Transmigrator meets reincarna...

By Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
149
150
151
152
153
154

148

1.5K 285 12
By Larkspur41

Unicode

ကော်ကျန့်ဝေက စီမာဟွေ့ရဲ့ နောက်နားမှာ တချိန်လုံးရပ်နေခဲ့တာဆိုတော့ အရိပ်ထဲမှာ ကွယ်နေတဲ့ သူ့မျက်နှာတစ်ခုလုံးက ရှုံ့မဲ့လို့ နေပြီ၊သူ့ရဲ့ ယုတ်မာရက်စက်လိုတဲ့ အကြည့်တွေက ဟေးချန်ဒီနောက်ကျောဆီ ကပ်ပါသွားတယ်၊ သူ့ နှလုံးသားထဲမှာလဲ မကျေနပ်ချက်တွေ အပြည့်ဖြစ်နေပြီ၊အဲ့ဒီ မုတ်ဆိတ်ထူဟေးစန်းလန်က တကယ်ဘဲ ချောမောတဲ့ ကောင်လေး ဖြစ်သွားတာလား !

ဟေးချန်ဒီ‌ကတော့ ခေါင်းဆောင်ကောင်းနဲ့အတူ အနားယူဖိူ့ တဲထဲကို လိုက်ပါသွားတယ်၊ တဲထဲ ရောက်တာနဲ့ ရှောင်ဟုန်ယုမှာ သိချင်စိတ်ကို ဆက်ထိန်းမထားနိုင်တော့ဘူး၊ သူက ဟေးချန်ဒီရှေ့တည်တည့်သွားရပ်ပြီးတော့ ဟေးချန်ဒီ မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်နေတယ်၊ နောက်တော့ ခပ်ကြမ်းကြမ်းနဲ့ ထရယ်တော့တာဘဲ " ညီအစ်ကိုဟေး ၊ငါနောက်ဆုံးတော့ မင်းမျက်နှာမှာ မုတ်ဆိတ်ထူထူထားရတဲ့ အကြောင်းရင်းကို နားလည်သွားပြီ "

တဖက်မှာလည်း ကျန်းမိန်က လက်ဖက်ရည်ခွက်ကို ယူပြီး တငုံသောက်ရင်းနဲ့ မချိပြုံး ပြုံးလိုက်မိတယ်။

ဟေးချန်ဒီက ရှောင်ဟုန်ယုကို အေးစက်စက်နဲ့ စိုက်ကြည့်ပေးလိုက်တယ်၊ ဒီကောင်စုတ် ဆက်ပြောလာမယ့် စကားတွေကို သူဆက်ကြားချင်စိတ် တစက်လေးမှ ရှိမနေဘူး။

" အား ! ညီအစ်ကိုဟေးက ဒီလောက် အေးစက်နေတာတောင်မှဘဲ အဲ့ဒီမိန်းမက ညီအကိုဟေး လက်မောင်းကြားထဲကို ပစ်ဝင်နေချင်သေးတယ်၊ ညီအကို‌ေဟးရေ ဘယ်လိုများ ကြီးပြင်းလာတာတုန်းကွာ ၊ အန်တီဟေးက ဘယ်လိုများ မွေးထုတ်ပေးလိုက်တာတုန်း၊ အမ်း ..! ငါ့အမေကျတော့လည်း ဘာလို့များ ဒီလိုလေး မွေးမပေးရတာလည်း မသိဘူး "

ခေါင်းဆောင်ကောင်းက ကျယ်လောင်စွာ ရယ်မောရင်းနဲ့ ဝင်ပြောလာတယ် " ကောင်စုတ်လေး မင်းအမေက မင်းကို ဒီလောကထဲ ရောက်အောင်မွေးပေးလိုက်တာကိုဘဲ ကျေးဇူးတင်လိုက်ပါအုံး "

ရှောင်ဟုန်ယုကတော့ ဟေးချန်ဒီ မျက်နှာကို ဆက်ကြည့်နေရင်းနဲ့ မချိတင်ကဲ ငိုကြွေး‌ေနမိတော့တယ်။

ဟေးစန်းလန်က သူ့ဘက်ကို တချက် ကြည့်ပြိးတော့ " မင်းက ဘာလို့ ငါ့ကို ဆက်‌ကြည့်နေသေးတာလဲ "

" ငါ့မှာသာ ဒီလို မျက်နှာမျိုးနဲ့ ကြီးပြင်းလာရရင်ဆိုပြီးတော့ မြင်ယောင်ကြည့်နေတာ "

