လိုက္ေတာ့ ေပၚလာတဲ့ ေပါင္သားေတြဟာ ကိုယ္ႏွင့္ ဒူးေခါင္းခ်င္းထိလုနီးပါးအေျခအေနမွာ ျဖဴတဲ့အထဲ ပါသည့္ ကိုယ့္အသားအေရႏွင့္ မ်ားစြာကြာျခားေနျပန္ေသးသည္။
"ဘာရွာေနတာလဲ"
သူ႔ရဲ့ ျဖဴေဖြးေနတဲ့ ေပါင္သားေတြက္ိုၾကည့္လိုက္ ေရာက္တာတစ္ရက္မျပည့္ေသးဘဲ ေလဒဏ္ေၾကာင့္ နည္းနည္းအေရာင္တက္လာတဲ့ ကိုယ့္အသားအေရကိုၾကည့္လိုက္ အလုပ္ရွုပ္ေနတုန္း ကိုယ္တစ္ခုခုက္ို ရွာေနသည္အထင္ႏွင့္
ေမးလာသည္။
" ဟမ္ ဘာမွ မရွာပါဘူး"
" ခုနေန ကိုယ္တို႔အခန္း ဝရံတာကေန ေနဝင္တာၾကည့္လို႔ရတယ္ ညစာစားမယ့္ခ်ိန္မွ ေအာက္က ဘားကို ဆင္းရေအာင္"
အခန္းက sea view roomကိုမွ upper base မလို႔ ေနဝင္တာကို ေသခ်ာျမင္နိုင္ၿပီ မနက္ အိပ္ရာထတာနဲ႔ အိပ္ရာေပၚကေန ပင္လယ္ကို တန္းျမင္နိုင္သည္။
"အင္း ေသာက္မွာလား"
အုန္းရည္ကို ပိုက္နဲ႔စုပ္ေသာက္ေနရင္း ေခါင္းၿငိမ့္ျပသည္။
"မူးခ်င္လို႔"
အုန္းရည္ကို မ်ိဳခ်လိုက္လို႔ လွုပ္ခတ္သြားတဲ့ လည္ပင္းက
တစ္ေနရာကို ေငးေနတုန္း ခပ္ဟဟရယ္ရင္းေျပာလာသည္က မူးခ်င္လို႔တဲ့။
" ညက် အေမွာက္ေသာက္ ကၽြန္ေတာ္ရွိတယ္"
ေခါင္းေမာ့ကာရယ္ရင္း ကိုယ့္ကိုမွီခ်လာသည္။ ၾကည့္လိုက္ရင္ေတာ့ သူ႔ဘာသာသူထိုင္ေနတာမ်ိဳဆိုေပမယ့္ သူ႔ပုခုံးက ကိုယ့္ပုခုံးကိုေထာက္လို႔ မွီထားတာမ်ိဳးျဖစ္သည္။
"ဉာဏ္လည္း ေသာက္ေလ ကိုယ္တစ္ေယာက္တည္းမူးရင္
ေပ်ာ္စရာမေကာင္းေလာက္ဘူး"
"ႏွစ္ေယာက္လုံးမူးမယ္ဆို အခန္းထဲက မီနီဘားထဲက ေကာင္ေတြနဲ႔ အခန္းထဲမွာပဲ"
"မင္းက ဘီယာနဲ႔မူးတယ္ဆိုေတာ့"
"ဪ ဘီယာလည္း သူ႔အတိုင္းအတာနဲ႔သူေပါ့
မူးေအာင္ေသာက္ရင္ မူးတာပဲ"
" ကိုယ္က အရမ္းေသာက္နိုင္တဲ့အထဲေတာ့ မပါပါဘူး"
" ဒါေပမယ့္ အစ္ကိုမူးတာ အရမ္းသေဘာက်ဖို႔ေကာင္းတယ္"
"မင္းေနာ္"
"တကယ္ေျပာတာ တစ္ခါပဲေတြ႕ဖူးေပမယ့္ အခုထိ screen recording ယူထားတဲ့ ဗီဒီယ္ိုကို ခနခနဖြင့္ၾကည့္ေနတုန္းပဲ"
" ေတာ္ၿပီ အဲ့အေၾကာင္းမေျပာရဘူး"
နားရြက္ဖ်ားေတြ နီေစြးလာကာ မွီထားတာကို ျပန္ဖယ္သြားကာ အုန္းရည္ကိုသာ ေသာက္ေနသည္။
" အစ္က္ို႔နဲ႔ ပထမဆုံးေသာက္ဖူးတဲ့ Terminal မွာထိုင္ကတည္းက သေဘာက်သြားတာျဖစ္မယ္ မီးေရာင္ထဲမွာ အစ္ကို႔ကိုျမင္ေနရတာ ရင္ဘတ္ထဲ အရမ္းေနရခက္ေနလို႔
အဲ့ညက ဆိုင္မွာ ထိုင္ေနရင္း toilet ထဲ ခနခနထသြားေနမိတာ ခပ္ေထြေထြျဖစ္လာေတာ့ အစ္ကို႔ကိုျမင္ေနရင္ ဘာျဖစ္လ္ို႔ျဖစ္ေနမွန္းမသိတဲ့ ကိုယ့္ဘာသာကိုယ္ ေဒါသေတြ
ထြက္လာတယ္"
" ကိုယ္ကေတာ့ သိပ္မမွတ္မိေတာ့ဘူး"
"ဘယ္မွတ္မိမလဲ ကၽြန္ေတာ့္ကို အာ႐ုံထဲေတာင္ မရွိတာ"
"ဟား ဟား"
" အဲ့ဒီတုန္းက အစ္ကိုေၾကာင့္ညေတြဆိုလဲ အိပ္မေပ်ာ္ဘူး
ေဆးလိပ္ေတြ ထိုင္ေသာက္ရင္း ဦးေႏွာက္ေတြလည္း
ေျခာက္ရသလားမေမးနဲ႔"
"..."
