၆၉။ [ ထောင်ကျစေချင်နေတာလေ ]
“ အဲ့ဒီယွမ်တစ်သောင်းက တစ်စုံတစ်ယောက်ရဲ့အသက်ကိုကယ်ဖို့ပဲ .. ခင်ဗျား လူသတ်ဖို့ လုပ်နေတာ .. ရှချင်းယန် တစ်ခုခုပြောပါဦး ”
“ နင်တို့တွေ မလာနဲ့နော် .. မထိနဲ့ .. သွားကြ .. ”
ဆံပင်တွေ ဖရိုဖရဲဖြစ်နေပုံကြောင့် ခု သူမပုံစံက အရူးမကြီးသဖွယ်။
“ ငါဘာမှမလုပ်ခဲ့ဘူး .. အကုန် လုမန်လုပ်တာ .. သူ ငါ့ကို ချောက်တွန်းဖို့ ကြိုးစားနေတာ .. ကယ်ပါ .. ချီယွမ် .. လုပ်ပါဦး .. မြန်မြန် သူတို့ကို မောင်းထုတ်ပေးပါ ”
သို့သော် လုချီယွမ် ကားထဲသို့ ပုန်းဝင်သွားခဲ့၏။ အပြင်က သတင်းထောက်တွေအားလုံးဟာ ဖုတ်ကောင်တစ်အုပ်ပမာ ရန်မူကြမ်းကြုတ်လို့ ကြောက်စရာ ကောင်းသည်။ ရှချင်းယန်လို ဖြစ်မှာစိုးလို့ သူ အပြင်ထွက်ရမှာကြောက်နေသည်။
ခုနေ လုမန်သာ ရှိနေရင် အံ့သြထူးဆန်းနေမှာ မဟုတ်..
အဘယ်ကြောင့်ဆိုသော် လုချီယွမ်သည် သူ့ကိုယ်သူထက် ဘယ်သူ့ကိုမှ ပိုမချစ်၍ ဖြစ်၏။
လုချီတောင်မှ ကားထဲမှာ ရှိနေသည်။ ပြတင်းတံခါးကို ဖိလျက် နှုတ်ခမ်းကိုက်ထားသည့်တိုင် အပြင်ထွက်ဖို့တော့ သတ္တိမရှိပါ။
သတင်းထောက်တွေ ဓာတ်ပုံဝိုင်းရိုက်နေသည့် အလယ်က ရှချင်းယန်ကို ကြည့်နေရုံပဲ လုချီတတ်နိုင်၏။ ရှချင်းယန်၏ အားကိုးရာမဲ့ စိတ်သောကရောက်နေရှာသော အသွင်အပြင်သည် လမ်းပေါ်က သူတောင်းစားပမာ ဖြစ်နေတော့သည်။
သတင်းထောက်တွေ ဓာတ်ပုံရိုက်ခြင်း ပြီးဆုံးမှ
“ သွားကြစို့ ဓာတ်ပုံရိုက်စရာ မရှိတော့ဘူး ”
ဟု ထန်းကျိက ဆို၏။
အားလုံး လူစုခွဲသွားကြသည်။
ထိုအခါမှ လုချီယွမ်နှင့် လုချီ တို့ တံခါးဖွင့်ပြီး ကားပေါ်ကဆင်းလေသည်။ ရှချင်းယန်က အောက်မှာ ခြေပစ်လက်ပစ် လဲကျ ငိုယိုနေ၏။
အဆီပြန်နေသော ဆံပင်တွေက မျက်နှာပေါ်မှာ ဖရိုဖရဲ ကပ်တွယ်နေသည်။ မော့ကြည့်လာမှ ကင်မရာနဲ့ ရိုက်မိလို့ နဖူးမှာ ဒဏ်ရာရသွားတာကို မြင်လိုက်ရ၏။
