system 091
TeeKo0 tarafından
1.1M 121K 5.8K
wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပ... Daha Fazla
intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း
(1.8)
8.9K 894 8
TeeKo0 tarafından
Unicode
"မျက်လုံးမှိတ်ထား....ဖွင့်မကြည့်နဲ့....ပြီးရင်ဒီမှာထိုင်ပြီးခဏစောင့်နေ....."
ဝမ်ရိပေါ်က ရှောင်ကျန့်ကိုစိတ်ချင်းဆက်သွယ်သတိပေးပြီး သူကိုယ်တိုင်ကထုတ်တန်းပေါ်မှခုန်ဆင်းသွားသည်။ ရှောင်ကျန့် ပါးစပ်အဟောင်းသားဖြစ်သွား၏။ ဘာလို့လဲဟုတ်လား။ ဘဝဆက်တိုင်းခွဲမရသလို ကပ်နေတဲ့လက်နှစ်ဖက်ကို ဝမ်ရိပေါ်ကအသာလေးခွာသွားတာလေ။ ဒါနဲ့များဘာအကြောင်းကြောင့် တစ်ချိန်လုံးလက်ကိုင်နေရတာလဲ။
ရှောင်ကျန့်ရဲ့ သံသယကိုအုန်းသီးက ဝင်ရောက်ဖြေရှင်းပေးလာသည်။
[ဒါကယာယီပါပဲ host....လျှို့ဝှက်နည်းလမ်းသုံးပြီးခဏထိန်းထားတာပါ....အလွန်ဆုံးမှ နှစ်နာရီလောက်ပဲ ခွဲထားလို့ရတယ်]
အုန်းသီးရဲ့ ရှင်းပြချက်နဲ့အတူ ရှောင်ကျန့်ဟာ ဥာဏ်အလင်းပွင့်သွားသလိုမျိုး ခေါင်းလေးတငြှိမ့်ငြှိမ့်ဖြင့်ငြိမ်သက်သွားခဲ့သည်။
ဝမ်ရိပေါ်က ကြမ်းပြင်ပေါ်သို့ပေါ့ပါးစွာဆင်းသက်လိုက်ပြီး ခံစားချက်မရှိသည့်မျက်နှာသေဖြင့် သူ့အရှေ့၌လုံးထွေးနေသူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ရေသေကဲ့သို့ ငြိမ်သက်နေပြီးမည်သည့်အရာကမှ ၎င်းကိုမလှုပ်ခတ်နိုင်သည့်ပုံပေါ်သည်။ ဝမ်ရိပေါ်ဟာဖုံးကွယ်ထားဖို့ရန် စိတ်ကူးမရှိတာကြောင့် လုံးထွေးနေသူနှစ်ဦးမှာ သူ့ကိုချက်ချင်းသတိထားမိသွားသည်။
ရှောင်ကျန့်က မျက်လုံးမှိတ်၊နားပိတ်ထားတာကြောင့် ဘာမှမသိပေမယ့် သူတို့ကိုစောင့်ကြည့်နေသည့်အုန်းသီးအနေနဲ့ အရာအားလုံးထင်ထင်ရှားရှားမြင်နေရသည်။
ပထမဆုံး အုန်းသီးစိတ်ထဲတွင် ဒုတိယဇာတ်လိုက်နှင့် အဓိကဇာတ်လိုက်(shou)တို့ကိုအနည်းငယ် ဂရုဏာသက်မိသွားသည်။ အဲ့တာလုပ်နေရင်း အရမ်းကောင်းပြီးတတ်ကြွနေတဲ့အချိန်မှာ လူတစ်ယောက်ရုတ်တရက်မင်းတို့အရှေ့မှာ ဘွားကနဲပေါ်လာခဲ့ရင်ဘယ်လိုခံစားရမလဲ။ စဥ်းစားကြည့်စမ်းပါ။ ထပ်တောင်ထောင်နိုင်သေးရင်ကံကောင်းပဲ။
သနားဂရုဏာသက်နေရင်း အုန်းသီးရဲ့ အကြည့်မှာ ဒုတိယဇာတ်လိုက်ခွကြားထဲသို့ ရောက်ရှိသွားသည်။
အာ......တော်တော်သေးတာပဲ။
ဖန်ချင်းရှို့က ရုတ်တရတ်ရောက်လာတဲ့ လူစိမ်းကြောင့်ထိတ်လန့်စွာ သူ့ရဲ့ညီလေးကိုချန်လင်းရန်၏ခန္ဓာကိုယ်အတွင်းမှဆွဲထုတ်လိုက်ပြီး ချန်လင်းရန်ကို ဘေးနားကစောင်ဖြင့် ဆွဲခြုံပေးလိုက်သည်။
"ခင်ဗျားဘယ်...သူ...."
