Arr Ah Daddy
Part 40(Uni)
"အ့.........ဗိုက်......နာတယ်
......အ့........."
ရှောင်ကျန့်တို့က ကျောင်းပြီးသွားပြီ ဖြစ်တယ်။ ဘွဲ့တော့ သွားမယူရပေ။ မွေးခါနီး ဖြစ်တာကြောင့် မသွားနိုင်ခြင်း ဖြစ်သည်။
daddy က အလုပ်မှာ။ မွေးဖို့ ၂ ပတ် လိုသေးတာကို ဗိုက်က နာလာတာကြောင့် အခန်းထဲကနေ အပြင်ထွက်ပြီး လှေကားထစ် စီသို့ ဖြေးဖြေးချင်း လျှောက်လာလိုက်တယ်။
လှေကားထစ် ထိပ်ကနေ လှမ်းမြင်လိုက်ရတာက ရီလျှို့။ သူက ဒီနေ့ အလုပ်မသွားဘူးဘဲ။ရှောင်ကျန့် လှမ်းခေါ်လိုက်သည်။
"ရီလျှို့........."
ရှောင်ကျန့် ခေါ်သံကြားတော့ ရီလျှို့ အပြေးအလွှားဘဲ အပေါ်တက်လာခဲ့တယ်။ စိုးရိမ်တကြီးနဲ့ ပုခုံးပေါ်ကနေ ကိုင်ပြီး
"ပါးပါး ဘာဖြစ်လို့လဲ"
"ဗိုက်နာ နေပြီ........ကလေးမွေးတော့မှာ နေမယ်"
"ဘာ......ဘယ်လို"
"အ့........ဆေးရုံ.....လိုက်ပို့ပေး"
"ဟုတ်.......ဟုတ်"
ရီလျှို့လဲ ဘာလုပ်ရမှန်း မသိကြောင်အ နေပြီးမှ ဆေးရုံသွားဖို့ ရှောင်ကျန့်ကို တွဲ ခေါ်တော့သည်။
"သူဋေးလေး တို့ ဘာဖြစ်တာလဲ"
ဒေါ်ကြီးကလဲ အသံကြားတော့ မီးဖိုချောင်ထဲက ထွက်ကြည့်သည်။
"ဒေါ်ကြီး ကူပါအုံး
ဗိုက်နာလာပြီတဲ့"
"အော်......အေးအေးလာပြီ"
ဒေါ်ကြီးလဲ အမြန် တက်သွားပြီး ရှောင်ကျန့်ကို ဘယ်တစ်ဘက် ညာတစ်ဘက် မပြီး လှေကားအောက်ထိ ခေါ်လာကြတယ်။
ရီလျှို့က ကားသော့ သွားယူပြီး ကားထုတ်လာကာ ရှောင်ကျန့်ကို ကားထဲ အတူ ထည့်လိုက်ကြသည်။
ကားမထွက်ခင် ရီလျှို့က ဒေါ်ကြီးကို သတိပေးလိုက်သေးသည်။
"ဒေါ်ကြီးက အိမ်မှာ နေခဲ့ပြီး အဖေ့ကို အကြောင်းကြားပေးပါအုံး ပြီးမှ လိုအပ်တာတွေ ထုတ်ပိုးပြီး လိုက်ခဲ့နော်"
"ဟုတ်ကဲ့ပါ သူဋေးလေး"
မှာစရာ ရှိတာ မှာပြီးတာနဲ့ ရီလျှို့ စက်နှိုးပြီး ကားစတင် ထွက်တော့လေသည်။
"အ့.......မြန်မြန်မောင်းလေ"
"အားးးး......"
ဒုတိယ အော်သံကတော့ ရီလျှို့ စီကပင်။ ရှောင်ကျန့်က သူ့ဆံပင်တွေ ဆွဲလိုက်ခြင်းကြောင့်။
"အ့........"
