Arr Ah Daddy
Part 38(Uni)
ဒီနေ့ daddy က ညနေပိုင်း အစည်းအဝေးရှိလို့ အိမ်ပြန် နောက်ကြမယ်တဲ့။ ဒီနေ့တော့ အိမ်ကို ဒရိုင်ဘာမု လိုက်ပို့ပေးတယ်။
နာရီ ကြည့်လိုက်တော့ ခြောက်နာရီခွဲနေပြီ။ ညနေစာ စားချင်စိတ် မရှိဘဲနဲ့ လမ်းထိပ်ဆိုင်က ခေါက်ဆွဲကြော်ကို အရမ်းစားချင်နေမိသည်။
ဒီအချိန် ဒေါ်ကြီးကိုလဲ မခိုင်းချင်ပါ။ ဆောင်းတွင်းကြီးမို့ အမှောင်မြန်သည်။ ဒေါ်ကြီးက မျက်လုံး မကောင်းတော့လို့ ညနေစောင်းကြီးကို အပြင်မထွက်စေချင်တာ ဖြစ်တယ်။
ရှောင်ကျန့် ဗီဒိုထဲက အနွေးထည် ထူထူ တစ်တည်ကို ကောက်စွပ်ပြီး ပိုက်ဆံအိတ်ယူကာ အပြင်ထွက်သွားလေသည်။
အောက်ထပ်ကို ရောက်တော့ ဒေါ်ကြီးက အလျင်အမြန် ရောက်လာပြီး
"သူဋေးလေး ဘယ်သွားမလို့လဲ"
"လမ်းထိပ်ကို ခေါက်ဆွဲကြော်သွားဝယ်မလို့ပါ"
"ကျွန်မ သွားပေးပါ့မယ်"
"ရတယ် ဒေါ်ကြီး ကျွန်တော့်ဘာသာဘဲ သွား ဝယ် လိုက်ပါ့မယ် "
"စိတ်မချလို့ပါ"
"သေချာ ဂရုစိုက်ပါ့မယ်ဒေါ်ကြီးရဲ့ ကျွန်တော်လဲ လမ်းမလျှောက်ရတာ ကြာပြီမို့လို့"
"ဟုတ် အဲ့တာဆိုလဲ သေသေချာချာလေး ဂရုစိုက်နော်"
"ဟုတ်ကဲ့ပါဗျ"
ထွက်သွားသော ကျောပြင်လေးကို ကြည့်ပြီးမှ ဒေါ်ကြီးလဲ မီးဖိုချောင်ထဲ ပြန်ဝင်သွားခေသည်။
ရှောင်ကျန့် ဗိုက်လေးပေါ် လက်လေးတင်ပြီး ပြုံးကာ လမ်းဘေးကနေ လျှောက်သွားလေသည်။
"သားလေးက ဒီချိန်ကြီး ခေါက်ဆွဲကြော် စားချင်တာလား ပါးပါး ကို အလုပ်ရှုပ်အောင်လို့"
"သားလေး အဲ့လိုတွေ ဆိုးနေရင် daddy တော့ ပါးပါးတို့သားအဖဒဏ် မခံနိုင်ဘဲ ထွက်ပြေးသွားလိမ့်မယ်"
"ဟားဟား ပါးပါးကို ကန်တယ်ပေါ့လေ"
ရှောင်ကျန့်တစ်ယောက်ထဲ စကားပြောနေရင်း ဗိုက်ထဲက ကလေးလေးက ကန်လိုက်သလို လှုပ်သွားတော့ ရှောင်ကျန့် အသံလေး ထွက်ကာ သဘောတကျ ရယ်လိုက်သည်။
လမ်းထိပ်ရောက်တော့ သူစားချင်တဲ့ ခေါက်ဆွဲကြော်ဆိုင်ကို လှမ်းတွေ့ရလေသည်။လမ်းတစ်ဘက် တစ်ချက်မှာ ရှိတာမို့ လမ်းဖြတ်ကူးဖို့ ဘယ်ညာကြည့်နေတုန်း အနောက်ကနေ တွန်းလိုက်တာကြောင့် ကားအနက်ရောင် တစ်စီးရှေ့ကို ရောက်သွားသည်။