"အဲ့ဒီအခ်ိန္ေတြက ကၽြန္ေတာ့္ဘဝရဲ့ လမ္းအေပ်ာက္ဆုံးအခ်ိန္ေတြလိုပဲ အရမ္းလည္းမြန္းၾကပ္စရာေကာင္းတယ္
အဲ့ဒီညက အစ္ကိုသာမူးၿပီး ဖုန္းမဆက္လာခဲ့ရင္ ကၽြန္ေတာ္ေရွ႕ဆက္တိုးျဖစ္မွာလဲ မဟုတ္ဘူး အဲ့ဒီေရွ႕မွာကတည္းက အစ္ကိုအေပၚ သေဘာက်တယ္ ကိုယ့္ဘာသာကိုယ္ ဘာဆိုတာကိုလည္း လက္ခံလိုက္ၿပီးသားဆိုေပမယ့္
အစ္ကို႔ကို ထိခိုက္မွာေၾကာက္တဲ့စိတ္က မ်ားေနေတာ့
ေရွ႕ဆက္ဖို႔ မျဖစ္နိုင္ဘူးဆိုတဲ့ အေတြးပဲရွိေနခဲ့တာ"
"အစ္ကို႔ဆီက တန္ျပန္သက္ေရာက္မွုက တန္ဖိုးႀကီးတယ္လို႔ ဘာလို႔ေျပာလဲဆို အဲ့ဒီေရွ႕မွာ ကၽြန္ေတာ္တစ္ေယာက္တည္း မြန္းၾကပ္ခဲ့ရလို႔ အဲ့ဒီမြန္းၾကပ္မွုက ကၽြန္ေတာ့္ဘဝမွာ အမ်ားႀကီးေလးနက္ခဲ့လို႔ပဲ အဲ့တာေၾကာင့္ အစ္ကို႔ရဲ့ေဘးမွာ ကၽြန္ေတာ္ရွိေနဖို႔က အစ္ကိုကၽြန္ေတာ့္ကို ယုံၾကည္ထားမွ ျဖစ္မယ္"
" အင္း ကိုယ့္ကိုလည္း မင္းက ယုံၾကည္ရမယ္"
ေတာ္ေသးတာေပါ့ မင္းသေဘာက်တာ ကိုယ္မလို႔ဆိုၿပီးဘဝမွာ ပထမဆုံးေလာဘတက္ခဲ့ဖူးတာပဲ ဉာဏ္။ မင္းအမ်ားႀကီး မြန္းၾကပ္လမ္းေပ်ာက္ၿပီးမွ ရခဲ့တဲ့ အေျဖက ကိုယ့္ကို သေဘာက်ေနျခင္းဆို ကိုယ့္ဖက္က အရာအားလုံး လ်စ္လ်ဴရွုၿပီး မင္းကိုေရြးခ်ယ္ခဲ့ျခင္းကေရာ မင္းကို ျမတ္နိုးျခင္းလို႔ သတ္မွတ္လို႔ရမလား။
ကိုယ္က မင္းထက္ ပိုခ်စ္တတ္သူပါ ဉာဏ္ရယ္။ မင္းေလးနက္သေလာက္ ကိုယ္ကလည္း နက္ရွိုင္းေပးနိုင္တဲ့သူပါ။
ကိုယ္က အႀကီးမို႔ ျဖစ္လာသမၽွလည္း အကုန္ကိုယ္ပဲ ေခါင္းငုံ႔ခံၿပီး မင္းကို ကာကြယ္ေပးနိုင္ပါတယ္။ မင္းကိုလည္း ကိုယ္ဂ႐ုစိုက္ေပးနိုင္တယ္ ။ မင္းကိုလည္း ကိုယ္ေစာင့္ေနပါ့မယ္။
" သြားရေအာင္"
အရင္ထၿပီး လက္ကမ္းေပးေတာ့ ဉာဏ္က ကိုယ့္လက္ကိုဆြဲကာ ထရပ္သည္။ အုန္းရည္ကုန္သြားၿပီျဖစ္တဲ့ အုန္းသီးေတြကို အမွိုက္ပုံးထဲ ပစ္လိုက္ၿပီး ေဘာင္းဘီမွာ ကပ္ေနတဲ့ သဲေတြခါကာ ပငါလယ္ကမ္းစပ္ဆီ ဦးတည္လိုက္သည္။
လွိုင္းလုံးေသးေသးေလးက ေျခမ်က္စိေလာက္အထိ ျမဳပ္သြားလိုက္ တဖန္ ေရျပန္က်သြားလိုက္ျဖစ္ေနသည္ကို ငုံ႔ၾကည့္ေနရင္း
" အစ္ကို"