"အားးးး လွှတ်ပါအုံး ပါးပါးရယ် ကျွန်တော်တို့ အက်စီးတန့်တွေ ဖြစ်ကုန်တော့မှာဘဲ"
ကားထဲတွင် အော်သံ တစ်ဆူဆူနဲ့ နောက်ဆုံးတော့ ဆေးရုံကို ရောက်လာလေသည်။
ရီလျှို့ အလျင်အမြန်ဘဲ ကားပေါ်က ဆင်းကာ ရှောင်ကျန့်ဘက်က ကားတံခါးကို အလျင်အမြန် ဖွင့်ပေးပြီး ရှောင်ကျန့်ကို ကူပြီး အပြင်ထွက်စေသည်။
ဆရာဝန်တစ်ယောက်နဲ့ သူနာပြု သုံးယောက်လောက် ရောက်လာပြီး ရှောင်ကျန့်ကို ကူတွဲကာ လာခေါ်ကြသည်။
ဆေးရုံကို daddy လှမ်းပြီး အကြောင်းကြားထားတာ ဖြစ်မယ်။ ဒေါက်တာ တွေက အဆင်သင့် စောင့်နေတာ ဆိုတော့။
အခုလဲ ခွဲစိတ်ခန်းက အဆင်သင့်လဲ။ ယောကျာ်းလေး ဆိုတော့ ဗိုက်ခွဲပီး မွေးရမှာလေ။ ဘာဘဲ ပြောပြော ကြောက်နေမိတယ်။
တကယ်တော့ ရှောင်ကျန့် နီးတူ ရီလျှို့လဲ ကြောက်နေတာပါ။ တစ်ခါမှ ဒီလို မကြုံဘူးတာကြောင့် ရှောင်ကျန့် အော်သံနဲ့တင် သူလန့်နေမိသည်။
"အုပ်ထိန်းသူ နေရာမှာ လက်မှတ်ထိုးပေးပါရှင့်"
"ကျွန်တော်က အုပ်ထိန်းသူ မဟုတ်ဘူး"
"ချက်ချင်း ခွဲပေးမှ ရမှာ "
အဖေ့ကို ဖုန်းဆက်ထားပေမဲ့ ကုမ္မဏီနဲ့ဆို နဲနဲ လှမ်းတာကြောင့် မိနစ် ၂၀ လောက်ကြာမှ ရောက်မှာ။ ရှောင်ကျန့် ပုံစံကို ကြည့်တော့လဲ စောင့်နိုင်မဲ့ ပုံ မပေါ်တာကြောင့် ရီလျှို့ စိတ်ဆုံးဖြတ်ပြီး အုပ်ထိန်းသူ နေရာမှာ လက်မှတ်ထိုး ပေးလိုက်တော့တယ်။
လက်မှတ်ထိုးပြီးပြီးချင်း ရှောင်ကျန့်ကို ခွဲစိတ်ခန်းထဲ သွင်းသွားကြလေသည်။ ရီလျှို့က အပြင်ကနေ တစ်ယောက်ထဲ စောင့်နေရတာပေါ့။
၁၅မိနစ် လောက်ကြာတော့ ရီပေါ် ရောက်လာတယ်။ ရီလျှို့က သူ့အဖေရောက်လာတာနဲ့ ချက်ချင်း အဖေ့စီကို သွားတယ်။
"အဖေ"
"အင်း ကျန့်လေးရော"
"ခွဲစိတ်ခန်းထဲ ဝင်သွားပြီ
ပြီးတော့ တောင်းပန်ပါတယ်"
"ဘာလို့လဲ"
"ကျွန်တော် အုပ်ထိန်းသူ နေရာမှာ လက်မှတ်ထိုးပေးလိုက်မိတယ်
အဖေ့ကို စောင့်ရင် ကြာနေမှာ စိုးတာနဲ့"
"ရပါတယ် မင်း အပြစ် မဟုတ်ပါဘူး
မင်းပါးပါးကို ကူညီပေးလို့ ကျေးဇူးပါ"
"မဟုတ်တာ ကျွန်တော် လုပ်သင့်တာဘဲလေ"
"အဲ့တာဆို စိတ်ထဲ မထားနဲ့တော့ မင်းပါးပါးနဲ့ ညီလေးကို အချိန်မှီ ကူညီပေးတာဘဲ"
"ဟုတ်ကဲ့"
တစ်နာရီ ကျော်တာတောင် ခွဲစိတ်ခန်းထဲက မထွက်လာသေးတာကြောင့် ရီပေါ်နဲ့ ရီလျှို့တို့ သားအဖ အရှေ့မှာ မထိုင် နိုင်ဘဲ မတ်တပ်ရပ်နေကြလေသည်။ တည်ငြိမ်သူကြီး ရီပေါ်ကတော့ ခေါက်တုန့် ခေါက်ပြန် လျှောက်နေသည်။
စကားစလာသူက ရီပေါ်ပင်။
"ကလေးမွေးတာ တော်တော် ကြာတာဘဲ"
"ဟုတ်တယ်အဖေ "
"ကျန့်လေး အဆင်ပြေလောက်လား မသိဘူး"
"ခွဲစိတ်ခန်းထဲ မဝင်ခင်ကတော့ အော်နေတယ် တော်တော် နာတယ်နဲ့ တူတယ်"
ရီပေါ် အတွေးများသွားသည့်နှယ် ဘာမှ ဆက်မပြောတော့ချေ။ ရီလျှို့ လဲ ဘာမှ မပြောတော့ဘဲ ဆက်ပြီး မတ်တပ်ရပ်နေသည်။
၁၀မိနစ် လောက်နေတော့ ဆရာဝန်ထွက်လာလေသည်။
"ဂုဏ်ပြုပါတယ် သူဋေးကြီးဝမ် သားလေး အဆင်ပြေချောမွေ့စွာနဲ့ မွေးလာပါပြီ"
