Part 8(Uni +Zaw)

20.2K 1.8K 95
                                    

Arr Ah Daddy
Part 8(Uni)


ရီလျှို့မှာ သူ့အဖေ ရှောင်ကျန့်ကို ပြောလိုက်သောစကားကို ကြားသောအခါ စိတ်ထဲ အမျိုးအမည် မသိသော ခံစားချက်တို့ နေရာယူလာခဲ့သည်။ ရှောင်ကျန့်ကို သဝန်တိုခြင်းလား ဒါမှမဟုတ် သူ့အဖေက တခြားသူကို ဂရုစိုက်တာကို မကြိုက်ခြင်းလား ကတော့ ကာယကံရှင် ကိုယ်တိုင်ပင် မသိပါ။ထို အတွေးတို့က ရွယ်ယိ့ သူ့ပန်းကန်ထဲ ဟင်းလာထဲ့ပေးသည့် အချိန်မှဘဲ ရပ်တန့်သွားတော့သည်။ သူက ရွယ်ယိ့ကို ပြုံးကာ ကျေးဇူးဘဲ ဟု ပြောလိုက်သည်။ ရွယ်ယိ့ကလဲ ပြန်ပြုံးပြခဲ့သည်။


သို့ပေမဲ့ ရွယ်ယိ့ ပျော်မနေခဲ့ပါ။ သူ ရီလျှို့ကို စိတ်ဝင်စားရခြင်းက Wang ကုမ္မဏီရဲ့ တစ်ဦးထဲသော သားဖြစ်သောကြောင့်ဖြစ်သည်။ သူမကလဲ ချမ်းသာပေမဲ့ Wang ကုမ္မဏီကိုတော့ မယှဥ်နိုင်ပေ။ ဒါ့အပြင် သူမ အထက်မှာ အကို ၂ယောက် ရှိသေးသည်။ အဲ့ဒါကြောင့် သူမမှာ Yue ကုမ္မဏီရဲ့ သမီးအငယ်ဆုံး ဆိုသော ဂုဏ်ပုဒ် ကလွဲလို့ ဘာရာထူး ရှယ်ရာ မှ မရှိပေ။ အချိန်တန် လက်ထက်ပြီး သူများမိသားစုထဲ ဝင်ရမဲ့သူမို့ ဖြစ်သည်။ ထို့ကြောင့် ချမ်းသာပြီး အာဏာရှိသော မိသားစုကို ဝင်ရန်မှာ မိမိ၏ ရည်မှန်းချက်ပင်ဖြစ်လာရသည်။


ထို ရည်မှန်းချက်နှင့် ကိုက်ညီသောသူမှာ ရီလျှို့ပင်ဖြစ်သည်။ ရီလျှို့ကို စတွေတုန်းက ထိုသူက ရှောင်ကျန့်တစ်ယောက်ထဲကိုသာ ချစ်ပြီး အရာရာကို ဂရုစိုက်ပေးသည်။ အဲ့ဒါကြောင့် သူမမှာ အမြဲတမ်း ရှောင်ကျန့်ကို မနာလိုဖြစ်ရသည်။သူမ ရီလျှို့ဘေးနားမှာ နေနိုင်ရန်အတွက် များစွာ ​ကြိုးစားလာရသည်။


ဒါပေမဲ့ သူမ အခု ရီလျှို့ကို ပိုင်သွားပေမဲ့ တကယ် ပိုင်သွားခြင်းလား မသေချာပေ။ ရီလျှို့နဲ့ သူမ တွဲလိုက်လျှင် ရှောင်ကျန့်က သူမကို မနာလိုရမယ်လို့ မျှော်လင့်ထားသော်လည်း အဲ့လို ဖြစ်မနေခဲ့ပါ။ ရှောင်ကျန့်က သူမတို့ကို တစ်ချက်ပင် ကြည့်မလာခဲ့ပါ။ ကြည့်ရင်လဲ ဗလာကျင်းနေတဲ့ အကြည့်တစ်ချက်ထက် မပိုခဲ့။ ဘာ မနာလိုခြင်း မှ ပါဝင်မနေပေ။


ဒါ့အပြင် ရှောင်ကျန့် သူမရဲ့ မတော်ရသေးတဲ့ ယောက္ခမဖြစ်သူရဲ့ ဂရုစိုက်ခြင်းကိုလဲ ခံနေရသည်။ ဝမ်ရီပေါ် ဆိုသော သူက Wang ကုမ္မဏီရဲ့ CEO တစ်ယောက် ဖြစ်တယ်။ သူ့အသက်ကလဲ မကြီးသေးပေ။ ဝမ်ရီလျှို့ ချောသည် ဆိုပေမဲ့ ဝမ်ရီပေါ့်ကို မမှီပေ။ ဝမ်ရီပေါ်က ယောကျာ်းပီသစွာ ချောမောကာ ဆွဲဆောင်မှု ရှိသူဖြစ်သည်။ သူမကို အကြည့်တစ်ချက်မှ မပေးဘဲ ရှောင်ကျန့်ကိုဘဲ ကြည့်ကာ ဂရုစိုက်ပေးနေသည်။ ဤသည်က သူမအတွက် ဒေါသထွက်စရာပင်။ ဝမ်ရီပေါ်မှာ အမြဲ အေးစက်နေသူ ဖြစ်သော်လည်း ရှောင်ကျန့်ကို ပြောသော လေသံ ကကျ နူးညံ့နေသည်။


Arr Ah Daddy (Complete)Where stories live. Discover now