လွည့္ၾကည့္လိုက္ေတာ့ ဉာဏ္က ကင္မရာျဖင့္ခ်ိန္ထားႏွင့္ၿပီးသား အေျခအေနတင္မက ကိုယ္လွည့္သည္အခ်ိန္ သူက ကိုယ့္ပုံရိပ္ကို ဖမ္းယူလို႔ ၿပီးသြားခဲ့ၿပီ။ ဉာဏ္ကေတာ့ ျပဳံးၿပီး ကိုယ့္ပုံကိုသာ ငုံ႔ၾကည့္ေနသည္မို႔ ေခါင္းခါကာ ေရထဲကိုသာ ေျခတစ္လွမ္းခ်င္းတိုးလိုက္သည္။
"ဆက္မသြားေတာ့နဲ႔"
ဒူးအထက္ ေဘာင္းဘီစေတြ ေရစိုလာခ်ိန္မွာ ေနာက္ကေန လွမ္းေျပာလာတဲ့ ဉာဏ့္ိကို လွည့္ၾကည့္ေတာ့ ကိုယ့္ဆီလာေနသည္။
"ဒီဘက္က လွိုင္းၾကမ္းတယ္ ေက်ာက္ေဆာင္ေတြေရာ အႏၲရာယ္မ်ားတယ္ ေရေဆာ့မယ္ဆို အဝတ္အစားလဲၿပီး ကမ္းေျခဖက္သြားမယ္"
"ဆရာမလုပ္နဲ႔"
"ဟာ"
ခႏၶာကိုယ္ကို ကိုင္းခ်ကာ လက္တစ္ဖက္ျဖင့္ ေရလွမ္းပက္ေတာ့ လက္နဲ႔ကာၿပီး သူ႔ရင္ဘတ္ထဲက ကင္မရာကို ကာသြားသည္။ တကယ္ေတာ့ေရက ကင္မရာကိုမထိဘဲ နဖူးနဲ႔ဆံပင္ေတြကို စိုသြားတာ။
" လာမစနဲ႔ေနာ္ ခ်ီၿပီး ငါးဖမ္းသေဘၤာေပၚ ပစ္တင္ေပးလိုက္မယ္"
"ဒီကိုလာ"
"ဘာလုပ္မလို႔လဲ အရင္ေျပာ ေျပာမွလာမွာ"
"ငါးမန္းစာေကၽြးမလို႔"
ဉာဏ္က ေရစိုသြားတဲ့ ဆံပင္ေတြကို လက္တစ္ဖက္ျဖင့္ သပ္တင္ရင္း သြားခၽြန္ခၽြန္ေပၚေအာင္လည္း ျပဳံးေနေသးသည္။ တလွမ္းခ်င္းတိုးကပ္လာတာက ေၾကာက္စရာေကာင္းေနေသးသည္။ လွိုင္းနည္းနည္းၾကမ္းၿပီး ေက်ာက္ေဆာင္ေပါတဲ့ဖက္မလို႔ ပင္လယ္ေရထဲဆင္းတဲ့သူကေတာ့ သိပ္မရွိ။ ေက်ာက္ေဆာင္ဖက္ျခမ္းမွာ ဓာတ္ပုံရိုက္ေနတဲ့ အဖြဲ႕သာရွိသည္။
" ကိုယ့္ ေကာင္ေလးကို ေပါက္ကရေတြေျပာၿပီး စတယ္ေပါ့"
လက္တစ္ဖက္တည္းႏွင့္ ခါးကေန ဆက္ခနဲ ဆြဲယူကာ ရင္ဘတ္ျခင္း ကပ္ပစ္ေတာ့ အလန့္တၾကားပတ္ဝန္းက်င္ကို လွမ္းၾကည့္ရေသးသည္။
"ဉာဏ္ လူေတြ ျမင္မယ္"
"ညက် အမူးတိုက္ၿပီး ကၽြန္ေတာ္ လုပ္ႀကံမွာမေၾကာက္ဘူးလား အခုက လာစေနတာ"
"ေပါက္ကရေတြ မေျပာနဲ႔"
" အဟြန္း"
"ေတာ္ၿပီ အခန္းျပန္ေတာ့မယ္"
ေဘးတေစာင္းပုံေတြ ေနာက္ေက်ာပုံေတြျဖင့္ ျပည့္ႏွက္ေနၿပီးသားဆိုေပမယ့္ ဉာဏ္ကေတာ့ ထြက္သြားတဲ့ ေက်ာျပင္ေလးရဲ့ ပုံရိပ္ကို ဖမ္းယူလို႔ မဝနိုင္ေသးပါ။ ဒါကို ထြက္သြားၿပီး ေတာ္တ္ောလွမ္းတဲ့ေနရာေရာက္မွ မလိုက္လာဘူးလားဆိုတဲ့ အၾကည့္နဲ႔ လွည့္ၾကည့္လာတဲ့
ေဒါက္တာေလးကလည္း မသိလိုက္ပါ။
