Part 30(Uni+ Zaw)

17.1K 1.4K 56
                                    

Arr Ah Daddy
Part 30(Uni)

ရှောင်ကျန့် ဆိုဖာပေါ်တွင် ထိုင်ကာ daddy ပြန်အလာကို စောင့်နေသည်။ သူတို့သားအဖ နှစ်ဦးကို ကိုယ့်ကြောင့် ပြသနာ မဖြစ်စေချင်ပါ။ daddy ဆုံးဖြတ်ချက်ကိုလဲ မတားဆီးနိုင်။ ပြောမိတာများ မှားသွားသလားလို့ တွေးမိတယ်။

ကိစ္စတိုင်းကို daddy ပြောပြတဲ့ အကျင့်က ပြင်လို့ မရတော့ဘူး ထင်တယ်။ပြသနာ ကြုံလာရင် ကိုယ့်ဘာသာ ဖြေရှင်းရမဲ့အစား daddy ကို အားကိုးတတ်လာတယ်။

ထားပါ ဒီကိစ္စတွေကို daddy သိထားသင့်ပါတယ်လေ ။ daddy တောင် သူ့အကြောင်းအကုန် ပြောပြထားတာဘဲ အခုဆို daddy ရော ကျွန်တော်ရော ဘာလျှို့ဝှက်ချက်မှ မရှိတော့ဘူး။

ပြောရင်းဆိုရင်း daddy အခန်းထဲ ဝင်လာလေသည်။ မျက်နှာက တည်ကာ အကြည့်တွေက စူးရှနေသည်။ ဒေါသ ထွက်နေတုန်း ထင်တယ်။

"မအိပ်သေးဘူးလား"

"Daddy ကို စောင့်နေတာပါ"

"အိပ်နှင့် ကိုယ်အပြင်သွားအုံးမယ်"

ရှောင်ကျန့်က ထိုင်ရာမှ ထလာပြီး ရီပေါ့်နားကို သွားကာ လက်ကို ဆွဲလိုက်လေသည်။ ရီပေါ့်အကြည့်ကတော့ ရှောင်ကျန့်စီတွင်သာ

"ဘာလို့ အပြင်သွားမှာလဲ "

"ကိုယ်..........."

"မသွားရဘူး ကျွန်တော်က daddy မရှိရင် အိပ်မပျော်ဘူး"

ရီပေါ်က စိတ်ရှုပ်လို့ အပြင်ထွက်ပြီး သွားသောက်ချင်ပေမဲ့ ကလေးက တားနေတာကြောင့် စိတ်လျော့လိုက်သည်။ အရှေ့က ကလေးကိုယ်လေးကိုသာ ပွေ့ဖက်ပြီး ဆံပင်လေးကို နမ်းရှိူက်လိုက်သည်။

"မင်းလေးနဲ့ ပတ်သက်ရင် ကိုယ် စိတ်မထိန်းနိုင်ဘူး ကလေးရယ်"

"Daddy. ...."

"မင်းလေးကို တတ်နိုင်ရင် ကိုယ့်ရင်ခွင်ထဲမှာဘဲ ဖွက်ထားချင်မိတယ်"

"daddy. ...."

"ကိုယ်....."

ရီပေါ် စကားပင် မဆုံးလိုက်ပါဘူး။ ရှောင်ကျန့်က နှုတ်ခမ်းနှင့် ပိတ်လိုက်သောကြောင့်။ ရမ္မက်မပါတဲ့ နူးညံ့ တဲ့ အနမ်းတစ်ခုကို ပုံဖော်ရင်း ရီပေါ်က ရှောင်ကျန့်ရဲ့ ခါးလေးကို ဖက်ထားပြီး ရှောင်ကျန့်က ရီပေါ့်ရဲ့ လည်ပင်းတွင် လက်နှစ်ဖက်ကို ချိတ်တွယ်ထားသည်။

Arr Ah Daddy (Complete)Where stories live. Discover now