အရှိန်ပြင်းစွာ မောင်းလာတဲ့ ကားတစ်စီးကြောင့် ရှောင်ကျန့် ရှောင်ဖို့ပင် မတတ်နိုင်တော့ဘဲ ဒူးတုန်နေမိသည်။
မီးရောင်က မျက်လုံးကို ထိုးနေပြီး တီတီ ဆိုတဲ့ ကားဟွန်းတီးသံတွေဘဲ ကြားရကာ မျက်လုံးတွေ ပြာဝေသွားရသည်။ ခေါင်းလဲ ခြာခြာ လည်နေသည်။
"ကလေးလေးရေ ပါးပါးကြောက်တယ်"
ရှောင်ကျန့် စိတ်ထဲကနေ ပြောပြီး ပါးပြင်ပေါ် တွင် မျက်ရည် တစ်စက် ကျသွားကာ မျက်လုံး စုံမှိတ်ထားမိသည်။
ကျွီ~~~~ ဒုန်း~~~~~
အချိန်ခဏကြာမှ ရှောင်ကျန့် မျက်လုံးဖွင့် ကြည့်မိတယ်။
"ငါဘာမှ မဖြစ်ပါလား"
ကိုယ့်ဘာသာ ရေရွတ်ရင်း ကြည့်လိုက်တော့ သူက လမ်းဘေးမှာ ထိုင်ရက်သား ကျနေသည်။ အဲ့တာဆို ကားနဲ့ တိုက်မိသွားတာ ဘယ်သူလဲ။ မဟုတ်ဘူး ငါ့ကို တွန်းလိုက်ပြီး ငါ့အစား အတိုက်ခံပေးတာ ဘယ်သူလဲ။
ကားအနက်ရှေ့ သွေးအိုင်တွေထဲမှာ လဲကျနေသူရဲ့ မျက်နှာကို ကြည့်တော့ ရှောင်ကျန့် လန့်သွားသည်။
ထိုသူက ရီလျှို့ပင်။
ရှောင်ကျန့် ခေါင်းထဲမှာ မေးခွန်းတွေ များနေသည်။ ရီလျှို့ ဘာလို့ ရီလျှို့လဲ ။ ရီလျှို့ကဘာလို့ ငါ့ကို ကယ်တာလဲ။
ရှောင်ကျန့် အခုချိန်တွင် ခြေတွေ လက်တွေလဲ အရမ်းတုန်နေသည်။ မတ်တပ်ပင် မရပ်နိုင်တော့။
ထိုအချိန် သူ့အရှေ့လာရပ်တဲ့ အနက်ရောင် ဘွတ်ဖိနပ်နှင့်သူ။ ထိုသူက ရီပေါ်ပင်။
"Daddy. ....."
ရှောင်ကျန့် အားကိုးတကြီး ခေါ်မိသည်။ ရီပေါ်က အခုမှ ရုံးဆင်းတာဖြစ်ပြီး လမ်းထိပ်တွင် အက်စီးတန့် ဖြစ်နေတာကို တွေ့တော့ ကားကဆက်သွားလို့ မရတာမို့လို့။ ကားပေါ်က ဆင်းလာခြင်း ဖြစ်သည်။ ဘယ်လိုထင် မိမလဲ။ ကားတိုက်ခံရသူက သူ့သား ဖြစ်ပြီး လမ်းဘေးတွင် ရှောင်ကျန့်က ထိုင်ရက်သား။
အခြေအနေတွေကို စဥ်းစားလို့ပင် မရတော့ပေ။ ဒရိုင်ဘာမုကို ရီလျှို့ ကိုသွားကြည့်ခိုင်းပြီး သူက ရှောင်ကျန့်အနား လာခြင်းဖြစ်သည်။
ရီပေါ် ရှောင်ကျန့် ရှေ့ထိုင်ချလိုက်တော့ ရှောင်ကျန့်က ရီပေါ့်ကို တန်းဖက်လေသည်။ ငိုနေပြီး ပါးစပ်ကနေလဲ ပါးလုံးပါးထွေးတွေ ပြောနေသေးသည်။
"daddy. .....ဗိုက်အောင့်တယ် ဟင့်.... .ဗိုက်က အရမ်းနာနေတယ်.....အဟင့်...ဟင့်"
"ဘာမှ မဖြစ်ဘူး ကျန့်လေး......