ကျန်းမိန်က ပြုံးလိုက်မိတယ် " ကောင်စုတ်လေး နေ့ခင်းကြောင်တောင် အိမ်မက်မက်မနေနဲ့တော့ "

ရှောင်ဟုန်ယုမှာ ရင်ဘက်ကိုထုပြီး တော့ ‌ေခြဆော့င်လိုက်မိတယ်၊  ဒါပမယ့် 2စက္ကန့်လောက်ကြာတော့ သူ့မျက်လုံးတွေက သူခိုးကြီးတယောက်လို တဖျက်ဖျက်လက်လာတယ်၊ " ဟေး အကိုကောင်း၊ အကိုကျန်း  ‌အခုမြင်လိုက်လား ? စစ်သူကြီးစီမာက အကိုဟေးကို ထူးထူးခြားခြားကြီး ကြည့်သွားတာကိုလေ ၊ အကိုဟေးကတော့ မိန်းမတွေနဲ့ ပတ်သတ်ရင် ကံကောင်းလွန်းပါတယ်‌ဗျာ "

ခေါင်းဆောင်ကောင်းက နှာခေါင်းရှုံ့ပြီး တော့ ဟေးချန်ဒီကို ရင်းနှီးစွာ သတိတရနဲ့ မေးလာတယ် " ငါကြားတာက မင်းမိန်းမက လျန်ကျိုးမှာ အခြေတကျရှိဖို့ ရောက်နှင့်နေပြီဆို "

ဟေးချန်ဒီ သဘောတူစွာနဲ့ ခေါင်းညိမ့်မိတယ် ။

ဒါကို ကြားတော့ ရှောင်ဟုန်ယွဲ့က တကိုယ်လုံးကျုံ့သွားပြီးတော့ သူ့စကားတွေကို ပြန်ပြင်ဖို့ရာ မျက်နှာချိုသွေးတော့တယ်၊ " ညီအစ်ကိုဟေး ငါ့မျက်စိ နှစ်လုံးနဲ့ သေချာကို ကြည့်ခဲ့ရသလောက်တော့ မရီးက စစ်သူကြီးစီမာထက် အဆတစ်ရာမက ပိုလှပါတယ်ကွာ၊ စစ်သူကြီး စီမာက ယောက်ျားဆန်ပါတယ်၊သူက မရီးရဲ့ ဆီချည်တမျှင်လောက်တောင် မယှဉ်နိုင်ပါဘူး၊ အကိုဟေး သိပ်ပြီး မသောင်းကျန်းပါနဲ့ကွ။ "

ကျန်းမိန်က ရှောင်ဟုန်ယုရဲ့ နောက်စေ့ကို ဖျက်ခနဲ ရိုက်ချလိုက်တယ်၊ "အရူးကောင် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ "

ရှောင်ဟုန်ယုလည်း ပါးစပ်ပိတ်ပြီး အငြိမ်နေတာ အကောင်းဆုံးဘဲလို့တွေးလိုက်မိပြီ၊ဒီလို သစ္စာရှိလွန်းတဲ့ မိန်းမချစ်ယောက်ျားကြီး သုံးယောက်နားကနေ အမြန် ပြေးထွက်ချင်နေပါပြီ၊ ညကျရင်တော့ စိတ်လေးဖြေသာသွားအောင် ရုပ်ပြပုံလေးတွေ ကြည့်သင့်နေပြီ။

ခေါင်းဆောင်ကောင်းကတော့ အလေးအနက်ဖြစ်သွားပြီးတော့ ဟေးချန်ဒီကို မေးလာတယ် " မင်း ဒီနေ့ တာဝန်မှာ ဘာတွေရှာတွေ့ခဲ့လဲ "

.......

ညသန်းခေါင်းယံ နီးလာတာတောင်မှ စီမာဟွေ့ရဲ့ တဲဆီက အခုထိ အလင်းရောင်ထွန်းထားတုန်းဘဲ။

ဖယောင်းတိုင်မီးရဲ့ အလင်းအောက်မှာ စီမာဟွေ့ရဲ့ ချောမောတဲ့ မျက်နှာက အနည်းငယ် မိန်းမဆန်နေတယ်၊ ဒါပေမယ့် သူမက မျက်မှောင်ကြုတ်ထားပြီးတော့ စိတ်အခြေနေက သိပ်ကောင်းနေပုံ မပေါ်ဘူး " နင်ဘာပြောလိုက်တာလဲ ၊ ဟေးစန်းလန်က လက်ထပ်ပြီးသားလား "

သူမရှေ့မှာ ရပ်နေတဲ့ လက်ထောက်တပ်သားက ခေါင်းညိမ့်ပြလာတယ်၊ စီမာဟွေ့ စိတ်ထဲ အတွင်းပိုင်းကနေကို ဝမ်းနည်းသွားရတယ်၊ ဟေးစန်းလန်က အ‌စကတည်းက စစ်တပ်မိသားစုမှာ မွေးဖွားလာခဲ့တာ၊သူ့အဖေက သူမငယ်ရွယ်စဉ်ကတည်းက နယ်ခြားစောင့် စစ်သူကြီးတစ်ဦးဖြစ်ခဲ့တယ်၊ သူမ ကြားဖူးခဲ့တာက ဟေးမိသားစုရဲ့ သားတွေက အသက်သုံးဆယ်အထိ ဆက်ခံသူ မမွေးဖွားလာမှဘဲ ကိုယ်လုပ်တော် ထပ်ယူခွင့်ရှိတယ်၊ သူမရဲ့ လက်ထပ်ချိန်က စစ်သူကြီးချုပ်စီမာ တိမ်းပါးသွားတာကြောင့် နှောင့်နှေးနေခဲ့ရတယ်၊ အခု သူမအသက်က ဟေးစန်းလန်လိုဘဲ 20ပြည့်နေပြီ၊ ဟေးစန်းလန်သာလက်မထပ်ရသေးဘူးဆိုရင် သူက သူမ အတွက် အကောင်းဆုံး တွဲဖက်တစ်ယောက် ဖြစ်လာနိုင်မှာဘဲ ။

" ဟေးစန်းလန်က သူ တပ်ထဲ မဝင်ခင်ကတည်းက လက်ထပ် ထိမ်းမြားခဲ့တာပါ၊ ဟေးမိသားစုရဲ့ တတိယသခင်မလေးက မြို့စားယင်အိမ်တော်က ခြောက်ယောက်မြောက်သခင်မလေးပါ "

" ဟေးမိသားစုက ဘာလို့ ယင်အိမ်တော်က သတို့သမီးကို တောင်းဆိုရတာလဲ "  စီမာဟွေ့က မြို့တော်ကို မပြန်ဖြစ်တာ အတော်ကြာနေပေမယ့် မြို့တော်ရှိ မျိုးရိုးမြင့်တွေကြားက အရှုပ်အထွေးတွေကိုတော့ အကုန်အစင် ကြားသိထားတယ်၊ မြို့စားအိုယင်သာ မရှိတော့ဘူးဆိုရင် ယင်အိမ်တော်က တတိယတန်းစား အိမ်တော် အဖြစ်ကို ထိုးကျနေလောက်ပြီ ။

ဒါကို တွက်ချက်ကြည့်ရင် ဧကရာဇ်ဆီက မျက်နှာပေးခံထားရတဲ့ ဟေးအိမ်တော်က ယင်အိမ်တော်ကနေ သတို့သမီးကို တောင်းဆိုနိုင်စရာ အကြောင်းရှိမနေဘုး။

အမျိုးသမီးတပ်သားလေးက ဟေးစန်းလန်ရဲ့ အခြေအနေကို ရှင်းပြပီးတာနဲ့ စီမာဟွေ့ ကူကယ်ရာ မဲ့စွာ ခေါင်းယမ်းမိတယ်၊ သူမက ဘယ်လိုဘဲ ဟေးချန်ဒီကို သဘောကျနေပါစေ သူက လက်ထပ်ပြီးသားဆိုမှတော့ သူ့ လက်ထပ်ကြောင်းလမ်းမှုကို ဖျက်လိုဖျက်ဆီးလုပ်လို့မဖြစ်ဘူး၊သူမမှာလည်း မာနနဲ့ သိက္ခာတရားက ရှိသေးတယ်။

သူမအနေနဲ့ ဟေးချန်ဒီကို စောစော မတွေ့ဆုံခဲ့ရတာကို ဝမ်းနည်းပူဆွေးမိတယ်

စီမာဟွေ့ကို ခစားတဲ့ အမျိုးသမီး လက်ထောက်တပ်သားလေးက စီမာဟွေ့နဲ့ ငယ်ရွယ်စဉ်ကတည်းက အတူရှိပြီး ကြီးပြင်းလာခဲ့တာ၊ သူမကို စီမာအိမ်တော်ကနေ မွေးစားသမီးအနေနဲ့ သတ်မှတ်ပေးခဲ့ပြီးတော့ စီမာဟွေ့နဲ့ တချိန်လူံး အတူလိုက်ပါနေခဲ့တာ။

