Arr Ah Daddy
Part 39(Uni)
daddy~~~
ရီပေါ်နှဖူးလာနမ်းထဲက ရှောင်ကျန့်နိုးသွားတာ ဖြစ်တယ်။
ရှောင်ကျန့် daddy. ....လို့ အရင်ခေါ်ပြီး မှမျက်လုံး ပွင့်လာတယ်။ ကိုယ်မျက်လုံးတောင် ကိုယ်မယုံနိုင် ဖြစ်သွားတယ်။
ငိုနေတယ်........
Daddy က ငိုနေခဲ့တာလား။ ကျွန်တော့်ကြောင့်လား။
ရှောင်ကျန့် ထလိုက်တော့ daddy က လာထူပေးတယ်။ ပြီးမှ ကုတင်ပေးကို လာထိုင်တယ်။
ရှောင်ကျန့်က သူ့ရဲ့ လက်သေးသေးလေးကို မြှောက်ပြီး ရီပေါ့် ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
"ကျန့်လေး မင်းတို့ကို ဆုံးရှုံးရမှာ ကိုယ်ဘယ်လောက် ကြောက်လဲ သိလား
မင်းလေးကို ဘယ်တော့မှ တစ်ယောက်ထဲ လွှတ်မထားနိုင်တော့ဘူး"
"daddy~~~~ ကျွန်တော်လဲ ကြောက်နေခဲ့တာ ကျွန်တော်တို့ သားလေးသာ တစ်ခုခု ဖြစ်ရင် ကျွန်တော် အသက်ရှင်နိုင်မယ် မထင်ဘူး"
"ကျန့်လေးရယ် "
နာမည်လေးကို ရွတ်ပြီးတာနဲ့ ရှောင်ကျန့်ကိုယ်လုံးလေးကို ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားလိုက်တယ်။ ရှောင်ကျန့်ကလဲ ရီပေါ့်ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်တယ်။
ရှောင်ကျန့် အတွက် Daddy ရင်ခွင်လေးက အမြဲတမ်း လုံခြုံနွေးထွေးမှုကို ပေးတယ်။ ဘယ်လောက်ကြောက်ကြောက် daddy ရင်ခွင်ထဲ ရောက်တာနဲ့ အကြောက်တရားတို့ ကင်းစင်သွားရသည်။
ခဏနေမှ ရှောင်ကျန့် ရင်ခွင်ထဲမှ ထွက်လာပြီး ရီပေါ့်ကို မော့ကြည့်ကာ
"ရီလျှို့ အဆင်ပြေရဲ့လား daddy
သူကြောင့် ကျွန်တော်တို့ သားအဖ အသက်ရှင်ခဲ့တာ သူ့ကို သွားတွေ့ချင်တယ်"
"သူ.......ခွဲစိတ်ခန်းထဲမှာဘဲ ရှိသေးတယ်။ မင်းလေးအဆင်ပြေအောင်သာနေ။ ခဏအိပ်လိုက်ပါလား။ ပြီးမှ ကိုယ်ခေါ်သွားပေးမယ်လေ"
"ဟုတ်ကဲ့ daddy ပြန်သွားမှာလား"
"မသွားတော့ဘူး ကျန့်လေးနား နေအုံးမယ် ခွဲစိတ်ခန်းက ထွက်ချိန်လောက်မှ ကိုယ်တို့ အတူ သွားကြမယ်လေ"
"ဟုတ်
daddy ကျွန်တော့်ကို အပြစ်မတင်ဘူးမလား"
"ဘာကိုလဲ"
"ကျွန်တော့်ကြောင့် daddy သား ထိခိုက်တာလေ"
"မင်း အပြစ်မဟုတ်ပါဘူး ရှောင်ကျန့်
ပြီးတော့ ရီလျှို့ကိုယ်တိုင်က မင်းတို့ကို ကာကွယ် ပေးချင်ခဲ့တာဘဲ"
ရှောင်ကျန့်ဘာမှ ပြန်မဖြေတော့ဘဲ လှဲအိပ်လိုက်သည်။ ရီပေါ်က ရှောင်ကျန့်ကိုယ်ပေါ် ကို စောင်ခြုံပေးလိုက်ပြီး ဘေးခုံမှာ ထိုင်ကာ ကျန့်လေး လက်ကလေးကို ကိုင်ပေးထားလိုက်တယ်။
