အခန်း [ ၈၇ ]
“ တအားနောက်တာပဲနော် .. အဲ့ဒီလိုဟန်ကျိုးလီနဲ့ စကားသွားပြောရအောင် ကျွန်မက ဘာမို့လို့လဲ .. ဟန်ကျိုးလီတစ်ခါကူညီဖူးတာကို တွေ့ထားလို့ သူနဲ့ ကျွန်မကို ရင်းနှီးပြီလို့ ထင်သွားတာတော့ မဟုတ်ဘူးမို့လား .. အရိုးသားဆုံးပြောတာပါ .. ဟန်ကျိုးလီနဲ့ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး .. သူနဲ့ ကျွန်မ စကားတောင်မပြောဖူးဘူး .. သူလည်း ကျွန်မနဲ့ မဆုံဖြစ်ဘူး ..”
“ မညာစမ်းနဲ့ .. ညည်းတို့ချင်း ဘာမှမဟုတ်ရင် အဲ့ဒီနေ့က ဘာဖြစ်လို့ ဆေးရုံမှာ ကူညီခဲ့တာလဲ .. ဘော်ဒီဂတ်နှစ်ယောက်ထားပေးခဲ့တာကရော ဘာကြောင့်လဲ၊ ညည်းက ငါ့ဦးနှောက်ကို စော်ကားလိုက်တာလား! ”
“ အဟွန်း ”
ဦးနှောက်က ရှိကောရှိလို့လား ..
“ ဟုတ်တယ် ကျွန်မလည်း ပထမတော့ အဖေ့လို တွေးမိတယ် .. ဟန်ကျိုးလီနဲ့ တကယ်ရင်းနှီးခွင့်ရမယ်ဆိုရင် အံ့သြစရာကြီးပေါ့နော် .. အနားမှာသူ ရှိနေရင် အဖေ့ကို ကြောက်စရာလိုမလား.. လုမိသားစုကို ဖျက်ဆီးပစ်လိုက်တာ ကြာပေါ့ .. အဟွန်းဟွန်း .. ”
“ အမိုက်မ! ကိုယ့်မိသားစုကိုယ်ဖျက်ဆီးလို့ ညည်းအတွက် ဘာကောင်းကျိုးရှိလို့လဲ!! ”
“ အရမ်းတွေစိုးရိမ်ကြီးမသွားပါနဲ့ဦး .. ဒီက စိတ်ကူးယဥ်ကြည့်ရုံလေးပါ .. ဒါပေမဲ့ ဟန်ကျိုးလီကိုတော့ တကယ် သွားရှာလိုက်သေးတယ် .. မထင်ထားဘူး သိလား .. သူပြောလိုက်တာက အဖေ သူများတွေကို အနိုင်ကျင့်နေတာကို သည်းမခံနိုင်လို့ သူ ဝင်ကူညီပေးတာပါတဲ့ .. ပြီးတော့ စိတ်ကူးသိပ်မယဥ်နဲ့လို့လည်း ကျွန်မကို ပြောသေးတယ် .. ”
လုချီယွမ် ဒေါသထွက်တာကို လိုချင်ပေမယ့် ဟန်ကျိုးလီနှင့် သူမရဲ့ဆက်ဆံရေးကြောင့် ဇယားတွေလာရှုပ်နေမှာကိုတော့ မလိုချင်ပါ။
ထို့ကြောင့် လုချီယွမ် မျှော်လင့်ချက်တွေမထားတော့အောင် သူ့မျက်လုံးထဲမှာ သူမက အဖိုးတန်မဟုတ်သည့်အကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
သို့သော် လုမန်အများကြီးပြောင်းလဲသွား၍ အမှန်တွေပြောနေတာလား လိမ်ပြောနေတာလား ဆိုတာကို လုချီယွမ် မဝေခွဲတတ်တော့ပေ။
“ မသိချင်ဘူး .. ညည်းဘယ်လိုနည်းလမ်းတွေသုံးသုံး .. ငါပြောတာကိုသာ လုပ်ပေး! ”
