ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

Bởi Dandelion_nini

5.3M 715K 55.5K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... Xem Thêm

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 35.3

29.8K 4K 186
Bởi Dandelion_nini

Unicode

ပြင်သစ်အနမ်း
__________________________________

အခုရိုက်မည့်အခန်းအား မနေ့ညက နှစ်ယောက်သား သေချာလေ့ကျင့်ပြီးသား ဖြစ်သည်။ မူလဇာတ်ညွှန်းအတိုင်းဆိုလျှင် တစ်ယောက်က အိမ်အတွင်းဘက်တွင်ရှိနေကာ နောက်တစ်ယောက်က အိမ်အပြင်ဘက်ကနေ ဝင်ခွင့်တောင်းတာနဲ့ စရိုက်ရမှာဖြစ်သည်။ သို့သော် ဇာတ်ညွှန်းရေးဆရာက သိပ်မကြာခင်ကပဲ ဇာတ်ညွှန်းကိုပြန်ပြင်လိုက်ကာ နှစ်ယောက်လုံးကို အိမ်အပြင်တွင် အရင်သရုပ်ဆောင်စေသည်။ ထို့ကြောင့် ဟော့ယွီက မုန့်လော့ပြန်လာမည်ကို အိမ်အပြင်ဘက်တွင်စောင့်နေကာ မုန့်လော့ပြန်ရောက်မှ စကားအနည်းငယ်ပြောပြီး နှစ်ယောက်သား အိမ်ထဲအတူဝင်၍ ပြောစရာရှိတာများ ဆက်ပြောကြမည်ဖြစ်သည်။

ဒီနေ့ သူတို့ရိုက်မည့်အခန်းမှာ အပြင်မှာရိုက်ရမည့်အခန်းဖြစ်သည်။ မုန့်လော့အိမ်ပြန်လာပြီးနောက် အပြင်မှာစကားခဏရပ်ပြောကြပြီး ဟော့ယွီက လှေကားပေါ်လိုက်တက်သွားသည့်နေရာမှာဆုံးမည်။ ထိုအခန်းက ပြောစရာစကားလည်း သိပ်မရှိသည့်အပြင် လေ့ကျင့်ဖူးပြီးသားလည်း ဖြစ်တာကြောင့် ရိုက်ရတာအဆင်ချောနေသည်။ ကျန်းမော့ချန်ကလည်း တောင်းဆိုထားသည့်အတိုင်း ယန်းချင်းချီသရုပ်ဆောင်ပုံကို လိုက်ထိန်းညှိပေးနေကာ ယန်းချင်းချီကလည်း ဇာတ်ကောင်ထဲနစ်ဝင်သွားပြီးဖြစ်တာကြောင့် သူတို့တစ်ခါထဲ ရိုက်ရုံနဲ့ကို ထိုအခန်းက  ပြီးစီးသွားသည်။

ဒါရိုက်တာဝမ်မှာ အရမ်းကျေနပ်သွားကာ လူတိုင်းကိုအလုပ်နားပြီး ထမင်းသွားစားစေသည်။ ပြန်လာရင် ညဘက်မှရိုက်လို့ရမည့်အခန်းတွေကို ရိုက်ရမှာဖြစ်သည်။

ယန်းချင်းချီမှာ ညဘက်ရိုက်ဖို့အခန်းမရှိသော်လည်း သူများတွေ ဘယ်လိုသရုပ်ဆောင်ကြလဲဆိုတာကို ကြည့်ပြီး အတွေ့အကြုံယူချင်သေးသည်။ ထို့ကြောင့် ညစာစားပြီးနောက် သူကဟိုတယ်ကို ​မပြန်ခဲ့ပါ။ ထို့အစား ခုံလေးတွင်ထိုင်ကာ ကျန်းမော့ချန်နှင့်ကျောက်ချန် ဘယ်လိုမျိုးသရုပ်ဆောင်နေကြတယ် ဆိုတာကိုသာ ဆက်ကြည့်နေခဲ့သည်။

မြောက်ဘက်ဒေသရှိ ညနေခင်းများက အလွန်ကိုချမ်းအေးသည်။ သူ့ရဲ့လက်ထောက်လေးက ထူထဲတဲ့ဂျာကင်ကြီးကို သူ့ပုခုံးပေါ်လွှမ်းပေးလာကာ နို့ပူပူလေးတစ်ခွက်ကို ကမ်းပေးသည်။ ယန်းချင်းချီမှာ တစ်စုံတစ်ယောက်က သူ့အပေါ် လိုလေသေးမရှိဂရုစိုက်ပေးတာကို ကျင့်သားမရသေးတာကြောင့် နို့ခွက်လေးကိုလှမ်းယူလိုက်ကာ

''ရှောင်ဟော မင်းအရင်ပြန်နှင့်လိုက် ငါဒီမှာခဏကြည့်လိုက်ဦးမယ် တော်တော်လေးကြာမှ ဟိုတယ်ပြန်လိုက်မယ် ''

ဘယ်လိုလုပ် ရှောင်ဟောက ကိုယ့်မင်းသားကို အပြင်မှာထားပြီး တစ်ယောက်ထဲပြန်ရဲမှာလဲ။ သူခေါင်းခါလိုက်ကာ အဆင်ပြေပါတယ်ဟုပြောပြီး ဒီမှာနေရင်း အခြားလက်ထောက်တွေ ဘယ်လိုလုပ်ကိုင်လဲ သင်ယူချင်လို့ပါဟု ပြောလိုက်သည်။

သူကထိုသို့ပြောလာမှတော့ ယန်းချင်းချီကလည်း အတင်းပြန်လွှတ်မနေတော့ပါ။ နို့ခွက်လေးလက်ကကိုင်ပြီး ဒါရိုက်တာက ကျန်းမော့ချန်နှင့်ကျောက်ချန်ကို ရိုက်ရမည့်အခန်းများ ရှင်းပြနေတာကိုသာ ကြည့်နေလိုက်သည်။

ကျန်းမော့ချန်ရိုက်ရမည့်အခန်းတွေက ည၁၁နာရီမှပြီးသည်။ သူ့ရဲ့လက်ထောက်နှစ်ယောက်က ရေနဲ့ လဲရမည့်အဝတ်အစားတွေကို အသီးသီးကမ်းပေးလာကြသည်။ ကျန်းမော့ချန်ယူလိုက်ကာ ခုံလေးပေါ်ထိုင်နေသေးသည့် ယန်းချင်းချီကိုကြည့်လိုက်ပြီး ပြန်ဖို့အချိန်ရောက်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။ ယန်းချင်းချီလည်းထလိုက်ကာ ကျန်းမော့ချန်နဲ့အကွာအဝေးတစ်ခုခြားပြီး လိုက်ပြန်လိုက်သည်။

ယန်းချင်းချီ ကျန်းမော့ချန်အခန်းဆီကို ရောက်တာနဲ့ချက်ချင်းမသွားခဲ့ပါ။ ထို့အစား သူ့အခန်းထဲအကြာကြီးနေပြီးမှ တိတ်တိတ်လေးခိုးသွားလိုက်သည်။

ကျန်းမော့ချန် သူ့အပြုအမူတွေကို​ကြည့်ပြီး နားမလည်သည့်ရုပ်လေးဖြင့်

''ဒီကိုလာဖို့ ဘာလို့အဲ့လောက်ကြာနေတာလဲ ''

''ဘာမှမဟုတ်ပါဘူး ကျွန်တော်တို့နှစ်ယောက်ကို သံသယမဝင်အောင်လို့ ရှောင်ရရှားရမယ်မဟုတ်ဘူးလား ''

''အဲ့လောက်ကြီး ဂရုစိုက်နေစရာမလိုပါဘူး နှစ်ယောက်လုံးကအပြင်မှာ မသိဘူးဆိုရင်တောင် ရိုက်ကွင်းထဲရောက်လာပြီး အတူတူရိုက်ရင်း ရင်းနှီးသွားကြတာက သဘာဝပဲ ပြီးတော့ မင်းနဲ့ကိုယ်နဲ့က ကူမ္ပဏီတစ်ခုထဲလေ ဒီရိုက်ကွင်းထဲ နန်ချန်ကလူဆိုလို့ ကိုယ်တို့နှစ်ယောက်ပဲရှိတာ ပြီးရင် ကိုယ်ကမင်းရဲ့စီနီယာလေ အများအမြင်မှာ ခင်မင်တဲ့ဆက်ဆံရေးရှိတာ ပုံမှန်ပါပဲ ''

ယန်းချင်းချီ ချက်ချင်း စိတ်ထဲကနေတွေးလိုက်သည်။ 'အိုး အဲ့လိုလည်းရတာပဲလား'ဟု။ သူသက်ပြင်းချလိုက်ကာ

''ကျွန်တော်မှအဲ့ဒါတွေမသိတာ အရင်ကလည်းမကြုံဖူးဘူး ခင်ဗျားပြောဖူးတယ်မလား ရုပ်ရှင်ရိုက်နေတုန်း ကျွန်တော်နှစ်ယောက်ရဲ့တကယ့်ဆက်ဆံရေးကို လူသိလို့မဖြစ်ဘူးဆိုတာ အဲ့တော့ကျွန်တော်ထင်လိုက်တာက အများရှေ့မှာလည်း မသိတဲ့လူတွေလိုနေပြရမယ်လို့ ထင်လိုက်တာပေါ့ ''

ကျန်းမော့ချန် အကူအညီမဲ့စွာ ပြောလာသည်။

''ကိုယ်တို့လက်ထပ်ထားတယ်ဆိုတာကို ကျိန်းသေပေါက် လူသိရှင်ကြားဖြစ်လို့မရဘူး ဒါပေမဲ့ တချိန်လုံး သူစိမ်းတွေလိုနေရမယ်လို့လည်း မဆိုလိုဘူး နားလည်လား ''

''ကျွန်တော် အခု နားလည်သွားပါပြီ ''

တစ်နေ့လုံး ရုပ်ရှင်ရိုက်ထားရတာကြောင့် ကျန်းမော့ချန်မှာ အတော်လေးနုံးနေပြီဖြစ်သည်။ သူအင်္ကျီကြယ်သီးများကိုဖြုတ်ရင်း