လုချီယွမ် ရွံပေမယ့် ရှချင်းယန်ကို ဆွဲထူလိုက်ပြီး ကားထဲဝင်သည်။ ပြီးတော့ တစ်သျှူးစိုတစ်ဖတ်ဆွဲထုတ်ပြီး လက်တွေသုတ်ပစ်လိုက်ကာ အိမ်သို့ မောင်းပြန်လိုက်သည်။
အိမ်ထဲဝင်လိုက်တာနှင့် ရှချင်းယန်ရဲ့မျက်နှာကို သူ မကြည့်ချင်အောင် ဖြစ်လာ၏။
ခု သူမပုံစံက ပန်းပွင့်လေးလို အမြဲလှပနေခဲ့တဲ့ သူ့ဇနီးချောလေးနဲ့ မတူတော့ဘဲ လမ်းဘေးက သူတောင်းစားရုပ်ပေါက်နေသည်။
ရှချင်းယန် အမြန် ရေချိုးပြီး သွားတိုက်သည်။ အမျိုးစုံသော အလှကုန်တွေ မျက်နှာပေါ် တစ်လွှာပြီးတစ်လွှာ တင်လို့ပြီးမှ တစ်ခါတုန်းက လှပသော ပန်းပွင့်လေး ပြန်ဖြစ်လာ၏။ ထိုအခါမှ လုချီယွမ်မျက်နှာ ပြေလျော့ခြင်းသို့ ရောက်သည်။
သို့သော် သူ့စိတ်က မတင်မကျဖြစ်နေ၏။
ထိုနေ့က ဆေးရုံမှာ နေမကောင်းဖြစ်နေသော ရှချင်းဝေကို သူ မြင်ခဲ့ပါသည်။
ရှချင်းဝေသည် မျက်နှာပြောင်ပြောင်လေးနှင့် မည်သည့်မိတ်ကပ်မှ လိမ်းကျံထားခြင်း မရှိပေ။ နေမကောင်းသဖြင့် ဖြူဖျော့နေသော မျက်နှာလေးကလည်း နူးညံ့စိုအိနေသည်။ သူမသည် မိတ်ကပ်မပါသော်လည်း အမြင်လှနေသေးသည့်တစ်ဖက်မှာ ရှချင်းယန်ကတော့ မိတ်ကပ်မပါရင် ကြောက်စရာသရဲမကြီးနှင့် တူနေသည်။
ထို့ပြင် ကွာရှင်းပြတ်စဲပြီးတော့ ရှချင်းဝေဘဝက မလှပခဲ့ပေ။ ရှချင်းယန်လို ဖူးဖူးမှုတ်မခံရသလို အသက်ကလည်း ကြီးသည်။
ဒါဖြင့်ရင် ဘာလို့ ရှချင်းယန်က ရှချင်းဝေထက် ပိုပြီး ရင့်ချော်နေရတာလဲ?
လုချီယွမ်တွေးနေတာတွေကို ရှချင်းယန် မသိ။
“ ရဲစခန်းမှာတုန်းက ကျွန်မ အားလုံးကို နားလည်လိုက်တယ် .. အဲ့ဒီသူခိုးက သူတို့အိမ်ကို တကယ်ဝင်ခဲ့တယ် .. ပိုက်ဆံကိုလည်း ခိုးလုနီးဖြစ်ခဲ့တယ် .. လုမန်က အိမ်ကိုပြန်တဲ့အချိန်မှာ သူ့ကို လက်ပူးလက်ကြပ် မိသွားတယ် .. ဒါကြောင့် ဘာကိုမှ မဆုံးရှုံးလိုက်ဘူး .. ဒါပေမဲ့ ဘာလို့ သူခိုးက ကျွန်မခိုင်းတာပါလို့ ပြောခဲ့သလဲ ”
“ မမများလား ”
ပြောပြီးမှ ပါးစပ်ပိတ်ပြီး လုချီ ခေါင်းခါသည်။