လုမန် မျက်ဝန်းတွေ မှေးစင်းသွား၏။
“ မလုပ်နိုင်ဘူး .. ကျွန်မက ဘာမှမဟုတ်တဲ့လူ .. စကားပြောရဖို့နေနေသာသာ ဟန်ကျိုးလီနဲ့ တွေ့ရဖို့တောင် ခက်တယ် ”
“ ညည်းပဲ သူ့ကုမ္ပဏီမှာ အလုပ်ဝင်တော့မှာဆို .. ဘာလို့ မတွေ့ရမှာလဲ ”
လေသံက ချက်ချင်းပဲ ပြောင်းသွားပြန်သည်။
“ အဟွန်း.. အဖေတို့တွေ ကျွန်မ ဘယ်ဌာနမှာအလုပ်လျှောက်တယ်ဆိုတာကို စုံစမ်းပြီးတော့ အလုပ်မခန့်အောင် အဲ့ဒီကဌာနခေါင်းဆောင်ကို ကျွန်မရဲ့မကောင်းကြောင်းတွေအားလုံး သွားပြောထားပြီးပြီမို့လား ”
လုချီယွမ် ငြင်းလျှင်တောင် လုမန် မယုံပါ။
ထို့ပြင် လုချီလည်း အဲ့ဒီမှာ ရှိနေခဲ့သည်။ သူတို့နှစ်ယောက်ဟာ လုမန် ကောင်းကျိုးဖြစ်မည်ကို မလိုလားကြသဖြင့် ဘာမှမလုပ်ခဲ့ဘူးဆိုတာတော့ လုံးဝ မဖြစ်နိုင်။
ပြီးတော့ တစ်ယောက်တည်းရှိနေလျှင်တောင် သူမ သာနေရင် မခံနိုင်ကြသည့် နှစ်ယောက်က အတူပူးနေသည်ဆိုမှတော့..
လုမန်ပြောလိုက်သည့် စကားတွေကြောင့် လုချီယွမ် မှင်တက်ပြီး အသံတိတ်သွားတာ အတော်ကြာ၏။ လုမန် ဘယ်လိုသိပြန်တာလဲ!
လုမန် သူ့အကြောင်းကို ကောင်းကောင်းသိနေတယ်လို့တော့ လုချီယွမ် မစဥ်းစားမိပေ။ သူမကတော့ ခြေချောင်းလေးနဲ့ စဥ်းစားရင်တောင် သူ့ကို နားလည်နိုင်သည်။
ခု တိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းမည်လား..
ဒါကို ထင်ထားပြီးသားဖြစ်ပေမယ့် ရင်ထဲမှာတော့ ပူလောင်သွားသည်။ မျက်လုံးတွေလည်း ဒေါသကြောင့် အနီရောင်သန်းသွား၏။
မေးရိုးတွေတင်းကာ နှုတ်ခမ်းသားတွေကိုလည်း ခပ်တင်းတင်း ဖိကိုက်ထားမိသည်။ ပြီးမှ
“ အဖေ! ”
“ ဟုတ်တယ် ရှင်က ကျွန်မအဖေပဲ .. ရှင် ဘာဖြစ်ချင်တာလဲ .. ဘာကိုလိုချင်တာလဲ .. ကျွန်မကိုရော ဘယ်အခြေအနေအထိရောက်အောင် တွန်းပို့နေမှာလဲ .. ဟင် .. ”
အကူအညီတောင်းတာတောင် ညင်သာခြင်းမရှိ။ ကြွေးတောင်းသလို တောင်းလေသည်။
သူမ အကြွေးတင်နေတာတော့ အများကြီးပါပဲ။ အဲ့ဒါ မေမေ့အပေါ်မှာ၊ မီချန်းစုံအပေါ်မှာ၊ ထန်းကျိအပေါ်မှာ .. သူ့အပေါ်မှာတော့ ဘာကြွေးမှကို မရှိတာ။