''မင်းရေအရင်ချိုးမလား ကိုယ်အရင်ချိုးရမလား ''

''ဒီနေ့ရော ကျွန်တော်တို့က အတူတူအိပ်ကြဦးမှာလား ''

''မဟုတ်ရင်? မင်းကို ဘာလို့ကိုယ့်အခန်းထဲခေါ်ရမှာလဲ ''

''အဲ့တော့ ကျွန်တော့်ဖုန်းကို ပြန်ပေးဖို့ ခေါ်တာမဟုတ်ဘူးပေါ့ ''

ထိုအချိန်ကျမှ ယန်းချင်းချီဖုန်းက သူ့ဆီမှာဆိုတာကို သတိရမိသွားပြီး

''မင်းပြောမှပဲ ကိုယ် မင်းကို စကားပြောခွင့်မပေးထားဘူးမလား ''

ယန်းချင်းချီမှာ ထိုအလှည့်အပြောင်းကြောင့် ပြောစရာမဲ့သွားကာ

''ခင်ဗျား__ ''

သူ ဘာမှပြန်မချေပရသေးခင် ကျန်းမော့ချန်က ပါးစပ်ကိုလက်ညှိုးထိုးပြလာကာ တစ်လုံးချင်းစီပြောလာသည်။

''ပြော ခွင့် မ ပြု ဘူး ''

ကံကြမ္မာကို လက်ခံလိုက်ရသည့် ယန်းချင်းချီမှာ ကျန်းမော့ချန်ကို လက်ခလယ်ထောင်ပြလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ရေချိုးခန်းထဲဝင်သွားခဲ့သည်။

ကျန်းမော့ချန်မှာတော့ ထိုကောင်လေး၏ တုံ့ပြန်မှုများကို ကြည့်ရင်း ကျိတ်ရယ်နေလေသည်။ သူ ယန်းချင်းချီ၏ ဖုန်းကို အိတ်ကပ်ထဲကနေထုတ်ရင်း မထင်မှတ်ထားပဲ ယန်းချင်းချီ၏ wallpaper ကိုတွေ့လိုက်ရသည်။ ရှုခင်းပုံကြီးပင်။ 'တကယ်ကိုအမြင်မရှိတာပဲ' ဟုတွေးလိုက်ပြီး ဖုန်းကို အိပ်ယာပေါ် ပစ်တင်လိုက်လေသည်။

ယန်းချင်းချီ အချိန်ကြာကြာလေး ရေချိုးနေလိုက်ကာ ရေချိုးဝတ်ရုံလေးဖြင့်ပြန်ထွက်လာခဲ့​သည်။ သူဆံပင်ခြောက်အောင်သုတ်နေရင်း ကျန်းမော့ချန်ကိုလည်း ရေဝင်ချိုးလို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။

''အိပ်ယာပေါ်မှာ မင်းဖုန်း ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြသည်။

သူ အိပ်ယာပေါ်ဖွဖွတက်သွားကာ ဖုန်းကိုယူပြီး လော့ခ်ဖွင့်လိုက်သည်။ အရေးတကြီးပို့ထားသည့် messageများမရှိသော်လည်း မိသားစု group chatကတော့ ထုံးစံအတိုင်း စာအပြည့်ပင်။ ယန်းချင်းချီ replyပြန်နေလိုက်သည်။

ကျန်းမော့ချန် ရေချိုးခန်းကနေ ထွက်လာတဲ့အခါ စောင်လေးထဲဝင်ပြီး ဖုန်းသုံးနေသည့် ယန်းချင်းချီကိုတွေ့လိုက်ရသည်။ သူ ဘေးတွင်ဝင်လှဲလိုက်ကာ တဖက်လူ၏ဖုန်းကို ချောင်းကြည့်လိုက်တော့ ယန်းချင်းချီက Weiboမှာ postတင်နေသည်ပင်။

''ဒီအချိန်ကြီးကျမှ weibo မှာ postတင်နေတာလား ''

''weiboမှာ အချိန်ယူပြီး postတင်ပေးဖို့ မေကျဲက သတိလှမ်းလှမ်းပေးတယ် ဒါပေမဲ့ ကျွန်တော်က အမြဲမေ့နေတာ ရုပ်ရှင်စရိုက်တဲ့နေ့တုန်းက တစ်ခုတင်လိုက်တာကလွဲပြီး ဘာမှမတင်ဖြစ်တော့ဘူး ''

''မင်း post မတင်ချင်တာတို့ မတင်တတ်တို့ဖြစ်ရင် ဟောဖေးကို မင်း accountပေးထားလိုက်လေ သူဆက်လုပ်လိမ့်မယ် ''

''ရှောင်ဖေးက အဲ့လိုလုပ်ပေးမယ်လို့ပြောပါတယ် ကျွန်တော်က ကျွန်တော့်accထဲ တခြားလူတွေ postလျှောက်တင်တာ မကြိုက်လို့ ပြီးတော့ အခုက နာမည်ကြီးသေးတာမှမဟုတ်တာ နာမည်ကြီးလာရင်တော့ တမျိုးပေါ့ ''

''အဲ့လိုလည်း အဆင်ပြေပါတယ် ဒါပေမဲ့ နာမည်ကြီးလာမှ အခုတင်လိုက်တဲ့ postတွေက အရိပ်မည်းကြီးတွေ ဖြစ်မလာစေနဲ့ဦး ''

''မပူပါနဲ့ ကျွန်တော်ကောင်းကောင်းသိပါတယ် ''

ယန်းချင်းချီ ပြုံးရင်းပြောလာသည်။

ကျန်းမော့ချန် သူ့ကိုကြည့်လိုက်ကာ

''မင်းပါးစပ်ထဲကဘာလဲ ''

''သကြားလုံးလေ ''

''ဒီလောက် ညနက်နေပြီ ကိုယ်တို့ခဏနေအိပ်တော့မှာကို မင်းကသကြားလုံးစားနေတာလား ''

''နောက်မှ သွားပြန်တိုက်လိုက်မယ် ''

''သကြားလုံးက ဘယ်ကရတာလဲ ''

ကျန်းမော့ချန် သိချင်စိတ်ဖြင့် မေးလာသည်။

''ခင်ဗျား စားပွဲပေါ်တင်ထားတာ တွေ့လို့ ''

ယန်းချင်းချီက စားပွဲပေါ်ကသကြားလုံး အစုလေးကို မေးငေါ့ပြလိုက်သည်။

''နေ့လည်က ကျွန်တော့်ကိုပေးတာတွေနဲ့ အတူတူပဲ ''

ကျန်းမော့ချန် ခေါင်းငြိမ့်ပြလာကာ

''အရသာရှိလား ''

''ခင်ဗျား တစ်ခါမှမစားဖူးဘူးလား ''

''အဲ့သကြားလုံးတွေက ဇာတ်လမ်းအတွက် ဇာတ်ဝင်ခန်းအသုံးအဆောင်အနေနဲ့ သုံးဖို့ဝယ်ထားတာတွေလေ ဟော့ယွီက သူ့ကောင်မလေးကို အဲ့တာလေးတွေပေးပြီး ချော့နေကြ ကိုယ်က သကြားလုံးစားနေကျမဟုတ်တော့ တခါမှမမြည်းကြည့်ဖူးဘူး ''

ယန်းချင်းချီ ဖုန်းသုံးနေတာကိုရပ်လိုက်ကာ သူ့ကိုလှည့်ကြည့်လာပြီး

''ဘာအရသာလဲသိချင်လား ''

''ဒီတိုင်း စပ်စုကြည့်ရုံပဲ ''

ထို့နောက် ယန်းချင်းချီက ကျန်းမော့ချန်ကို အပြုံးကြီးကြီးပေးလာသည်။ သူ ထိုထူးဆန်းသည့်အပြုံးကြီးအား ဘာမှမတုံ့ပြန်ရသေးခင် ယန်းချင်းချီမှာ လက်ထဲကဖုန်းကို ပစ်ချပစ်လိုက်ပြီး သူ့ကိုမှီတွယ်ရင်း သူ့နှုတ်ခမ်းပေါ် အနမ်းတစ်ခုခြွေချလာသည်။

ယန်းချင်းချီက နှုတ်ခမ်းနှစ်စုံကို ရိုးရိုးရှင်းရှင်းလေးသာ ဖိကပ်ထားခြင်းဖြစ်သည်။ သို့သော် ကျန်းမော့ချန်မှာ အနမ်းကိုဦးမဆောင်ပဲ ဘာမှဆက်မလုပ်တာတွေတော့ သူပြန်ခွာဖို့ပြင်လိုက်သည်။ သူ့နှုတ်ခမ်းဖူးလေးများက ကျန်းမော့ချန်၏ နှုတ်ခမ်းပါးများနှင့် ခွာလိုက်ရုံရှိသေး ထိုလူမှာ ရုတ်ချည်းပင် သူ့ခေါင်းနောက်ကိုဖိကိုင်လိုက်ကာ ပြင်းပြစွာ နမ်းလာသည်။

ထိုရမ္မက်ဆန်သည့်အနမ်းကြောင့် ယန်းချင်းချီမှာ ထိတ်လန့်သွားသဖြင့် မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် ကျန်းမော့ချန်ကိုကြည့်နေသည်။ တဖက်ယောကျ်ားမှာ နမ်းနေရင်း သူ့ကိုသတိပေးရန်မမေ့။

''မျက်လုံးကိုမှိတ်ထား ''

ယန်းချင်းချီလည်း နာနာခံခံလေး မျက်လုံးများကို ပြန်မှိတ်ထားလိုက်ကာ အာခံတွင်းထဲ တိုးဝင်လာသည့် ကျန်းမော့ချန်လျှာကို ပြန်တုံ့ပြန်နေလိုက်သည်။ ယန်းချင်းချီမှာ သူတို့လက်တွဲစဥ်တစ်လျှောက်လုံး ထိုကဲ့သို့ပြင်းပြင်းပြပြ မနမ်းဖူးသည်ကို စဥ်းစားမိလိုက်တော့ အကြောင်းအရင်းမရှိ ရယ်ချင်လာသည်။ သို့သော် သူ မရယ်ခဲ့ပါ။ အဲ့အစား ကျန်းမော့ချန်ကိုသာ အလိုက်သင့်လေးပြန်နမ်းပေးနေလိုက်ကာ တဖက်လူ၏ပါးစပ်ထဲ သကြားလုံးလေးထည့်ပေးလိုက်သည်။

