𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺�...
By __NobleKhoon__
357K 16.1K 342
"မင်းရှိတဲ့အရပ်ကိုသာမျက်နှာမူချင်တဲ့သူပါ မင်းသာ မောင့်အနားကမထွက်သွားပါနဲ့ ဘာပဲပေးဆပ်ရဆပ်ရ အဆင်ပြေတယ်ဘေဘီ" 𝐌�... More
MN_[2]
MN_[3]
MN_[4]
MN-[5]
MN_[6]
MN_[7]
MN_[8]
MN_[9]
MN_[10]
Part 11 Uni/ZG
Part 12Uni/ZG
Part 13Uni/ZG
Part 14 Uni/ZG
Part 15Uni/ZG
MN_[16]
Part 16.1 Valentine's Day
Part 17 Uni/ZG
Part 18 Uni/ZG
Part 19 Uni/ZG
Part 20 Uni/ZG
Part 21 Uni/ZG
Part 22 Uni/ZG
Part 23 Uni/ZG
Part 24 Uni/ZG
Part 25 Uni/ZG
Part 26 Uni/ZG
Part 27 Uni/ZG
Attention Please ‼️
Part 28 Uni/ZG
Part 29 Uni/ZG
Part 30 Final
Extra _ 1
Extra _ 2
New Fic Introduction
Extra_3
Extra _{4}
MN_[1]
45K 1.1K 13
By __NobleKhoon__
Unicode //
"ဒုန်း ခွက် "
ငေးနေရာ မီးနီလို့ကားရပ်နေခိုက် အနောက်က၀င်တိုက်လာသည့် ကား​ကြောင့် နဖူးနာသွားတာအီစလန်ဝေသွားသည်။ ဘယ်ကောင်က ၀င်တိုက်မှန်းမသိဘူး ။ စည်းကမ်းမရှိတဲ့ဟာတွေ တောက်စ် ။
ကားပေါ်ကဆင်းပြီးကြည့်တော့ အနက်ရောင်ပြိုင်ကားတစ်စီး၊ မော်ဒယ်ကတော့တော်တော်မြင့်သည်။ ကားပေါ်ကလူလဲ မဆင်းလာ၊ သူကလဲ၀င်တိုက်သေးတယ်၊ တောင်းပန်စကားလဲ မပြော ဘယ်လိုလူတွေနဲ့လာတွေ့နေမှန်းမသိဘူး။
"ဒေါက် ဒေါက်" "ဟေ့လူ တံခါးဖွင့်စမ်း ၀င်လဲတိုက်သေးတယ် ခင်ဗျားကတောင်းလဲမတောင်းပန်ဘူး "
မိုင်းညို့ရှင် မြန်မာပြည်ရောက်ရောက်ချင်း အကူမခေါ်ပဲ ကားမောင်းထွက်တာအရှိန်လွန်ပြီး ရှေ့ကကားကို၀င်ကြုံးမိလိုက်သည်။ကိစ္စကတော့တော်တော်ကြီးမည်ထင်သည်။ ဒါပေမဲ့ no problem ပါ သူငွေပေးလိုက်ရင် အဆင်ပြေသွားမှာပါ။
သူဆင်းကြည့်မည်လုပ်ခိုက် ရှေ့ကကားကထွက်လာသည့် ကောင်လေးကြောင့် ၁မိနစ်လောက်ဆွံ့အသွားသည်။