ကျန့်လေး ဘာမှ မဖြစ်ရဘူး"
ရီပေါ်လဲ ရှောင်ကျန့်ကိုသာ အားပေးရတာ သူ့အနေနဲ့လဲ အရမ်းကို ထိတ်လန့်နေသည်။ သားနဲ့ ရှောင်ကျန့်ကြောင့်။ ရှောင်ကျန့်အောက်ပိုင်းမှ သွေးစတွေကို တွေ့ရသောအခါ ရီပေါ် အတော်လေး တုံလှုပ်သွားသည်။
ခဏနေတော့ ဆေးရုံကားရောက်လာသည်။ ရီလျှို့ကို ဆေးရုံကားထဲ ထဲ့သွားပြီး ရှောင်ကျန့်ကိုတော့ ရီပေါ့်ကားနဲ့ဘဲ ဆေးရုံသွားရသည်။
ဆေးရုံက သူတို့လမ်းထိပ်နဲ့ သိပ်မဝေးတာကြောင့် ခဏလေးရောက်သွားသည်။ ဒရိုင်ဘာမုက ရီလျှို့ နောက်ကို လိုက်ပြီး အကုန်လိုက်လုပ်ပေးနေသည်။
"ဒီလူနာက ခေါင်းထိသွားတယ်။ချက်ချင်း ခွဲစိတ်မှ ရမယ် ။ ဦးနှောက်ထဲ သွေးခဲသွားလား မခဲ ဘူးလားဆိုတာတော့ ခွဲပီးမှ သိရမယ်။လူနာရှင် ဘယ်မှာလဲ လက်မှတ်ထိုးပေးရပါမယ်"
ဆေးရုံတစ်ခုထဲ ဆိုပေမဲ့ သားဖွားမီးယပ်အခန်းနဲ့ ခွဲစိတ်ခန်း က ဝေးလေသည်။ ဒရိုင်ဘာမုက အုပ်ထိန်းသူ မဟုတ်တာမို့ ဘော့စ်ကို ဖုန်းလှမ်းဆက်လေသည်။
"အေးအေး "
ရီပေါ်က ရှောင်ကျန့်မျက်နှာလေးကို လှမ်းကြည့်လိုက်တယ်။ ရှောင်ကျန့်က ကုတင်ပေါ်မှာ လဲရက်သားနဲ့ စစ်ဆေးတုန်းဘဲ ရှိသေးပေမဲ့ တစ်ဖက်ကလဲ သူ့သားမို့သွားမှ ဖြစ်မည်။
ရှောင်ကျန့်က အလိုက်တသိနဲ့
"မြန်မြန်သွားလိုက်ပါ daddy. ....ကျွန်တော် တစ်ယောက်ထဲ ရတယ်"
"ဟုတ်ပြီ ကျန့်လေး ကိုယ်ပြီးတာနဲ့ ပြန်လာခဲ့မယ်
ဒေါက်တာ ဂရုစိုက်ပေးပါအုံး"
"အင်း စိတ်ချလက်ချသာ သွား ရီပေါ်"
ရှဲ့ခွိုင်ရဲ့ ဇနီး ဒေါက်တာမက ရီပေါ့်ကို ပြောလိုက်လေသည်။ ရီပေါ် ချက်ချင်းဘဲ ပြေးသွားလေသည်။
သတင်းထဲမှာတောင် ပါလာသည်။ Wang ကုမ္မဏီရဲ့ ဆက်ခံသူ ဝမ်ရီလျှို့ ကားတိုက်ခံရတဲ့အကြောင်း။ ****** ဆေးရုံကို တင်လိုက်ရတယ် ဆိုတဲ့ အကြောင်း။
ရီပေါ် အပြေးတစ်ပိုင်းနဲ့ ဆယ်မိနစ် အတွင်း ခွဲစိတ်ခန်းကို အမှီလာသည်။
လက်မှတ်ထိုးပေးလိုက်ပြီး
"သားကို ဂရုစိုက်ပေးပါ ဒေါက်တာ"
"အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ် သူဋေးကြီး"
ရီပေါ် ရပ်ကြည့်ရင်း ခွဲစိတ်ခန်း တံခါး က ပိတ်သွားလေပြီ။ ဒရိုင်ဘာမု ရီပေါ့်ကို ကြည့်လိုက်တော့ သူတို့ဘော့စ် မျက်နှာ မကောင်းပါ။ ဘာဘဲ ပြောပြော သူ့သားဖြစ်တဲ့ ရီလျှို့ကို စိတ်ပူနေမှန်း သိသာ ပါသည်။
