Part 4(Uni +Zaw)

20K 1.7K 77
                                    

Arr Ah Daddy
Part 4(Uni)

ရှောင်ကျန့် သူငှားနေတဲ့ အခန်းကျဥ်းထဲကို ရောက်တော့ ကုတင်ပေါ်မှာ လှဲကာ တနေ့တာကို ပြန်လည် စဥ်းစားနေတယ်။

ရှောင်ကျန့် ငှားနေတဲ့ အခန်းလေးက လူတစ်ယောက်နေဖို့ အရမ်းကျဥ်းသည်။ တစ်ယောက်အိပ်ကုတင်လေး တစ်လုံးရယ် စာကြည့် စားပွဲရယ်ဘဲ ရှိတယ်။

ရှောင်ကျန့်က သူ့အိတ်ထဲကနေ ပါလာတဲ့ ဝမ်ရီပေါ် ပေးသွားတဲ့ လိပ်စာကဒ်လေးကို အပေါ်မြှောက်ကာ ကြည့်ရင်း သက်ပြင်း ချလိုက်သည်။

"ဝမ်.....ရီ......ပေါ်.....ခင်ဗျားကတော့ ခင်ဗျားသားနဲ့ မတူဘူး........."

ရှောင်ကျန့် ရီပေါ့် နာမည်ကို တစ်လုံးချင်းရွတ်လိုက်သည်။ ရှောင်ကျန့်က ဝမ်ရီပေါ်ကို တစ်ခါမှ မမြင်ဖူးပေမဲ့ Wang ကုမ္မဏီက ဝမ်ရီပေါ်က ဝမ်ရီလျှို့ အဖေမှန်းတော့ သိလေသည်။ ဝမ်ရီပေါ်က အသက်ငယ်ငယ်လေးနဲ့ ကုမ္မဏီကြီးကို ဦးစီးနိုင်တဲ့အပြင် အချမ်းသားဆုံး စာရင်းမှာလဲ ထိပ်ဆုံးရ ရပ်တည်နေသူဖြစ်တယ်။ ရှောင်ကျန့်က  အရင်ထဲက ဝမ်ရီပေါ်နာမည် ကြားဖူးထဲက ထိုလူကို သူလေးစားသည်။

တစ်ချိန်ထဲမှာပင် ဝမ်ရီလျှို့ကို စဥ်းစားမိသည်။ ထိုသူက တစ်ပြားမှ မရှာနိုင်သေးဘဲ အဖေပေါ် မှီခိုကာ ဂုဏ်မောက်နေသူဖြစ်တယ်။

ရှောင်ကျန့် ခါးသက်စွာ ပြုံးလိုက်သည်။ သူနှင့် ရီလျှို့က ရီးစားဖြစ်ပေမဲ့ လက်ကိုင်တာ နမ်းတာထက် မပိုခဲ့ပေ။ ရှောင်ကျန့်က လက်မခံ ခဲ့ခြင်းဖြစ်သည်။ဒါပေမဲ့ ချစ်သူသက်တမ်း ၃နှစ် အတွင်း သူတို့နှစ်ဦး အဆင်ပြေခဲ့ပါသည်။ ရွယ်ယိ့ မပေါ်ခင် အထိပေါ့။ ရွယ်ယိ့က ရှောင်ကျန့်ကို ကူညီပေးတာကြောင့် သူမနှင့် သူငယ်ချင်းဖြစ်ခဲ့ခြင်းဖြစ်သည်။ နောက်မှ  ရီလျှို့နဲ့ ခင်ခဲ့သည်။

လက်စသတ်တော့ သူတို့နှစ်ယောက်အတွက် ကိုယ်က ကြားခံပစ္စည်း ဖြစ်နေခဲ့တာ မသိခဲ့ဘူး။ ရှောင်ကျန့် ကိုယ့်ဘာသာ တွေးမိတယ်။ ငါက တကယ် တုံးအတာဘဲ။ တစ်ယောက်ကိုကျ သူငယ်ချင်းကောင်းလို့ ထင်ခဲ့ပြီး တစ်ယောက်ကိုကျ ချစ်သူကောင်းလို့ ထင်ခဲ့မိတယ်။

Arr Ah Daddy (Complete)Where stories live. Discover now