ဖန်ချင်းရှို့က တစ်ဖက်လူကို ခြိမ်းခြောက်ရန်ကြံရွယ်လိုက်သော်လည်း တစ်ဖက်လူ၏မျက်နှာကို မြင်လိုက်ရချိန်၌ အနည်းငယ် ကြက်သေသေသွားသည်။ စောင်ပုံထဲရှိ ချန်လင်းရန်ဟာ ဝမ်ရိပေါ်၏ ဘယ်လိုမှနှိုင်းယှဥ်မရနိုင်သည့် မျက်နှာချောချောကိုမြင်သည့်အခါတွင် လုံးဝနစ်မြောသွား၏။
သူ့ဘဝတွင် တစ်ခါမှ ဤမျှထိချောမောခန့်ညားပြီး ယောက်ျားပီသသည့် အမျိုးသားတစ်ယောက်ကို မမြင်တွေ့ခဲ့ဖူးပေ။ ၎င်းကချောမောသည်ဆိုတဲ့စကားထက်သာလွန်လေသည်။ တွေ့သမျှလူတိုင်းကိုရူးသွပ်သွားစေနိုင်သည်။ သူကချောမောသည့်ယောက်ျားလေးများကိုကြိုက်သည်။ သူ မတိုင်မီကထင်ခဲ့သည်မှာ သူတော်စင်ကျောက်စိမ်းဂိုဏ်းချုပ်၏တပည့် လီဟူရီထက် ချောမောခန့်ညား သူမရှိနိုင်ဟူ၍။
သို့ပေမယ့်ယခုသူ့အရှေ့ကလူနှင့်ယှဥ်လျှင် လီဟူရီဆိုသည်မှာ မြေမှုန်သာသာ ကဲ့သို့သာရှိတော့သည်။ ပြောရရင်ထိုလူ၏ အရှိန်အဝါအနည်းငယ်ကိုတောင် မယှဥ်သာပေ။ သူ့အရှေ့က ထိုယောက်ျားမှာလုံးဝကိုအေးစက်ပြီး အလွန်အန္တရာယ်များသည့် အော်ရာတွေရစ်ပတ်နေ၏။ ဤသည်မှာ ထိုယောက်ျားကို သေလောက်သည်အထိ စွဲဆောင်အားပြင်းထန်သွားစေသည်။
ချန်လင်းရန်၏မျက်လုံးထဲ၌ တပ်မက်မှုအချို့ ပေါ်ပေါက်လာသည်။ ထိုယောက်ျားကိုသာပိုင်ဆိုင်ရရင် တစ်လောကလုံးမှာရှိတဲ့ ယောက်ျား၊မိန်းမတိုင်းဆီက မနာလိုမှုပေါင်းများစွာခံရနိုင်သည်ဟု သူ့မသိစိတ်ထဲကခံစားမိနေသည်။
ဝမ်ရိပေါ်က ချန်လင်းရန်မျက်လုံးထဲရှိ တပ်မက်မှုတွေကိုမြင်သည်။ သူ့ရဲ့ဖီးနစ်သဏ္ဍာန်မျက်ဝန်းတွေဟာ ရွံရှာမှုတွေနဲ့ ပြည့်နှက်သွားပြီး သူ့အရှိန်အဝါက ပို၍ပင်အေးစက်သွားသည်။
အကယ်၍သူ့ကိုတပ်မက်သည့်လူက ရှောင်ကျန့်သာဆိုရင် သူပျော်ပျော်ကြီးလိုက်ရောမိပေလိမ့်မည်။
"မင်း...မင်းကဘယ်သူလဲ!!.....ဘာကြောင့် ငါ့အခန်းထဲရောက်နေရတာလဲ....."
