Part 16(Uni +Zaw)

23K 1.6K 47
                                    

Arr Ah Daddy
Part 16(Uni)

မနက်ခင်း နေရောင်ခြည်တို့က ပွေ့ဖက်ယှက်တွယ်နေသော အကြင်စုံတွဲ နှစ်ဦးပေါ် ​ဖြာကျကာ အနွေးဓာတ်ကို ပေးစွမ်းနေသည်။ လိုက်ကာမှ တစ်ဆင့် နေရောင်ခြည် စူးစူးတို့က မျက်လုံးပေါ် ကျလာသည်မို့ ဝမ်ရီပေါ် နိုးလာရသည်။

မျက်လုံး ဖွင့်ဖွင့်ချင်းမြင်ရတာက သူ့ရင်ခွင်ထဲတွင် မျက်လုံးများ မှိတ်ကာ အိပ်စက်နေဆဲ ဖြစ်သော အကောင်ပေါက်လေးပင်။ ထိုကောင်လေးက သူ့ရဲ့ ခါးကို ဖက်ကာ သူ၏ လက်မောင်းပေါ်တွင် ခေါင်းတင်ပြီး အိပ်နေလေရဲ့။ ရီပေါ်ကလဲ ထိုကလေး၏ ခါးသိမ်သိမ်လေးကနေ ပွေ့ဖက်ထားလေသည်။ရီပေါ်ရဲ့ ပထမဆုံးအနေနဲ့ ပြုံးမိတယ်။ သူ့ဘေးတွင် တခြားသူလေးနဲ့အတူ နိုးထလာရခြင်းက ဒီလောက် ပျော်ရမယ်လို့ မထင်မိခဲ့။

ရီပေါ်လဲ အိပ်နေသူလေးကို သေချာစိုက်ကြည့်မိသည်။ သေးသွယ်သော မျက်နှာလေးတွင် မျက်တောင်ရှည် ကော့ကော့လေးတွေကို လိုက်ကာလေးသဖွယ် ပိတ်ထားလေသည်။ထိုလိုက်ကာလေး ဖွင့်လိုက်လျှင် တောက်ပနေတဲ့ ကြယ်လေးတစ်ပွင့်လို မျက်စံအိမ်လေး ပေါ်လာမှာ ဖြစ်တယ်။

ထိုမှ တစ်ဆင့် ဖြောင်းစင်းနေတဲ့ နှာတံလေးစီ အကြည့်ရောက်သွားတယ်။ ထို့နောက် နူးညံပြီး ဖူးယောင်နေတဲ့ နှုတ်ခမ်းလေးစီ အကြည့်ရောက်သွားတယ်။ သူညက စိတ်လွှတ်သွားသည်မို့ နှုတ်ခမ်းလေးတွေက ဖူးယောင်ကာ ဖောင်းနေသည်။ ထိုမှ တစ်ဆင့် လည်တံ အရှည်လေးနဲ့ ညှပ်ရိုးလေးစီ အကြည့်ရောက်သွားတော့ အလားတူ နီရဲကာ ကိုက်ရာ အချစ်သကေ်တ များနှင့် ပြည့်နေလေရဲ့။

ရီပေါ် ချစ်ရသူရဲ့မျက်နှာစီ တိုးသွားကာ နှုတ်ခမ်းအောက်က မှဲ့နေရာလေးကို နူးညံစွာ အနမ်းပေးလိုက်သည်။

ရီပေါ်က ဖွဖွလေး အနမ်းပေးလိုက်သော်လည်း ရှောင်ကျန့်က လှုပ်လာကာ မျက်လုံးကို လက်နဲ့ ပွတ်သပ်ပြီး မျက်လုံးမပွင့် တပွင့် လေးနဲ့ နှုတ်ခမ်းလေး စူလာသည်။

"ထတော့ အိပ်ပုပ်လေး"

"မျက်လုံး မဖွင့်နိုင်ဘူး"

"ဟားဟား"

ရီပေါ် သူ့ကလေး ပုံစံလေး ကြည့်ကာ ရယ်လိုက်သည်။ ထိုအခါ ထိုကလေးက မျက်စောင်းထိုးပြီး ရီပေါ့်ရင်ဘက်ကို လက်သီးစုတ်လေးနဲ့ ထုလေသည်။

Arr Ah Daddy (Complete)Where stories live. Discover now