“ လုချီကို ပေးတဲ့ အချစ်တွေထဲကနေ နည်းနည်းလောက်ဖဲ့ပေးဖို့ တောင်းဆိုနေတာမဟုတ်ဘူး .. ကျွန်မက အဖေ့သမီးဆိုတာကို အမှတ်ရဖို့လည်း မတောင်းဆိုဘူး .. ဒုက္ခမပေးဖို့ပဲ တောင်းဆိုနေတာပါ..! ကျွန်မတောင်းဆိုတာများနေလို့လား .. အဖေတို့ လိုက်လျောဖို့ ခက်ခဲနေသလား .. ”
မျက်လုံးတွေတောင် သူ့အိမ်ထဲကနေ ခုန်ထွက်လာတော့မည် ထင်သည်။
လုချီယွမ် အကြာကြီး တိတ်နေပြီးမှ
“ ညည်းကို ငါ ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ!.. ငါသာ ဒုက္ခပေးမယ်ဆိုရင် ညည်း ခုလို အဲ့ဒီမှာရပ်ပြီး ဖုန်းပြောနေနိုင်ဦးမှာလား! ”
“ အဟွန်း.. ဝန်မခံချင်လည်း ရပါတယ် .. လူပဲ.. ကိုယ့်တရားကိုယ်သိကြတာပေါ့ ”
ဒေါသထပ်ဖြစ်ဖို့တောင် ငြီးငွေ့ပင်ပန်းလာခဲ့၏။ ဖုန်းမှာ ဆုပ်ထားသည့် လက်ချောင်းလေးတွေလည်း သွေးရောင်ဖျော့လာခဲ့ပြီ။
“ ဖခင်မေတ္တာမပေးနိုင်လည်း ရတယ် .. ဒါပေမဲ့.. လူကို နောက်ကွယ်ကနေတော့ ဒုက္ခမပေးပါနဲ့ .. အသရေဖျက်ဖို့လည်း မကြံစည်ပါနဲ့ .. သူများဘဝကို ဖျက်လိုဖျက်ဆီးလုပ်ပြီး တစ်ဖက်လှည့်နဲ့ အကူအညီတောင်းခံတယ် .. အဟွန်း .. ကျွန်မအလုပ်ပြုတ်အောင် အထက်လူကြီးရှေ့မှာ ကျွန်မဆိုးကြောင်းတွေ ပြောဖို့ ဆုံးဖြတ်ပြီးကာမှ လုချီအတွက် တစ်နေရာရှာပေးဆိုပြီး ကျွန်မကို ကူညီပေးစေချင်တာလား .. နည်းနည်းပါးပါးရော စဥ်းစားမိရဲ့လား .. အဖေ့လုပ်ရပ်ကြောင့် ကျွန်မအလုပ်ပြုတ်သွားတာနဲ့ မေမေ့ဆေးဖိုးတွေ မပေးနိုင်တော့မှာကိုလေ .. အဲ့ဒါ အဖေနဲ့အတူ နှစ်ရှည်လများ အေးအတူ ပူအမျှ ရင်ဆိုင်ခဲ့တဲ့ အဖေ့ဇနီးဟောင်းနော် .. သူ မပါဘဲနဲ့ ဒီလိုအောင်မြင်မှုတွေကို အဖေ ရရှိခံစားနိုင်မှာ မဟုတ်ဘူး .. တကယ်ပဲ လုချီအတွက်နဲ့ ကျွန်မမေမေကို သတ်တော့မှာလား ”
*****
အခန္း [ ၈၇ ]
“ တအားေနာက္တာပဲေနာ္ .. အဲ့ဒီလိုဟန္က်ိဳးလီနဲ႔ စကားသြားေျပာရေအာင္ ကြၽန္မက ဘာမို႔လို႔လဲ .. ဟန္က်ိဳးလီတစ္ခါကူညီဖူးတာကို ေတြ့ထားလို႔ သူနဲ႔ ကြၽန္မကို ရင္းႏွီးၿပီလို႔ ထင္သြားတာေတာ့ မဟုတ္ဘူးမို႔လား .. အရိုးသားဆံုးေျပာတာပါ .. ဟန္က်ိဳးလီနဲ႔ ကြၽန္မနဲ႔ ဘာမွမဆိုင္ပါဘူး .. သူနဲ႔ ကြၽန္မ စကားေတာင္မေျပာဖူးဘူး .. သူလည္း ကြၽန္မနဲ႔ မဆံုျဖစ္ဘူး ..”