"ကျေးဇူးပါ ဒေါက်တာ အခန်းထဲ ဝင်လို့ ရပြီလား"
"ဟုတ်.....ဟုတ်ရပါပြီ"
ဒေါက်တာ စကားတောင် မဆုံးသေးဘူး။ ရီပေါ် ပြေးဝင်သွားလေသည်။ ရီလျှို့ကလဲ ဒေါက်တာ့ကို နှုတ်ဆက်ပြီး အနောက်မှ လိုက်ဝင်သွားလေသည်။
ရီပေါ် အထဲဝင်သွားတော့ သူနာပြုမလေးက သူမ့လက်ထဲက အနှီးဖြူထုတ်လေးနဲ့ ကလေးကို လက်ထဲ ထဲ့ပေးမလို့ အနားသွားပေမဲ့ ရီပေါ်က သူမတို့ကို မြင်ပုံမပေါ်။ ကုတင်ပေါ် လဲနေတဲ့ ကလေးအဖေစီကို တန်းနေအောင် သွားတာကြောင့် သူနာပြုမလေးတောင် ကြောင်သွားသည်။
ရှောင်ကျန့်ကို ကြည့်လိုက်တော့ မျက်နှာမှာ ဖြူဖျော့နေပြီး နှဖူးလေးတွင်ပင် ချွေးလေးစို့နေသည်။
ရီပေါ် အနားကို သွားလိုက်ပြီး ရှောင်ကျန့် မျက်နှာလေးကို တယုတယ ကိုင်လိုက်ကာ
"နေလို့ကောင်းရဲ့လား ကျန့်လေး
ကိုယ်နောက်ကျသွားတယ်"
"ရပါတယ် daddy "
ရီပေါ်က ရှောင်ကျန့် နှဖူးလေးကို နမ်းလိုက်ပြီး ပိန်သွားတဲ့ ဗိုက်ကလေးပေါ် လက်လေးတင်ပြီး ဖွဖွလေး ပွတ်နေလိုက်သည်။
ရီလျှို့ အထဲရောက်တော့ သူ့အဖေနဲ့ ပါးပါးနဲ့က ချစ်ကြည်နူးနေကြပြီး ကလေးကိုတော့ သတိရပုံမပေါ်။ အနှီထုတ်လေးထဲက ချစ်စဖွယ် ကလေးငယ်မှာ သူနာပြုမလေး လက်ထဲတွင် အဖော်မဲ့လျှက်။
ရီလျှို့ သူနာပြုမလေး လက်ထဲက ကလေးကို သူ့လက်ထဲ ပြောင်းခေါ်လိုက်သည်။ သူနာပြုမလေးကလဲ ကလေးကို ပေးပြီးတာနဲ့ အခန်းထဲက ထွက်သွားလေသည်။
ရီလျှို့ အနှီးထုတ်လေးထဲက ကလေးကို ကြည့်လိုက်တော့ မျက်လုံးပြူးပြူးလေးနှင့် သူ့ကို ပြန်ကြည့်နေသည်။ ပါးလေးနှစ်ဖက်က ရဲနေသည့် နီတာရဲလေးပင်။ ဖြူဥနေသော အသားအရည်လေးနှင့် ထိကြည့်လိုက်တော့ နူးညံ့ နေသည်။
အဖေနဲ့ ပါးပါး စပ်ကျထားတဲ့ သူ့ရဲ့ ညီငယ်လေးက အင်မတန်မှ ချစ်စရာ ကောင်းလှသည်။ သူ့ကိုလဲ ရယ်ပြနေသေးသည်။
ရီလျှို့က သု့လက်ညိုးလေးနဲ့ ပါးလေးကို ထိကြည့်တော့ ကလေးက အဲ့လက်ကို သူ့လက်သေးသေးလေးနဲ့ ဖမ်းဆုတ်ကာ သူ့ပါးစပ်ထဲ ထည့်ပြီး တစ်ပြွတ်ပြွတ်နဲ့ စုတ်နေသည်။
ရီပေါ်နဲ့ ရှောင်ကျန့်စကားအတော်ကြာပြောပြီးမှ ကလေးကို သတိရကာ ဘေးဘီကြည့်လိုက်တော့ ရီလျှို့ ချီထားတာကို တွေ့ကြရသည်။ ရီပေါ်နဲ့ ရှောင်ကျန့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီးမှ ရီပေါ်က သူ့ရဲ့ သားတွေစီသွားသည်။
"သားလေးက မင်းကိုကိုရဲ့ လက်ကို စို့နေတာဘဲ ဗိုက်ဆာနေပြီလား"
"အယ်......ခစ်ခစ်"
ကလေးက ချစ်စဖွယ် အသံလေးနဲ့ ရယ်လိုက်တော့ လူကြီးသူံးယောက်လုံး ပြုံးမိကြသည်။ ရီပေါ်က သူ့သားလက်ထဲမှ ကလေးကို ပြောင်းချီလိုက်ပြီး ရှောင်ကျန့်နားကို သွားချပေးလိုက်တယ်။
ရှောင်ကျန့်က သူ့သားလေးပါးကို ဖွဖွလေး နမ်းလိုက်ပြီး နို့တိုက်လေသည်။ ကလေးလေးက မျက်လုံးလေးမှေးကာ တစ်ပြွတ်ပြွတ်နဲ့ နို့ စို့တော့သည်။
ရီပေါ်က
"ရီလျှို့ မင်းအိမ်ပြန်ပြီး နားလိုက်တော့ မနက်ဖြန်ကျရင် အဖေတို့ ဆေးရုံဆင်းလို့ရပြီ"
"ဟုတ်ကဲ့ အဖေ လိုတာရှိရင် ဖုန်းဆက်လိုက်နော်"
"ကောင်းပြီ"