ဖန်ချင်းရှို့ဟာ တစ်ဖက်လူ၏ရုပ်ရည်ကြောင့်အတော်ကြာကြောင်အ သွားပေမယ့် သတိဝင်သွားသည်နှင့် အသံကိုမြှင့်၍မေးမြန်းလိုက်သည်။ ဒါမှနားပါးသည့်ကျင့်ကြံသူတွေက တစ်ခုခုမှားနေမှန်းသတိထားမိပြီး သူ့အခန်းသို့ရောက်လာနိုင်မည်မဟုတ်ပါလား။ ခုနတည်းကတစ်ဖက်လူ၏ တည်ရှိမှုကိုသတိမပြုမိခဲ့ပုံအရ ဒီလူရဲ့ကျင့်ကြံဆင့်မှာသူ့ထက်ပိုမြင့်လောက်သည်။
ဖန်ချင်းရှို့ရဲ့ ရည်ရွယ်ချက်ကို အတိုင်းသားဖောက်မြင်နေရသည့် ဝမ်ရိပေါ်၏မျက်လုံးထဲက လှောင်ပြုံးမှာ ပိုမိုကြီးမားလာသည်။ သူဒီအခန်းထဲသို့ဝင်လာပြီးတည်းက အခန်းပတ်ပတ်လည်ကိုလေဟာနယ်ဖြင့် ချိတ်ပိတ်ထားပြီးသားပင်။ ထို့ကြောင့် အခန်းထဲ လူသတ်လိုက်ရင်တောင်မည်သူမျှ သတိထားမိမှာမဟုတ်ပေ။ ဒါပေမယ်ဝမ်ရိပေါ်ဟာ တစ်ဖက်လူကို ရှင်းပြပေးခြင်းမရှိခဲ့ချေ။ ဒီတစ်ယောက်က ရှောင်ကျန့်မှမဟုတ်တာ။
ဖန်ချင်းရှို့ဟာ အသံကျယ်ကျယ်ဖြင့် ထပ်မံပြောဆိုရန်ပြင်လိုက်ပေမယ့် စကားသံကလည်ချောင်းထဲမှာတစ်နေပြီး ထွက်မလာတော့ချေ။ သူ့မျက်လုံးတွေမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ ထိုလူက သိသိသာသာပင်လှုပ်ရှားမှုတစ်စုံတရာမပြုလုပ်ခဲ့ပေမယ့် အတွေးတစ်ချက်ဖြင့် သူ့ကိုထိန်းချုပ်နိုင်လေသည်။ ဒီလူက သူစော်ကားလို့ရတဲ့ သာမန်လူ မဟုတ်ပေ။
ချန်လင်းရန်ဟာ ဖန်ချင်းရှို့၏ထူးခြားမှုမှုကို သတိထားမိသွားသည့်အခါတွင် အနည်းငယ်ထိတ်လန့်မိသွားသည်။ ဒါပေမယ့် တစ်ဖက်လူကပိုစွမ်းအားကြီးလေ သူ့စိတ်ထဲကတပ်မက်မှုမှာ ပိုမိုပြင်းထန်လာလေဖြစ်ပြီးသူ့မျက်လုံးတွေမှာ အစိမ်းရောင်ထတောက်လုမတတ် ဖြစ်လာခဲ့သည်။
လုံးဝ ဒီလူကသူ့အပိုင် ဖြစ်ကိုဖြစ်ရမယ်။
ဝမ်ရိပေါ်က လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါတွင် ဖန်ချင်းရှို့၏လက်ညှိုးတွင် ဝတ်ထားသည့် သိုလှောင်လက်စွပ်က လူနှစ်ယောက်၏ ပြူးကျယ်နေတဲ့ မျက်လုံးရှေ့မှာပင် ဝမ်ရိပေါ်လက်ထဲရောက်ရှိသွားသည်။ ဝမ်ရိပေါ်က လက်စွပ်အတွင်းမှာရှိတဲ့ ဝိဥာဥ်တံဆိပ်ကိုအသာလေးဖယ်ရှားလိုက်သည်။ သခင်ဖြစ်သူထားရှိထားသည့် ဝိဥာဥ်တံဆိပ်ပျက်ပြယ်သွားတာနဲ့ ပိုင်ရှင်ဖြစ်သည့် ဖန်ချင်းရှို့မှာသွေးတစ်ပွက်အန်လိုက်ရသည်။