“ မဖြစ်နိုင်ပါဘူး .. မမက ဘာလို့ အမေ့ကို ချောက်တွန်းရမှာလဲလေနော် .. သူက အဲ့လောက် မဆိုးပါဘူး .. ”
အခြေအနေကို နားလည်သည်မို့ ရှချင်းယန် မျက်ရည်တွေကို စသုတ်လိုက်ရင်း
“ လုမန်မုန်းတာသိပါတယ် .. တို့တွေနဲ့နေတုန်းကတောင် မိထွေးလိုတော့ မဆက်ဆံခဲ့ဘူး .. ဒါမျိုးချောက်တွန်းတာလည်း ဘယ်လုပ်ပါ့မလဲ ”
“ အမေ .. မမ မဟုတ်လောက်ဘူး ”
လုချီ ခေါင်းခါသည်။
“ ဟုတ်တယ် .. သူ မဟုတ်လောက်ပါဘူး .. ဒါ တိုက်ဆိုင်မှုပဲဖြစ်ရမယ် .. အိမ်ထဲကို သူခိုးဝင်ခိုးတယ် .. ဖမ်းမိတဲ့အခါ သူများခိုင်းတာပါလို့ ပြောတယ် .. နောက်တော့ ခိုင်းတဲ့သူက ကျွန်မပါလို့ ပြောတယ် .. ဒါတွေအကုန် တိုက်ဆိုင်မှုပဲ .. ”
နားထောင်နေရင်း လုချီယွမ်မျက်နှာ မည်းသည်းလာ၏။
“ ချီချီ .. အဲ့ဒီအမိုက်မအတွက် ဖြေရှင်းချက်တွေ ထုတ်မနေစမ်းနဲ့ .. ညည်းကသာ သူ့ကို ကူညီဖို့ လုပ်နေတာ .. သူကတော့ ညည်းကို ညီမလေးလို့တောင် သတ်မှတ်တာမဟုတ်ဘူး .. ထောင်ကျစေချင်နေတာလေ .. သေချာတယ် ဒါ သူ လုပ်တာပဲ! ”
*****
၆၉။ [ ေထာင္က်ေစခ်င္ေနတာေလ ]
“ အဲ့ဒီယြမ္တစ္ေသာင္းက တစ္စံုတစ္ေယာက္ရဲ့အသက္ကိုကယ္ဖို႔ပဲ .. ခင္ဗ်ား လူသတ္ဖို႔ လုပ္ေနတာ .. ရွခ်င္းယန္ တစ္ခုခုေျပာပါဦး ”
“ နင္တို႔ေတြ မလာနဲ႔ေနာ္ .. မထိနဲ႔ .. သြားၾက .. ”
ဆံပင္ေတြ ဖရိုဖရဲျဖစ္ေနပံုေၾကာင့္ ခု သူမပံုစံက အရူးမႀကီးသဖြယ္။
“ ငါဘာမွမလုပ္ခဲ့ဘူး .. အကုန္ လုမန္လုပ္တာ .. သူ ငါ့ကို ေခ်ာက္တြန္းဖို႔ ႀကိဳးစားေနတာ .. ကယ္ပါ .. ခ်ီယြမ္ .. လုပ္ပါဦး .. ျမန္ျမန္ သူတို႔ကို ေမာင္းထုတ္ေပးပါ ”
သို႔ေသာ္ လုခ်ီယြမ္ ကားထဲသို႔ ပုန္းဝင္သြားခဲ့၏။ အျပင္က သတင္းေထာက္ေတြအားလံုးဟာ ဖုတ္ေကာင္တစ္အုပ္ပမာ ရန္မူၾကမ္းၾကဳတ္လို႔ ေၾကာက္စရာ ေကာင္းသည္။ ရွခ်င္းယန္လို ျဖစ္မွာစိုးလို႔ သူ အျပင္ထြက္ရမွာေၾကာက္ေနသည္။
ခုေန လုမန္သာ ရိွေနရင္ အံ့ၾသထူးဆန္းေနမွာ မဟုတ္..