''ဘယ်လိုလဲ အရသာရှိလား ''

ကျန်းမော့ချန် ယန်းချင်းချီ၏ ခေါင်းနောက်ဖက်ကို ဆုပ်ကိုင်ထားသည့်လက်အား ဖယ်လိုက်ကာ ပါးစပ်ထဲက သကြားလုံးကို တဂျွတ်ဂျွတ်ဝါးလိုက်သည်။

''မရှိဘူး ''

ယန်းချင်းချီ နှုတ်ခမ်းမဲ့လိုက်ကာ ဟွန့်ခနဲလုပ်ပြီး တဖက်လူကိုလျစ်လျူရှုလိုက်တော့သည်။ ထိုကောင်လေး သူ့ကို နောက်ကျောပေးပြီး ဒေါသတကြီး လှည့်သွားတာကိုတွေ့တော့ ခါးလေးကိုပြန်ဆွဲဖက်လိုက်ကာ

''ကိုယ်တို့ ဒီညမလုပ်ဘူးလား ''

''လုံးဝပဲ 'တ-ဏှာ-ကင်း-တဲ့-ဆက်-ဆံ-ရေး' ဒီညပဲ မလုပ်မှာ မဟုတ်ဘူးနော် နောက်ညတွေလည်းမလုပ်ဘူး အာကီနာတောင်တက်လမ်းကြောင်း ပိတ်လိုက်ပြီလို့ နေ့လည်ကပြောတယ်လေ မမှတ်မိဘူးလား ''

ကျန်းမော့ချန်က သဘောကျသလို ခေါင်းငြိမ့်ပြလာကာ

''ဟုတ်တယ် ကိုယ်မေ့သွားတာ မင်းကို စကားပြောခွင့်မပေးထားဘူးဆိုတာကိုလည်း မေ့သွားတယ် ကိုယ့်မှာပဲ ပြောပိုင်ခွင့်ရှိတာ အဲ့တော့ ပါးစပ်ပိတ်ပြီး ကိုယ်ပြောတာနားထောင် ''

ယန်းချင်းချီ နှာခေါင်းရှုံ့လိုက်ကာ ကျန်းမော့ချန်ရှေ့ သူ့ဖုန်းကိုထောင်ပြလာသည်။

''ရုပ်ရှင်ဧကရာဇ်ကြီးကျန်းရေ မျက်လုံးကိုပြူးပြီးတော့ အချိန်လေးလည်း သေချာကြည့်လိုက်ဦး 12ကျော်သွားပြီ၊ ဆိုလိုချင်တာက တစ်ရက်ပြည့်သွားပြီ ခင်ဗျားတောင်းဆိုမှုကြီးက အရာမဝင်တော့ဘူး တကယ်လို့ ကျွန်တော့်ကို နာနာခံခံလေး ပါးစပ်ပိတ်ထားစေချင်တယ်ဆိုရင် နောက်ထပ်အခွင့်အရေးတွေ ထပ်စောင့်လိုက်တာ ပိုကောင်းမယ် ''

ကျန်းမော့ချန်ကလည်း ဖုန်းပေါ်ကအချိန်ကိုကြည့်ကာ ပြန်ငြင်းလာသည်။

''သန်းခေါင်ရောက်တာနဲ့ တရားမဝင်တော့ပါဘူးလို့ မင်းကို ဘယ်သူပြောလဲ ''

''မဟုတ်ရင်? ခင်ဗျားက အဲ့ဒီနှိပ်စက်နည်းကြီးကို ကျွန်တော့်အပေါ်တစ်သက်လုံး သုံးချင်နေတာလား တစ်ခုပဲရွေး : အဲ့ဒါက ဒီည 12နာရီမှာ တရားမဝင်တော့ဘူး ဒါမှမဟုတ် နောက်တခါကျ အဲ့လိုကလေးကလားဆန်တဲ့ အပြုအမူတွေလုပ်လာရင် အတူလိုက်ပြီး သရုပ်မဆောင်ပေးတော့ဘူး ''

ကျန်းမော့ချန် ဘာပြန်ပြောရမလဲပင် မသိတော့။ ယန်းချင်းချီလျှာစောင်းထက်မှန်းသိသော်လည်း ကြုံတွေ့လိုက်ရတိုင်း အမြဲဆွံ့အကျန်နေခဲ့သူမှာ သူသာဖြစ်သည်။

''ဘာလို့ထပ်မစဥ်းစားတော့တာလဲ ကိုယ့်ဆီက အကူအညီတွေလိုသေးတယ်မလား ''

ကျန်းမော့ချန်က ကြင်ကြင်နာနာလေး သတိပေးလာသည်။

ယန်းချင်းချီကလည်း ခေါင်းလေးခါရင်း မြူးထူးစွာပြန်ပြောလာသည်။

''စိတ်မကောင်းစရာပဲ မ လို ဘူး ''

''မင်းနဲ့ အတူတူအစမ်းလေ့ကျင့်ပေးတယ် သရုပ်ဆောင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေလည်း မျှဝေပေးတယ် စုံတွဲတွေလုပ်သင့်လုပ်ထိုက်တဲ့အရာတွေလည်း ဖြည့်ဆည်းပေးတယ် ____ မင်းတကယ် အဲ့ဒါတွေထပ်မလိုတော့ဘူးပေါ့? ''

''ရတယ် တကယ်လို့လိုအပ်လာရင်လည်း ကျွန်တော် ဆုနွမ်ကိုပဲ သွားရှာလိုက်မယ် ''

''မင်းအခု ဘာပြောလိုက်တယ်? ''

ကျန်းမော့ချန်မှာ သူ့နားသူပင်မယုံချင်တော့

''မင်းက ကိုယ့်ကိုလာမရှာဘူး အဲ့အစား ဆုနွမ်ကိုအကူအညီသွားတောင်းမယ်? သူ့(မ)ဟာနဲ့သူတောင် ပြဿနာတစ်သိန်းနဲ့ မနည်းတိုးတက်အောင် ကြိုးစားနေရတာကို မင်းက သူ(မ)ကို သွားရှာမယ်? ''

''အင်းလေ ''

''နောက်တခေါက် ထပ်ပြောကြည့်လိုက်စမ်း ''

ယန်းချင်းချီမှာ မနေနိုင်တော့သဖြင့် အော်ရယ်မိတော့သည်။

ထိုရယ်သံက ကျန်းမော့ချန်၏ဒေါသများကို လောင်စာထည့်ပေးလိုက်သလိုပင်။ သူ မျက်စိရှေ့က ကောင်လေးကို ဘယ်လိုလုပ်ပစ်ရမှန်းတောင် မသိတော့ပေ။

''ကိုယ် နောက်တခေါက် ထပ်မေးမယ် မင်း ဘယ်သူ့ကိုသွားရှာမှာလဲ ''

''ခင်ဗျား၊ ကျိန်းသေပေါက် ခင်ဗျားကိုရှာမှာ ''

ယန်းချင်းချီ ကျန်းမော့ချန်လည်ပင်းကို သိုင်းဖက်လိုက်ကာ

''ခင်ဗျားက ဒီလောက်ခန့် ဒီလောက်ချောတာ သရုပ်ဆောင်လည်းအရမ်းတော်ပြီး ကျွန်တော့်ကိုပြန်သင်ပေးတဲ့နေရာမှာလည်း လုံးဝဟိုက်ပါပဲ ကျွန်တော်က ခင်ဗျားကိုမရှာလို့ ဘယ်သူ့ကိုရှာရမှာလဲ ''

''အဲ့လိုလုပ်စမ်းပါ ''

ကျန်းမော့ချန် ထိုသို့ပြောရင်း သူတို့ ခုနကပြောနေသည့် အကြောင်းအရာမှာ အခုအကြောင်းအရာမဟုတ်ကြောင်းကို သတိထားမိသွားသည်။ ယန်းချင်းချီ၏ စကားလမ်းကြောင်း လိုသလိုလွှဲနိုင်သည့် စကေးလ်ကြီးကို မြင်တွေ့လိုက်ရတော့ သူ အကူအညီမဲ့စွာဖြင့်

''လွှတ် ''

ယန်းချင်းချီက သူ့ကိုချက်ချင်းလွှတ်ပေးလာကာ အပြစ်ကင်းစင်သည့် မျက်လုံးလေးများဖြင့် ဟန်ဆောင်ပန်ဆောင်ကြည့်လာသည်။

''မင်းက တကယ့်ကို... ''

ကျန်းမော့ချန် ခဏရပ်လိုက်ကာ ယန်းချင်းချီ၏ပင်ကိုယ်သဘာဝကို ဖော်ပြဖို့သင့်တော်မည့် စကားလုံးများအားရှာဖွေနေလိုက်သည်။

''ဉာဏ်များပြီး လှည့်ဖြားတတ်တယ် ''

ယန်းချင်းချီမှာ တဖက်လူ၏အသုံးအနှုန်းကို သဘောကျသလို ကျိတ်ရယ်လိုက်ကာ

''ဉာဏ်များပြီး လှည့်ဖြားတတ်တယ်ဆိုတာ  ဘာပြောမှန်း ခင်ဗျားသိရောသိရဲ့လား ''

ကျန်းမော့ချန်က မျက်ခုံးတစ်ဖက်ပင့်တင်လိုက်သည်။

''ဟုတ်ပြီ ခင်ဗျားက အဲ့လိုဆိုမှတော့ ကျွန်တော်လည်း ခင်ဗျားအတိုင်းလိုက်လုပ်ရမယ် နောက်တခါ ကျွန်တော့်ကို ကျေးဇူးတင်ချင်ရင် 'ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ မင်းကအတော်ဆုံးပဲ မင်းကအတော်ဆုံးပဲ မင်းကအတော်ဆုံးပဲ အချစ်ကလေးရေ မင်းဘာပြောပြော အကုန်မှန်တယ်' လို့ ကျွန်တော်ဘာပြောပြော အဲ့လို ပြန်ဖြေရမယ် ''

''လက်လျှော့လိုက်တော့ '' ကျန်းမော့ချန်က သူ၏ စိတ်ကူးယဥ်ပူစီဖောင်းလေးများကို အပ်ဖြင့်ထိုးဖောက်လိုက်သည်။

''အဲ့လိုနေ့မျိုးရှိလာမှာမဟုတ်ဘူး ''

''အိုး ခင်ဗျားအဲ့လို တသမတ်တည်းကြီး မပြောရဘူးလေ ဘယ်သူသိနိုင်မှာလဲ နောက်နှစ်ရက်လောက်ကြာရင် ခင်ဗျား ကျွန်တော့်ရဲ့အကူအညီ လိုလာနိုင်တာပဲ ''
ကျန်းမော့ချန်က လှောင်ရယ်လိုက်ကာ

''အဲ့လိုနေ့ရှိလာမှာမဟုတ်ဘူး ''

''စောင့်ကြည့်နေလိုက် '' ယန်းချင်းချီက ယုံကြည်ချက်အပြည့်ဖြင့် ''အဲ့နေ့ရောက်လာရင် ကျွန်တော် ဘာပြောပြော နားထောင်ဖို့သာပြင်ထားလိုက် ''

ကျန်းမော့ချန် အဓိပ္ပါယ်မရှိတာကို ယန်းချင်းချီနှင့်အတူတူပြိုင်မငြင်းချင်တော့တာကြောင့် တခြားလူကို အိပ်ယာပေါ် ပြန်ဖိချလိုက်ကာ

''အိပ်တော့ အိမ်မက်မက်လိုက်တာ ပိုမြန်မယ် ''

ယန်းချင်းချီမှာ ဟွန့်ခနဲလုပ်လိုက်ကာ တခြားတဖက်ကိုလှိမ့်သွားပြီး စောင်ကိုကောက်ခြုံလိုက်သည်။

''သွား ပြန်တိုက် ''

ထိုပုံစံနဲ့ အိပ်ပျော်တော့မှာကို မြင်ယောင်နေတာကြောင့် ကျန်းမော့ချန်သတိမပေးပဲမနေနိုင်ခဲ့။

ယန်းချင်းချီကလည်း ထဖို့အရမ်းပျင်းနေပြီဖြစ်တာကြောင့်

''တစ်ညတည်းပဲဟာ မြန်မြန်ကြီး သွားပိုးစားသွားမှာမှမဟုတ်တာ ''

''မင်း ခုနက ဘာပြောထားလဲ မင်းမှတ်မိလား* ''

(T/N: မအိပ်ခင်သွားပြန်တိုက်မယ်လို့ ပြောထားတာပါ)

''သြော~~ ပြန်ရုတ်သိမ်းလိုက်ပြီ ''

''မင်း ကလေးလား? ပြောပြီးသားစကား ပြန်ရုတ်သိမ်းချင်တိုင်း ပြန်ရုတ်သိမ်းရအောင် ''

''အင်း ဒယ်ဒီကျန်း '' ယန်းချင်းချီမှာ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် ''သားက အခုမှကလေးပဲရှိသေးတာ ''

စိတ်ရောကိုယ်ပါ ပင်ပန်းသွားသော ဒယ်ဒီကျန်း : .........

ကျန်းမော့ချန် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကို လက်ဖြင့်သပ်ချလိုက်ကာ အိပ်ယာထဲက ယန်းချင်းချီကို ဆွဲထူလိုက်ပြီး

''လာ ဒီဒယ်ဒီက သွားပြန်တိုက်ဖို့ အဖော်လိုက်ပေးမယ် ''

*****

ကျန်းမော့ချန်၏ သင်ခန်းစာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျိစစ်ရှင်း ယန်းချင်းချီနှင့် နောက်တခေါက်ထပ်ရိုက်သည့်အခါ ထိုလူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ သူ့အပေါ် ခက်ခဲအောင်မလုပ်တော့တာကြောင့် မုန့်လော့ဇာတ်ကောင်ထဲ အမြန်စိတ်နှစ်သွင်းနိုင်သည်။ မုန့်လော့မှာ ကျိုးဖန်ကို လိမ္မာပါးနပ်စွာ စကားပြောရင်း အခြားလူများကို သတ်ပစ်နိုင်ရန် လမ်းကြောင်းပေးနေသည်။

ထိုအခန်းရိုက်ပြီးသွားသည့်အခါ ယန်းချင်းချီ အပြင်မှာရိုက်ရမည့်အခန်းများမှာ ပြီးသလောက်နီးပါးရှိသွားပြီဖြစ်သည်။ မုန့်လော့ဇာတ်ကောင်အတွက် ရိုက်ရမည့် အခန်းသိပ်မရှိသလို အများစုကလည်း သူ့အိမ်တွင်းမှာသာ ဖြစ်တာကြောင့် အပြင်မှာရိုက်ရသည့်အခန်းကရှားသည်။ သို့သော် ကျန်းမော့ချန်နှင့် အခြားသရုပ်ဆောင်တွေကတော့ အပြင်မှာရိုက်ရမည့်အခန်းများတာကြောင့် ယန်းချင်းချီ သူလုပ်နေကျအတိုင်း ခုံလေးပေါ်မှာထိုင်ကာ သူတို့သရုပ်ဆောင်ပုံများ ဒါရိုက်တာပြောသောစကားများကို လိုက်မှတ်နေလိုက်သည်။

<< လမ်းမှားခြင်း >>ရုပ်ရှင်ရိုက်နေသည့် ၈ရက်မြောက်နေ့တွင် မဖိတ်ခေါ်ထားသော ဧည့်သည့်တစ်ယောက် ရိုက်ကွင်းကိုရောက်လာခဲ့သည်။ တက်ကြွသည့်ခြေလှမ်းများနှင့် ရိုက်ကွင်းထဲဝင်လာသော လျောင်စစ်ပေါ်ကိုကြည့်ကာ ယန်းချင်းချီအံ့သြသွားလေသည်။

သူက ဘာလို့ ဒီကို ရုတ်တရက်ကြီး ရောက်လာတာလဲ။

လျောင်စစ်ပေါ်ကလည်း ယန်းချင်းချီကို မမြင်ပါ။ သူက အနားယူနေသည့် ကျန်းမော့ချန်ဆီကိုသာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ရုတ်တရက်ကြီး နာမည်အခေါ်ခံလိုက်ရတာကြောင့် ကျန်းမော့ချန် မျက်လုံးမဖွင့်ချင်ပဲ ဖွင့်ကြည့်လိုက်ရကာ ဘယ်သူမှန်းတွေ့လိုက်ရတော့ အေးစက်စက်လေသံဖြင့်မေးလာသည်။

''မင်းက ဒီကို ဘာလာလုပ်တာလဲ ''

____________________________________

Finally အပိုင်း (35) ပြီးခဲ့ပြီ။ ♪ (^∇^)ノ♪
ဒီနေ့က ဒါလေးတင်တာ တစ်လပြည့်သွားပါပြီ။
Féli Féli!! (~‾▿‾)~ ♪

Zawgyi

ျပင္သစ္အနမ္း
__________________________________

အခု႐ိုက္မည့္အခန္းအား မေန႔ညက ႏွစ္ေယာက္သား ေသခ်ာေလ့က်င့္ၿပီးသား ျဖစ္သည္။ မူလဇာတ္ၫႊန္းအတိုင္းဆိုလွ်င္ တစ္ေယာက္က အိမ္အတြင္းဘက္တြင္႐ွိေနကာ ေနာက္တစ္ေယာက္က အိမ္အျပင္ဘက္ကေန ဝင္ခြင့္ေတာင္းတာနဲ႔ စ႐ိုက္ရမွာျဖစ္သည္။ သို႔ေသာ္ ဇာတ္ၫႊန္းေရးဆရာက သိပ္မၾကာခင္ကပဲ ဇာတ္ၫႊန္းကိုျပန္ျပင္လိုက္ကာ ႏွစ္ေယာက္လုံးကို အိမ္အျပင္တြင္ အရင္သ႐ုပ္ေဆာင္ေစသည္။ ထို႔ေၾကာင့္ ေဟာ့ယြီက မုန္႔ေလာ့ျပန္လာမည္ကို အိမ္အျပင္ဘက္တြင္ေစာင့္ေနကာ မုန္႔ေလာ့ျပန္ေရာက္မွ စကားအနည္းငယ္ေျပာၿပီး ႏွစ္ေယာက္သား အိမ္ထဲအတူဝင္၍ ေျပာစရာ႐ွိတာမ်ား ဆက္ေျပာၾကမည္ျဖစ္သည္။

ဒီေန႔ သူတို႔႐ိုက္မည့္အခန္းမွာ အျပင္မွာ႐ိုက္ရမည့္အခန္းျဖစ္သည္။ မုန္႔ေလာ့အိမ္ျပန္လာၿပီးေနာက္ အျပင္မွာစကားခဏရပ္ေျပာၾကၿပီး ေဟာ့ယြီက ေလွကားေပၚလိုက္တက္သြားသည့္ေနရာမွာဆုံးမည္။ ထိုအခန္းက ေျပာစရာစကားလည္း သိပ္မ႐ွိသည့္အျပင္ ေလ့က်င့္ဖူးၿပီးသားလည္း ျဖစ္တာေၾကာင့္ ႐ိုက္ရတာအဆင္ေခ်ာေနသည္။ က်န္းေမာ့ခ်န္ကလည္း ေတာင္းဆိုထားသည့္အတိုင္း ယန္းခ်င္းခ်ီသ႐ုပ္ေဆာင္ပုံကို လိုက္ထိန္းညႇိေပးေနကာ ယန္းခ်င္းခ်ီကလည္း ဇာတ္ေကာင္ထဲနစ္ဝင္သြားၿပီးျဖစ္တာေၾကာင့္ သူတို႔တစ္ခါထဲ ႐ိုက္႐ုံနဲ႔ကို ထိုအခန္းက  ၿပီးစီးသြားသည္။