ဆံပင်အဖြူရောင်Highlight၊ဟူဒီအဖြူရောင်နဲ့ ဂျင်းအနက်ရောင် ၀တ်ထားတဲ့ ကောင်လေးတစ်ယောက် သူထပ်အနည်းငယ် ငယ်မဲ့ပုံပင် ။ K idolsပုံစံမျိုးလေးနဲ့မို့ အခုခေတ်ကောင်မလေးတွေအကြိုက်ပင်။ အဝေးကကြည့်တာတောင်ထင်းပြီးချစ်စရာလေးဖြစ်သည်။ ကားမှန်လာခေါက်ပြီး ပွစိပွစိနဲ့ ရန်တွေ့နေတဲ့ ကလေးလေးကိုကြည့်ပြီး သူရယ်မိသည်။ ကလေးလို့သာသုံးနှုန်းလိုက်ရတာ အမှန်တော့ သူ့ထက်အလွန်ဆုံးငယ်လှ ၁လလောက်ပင်။ ဖြူ၀င်းတဲ့အသားရေနဲ့ ထင်းနေတဲ့သွားစွယ်လေးကြောင့် တကယ်ချစ်ဖို့ကောင်းသည်။ မျက်လုံးလေးကရွန်းစိုပြီး၀ိုင်းနေတာ မိန်းကလေးတောင် သူ့လောက်လှမည်မထင်။
ငေးနေရာမှူး စိတ်ကလဲမရှည်တော့ လက်ဆစ်ကလဲနာလာပြီ။ ကားပေါ်ကလူကလဲ မဆင်းတာနဲ့ အနီးအနားက အုတ်နီခဲကိုယူပြီး ထုမယ်အလုပ် လက်ရွယ်နေစဉ်
"ဟေ့ ဟေ့ မင်းဘာလုပ်တာလဲ"
"ဟ့ ကျွန်တော် ဒီလောက်တံခါးခေါက်နေတာ ခင်ဗျားမှ ဆင်းမလာတာ သေများသေနေတာလားလို့ စိုးရိမ်ပြီး အုတ်ခဲနဲ့လဲထုပေးရဦးမယ် ကျေးဇူးမတင်ပဲ လာအော်နေတယ်"
ညို့ ရှေ့ကကောင်လေးကိုကြည့်ပြီး လက်လန်ပါသည်။ သူ့ကိုအငေးလွန်ပြီး ကားပေါ်ကမဆင်းမိတာ အုတ်နီခဲနဲ့ ထုဖို့နည်းနည်းပဲလိုတော့သည်။ဒါတောင် ညို့အမြန်ဆင်းတားလို့ မဟုတ်ရင် ကားရော လူကောရစရာရှိမှာမဟုတ်ဘူး ။
"ဒီမှာဟိတ်လူ မတ်တပ်ကြီးသေများသွားတာလား ခင်ဗျားဗျာ ၀င်လဲတိုက်သေးတယ် လာလဲပင့်ရသေးတယ် ဘယ်လိုလူလဲဗျ ခင်ဗျားကြောင့် နောက်ကျကုန်ပြီ" Fuck!!
"မင်းကားကို၀င်တိုက်မိတဲ့အတွက် Sorry ပါကွာ
ကိုယ်က အခုမှမြန်မာပြည်ရောက်တာမို့ပါ လမ်းကြောကလဲသိပ်မသိတော့ အရှိန်လွန်ပြီး ၀င်တိုက်မိတာ ကားအတွက် စိတ်မပူပါနဲ့ ကိုယ်ပြန်ပြင်ပေးပါ့မယ်"
"မပြင်လို့လဲမရဘူးလေ ပြင်ကိုပြင်ရမှာ" ငေးမဲ့ရွဲ့ပြီးပြောလိုက်တော့ ရှေ့ကလူက "ဟုတ်ပါပြီဗျာ ကိုယ်ပြင်ပေးမှာပါ'
ငွေနဲ့ရှင်းမယ်ဆိုပြီးတေးထားသမျှ ဒီငဂျစ်လေးနဲ့မှ သူ့ရာဇ၀င်တွေ ပြောင်းပြန်လှန်ကုန်ပါပြီ ။ သူကိုယ်တိုင်တောင် ဘာလုပ်မိမှန်းမသိ တကယ်ကိုအာစေးမိသွားသည်။ ပြောပြီးခါမှသတိပြန်၀င်လာသည်မို့ ကိုယ့်ကိုကိုယ်တောင် အားမရဖြစ်မိသည်။
