Arr Ah Daddy
Part 33(Uni)
တီ......တီ......တီ......
ဖုန်းသံနဲ့အတူ ရီပေါ် နှိုးလာခဲ့သည်။ ရင်ခွင်ထဲက လူသားလေးကို ကြည့်လိုက်တော့ အိမ်မက်ကမ္မာထဲက မထွက်သေးပုံပင်။
လက်မောင်းပေါ် ခေါင်းအုံးထားသူကို ဖြေးဖြေးလေးမကာ ခေါင်းအုံးပေါ် ရွေ့လိုက်ပြီး စားပွဲပေါ်က ဖုန်းကို ကိုင်လိုက်ပြီး အိပ်ယာက ထကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
ဆက်တဲ့သူက ဒရိုင်ဘာမုပင်။ ထိုသူက ရီပေါ့်ရဲ့ အတွင်းရေးမှူးလဲ ဖြစ်သေးသည်။
"အင်းပြော"
"ဘော့စ် အွန်လိုင်းပေါ်မှာ ပြသနာ တစ်ခုဖြစ်နေပါတယ်။ အဲ့တာက......အဲ"
"ဆက်ပြော"
"ရှောင်ကျန့်နဲ့ ဘော့စ်ရဲ့သားနဲ့ ဓာတ်ပုံတွေ တက်လာတာ သားကို ချိန်ပြီး မရလို့ အဖေကို ယူသွားတယ် ဆိုပြီး negative comment တွေ အများကြီးက ရှောင်ကျန့်တစ်ယောက်ထဲကိုဘဲ ဦးတည်ပြီး အပြစ်ပြောနေကြတယ်"
"အဟက် မထိသင့်သူကို လာထိနေတာဘဲ ဘယ်သတင်းတိုက်က စတာလဲ ဆိုတာ နာရီဝက် အတွင်း သိချင်တယ်."
"ဟုတ်.....ဟုတ်ကဲ့ပါဘော့စ်"
သူတို့ဘော့စ်ရဲ့ ပုံစံက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုရင် ဖုန်းထဲက လေသံကြားတဲ့သူတောင် ဒူးတုန်မိတယ်။ သူတို့ဘော့စ်ချစ်တဲ့သူမှ သွားထိတယ်ဆိုတော့ အဲ့လူကိုသာ စိတ်ထဲက ဆုတောင်းပေးနေမိတယ်။
ရီပေါ် ဖုန်းချပြီးတာနဲ့ လိုင်းပေါ် တက်လိုက်တယ်။ တကယ့်ကိုမှ ဂယက်ထနေတာဘဲ။ ရီပေါ်လက်သီးဆုတ်ထားတာ ဘယ်လောက်ပြင်းလဲ ဆိူ လက်ပေါ်က သွေးကြောတွေဆို ပေါက်ထွက်မတက် ထောင်ထ နေသည်။
အဲ့ပို့ကို ကြည့်သူက M ချီနေလေပြီ။ ရှယ်သူက ရာကျော် comment တွေလဲ အများကြီး ။ comment ထဲ ဝင်ကြည့်လိုက်တော့
ဟယ် အဲ့ကောင်လေးက မထင်ရဘူးနော်!!
ရုပ်လေးက သနားကမားနဲ့!!
ယောကျာ်းလေးဖြစ်ပြီး ကိုယ့်ဘာသာ ရှာစားမယ် မရှိဘူး အလွယ်လိုက်ချင်နေတယ်!!
မိဘမဲ့လို့ ကြားတယ်နော်!!
သားမရ အဖေပေါ့ ဟားဟား!!