ခဏကြာတော့ အသက်ရှူသံ မြန်မြန်နဲ့ ကျန့်လေး အိပ်ပျော်သွားလေသည်။ ရီပေါ်ကတော့ ရှူ့မဝလေးရဲ့ မျက်နှာလေးကို ထိုင်ကြည့်ရင်း အိပ်ပျော်နေသူလေးကို စောင့်နေခဲ့တယ်။
တစ်နာရီ ကြာပြီးနောက်
ရီပေါ်နဲ့ ရှောင်ကျန့်တို့ အရေးပေါ် ခွဲစိတ်ခန်းရှေ့ကို ရောက်နေကြပြီ။
ရောက်ပြီး မကြာဘူး ဆရာဝန်ကြီးထွက်လာလေသည်။ သူ့အနောက်တွင် လက်ထောက်ဆရာဝန် နှစ်ယောက်နဲ့ သူနာပြု လေးယောက်ပါလာကြတယ်။
ဆရာဝန်ကြီး ထွက်လာချင်းချင်း ရီပေါ် ဆရာဝန်အနားသွားပြီး သတင်းမေးလေသည်။
"ဘယ်လိုနေသေးလဲ ဒေါက်တာ"
"ခေါင်းထိသွားတာ ဆိုတော့ ချက်ချင်း ပြန်ပြီး သတိမရနိုင်သေးဘူး။ စောင့်ကြည့်ရမှာပေါ့။ လူနာက တစ်ပတ်အတွင်း ဒါမှမဟုတ် တစ်လ အတွင်း ပြန်သတိရရင်တော့ အတော်ကံကောင်းတယ်ပြောရမယ်။ အဲ့လိုမဟုတ်ဘဲ သုံးလကနေ တစ်နှစ်အတွင်းလဲ ကြာရင်ကြာနိုင်တယ် ။ အဲ့ထက်လဲ ပိုနိုင်တယ်။ နားလည်အောင် ပြောရရင်တော့ ကိုမာ ဖြစ်နိုင်ချေ ရှိတယ်"
ရီပေါ့် မျက်နှာက တည်နေပေမဲ့ စိတ်အခြေအနေ မကောင်းမှန်း ရှောင်ကျန့် ရိပ်မိတယ်။ ရီပေါ်လက်ပေါ်လေးကို သူ့လက်နဲ့ ထပ်ကာ ကိုင်လိုက်တော့ ရီပေါ်က ငုံ့ကြည့်လာပြီး သက်ပြင်းချလိုက်သည်။
"ကျေးဇူးပါ ဒေါက်တာ
ငွေအင်အား တတ်နိုင်တာမို့ သက်သာအေညင် အကောင်းဆုံး ကုသပေးပါ"
"ဟုတ်ကဲ့ ကျွန်တော်တို့ ကြိုးစားပေးပါ့မယ်"
ဆရာဝန်ကြီးက ပြောဆို ပြီးတာနဲ့ ထွက်သွားလေသည်။ ဒရိုင်ဘာမုနဲ့ စစ်လင်းပိုင်တို့က ရီလျှို့ အခန်းပြောင်းတဲ့ ကဏ္ဍကို လိုက်ပြီး လုပ်ပေးကြတယ်။
ရီပေါ်နဲ့ ရှောင်ကျန့်တို့ကတော့ ရွယ်ယိ့စီကို သွားကြလေသည်။ စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ ရှောင်ကျန့်ကို ထားခဲ့ပေမဲ့ ရှောင်ကျန့်က အတင်းလိုက်မယ်ပြောတာကြောင့် အတူ ခေါ်လာရခြင်း ဖြစ်သည်။
စိတ်ရောဂါကု ဌာနရဲ့ အခန်းတစ်ခန်းထဲကို ရောက်တော့ ရွယ်ယိ့အပြင် သူမ့ရဲ့ အဖေရော အမေပါ ရောက်နေကြသည်။
စိတ်ရောဂါ ဌာနဆိုတော့ ရှောင်ကျန့် မှားတယ်ထင်ပြီး daddy ကို ပြောသေးတယ်။ daddy က မှန်တယ်ဆိုပြီး ခေါ်လာခြင်း ဖြစ်တယ်။
ရီပေါ်တို့ကို တွေ့တော့ ရွယ်ယိ့ အဖေနဲ့ အမေက ထလာပြီး လာကြိုကြသည်။
ရီပေါ်ရော ရှောင်ကျန့်ပါ မျက်နှာ ခပ်တင်းတင်း ဖြစ်နေပေမဲ့ ရွယ်ယိ့ မိဘနှစ်ပါးကတော့ အသားခံတဲ့ မျက်နှာပုံစံလေးတွေနဲ့ အနားကပ်လာကြသည်။
ရီပေါ်က အရင်စပြောလိုက်သည်။
""ပို့လိုက်တဲ့ vedio ကို တွေ့ပြီးပြီလို့ ထင်တယ်
ပထမကတော့ ရီလျှို့ သတိရလာမှ သူမ့ကို သူ့စိတ်ကြိုက် စီစဥ်ခိုင်းမလို့
အခုတော့ ကိုယ့်သားက ကံမကောင်းရင် ကိုမာ ဖြစ်တော့မှာ
သူ့ကို မစောင့်နိုင်တော့ဘူး
ထောင်တစ်ခါထဲ ချမယ် သူမအပြစ်က ဒီတစ်ခုထဲတင်မကဘူး "'
ရွယ်ယိ့ အမေက ငိုပြီး တောင်းပန်စကားဆိုသည်။
""တောင်းပန်ပါတယ်ရှင် ထောင်တော့ မချလိုက်ပါနဲ့ အခုတောင် ကျွန်မတို့ သမီးက စိတ်ဖောက်ပြန်နေပြီ ဒေါက်တာကပြောတယ် သူ့မစိတ်ရောဂါ အခြေအနေက လုံးဝ ပြန်မကောင်းနိုင်တော့ဘူးလို့ပြောတယ်"'
ရီပေါ်က မျက်နှာတင်းကာ ဘာမှ ပြန်မဖြေချေ။ ရွယ်ယိ့ အမေကတော့ ငိုယိုကာ တောင်းပန်နေသည်။
မနေနိုင်တဲ့ အဆုံး ရှောင်ကျန့်ကဘဲ ကြားထဲကနေ ဝင်ပြောရတော့သည်။
"စိတ်ရောဂါ ဖြစ်နေတယ် ဆိုတော့လဲ စိတ်ဝေသနာ သည်တွေ ထားတဲ့ နေရာကို ပို့လိုက်ပေါ့"
ပြီးမှ ရီပေါ့် ဘက်ကို လှည့်ကာ
"သူမလဲ ကျန်းမာရေး မကောင်းတော့ဘူးဘဲ ။ ထောင်တော့ ချမနေပါနဲ့တော့"
ရီပေါ်က ရှောင်ကျန့်ကို တချက် ကြည့်ပြီးမှ
""ကိုယ့်အမျိုးသားပြောပေးလို့ လွတ်သွားတယ်မှတ်။ ခွင့် မလွတ်နိုင်ဘူး။ စိတ်ဝေသနာရုံ ကို ချက်ချင်းပို့ပေးပါ။ အပြင်မှာ မမြင်ချင်တော့ဘူး။ ပြီးတော့ Yue ကုမ္မဏီနဲ့ Wang ကုမ္မဏီ ဆက်သွယ်ထားတဲ့ ဖက်ဆက်အလုပ်တွေ အကုန် ရပ်သိမ်းတယ်။ ရှယ်ယာတွေလဲ အကုန်ပြန်ထုတ်ပေးမယ်။ နောက်နောင် မျက်နှာချင်းဆိုင်စရာ မရှိတော့လောက်ဘူး လို့ မျှော်လင့်တယ်။ ရီလျှို့ နိုးလာမှ သူတို့နှစ်ယောက် ကိစ္စကိုတော့ သူတို့နှစ်ယောက်ဘာသာ ဖြေရှင်းပါစေ"'
ရွယ်ယိ့ အဖေနဲ့ အမေတို့ကတော့ သူ့သမီးအပြစ်ကြောင့် မျက်လွှာချထားရုံအပြင် မရှိပါ။ Wang ကုမ္မဏီနဲ့ အလုပ်တွေ ဖျတ်သိမ်းလိုက်မှာတင် သူတို့ ဝင်ငွေ ၃ ပုံ ၁ ပုံကို ကျဆင်းသွားစေသည်။ အချစ်ဆုံး သမီးအငယ်ဆုံးကိုလဲ စိတ်ဝေသနာရုံ မှာ သွားထားရမည့် အတွက် သူတို့နှင့် ခွဲ ရတော့မည်။
ရွယ်ယိ့အမေကတော့ ငိုပြီးရင်း ငိုနေသည်။ အဖေကတော့ မျက်နှာမကောင်းပေ။
ကာယကံရှင် ရွယ်ယိ့ကရော..........
ကုတင်ပေါ်တွင် ထိုင်ကာ ရယ်နေသည်။
"ဟားဟားဟား ရှောင်ကျန့် နင်ရှုံးသွားပြီး ငါက ရီလျှို့နဲ့ လက်ထက်တော့မှာလေ
ရီလျှို့က.....ငါ့ကိုဘဲ ချစ်တာ........"
အော်ပြောရင်း ရယ်နေသည်။ ရယ်သာနေတယ်။ ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေ ရွှဲနေသည်။
ခဏနေတော့~~~~
ဝမ်ရီပေါ့် လက်အောက်ထဲက စိတ်ဝေသနာ ဆေးရုံက ဝန်ထမ်း ယောကျာ်း ၄ယောက် ရောက်လာတယ်။
ရောက်လာပြီး ရွယ်ယိ့ကို ဆွဲခေါ်ကြလေသည်။
""အားးးး......မလိုက်ဘူး.....ငါ့ကို .....လွှတ်ကြစမ်း
ဒယ်ဒီ.....မာမီ.....သမီးကို ကယ်ပါအုံး
သမီး.......မရူးဘူး......မလိုက်ချင်ဘူးလို့
အားးးးးး"'
ရီပေါ်နဲ့ ရှောင်ကျန့်က မျက်နှာထား တည်တည်နဲ့သာ ရပ်ကြည့်နေကြသည်။
သူ့သမီးကို ဒီလို လာခေါ်ထဲက ရွယ်ယိ့ မိဘတွေ သိသွားပါပြီ။ ထောင်မချဘူး ပြောပေမဲ့ ဝမ်ရီပေါ့် လက်အောက်က ဆေးရုံဆိုထဲက သူတို့နဲ့ တွေ့ရဖို့ ဝေးသွားလေပြီ။ နေရာသာ ကွာတာ။ ထောင်ပါဘဲ။
အေးလေ။ ဝမ်ရီပေါ် ဆိုတဲ့ လူရဲ့ ပတ်သက်တဲ့ လူတွေကို သွားထိတာလေ။ လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမလား။ သူတို့သမီးကို မသတ်တာဘဲ ကျေးဇူးတင်ရမယ်။
ရွယ်ယိ့ မိဘများမှာ သူတို့ သမီးကို ဆွဲခေါ်သွားတာကို ရပ်ကြည့်နေရုံဘဲ တတ်နိုင်ကြသည်။ မိခင် ဖြစ်သူကတော့ မကြည့်ရက်လို့ မျက်နှာ လွှဲ ထားသည်။
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂
"သားလေးရေ ဒါက သားလေးရဲ့ အကိုနော်
သူကယ်လို့ ပါးပါးတို့တွေ အသက်ရှင်ရတာ
အကို့ ကို အမြန် သတိရလာပါစေ လို့ ဆုတောင်းပေးလိုက်ပါအုံး"
နေ့စဥ်မပြတ် လာနေကျ အတိုင်း ရှောင်ကျန့် ပန်းစည်းလေးယူလာပြီး ရီလျှို့ကို လာတွေ့ခြင်းပင်။ ဗိုက်လေးပေါ် လက်တင်ရင်း တစ်ယောက်ထဲ စကားပြောနေတာ ဖြစ်တယ်။
ရီလျှို့ သတိမေ့နေသည်မှာ ၁၅ရက်ပင် ကြာနေပြီ။ ရီပေါ်က ဆေးရုံကို တစ်ပတ် ၂ခါခေါက် ရောက်လာတတ်ပေးမဲ့ ရှောင်ကျန့်ကတော့ မနက်တိုင်းပင် ရောက်လာတတ်သည်။
ရီလျှို့ကို ခွင့်လွှတ်တယ် ခွင့် မလွှတ်ဘူး ဆိုတာထက် အတိတ်က အကြောင်းတွေကို စိတ်ထဲ မထည့်တော့ ခြင်းဆို ပိုမှန်လိမ့်မည်။
အခုလက်ရှိ ရှောင်ကျန့် စိတ်ထဲတွင် ရီလျှို့က သူ့၏ daddy ရဲ့သား။ သူနဲ့ ဗိုက်ထဲက သားသားလေးရဲ့ ကယ်တင်ရှင် ဟူ၍ အမှတ်တရ ကောင်းတွေကိုဘဲ မှတ်မိတော့သည်။
အတိတ်တွေကို လက်လွှတ်လိုက်တာက အကောင်းဆုံးပါဘဲ~~~~
ပြီးတော့ သူကိုယ်တိုင်က ကိုယ်ဝန်ဆောင်သည် ဖြစ်နေတာမို့ အရာရာကို အကောင်းဘက်ကဘဲ တွေးချင်သည်။ ပျော်ရွှင်စရာ အကြောင်းတွေကိုဘဲ နှလုံးသွင်းချင်သည်။ သူနဲ့ daddy ရဲ့ သားလေးကို အကောင်းဆုံးတွေဘဲ ပေးစေချင်တာကြောင့်ပါ။
ရှောင်ကျန့် ပြန်ဖို့ ကျောခိုင်းမလို့ လုပ်တုန်း ရီလျှို့ လက်လှုပ်လာလေသည်။
ခဏကြာတော့ မျက်လုံးပါ ဖွင့်လာလေသည်။
ရှောင်ကျန့်လဲ ဆရာဝန်တွေကို ချက်ချင်းခေါ်လိုက်သည်။ daddy ကိုလဲ ဖုန်းဆက်ခေါ်လိုက်သည်။
ရီလျှို့ သတိပြန်ရလာလေပြီ~~~~
^. ...............^
Arr Ah Daddy
Part 39(Zaw)
daddy~~~
ရီေပၚႏွဖူးလာနမ္းထဲက ေရွာင္က်န့္နိုးသြားတာ ျဖစ္တယ္။
ေရွာင္က်န့္ daddy. ....လို႔ အရင္ေခၚၿပီး မွမ်က္လုံး ပြင့္လာတယ္။ ကိုယ္မ်က္လုံးေတာင္ ကိုယ္မယုံနိုင္ ျဖစ္သြားတယ္။
ငိုေနတယ္........
Daddy က ငိုေနခဲ့တာလား။ ကြၽန္ေတာ့္ေၾကာင့္လား။
ေရွာင္က်န့္ ထလိုက္ေတာ့ daddy က လာထူေပးတယ္။ ၿပီးမွ ကုတင္ေပးကို လာထိုင္တယ္။
ေရွာင္က်န့္က သူ႕ရဲ႕ လက္ေသးေသးေလးကို ျမႇောက္ၿပီး ရီေပၚ့ ပါးျပင္ေပၚက မ်က္ရည္ေတြကို သုတ္ေပးလိုက္သည္။
"က်န့္ေလး မင္းတို႔ကို ဆုံးရႈံးရမွာ ကိုယ္ဘယ္ေလာက္ ေၾကာက္လဲ သိလား
မင္းေလးကို ဘယ္ေတာ့မွ တစ္ေယာက္ထဲ လႊတ္မထားနိုင္ေတာ့ဘူး"
"daddy~~~~ ကြၽန္ေတာ္လဲ ေၾကာက္ေနခဲ့တာ ကြၽန္ေတာ္တို႔ သားေလးသာ တစ္ခုခု ျဖစ္ရင္ ကြၽန္ေတာ္ အသက္ရွင္နိုင္မယ္ မထင္ဘူး"
"က်န့္ေလးရယ္ "
နာမည္ေလးကို ႐ြတ္ၿပီးတာနဲ႕ ေရွာင္က်န့္ကိုယ္လုံးေလးကို ရင္ခြင္ထဲ ထည့္ၿပီး ဖက္ထားလိုက္တယ္။ ေရွာင္က်န့္ကလဲ ရီေပၚ့ခါးကို တင္းၾကပ္စြာ ဖက္ထားလိုက္တယ္။
ေရွာင္က်န့္ အတြက္ Daddy ရင္ခြင္ေလးက အၿမဲတမ္း လုံၿခဳံႏြေးေထြးမႈကို ေပးတယ္။ ဘယ္ေလာက္ေၾကာက္ေၾကာက္ daddy ရင္ခြင္ထဲ ေရာက္တာနဲ႕ အေၾကာက္တရားတို႔ ကင္းစင္သြားရသည္။
ခဏေနမွ ေရွာင္က်န့္ ရင္ခြင္ထဲမွ ထြက္လာၿပီး ရီေပၚ့ကို ေမာ့ၾကည့္ကာ
"ရီလွ်ို႔ အဆင္ေျပရဲ႕လား daddy
သူေၾကာင့္ ကြၽန္ေတာ္တို႔ သားအဖ အသက္ရွင္ခဲ့တာ သူ႕ကို သြားေတြ႕ခ်င္တယ္"
"သူ.......ခြဲစိတ္ခန္းထဲမွာဘဲ ရွိေသးတယ္။ မင္းေလးအဆင္ေျပေအာင္သာေန။ ခဏအိပ္လိုက္ပါလား။ ၿပီးမွ ကိုယ္ေခၚသြားေပးမယ္ေလ"
"ဟုတ္ကဲ့ daddy ျပန္သြားမွာလား"
"မသြားေတာ့ဘူး က်န့္ေလးနား ေနအုံးမယ္ ခြဲစိတ္ခန္းက ထြက္ခ်ိန္ေလာက္မွ ကိုယ္တို႔ အတူ သြားၾကမယ္ေလ"
"ဟုတ္
daddy ကြၽန္ေတာ့္ကို အျပစ္မတင္ဘူးမလား"
"ဘာကိုလဲ"
"ကြၽန္ေတာ့္ေၾကာင့္ daddy သား ထိခိုက္တာေလ"
"မင္း အျပစ္မဟုတ္ပါဘူး ေရွာင္က်န့္
ၿပီးေတာ့ ရီလွ်ို႔ကိုယ္တိုင္က မင္းတို႔ကို ကာကြယ္ ေပးခ်င္ခဲ့တာဘဲ"
ေရွာင္က်န့္ဘာမွ ျပန္မေျဖေတာ့ဘဲ လွဲအိပ္လိုက္သည္။ ရီေပၚက ေရွာင္က်န့္ကိုယ္ေပၚ ကို ေစာင္ၿခဳံေပးလိုက္ၿပီး ေဘးခုံမွာ ထိုင္ကာ က်န့္ေလး လက္ကေလးကို ကိုင္ေပးထားလိုက္တယ္။
ခဏၾကာေတာ့ အသက္ရႉသံ ျမန္ျမန္နဲ႕ က်န့္ေလး အိပ္ေပ်ာ္သြားေလသည္။ ရီေပၚကေတာ့ ရႉ႕မဝေလးရဲ႕ မ်က္ႏွာေလးကို ထိုင္ၾကည့္ရင္း အိပ္ေပ်ာ္ေနသူေလးကို ေစာင့္ေနခဲ့တယ္။
တစ္နာရီ ၾကာၿပီးေနာက္
ရီေပၚနဲ႕ ေရွာင္က်န့္တို႔ အေရးေပၚ ခြဲစိတ္ခန္းေရွ႕ကို ေရာက္ေနၾကၿပီ။
ေရာက္ၿပီး မၾကာဘူး ဆရာဝန္ႀကီးထြက္လာေလသည္။ သူ႕အေနာက္တြင္ လက္ေထာက္ဆရာဝန္ ႏွစ္ေယာက္နဲ႕ သူနာျပဳ ေလးေယာက္ပါလာၾကတယ္။
ဆရာဝန္ႀကီး ထြက္လာခ်င္းခ်င္း ရီေပၚ ဆရာဝန္အနားသြားၿပီး သတင္းေမးေလသည္။
"ဘယ္လိုေနေသးလဲ ေဒါက္တာ"
"ေခါင္းထိသြားတာ ဆိုေတာ့ ခ်က္ခ်င္း ျပန္ၿပီး သတိမရနိုင္ေသးဘူး။ ေစာင့္ၾကည့္ရမွာေပါ့။ လူနာက တစ္ပတ္အတြင္း ဒါမွမဟုတ္ တစ္လ အတြင္း ျပန္သတိရရင္ေတာ့ အေတာ္ကံေကာင္းတယ္ေျပာရမယ္။ အဲ့လိုမဟုတ္ဘဲ သုံးလကေန တစ္ႏွစ္အတြင္းလဲ ၾကာရင္ၾကာနိုင္တယ္ ။ အဲ့ထက္လဲ ပိုနိုင္တယ္။ နားလည္ေအာင္ ေျပာရရင္ေတာ့ ကိုမာ ျဖစ္နိုင္ေခ် ရွိတယ္"
ရီေပၚ့ မ်က္ႏွာက တည္ေနေပမဲ့ စိတ္အေျခအေန မေကာင္းမွန္း ေရွာင္က်န့္ ရိပ္မိတယ္။ ရီေပၚလက္ေပၚေလးကို သူ႕လက္နဲ႕ ထပ္ကာ ကိုင္လိုက္ေတာ့ ရီေပၚက ငုံ႕ၾကည့္လာၿပီး သက္ျပင္းခ်လိဳက္သည္။
"ေက်းဇူးပါ ေဒါက္တာ
ေငြအင္အား တတ္နိုင္တာမို႔ သက္သာေအညင္ အေကာင္းဆုံး ကုသေပးပါ"
"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ ႀကိဳးစားေပးပါ့မယ္"
ဆရာဝန္ႀကီးက ေျပာဆို ၿပီးတာနဲ႕ ထြက္သြားေလသည္။ ဒရိုင္ဘာမုနဲ႕ စစ္လင္းပိုင္တို႔က ရီလွ်ို႔ အခန္းေျပာင္းတဲ့ က႑ကို လိုက္ၿပီး လုပ္ေပးၾကတယ္။
ရီေပၚနဲ႕ ေရွာင္က်န့္တို႔ကေတာ့ ႐ြယ္ယိ့စီကို သြားၾကေလသည္။ စိတ္အႏွောက္အယွက္ ျဖစ္မွာစိုးလို႔ ေရွာင္က်န့္ကို ထားခဲ့ေပမဲ့ ေရွာင္က်န့္က အတင္းလိုက္မယ္ေျပာတာေၾကာင့္ အတူ ေခၚလာရျခင္း ျဖစ္သည္။
စိတ္ေရာဂါကု ဌာနရဲ႕ အခန္းတစ္ခန္းထဲကို ေရာက္ေတာ့ ႐ြယ္ယိ့အျပင္ သူမ့ရဲ႕ အေဖေရာ အေမပါ ေရာက္ေနၾကသည္။
စိတ္ေရာဂါ ဌာနဆိုေတာ့ ေရွာင္က်န့္ မွားတယ္ထင္ၿပီး daddy ကို ေျပာေသးတယ္။ daddy က မွန္တယ္ဆိုၿပီး ေခၚလာျခင္း ျဖစ္တယ္။
ရီေပၚတို႔ကို ေတြ႕ေတာ့ ႐ြယ္ယိ့ အေဖနဲ႕ အေမက ထလာၿပီး လာႀကိဳၾကသည္။
ရီေပၚေရာ ေရွာင္က်န့္ပါ မ်က္ႏွာ ခပ္တင္းတင္း ျဖစ္ေနေပမဲ့ ႐ြယ္ယိ့ မိဘႏွစ္ပါးကေတာ့ အသားခံတဲ့ မ်က္ႏွာပုံစံေလးေတြနဲ႕ အနားကပ္လာၾကသည္။
ရီေပၚက အရင္စေျပာလိုက္သည္။
""ပို႔လိုက္တဲ့ vedio ကို ေတြ႕ၿပီးၿပီလို႔ ထင္တယ္
ပထမကေတာ့ ရီလွ်ို႔ သတိရလာမွ သူမ့ကို သူ႕စိတ္ႀကိဳက္ စီစဥ္ခိုင္းမလို႔
အခုေတာ့ ကိုယ့္သားက ကံမေကာင္းရင္ ကိုမာ ျဖစ္ေတာ့မွာ
သူ႕ကို မေစာင့္နိုင္ေတာ့ဘူး
ေထာင္တစ္ခါထဲ ခ်မယ္ သူမအျပစ္က ဒီတစ္ခုထဲတင္မကဘူး "'
႐ြယ္ယိ့ အေမက ငိုၿပီး ေတာင္းပန္စကားဆိုသည္။
""ေတာင္းပန္ပါတယ္ရွင္ ေထာင္ေတာ့ မခ်လိဳက္ပါနဲ႕ အခုေတာင္ ကြၽန္မတို႔ သမီးက စိတ္ေဖာက္ျပန္ေနၿပီ ေဒါက္တာကေျပာတယ္ သူ႕မစိတ္ေရာဂါ အေျခအေနက လုံးဝ ျပန္မေကာင္းနိုင္ေတာ့ဘူးလို႔ေျပာတယ္"'
ရီေပၚက မ်က္ႏွာတင္းကာ ဘာမွ ျပန္မေျဖေခ်။ ႐ြယ္ယိ့ အေမကေတာ့ ငိုယိုကာ ေတာင္းပန္ေနသည္။
မေနနိုင္တဲ့ အဆုံး ေရွာင္က်န့္ကဘဲ ၾကားထဲကေန ဝင္ေျပာရေတာ့သည္။
"စိတ္ေရာဂါ ျဖစ္ေနတယ္ ဆိုေတာ့လဲ စိတ္ေဝသနာ သည္ေတြ ထားတဲ့ ေနရာကို ပို႔လိုက္ေပါ့"
ၿပီးမွ ရီေပၚ့ ဘက္ကို လွည့္ကာ
"သူမလဲ က်န္းမာေရး မေကာင္းေတာ့ဘူးဘဲ ။ ေထာင္ေတာ့ ခ်မေနပါနဲ႕ေတာ့"
ရီေပၚက ေရွာင္က်န့္ကို တခ်က္ ၾကည့္ၿပီးမွ
""ကိုယ့္အမ်ိဳးသားေျပာေပးလို႔ လြတ္သြားတယ္မွတ္။ ခြင့္ မလြတ္နိုင္ဘူး။ စိတ္ေဝသနာ႐ုံ ကို ခ်က္ခ်င္းပို႔ေပးပါ။ အျပင္မွာ မျမင္ခ်င္ေတာ့ဘူး။ ၿပီးေတာ့ Yue ကုမၼဏီနဲ႕ Wang ကုမၼဏီ ဆက္သြယ္ထားတဲ့ ဖက္ဆက္အလုပ္ေတြ အကုန္ ရပ္သိမ္းတယ္။ ရွယ္ယာေတြလဲ အကုန္ျပန္ထုတ္ေပးမယ္။ ေနာက္ေနာင္ မ်က္ႏွာခ်င္းဆိုင္စရာ မရွိေတာ့ေလာက္ဘူး လို႔ ေမွ်ာ္လင့္တယ္။ ရီလွ်ို႔ နိုးလာမွ သူတို႔ႏွစ္ေယာက္ ကိစၥကိုေတာ့ သူတို႔ႏွစ္ေယာက္ဘာသာ ေျဖရွင္းပါေစ"'
႐ြယ္ယိ့ အေဖနဲ႕ အေမတို႔ကေတာ့ သူ႕သမီးအျပစ္ေၾကာင့္ မ်က္လႊာခ်ထား႐ုံအျပင္ မရွိပါ။ Wang ကုမၼဏီနဲ႕ အလုပ္ေတြ ဖ်တ္သိမ္းလိုက္မွာတင္ သူတို႔ ဝင္ေငြ ၃ ပုံ ၁ ပုံကို က်ဆင္းသြားေစသည္။ အခ်စ္ဆုံး သမီးအငယ္ဆုံးကိုလဲ စိတ္ေဝသနာ႐ုံ မွာ သြားထားရမည့္ အတြက္ သူတို႔ႏွင့္ ခြဲ ရေတာ့မည္။
႐ြယ္ယိ့အေမကေတာ့ ငိုၿပီးရင္း ငိုေနသည္။ အေဖကေတာ့ မ်က္ႏွာမေကာင္းေပ။
ကာယကံရွင္ ႐ြယ္ယိ့ကေရာ..........
ကုတင္ေပၚတြင္ ထိုင္ကာ ရယ္ေနသည္။
"ဟားဟားဟား ေရွာင္က်န့္ နင္ရႈံးသြားၿပီး ငါက ရီလွ်ို႔နဲ႕ လက္ထက္ေတာ့မွာေလ
ရီလွ်ို႔က.....ငါ့ကိုဘဲ ခ်စ္တာ........"
ေအာ္ေျပာရင္း ရယ္ေနသည္။ ရယ္သာေနတယ္။ ပါးျပင္ေပၚမွာေတာ့ မ်က္ရည္ေတြ ႐ႊဲေနသည္။
ခဏေနေတာ့~~~~
ဝမ္ရီေပၚ့ လက္ေအာက္ထဲက စိတ္ေဝသနာ ေဆး႐ုံက ဝန္ထမ္း ေယာက်ာ္း ၄ေယာက္ ေရာက္လာတယ္။
ေရာက္လာၿပီး ႐ြယ္ယိ့ကို ဆြဲေခၚၾကေလသည္။
""အားးးး......မလိုက္ဘူး.....ငါ့ကို .....လႊတ္ၾကစမ္း
ဒယ္ဒီ.....မာမီ.....သမီးကို ကယ္ပါအုံး
သမီး.......မ႐ူးဘူး......မလိုက္ခ်င္ဘူးလို႔
အားးးးးး"'
ရီေပၚနဲ႕ ေရွာင္က်န့္က မ်က္ႏွာထား တည္တည္နဲ႕သာ ရပ္ၾကည့္ေနၾကသည္။
သူ႕သမီးကို ဒီလို လာေခၚထဲက ႐ြယ္ယိ့ မိဘေတြ သိသြားပါၿပီ။ ေထာင္မခ်ဘဴး ေျပာေပမဲ့ ဝမ္ရီေပၚ့ လက္ေအာက္က ေဆး႐ုံဆိုထဲက သူတို႔နဲ႕ ေတြ႕ရဖို႔ ေဝးသြားေလၿပီ။ ေနရာသာ ကြာတာ။ ေထာင္ပါဘဲ။
ေအးေလ။ ဝမ္ရီေပၚ ဆိုတဲ့ လူရဲ႕ ပတ္သက္တဲ့ လူေတြကို သြားထိတာေလ။ လြယ္လြယ္နဲ႕ ခြင့္လႊတ္ေပးမလား။ သူတို႔သမီးကို မသတ္တာဘဲ ေက်းဇူးတင္ရမယ္။
႐ြယ္ယိ့ မိဘမ်ားမွာ သူတို႔ သမီးကို ဆြဲေခၚသြားတာကို ရပ္ၾကည့္ေန႐ုံဘဲ တတ္နိုင္ၾကသည္။ မိခင္ ျဖစ္သူကေတာ့ မၾကည့္ရက္လို႔ မ်က္ႏွာ လႊဲ ထားသည္။
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂
"သားေလးေရ ဒါက သားေလးရဲ႕ အကိုေနာ္
သူကယ္လို႔ ပါးပါးတို႔ေတြ အသက္ရွင္ရတာ
အကို႔ ကို အျမန္ သတိရလာပါေစ လို႔ ဆုေတာင္းေပးလိုက္ပါအုံး"
ေန႕စဥ္မျပတ္ လာေနက် အတိုင္း ေရွာင္က်န့္ ပန္းစည္းေလးယူလာၿပီး ရီလွ်ို႔ကို လာေတြ႕ျခင္းပင္။ ဗိုက္ေလးေပၚ လက္တင္ရင္း တစ္ေယာက္ထဲ စကားေျပာေနတာ ျဖစ္တယ္။
ရီလွ်ို႔ သတိေမ့ေနသည္မွာ ၁၅ရက္ပင္ ၾကာေနၿပီ။ ရီေပၚက ေဆး႐ုံကို တစ္ပတ္ ၂ခါေခါက္ ေရာက္လာတတ္ေပးမဲ့ ေရွာင္က်န့္ကေတာ့ မနက္တိုင္းပင္ ေရာက္လာတတ္သည္။
ရီလွ်ို႔ကို ခြင့္လႊတ္တယ္ ခြင့္ မလႊတ္ဘူး ဆိုတာထက္ အတိတ္က အေၾကာင္းေတြကို စိတ္ထဲ မထည့္ေတာ့ ျခင္းဆို ပိုမွန္လိမ့္မည္။
အခုလက္ရွိ ေရွာင္က်န့္ စိတ္ထဲတြင္ ရီလွ်ို႔က သူ႕၏ daddy ရဲ႕သား။ သူနဲ႕ ဗိုက္ထဲက သားသားေလးရဲ႕ ကယ္တင္ရွင္ ဟူ၍ အမွတ္တရ ေကာင္းေတြကိုဘဲ မွတ္မိေတာ့သည္။
အတိတ္ေတြကို လက္လႊတ္လိုက္တာက အေကာင္းဆုံးပါဘဲ~~~~
ၿပီးေတာ့ သူကိုယ္တိုင္က ကိုယ္ဝန္ေဆာင္သည္ ျဖစ္ေနတာမို႔ အရာရာကို အေကာင္းဘက္ကဘဲ ေတြးခ်င္သည္။ ေပ်ာ္႐ႊင္စရာ အေၾကာင္းေတြကိုဘဲ ႏွလုံးသြင္းခ်င္သည္။ သူနဲ႕ daddy ရဲ႕ သားေလးကို အေကာင္းဆုံးေတြဘဲ ေပးေစခ်င္တာေၾကာင့္ပါ။
ေရွာင္က်န့္ ျပန္ဖို႔ ေက်ာခိုင္းမလို႔ လုပ္တုန္း ရီလွ်ို႔ လက္လႈပ္လာေလသည္။
ခဏၾကာေတာ့ မ်က္လုံးပါ ဖြင့္လာေလသည္။
ေရွာင္က်န့္လဲ ဆရာဝန္ေတြကို ခ်က္ခ်င္းေခၚလိုက္သည္။ daddy ကိုလဲ ဖုန္းဆက္ေခၚလိုက္သည္။
ရီလွ်ို႔ သတိျပန္ရလာေလၿပီ~~~~
^. ...............^