"အခုတော့ ခင်ဗျားကဒ်ပေးထား ကျွန်တော်မအားသေးဘူး ပြင်ပြီးရင် ခင်ဗျားကို လှမ်းဆက်သွယ်လိုက်မယ်"
"အိုကေ အိုကေ ဒါကိုယ့်ကဒ်"
ငေး လဲ ပေးတာကိုယူပြီး မြန်မြန်ထွက်လာလိုက်သည်။မလစ်လို့မရ ကားပြိုင်ဖို့ချိန်းထားတာ ဟိုလူ့ကြောင့်နောက်ကျကုန်ပြီ ။ တော်သေးတယ် သူ့ပြိုင်ကားလေး ကြီးကြီးမှားမှ ဘာမှမဖြစ်သွားလို့ ဟူး ။
ညို့လဲ သူ့ရှေ့ကလောလောနဲ့ ထွက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး သူပြုံးမိသည်။ တကယ်အူယားစရာလေး စွာလိုက်တာလဲ လွန်ရော အဟင်း။ ကျစ် မင်းဘာလို့ပြုံးနေတာလဲ မိုင်းညို့ရှင်။
ကျွီ!! Mine Group ရှေ့၌ ရပ်လာသည့်အနက်ရောင်ပြိုင်ကားကြောင့် လုံခြုံရေးအစောင့်တွေ ခေါင်းကျိန်းသွားသည်။အဲ့နေရာက Ceoကလွဲလို့ တစ်ခြားသူ ရပ်လို့မရပေ။ သူတို့တော့ပြုတ်စော်နံတော့မှာကျိန်းသေနေပြီ ။
ကားပေါ်က ဆင်းလာသည့် လူငယ်လေးက အလွန်ဆုံးရှိလှ ၂၀လောက်ပင်။ အညိုရောင်သန်းနေတဲ့မွေးရာပါဆံပင် all blackနဲ့ အသားကဖြူ၀င်း ဘော်ဒီတောင့်တောင့် အရပ်ကမြန်မာနိုင်ငံကမော်ဒယ်တွေတောင် အရှုံးပေးရလောက်အောင် မြင့်သည်။ ဒါလဲ သူ့ကိစ္စမဟုတ်တာကြောင့် ကားကိုရွေ့ပေးဖို့ရာ အလျင်အမြန်သွားပြောရမည်။
"ဒီမှာ ကားရပ်လို့မရဘူးအကိုလေး Ceoရောက်ရင်ရပ်မှာမို့ ကျွန်တော့ကို အခက်တွေ့အောင်မလုပ်ပါနဲ့ဗျာ"
"အင့် ခင်ဗျား အဆူမခံစေရဘူး စိတ်ချ"
အစောင့်လူကြီးလဲ ကားသေ့ာကိုင်ပြီး သက်ပြင်းချလျှက်ကျန်ခဲ့တယ်။ Ceoကဒီနေ့လာမယ်ပြောထားတာ ဒီကားကြီးက ပိတ်နေရင် ငါတော့အလုပ်ပြုတ်တော့မှာပဲ။ စိတ်ရှုပ်လိုက်တာ ဘယ်လိုလုပ်ရမလဲဆိုပြီး ခေါင်းကုတ်ရင်းသာ ကျန်ခဲ့တော့သည်။ ဒီအကိုလေး မြန်မြန်ပြန်လာပါစေသာဆုတောင်းရတော့မည်။
အစည်းအဝေးခန်းထဲ၌ 09:00am
"Ceoကမလာသေးဘူးလား "
"ဘာလို့နောက်ကျနေတာလဲ သူ့အတွင်းရေးမှူးပဲရောက်လာသေးတယ်"
"ဘာလို့နောက်ကျနေရတာလဲ"!!