လက်ထဲက ဖုန်းကို ပေါက်မခွဲ ဖြစ်အောင် မနဲ စိတ်ထိန်းထားရတယ်။ ကုတင်ပေါ်က ပုံရိပ်ဖြူလေးကို လှမ်းကြည့်လိုက်တော့ အေးချမ်းစွာ အိပ်ပျော်နေဆဲ။ ထိုလူသားလေးမျက်နှာကို မြင်တော့မှ သက်ပြင်းချကာ နံပါတ်တစ်ခုကို လှမ်းဆက်လိုက်သည်။ တစ်ဖက်လူက နာမည်အကြီး ဟက်ကာ အဖွဲ့ပင်။
"ဟယ်လို"
"ဟုတ်အကို"
"............အဲ့ဒီပို့စ်ကို အမြန်ဆုံး ဖျက်ပေးပါ။ ပြီးတော့ အောက်က comment မန့်တဲ့သူတွေရဲ့ အကောင့်ကို ပျက်အောင်ပါ ဖျတ်ဆီးပေးပါ ၄၅မိနစ် အတွင်း ပြီးစေချင်တယ် ။ ဒီသတင်းရဲ့ အစအနတောင် မကျန်ခဲ့စေနဲ့"
"အင်းအကို ၄၅မိနစ် အတွင်းဆိုတော့ လူအင်အားများများလိုမယ်"
"ရတယ် ငွေ အလုံအလောက်ပေးမယ် ပေးထားတဲ့ အချိန်အတွင်းသာ အလုပ်ပြီးပါစေ"
"သဘောတူတယ် အကို စိတ်ချပါ"
ဖုန်းချသွားသော တစ်ဖက်လူကတော့ ရီပေါ်နဲ့ ရင်နှီးတဲ့ လျှို့ဝှက် ဟက်ကာ အဖွဲ့ရဲ့ ခေါင်းဆောင် ဘဲ ဖြစ်တယ်။ ရီပေါ်နဲ့ ညီအကိုလို ရင်းနှီးရသူလဲ ဖြစ်တယ်။ သူတို့က နာမည်ကြီး အဖွဲ့အစည်း ဖြစ်ပေမဲ့ သူတို့ရဲ့ သရုပ်မှန်ကိုတော့ ဘယ်သူမှ မသိကြပေ။ သူတို့က လူတိုင်းရဲ့ အလုပ်ကို လက်မခံပေ။
ရီပေါ် အလုပ်တွေ ခွဲဝေ ပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်တော့သည်။ ခဏနေ ထွက်လာတော့လဲ ကလေးမနိုးသေးပါ။ နာရီကြည့်လိုက်တော့ ၇နာရီခှဲဘဲ ရှိသေးသည်။ သူရေချိုးတာ မိနစ် ၂၀ လောက်ဘဲ ကြာတယ်။
အနက်ရောင် ဝတ်စုံပြည့်လဲ လိုက်ပြီး အခန်းတံခါးကို တိတ်တိတ်လေး ဖွင့်ပြီး အောက်ထပ်ကို ဆင်းသွားလေသည်။ အခန်းထဲက ကလေးကတော့ လုံးဝပင် မနိုးသေးပေ။ ညက မနက်မိုးလင်းပေါက် ဖြစ်သွားတာကြောင့် ကလေးက လုံးဝနိုးမှာ မဟုတ်သေးပေ။
"သူဋေးကြီးအစောကြီး နိုးတာလား"
"ဟုတ်တယ် ဒေါ်ကြီးရေ"
"ဘာစားမလဲ"
"ရတယ် ရတယ် ကိုယ့်ဘာသာ ချက်ချင်လို့"
"ဟမ်......သူဋေးကြီးက ဟင်းချက်မယ်"
"ဆန်ပြုတ် ပြုတ်မလို့ပါ"
"ဟုတ် ဘာကူရမလဲ"
"ဟို.....အသီးအရွက်လေးတွေသာ ရေဆေးပြီး လှီးထားပေးပါ"
"ဟုတ်ကဲ့"
အနက်ရောင် ဝတ်စုံပြည့်နှင့် မီးဖိုချောင်ဝင်နေပုံက အနဲငယ်တော့ ရယ်စရာ ကောင်းသည်။ သူ့ကိုယ်သူတော့ သတိမထားမိပါ။ သူ့ကလေးလေး စားရဖို့လဲ ဂရုတစိုက် ချက်ပြုတ်နေသည်။
အပေါ်ထပ်တွင်
အ့........