✨✨✨✨✨✨✨✨✨✨✨✨✨
ရီလျှို့ တိတ်ဆိတ်နေတဲ့ အခန်းထဲကို ဝင်လိုက်ပြီး စေ့စေ့ကြည့်လိုက်တော့ အရင်ကလို အခန်းက ရှုပ်မနေတော့ပါ။ အခန်းတွင်း အပြင်အဆင်တွေကို သူအကုန်ပြန်ပြောင်းလိုက်တာမို့ တစ်ခန်းလုံး အဖြူရောင်တွေနဲ့ ပြည့်ကာ ရှင်းလင်းနေသည်။
ဆိုဖာ တစ်ယောက်အိပ် ကုတင် စားပွဲ တစ်လုံးဘဲ ရှိသည်။ ကိုယ်လက်သန့်စင်ပြီးတော့ ကုတင်ပေါ် တက်ကာ လှဲရင်း ပြန်စဥ်းစားလိုက်သည်။
သူကိုမာ ဖြစ်ပြီး သတိရတုန်းက ဖြစ်သမျှအားလူံးကို ပြန်ကြားရသည်။ အထူးသဖြင့် ရွယ်ယိ့ အကြောင်းပေါ့။ သူမ့ကို ချက်ချင်း ကွာရှင်းဖို့ လုပ်ပေမဲ့ သူမ့ရဲ့ မိဘတွေက တောင်းပန်တာကြောင့် သူ မကွာရှင်းလိုက်ရပေ။
သူတို့သမီးက စိတ်ဝေသနာ ဖြစ်လို့ ဆေးရုံမှာ နေရတယ်ဆိုပြီး သတင်းထွက်နေတာ သူကပါ ကွာရှင်းရင် သူတို့ရဲ့ သမီးလေး သနားဖို့ ကောင်းပါတယ်။ လူမှု့အသိုင်းအဝိုင်းမှာ ပြောစရာ ဖြစ်မယ်ဆိုပြီး ဝိုင်းတားတာကြောင့် ရီလျှို့ စိတ်လျော့လိုက်ရခြင်း ဖြစ်သည်။
သူတစ်ခေါက်တော့ သူမ့ကို သွားတွေ့ဖြစ်သေးတယ်။ သူ့ကိုတောင် မမှတ်မိတော့ချေ။ သူမ့အကုသိုလ်နဲ့ သူမ ဖြစ်သွားတာ ဖြစ်တယ်။
သိပ်မကြာဘူး။ ၆ လ လောက်ကြာတော့ သူမ ဆုံးပြီလို့ သတင်းကြားရတယ်။ နောက်မှ သိတာက သူမက ဆေးရုံက ဘယ်သူနဲ့မှ မတည့်ပေ။ ဆရာဝန်တွေနဲ့တောင် မတည့်တာ လူနာချင်းချင်းဆို ပိုဆိုး။
အထဲမှာ အမြဲ ပြသနာ ရှာပြီး စိတ် အခြေအနေက တစ်နေ့တစ်ခြားပိုဆိုးလာသည် ဟု ဆရာဝန်တွေမှ တစ်ဆင့် ပြန်ကြားရသည်။
နောက်ပိုင်းမှာ သူမက အစားကိုလဲ မစားတော့ပေ။ အကုန် မှောက်ချ သွန်ချနဲ့ ပြသနာရှာသည်။
အဲ့က ဝန်ထမ်းတွေက ချုပ်ပြီး ဆေးတိုက် အစာကျွေး လုပ်ကြရသည်။ ဒေါသတွေကြီးတာကြောင့် ရောဂါ ပိုဆိုးလာပြီး ဆုံးသွားသည် ဟု ကြားသည်။
သူမ ဆုံးတော့ သူမ မိဘတွေ အသုဘ စီစဥ်ပေးကြသည်။ သူကတော့ သွားမတွေ့တော့ပေ။
တစ်နှစ်လောက် အတူနေခဲ့တဲ့သူဆိုတော့ သူမ့အတွက် စိတ်တော့ မကောင်းပေ။ ဒါပေမဲ့ ဒါက သူမရွေးချယ်တဲ့ လမ်းမဟုတ်လား။ သူမကို မချစ်ခဲ့ဘူးဆိုပေမဲ့ သူမသာ သူများကို ဒုက္ခ မပေးဘဲ အေးအေးဆေးဆေး နေခဲ့မယ် ဆိုရင် သူတို့ အိမ်ထောင်ရေးက ဆိုးဝါးသွားမှာ မဟုတ်ဘူး။
အတ္တကြီးပြီး သူများကို ဖျတ်ဆီးချင်တဲ့ စိတ်က သူမကို သတ်သွားတာဘဲ~~~~
^. ...................^
Arr Ah Daddy
Part 40(Zaw)
"အ့.........ဗိုက္......နာတယ္
......အ့........."
ေရွာင္က်န့္တို႔က ေက်ာင္းၿပီးသြားၿပီ ျဖစ္တယ္။ ဘြဲ႕ေတာ့ သြားမယူရေပ။ ေမြးခါနီး ျဖစ္တာေၾကာင့္ မသြားနိုင္ျခင္း ျဖစ္သည္။
daddy က အလုပ္မွာ။ ေမြးဖို႔ ၂ ပတ္ လိုေသးတာကို ဗိုက္က နာလာတာေၾကာင့္ အခန္းထဲကေန အျပင္ထြက္ၿပီး ေလွကားထစ္ စီသို႔ ေျဖးေျဖးခ်င္း ေလွ်ာက္လာလိုက္တယ္။
ေလွကားထစ္ ထိပ္ကေန လွမ္းျမင္လိုက္ရတာက ရီလွ်ို႔။ သူက ဒီေန႕ အလုပ္မသြားဘူးဘဲ။ေရွာင္က်န့္ လွမ္းေခၚလိုက္သည္။
"ရီလွ်ို႔........."