ဝမ်ရိပေါ်ဟာ သိုလှောင်လက်စွပ်အတွင်းမှ လူကြီးတစ်ယောက်၏လက်ဖဝါးတစ်ခုစာသာရှိသည့် သေတ္တာတစ်ခုကို ထုတ်ယူ၍လက်စွပ်ကိုပြစ်ထုတ်လိုက်သည်။ အနှီးသေတ္တာငယ်လေးကို သူ့ရဲ့ကိုယ်ပိုင်သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက်တွင် ဝမ်ရိပေါ်၏ ပုံမှန်အေးတိအေးစက်မျက်ဝန်းတွေက ချန်လင်းရန်ဆီအရောက်တွင်ရပ်တန့်သွား၏။ ချန်လင်းရန်ဟာ အနည်းငယ်ရှက်သွေးဖြာနေသည့် မျက်နှာသေးသေးလေးဖြင့် ဝမ်ရိပေါ်ကို မဝံ့မရဲလှမ်းကြည့်သည်။
ဝမ်ရိပေါ်၏မျက်လုံးအတွင်း၌ ရွံရှာမှုတွေထိန်းချုပ်မရအောင် ပြည့်နှက်သွားသည်။
"ငါ့ကို အဲ့ဒီမျက်လုံးနဲ့ ကြည့်တဲ့သူတွေကို အမုန်းဆုံးပဲ"
ချက်ချင်းဆိုသလို ချန်လင်းရန်၏မျက်လုံးတစ်စုံအတွင်း၌ နက်ရွှေရောင်မီးတောက်အချို့ထတောက်လောင်လာခဲ့သည်။ သေလောက်သည်အထိ ပူလောင်၊နာကျင်လွန်းတာကြောင့် ချန်လင်းရန်ဟာ အာခေါင်ခြစ်ကာ အော်လိုက်သော်လည်း သူ့အသံက ထူးဆန်းစွာလည်ခေါင်းထဲကထွက်ပေါ်မလာခဲ့ပေ။ ၎င်းက သတ်သေချင်လောက်သည်အထိ နာကျင်လွန်းလှသည်။ ဖန်ချင်းရှို့ဟာ လုံးဝလှုပ်ရှားမရတာကြောင့် တောင့်တောင့်ကြီးဖြင့် ချစ်ရသူနာကျင်ခံစားနေရသည်ကိုသာ ကြည့်နေနိုင်သည်။
အုန်းသီးခမျာ ဝမ်ရိပေါ်ရဲ့ မျက်တောင်မခတ်တမ်းရက်စက်တတ်ပုံကိုကြည့်ရင်း မရှိတဲ့ကြက်သီးတွေ ထောင်လာသလိုခံစားလိုက်ရသည်။
ချီး!!...ဇာတ်လိုက်မျက်လုံးကန်းသွားပြီဟ။
ပို၍ထူးဆန်းသည်မှာ စည်းမျဥ်းတွေက အဓိကဇာတ်လိုက်ကို လုံးဝ ကာကွယ်ပေးခြင်းမရှိခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်စည်းမျဥ်းတွေက ဇာတ်လိုက်တွေအန္တရာယ်ကျရောက်ပြီဟုခံစားမိတာနဲ့ တစ်နည်းမဟုတ်တနည်းဖြင့် အန္တရာယ်ပေးသူကိုနှောင့်ယှက်၍ ဇာတ်လိုက်တွေကို အကာအကွယ်ပေးတတ်သည်။ အကယ်၍ systemနဲ့ချိတ်ဆက်ထားတဲ့ host တစ်ယောက်ယောက်ရဲ့ပယောဂကြောင့်သာမဟုတ်ပါက တစ်ခြားသော ဇာတ်ကောင်တွေက ဇာတ်လိုက်ကိုထိခိုက်အောင်ပြုလုပ်ဖို့ရန်မလွယ်ကူပေ။
