Part 42(Uni +Zaw)

16.1K 1.3K 44
                                    

Arr Ah Daddy
Part 42(Uni)



"ဟယ်လို ကောကော"

"အင်း.......ရီရှဲ့"

"ကောကော ice-cream ချားချင်လို့"

"ဟမ်........အဖေနဲ့ ပါးပါး မရှိဘူးလား"

"အချီးအဝေး တွားတယ်"

"ဟုတ်ပြီး .......ဟုတ်ပြီ
ကောကော လာခေါ်မယ် ခဏစောင့်နော်"

"ဟုတ်ကဲ့"


ရီလျှို့ ဖုန်းချပြီးတာနဲ့ အတွင်းရေးမှူးကို မှာစရာ ရှိတာမှာပြီး Wang ကုမ္မဏီကို သွားတော့သည်။



ကုမ္မဏီရောက်တော့ ရီလျှို့ကို ကောင်တာမှ ဝန်ထမ်းကောင်မလေးတွေက နှုတ်ဆက်ကြလေသည်။

"မဂ်လာပါ CEO "

"အင်း"


ဝန်ထမ်းကို ပြုံးပြီး ခေါင်းတစ်ချက် ညိမ့်ပြလိုက်ကာ ပြန်နှုတ်ဆက်ပြလိုက်သည်။

"ကောကော"

အသံအကျယ်ကြီးနဲ့ အော်သံကြောင့် ရီလျှို့ လှည့်ကြည့်လိုက်ရာ ကလေးထိန်းအမရဲ့ လက်ကို ဆွဲလာတဲ့ ရီရှဲ့လေးစီမှ။ လက်ကို လွှတ်ကာ သူ့စီ ပြေးလာလေသည်။


"ရီရှဲ့ ဖြေးဖြေး ချော်လဲမယ်"

ပြောလို့တောင် မဆုံးသေး။ ချော်လဲ သွားတဲ့ ရီရှဲ့လေးပါ။


"အဟင့်......အဟင့်......အီးးဟီးးးး"


ရီလျှို့ အမြန်ပြေးသွားလိုက်ပြီး ကလေးကို ထူပေးပြီး ဖုန်ခါပေးလိုက်တယ်။

"မငိုနဲ့တော့ တိတ်တိတ် "

"အီးးးးဟီးးးးး"

"ယောကျာ်းလေးဆိုတာ မငိုရဘူးလေ"

"အဟင့်.......နာယို့ ငိုတာ မရဘူးလား"

"ဘယ်နားနာသွားလဲ ကောကောကိုပြ"

"ဒီနားကြီး"


ဒူးခေါင်းကို လက်ညိုးထိုးပြတာကြောင့် ဒူးနေရာကို စစ်ကြည့်တော့ ဒူးခေါင်းလေးနီနေတာကို တွေ့ရသည်။


"ဥုံဖွ.....ဥုံဖွ......
ပျောက်သွားပြီနော်"

"ပျောက်ဘူး.......နာနာ"


Arr Ah Daddy (Complete)Where stories live. Discover now