ေရွာင္က်န့္ ေခၚသံၾကားေတာ့ ရီလွ်ို႔ အေျပးအလႊားဘဲ အေပၚတက္လာခဲ့တယ္။ စိုးရိမ္တႀကီးနဲ႕ ပုခုံးေပၚကေန ကိုင္ၿပီး
"ပါးပါး ဘာျဖစ္လို႔လဲ"
"ဗိုက္နာ ေနၿပီ........ကေလးေမြးေတာ့မွာ ေနမယ္"
"ဘာ......ဘယ္လို"
"အ့........ေဆး႐ုံ.....လိုက္ပို႔ေပး"
"ဟုတ္.......ဟုတ္"
ရီလွ်ို႔လဲ ဘာလုပ္ရမွန္း မသိေၾကာင္အ ေနၿပီးမွ ေဆး႐ုံသြားဖို႔ ေရွာင္က်န့္ကို တြဲ ေခၚေတာ့သည္။
"သူေဋးေလး တို႔ ဘာျဖစ္တာလဲ"
ေဒၚႀကီးကလဲ အသံၾကားေတာ့ မီးဖိုေခ်ာင္ထဲက ထြက္ၾကည့္သည္။
"ေဒၚႀကီး ကူပါအုံး
ဗိုက္နာလာၿပီတဲ့"
"ေအာ္......ေအးေအးလာၿပီ"
ေဒၚႀကီးလဲ အျမန္ တက္သြားၿပီး ေရွာင္က်န့္ကို ဘယ္တစ္ဘက္ ညာတစ္ဘက္ မၿပီး ေလွကားေအာက္ထိ ေခၚလာၾကတယ္။
ရီလွ်ို႔က ကားေသာ့ သြားယူၿပီး ကားထုတ္လာကာ ေရွာင္က်န့္ကို ကားထဲ အတူ ထည့္လိုက္ၾကသည္။
ကားမထြက္ခင္ ရီလွ်ို႔က ေဒၚႀကီးကို သတိေပးလိုက္ေသးသည္။
"ေဒၚႀကီးက အိမ္မွာ ေနခဲ့ၿပီး အေဖ့ကို အေၾကာင္းၾကားေပးပါအုံး ၿပီးမွ လိုအပ္တာေတြ ထုတ္ပိုးၿပီး လိုက္ခဲ့ေနာ္"
"ဟုတ္ကဲ့ပါ သူေဋးေလး"
မွာစရာ ရွိတာ မွာၿပီးတာနဲ႕ ရီလွ်ို႔ စက္ႏွိုးၿပီး ကားစတင္ ထြက္ေတာ့ေလသည္။
"အ့.......ျမန္ျမန္ေမာင္းေလ"
"အားးးး......"
ဒုတိယ ေအာ္သံကေတာ့ ရီလွ်ို႔ စီကပင္။ ေရွာင္က်န့္က သူ႕ဆံပင္ေတြ ဆြဲလိုက္ျခင္းေၾကာင့္။
"အ့........"
"အားးးး လႊတ္ပါအုံး ပါးပါးရယ္ ကြၽန္ေတာ္တို႔ အက္စီးတန့္ေတြ ျဖစ္ကုန္ေတာ့မွာဘဲ"
ကားထဲတြင္ ေအာ္သံ တစ္ဆူဆူနဲ႕ ေနာက္ဆုံးေတာ့ ေဆး႐ုံကို ေရာက္လာေလသည္။
ရီလွ်ို႔ အလ်င္အျမန္ဘဲ ကားေပၚက ဆင္းကာ ေရွာင္က်န့္ဘက္က ကားတံခါးကို အလ်င္အျမန္ ဖြင့္ေပးၿပီး ေရွာင္က်န့္ကို ကူၿပီး အျပင္ထြက္ေစသည္။
ဆရာဝန္တစ္ေယာက္နဲ႕ သူနာျပဳ သုံးေယာက္ေလာက္ ေရာက္လာၿပီး ေရွာင္က်န့္ကို ကူတြဲကာ လာေခၚၾကသည္။
ေဆး႐ုံကို daddy လွမ္းၿပီး အေၾကာင္းၾကားထားတာ ျဖစ္မယ္။ ေဒါက္တာ ေတြက အဆင္သင့္ ေစာင့္ေနတာ ဆိုေတာ့။
အခုလဲ ခြဲစိတ္ခန္းက အဆင္သင့္လဲ။ ေယာက်ာ္းေလး ဆိုေတာ့ ဗိုက္ခြဲပီး ေမြးရမွာေလ။ ဘာဘဲ ေျပာေျပာ ေၾကာက္ေနမိတယ္။
တကယ္ေတာ့ ေရွာင္က်န့္ နီးတူ ရီလွ်ို႔လဲ ေၾကာက္ေနတာပါ။ တစ္ခါမွ ဒီလို မႀကဳံဘူးတာေၾကာင့္ ေရွာင္က်န့္ ေအာ္သံနဲ႕တင္ သူလန့္ေနမိသည္။
"အုပ္ထိန္းသူ ေနရာမွာ လက္မွတ္ထိုးေပးပါရွင့္"
"ကြၽန္ေတာ္က အုပ္ထိန္းသူ မဟုတ္ဘူး"
