Part 12(Uni +Zaw)

20K 1.8K 45
                                    

Arr Ah Daddy
Part 12(Uni)


ရုတ်တရက်ကြီး အနမ်းခံရတဲ့ အတွက် ရီပေါ် အံသြသွားပြီး မျက်လုံးပြူးကာ အရှေ့ကသူကို ကြည့်နေသည်။ ဒီကလေးကတော့ မျက်လုံးနှစ်ဖက်စလုံးကို မှိတ်ကာ သူ့(yb)နှုတ်ခမ်းကို သူ့(xz)နူးညံ့တဲ့ နှုတ်ခမ်းလေးနဲ့ ဖိကပ်ထားသည်။ ဘယ်လောက်ဘဲ အံ့သြပါစေ  ရီပေါ် ရင်ထဲမှာတော့ နှလုံးတစ်ခုလုံးဟာ အပြင်ကို ပေါက်ထွက်တော့မတက် ခုန်နေခဲ့သည်။အသက်ရှူဖို့ပင် မေ့နေခဲ့သည်။ ဒီကောင်လေးအပေါ် ခံစားချက် မရှိဘူးဆို သူလိမ်ရာ ကျလိမ့်မယ်။အလားတူပင် ရှောင်ကျန့်လဲ ရင်ခုန်နေခဲ့သည်။

အနမ်း ဟု ဆိုရလောက်အောင်လဲ မဟုတ်။ ဘာလို့လဲ ဆိုတော့ သူတို့နှစ်ဦးရဲ့ နှုတ်ခမ်းတွေက ဖိကပ်ထားရုံသာ။ ဘယ်သူကမှ မလှုပ်ရှားကြ။

ခဏကြာတော့ ရှောင်ကျန့်က သူ့ နှုတ်ခမ်းကို ပြန်ခွာလိုက်သည်။ ရီပေါ် နှုတ်ခမ်းဟာ တောင့်တမှု နဲ့ ကျန်ရစ်ခဲ့သည်။ ရင်ထဲမှာလဲ တစ်ခုခု လစ်ဟာ သွားသလို။

ရှောင်ကျန့်က မတိုးမကျယ် အသံနဲ့မေးလိုက်သည်။

"လူကြီး ရင်ခုန်လား ကျွန်တော့်ကို ဘယ်လို ခံစားရလဲ"

".............."


ရီပေါ် က ရှောင်ကျန့်ကိိုသာ ကြည့်နေပြီး တစ်ခွန်းမှ ပြန်မဖြေခဲ့ပါ။ ရှောင်ကျန့်က အရှေ့ကို တိုးသွားပြီး ရီပေါ်ရင်ခွင်ထဲ တိုးကာ နှလုံးခုန်သံကို နားထောင်ကြည့်တယ်။

အနမ်းခံလိုက်ရထဲက ရင်ခုန်နေသော ရီပေါ်မှာရှောင်ကျန့်ရဲ့ နူးညံ​့သေးသွယ်နဲ့ မျက်နှာလေးက ရင်ဘက်လာကပ်နေသောကြောင့် ရင်ခုန်သံမှာ ခုနကထက် နှစ်ဆ ပိုမြန်လာသည်။

ဒါကို ကြားနေတဲ့ ရှောင်ကျန့်မှာ မျက်နှာပေါ်တွင် အပြုံးကြီး ဆင်မြန်းလျှက် ရီပေါ့်စီမှ ပြန်ခွာလိုက်ပြီး ရီပေါ့်ကို ယုန်သွားလေးများပေါ်အောင် ရယ်ပြပြီး

"လူကြီး ရင်ခုန်သံကိုတော့ လိမ်လို့ မရဘူးနော် လူကြီးရင်ထဲက အတိုင်း အမှန်အတိုင်းဖြေပေးပါ"

"ကိုယ် မင်းကို ရင်ခုန်မိတာ ဝန်ခံပါတယ် မင်းကို စိတ်ဝင်စားမိတာရော ဝန်ခံတယ် ဒါပေမဲ့ လက်ထက်ဖို့တော့ မဖြစ်နိုင်ဘူး ကိုယ်ခုဏက ပြောခဲ့ သလိုဘဲ ကိုယ်မင်းကို စောင့်ရှောက်ပေးနိုင်တယ်"


Arr Ah Daddy (Complete)Where stories live. Discover now