အဘယ္ေၾကာင့္ဆိုေသာ္ လုခ်ီယြမ္သည္ သူ႔ကိုယ္သူထက္ ဘယ္သူ႔ကိုမွ ပိုမခ်စ္၍ ျဖစ္၏။
လုခ်ီေတာင္မွ ကားထဲမွာ ရိွေနသည္။ ျပတင္းတံခါးကို ဖိလ်က္ ႏႈတ္ခမ္းကိုက္ထားသည့္တိုင္ အျပင္ထြက္ဖို႔ေတာ့ သတၲိမရိွပါ။
သတင္းေထာက္ေတြ ဓာတ္ပံုဝိုင္းရိုက္ေနသည့္ အလယ္က ရွခ်င္းယန္ကို ၾကည့္ေနရံုပဲ လုခ်ီတတ္ႏိုင္၏။ ရွခ်င္းယန္၏ အားကိုးရာမဲ့ စိတ္ေသာကေရာက္ေနရွာေသာ အသြင္အျပင္သည္ လမ္းေပၚက သူေတာင္းစားပမာ ျဖစ္ေနေတာ့သည္။
သတင္းေထာက္ေတြ ဓာတ္ပံုရိုက္ျခင္း ၿပီးဆံုးမွ
“ သြားၾကစို႔ ဓာတ္ပံုရိုက္စရာ မရိွေတာ့ဘူး ”
ဟု ထန္းက်ိက ဆို၏။
အားလံုး လူစုခြဲသြားၾကသည္။
ထိုအခါမွ လုခ်ီယြမ္ႏွင့္ လုခ်ီ တို႔ တံခါးဖြင့္ၿပီး ကားေပၚကဆင္းေလသည္။ ရွခ်င္းယန္က ေအာက္မွာ ေျခပစ္လက္ပစ္ လဲက် ငိုယိုေန၏။
အဆီျပန္ေနေသာ ဆံပင္ေတြက မ်က္ႏွာေပၚမွာ ဖရိုဖရဲ ကပ္တြယ္ေနသည္။ ေမာ့ၾကည့္လာမွ ကင္မရာနဲ႔ ရိုက္မိလို႔ နဖူးမွာ ဒဏ္ရာရသြားတာကို ျမင္လိုက္ရ၏။
လုခ်ီယြမ္ ရြံေပမယ့္ ရွခ်င္းယန္ကို ဆြဲထူလိုက္ၿပီး ကားထဲဝင္သည္။ ၿပီးေတာ့ တစ္သ်ွူးစိုတစ္ဖတ္ဆြဲထုတ္ၿပီး လက္ေတြသုတ္ပစ္လိုက္ကာ အိမ္သို႔ ေမာင္းျပန္လိုက္သည္။
အိမ္ထဲဝင္လိုက္တာႏွင့္ ရွခ်င္းယန္ရဲ့မ်က္ႏွာကို သူ မၾကည့္ခ်င္ေအာင္ ျဖစ္လာ၏။
ခု သူမပံုစံက ပန္းပြင့္ေလးလို အၿမဲလွပေနခဲ့တဲ့ သူ႔ဇနီးေခ်ာေလးနဲ႔ မတူေတာ့ဘဲ လမ္းေဘးက သူေတာင္းစားရုပ္ေပါက္ေနသည္။
ရွခ်င္းယန္ အျမန္ ေရခ်ိဳးၿပီး သြားတိုက္သည္။ အမ်ိဳးစံုေသာ အလွကုန္ေတြ မ်က္ႏွာေပၚ တစ္လႊာၿပီးတစ္လႊာ တင္လို႔ၿပီးမွ တစ္ခါတုန္းက လွပေသာ ပန္းပြင့္ေလး ျပန္ျဖစ္လာ၏။ ထိုအခါမွ လုခ်ီယြမ္မ်က္ႏွာ ေျပေလ်ာ့ျခင္းသို႔ ေရာက္သည္။
သို႔ေသာ္ သူ႔စိတ္က မတင္မက်ျဖစ္ေန၏။
ထိုေန့က ေဆးရံုမွာ ေနမေကာင္းျဖစ္ေနေသာ ရွခ်င္းေဝကို သူ ျမင္ခဲ့ပါသည္။
ရွခ်င္းေဝသည္ မ်က္ႏွာေျပာင္ေျပာင္ေလးႏွင့္ မည္သည့္မိတ္ကပ္မွ လိမ္းက်ံထားျခင္း မရိွေပ။ ေနမေကာင္းသျဖင့္ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာေလးကလည္း ႏူးညံ့စိုအိေနသည္။ သူမသည္ မိတ္ကပ္မပါေသာ္လည္း အျမင္လွေနေသးသည့္တစ္ဖက္မွာ ရွခ်င္းယန္ကေတာ့ မိတ္ကပ္မပါရင္ ေၾကာက္စရာသရဲမႀကီးႏွင့္ တူေနသည္။
ထို႔ျပင္ ကြာရွင္းျပတ္စဲၿပီးေတာ့ ရွခ်င္းေဝဘဝက မလွပခဲ့ေပ။ ရွခ်င္းယန္လို ဖူးဖူးမႈတ္မခံရသလို အသက္ကလည္း ႀကီးသည္။
ဒါျဖင့္ရင္ ဘာလို႔ ရွခ်င္းယန္က ရွခ်င္းေဝထက္ ပိုၿပီး ရင့္ေခ်ာ္ေနရတာလဲ?