ဒါပေမယ့်အခုတစ်ခေါက်က အလွန်ထူးဆန်းလွန်းသည်။ ဒီဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်က သာမန်ဇာတ်ကောင်တစ်ခုပဲမဟုတ်ဘူးလား။ ဒီလူက မသိရင် ကမ္ဘာ့စည်းမျဥ်းတွေကိုထိန်းချုပ်နိုင်စွမ်းရှိနေသလိုမျိုးထင်ရသည်။ အုန်းသီးဟာ သူ့ရဲ့မရှိတဲ့ခေါင်းကိုခါလိုက်သည်။ မဖြစ်နိုင်လိုက်တာ။ သူအတွေးလွန်နေတာပဲဖြစ်ရမယ်။
တစ်ဖက်တွင် ဝမ်ရိပေါ်ဟာ ကုတင်ပေါ်က လူနှစ်ယောက်ကို လျစ်လျူရှု့၍ထုတ်တန်းပေါ်သို့ပေါ့ပေါ့ပါးပါးခုန်တတ်သွားသည်။ သူကယခုချိန်ထိ ဘာဆိုဘာမှမသိသေးသည့် ရှောင်ကျန့်ကိုနူးညံ့စွာပွေ့ချီလိုက်သည်။ ရှောင်ကျန့်ဟာ ဘာမှနားမလည်ပေမယ့် စကားနားထောင်စွာမျက်လုံးလေးမှိတ်ရင်း ငြိမ်ငြိမ်သက်သက်လေးစောင့်နေခဲ့တာပင်။ ဝမ်ရိပေါ်ရဲ့ရုတ်တရတ်အထိအတွေ့ကြောင့် အနည်းငယ်ထိတ်လန့်သွားပေမယ့် တစ်ဖက်လူရဲ့ရင်ဘတ်ကအဝတ်စကိုခပ်တင်းတင်းဆုပ်ကိုင်ကာ ပြန်လည်ငြိမ်သက်နေလိုက်သည်။
ဝမ်ရိပေါ်၏အေးတိအေးစက်မျက်ဝန်းတစ်စုံမှာ ချက်ချင်းနူးညံ့ညင်သာသွားပြီး နွေဦးကဲ့သို့နွေးထွေးလာ၏။ သူက ဖွဖွလေးရယ်မောလိုက်ရင်း ရှောင်ကျန့်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထား၍ ထိုနေရာကနေ အစဖော်မရအောင်ပျောက်ကွယ်သွားခဲ့သည်။
_______________________________________________________________
Zawgyi
အာ......တော်တော်သေးတာပဲ။
"ခင်ဗျားဘယ်...သူ...."
_______________________________________________________________
Okumaya devam et
Bunları da Beğeneceksin
15.1K 1.2K 20
CFY×LYX= Love Starting date- 9.6.2020 Finish date- 3.8.2020
2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese
634K 84.6K 143
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
221K 36.5K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .