Part 29(Uni +Zaw)

16.9K 1.4K 43
                                    

Arr Ah Daddy
Part 29(Uni)



ရီပေါ် အိမ်ပြန်ရောက်တဲ့အခါ ရှောင်ကျန့်က အရင်လို သူ့ကို စောင့်မနေခဲ့။ ဘာများ ဖြစ်လို့လဲ။ နေများမကောင်းလို့လား ဆိုပြီး ရီပေါ် ခြေလှမ်းကြဲကြီးနဲ့ အိမ်ထဲ ဝင်သွားသည်။

အိမ်ထဲ ရောက်တာနဲ့ ဒေါ်ကြီးမိုးက အရင်နှုတ်ဆက်သည်။

"ရောက်ပြီလား သူဋေးကြီး"

"အင်း ရှောင်ကျန့်ရော"

"ခုဏကလေးတင် ပြေးတက်သွားတာ တွေ့လိုက်တယ်ရှင့်"

"............."

ရီပေါ် ဘာမှ ပြန်မဖြေတော့ဘဲ အိမ်ပေါ်သာ တက်ခဲ့တော့တယ်။ အခန်းထဲ ရောက်တော့ ကလေးက ကျောခိုင်းပြီး လှဲနေတာကို တွေ့ရတယ်။ တံခါးဖွင့်သံ ကြားမှ ထလာသည်။

"daddy ရောက်လာပြီလား"


ရှောင်ကျန့် အသံမကောင်းတာ ရီပေါ်သတိထားမိတယ်။ ချက်ချင်းဘဲ ကလေးနားသွားပြီး မျက်နှာလေးကို ကိုင်ကာ မော့လိုက်တော့ မျက်လုံးတွေက မို့နေကာ နှာဖျားလေးတွေက ရဲနေသည်။ ရီပေါ် ဒေါသ တော်တော် ထွက်သွားသည်။ သူတောင် ဒီကလေးကို ငိုရအောင် တစ်ခါမှ မလုပ်ရက်။ ကလေးကို တယုတယ နဲ့ စောင့်ရှောက်ပေးနေတာ။


"ဘယ်သူငိုအောင် လုပ်တာလဲ"

တိုးညင်းတဲ့ အသံပေမဲ့ အသံထဲမှာ ဒေါသ သံပါနေတာ ကို ရှောင်ကျန့် သတိထားမိတယ်။ daddy ကို ပြန်မပြောချင်တာကြောင့် ခေါင်းဘဲ ခါလိုက်သည်။

"ကိုယ့်ကို ကိစ္စတိုင်းအကုန် ပြန်ပြောရမယ်လို့ ကတိပေးထားတယ်လေ "

"ဒါပေမဲ့......မ​ပြောချင်ဘူး''

"မင်းကို ငိုအောင်လုပ်တာ အိမ်တွင်းကလား အိမ်ပြင်ကလား"

"..............."


ရှောင်ကျန့် နှုတ်ခမ်းကိုသာ စေ့ထားကာ ဘာတစ်ခွန်းမှ ပြန်မပြောပေ။ ဒီလို ပုံစံက ရီပေါ့်ကို ပိုပြီး ဒေါသ ထွက်စရာ ဖြစ်စေတယ်။ ရီပေါ်က အိတ်ကို ပစ်ချလိုက်ပြီး ရေချိုးခန်းဘက်ကို လှည့်ကာ

"ရေချိုးပြီးလို့မှ မပြောရင် မင်းကို ငိုစေတဲ့သူ သက်သာမယ် မထင်နဲ့"

Arr Ah Daddy (Complete)Where stories live. Discover now