ဒါ႐ိုက္တာဝမ္မွာ အရမ္းေက်နပ္သြားကာ လူတိုင္းကိုအလုပ္နားၿပီး ထမင္းသြားစားေစသည္။ ျပန္လာရင္ ညဘက္မွ႐ိုက္လို႔ရမည့္အခန္းေတြကို ႐ိုက္ရမွာျဖစ္သည္။

ယန္းခ်င္းခ်ီမွာ ညဘက္႐ိုက္ဖို႔အခန္းမ႐ွိေသာ္လည္း သူမ်ားေတြ ဘယ္လိုသ႐ုပ္ေဆာင္ၾကလဲဆိုတာကို ၾကည့္ၿပီး အေတြ႕အၾကဳံယူခ်င္ေသးသည္။ ထို႔ေၾကာင့္ ညစာစားၿပီးေနာက္ သူကဟိုတယ္ကို ​မျပန္ခဲ့ပါ။ ထို႔အစား ခုံေလးတြင္ထိုင္ကာ က်န္းေမာ့ခ်န္ႏွင့္ေက်ာက္ခ်န္ ဘယ္လိုမ်ိဳးသ႐ုပ္ေဆာင္ေနၾကတယ္ ဆိုတာကိုသာ ဆက္ၾကည့္ေနခဲ့သည္။

ေျမာက္ဘက္ေဒသ႐ွိ ညေနခင္းမ်ားက အလြန္ကိုခ်မ္းေအးသည္။ သူ႕ရဲ႕လက္ေထာက္ေလးက ထူထဲတဲ့ဂ်ာကင္ႀကီးကို သူ႕ပုခုံးေပၚလႊမ္းေပးလာကာ ႏို႔ပူပူေလးတစ္ခြက္ကို ကမ္းေပးသည္။ ယန္းခ်င္းခ်ီမွာ တစ္စုံတစ္ေယာက္က သူ႕အေပၚ လိုေလေသးမ႐ွိဂ႐ုစိုက္ေပးတာကို က်င့္သားမရေသးတာေၾကာင့္ ႏို႔ခြက္ေလးကိုလွမ္းယူလိုက္ကာ

''ေ႐ွာင္ေဟာ မင္းအရင္ျပန္ႏွင့္လိုက္ ငါဒီမွာခဏၾကည့္လိုက္ဦးမယ္ ေတာ္ေတာ္ေလးၾကာမွ ဟိုတယ္ျပန္လိုက္မယ္ ''

ဘယ္လိုလုပ္ ေ႐ွာင္ေဟာက ကိုယ့္မင္းသားကို အျပင္မွာထားၿပီး တစ္ေယာက္ထဲျပန္ရဲမွာလဲ။ သူေခါင္းခါလိုက္ကာ အဆင္ေျပပါတယ္ဟုေျပာၿပီး ဒီမွာေနရင္း အျခားလက္ေထာက္ေတြ ဘယ္လိုလုပ္ကိုင္လဲ သင္ယူခ်င္လို႔ပါဟု ေျပာလိုက္သည္။

သူကထိုသို႔ေျပာလာမွေတာ့ ယန္းခ်င္းခ်ီကလည္း အတင္းျပန္လႊတ္မေနေတာ့ပါ။ ႏို႔ခြက္ေလးလက္ကကိုင္ၿပီး ဒါ႐ိုက္တာက က်န္းေမာ့ခ်န္ႏွင့္ေက်ာက္ခ်န္ကို ႐ိုက္ရမည့္အခန္းမ်ား ႐ွင္းျပေနတာကိုသာ ၾကည့္ေနလိုက္သည္။

က်န္းေမာ့ခ်န္႐ိုက္ရမည့္အခန္းေတြက ည၁၁နာရီမွၿပီးသည္။ သူ႕ရဲ႕လက္ေထာက္ႏွစ္ေယာက္က ေရနဲ႔ လဲရမည့္အဝတ္အစားေတြကို အသီးသီးကမ္းေပးလာၾကသည္။ က်န္းေမာ့ခ်န္ယူလိုက္ကာ ခုံေလးေပၚထိုင္ေနေသးသည့္ ယန္းခ်င္းခ်ီကိုၾကည့္လိုက္ၿပီး ျပန္ဖို႔အခ်ိန္ေရာက္ၿပီျဖစ္ေၾကာင္း အခ်က္ျပလိုက္သည္။ ယန္းခ်င္းခ်ီလည္းထလိုက္ကာ က်န္းေမာ့ခ်န္နဲ႔အကြာအေဝးတစ္ခုျခားၿပီး လိုက္ျပန္လိုက္သည္။

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္အခန္းဆီကို ေရာက္တာနဲ႔ခ်က္ခ်င္းမသြားခဲ့ပါ။ ထို႔အစား သူ႕အခန္းထဲအၾကာႀကီးေနၿပီးမွ တိတ္တိတ္ေလးခိုးသြားလိုက္သည္။

က်န္းေမာ့ခ်န္ သူ႕အျပဳအမူေတြကို​ၾကည့္ၿပီး နားမလည္သည့္႐ုပ္ေလးျဖင့္

''ဒီကိုလာဖို႔ ဘာလို႔အဲ့ေလာက္ၾကာေနတာလဲ ''

''ဘာမွမဟုတ္ပါဘူး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို သံသယမဝင္ေအာင္လို႔ ေ႐ွာင္ရ႐ွားရမယ္မဟုတ္ဘူးလား ''

''အဲ့ေလာက္ႀကီး ဂ႐ုစိုက္ေနစရာမလိုပါဘူး ႏွစ္ေယာက္လုံးကအျပင္မွာ မသိဘူးဆိုရင္ေတာင္ ႐ိုက္ကြင္းထဲေရာက္လာၿပီး အတူတူ႐ိုက္ရင္း ရင္းႏွီးသြားၾကတာက သဘာဝပဲ ၿပီးေတာ့ မင္းနဲ႔ကိုယ္နဲ႔က ကူမၸဏီတစ္ခုထဲေလ ဒီ႐ိုက္ကြင္းထဲ နန္ခ်န္ကလူဆိုလို႔ ကိုယ္တို႔ႏွစ္ေယာက္ပဲ႐ွိတာ ၿပီးရင္ ကိုယ္ကမင္းရဲ႕စီနီယာေလ အမ်ားအျမင္မွာ ခင္မင္တဲ့ဆက္ဆံေရး႐ွိတာ ပုံမွန္ပါပဲ ''

ယန္းခ်င္းခ်ီ ခ်က္ခ်င္း စိတ္ထဲကေနေတြးလိုက္သည္။ 'အိုး အဲ့လိုလည္းရတာပဲလား'ဟု။ သူသက္ျပင္းခ်လိုက္ကာ

''ကြၽန္ေတာ္မွအဲ့ဒါေတြမသိတာ အရင္ကလည္းမၾကဳံဖူးဘူး ခင္ဗ်ားေျပာဖူးတယ္မလား ႐ုပ္႐ွင္႐ိုက္ေနတုန္း ကြၽန္ေတာ္ႏွစ္ေယာက္ရဲ႕တကယ့္ဆက္ဆံေရးကို လူသိလို႔မျဖစ္ဘူးဆိုတာ အဲ့ေတာ့ကြၽန္ေတာ္ထင္လိုက္တာက အမ်ားေ႐ွ႕မွာလည္း မသိတဲ့လူေတြလိုေနျပရမယ္လို႔ ထင္လိုက္တာေပါ့ ''

က်န္းေမာ့ခ်န္ အကူအညီမဲ့စြာ ေျပာလာသည္။

''ကိုယ္တို႔လက္ထပ္ထားတယ္ဆိုတာကို က်ိန္းေသေပါက္ လူသိ႐ွင္ၾကားျဖစ္လို႔မရဘူး ဒါေပမဲ့ တခ်ိန္လုံး သူစိမ္းေတြလိုေနရမယ္လို႔လည္း မဆိုလိုဘူး နားလည္လား ''

''ကြၽန္ေတာ္ အခု နားလည္သြားပါၿပီ ''

တစ္ေန႔လုံး ႐ုပ္႐ွင္႐ိုက္ထားရတာေၾကာင့္ က်န္းေမာ့ခ်န္မွာ အေတာ္ေလးႏုံးေနၿပီျဖစ္သည္။ သူအက်ႌၾကယ္သီးမ်ားကိုျဖဳတ္ရင္း

''မင္းေရအရင္ခ်ိဳးမလား ကိုယ္အရင္ခ်ိဳးရမလား ''

''ဒီေန႔ေရာ ကြၽန္ေတာ္တို႔က အတူတူအိပ္ၾကဦးမွာလား ''

''မဟုတ္ရင္? မင္းကို ဘာလို႔ကိုယ့္အခန္းထဲေခၚရမွာလဲ ''

''အဲ့ေတာ့ ကြၽန္ေတာ္႕ဖုန္းကို ျပန္ေပးဖို႔ ေခၚတာမဟုတ္ဘူးေပါ့ ''

ထိုအခ်ိန္က်မွ ယန္းခ်င္းခ်ီဖုန္းက သူ႕ဆီမွာဆိုတာကို သတိရမိသြားၿပီး

''မင္းေျပာမွပဲ ကိုယ္ မင္းကို စကားေျပာခြင့္မေပးထားဘူးမလား ''

ယန္းခ်င္းခ်ီမွာ ထိုအလွည့္အေျပာင္းေၾကာင့္ ေျပာစရာမဲ့သြားကာ

''ခင္ဗ်ား__ ''

သူ ဘာမွျပန္မေခ်ပရေသးခင္ က်န္းေမာ့ခ်န္က ပါးစပ္ကိုလက္ညိႇဳးထိုးျပလာကာ တစ္လုံးခ်င္းစီေျပာလာသည္။

''ေျပာ ခြင့္ မ ျပဳ ဘူး ''

ကံၾကမၼာကို လက္ခံလိုက္ရသည့္ ယန္းခ်င္းခ်ီမွာ က်န္းေမာ့ခ်န္ကို လက္ခလယ္ေထာင္ျပလိုက္ၿပီး စိတ္ဆိုးမာန္ဆိုးျဖင့္ ေရခ်ိဳးခန္းထဲဝင္သြားခဲ့သည္။