တစ်ယောက်တစ်ပေါက်နဲ့ပြောနေကြစဥ် အခန်းတံခါးမကြီး ပွင့်လာလို့ ကြည့်လိုက်တော့ ကောင်လေးတစ်ယောက် ၀င်လာသည်။ ဘယ်သူ့သားသမီးမို့ ဒီလောက်ရဲတင်းနေတာလဲ ‌ဘယ်သူ့သားလဲဆိုပြီး ဝေ့ဝိုက်ကြည့်လိုက်ပင်မဲ့ ဒီထဲမှာ သူ့မိဘတွေပါပုံမရပေ။
"ကျွန်တော် နောက်မကျဘူးလို့တော့ထင်တယ် ၉နာရီကွက်တိပဲနော် ကျွန်တော်က မိုင်းညို့ရှင်ခင်ဗျားတို့ရဲ့ Ceo ကဲ အစည်းဝေးစလို့ရပြီ"
ရှယ်ယာရှင်တွေလဲ Ceoကဒီလောက်ငယ်မယ်မထင်ထားကြပေ။ China မှာနာမည်ကြီးနေတဲ့စီးပွားရေး လုပ်ငန်းရှင်က အသက်ကြီးပိုင်းထဲကပဲ ထင်ထားကြတာပင်။ တော်သေးသည်။ ခုဏက လုံခြုံရေးနဲ့ဆွဲမထုတ်ခိုင်းမိလို့။ CEOက ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း သူတို့သတင်းတွေကြားထားသည်။
>>>>>>>>>>
"ဟျောင့် ငေးနေရာ မင်းကလဲကွာ ကြာလိုက်တာ"
"ကြာဆို လမ်းမှာAccidentဖြစ်နေလို့ကွာ ငါအချိန်မှီရောက်တာပဲ အေးဆေးပေါ့"
"အေ့ပါကွာ လာ "
"ဟ့ သခင်မလေးက စောင့်လိုက်ရတာကွာ ကိုယ်က ကြောက်ပြီး မလာတော့ဘူးတောင်ထင်လိုက်တာ"
"မင်းလို ငကြောက်မဟုတ်ဘူး ထူးရှားမြတ် နောက်ပြီး နောက်တစ်ခေါက်သခင်မလေးလို့ ထပ်ခေါ်ရင် မင်းစောက်ခွက် စုတ်ပြီဆိုတာတော့ သေချာတယ် "
" ကြည့်ကြသေးတာ သခင်မလေးရယ် အိုး ဆောရီး ငေးနေရာမှူး ပြောတာ" ဟဟ.!
"စောက်ကြောက် ငါ့ကိုပဲနိုင်မလား ငါကပဲနိုင်မလားကြည့်ရသေးတာပေါ့ အလကားအာလာချောင်နေတာ"
တစ်နာရီအကြာ..
"တောက်စ် တွေ့ကြသေးတာပေါ့ကွာ" ထူးရှားမြတ် စိတ်တိုပြီး ကားbodyကိုကန်တာ ဘေးကလူတောင်တုန်သည်။ မတုန်တာက ငေးနေရာမှူးဆိုတဲ့ ဆံဖြူကောင်နဲ့ သူ့သူငယ်ချင်း၊ ခနဲ့ပြုံးနဲ့တောင် ကြည့်နေလိုက်သေးသည်။
"မင်းဘယ်လောက်ရှုံးရှုံးမမှတ်ဘူးနော် အမြဲတမ်း ငါ့ကိုလိုက်ပြိုင်နေတာပဲ မင်းကိုကြည့်ပြီးသနားလိုက်တာကွာ ကျွတ် ကျွတ် "
" တောက်စ် ရော့ " !
မနေ့ကမှ၀ယ်ထားတဲ့ အသစ်စက်စက်ကားလေး ပါသွားပြီ။ ကားပါသွားတာက အရေးမကြီး၊ ဒီကောင့်ကို နိုင်မယ်ဆိုပြီး ကျိန်းထားခါမှ ရှုံးသွားတော့ သူသိက္ခာကျတာပဲ အဖက်တင်လိုက်သည်။ဘယ်လောက်ပဲပြိုင်လာပြိုင်လာ သူဘယ်လောက်ပဲတိုးတက် တိုးတက် ငေးနေရာမှူးကိုဘာကြောင့်မနိုင်ရတာလဲ စိတ်ပျက်ကောင်းလိုက်တာ ။
"သွားမယ် ဟိုကောင်တွေ " ထူးရှားမြတ်နြဲသူ့အပေါင်းအပါတွေ ရှေ့ဆင့်နောက်ဆင့် ထွက်သွားကြသည်။
"ကဲ ဒါဆို ငါလဲ ဒိုးပြီမင်းခန့် ဘိုင့်"
"အိုကေ ဘိုင့်.."