ရီပေါ့် နှဖူးတွင်လဲ ချွေးတွေ စီးကျနေသည်။ ဒီနေ့က သူတို့ ကုမ္မဏီမှာ အလုပ်အရမ်း များတာ ဖြစ်တယ်။ အပင်ပန်းဆုံးနေ့လဲ ဖြစ်တယ်။ ပြန်လာချင်းချင်း ကြုံရတာက ကားတိုက်ခံရပြီး အခြေအနေ စိုးရိမ်ရတဲ့သားရယ် လူလားမမြောက်သေးတဲ့ ရှောင်ကျန့် ဗိုက်ထဲက သားအငယ်လေး ကိုယ်ဝန် ပျက်ကျသွားလား ရှိသေးလားဆိုတာ စစ်ဆေးနေတုန်း အဖြေမသိရဘဲ ဒီကို လာရသည်။
"သူဋေးကြီး မစိုးရိမ်ပါနဲ့"
ဒရိုင်ဘာမု့ အပြောကို ရီပေါ် ပြန်မဖြေနိုင်ပါ။ ထိုအချိန် ရီပေါ့် ဖုန်းလာလေသည်။
"ဟယ်လို "
"..............."
"ကောင်းပြီ"
ဖုန်းချ ပြီးပြီးချင်း ရီပေါ့် မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာရသည်။ လက် အကြောများ ပေါ်သည် အထိ လက်သီးစုတ်မိသည်။
ကားအက်စီးတန့် အကြောင်းကို စုံစမ်းခိုင်းထားတဲ့သူစီက ဆက်တာ ဖြစ်တယ်။ အက်စီးတန့် ဖြစ်တဲ့ နေရာရဲ့ အရှေ့က စတိုးဆိုင်မှာ CCTV ရှိလေသည်။ အဲ့ ထဲကနေ မြင်ရတာကို လှမ်းပြောပြတာ ဖြစ်တယ်။ ဖုန်းဆက်ပြီး မကြာဘူး။ cut ထားတဲ့ vedio လဲ လှမ်းပို့ပေးလေသည်။
Vedio ထဲမှာက.........
ရှောင်ကျန့်က လမ်းဖြတ်ကူးဖို့ စောင့်နေတုန်း ရွယ်ယိ့က အနောက်ကနေ အရှိန်နဲ့ မောင်းလာတဲ့ ကားအနက်ရောင် တစ်စီး ရှေ့ကို တွန်းလိုက်တာ ဖြစ်တယ်။ အဲ့ချိန်မှာ ရီလျှို့က ပြေးကာ ရောက်လာပြီး ရှောင်ကျန့်ကို တွန်းကာ သူအတိုက်ခံလိုက်ရတာ ဖြစ်တယ်။
ဒရိုင်ဘာမုက ရီပေါ့်ကို လက်တို့ပြီး မျက်လုံးနဲ့ ပြတယ်။
ရီပေါ်လဲ ဒရိုင်ဘာမု ညွှန်ရာကို ကြည့်လိုက်တော့ ရွယ်ယိ့ပင်။ ရီပေါ် မျက်နှာဟာ ဒေါသကြောင့် ပိုပြီး ကြောက်ဖို့ ကောင်းသွားသည်။
လာရဲသေးတယ်ပေါ့~~~~
ရွယ်ယိ့ က ရီပေါ့်ကို မြင်တာနဲ့ အပြေးအလွှား ရောက်လာပြီး
"အဖေ ......ရီလျှို့ရော......ရီလျှို့ဘယ်မှာလဲဟင်"
ရီပေါ်က အားကုန်သုံးကာ ရွယ်ယိ့ပါးကို လက်ပြန် ရိုက်လိုက်လေသည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်ကို ရိုက်ဖူးခြင်းပင်။
"မင်းပါးစပ်က ငါ့သား နာမည် ထွက်ရဲသေးတယ်ပေါ့"
ရီပေါ် အော်ပြောလိုက်သည်။ ရွယ်ယိ့ကတော့ ရီပေါ့် ရိုက်ချက်ကြောင့် လဲနေရာကပင် မထနိုင်သေးပါ။ ပါးတွင် လက်ငါးချောင်းရာ ထင်သွားပြီး နှုတ်ခမ်းတွင်လဲ သွေးစို့သွားသည်။
ရီပေါ့် အော်သံကြောင့် ရွယ်ယိ့ တစ်ကိုယ်လုံး တုန်တက်သွားပြီး စိတ်ရူးပေါက်လာသည်။
""ဟားဟားဟား......ရီလျှို့...ရီလျှို့.....နင်က ရှောင်ကျန့်ကို အဆုံးထိ ကာကွယ်ပေးတာဘဲ
နင့်အသတ်ကိုတောင် မမှု့ဘဲနဲ့လေ......