က်န္းေမာ့ခ်န္မွာေတာ့ ထိုေကာင္ေလး၏ တုံ႔ျပန္မႈမ်ားကို ၾကည့္ရင္း က်ိတ္ရယ္ေနေလသည္။ သူ ယန္းခ်င္းခ်ီ၏ ဖုန္းကို အိတ္ကပ္ထဲကေနထုတ္ရင္း မထင္မွတ္ထားပဲ ယန္းခ်င္းခ်ီ၏ wallpaper ကိုေတြ႕လိုက္ရသည္။ ႐ႈခင္းပုံႀကီးပင္။ 'တကယ္ကိုအျမင္မ႐ွိတာပဲ' ဟုေတြးလိုက္ၿပီး ဖုန္းကို အိပ္ယာေပၚ ပစ္တင္လိုက္ေလသည္။

ယန္းခ်င္းခ်ီ အခ်ိန္ၾကာၾကာေလး ေရခ်ိဳးေနလိုက္ကာ ေရခ်ိဳးဝတ္႐ုံေလးျဖင့္ျပန္ထြက္လာခဲ့​သည္။ သူဆံပင္ေျခာက္ေအာင္သုတ္ေနရင္း က်န္းေမာ့ခ်န္ကိုလည္း ေရဝင္ခ်ိဳးလို႔ရၿပီျဖစ္ေၾကာင္း အခ်က္ျပလိုက္သည္။

''အိပ္ယာေပၚမွာ မင္းဖုန္း ''

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပသည္။

သူ အိပ္ယာေပၚဖြဖြတက္သြားကာ ဖုန္းကိုယူၿပီး ေလာ့ခ္ဖြင့္လိုက္သည္။ အေရးတႀကီးပို႔ထားသည့္ messageမ်ားမ႐ွိေသာ္လည္း မိသားစု group chatကေတာ့ ထုံးစံအတိုင္း စာအျပည့္ပင္။ ယန္းခ်င္းခ်ီ replyျပန္ေနလိုက္သည္။

က်န္းေမာ့ခ်န္ ေရခ်ိဳးခန္းကေန ထြက္လာတဲ့အခါ ေစာင္ေလးထဲဝင္ၿပီး ဖုန္းသုံးေနသည့္ ယန္းခ်င္းခ်ီကိုေတြ႕လိုက္ရသည္။ သူ ေဘးတြင္ဝင္လွဲလိုက္ကာ တဖက္လူ၏ဖုန္းကို ေခ်ာင္းၾကည့္လိုက္ေတာ့ ယန္းခ်င္းခ်ီက Weiboမွာ postတင္ေနသည္ပင္။

''ဒီအခ်ိန္ႀကီးက်မွ weibo မွာ postတင္ေနတာလား ''

''weiboမွာ အခ်ိန္ယူၿပီး postတင္ေပးဖို႔ ေမက်ဲက သတိလွမ္းလွမ္းေပးတယ္ ဒါေပမဲ့ ကြၽန္ေတာ္က အၿမဲေမ့ေနတာ ႐ုပ္႐ွင္စ႐ိုက္တဲ့ေန႔တုန္းက တစ္ခုတင္လိုက္တာကလြဲၿပီး ဘာမွမတင္ျဖစ္ေတာ့ဘူး ''

''မင္း post မတင္ခ်င္တာတို႔ မတင္တတ္တို႔ျဖစ္ရင္ ေဟာေဖးကို မင္း accountေပးထားလိုက္ေလ သူဆက္လုပ္လိမ့္မယ္ ''

''ေ႐ွာင္ေဖးက အဲ့လိုလုပ္ေပးမယ္လို႔ေျပာပါတယ္ ကြၽန္ေတာ္က ကြၽန္ေတာ္႕accထဲ တျခားလူေတြ postေလွ်ာက္တင္တာ မႀကိဳက္လို႔ ၿပီးေတာ့ အခုက နာမည္ႀကီးေသးတာမွမဟုတ္တာ နာမည္ႀကီးလာရင္ေတာ့ တမ်ိဳးေပါ့ ''

''အဲ့လိုလည္း အဆင္ေျပပါတယ္ ဒါေပမဲ့ နာမည္ႀကီးလာမွ အခုတင္လိုက္တဲ့ postေတြက အရိပ္မည္းႀကီးေတြ ျဖစ္မလာေစနဲ႔ဦး ''

''မပူပါနဲ႔ ကြၽန္ေတာ္ေကာင္းေကာင္းသိပါတယ္ ''

ယန္းခ်င္းခ်ီ ျပဳံးရင္းေျပာလာသည္။

က်န္းေမာ့ခ်န္ သူ႕ကိုၾကည့္လိုက္ကာ

''မင္းပါးစပ္ထဲကဘာလဲ ''

''သၾကားလုံးေလ ''

''ဒီေလာက္ ညနက္ေနၿပီ ကိုယ္တို႔ခဏေနအိပ္ေတာ့မွာကို မင္းကသၾကားလုံးစားေနတာလား ''

''ေနာက္မွ သြားျပန္တိုက္လိုက္မယ္ ''

''သၾကားလုံးက ဘယ္ကရတာလဲ ''

က်န္းေမာ့ခ်န္ သိခ်င္စိတ္ျဖင့္ ေမးလာသည္။

''ခင္ဗ်ား စားပြဲေပၚတင္ထားတာ ေတြ႕လို႔ ''

ယန္းခ်င္းခ်ီက စားပြဲေပၚကသၾကားလုံး အစုေလးကို ေမးေငါ့ျပလိုက္သည္။

''ေန႔လည္က ကြၽန္ေတာ္႕ကိုေပးတာေတြနဲ႔ အတူတူပဲ ''

က်န္းေမာ့ခ်န္ ေခါင္းၿငိမ့္ျပလာကာ

''အရသာ႐ွိလား ''

''ခင္ဗ်ား တစ္ခါမွမစားဖူးဘူးလား ''

''အဲ့သၾကားလုံးေတြက ဇာတ္လမ္းအတြက္ ဇာတ္ဝင္ခန္းအသုံးအေဆာင္အေနနဲ႔ သုံးဖို႔ဝယ္ထားတာေတြေလ ေဟာ့ယြီက သူ႕ေကာင္မေလးကို အဲ့တာေလးေတြေပးၿပီး ေခ်ာ့ေနၾက ကိုယ္က သၾကားလုံးစားေနက်မဟုတ္ေတာ့ တခါမွမျမည္းၾကည့္ဖူးဘူး ''

ယန္းခ်င္းခ်ီ ဖုန္းသုံးေနတာကိုရပ္လိုက္ကာ သူ႕ကိုလွည့္ၾကည့္လာၿပီး

''ဘာအရသာလဲသိခ်င္လား ''

''ဒီတိုင္း စပ္စုၾကည့္႐ုံပဲ ''

ထို႔ေနာက္ ယန္းခ်င္းခ်ီက က်န္းေမာ့ခ်န္ကို အျပဳံးႀကီးႀကီးေပးလာသည္။ သူ ထိုထူးဆန္းသည့္အျပဳံးႀကီးအား ဘာမွမတုံ႔ျပန္ရေသးခင္ ယန္းခ်င္းခ်ီမွာ လက္ထဲကဖုန္းကို ပစ္ခ်ပစ္လိုက္ၿပီး သူ႕ကိုမွီတြယ္ရင္း သူ႕ႏႈတ္ခမ္းေပၚ အနမ္းတစ္ခုေႁခြခ်လာသည္။

ယန္းခ်င္းခ်ီက ႏႈတ္ခမ္းႏွစ္စုံကို ႐ိုး႐ိုး႐ွင္း႐ွင္းေလးသာ ဖိကပ္ထားျခင္းျဖစ္သည္။ သို႔ေသာ္ က်န္းေမာ့ခ်န္မွာ အနမ္းကိုဦးမေဆာင္ပဲ ဘာမွဆက္မလုပ္တာေတြေတာ့ သူျပန္ခြာဖို႔ျပင္လိုက္သည္။ သူ႕ႏႈတ္ခမ္းဖူးေလးမ်ားက က်န္းေမာ့ခ်န္၏ ႏႈတ္ခမ္းပါးမ်ားႏွင့္ ခြာလိုက္႐ုံ႐ွိေသး ထိုလူမွာ ႐ုတ္ခ်ည္းပင္ သူ႕ေခါင္းေနာက္ကိုဖိကိုင္လိုက္ကာ ျပင္းျပစြာ နမ္းလာသည္။

ထိုရမၼက္ဆန္သည့္အနမ္းေၾကာင့္ ယန္းခ်င္းခ်ီမွာ ထိတ္လန္႔သြားသျဖင့္ မ်က္လုံးေလးေပကလပ္ေပကလပ္ျဖင့္ က်န္းေမာ့ခ်န္ကိုၾကည့္ေနသည္။ တဖက္ေယာက်္ားမွာ နမ္းေနရင္း သူ႕ကိုသတိေပးရန္မေမ့။

''မ်က္လုံးကိုမွိတ္ထား ''

ယန္းခ်င္းခ်ီလည္း နာနာခံခံေလး မ်က္လုံးမ်ားကို ျပန္မွိတ္ထားလိုက္ကာ အာခံတြင္းထဲ တိုးဝင္လာသည့္ က်န္းေမာ့ခ်န္လွ်ာကို ျပန္တုံ႔ျပန္ေနလိုက္သည္။ ယန္းခ်င္းခ်ီမွာ သူတို႔လက္တြဲစဥ္တစ္ေလွ်ာက္လုံး ထိုကဲ့သို႔ျပင္းျပင္းျပျပ မနမ္းဖူးသည္ကို စဥ္းစားမိလိုက္ေတာ့ အေၾကာင္းအရင္းမ႐ွိ ရယ္ခ်င္လာသည္။ သို႔ေသာ္ သူ မရယ္ခဲ့ပါ။ အဲ့အစား က်န္းေမာ့ခ်န္ကိုသာ အလိုက္သင့္ေလးျပန္နမ္းေပးေနလိုက္ကာ တဖက္လူ၏ပါးစပ္ထဲ သၾကားလုံးေလးထည့္ေပးလိုက္သည္။