"ခ်က္ခ်င္း ခြဲေပးမွ ရမွာ "
အေဖ့ကို ဖုန္းဆက္ထားေပမဲ့ ကုမၼဏီနဲ႕ဆို နဲနဲ လွမ္းတာေၾကာင့္ မိနစ္ ၂၀ ေလာက္ၾကာမွ ေရာက္မွာ။ ေရွာင္က်န့္ ပုံစံကို ၾကည့္ေတာ့လဲ ေစာင့္နိုင္မဲ့ ပုံ မေပၚတာေၾကာင့္ ရီလွ်ို႔ စိတ္ဆုံးျဖတ္ၿပီး အုပ္ထိန္းသူ ေနရာမွာ လက္မွတ္ထိုး ေပးလိုက္ေတာ့တယ္။
လက္မွတ္ထိုးၿပီးၿပီးခ်င္း ေရွာင္က်န့္ကို ခြဲစိတ္ခန္းထဲ သြင္းသြားၾကေလသည္။ ရီလွ်ို႔က အျပင္ကေန တစ္ေယာက္ထဲ ေစာင့္ေနရတာေပါ့။
၁၅မိနစ္ ေလာက္ၾကာေတာ့ ရီေပၚ ေရာက္လာတယ္။ ရီလွ်ို႔က သူ႕အေဖေရာက္လာတာနဲ႕ ခ်က္ခ်င္း အေဖ့စီကို သြားတယ္။
"အေဖ"
"အင္း က်န့္ေလးေရာ"
"ခြဲစိတ္ခန္းထဲ ဝင္သြားၿပီ
ၿပီးေတာ့ ေတာင္းပန္ပါတယ္"
"ဘာလို႔လဲ"
"ကြၽန္ေတာ္ အုပ္ထိန္းသူ ေနရာမွာ လက္မွတ္ထိုးေပးလိုက္မိတယ္
အေဖ့ကို ေစာင့္ရင္ ၾကာေနမွာ စိုးတာနဲ႕"
"ရပါတယ္ မင္း အျပစ္ မဟုတ္ပါဘူး
မင္းပါးပါးကို ကူညီေပးလို႔ ေက်းဇူးပါ"
"မဟုတ္တာ ကြၽန္ေတာ္ လုပ္သင့္တာဘဲေလ"
"အဲ့တာဆို စိတ္ထဲ မထားနဲ႕ေတာ့ မင္းပါးပါးနဲ႕ ညီေလးကို အခ်ိန္မွီ ကူညီေပးတာဘဲ"
"ဟုတ္ကဲ့"
တစ္နာရီ ေက်ာ္တာေတာင္ ခြဲစိတ္ခန္းထဲက မထြက္လာေသးတာေၾကာင့္ ရီေပၚနဲ႕ ရီလွ်ို႔တို႔ သားအဖ အေရွ႕မွာ မထိုင္ နိုင္ဘဲ မတ္တပ္ရပ္ေနၾကေလသည္။ တည္ၿငိမ္သူႀကီး ရီေပၚကေတာ့ ေခါက္တုန့္ ေခါက္ျပန္ ေလွ်ာက္ေနသည္။
စကားစလာသူက ရီေပၚပင္။
"ကေလးေမြးတာ ေတာ္ေတာ္ ၾကာတာဘဲ"
"ဟုတ္တယ္အေဖ "
"က်န့္ေလး အဆင္ေျပေလာက္လား မသိဘူး"
"ခြဲစိတ္ခန္းထဲ မဝင္ခင္ကေတာ့ ေအာ္ေနတယ္ ေတာ္ေတာ္ နာတယ္နဲ႕ တူတယ္"
ရီေပၚ အေတြးမ်ားသြားသည့္ႏွယ္ ဘာမွ ဆက္မေျပာေတာ့ေခ်။ ရီလွ်ို႔ လဲ ဘာမွ မေျပာေတာ့ဘဲ ဆက္ၿပီး မတ္တပ္ရပ္ေနသည္။
၁၀မိနစ္ ေလာက္ေနေတာ့ ဆရာဝန္ထြက္လာေလသည္။
"ဂုဏ္ျပဳပါတယ္ သူေဋးႀကီးဝမ္ သားေလး အဆင္ေျပေခ်ာေမြ႕စြာနဲ႕ ေမြးလာပါၿပီ"
"ေက်းဇူးပါ ေဒါက္တာ အခန္းထဲ ဝင္လို႔ ရၿပီလား"
"ဟုတ္.....ဟုတ္ရပါၿပီ"
ေဒါက္တာ စကားေတာင္ မဆုံးေသးဘူး။ ရီေပၚ ေျပးဝင္သြားေလသည္။ ရီလွ်ို႔ကလဲ ေဒါက္တာ့ကို ႏႈတ္ဆက္ၿပီး အေနာက္မွ လိုက္ဝင္သြားေလသည္။
ရီေပၚ အထဲဝင္သြားေတာ့ သူနာျပဳမေလးက သူမ့လက္ထဲက အႏွီးျဖဴထုတ္ေလးနဲ႕ ကေလးကို လက္ထဲ ထဲ့ေပးမလို႔ အနားသြားေပမဲ့ ရီေပၚက သူမတို႔ကို ျမင္ပုံမေပၚ။ ကုတင္ေပၚ လဲေနတဲ့ ကေလးအေဖစီကို တန္းေနေအာင္ သြားတာေၾကာင့္ သူနာျပဳမေလးေတာင္ ေၾကာင္သြားသည္။