“ မညာစမ္းနဲ႔ .. ညည္းတို႔ခ်င္း ဘာမွမဟုတ္ရင္ အဲ့ဒီေန့က ဘာျဖစ္လို႔ ေဆးရံုမွာ ကူညီခဲ့တာလဲ .. ေဘာ္ဒီဂတ္ႏွစ္ေယာက္ထားေပးခဲ့တာကေရာ ဘာေၾကာင့္လဲ၊ ညည္းက ငါ့ဦးေနွာက္ကို ေစာ္ကားလိုက္တာလား! ”
“ အဟြန္း ”
ဦးေနွာက္က ရိွေကာရိွလို႔လား ..
“ ဟုတ္တယ္ ကြၽန္မလည္း ပထမေတာ့ အေဖ့လို ေတြးမိတယ္ .. ဟန္က်ိဳးလီနဲ႔ တကယ္ရင္းႏွီးခြင့္ရမယ္ဆိုရင္ အံ့ၾသစရာႀကီးေပါ့ေနာ္ .. အနားမွာသူ ရိွေနရင္ အေဖ့ကို ေၾကာက္စရာလိုမလား.. လုမိသားစုကို ဖ်က္ဆီးပစ္လိုက္တာ ၾကာေပါ့ .. အဟြန္းဟြန္း .. ”
“ အမိုက္မ! ကိုယ့္မိသားစုကိုယ္ဖ်က္ဆီးလို႔ ညည္းအတြက္ ဘာေကာင္းက်ိဳးရိွလို႔လဲ!! ”
“ အရမ္းေတြစိုးရိမ္ႀကီးမသြားပါနဲ႔ဦး .. ဒီက စိတ္ကူးယဥ္ၾကည့္ရံုေလးပါ .. ဒါေပမဲ့ ဟန္က်ိဳးလီကိုေတာ့ တကယ္ သြားရွာလိုက္ေသးတယ္ .. မထင္ထားဘူး သိလား .. သူေျပာလိုက္တာက အေဖ သူမ်ားေတြကို အႏိုင္က်င့္ေနတာကို သည္းမခံႏိုင္လို႔ သူ ဝင္ကူညီေပးတာပါတဲ့ .. ၿပီးေတာ့ စိတ္ကူးသိပ္မယဥ္နဲ႔လို႔လည္း ကြၽန္မကို ေျပာေသးတယ္ .. ”
လုခ်ီယြမ္ ေဒါသထြက္တာကို လိုခ်င္ေပမယ့္ ဟန္က်ိဳးလီႏွင့္ သူမရဲ့ဆက္ဆံေရးေၾကာင့္ ဇယားေတြလာရႈပ္ေနမွာကိုေတာ့ မလိုခ်င္ပါ။
ထို႔ေၾကာင့္ လုခ်ီယြမ္ ေမ်ွာ္လင့္ခ်က္ေတြမထားေတာ့ေအာင္ သူ႔မ်က္လံုးထဲမွာ သူမက အဖိုးတန္မဟုတ္သည့္အေၾကာင္း ေျပာဖို႔ ဆံုးျဖတ္လိုက္တာျဖစ္သည္။
သို႔ေသာ္ လုမန္အမ်ားႀကီးေျပာင္းလဲသြား၍ အမွန္ေတြေျပာေနတာလား လိမ္ေျပာေနတာလား ဆိုတာကို လုခ်ီယြမ္ မေဝခြဲတတ္ေတာ့ေပ။
“ မသိခ်င္ဘူး .. ညည္းဘယ္လိုနည္းလမ္းေတြသံုးသံုး .. ငါေျပာတာကိုသာ လုပ္ေပး! ”
လုမန္ မ်က္ဝန္းေတြ ေမွးစင္းသြား၏။
“ မလုပ္ႏိုင္ဘူး .. ကြၽန္မက ဘာမွမဟုတ္တဲ့လူ .. စကားေျပာရဖို႔ေနေနသာသာ ဟန္က်ိဳးလီနဲ႔ ေတြ့ရဖို႔ေတာင္ ခက္တယ္ ”