သူမက စစ်သူကြီးချုပ်စီမာကို အလွန်အမင်းသစ္စာရှိပြီးတော့ စီမာဟွေ့အပေါ်မှာလည်း ထပ်တူဘဲ၊ စစ်သူကြီးချုပ် စီမာ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တော့ သူမ စိတ်ထဲ စီမာဟွေ့ကိုဘဲ တစ်ဦးတည်းသော သခင်အဖြစ်နဲ့ မှတ်ယူလိုက်တယ်။

သူမက ဂရုတစိုက်နဲ့ မေးလိုက်တယ် " သခင်မလေးက ဟေးစန်းလန်ကို သဘောကျနေတာလား "

စီမာဟွေ့က သာမန်ဆို တည့်တိုးဆန်လွန်းတဲ့ အမျိုးသမီးဖြစ်တယ်၊ ဒီတော့ သူမ ညီအစ်မလို သတ်မှတ်ထားတဲ့ အယုံကြည်ရဆုံး အစေခံရှေ့မှာ ဘာမှ ဖူံးကွယ်ထားစရာ မရှိဘူး၊ဒါနဲ့ သူမ ဟေးစန်းလန်ကို ကြိုက်နေကြောင်းကို ပြောပြလိုက်တယ်။

အမျိုးသမီးလက်ထောက်ရဲ့ မျက်လုံးတွေက အတွေးထဲမြောသွားတယ်၊ စီမာဟွေ့က စစ်သူကြီးချုပ်စီမာနောက်က‌ေန လမ်းလျှောက်တတ်စအရွယ်ကတည်းက တပ်ထဲကို အမြဲ လိုက်လည်ပတ်ခဲ့တယ်၊စီမာအိမ်တော်က သူမကို ယောက်ျားလေးတစ်ယောက်လိုမျိုးပျိုးထောင်လာခဲ့တာ၊  ချစ်ရေးချစ်ရာကိစ္စတွေကို သူမက သိပ်မတွေ့ကြုံခဲ့ဖူးဘူး၊ နောက်ပြီး ဒီလိုမျိုး တစ်ယောက်ယောက်ကို သဘောကျကြောင်း ဝန်ခံတာမျိုးလည်း မရှိခဲ့ဖူးဘူး။

စစ်သူကြီးချုပ်စီမာ ကွယ်လွန်ပြီးကတည်းကအနီးကပ် အမျိုးသမီးအစေခံအနေနဲ့ သူမ သခင်မလေး လက်ထပ်ကြောင်းလမ်းမှုအတွက် စိုးရိမ် ပူပန်နေခဲ့ရတယ်။

အခု စီမာဟွေ့က ယောက်ျားတစ်ယောက်ကို သဘောကျနေပြီဆိုတော့ သူမ ဦးနှောက်ကို မနားတမ်း အလုပ်ပေးနေရပြီ

"သခင်မလေး  ကျွန်မကြားမိတာကတော့ ဟေးစန်းလန်ရဲ့ မိန်းမက အခုထိ ကိုယ်ဝန်မဆောင်ရသေးဘူးတဲ့ "

စီမာဟွေ့က စိတ်မသက်မသာနဲ့ ခေါင်းညိမ့်ပြလိုက်တယ်၊ သူမ စိတ်ဓာတ်ကျနေလို့ ဘာမှကိုတွေးမနေချင်တော့ဘူး " သူတို့နှစ်ယောက်က  လက်ထပ်ထားတာမကြာသေးဘူးလေ ၊ဒီတော့ ဘယ်လိုလုပ် မြန်မြန်ကြီး ကိုယ်ဝန်ရနိုင်ပါ့မလဲ၊ သိပ်မကြာခင်အချိန်တွင်းမှာဘဲ သူတို့မှာ ကလေးတစ်ယောက်ရလာလိမ့်မယ် "