ညီးသံလေးနှင့်အတူ နိုးလာသူက ရှောင်ကျန့်ပင်။ ဘေးကို ကြည့်လိုက်တော့ daddy မရှိတော့ပေ။ လက်နဲ့ စမ်းကြည့်တော့ နွေးနွေးလေး ရှိသေးတာမို့ ထသွားတာ မကြာလောက်သေးဘူး။
ကုတင်ပေါ်က ဆင်းလိုက်တော့ ကျောရိုးတစ်လျှောက် အောင့်တက်သွားတာမို့ ကုတင်ခြေရင်းကို ကိုင်ကာ နှုတ်ခမ်းပင် ကိုက်ထားမိတယ်။ မျက်လုံးတွင်လဲ မြူဆိုင်းသွားသည်။
ညက ကိစ္စတွေ မြင်ယောင်လာတော့ ပါးနှစ်ဘက် ရဲလာကာ ရယ်လိုက်မိသည်။
ဘယ်လိုတောင် ရူးမိုက်မိပါလိမ့်။ ဒီလို အပြစ်ပေးနည်းလမ်းကြီးကို ဘယ်လို စဥ်းစားမိပါလိမ့်။ နောက်ဆုံး ခံရသူက ကိုယ်တိုင်သာ။
ကိုယ့်ဘာသာ တွေးရင်း ခြေလှမ်းနှေးနှေးနဲ့ ရေချိုးခန်းထဲ သွားကာ ရေချိုးသန့်စင်ရသည်။ မှန်ကြည့်လိုက်တော့ တစ်ကိုယ်လုံး အနီရောင် အမှတ်တွေနဲ့ ပြည့်နေလေသည်။ တစ်ချို့အမှတ်တွေဆို ကြာပြီဖြစ်တော့ ခရမ်းပုတ်ရောင်လောက်တောင် ဖြစ်နေပြီ။
အမှတ်တွေပေါ် ဖွဖွထိရင်း ပြုံးနေမိသည်။ ဘယ်လောက်ဘဲ နာကြဥ်ကပါစေ daddy က ပေးတဲ့အရာဆို အမြဲတမ်း ခံယူချင်မိတယ်။
ရေချိုးခန်းထဲက ထွက်လာတော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ daddy ကို တွေ့ရတယ်။ စားပွဲပေါ်တွင်တော့ အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ဆန်ပြုတ်တစ်ပွဲ။
"ကျန့်လေး နိုးပြီလား"
"ဟုတ်"
"လာအုံး ဒီကို"
လာအုံးဆိုပြီး ပေါင်ပေါ်ကို လက်နဲ့ ပုတ်ပြလာသူကြောင့် ရှောင်ကျန့် ယုန်သွားလေးများ ပေါ်အောင် ပြုံးရင်း daddy စီကို လျှောက်သွားကာ ပေါင်ပေါ်တွင် မျက်နှာချင်းဆိုင် ခွထိုင်လိုက်သည်။
daddy က ကျန့်လေး ပါးကို မွှေးမွှေး ပေးလိုက်ပြီး
"ပါးလေးတွေတောင် အေးနေတယ် ရေချိုးတာ ကြာသွားလား"
"သိပ်မကြာပါဘူး daddy ရဲ့"
"သပတ်ပေး ကိုယ်သုတ်ပေးမယ်"
ရီပေါ်က ရှောင်ကျန့်ရဲ့ ဆံပင်လေးတွေ ရေစိုနေတဲ့ နေရာလေးတွေ သုတ်ပေးပြီး ပေါ့ပေါ့ပါးပါး အကျိ်နဲ့ ဘောင်းဘီကို ထုတ်ပေးလာသည်။
"Daddy ကျောင်းဖွင့်ရက်ကို ဒါဝတ်ရမှာလား"
"ဒီနေ့ ကလေးကျောင်းမသွားနဲ့ "
"ဘာလို့လဲ"
"ကလေးက နေလဲ သိပ်ကောင်းတာ မဟုတ်ဘူး ကိုယ်နဲ့ ကုမ္မဏီ လိုက်ခဲ့"
"ဟုတ်ကဲ့"
ဒါက သူတို့နှစ်ယောက်စလုံးရဲ့ အကျင့်ဖြစ်တယ်။ တစ်ယောက်ပြောတဲ့ စကားကို နောက်တစ်ယောက်က နှစ်ခါ မငြင်းပေ။ တစ်ခါထဲနဲ့ လက်ခံတတ်ကြသည်။
daddy ထုတ်ပေးတဲ့ အစိမ်းနုရောင် အစင်းကြောင်းပါတဲ့ လက်ရှည်အကျိ်လေးနဲ့ အဖြူရောင် ဘောင်းဘီ ရှည်ကိုသာ ဝတ်လိုက်တယ်။
ပြီးတာနဲ့ daddy ကိုယ်တိုင် ပြုတ်ပေးထားတဲ့ ကြက်သားဆန်ပြုတ်လေးကို စားလိုက်တယ်။ ဆန်ပြုတ်ပေါ်မှာ ကြက်ဥ တစ်လုံးလဲ တင်ထားသေးသည်။