ေသခ်ာတာက မ်က္ခုံးေလးက်ဳံ႕ကာ လွည့္ၾကည့္လာတဲ့ ပုံေလးကလည္း memory cardေလးထဲ ေနရာယူသြားၿပီျဖစ္သည္။
___________
(Underage warning ⚠️)
ေလေတြက ပင္လယ္မ်က္နာျပင္ေပၚကေန ျဖတ္သန္းလာသည့္မလို႔ စိမ့္ေနေအာင္ ေအးေနသည္။ ခုနက ေအာက္က ဘားမွာ နည္းနည္းေသာက္ၿပီး ညစာစားၾကမယ္ဆိုကာ ဆင္းသြားေပမယ့္ cocktail တစ္ခြက္ဆီပဲ ေသာက္လာၿပီး dinner အတြက္ room service ပဲယူလိုက္ကာ mini barထဲက ဘီယာဘူးေတြျဖင့္ ဝရံတာမွာပဲ ႏွစ္ေယာက္အတူတူဆိုတဲ့ အခိုက္အတန့္ကို ျဖတ္သန္းဖို႔ျဖစ္လာသည္။
ေအာက္က ေသာက္လာတဲ့ Cocktailက နည္းနည္းျပင္းတာေၾကာင့္ အစ္ကိုက နည္းနည္းရီေဝေဝျဖစ္ေနၿပီမလို႔ အမ်ားႀကီးထပ္မေသာက္ေစခ်င္ေပမယ့္ ဘီယာဗူးရွည္ သုံးဘူးေျမႇာက္ကို ထပ္ေဖာက္ေနျပန္သည္။
" မ်ားေနၿပီ"
ဘီယာဘူးကို ကိုင္ထားတဲ့ လက္ကို ဆုပ္ကိုင္ရင္းတားေပမယ့္ ကိုယ့္လက္ကို ဖယ္ထုတ္သြားကာ ေမာ့က်ေနတာမ်ား ဘူးတစ္ဝက္က်ိဳးသြားသည္အထိ။ ေလတိုက္ေလ
အရွိန္တက္ေလမလို႔ ဝတ္ထားတဲ့ ဗြီပုံသ႑န္ ခပ္က်ယ္က်ယ္ လည္ပင္းေပါက္ တီရွပ္ေၾကာင့္ လည္ပင္းသားေတြ နီေနတာကိုလည္း ျမင္ေနရသည္။ လူကို ဘယ္ေလာက္ သမာဓိအားေကာင္းတယ္ ထင္ေနၿပီး ပစ္ယုံထားပုံရသည္။
မတတ္နိုင္ေတာ့တဲ့အဆုံး လက္တစ္ဖက္ ေနာက္ပစ္ကာ ခပ္ေရွာေရွာထိုင္ရင္း ထိုင္သာၾကည့္ေနလိုက္ေတာ့သည္။
ကၽြန္ေတာ့္ၿငိမ္းခ်မ္းရိပ္ကေလးက မူးေနလည္း သေဘာက်စရာေကာင္းေနတာပဲေလ အဲ့ေတာ့ ထိုင္ၾကည့္ေန႐ုံေပါ့။
"မင္း အဲ့လိုၾကည့္တာ"
႐ုတ္တရက္ထေျပာလာတာက အဆက္စပ္မရွိ။
" ဘုရားမွာေလ မင္းအဲ့လိုၾကည့္ေနတာ
မင္းကိုယ့္ကို သေဘာက်ေနပါတယ္လို႔ စည္သူေျပာတုန္းက ကိုယ္ မင္းနဲ႔ဆိုတဲ့ ျဖစ္စဥ္တစ္လၽွာက္ ျပန္ေတြးၾကည့္လိုက္တာ မသကၤာစရာဆိုလို႔ မင္းအဲ့လိုၾကည့္ေနတာပဲ ရွိတယ္"
သေဘာက်မိလြန္းလို႔ ေခါင္းေမာ့ကာ အသံထြက္ေအာင္
ရယ္ပစ္လိုက္သည္။ မေျပာဘူးလား မူးရင္း ပိုသေဘာက်စရာ ေကာင္းပါတယ္လို႔။ အခုလည္း ထိုင္ေငးေနရင္း လက္ထဲက ဘူးက ကုန္သြားျပန္ၿပီထင္တယ္ ။