ေရွာင္က်န့္ကို ၾကည့္လိုက္ေတာ့ မ်က္ႏွာမွာ ျဖဴေဖ်ာ့ေနၿပီး ႏွဖူးေလးတြင္ပင္ ေခြၽးေလးစို႔ေနသည္။
ရီေပၚ အနားကို သြားလိုက္ၿပီး ေရွာင္က်န့္ မ်က္ႏွာေလးကို တယုတယ ကိုင္လိုက္ကာ
"ေနလို႔ေကာင္းရဲ႕လား က်န့္ေလး
ကိုယ္ေနာက္က်သြားတယ္"
"ရပါတယ္ daddy "
ရီေပၚက ေရွာင္က်န့္ ႏွဖူးေလးကို နမ္းလိုက္ၿပီး ပိန္သြားတဲ့ ဗိုက္ကေလးေပၚ လက္ေလးတင္ၿပီး ဖြဖြေလး ပြတ္ေနလိုက္သည္။
ရီလွ်ို႔ အထဲေရာက္ေတာ့ သူ႕အေဖနဲ႕ ပါးပါးနဲ႕က ခ်စ္ၾကည္ႏူးေနၾကၿပီး ကေလးကိုေတာ့ သတိရပုံမေပၚ။ အႏွီထုတ္ေလးထဲက ခ်စ္စဖြယ္ ကေလးငယ္မွာ သူနာျပဳမေလး လက္ထဲတြင္ အေဖာ္မဲ့လွ်က္။
ရီလွ်ို႔ သူနာျပဳမေလး လက္ထဲက ကေလးကို သူ႕လက္ထဲ ေျပာင္းေခၚလိုက္သည္။ သူနာျပဳမေလးကလဲ ကေလးကို ေပးၿပီးတာနဲ႕ အခန္းထဲက ထြက္သြားေလသည္။
ရီလွ်ို႔ အႏွီးထုတ္ေလးထဲက ကေလးကို ၾကည့္လိုက္ေတာ့ မ်က္လုံးျပဴးျပဴးေလးႏွင့္ သူ႕ကို ျပန္ၾကည့္ေနသည္။ ပါးေလးႏွစ္ဖက္က ရဲေနသည့္ နီတာရဲေလးပင္။ ျဖဴဥေနေသာ အသားအရည္ေလးႏွင့္ ထိၾကည့္လိုက္ေတာ့ ႏူးညံ့ ေနသည္။
အေဖနဲ႕ ပါးပါး စပ္က်ထားတဲ့ သူ႕ရဲ႕ ညီငယ္ေလးက အင္မတန္မွ ခ်စ္စရာ ေကာင္းလွသည္။ သူ႕ကိုလဲ ရယ္ျပေနေသးသည္။
ရီလွ်ို႔က သု႔လက္ညိုးေလးနဲ႕ ပါးေလးကို ထိၾကည့္ေတာ့ ကေလးက အဲ့လက္ကို သူ႕လက္ေသးေသးေလးနဲ႕ ဖမ္းဆုတ္ကာ သူ႕ပါးစပ္ထဲ ထည့္ၿပီး တစ္ႁပြတ္ႁပြတ္နဲ႕ စုတ္ေနသည္။
ရီေပၚနဲ႕ ေရွာင္က်န့္စကားအေတာ္ၾကာေျပာၿပီးမွ ကေလးကို သတိရကာ ေဘးဘီၾကည့္လိုက္ေတာ့ ရီလွ်ို႔ ခ်ီထားတာကို ေတြ႕ၾကရသည္။ ရီေပၚနဲ႕ ေရွာင္က်န့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ၿပဳံးလိုက္ၾကၿပီးမွ ရီေပၚက သူ႕ရဲ႕ သားေတြစီသြားသည္။
"သားေလးက မင္းကိုကိုရဲ႕ လက္ကို စို႔ေနတာဘဲ ဗိုက္ဆာေနၿပီလား"
"အယ္......ခစ္ခစ္"
ကေလးက ခ်စ္စဖြယ္ အသံေလးနဲ႕ ရယ္လိုက္ေတာ့ လူႀကီးသူံးေယာက္လုံး ၿပဳံးမိၾကသည္။ ရီေပၚက သူ႕သားလက္ထဲမွ ကေလးကို ေျပာင္းခ်ီလိုက္ၿပီး ေရွာင္က်န့္နားကို သြားခ်ေပးလိုက္တယ္။
ေရွာင္က်န့္က သူ႕သားေလးပါးကို ဖြဖြေလး နမ္းလိုက္ၿပီး နို႔တိုက္ေလသည္။ ကေလးေလးက မ်က္လုံးေလးေမွးကာ တစ္ႁပြတ္ႁပြတ္နဲ႕ နို႔ စို႔ေတာ့သည္။
ရီေပၚက
"ရီလွ်ို႔ မင္းအိမ္ျပန္ၿပီး နားလိုက္ေတာ့ မနက္ျဖန္က်ရင္ အေဖတို႔ ေဆး႐ုံဆင္းလို႔ရၿပီ"