''ဘယ္လိုလဲ အရသာ႐ွိလား ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီ၏ ေခါင္းေနာက္ဖက္ကို ဆုပ္ကိုင္ထားသည့္လက္အား ဖယ္လိုက္ကာ ပါးစပ္ထဲက သၾကားလုံးကို တဂြၽတ္ဂြၽတ္ဝါးလိုက္သည္။

''မ႐ွိဘူး ''

ယန္းခ်င္းခ်ီ ႏႈတ္ခမ္းမဲ့လိုက္ကာ ဟြန္႔ခနဲလုပ္ၿပီး တဖက္လူကိုလ်စ္လ်ဴ႐ႈလိုက္ေတာ့သည္။ ထိုေကာင္ေလး သူ႕ကို ေနာက္ေက်ာေပးၿပီး ေဒါသတႀကီး လွည့္သြားတာကိုေတြ႕ေတာ့ ခါးေလးကိုျပန္ဆြဲဖက္လိုက္ကာ

''ကိုယ္တို႔ ဒီညမလုပ္ဘူးလား ''

''လုံးဝပဲ 'တ-ဏွာ-ကင္း-တဲ့-ဆက္-ဆံ-ေရး' ဒီညပဲ မလုပ္မွာ မဟုတ္ဘူးေနာ္ ေနာက္ညေတြလည္းမလုပ္ဘူး အာကီနာေတာင္တက္လမ္းေၾကာင္း ပိတ္လိုက္ၿပီလို႔ ေန႔လည္ကေျပာတယ္ေလ မမွတ္မိဘူးလား ''

က်န္းေမာ့ခ်န္က သေဘာက်သလို ေခါင္းၿငိမ့္ျပလာကာ

''ဟုတ္တယ္ ကိုယ္ေမ့သြားတာ မင္းကို စကားေျပာခြင့္မေပးထားဘူးဆိုတာကိုလည္း ေမ့သြားတယ္ ကိုယ့္မွာပဲ ေျပာပိုင္ခြင့္႐ွိတာ အဲ့ေတာ့ ပါးစပ္ပိတ္ၿပီး ကိုယ္ေျပာတာနားေထာင္ ''

ယန္းခ်င္းခ်ီ ႏွာေခါင္း႐ႈံ႕လိုက္ကာ က်န္းေမာ့ခ်န္ေ႐ွ႕ သူ႕ဖုန္းကိုေထာင္ျပလာသည္။

''႐ုပ္႐ွင္ဧကရာဇ္ႀကီးက်န္းေရ မ်က္လုံးကိုျပဴးၿပီးေတာ့ အခ်ိန္ေလးလည္း ေသခ်ာၾကည့္လိုက္ဦး 12ေက်ာ္သြားၿပီ၊ ဆိုလိုခ်င္တာက တစ္ရက္ျပည့္သြားၿပီ ခင္ဗ်ားေတာင္းဆိုမႈႀကီးက အရာမဝင္ေတာ့ဘူး တကယ္လို႔ ကြၽန္ေတာ္႕ကို နာနာခံခံေလး ပါးစပ္ပိတ္ထားေစခ်င္တယ္ဆိုရင္ ေနာက္ထပ္အခြင့္အေရးေတြ ထပ္ေစာင့္လိုက္တာ ပိုေကာင္းမယ္ ''

က်န္းေမာ့ခ်န္ကလည္း ဖုန္းေပၚကအခ်ိန္ကိုၾကည့္ကာ ျပန္ျငင္းလာသည္။

''သန္းေခါင္ေရာက္တာနဲ႔ တရားမဝင္ေတာ့ပါဘူးလို႔ မင္းကို ဘယ္သူေျပာလဲ ''

''မဟုတ္ရင္? ခင္ဗ်ားက အဲ့ဒီႏွိပ္စက္နည္းႀကီးကို ကြၽန္ေတာ္႕အေပၚတစ္သက္လုံး သုံးခ်င္ေနတာလား တစ္ခုပဲေ႐ြး : အဲ့ဒါက ဒီည 12နာရီမွာ တရားမဝင္ေတာ့ဘူး ဒါမွမဟုတ္ ေနာက္တခါက် အဲ့လိုကေလးကလားဆန္တဲ့ အျပဳအမူေတြလုပ္လာရင္ အတူလိုက္ၿပီး သ႐ုပ္မေဆာင္ေပးေတာ့ဘူး ''

က်န္းေမာ့ခ်န္ ဘာျပန္ေျပာရမလဲပင္ မသိေတာ့။ ယန္းခ်င္းခ်ီလွ်ာေစာင္းထက္မွန္းသိေသာ္လည္း ၾကဳံေတြ႕လိုက္ရတိုင္း အၿမဲဆြံ႕အက်န္ေနခဲ့သူမွာ သူသာျဖစ္သည္။

''ဘာလို႔ထပ္မစဥ္းစားေတာ့တာလဲ ကိုယ့္ဆီက အကူအညီေတြလိုေသးတယ္မလား ''

က်န္းေမာ့ခ်န္က ၾကင္ၾကင္နာနာေလး သတိေပးလာသည္။

ယန္းခ်င္းခ်ီကလည္း ေခါင္းေလးခါရင္း ျမဴးထူးစြာျပန္ေျပာလာသည္။

''စိတ္မေကာင္းစရာပဲ မ လို ဘူး ''

''မင္းနဲ႔ အတူတူအစမ္းေလ့က်င့္ေပးတယ္ သ႐ုပ္ေဆာင္နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြလည္း မွ်ေဝေပးတယ္ စုံတြဲေတြလုပ္သင့္လုပ္ထိုက္တဲ့အရာေတြလည္း ျဖည့္ဆည္းေပးတယ္ ____ မင္းတကယ္ အဲ့ဒါေတြထပ္မလိုေတာ့ဘူးေပါ့? ''

''ရတယ္ တကယ္လို႔လိုအပ္လာရင္လည္း ကြၽန္ေတာ္ ဆုႏြမ္ကိုပဲ သြား႐ွာလိုက္မယ္ ''

''မင္းအခု ဘာေျပာလိုက္တယ္? ''

က်န္းေမာ့ခ်န္မွာ သူ႕နားသူပင္မယုံခ်င္ေတာ့

''မင္းက ကိုယ့္ကိုလာမ႐ွာဘူး အဲ့အစား ဆုႏြမ္ကိုအကူအညီသြားေတာင္းမယ္? သူ႕(မ)ဟာနဲ႔သူေတာင္ ျပႆနာတစ္သိန္းနဲ႔ မနည္းတိုးတက္ေအာင္ ႀကိဳးစားေနရတာကို မင္းက သူ(မ)ကို သြား႐ွာမယ္? ''

''အင္းေလ ''

''ေနာက္တေခါက္ ထပ္ေျပာၾကည့္လိုက္စမ္း ''

ယန္းခ်င္းခ်ီမွာ မေနႏိုင္ေတာ့သျဖင့္ ေအာ္ရယ္မိေတာ့သည္။

ထိုရယ္သံက က်န္းေမာ့ခ်န္၏ေဒါသမ်ားကို ေလာင္စာထည့္ေပးလိုက္သလိုပင္။ သူ မ်က္စိေ႐ွ႕က ေကာင္ေလးကို ဘယ္လိုလုပ္ပစ္ရမွန္းေတာင္ မသိေတာ့ေပ။

''ကိုယ္ ေနာက္တေခါက္ ထပ္ေမးမယ္ မင္း ဘယ္သူ႕ကိုသြား႐ွာမွာလဲ ''

''ခင္ဗ်ား၊ က်ိန္းေသေပါက္ ခင္ဗ်ားကို႐ွာမွာ ''

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္လည္ပင္းကို သိုင္းဖက္လိုက္ကာ

''ခင္ဗ်ားက ဒီေလာက္ခန္႔ ဒီေလာက္ေခ်ာတာ သ႐ုပ္ေဆာင္လည္းအရမ္းေတာ္ၿပီး ကြၽန္ေတာ္႕ကိုျပန္သင္ေပးတဲ့ေနရာမွာလည္း လုံးဝဟိုက္ပါပဲ ကြၽန္ေတာ္က ခင္ဗ်ားကိုမ႐ွာလို႔ ဘယ္သူ႕ကို႐ွာရမွာလဲ ''

''အဲ့လိုလုပ္စမ္းပါ ''

က်န္းေမာ့ခ်န္ ထိုသို႔ေျပာရင္း သူတို႔ ခုနကေျပာေနသည့္ အေၾကာင္းအရာမွာ အခုအေၾကာင္းအရာမဟုတ္ေၾကာင္းကို သတိထားမိသြားသည္။ ယန္းခ်င္းခ်ီ၏ စကားလမ္းေၾကာင္း လိုသလိုလႊဲႏိုင္သည့္ စေကးလ္ႀကီးကို ျမင္ေတြ႕လိုက္ရေတာ့ သူ အကူအညီမဲ့စြာျဖင့္

''လႊတ္ ''

ယန္းခ်င္းခ်ီက သူ႕ကိုခ်က္ခ်င္းလႊတ္ေပးလာကာ အျပစ္ကင္းစင္သည့္ မ်က္လုံးေလးမ်ားျဖင့္ ဟန္ေဆာင္ပန္ေဆာင္ၾကည့္လာသည္။

''မင္းက တကယ့္ကို... ''

က်န္းေမာ့ခ်န္ ခဏရပ္လိုက္ကာ ယန္းခ်င္းခ်ီ၏ပင္ကိုယ္သဘာဝကို ေဖာ္ျပဖို႔သင့္ေတာ္မည့္ စကားလုံးမ်ားအား႐ွာေဖြေနလိုက္သည္။

''ဉာဏ္မ်ားၿပီး လွည့္ျဖားတတ္တယ္ ''

ယန္းခ်င္းခ်ီမွာ တဖက္လူ၏အသုံးအႏႈန္းကို သေဘာက်သလို က်ိတ္ရယ္လိုက္ကာ

''ဉာဏ္မ်ားၿပီး လွည့္ျဖားတတ္တယ္ဆိုတာ  ဘာေျပာမွန္း ခင္ဗ်ားသိေရာသိရဲ႕လား ''