ေထာက္ထားတဲ့လက္ကို အနီးတိုးကပ္ၿပီး ခါးေတြဆီ ေပြ႕ပိုက္လိုက္ေတာ့ အစ္ကိုက ရင္ခြင္ထဲ ေရာက္ေနသလိုျဖစ္သြားသည္။ ဝင္ထားတဲ့Alcohol အရွိန္က ပုခုံးေတြဆီ ႏွုတ္ခမ္းေတြ ဖိကပ္မိမွ တဟုန္တိုးတက္လာသလို နားထင္ေတြအထိပါ ပူထူကုန္သည္။ ကိုယ္တိုင္ေတာင္ လန့္သြားသည္မလို႔ ကိုယ္ေခါင္းကို ျပန္မတ္ေနတုန္း လွည့္လာသည့္ မ်က္နာ၏ ပါးျပင္ေပၚက မွဲ႕ကိုျမင္ေတာ့ ၾကက္သီးေတြပါ ဖ်င္းကနဲထသြားရသည္။ ေသခ်ာတယ္ ဒါက Alcohol နဲ႔မဆိုင္ေတာ့ဘူး ။
ခါးဆီက လက္ေတြကို ဖယ္ဖို႔ေတြးေနတဲ့အခ်ိန္ ကိုယ္လည္ပင္းၾကား တိုးဝင္လာတဲ့ အစ္ကိုမ်က္နာက ပူေႏြးေနသည္။
" ကိုယ္ မ်ားသြားၿပီထင္တယ္"
အံကို တင္းတင္းႀကိတ္လို႔ ငုံ႔ၾကည့္ေတာ့ မ်က္လုံးမွိတ္ထားသည့္ အစ္ကိုက ႏွုတ္ခမ္းေတြကေတာ့ ျပဳံးေနသည္။ ဒီအေနအထားနဲ႔ ဆက္ေနရင္း အစ္ကို အသက္ရွုလိုက္တိုင္း လည္ပင္းကို လာရိုက္ခတ္ေနတဲ့ ေလေႏြးေႏြးေတြေၾကာင့္ သူေခၽြးေစးေတြပါ ထြက္လာသည္အထိ။
" ဉာဏ္"
"ဗ်ာ"
"ဟိုမွာ လိမ္လိမ္မာမာေန စာႀကိဳးစားၿပီး
ကိုယ့္ဆီ ျမန္ျမန္ျပန္လာခဲ့"
႐ုတ္တရက္ ဝဲတက္လာတဲ့ မ်က္ရည္ေတြေၾကာင့္ ေခါင္းကို ေမာ့လိုက္သည္။ မခြဲနိုင္ဘူး ကၽြန္ေတာ္ရဲ့ ခ်စ္မဝေလးရဲ့။
"ကိုယ္ေျပာတာ ၾကားလား"
ကိုယ့္ပါးျပင္တစ္ဖက္ဆီ အုပ္မိုးထိေတြ႕လာတဲ့ ေအးစက္စက္လက္ဖဝါးေလးႏွင့္အတူ ေခါင္းကိုျပန္ေထာင္သြားကာ
ကိုယ့္ကို စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းေတြက ႐ူးေလာက္တယ္။ ဒီလို အျပဳအမူအေသးေလးေတြကအစ ခ်စ္တယ္။ေနာက္ဆုံး ဒီအတိုင္းေလး သူ႔ဘာသာေန,ေနရင္ကို ဘာလို႔မွန္ူးမသိ ခ်စ္ေနတာပဲ ။
" အင္း ၾကားတယ္"
ဘီယာနံ႔သင္းေနတဲ့ ႏွုတ္ခမ္းေတြကို မထိေတြ႕ခင္
မွဲ႕နက္ေလးရွိရာ ပါးျပင္ဆီ တရွိုက္မတ္မတ္ အရင္စတင္လိုက္ေတာ့ တြန့္သြားတဲ့ ပုခုံးေလးက မူးေနတာေတာင္ အက်င့္က မေပ်ာက္ေသးတာမ်ိဳး။ တစ္ကိုယ္လုံး ေသြးေတြ ေျပာင္းျပန္စီးကုန္သလားထင္ရေအာင္ မွဲ႕နက္ေလးက ထိေတြ႕လိုက္တာနဲ႔ ႐ူးသြပ္မတတ္။
ေႏြးအိေနတဲ့ ႏွုတ္ခမ္းေတြက မိနစ္တစ္ခ်ိဳ႕ၾကာသည္အထိ မရပ္တန့္နိုင္ကာ အသံတစ္ခ်ိဳ႕ပါ ထြက္လာတဲ့အခါ အေတြးအသိေတြပါ ညစ္ေထးကုန္၏။ နမ္းေနၾကဆိုေပမယ့္ ဒီေန႔မျဖဴစင္တဲ့ ကိုယ့္စိတ္ ကိုယ့္အေတြးေတြကို အလိုလိုက္ပစ္ဖို႔ကလည္း မျဖစ္နိုင္သည္မို႔ အတတ္နိုင္ဆုံး ထိန္းခ်ဳပ္ရင္း။