အဲ့လောက်တောင် ချစ်တာလား....
အီးးဟီးးး.......နင်သေရင် ရှောင်ကျန့်လဲ ရှင်ရမယ် မထင်နဲ့........."'
ရယ်လိုက် ငိုလိုက် လုပ်နေရင်း ရွယ်ယိ့ တစ်ယောက် သတိလစ်သွားလေသည်။
ရီပေါ်က အပေါ်စီးကနေ စိုက်ကြည့်နေပြီး
""သူမ့မိဘတွေကို ခေါ်ပြီး
ဖြစ်သမျှ အကုန်ပြောပြလိုက်
သူ့တို့ သမီးကို မျက်နှာကိုတောင် မမြင်ရပါစေနဲ့လို့ အိမ်ရိပ်တောင် မနင်းစေနဲ့ သူမ့ အဝတ်တွေကို တစ်ခါထဲ အိမ်ပြန်ပို့လိုက် ရီလျှို့ နိုးလာမှ သူမ့အပြစ်ကို ပေးဆက်ခိုင်းမယ်လို့....... တစ်ခွန်းမကျန် ပြန်ပြောပေးပါ"'
ဒရိုင်ဘာမုလဲ ရီပေါ် ခိုင်းတဲ့ အလုပ်တွေကို ချက်ချင်းဘဲ သွားလုပ်တော့တယ်။ မေ့လဲ နေတဲ့ ရွယ်ယိ့ကိုလဲ ဆရာဝန်တွေ ခေါ်သွားကြတယ်။
ရီပေါ် ဒေါ်ကြီးနဲ့ သူ့သူငယ်ချင်း လူလွတ် စစ်လင်းပိုင် ကို ဖုန်းကြို ဆက်ထားတာကြောင့် နှစ်ယောက်အတူ ရောက်လာကြသည်။ စစ်လင်းပိုင်က ရီပေါ့်အိမ်ကို သွားပြီး ဒေါ်ကြီးကို ဝင်ခေါ်ခဲ့ခြင်း ဖြစ်သည်။.