လုခ်ီယြမ္ေတြးေနတာေတြကို ရွခ်င္းယန္ မသိ။
“ ရဲစခန္းမွာတုန္းက ကြၽန္မ အားလံုးကို နားလည္လိုက္တယ္ .. အဲ့ဒီသူခိုးက သူတို႔အိမ္ကို တကယ္ဝင္ခဲ့တယ္ .. ပိုက္ဆံကိုလည္း ခိုးလုနီးျဖစ္ခဲ့တယ္ .. လုမန္က အိမ္ကိုျပန္တဲ့အခ်ိန္မွာ သူ႔ကို လက္ပူးလက္ၾကပ္ မိသြားတယ္ .. ဒါေၾကာင့္ ဘာကိုမွ မဆံုးရႈံးလိုက္ဘူး .. ဒါေပမဲ့ ဘာလို႔ သူခိုးက ကြၽန္မခိုင္းတာပါလို႔ ေျပာခဲ့သလဲ ”
“ မမမ်ားလား ”
ေျပာၿပီးမွ ပါးစပ္ပိတ္ၿပီး လုခ်ီ ေခါင္းခါသည္။
“ မျဖစ္ႏိုင္ပါဘူး .. မမက ဘာလို႔ အေမ့ကို ေခ်ာက္တြန္းရမွာလဲေလေနာ္ .. သူက အဲ့ေလာက္ မဆိုးပါဘူး .. ”
အေျခအေနကို နားလည္သည္မို႔ ရွခ်င္းယန္ မ်က္ရည္ေတြကို စသုတ္လိုက္ရင္း
“ လုမန္မုန္းတာသိပါတယ္ .. တို႔ေတြနဲ႔ေနတုန္းကေတာင္ မိေထြးလိုေတာ့ မဆက္ဆံခဲ့ဘူး .. ဒါမ်ိဳးေခ်ာက္တြန္းတာလည္း ဘယ္လုပ္ပါ့မလဲ ”
“ အေမ .. မမ မဟုတ္ေလာက္ဘူး ”
လုခ်ီ ေခါင္းခါသည္။
“ ဟုတ္တယ္ .. သူ မဟုတ္ေလာက္ပါဘူး .. ဒါ တိုက္ဆိုင္မႈပဲျဖစ္ရမယ္ .. အိမ္ထဲကို သူခိုးဝင္ခိုးတယ္ .. ဖမ္းမိတဲ့အခါ သူမ်ားခိုင္းတာပါလို႔ ေျပာတယ္ .. ေနာက္ေတာ့ ခိုင္းတဲ့သူက ကြၽန္မပါလို႔ ေျပာတယ္ .. ဒါေတြအကုန္ တိုက္ဆိုင္မႈပဲ .. ”
နားေထာင္ေနရင္း လုခ်ီယြမ္မ်က္ႏွာ မည္းသည္းလာ၏။
“ ခ်ီခ်ီ .. အဲ့ဒီအမိုက္မအတြက္ ေျဖရွင္းခ်က္ေတြ ထုတ္မေနစမ္းနဲ႔ .. ညည္းကသာ သူ႔ကို ကူညီဖို႔ လုပ္ေနတာ .. သူကေတာ့ ညည္းကို ညီမေလးလို႔ေတာင္ သတ္မွတ္တာမဟုတ္ဘူး .. ေထာင္က်ေစခ်င္ေနတာေလ .. ေသခ်ာတယ္ ဒါ သူ လုပ္တာပဲ! ”
*****