"ေအးလာၿပီ အခန္းထဲဝင္ရေအာင္"
ကိုယ့္ေၾကာင့္နီရဲသြားတဲ့ ျမတ္နိုးျခင္းေလးေတြဆီ အဆုံးသတ္တစ္ခ်က္ဖိကပ္ရင္း အခန္းထဲဝင္ဖို႔ေျပာေတာ့ ေခါင္းၿငိမ့္သည္။ တကယ္ကို limitေက်ာ္သြားတဲ့ အစ္ကိုက အခန္းထဲဝင္တာေတာင္ ယိုင္တိုင္တိုင္။ ဘူးခြံေတြ အစားအေသာက္ပန္းကန္ေတြကို ရွင္းၿပီးတာနဲ႔ သယ္လာတဲ့ လွည္းေလးေပၚျပန္တင္ကာ service ကို ဖုန္းဆက္ၿပီး တစ္ခါတည္း လာယူခိုင္းလိုက္သည္။
အားလုံးၿပီးစီးသြားလို႔ အခန္းထဲက ဆိုဖာမွာ ထိုင္ေနတုန္း
ေရခ်ိဳးခန္းထဲက ထြက္လာတဲ့ အစ္ကိုက ညအိပ္ဝတ္စုံပါ လဲၿပီးေနသည္။
"ေရခ်ိဳးတာလား"
"ဟင့္အင္း သန့္ရွင္းေရးပဲ လုပ္တာ"
" အင္း ကၽြန္ေတာ္ ဝင္လိုက္အုန္းမယ္"
ေရခ်ိဳးခန္းထဲက သြားတိုက္ မ်က္နာသစ္ၿပီး ညအိပ္ဝတ္စုံလဲၿပီးထြက္လာေတာ့ ကုတင္ေပၚေဘးေစာင္းေလး လွဲေနသူက ေကြးေကြးေလး။ ဝရံတာက မွန္တံခါးကို ပိတ္၊ခန္းဆီေတြခ်ၿပီး ကုတင္ေပၚ မ်က္နာခ်င္းဆိုင္ ဝင္လဲသည္အထိ မ်က္လုံးေလး မွိတ္ထားတုန္းပင္။ ေခါင္းေအာက္ လက္တစ္ဖက္ခုၿပီး အမူးမေျပေသးတဲ့ မ်က္နာေလးကို ၾကည့္ေနလိုက္သည္။
"ဉာဏ္"
ႏွာေခါင္းခ်င္းထိလုမတတ္တိုးကပ္လာတဲ့ အေနအထားမွာ အစ္ကိုက မ်က္လုံးေတြ ဖြင့္မလာေသး။ မ်က္ခြံေဖာင္းေဖာင္းေတြေပၚ အနမ္းေႁခြမိသည္က သတိလက္လြတ္စြာ။ ထို႔မွတဆင့္ မ်က္ခုံးႏွစ္ခုၾကားေလးမွာ ခရီးဆက္ေနတုန္း
" မင္း နမ္းတာ မ်ားေနၿပီေနာ္ ညီေလး"
႐ုတ္တရက္ ကိုယ့္ကို ပုခုံးကေနတြန္းကာ ပက္လက္လန္ၿပီးတာနဲ႔ အေပၚက အုပ္မိုးလာသည္။ ကိုယ့္ခါးရဲ့ ေဘးတစ္ဖက္ဆီမွာ ဒူးေတြေထာက္က လက္ေတြရင္ဘတ္ေပၚ ဖိကပ္ထားသည္။ သူက ႐ူးေစခ်င္႐ုံဆိုေပမယ့္ ကိုယ္က ကိုယ့္အတတ္ကိုယ္စူးေတာ့မွာ ။ ခုနက ေရခ်ိဳးခန္းထဲမွာ ျပန္ၿငိမ္သြားတဲ့ ခႏၶာေဗဒက အခုတစ္ဖန္ ျပန္ေတာက္ေလာင္လာေလၿပီ။
"အဟြန္း ေတာ္႐ုံပဲ ခ်စ္စရာေကာင္းပါဗ်ာ
အစ္ကိုသိေအာင္ ေျပာအုန္းမယ္ ကၽြန္ေတာ္လည္း
ႏွာဗူးတတ္တယ္ေနာ္"
ထိစပ္ေနတဲ့ ခႏၶာအလယ္ပိုင္းတစ္ေနရာကို ေမးေငါ့ရင္းေျပာေတာ့မွ ထိတ္ထိတ္လန့္လန့္ျဖင့္ ေအာက္ဆင္းဖို႔ျပင္ေနသည္။
