Part 43 End (Uni+Zaw)

24.2K 1.4K 50
                                    

Arr Ah Daddy
Part 43(Uni) ဇာတ်သိမ်းပိုင်း


"daddy ဒီနေ့က ဘာနေ့လဲ"

"ဒီနေ့က ဒီဇင်ဘာလ ၇ရက် နေ့လေ
ပြီးတော့ ကိုယ်သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ညနေမှ ပြန်ရောက်မယ်နော်"


ပြောပြီး ထွက်သွားသူကြောင့် ရှောင်ကျန့် စိတ်အချဥ်ဖောက်သွားရသည်။ ဒီ​နေ့က သူတို့ရဲ့ ၇နှစ်ပြည့် နှစ်ပတ်လည်နေ့လေ။ daddy ကဘယ်လို တောင် မေ့သွားတာလဲ။ တစ်နှစ်မှ မမေ့ဘူးဘဲ။ အချိန်ကြာတာနဲ့ အချစ်လျော့သွားတာလား။ daddy သူ့အပေါ် အချစ်ပေါ့သွားတာလား အမျိုးမျိုးတွေးပြီး စိတ်တိုလာသည်။

"ပါးပါး........ပါးပါး......."


daddy နဲ့ ချွတ်စွပ်တူတဲ့ သားလေးကို မြင်တော့ ပိုပြီး စိတ်တိုလာသည်။

"ရီရှဲ့"

"ပါးပါး မက်နှာလဲ မကောင်းပါလား "

"............."

"ပါးပါး.......ပါးပါး......ဘာဖြစ်ယို့လဲ"

"ဘာမှ မဖြစ်ဘူး သား"


ရီရှဲ့လေးက ရှောင်ကျန့် ပေါင်ပေါ် တွယ်တက်လာပြီး သူ့လက်သေးသေးလေးနဲ့ ရှောင်ကျန့်မျက်နှာကို ကိုင်ကာ ရှောင်ကျန့်ရဲ့ နှဖူး ပါး မေးစေ့ နဲ့ နှာဖျားထိပ်တို့ကို နမ်းလာတာကြောင့် ရှောင်ကျန့် စိတ်တိုတာတွေ​ပျောက်သွားပြီး ချစ်စဖွယ် သားငယ်ကြောင့် ပြုံးမိသွားတယ်။


"ဘယ်သူ့သားလေးမို့ ချစ်ဖို့ကောင်းနေတာလဲကွာ"

"ပါးပါးတားယေး"

"လာပါအုံး ​မွမွ"


ရှောင်ကျန့် ရီရှဲ့လေးကို ဂျိုင်းနှစ်ဖက်ကနေ မြှောက်ကာ ပါးဖောင်းဖောင်းလေး နှစ်ဖက်ကိုနှာခေါင်း နစ်ဝင်သည်အထိ မွှေးကြူလိုက်သည်။

"ပါးပါး....."

"ဟင်"

"ပါးပါး ကြော်တွားပြီယား" (A/N ပျော်သွားပြီလားလို့ မေးတာပါ😁😁)

"ပျော်သွားတာပေါ့ ပါးပါးသားလေးက ဒီလောက်ချစ်ဖို့ကောင်းတာ"

"ခစ်.......ခစ်.......ခစ်.....ခစ်......"


ရီရှဲ့လေးရယ်သံကြောင့် ရှောင်ကျန့်စိတ်တွေ ပိုကြည်လင်လာသည်။ ရီရှဲ့လေးက တကယ့်ကို ရှောင်ကျန့်အတွက် မျက်ရှူ့လေးပင်။ အသက်ကြီးလာလေ daddy နဲ့ပိုတူလာလေ မို့ ပိုပြီး အသဲယားစေသည်။ မသိရင် daddy ပေါက်စလေးက တီတီတာတာတွေ ပြောနေဟန်။

Arr Ah Daddy (Complete)Where stories live. Discover now