"ဟုတ္ကဲ့ အေဖ လိုတာရွိရင္ ဖုန္းဆက္လိုက္ေနာ္"
"ေကာင္းၿပီ"
✨✨✨✨✨✨✨✨✨✨✨✨✨
ရီလွ်ို႔ တိတ္ဆိတ္ေနတဲ့ အခန္းထဲကို ဝင္လိုက္ၿပီး ေစ့ေစ့ၾကည့္လိုက္ေတာ့ အရင္ကလို အခန္းက ရႈပ္မေနေတာ့ပါ။ အခန္းတြင္း အျပင္အဆင္ေတြကို သူအကုန္ျပန္ေျပာင္းလိုက္တာမို႔ တစ္ခန္းလုံး အျဖဴေရာင္ေတြနဲ႕ ျပည့္ကာ ရွင္းလင္းေနသည္။
ဆိုဖာ တစ္ေယာက္အိပ္ ကုတင္ စားပြဲ တစ္လုံးဘဲ ရွိသည္။ ကိုယ္လက္သန့္စင္ၿပီးေတာ့ ကုတင္ေပၚ တက္ကာ လွဲရင္း ျပန္စဥ္းစားလိုက္သည္။
သူကိုမာ ျဖစ္ၿပီး သတိရတုန္းက ျဖစ္သမွ်အားလူံးကို ျပန္ၾကားရသည္။ အထူးသျဖင့္ ႐ြယ္ယိ့ အေၾကာင္းေပါ့။ သူမ့ကို ခ်က္ခ်င္း ကြာရွင္းဖို႔ လုပ္ေပမဲ့ သူမ့ရဲ႕ မိဘေတြက ေတာင္းပန္တာေၾကာင့္ သူ မကြာရွင္းလိုက္ရေပ။
သူတို႔သမီးက စိတ္ေဝသနာ ျဖစ္လို႔ ေဆး႐ုံမွာ ေနရတယ္ဆိုၿပီး သတင္းထြက္ေနတာ သူကပါ ကြာရွင္းရင္ သူတို႔ရဲ႕ သမီးေလး သနားဖို႔ ေကာင္းပါတယ္။ လူမႈ႕အသိုင္းအဝိုင္းမွာ ေျပာစရာ ျဖစ္မယ္ဆိုၿပီး ဝိုင္းတားတာေၾကာင့္ ရီလွ်ို႔ စိတ္ေလ်ာ့လိုက္ရျခင္း ျဖစ္သည္။
သူတစ္ေခါက္ေတာ့ သူမ့ကို သြားေတြ႕ျဖစ္ေသးတယ္။ သူ႕ကိုေတာင္ မမွတ္မိေတာ့ေခ်။ သူမ့အကုသိုလ္နဲ႕ သူမ ျဖစ္သြားတာ ျဖစ္တယ္။
သိပ္မၾကာဘူး။ ၆ လ ေလာက္ၾကာေတာ့ သူမ ဆုံးၿပီလို႔ သတင္းၾကားရတယ္။ ေနာက္မွ သိတာက သူမက ေဆး႐ုံက ဘယ္သူနဲ႕မွ မတည့္ေပ။ ဆရာဝန္ေတြနဲ႕ေတာင္ မတည့္တာ လူနာခ်င္းခ်င္းဆို ပိုဆိုး။
အထဲမွာ အၿမဲ ျပသနာ ရွာၿပီး စိတ္ အေျခအေနက တစ္ေန႕တစ္ျခားပိုဆိုးလာသည္ ဟု ဆရာဝန္ေတြမွ တစ္ဆင့္ ျပန္ၾကားရသည္။
ေနာက္ပိုင္းမွာ သူမက အစားကိုလဲ မစားေတာ့ေပ။ အကုန္ ေမွာက္ခ် သြန္ခ်နဲ႕ ျပသနာရွာသည္။
အဲ့က ဝန္ထမ္းေတြက ခ်ဳပ္ၿပီး ေဆးတိုက္ အစာေကြၽး လုပ္ၾကရသည္။ ေဒါသေတြႀကီးတာေၾကာင့္ ေရာဂါ ပိုဆိုးလာၿပီး ဆုံးသြားသည္ ဟု ၾကားသည္။
သူမ ဆုံးေတာ့ သူမ မိဘေတြ အသုဘ စီစဥ္ေပးၾကသည္။ သူကေတာ့ သြားမေတြ႕ေတာ့ေပ။
တစ္ႏွစ္ေလာက္ အတူေနခဲ့တဲ့သူဆိုေတာ့ သူမ့အတြက္ စိတ္ေတာ့ မေကာင္းေပ။ ဒါေပမဲ့ ဒါက သူမေ႐ြးခ်ယ္တဲ့ လမ္းမဟုတ္လား။ သူမကို မခ်စ္ခဲ့ဘူးဆိုေပမဲ့ သူမသာ သူမ်ားကို ဒုကၡ မေပးဘဲ ေအးေအးေဆးေဆး ေနခဲ့မယ္ ဆိုရင္ သူတို႔ အိမ္ေထာင္ေရးက ဆိုးဝါးသြားမွာ မဟုတ္ဘူး။
အတၱႀကီးၿပီး သူမ်ားကို ဖ်တ္ဆီးခ်င္တဲ့ စိတ္က သူမကို သတ္သြားတာဘဲ~~~~
^. ...................^