" မင္းေနာ္"
ခါးေတြကို အတင္းဆုပ္ကိုင္ထားေတာ့ ႐ုန္းေနရင္း ကိုယ္ႏွင့္ ပိုထိကပ္သြားမွာလည္း ေၾကာက္ေနတဲ့သူက
အတင္းလည္းမ႐ုန္းရဲ။ ေနာက္မွ နဖူးခ်င္းထိကပ္လာသည္အထိ အုပ္မိုးခ်လာသူက အသြင္ေျပာင္းသြားသည္မွာ
ခ်က္ခ်င္း။
"ဉာဏ္ တကယ္ ဆႏၵရွိေနတာလား
ကိုယ္ ကူပဲ ကူညီနိုင္မွာ"
" ေနာက္တာပါ ကၽြန္ေတာ္ အဆင္ေျပပါတယ္
ကၽြန္ေတာ္ ေရခ်ိဳးခန္းထဲ သြားမလို႔ ခန"
" ကိုယ္ ကူညီေပးမယ္"
႐ုတ္တရက္ဆန္လြန္းတဲ့ ႏွုတ္ခမ္းေတြဆီက ထိေတြ႕မွုက
ညင္ညင္သာသာေလးဆိုေပမယ့္ ကိုယ့္လက္ေတြကေတာ့
ခါးသိမ္သိမ္ကို တင္းၾကပ္ေနေအာင္ ဆုပ္ကိုင္ထားမိသည္။
"အစ္ကို"
ညအိပ္ေဘာင္းဘီဆီ တိုးဝင္လာကာ ကိုယ့္ရဲ့ ထႂကြေနတဲ့ ခႏၶာအစိတ္အပိုင္းဆီ လွမ္းေနတဲ့ လက္ေလးက္ို လက္ေကာက္ဝတ္ကေန ကိုင္ရင္း ဟန့္တာမိေတာ့ ကိုယ့္ကို ေမးခြန္းပါတဲ့ မ်က္ဝန္းေတြျဖင့္ ၾကည့္သည္။ ျမတ္နိုးရတဲ့ ကၽြန္ေတာ့္အခ်စ္ကို ဒီလို ေတာက္ေလာင္ေနမွုကို ၿငိမ္းသက္႐ုံေလးပဲဆိုတဲ့ အေနအထားမ်ိဳးဆိုရင္ေတာင္ ကၽြန္ေတာ္ အားနာေနမိတယ္။
" ကၽြန္ေတာ္ ကိုယ့္ဘာသာပဲ"
" ဘာလို႔လဲ"
အေရာင္ေျပာင္းသြားတဲ့ မ်က္ဝန္းေတြက စကၠန့္ရဲ့ အစိတ္အပိုင္းတစ္ခုသာၾကာေပမယ့္လည္း ကိုယ္အလြတ္ရသည္အထိ နားလည္လိုက္သည္။
"မဟုတ္ဘူး အစ္ကိုထင္သလို မဟုတ္ဘူး
အားနာလို႔ ကၽြန္ေတာ္ အခ်စ္ကို အားနာလို႔"
" ဒါဆို မင္း ကိုယ့္ကို ျပန္ကူညီ
ကိုယ္ကေတာ့ အားမနာဘူးေနာ္ ဘယ္လိုလဲ"
"အခ်စ္ဗ်ာ"
ပထမဆုံး လက္ဖဝါးရဲ့ အထိအေတြ႕မွာ ေခါင္းေမာ့ကာ လည္ပင္းေၾကာေတြ ေထာင္သည္အထိ အံကို တင္းတင္းႀကိတ္လို႔ သည္းခံေနရင္း မေနနိုင္တဲ့အဆုံး ႏွုတ္ခမ္းေတြအေပၚသာ အျပစ္ပုံခ်မိသည္။ တစ္ခါတေလ ၿငိမ္းခ်မ္းရပ္ဝန္းေလးမွာ ေတာက္တဲ့မီးေတာက္ကေလးမို႔ ျမတ္နိုးနိုးကိုယ္ေထြးေပြ႕ေခ်ာ့ျမဴေတာ့ ေယာက်္ားတစ္ေယာက္၏ မာန္အျပည့္ျဖင့္ ၾကည့္ေကာင္းေနတဲ့ အစ္ကိုက
ေအာက္ႏွုတ္ခမ္းကို ဖိကိုက္လို႔ ယစ္ယစ္မူးမူး လိုက္ပါစီးေမ်ာသည္။
"ဉာဏ္ ...ကိုယ္"