"လာကြပြီလား ခွဲစိတ်တာ ပြီးဖို့ လိုသေးတယ် စောင့်ပေးပါအုံး ရှောင်ကျန့်ကို သွားကြည့်ရအုံးမှာ မို့လို့"
"အေးအေး သွားသွား"
ပြောပြီးပြီးချင်း ရီပေါ် ပြန်ပြေးသွားလေသည်။ ရီလျှို့ စီမှာတင် တစ်နာရီလောက် ကြာသွားသည်။ သူမလာခင်က ရှောင်ကျန့် ချွေးစို့ကာ နာလို့ အော်နေပုံ ဗိုက်ထဲက သားလေးရော ဘယ်လို ဖြစ်သွားပြီလဲ။ ဆွေမျိုးသားချင်း မရှိတာမို့ ရှောင်ကျန့် ခက်ခဲနေချိန်ကို အနားမှာ ဘယ်သူမှ ရှိမပေးနိုင်ခဲ့။ အမလို ခင်တဲ့ ရှဲ့ခွိုင်ဇနီး ရှိပေမဲ့ မတူဘူးလေ။
ရှောင်ကျန့် ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ။ ကျန့်လေးအနားမှာ မရှိပေးနိုင်တာက သူ့ဘဝအတွက် နောင်တ ရစရာ ဒဏ်ရာ အဖြစ် ကျန်ခဲ့တော့မည်။
သားဖွားမီးယပ် ဌာန ရောက်တော့ ရှောင်ကျန့် အခန်းထဲ မဝင်ခင် ရီပေါ့် လက်တွေ တုန်နေပါတယ်။ တည်ငြိမ်တဲ့ ရီပေါ် ဘာကိုမှ မကြောက်တတ်တဲ့ ရီပေါ်က အခုတော့ အတော်လေးကို ကြောက်နေပါသည်။
သူအခန်းထဲဝင်သွားတော့ ရှောင်ကျန့်က ကုတင်ပေါ်တွင် လဲကာ မျက်လုံးမှိတ်ထားသည်။ မျက်နှာလေးက သိသိသာသာပင် ဖျော့တော့နေသည်။ ရှဲ့ခွိုင်ဇနီး ဒေါက်တာမကတော့ ရှောင်ကျန့်ကုတင်ဘေးက ထိုင်ခုံမှာ ထိုင်စောင့်ပေးနေသည်။
ရီပေါ်ရောက်လာတာ မြင်တော့ ထလာပြီ
"ရောက်ပြီလား ရီပေါ်"
"ကျန့်လေး ဘယ်လိုနေလဲ
ကလေးရော......."
ရီပေါ့် အသံတွေက သိသိသာသာ တုန်နေခဲ့ပြီး အဖျားမှာ တိမ်ဝင်သွားသည်။
ရှဲ့ခွိုင်ဇနီးက
"စိတ်ပူစရာ မလိုတော့ပါဘူး ကလေးရော ဖခင်ပါ အကုန်ကောင်းကြတယ် ကလေးက ကံအတော်ကောင်းတယ် ကိုယ်ဝန် ထိန်းဆေး ထိုးပေးထားတယ်။ သေချာတော့ ဂရုစိုက်ရမယ်။ နောက်တစ်ခေါက် ဘာမှ ဖြစ်လို့ မရတော့ဘူး"
"နားလည်ပါတယ် ကျေးဇူးတင်ပါတယ် ဒေါက်တာ"
"ရပါတယ်"
"စောင့်ပေးတဲ့ အတွက်ကြောင့်ရောဘဲ"
"မလိုပါဘူး ရှောင်အာက ငါ့ရဲ့ မောင်လေးဘဲ"
ရှဲ့ခွိုင် ဇနီးလဲ ရီပေါ် ရောက်လာတော့ ပြောသင့်တာ ပြောပြီး ထွက်သွားလေသည်။
ရီပေါ်က ရှောင်ကျန့်နားသွားပြီး ဗိုက်ပေါ် လက်လေးတင်ရင်း ရှောင်ကျန့် နှဖူးလေးကို နမ်းလိုက်ပြီး
"ကျေးဇူးပါ ဘာမှ မဖြစ်လို့"
^. ................^
ဒီနေ့ စာ အရှည်ကြီးဘဲနော်😊
ချစ်ရင် vote ပေးပြီး တစ်ခုခု မန့်ခဲ့😘
Arr Ah Daddy
Part 38(Zaw)
"ကျွန်မ သွားပေးပါ့မယ်"
"စိတ်မချလို့ပါ"
"ဟုတ်ကဲ့ပါဗျ"
ကျွီ~~~~ ဒုန်း~~~~~
"ငါဘာမှ မဖြစ်ပါလား"
ထိုသူက ရီလျှို့ပင်။
"Daddy. ....."
"အေးအေး "
"ဟယ်လို "
"..............."
"ကောင်းပြီ"
Vedio ထဲမှာက.........
လာရဲသေးတယ်ပေါ့~~~~
"အေးအေး သွားသွား"
"ရောက်ပြီလား ရီပေါ်"
"ကျန့်လေး ဘယ်လိုနေလဲ
ကလေးရော......."
ရှဲ့ခွိုင်ဇနီးက
"ရပါတယ်"
^. ................^