အမျိုးသမီးလက်ထောက်က စီမာဟွေ့ရဲ့ ဒီစကားကို သိပ်ပြီး သဘောမတူချင်ဘူး။

"သခင်မလေးကတော့ ဒါကို မသိလောက်ဘူး၊ ယင်အိမ်တော်က ခြောက်ယောက်မြောက်သခင်မလေးက အဆင့်အတန်းမြင့်မားဖို့အတွက်နဲ့သာ ဟေးစန်းလန်ကို လက်ထပ်ခဲ့တာဖြစ်နိုင်တယ်၊ ဒါက သခင်မကြီးဟေးရဲ့ စိတ်ကူးအကြံဉာဏ်ဘဲ ဖြစ်မယ်၊ ဒီအစေခံ ခန့်မှန်းရသလောက်ဆိုရင်တော့ ဟေးစန်းလန်က လက်ထပ်ပြီး ရက်ပိုင်းကတည်းက စစ်တပ်ထဲကို ဝင်ရောက်လာခဲ့တာ၊ ဒီတော့ ဟေးစန်းလန်အနေနဲ့ သူ့ဇနီးအသစ်စက်စက်လေးကို သဘောမကျဘူးဆို တာ ‌အသိသာဘဲ "

စီမာဟွေ့ မျက်ခူံးတွေ တွန့်သွားတယ် " ရှောင်ယန် နင် တခြားတွေကို ဒီလိုမျိုး အတင်းအဖျင်းတွေ သွားပြောလို့မဖြစ်ဘူး၊ ငါတို့အနေနဲ့ ဟေးမိသားစုကို တခါမှ မ‌ေတွ့ဆုံဖူးဘူး၊ ဒီတော့ ဒါတွေအားလူံးက ရိုင်းစိုင်းတဲ့ မှတ်ချက်တွေဘဲ ဖြစ်နိုင်တယ် "

စီမာဟွေ့ဆီက သတိပေးခံလိုက်ရတော့ ရှောင်ယန်လည်း နှုတ်ခမ်းကို ဖိကိုက်ပြီး ခေါင်းညိမ့်ပြလိုက်တယ်၊ " တခြား‌သူတွေကို မဟုတ်မမှန်ဝေဖန်မိတာ ဒီအစေခံမှားသွားပါတယ်၊ ပြစ်ဒဏ်ကို ခံယူပါ့မယ် သခင်မလေး "

စီမာဟွေ့ကလည်း သူမကို ဒီလိုပုံမျိုးနဲ့ ဆက်မကြည့်နေနိုင်တာနဲ့ ရှောင်ယန်ရဲ့ လက်ကို ဆွဲယူပြီး နှစ်သိမ့်လိုက်တယ်၊" ဟုတ်ပါပြီ ရှောင်ယန်ရယ် နင်က ငါ့အတွက်ကြိုးစားနေတာကို ငါသိပါတယ်၊ ဒါပေမယ့် ငါ့အတွက် အခွင့်အရေးက လွဲချော်သွားခဲ့ပြီ ၊ငါတို့တွေ နောက်တကြိမ် ပြန်မွေးဖွားလာတာမျိုး မဟုတ်ရင် ‌ေဟစန်းလန်နဲ့ ငါက မဖြစ်န်ုင်တော့ပါဘူး၊ အခုအတော် နောက်ကျနေပြီဆိုတော့ ဘာလို့နင့်တဲဆီ ပြန်ပြီး မနားသေးတာလဲ၊ ဒီညအတွက်တော့ ရှောင်ယ ကို စောင့်ခိုင်းလိုက်တော့ "

အမျိုးသမီးလက်ထောက်လည်း စီမာဟွေ့ရဲ့ အမိန့်ကို နာခံရုံအပြင် မတတ်နိုင်တော့ဘူး၊ သူမက မထွက်ခွာခင် စီမာဟွေ့အတွက် အိပ်ရာကို အဆင်သင့်‌ပြင်ဆင်ပေးလိုက်တယ် ။

ရှောင်ယန်က တဲနားက မှောင်ရိပ်ထဲမှာ အချိန်အတော်ကြာရပ်နေခဲ့တယ်၊ သူမမျက်လုံးတွေက မှောင်မဲနေတဲ့ ကောင်းကင်ကြီးကို ငေးရင်း တဖျက်ဖျက်လက်နေတယ် ။

ငါ့ရဲ့ သခင်မကောင်းလေးရေ ၊နင်က အခုထိ ဘာကိုမှ သေချာနားမလည်သေးပါလား၊ နင်လိုချင်တဲ့အရာကို သေချာပေါက် ရယူရမယ်လေ၊ နင်သာ မတိုက်ခိုက်ရင် စစ်သူကြီးချုပ်စီမာလိုဘဲ အဆုံးသတ်သွားရလိမ့်မယ် ။