“ ညည္းပဲ သူ႔ကုမၸဏီမွာ အလုပ္ဝင္ေတာ့မွာဆို .. ဘာလို႔ မေတြ့ရမွာလဲ ”
ေလသံက ခ်က္ခ်င္းပဲ ေျပာင္းသြားျပန္သည္။
“ အဟြန္း.. အေဖတို႔ေတြ ကြၽန္မ ဘယ္ဌာနမွာအလုပ္ေလ်ွာက္တယ္ဆိုတာကို စံုစမ္းၿပီးေတာ့ အလုပ္မခန္႔ေအာင္ အဲ့ဒီကဌာနေခါင္းေဆာင္ကို ကြၽန္မရဲ့မေကာင္းေၾကာင္းေတြအားလံုး သြားေျပာထားၿပီးၿပီမို႔လား ”
လုခ်ီယြမ္ ျငင္းလ်ွင္ေတာင္ လုမန္ မယံုပါ။
ထို႔ျပင္ လုခ်ီလည္း အဲ့ဒီမွာ ရိွေနခဲ့သည္။ သူတို႔ႏွစ္ေယာက္ဟာ လုမန္ ေကာင္းက်ိဳးျဖစ္မည္ကို မလိုလားၾကသျဖင့္ ဘာမွမလုပ္ခဲ့ဘူးဆိုတာေတာ့ လံုးဝ မျဖစ္ႏိုင္။
ၿပီးေတာ့ တစ္ေယာက္တည္းရိွေနလ်ွင္ေတာင္ သူမ သာေနရင္ မခံႏိုင္ၾကသည့္ ႏွစ္ေယာက္က အတူပူးေနသည္ဆိုမွေတာ့..
လုမန္ေျပာလိုက္သည့္ စကားေတြေၾကာင့္ လုခ်ီယြမ္ မွင္တက္ၿပီး အသံတိတ္သြားတာ အေတာ္ၾကာ၏။ လုမန္ ဘယ္လိုသိျပန္တာလဲ!
လုမန္ သူ႔အေၾကာင္းကို ေကာင္းေကာင္းသိေနတယ္လို႔ေတာ့ လုခ်ီယြမ္ မစဥ္းစားမိေပ။ သူမကေတာ့ ေျခေခ်ာင္းေလးနဲ႔ စဥ္းစားရင္ေတာင္ သူ႔ကို နားလည္ႏိုင္သည္။
ခု တိတ္ဆိတ္ေနျခင္းဟာ ဝန္ခံျခင္းမည္လား..
ဒါကို ထင္ထားၿပီးသားျဖစ္ေပမယ့္ ရင္ထဲမွာေတာ့ ပူေလာင္သြားသည္။ မ်က္လံုးေတြလည္း ေဒါသေၾကာင့္ အနီေရာင္သန္းသြား၏။
ေမးရိုးေတြတင္းကာ ႏႈတ္ခမ္းသားေတြကိုလည္း ခပ္တင္းတင္း ဖိကိုက္ထားမိသည္။ ၿပီးမွ
“ အေဖ! ”
“ ဟုတ္တယ္ ရွင္က ကြၽန္မအေဖပဲ .. ရွင္ ဘာျဖစ္ခ်င္တာလဲ .. ဘာကိုလိုခ်င္တာလဲ .. ကြၽန္မကိုေရာ ဘယ္အေျခအေနအထိေရာက္ေအာင္ တြန္းပို႔ေနမွာလဲ .. ဟင္ .. ”
အကူအညီေတာင္းတာေတာင္ ညင္သာျခင္းမရိွ။ ေႂကြးေတာင္းသလို ေတာင္းေလသည္။
သူမ အေႂကြးတင္ေနတာေတာ့ အမ်ားႀကီးပါပဲ။ အဲ့ဒါ ေမေမ့အေပၚမွာ၊ မီခ်န္းစံုအေပၚမွာ၊ ထန္းက်ိအေပၚမွာ .. သူ႔အေပၚမွာေတာ့ ဘာေႂကြးမွကို မရိွတာ။