က်န္းေမာ့ခ်န္က မ်က္ခုံးတစ္ဖက္ပင့္တင္လိုက္သည္။

''ဟုတ္ၿပီ ခင္ဗ်ားက အဲ့လိုဆိုမွေတာ့ ကြၽန္ေတာ္လည္း ခင္ဗ်ားအတိုင္းလိုက္လုပ္ရမယ္ ေနာက္တခါ ကြၽန္ေတာ္႕ကို ေက်းဇူးတင္ခ်င္ရင္ 'ဟုတ္ၿပီ ဟုတ္ၿပီ ဟုတ္ၿပီ မင္းကအေတာ္ဆုံးပဲ မင္းကအေတာ္ဆုံးပဲ မင္းကအေတာ္ဆုံးပဲ အခ်စ္ကေလးေရ မင္းဘာေျပာေျပာ အကုန္မွန္တယ္' လို႔ ကြၽန္ေတာ္ဘာေျပာေျပာ အဲ့လို ျပန္ေျဖရမယ္ ''

''လက္ေလွ်ာ့လိုက္ေတာ့ '' က်န္းေမာ့ခ်န္က သူ၏ စိတ္ကူးယဥ္ပူစီေဖာင္းေလးမ်ားကို အပ္ျဖင့္ထိုးေဖာက္လိုက္သည္။

''အဲ့လိုေန႔မ်ိဳး႐ွိလာမွာမဟုတ္ဘူး ''

''အိုး ခင္ဗ်ားအဲ့လို တသမတ္တည္းႀကီး မေျပာရဘူးေလ ဘယ္သူသိႏိုင္မွာလဲ ေနာက္ႏွစ္ရက္ေလာက္ၾကာရင္ ခင္ဗ်ား ကြၽန္ေတာ္႕ရဲ႕အကူအညီ လိုလာႏိုင္တာပဲ ''
က်န္းေမာ့ခ်န္က ေလွာင္ရယ္လိုက္ကာ

''အဲ့လိုေန႔႐ွိလာမွာမဟုတ္ဘူး ''

''ေစာင့္ၾကည့္ေနလိုက္ '' ယန္းခ်င္းခ်ီက ယုံၾကည္ခ်က္အျပည့္ျဖင့္ ''အဲ့ေန႔ေရာက္လာရင္ ကြၽန္ေတာ္ ဘာေျပာေျပာ နားေထာင္ဖို႔သာျပင္ထားလိုက္ ''

က်န္းေမာ့ခ်န္ အဓိပၸါယ္မ႐ွိတာကို ယန္းခ်င္းခ်ီႏွင့္အတူတူၿပိဳင္မျငင္းခ်င္ေတာ့တာေၾကာင့္ တျခားလူကို အိပ္ယာေပၚ ျပန္ဖိခ်လိုက္ကာ

''အိပ္ေတာ့ အိမ္မက္မက္လိုက္တာ ပိုျမန္မယ္ ''

ယန္းခ်င္းခ်ီမွာ ဟြန္႔ခနဲလုပ္လိုက္ကာ တျခားတဖက္ကိုလွိမ့္သြားၿပီး ေစာင္ကိုေကာက္ျခဳံလိုက္သည္။

''သြား ျပန္တိုက္ ''

ထိုပုံစံနဲ႔ အိပ္ေပ်ာ္ေတာ့မွာကို ျမင္ေယာင္ေနတာေၾကာင့္ က်န္းေမာ့ခ်န္သတိမေပးပဲမေနႏိုင္ခဲ့။

ယန္းခ်င္းခ်ီကလည္း ထဖို႔အရမ္းပ်င္းေနၿပီျဖစ္တာေၾကာင့္

''တစ္ညတည္းပဲဟာ ျမန္ျမန္ႀကီး သြားပိုးစားသြားမွာမွမဟုတ္တာ ''

''မင္း ခုနက ဘာေျပာထားလဲ မင္းမွတ္မိလား* ''

(T/N: မအိပ္ခင္သြားျပန္တိုက္မယ္လို႔ ေျပာထားတာပါ)

''ေၾသာ~~ ျပန္႐ုတ္သိမ္းလိုက္ၿပီ ''

''မင္း ကေလးလား? ေျပာၿပီးသားစကား ျပန္႐ုတ္သိမ္းခ်င္တိုင္း ျပန္႐ုတ္သိမ္းရေအာင္ ''

''အင္း ဒယ္ဒီက်န္း '' ယန္းခ်င္းခ်ီမွာ မ်က္လုံးေလးေပကလပ္ေပကလပ္ျဖင့္ ''သားက အခုမွကေလးပဲ႐ွိေသးတာ ''

စိတ္ေရာကိုယ္ပါ ပင္ပန္းသြားေသာ ဒယ္ဒီက်န္း : .........

က်န္းေမာ့ခ်န္ စိတ္ပ်က္လက္ပ်က္ျဖင့္ မ်က္ႏွာကို လက္ျဖင့္သပ္ခ်လိုက္ကာ အိပ္ယာထဲက ယန္းခ်င္းခ်ီကို ဆြဲထူလိုက္ၿပီး

''လာ ဒီဒယ္ဒီက သြားျပန္တိုက္ဖို႔ အေဖာ္လိုက္ေပးမယ္ ''

*****

က်န္းေမာ့ခ်န္၏ သင္ခန္းစာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ က်ိစစ္႐ွင္း ယန္းခ်င္းခ်ီႏွင့္ ေနာက္တေခါက္ထပ္႐ိုက္သည့္အခါ ထိုလူက ပုံမွန္အတိုင္း ျပန္ျဖစ္သြားေလသည္။ သူ႕အေပၚ ခက္ခဲေအာင္မလုပ္ေတာ့တာေၾကာင့္ မုန္႔ေလာ့ဇာတ္ေကာင္ထဲ အျမန္စိတ္ႏွစ္သြင္းႏိုင္သည္။ မုန္႔ေလာ့မွာ က်ိဳးဖန္ကို လိမၼာပါးနပ္စြာ စကားေျပာရင္း အျခားလူမ်ားကို သတ္ပစ္ႏိုင္ရန္ လမ္းေၾကာင္းေပးေနသည္။

ထိုအခန္း႐ိုက္ၿပီးသြားသည့္အခါ ယန္းခ်င္းခ်ီ အျပင္မွာ႐ိုက္ရမည့္အခန္းမ်ားမွာ ၿပီးသေလာက္နီးပါး႐ွိသြားၿပီျဖစ္သည္။ မုန္႔ေလာ့ဇာတ္ေကာင္အတြက္ ႐ိုက္ရမည့္ အခန္းသိပ္မ႐ွိသလို အမ်ားစုကလည္း သူ႕အိမ္တြင္းမွာသာ ျဖစ္တာေၾကာင့္ အျပင္မွာ႐ိုက္ရသည့္အခန္းက႐ွားသည္။ သို႔ေသာ္ က်န္းေမာ့ခ်န္ႏွင့္ အျခားသ႐ုပ္ေဆာင္ေတြကေတာ့ အျပင္မွာ႐ိုက္ရမည့္အခန္းမ်ားတာေၾကာင့္ ယန္းခ်င္းခ်ီ သူလုပ္ေနက်အတိုင္း ခုံေလးေပၚမွာထိုင္ကာ သူတို႔သ႐ုပ္ေဆာင္ပုံမ်ား ဒါ႐ိုက္တာေျပာေသာစကားမ်ားကို လိုက္မွတ္ေနလိုက္သည္။

<< လမ္းမွားျခင္း >>႐ုပ္႐ွင္႐ိုက္ေနသည့္ ၈ရက္ေျမာက္ေန႔တြင္ မဖိတ္ေခၚထားေသာ ဧည့္သည့္တစ္ေယာက္ ႐ိုက္ကြင္းကိုေရာက္လာခဲ့သည္။ တက္ႂကြသည့္ေျခလွမ္းမ်ားႏွင့္ ႐ိုက္ကြင္းထဲဝင္လာေသာ ေလ်ာင္စစ္ေပၚကိုၾကည့္ကာ ယန္းခ်င္းခ်ီအံ့ၾသသြားေလသည္။

သူက ဘာလို႔ ဒီကို ႐ုတ္တရက္ႀကီး ေရာက္လာတာလဲ။

ေလ်ာင္စစ္ေပၚကလည္း ယန္းခ်င္းခ်ီကို မျမင္ပါ။ သူက အနားယူေနသည့္ က်န္းေမာ့ခ်န္ဆီကိုသာ တန္းတန္းမတ္မတ္ ေလွ်ာက္သြားလိုက္သည္။ ႐ုတ္တရက္ႀကီး နာမည္အေခၚခံလိုက္ရတာေၾကာင့္ က်န္းေမာ့ခ်န္ မ်က္လုံးမဖြင့္ခ်င္ပဲ ဖြင့္ၾကည့္လိုက္ရကာ ဘယ္သူမွန္းေတြ႕လိုက္ရေတာ့ ေအးစက္စက္ေလသံျဖင့္ေမးလာသည္။

''မင္းက ဒီကို ဘာလာလုပ္တာလဲ ''

____________________________________

Finally အပိုင္း (35) ၿပီးခဲ့ၿပီ။ ♪ (^∇^)ノ♪
ဒီေန႔က ဒါေလးတင္တာ တစ္လျပည့္သြားပါၿပီ။
Féli Féli!! (~‾▿‾)~ ♪

Đọc tiếp

Bạn Cũng Sẽ Thích

68.1K 2.2K 21
"မင်းလေးဘယ်ဘ၀ဘဲရောက်ရောက် ကိုယ်မင်းကိုပြန်ခေါ်မှာ!
1.3M 20.5K 28
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
1.4M 139K 129
ZawGyi~~ နာမည္ႀကီးအႏုပညာ႐ွင္ျဖစ္တဲ့Junaဟာ လိင္တူခ်စ္ႀကိဳက္သူျဖစ္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ သူ ့ရဲ ့ အဖြဲ ့ထဲကေန ႏုတ္ထြက္ေပးခဲ့ရတယ္ ၆လအၾကာမွာ 'Han JunRa...
637K 67.1K 78
Love Story From Defulo (Series-3) // Complete