စားနေတုန်း daddy ကို တစ်ချက်ကြည့်လိုက်တော့ daddy ပါ ဖုန်းကိုသာ ကြည့်နေသည်။
"Daddy ရော မနက်စာ စားပြီးပြီလား"
"အင်း"
daddy ပုံစံက ဖုန်းကိုဘဲ စိတ်ဝင်စားနေတော့ ရှောင်ကျန့်လဲ ဆက်မပြောတော့ဘဲ အစားကိုသာ ကုန်အောင် ဆက်စားနေလိုက်သည်။
ရီပေါ် ဖုန်းကြည့်နေသည်က
ဒရိုင်ဘာမုမှ မက်ဆေ့ ပို့လာတာဖြစ်တယ်။
"သိရပြီ ဘော့စ် စုဟွာသတင်းတိုက်က စတာပါ"
"အဲ့ သတင်းတိုက်ကို ဝယ်ပြီး စုဟွာဆိုတာ ဘယ်လို နေရာမှန်း မသိအောင်ကို လုပ်လိုက်ပါ"
"ဟုတ်ကဲ့ပါ"
နေ့ချင်းညချင်းနှင့် နာမည်ကြီး သတင်းစာတိုက်ဖြိုချ ခံရပြီး စားသောက်ဆိုင် ဖြစ်သွားသည် ဆိုတဲ့ သတင်းကလဲ weibo တွင် ရှာဖွေမှု အများဆုံး ဖြစ်သွားတယ်။ ရီပေါ် ရှောင်ကျန့်ကို လှမ်းကြည့်လိုက်တော့ ထိုကလေးက ဘာကိစ္စမှ မသိဘဲ အေးချမ်းစွာနဲ့ ဆန်ပြုတ်စားနေလေသည်။
ရီပေါ် လိုချင်တာလဲ ဒါဘဲ။ ကိုယ့်ရဲ့ ကလေးကို ပြသနာဆိုတာ ဘာမှန်းတောင် မသိအောင် ထားချင်တာ ဖြစ်တယ်။ လာသမျှ ပြသနာကို ကိုယ်ကသာ တံတိုင်းသဖွယ် ကားဆီးပြီး ကာကွယ်မည် ဖြစ်ပြီး တံတိုင်းရဲ့ အတွင်းဘက်က ဂရုစိုက်ခံ လူသားလေးကတော့ အပြင်က အကြောင်းအရာတွေကို တစ်ခုမှ မကြား မမြင်အောင်ဘဲ နေစေချင်တယ်။
ဒရိုင်ဘာမု မက်ဆေ့ ပို့ပြီး မကြာဘူး ဟက်ကာ ခေါင်းဆောင်က ဖုန်းဆက်လေသည်။
"ဟယ်လို အကို "
"အင်း"
"အကုန် ဖြတ်ပြီးပါပြီ"
"ကျေးဇူးဘဲ"
"မဟုတ်တာ ရပါတယ် ငွေတွေ အများကြီး လွှဲပေးလို့သာ တစ်ဖွဲ့လုံးက အကို့ကို ကျေးဇူးတင်နေကြတာ"
"အင်း"
""အင်း'' တစ်လုံးသာ လိုက်နေတဲ့ daddy ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ ဆိုတာတော့ ရှောင်ကျန့် စိတ်မဝင်စားသလို မေးလဲ မမေးလိုက်ပါ။ စားပြီးတာနဲ့ daddy နဲ့ အတူတူသာ ကုမ္မဏီကို လိုက်သွားတော့သည်။
💤💤💤💤💤💤💤💤💤
ရှောင်ကျန့်ကသာ သတင်းကို မမြင်လိုက်ပေမဲ့ ရီလျှို့ကတော့ မြင်လိုက်လေသည်။
"မင်းလုပ်တာမလား"
"ဘာကို ပြောတာလဲ"
"အ့.....ရီလျှို့.....နင်.....နင်"
ရီလျှို့က လက်ထဲက ဖုန်းကို ရွယ်ယိ့ကို ပစ်ပေးလိုက်တာကြောင့် ရွယ်ယိ့ မျက်နှာနဲ့ ရိုက်မိသွားသည်။
ရွယ်ယိ့က အပြစ်ကင်းချင်ယောင်ဆောင်ပြီး ဘာတစ်ခွန်းမှ ပြန်မပြောချေ။
"ဖြေလေ မင်းလုပ်တာမလားလို့"
ရီလျှို့ ဒေါသကြောင့် အသံပင် ကျယ်လာကာ ရွယ်ယိ့ကို ပုခုံးနှစ်ဖက်က ကိုင်၍ လှုပ်ခါ ပလိုက်သည်။
"ငါမသိဘူးလို့ ပြောနေတယ်လေ"
"မင်းမသိရအောင် ဒီထဲက ပုံတွေက မင်းကိုယ်တိုင် ငါတို့ကို ရိုက်ပေးခဲ့တာ မဟုတ်ဘူးလား"
ရွယ်ယိ့က ကိုယ့်နှုတ်ခမ်းကိုသာ ကိုက်ထားပြီး ဘာမှ ပြန်မဖြေချေ။ ရီလျှို့ဒေါသ ပိုထွက်သွားပြီး ရွယ်ယိ့ကို အားနဲ့ တွန်းလိုက်လေသည်။
အ့....