“ လုခ်ီကို ေပးတဲ့ အခ်စ္ေတြထဲကေန နည္းနည္းေလာက္ဖဲ့ေပးဖို႔ ေတာင္းဆိုေနတာမဟုတ္ဘူး .. ကြၽန္မက အေဖ့သမီးဆိုတာကို အမွတ္ရဖို႔လည္း မေတာင္းဆိုဘူး .. ဒုကၡမေပးဖို႔ပဲ ေတာင္းဆိုေနတာပါ..! ကြၽန္မေတာင္းဆိုတာမ်ားေနလို႔လား .. အေဖတို႔ လိုက္ေလ်ာဖို႔ ခက္ခဲေနသလား .. ”
မ်က္လံုးေတြေတာင္ သူ႔အိမ္ထဲကေန ခုန္ထြက္လာေတာ့မည္ ထင္သည္။
လုခ်ီယြမ္ အၾကာႀကီး တိတ္ေနၿပီးမွ
“ ညည္းကို ငါ ဘယ္တုန္းက ဒုကၡေပးဖူးလို႔လဲ!.. ငါသာ ဒုကၡေပးမယ္ဆိုရင္ ညည္း ခုလို အဲ့ဒီမွာရပ္ၿပီး ဖုန္းေျပာေနႏိုင္ဦးမွာလား! ”
“ အဟြန္း.. ဝန္မခံခ်င္လည္း ရပါတယ္ .. လူပဲ.. ကိုယ့္တရားကိုယ္သိၾကတာေပါ့ ”
ေဒါသထပ္ျဖစ္ဖို႔ေတာင္ ၿငီးေငြ့ပင္ပန္းလာခဲ့၏။ ဖုန္းမွာ ဆုပ္ထားသည့္ လက္ေခ်ာင္းေလးေတြလည္း ေသြးေရာင္ေဖ်ာ့လာခဲ့ၿပီ။
“ ဖခင္ေမတၲာမေပးႏိုင္လည္း ရတယ္ .. ဒါေပမဲ့.. လူကို ေနာက္ကြယ္ကေနေတာ့ ဒုကၡမေပးပါနဲ႔ .. အသေရဖ်က္ဖို႔လည္း မႀကံစည္ပါနဲ႔ .. သူမ်ားဘဝကို ဖ်က္လိုဖ်က္ဆီးလုပ္ၿပီး တစ္ဖက္လွည့္နဲ႔ အကူအညီေတာင္းခံတယ္ .. အဟြန္း .. ကြၽန္မအလုပ္ျပဳတ္ေအာင္ အထက္လူႀကီးေရ႔ွမွာ ကြၽန္မဆိုးေၾကာင္းေတြ ေျပာဖို႔ ဆံုးျဖတ္ၿပီးကာမွ လုခ်ီအတြက္ တစ္ေနရာရွာေပးဆိုၿပီး ကြၽန္မကို ကူညီေပးေစခ်င္တာလား .. နည္းနည္းပါးပါးေရာ စဥ္းစားမိရဲ့လား .. အေဖ့လုပ္ရပ္ေၾကာင့္ ကြၽန္မအလုပ္ျပဳတ္သြားတာနဲ႔ ေမေမ့ေဆးဖိုးေတြ မေပးႏိုင္ေတာ့မွာကိုေလ .. အဲ့ဒါ အေဖနဲ႔အတူ ႏွစ္ရွည္လမ်ား ေအးအတူ ပူအမ်ွ ရင္ဆိုင္ခဲ့တဲ့ အေဖ့ဇနီးေဟာင္းေနာ္ .. သူ မပါဘဲနဲ႔ ဒီလိုေအာင္ျမင္မႈေတြကို အေဖ ရရိွခံစားႏိုင္မွာ မဟုတ္ဘူး .. တကယ္ပဲ လုခ်ီအတြက္နဲ႔ ကြၽန္မေမေမကို သတ္ေတာ့မွာလား ”
*****