Part 11(Uni +Zaw)

19.5K 1.9K 99
                                    

Arr Ah Daddy
Part 11(Uni)

ရှောင်ကျန့် အကျိ်ကို လာချွတ်မဲ့ လူဆိုးခေါင်းဆောင်ကို လက်သီးနဲ့ နှစ်ချက် ထိုးလိုက်သူက ဝမ်ရီပေါ်ပါပင်။ ရှောင်ကျန့်က ဝမ်ရီပေါ်ကို သေချာ စိုက်ကြည့်နေပြီး အကြည့်ထဲတွင် အားကိုးမှုတွေ ပါဝင်နေသည်။

လူဆိုးခေါင်းဆောင်က အနောက်ကို နဲနဲ ယိုင်သွားပေမဲ့ ဘာမှ တော့ ဖြစ်မသွားပေ။ နှုတ်ခမ်းထောင့်က သွေးကို သုတ်ကာ လှောင်ပြုံး ဆင်မြန်းပြီး ရီပေါ့်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းက ဘယ်သူလဲ မဆိုင်ရင် ကျော်သွား"

ရီပေါ်က ထိုလူဆိုးကို အစိမ်းလိုက် ဝါးစားတော့ မတက် ကြည့်လိုက်ပြီး ရှောင်ကျန့်လက်ကို ချုပ်ထားသော လူဆိုးနှစ်ယောက်ရဲ့ ရင်ဝကို ခြေထောက်ဖြင့် တစ်ချက်စီ ကန်လိုက်သည်။အားဘယ်လောက်များသလဲ ဆိုရင် ချုပ်ထားသော လက်တွေ ပြေသွားပြီး အနောက်ကို ခြေသုံးလှမ်းလောက် ဆုတ်သွားရသည်။

ရီပေါ်က ရှောင်ကျန့်လက်ကိုကိုင်ကာ သူ့မျက်လုံးနား ယူကြည့်လိုက်ပြီး လူသတ်ချင်စိတ်တွေ တစ်ဖွားဖွားပေါက်လာရသည်။ သူ့ရဲ့ လက်တစ်ဆုတ်စာဘဲ ရှိသော ဖြူဖွေး သေးသွယ်သော လက်ကလေး နှစ်ဖက်တွင် အနီဆင်းကြောင်းများ ပေါ်နေသည်။

ရီပေါ်က ရှောင်ကျန့်ကို သူ့ကျောနောက်တွင် ဝှက်လိုက်ကာ

"ဒီကလေးက ငါ ဝမ်ရီပေါ် ရဲ့ ကောင်လေးဘဲ သူ့ကို ထိရဲတဲ့ ဘယ်သူမဆို သေရမယ်"

ရီပေါ် စကားသံကြားတော့ ရှောင်ကျန့်ရဲ့ နှလုံးသားလေး နောက်တစ်ဖန် ထပ်ပြီး ခုန်ရပြန်လေသည်။ ရှောင်ကျန့်ကို အရင်က အဲ့လို ကာကွယ်ပေးမဲ့သူ မရှိပါ။ အဲ့တာကြောင့် ရှောင်ကျန့်ဟာ ကိုယ့်ကိုသာ အားကိုးရာ ဖြစ်ခဲ့သည်။ ဝမ်ရီပေါ် ဆိုတဲ့ လူကြီး နဲ့ တွေ့ပြီး ချိန်တွင်တော့ သူ့စိတ်သဘောထားတွေ ပြောင်းလာခဲ့သည်။ ထိုလူကြီးအပေါ် မှီခိုချင်စိတ် အားကိုးချင်စိတ်တို့က ကြီးစိုးနေခဲ့သည်။ ပြသနာ တစ်ခု ကြုံတိုင်း ဝမ်ရီပေါ် ဆိုသည့်လူကြီးကို အရင်ဆုံး တမ်းတမိသည်။

ထိုလူကြီးကလဲ သူ့ရင်ထဲက စကားတွေကို ကြားသည့်နှယ် ပြသနာတတ်တိုင်း ပေါ်လာပြီး ဖြေရှင်းပေးတတ်သည်။

Arr Ah Daddy (Complete)Where stories live. Discover now