ရွယ်ယိ့ တစ်ယောက် ညီးသံနဲ့အတူ ကြမ်းပြင်ပေါ်ကို ခွေခွေလေး လဲကျသွားလေသည်။
ရီလျှို့က သူမကို နဲနဲလေးတောင် မကြည့်ဘဲ အခန်းထဲမှာရှိတဲ့ မဂ်လာဆောင် ဓာတ်ပုံကို ခွဲလိုက်လေသည်။
ခွမ်း~~~
ရွယ်ယိ့က ငိုပြီး ရီလျှို့ကို မော့ကြည့်လေသည်။
"ငါတို့နှစ်ယောက်ရဲ ဆက်ဆံရေးက ကွဲသွားတဲ့ မဂ်လာဓာတ်ပုံလို ဖြစ်သွားပြီး ဒါ မင်းကိုယ်တိုင် ရွေးချယ်တဲ့ လမ်းဘဲ"
အေးစက်တဲ့ အသံနဲ့အတူ ပိတ်သွားတဲ့ တံခါးကိုသာ စေ့စေ့ ကြည့်ရင်း ရွယ်ယိ့ တစ်ယောက် ငိုပြီး လဲနေရာကတောင် မထနိုင်ပါ။
^. ..................^
Arr Ah Daddy
Part 33(Zaw)
တီ......တီ......တီ......
"အင်းပြော"
"ဆက်ပြော"
"ဟုတ်.....ဟုတ်ကဲ့ပါဘော့စ်"
ရုပ်လေးက သနားကမားနဲ့!!
သားမရ အဖေပေါ့ ဟားဟား!!
"ဟယ်လို"
"ဟုတ်အကို"
"ဟုတ်တယ် ဒေါ်ကြီးရေ"
"ဘာစားမလဲ"
"ဟုတ် ဘာကူရမလဲ"
"ဟုတ်ကဲ့"
အပေါ်ထပ်တွင်
အ့........
"ကျန့်လေး နိုးပြီလား"
"ဟုတ်"
"လာအုံး ဒီကို"
ရီပေါ်က ရှောင်ကျန့်ရဲ့ ဆံပင်လေးတွေ ရေစိုနေတဲ့ နေရာလေးတွေ သုတ်ပေးပြီး ပေါ့ပေါ့ပါးပါး အကျိနဲ့ ဘောင်းဘီကို ထုတ်ပေးလာသည်။
"ဘာလို့လဲ"
"ဟုတ်ကဲ့"
daddy ထုတ်ပေးတဲ့ အစိမ်းနုရောင် အစင်းကြောင်းပါတဲ့ လက်ရှည်အကျိလေးနဲ့ အဖြူရောင် ဘောင်းဘီ ရှည်ကိုသာ ဝတ်လိုက်တယ်။
"အင်း"
"ဟုတ်ကဲ့ပါ"
"ဟယ်လို အကို "
"အင်း"
"အကုန် ဖြတ်ပြီးပါပြီ"
"ကျေးဇူးဘဲ"
"အင်း"
💤💤💤💤💤💤💤💤💤
"မင်းလုပ်တာမလား"
"ဘာကို ပြောတာလဲ"
"အ့.....ရီလျှို့.....နင်.....နင်"
အ့....
ခွမ်း~~~
^. ..................^