အိမ်ပြန်လမ်းမှာ လမ်းမှာကားချင်းငြိခဲ့တဲ့ လူကိုပြန်တွေးမိတော့ ငေး မျက်နှာရှုံ့မိသည်။ သူ့ထက်ရှည်တဲ့ အရပ်၊ ဖြူဖွေးတဲ့အသား၊ ဘော်ဒီတောင့်တောင့်နဲ့ ဘဲကြီးက တော်တော်ကြီးကို ချောသည်။
သူ့ကားက ဘာမှကြီးကြီးမားမားတော့ မဖြစ်သွားပင်မဲ့ ဆိုင်သွားအပ်ပြီး လိုတာ ပြင်လိုက်မည်။ ကုန်ကျစရိတ်ကို မိုင်းညို့ရှင် ဆိုတဲ့ လူကိုလှမ်းပို့ပေးလိုက်သည်။
အခုကဝော့ာအိမ်ပြန်ပြီး မာမီ လုပ်ကျွေးမည့် ဟော့ပေါ့ ပြန်စားမယ်။ နေ့လည်ခင်း‌တရေးတမော အိပ်မည်။ ညကျရင်‌တော့ကလပ်တက်မယ်။ ငေးနေရာမှူးရဲ့ တစ်နေ့တာက သာယာနေရော။
"ကလင် " ရောက်လာတဲ့မက်ဆေ့ကို ကြည့်ပြီး သူပြုံးမိသည်။ ငဂျစ်လေး ကုန်ကျစရိတ်လှမ်းပို့တာပင် "ဒေါက် ဒေါက်" "၀င်လာခဲ့" !
"သခင်လေးရှာခိုင်းတဲ့ အချက်အလက်တွေရပါပြီ"
"အင်း ထားခဲ့လိုက် သွားလို့ရပြီ"
ငေးနေရာမှူး အသက် ၁၉ NY Groupရဲ့ တစ်ဦးတည်းသောသား အလိုလိုက်ခံလေးဆိုတော့ ဆိုးသည်တဲ့။ အဖေနဲ့အမေက သည်းသည်းလှုပ်အလိုလိုက်တော့ ဆိုးနေတာ မဆန်းပါလေ။
ညို့ အသက်ထက်လပိုင်းလောက်သာငယ်သည်။ ငေး မင်းကိုမောင်အပိုင်သိမ်း တော့မယ်။ လွတ်အောင် ပြေးပေါ့ကွာ အဟင်း ။
မိုင်းညို့ရှင်ကလိုချင်တာကိုရအောင်ယူသည်။ ဘာကိုမှဂရုမစိုက် ၊ဆိုးတဲ့နေရာမှာကမ်းကုန် ၊အမွေတွေလဲ အများကြီးပိုင်သည့် high boss ၊ မိုင်းညို့ရှင်ဆိုတာနဲ့ မသိတဲ့ သူမရှိ ၊ မျက်နှာသာမမြင်ဖူးကြတာ သူဆိုတာနဲ့ ပြားပြား၀ပ်ကုန်တာပင်။ ဒါပေမဲ့ လူကြီးမိဘကိုတော့ ရိုသေသည်။ ဆိုးပင်မဲ့ မရိုင်းပါ။
~~~~~~
17.12.2021
To be continued....
Zawgyi //
"ဒုန်း ခွက်စ် "
"Ceoကမလာသေးဘူးလား "
>>>>>>>>>>
"အေ့ပါကွာ လာ "
တစ်နာရီအကြာ..
" တောက်စ် ရော့ " !
"အိုကေ ဘိုင့်.."
~~~~~~
17.12.2021
To be continued....
Continue Reading
You'll Also Like
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
314K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.9M 123K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
414K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."