Part 5(Uni+ Zaw)

20K 1.8K 36
                                    

Arr Ah Daddy
Part 5(Uni)

အတန်းထဲ ရောက်တော့ ရှောင်ကျန့်ထိုင်ခုံလေးက ပြတင်းပေါက်နားမှာ ဖြစ်တယ်။ ရှောင်ကျန့်က သူ့နေရာလေးမှာ သူသွားထိုင်လိုက်ပြီး လွယ်အိတ်ထဲမှ အိမ်စာအုပ်ကို ထုတ်ကာ ရေးလက်စ စာတွေကို အပြီးသတ်နေသည်။ ရှောင်ကျန့်က အချိန်ပိုင်း အလုပ်တွေလဲ လုပ်ရတာကြောင့် အိမ်စာကို ကျောင်းတွင်သာ လုပ်လေ့ရှိသည်။ ရှောင်ကျန့်က ဘယ်လောက်အလုပ်များပါစေ ကျောင်းတွင် Roll 1 မှ မဆင်းပေ။ ရှောင်ကျန့်စာကြိုးစားရတဲ့ ရည်ရွယ်ချက်ကလဲ scholor ရရန်ဖြစ်သည်။ ကျောင်းစရိတ်က အရမ်းစျေးကြီး လွန်းတာကြောင့် သူ့လုပ်အားခဖြင့် မတတ်နိုင်ပေ။

ရီလျှို့နဲ့ ရွယ်ယိ့ တို့ဟာလဲ လက်ချင်းချိတ်ပြီး ရှောင်ကျန့်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ အတူ ထိုင်ကြလေသည်။ အတန်းထဲက မိန်းကလေးတွေက ရွယ်ယိ့ကို အားကျနေကြသလို ယောကျာ်းလေးတွေကလဲ ရီလျှို့ကို အားကျနေကြသည်။ ရှောင်ကျန့်နဲ့ ရီလျှို့ တွဲတုန်းက ဘယ်သူမှ မသိခဲ့ကြပါ။ သူငယ်ချင်းဘဲ ထင်ကြတာ။ညအခုရွယ်ယိ့ နဲ့ကျ တစ်ရက်ထဲနဲ့ တစ်တန်းလုံး သိသွားကြလေသည်။

ရှောင်ကျန့်ကတော့ အတန်းထဲက ကိစ္စအားလုံးကို လေလိုသာ သဘောထားကာ အိမ်စာတွေကို အပြီးသတ်လိုက်သည်။ အချိန်ကျတာနဲ့ အတန်းထဲကို ဆရာမ ဝင်လာသည်။

ဆရာမက အိမ်စာတွေပြီး မပြီး စစ်တော့ ကျောင်းသား ၃ပုံမှာ ၁ ပုံဘဲ ပြီးကြသည်။ ရီလျှို့နဲ့ ရွယ်ယိ့ တို့က အိမ်စာပေးမှန်းတောင် မသိကြပါ။ ဆရာမက ရှောင်ကျန့် စာအုပ်ကို ကောက်ကိုင်လိုက်ပြီး ပြုံးပြီး ယူသွားလေသည်။

ပြီးတာနဲ့ အတန်းရှေ့မှာ ရှောင်ကျန့်စာအုပ်ကို မြှောက်ပြပြီး

"ကျောင်းသား ရှောင်ကျန့်ဘဲ အိမ်စာကို သေသေသပ်သပ် လက်ရေးလှလှနဲ့ အကုန်မှန်အောင် ရေးနိုင်တယ် ကျန်တဲ့သူတွေက အသုံးကို မကျကျဘူး"

ထိုအချိန် ရွယ်ယိ့က မနာလိုစွာ ကြည့်လိုက်ပြီး လက်ထောင်ကာ ဆရာမကို တိုင်လေသည်။

"ဆရာမ ရှောင်ကျန့်က အိမ်စာကို ဒီမနက်ကျောင်းကျမှ လုပ်တာ"

Arr Ah Daddy (Complete)Where stories live. Discover now