ဒါဟာ ပထမဆုံး ပုထုဇဥ္လူသား ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ ျဖဴစင္ျခင္းေသာ အနမ္းေတြအျပင္ ပူေလာင္ၿပီး ေမွာင္မိုက္ေသာ ရမၼက္ေတြ ေပါက္ဖြားလာျခင္းျဖစ္သည္။ ခ်စ္ျခင္းေမတၱာဟာ ခံစားသက္ဝင္သူႏွစ္ေယာက္ၾကား ေအးခ်မ္းတယ္ဆိုေပမယ့္ တစ္ခါတစ္ရံ ေတာက္ေလာင္လာတဲ့ မီးေတာက္ကေလးကေတာ့ ပူေလာင္ပါတယ္။
" အခ်စ္... "
စိတ္လွုပ္ရွားမွုမ်ားစြာနဲ႔ အထြတ္အထိပ္ေရာက္ၿပီးခ်ိန္ ႏွစ္ေယာက္သား ဘာစကားမွ မဆိုဘဲ ခပ္တင္းတင္းသာ
ဖက္ထား ျဖစ္သည္။ ပုခုံးေပၚမွာ ဖြက္ထားတဲ့ မ်က္နာေလးက ေတာ္ေတာ္နဲ႔ မထြက္လာပါ။
" ဘာလို႔ အခ်စ္လဲ"
ေမာေနတဲ့ အသံေလးျဖင့္ ေခါင္းမေမာ့ဘဲ ေမးခြန္းေတြ စတင္လာသည္။
"ခ်စ္လို႔ေပါ့ က်န္တဲ့အခ်ိန္ ဘယ္လိုပဲ ကိုးကြယ္ရပါေစ
အဲ့ဒီ့အခ်ိန္မွာ ကၽြန္ေတာ္ေခၚခ်င္တဲ့ နာမည္ေလးပဲ ေခၚခ်င္တယ္ အစ္ကိုက ခြင့္ျပဳေပး"
" ငါ မင္းထက္အႀကီးေနာ္"
" သိပ္မကြာဘူးလားလို႔"
"ဉာဏ္ မင္း"
ရွက္ရမ္းရမ္းကာ နဖူးနဲ႔ ရင္ဘတ္ကို တိုက္ခ်လိုက္တာ အင့္ခနဲ။
" သူမ်ားေတြေျပာေျပာေနတဲ့ ခ်စ္မဝေလးဆိုတာ
အခ်စ္နဲ႔မွ တကယ္နားလည္လာတာဗ်"
"ေတာ္ၿပီကြာ ကိုယ္ထေတာ့မယ္
ေရခ်ိဴးခန္းဝင္မလို႔ ဖယ္ေပးေတာ့"
" ေနပါအုန္း wet tissue ထုပ္ရွိတယ္ ကၽြန္ေတာ္လုပ္ေပးမယ္"
"မလုပ္ဘူး ကိုယ္ လက္ေဆးမွာလို႔"
" ေရခ်ိဳးခန္းထဲ လိုက္ခဲ့မယ္"
"ကိုယ္အခု မ်က္နာပူေနလို႔ မင္း ေအးေဆးေနစမ္းကြာ"
" မပူပါနဲ႔ ကၽြန္ေတာ္တို႔က ခ်စ္သူေတြေလ
ဘာပူစရာရွိလဲ ေနာက္ဆို"
"မင္း မထင္ရဘူးေနာ္ မင္း"
"ဒါက ရိုးသားတာပါ အစ္ကိုရဲ့"
"ေတာ္ၿပီ မင္းပါးစပ္ပိတ္ထားေတာ့"
ထို႔ေနာက္ ကိုယ္ေပၚကေန ထကာ လွည့္မၾကည့္စတမ္း ေရခ်ိဳးခန္းဆီ ေျပးဝင္သြားသည္။ေခါင္းေမာ့ကာ ၾကည္ႏူးမွု အျဖာျဖာနဲ႔ သြားေတြအကုန္ေပၚေအာင္ ျပဳံးမိသည္။
ဒါက ခ်စ္သူႏွစ္ဦးၾကား အခ်င္းခ်င္းနားလည္မွုတစ္ခုျဖစ္ၿပီး အစ္ကိုႏွင့္ ကၽြန္ေတာ္ၾကား တစ္ဆင့္တက္
ခဲ့ၾကၿပီျဖစ္သည္။
ေထြးေပြးခြင့္ရလိုက္တဲ့ မီးေတာက္ကေလးက အျမင္အာ႐ုံမပါဘဲ လက္ျဖင့္သာ ထိေတြ႕လိုက္ရတဲ့ အထိအေတြ႕အာ႐ုံပဲဆိုရင္ေတာင္ ကၽြန္ေတာ့္ေဒါက္တာႀကီးသည္ သိပ္ကိုသေဘာက်စရာေကာင္းသည္။