ဒါပေမယ့် ရှောင်ယန်ဆိုတဲ့ ငါက အနားမှာ ရှိနေသရွေ့တော့ သခင်မလေးအနေနဲ့ ဘာကိုမှ တိုက်ခိုက်နေဖို့ မလိုအပ်ပါဘူး၊ သခင်မလေးအတွက် အရာရာတိုင်းကို ငါက အဆင်သင့် ပြင်ဆင်ပေးမှာပါ ။

ချူးလျန် လျန်ကျိုးကို ရောက်ပြီး ငါးရက်မြောက်တော့ နောက်တကြိမ် နှင်းထပ်ကျလာပြန်တယ်။

နှင်းမုန်တိုင်းက သုံးရက်လောက်ကြာတဲ့ အထိ ဖြစ်ပွားနေပြီးတော့ လျန်ကျိုးတမြို့လူံးလည်း နှင်းလွှာတွေနဲ့ ဖုံးအုပ်နေတယ်။

Zawgyi

Unicode

ေကာ္က်န္႔ေဝက စီမာေဟြ႕ရဲ႕ ေနာက္နားမွာ တခ်ိန္လုံးရပ္ေနခဲ့တာဆိုေတာ့ အရိပ္ထဲမွာ ကြယ္ေနတဲ့ သူ႕မ်က္ႏွာတစ္ခုလုံးက ႐ႈံ႕မဲ့လို႔ ေနၿပီ၊သူ႕ရဲ႕ ယုတ္မာရက္စက္လိုတဲ့ အၾကည့္ေတြက ေဟးခ်န္ဒီေနာက္ေက်ာဆီ ကပ္ပါသြားတယ္၊ သူ႕ ႏွလုံးသားထဲမွာလဲ မေက်နပ္ခ်က္ေတြ အျပည့္ျဖစ္ေနၿပီ၊အဲ့ဒီ မုတ္ဆိတ္ထူေဟးစန္းလန္က တကယ္ဘဲ ေခ်ာေမာတဲ့ ေကာင္ေလး ျဖစ္သြားတာလား !

ေဟးခ်န္ဒီ‌ကေတာ့ ေခါင္းေဆာင္ေကာင္းနဲ႔အတူ အနားယူဖိူ႕ တဲထဲကို လိုက္ပါသြားတယ္၊ တဲထဲ ေရာက္တာနဲ႔ ေ႐ွာင္ဟုန္ယုမွာ သိခ်င္စိတ္ကို ဆက္ထိန္းမထားႏိုင္ေတာ့ဘူး၊ သူက ေဟးခ်န္ဒီေ႐ွ႕တည္တည့္သြားရပ္ၿပီးေတာ့ ေဟးခ်န္ဒီ မ်က္ႏွာကို မမွိတ္မသုန္စိုက္ၾကည့္ေနတယ္၊ ေနာက္ေတာ့ ခပ္ၾကမ္းၾကမ္းနဲ႔ ထရယ္ေတာ့တာဘဲ " ညီအစ္ကိုေဟး ၊ငါေနာက္ဆုံးေတာ့ မင္းမ်က္ႏွာမွာ မုတ္ဆိတ္ထူထူထားရတဲ့ အေၾကာင္းရင္းကို နားလည္သြားၿပီ "

တဖက္မွာလည္း က်န္းမိန္က လက္ဖက္ရည္ခြက္ကို ယူၿပီး တငုံေသာက္ရင္းနဲ႔ မခ်ိျပဳံး ျပဳံးလိုက္မိတယ္။

ေဟးခ်န္ဒီက ေ႐ွာင္ဟုန္ယုကို ေအးစက္စက္နဲ႔ စိုက္ၾကည့္ေပးလိုက္တယ္၊ ဒီေကာင္စုတ္ ဆက္ေျပာလာမယ့္ စကားေတြကို သူဆက္ၾကားခ်င္စိတ္ တစက္ေလးမွ ႐ွိမေနဘူး။

" အား ! ညီအစ္ကိုေဟးက ဒီေလာက္ ေအးစက္ေနတာေတာင္မွဘဲ အဲ့ဒီမိန္းမက ညီအကိုေဟး လက္ေမာင္းၾကားထဲကို ပစ္ဝင္ေနခ်င္ေသးတယ္၊ ညီအကို‌ေဟးေရ ဘယ္လိုမ်ား ႀကီးျပင္းလာတာတုန္းကြာ ၊ အန္တီေဟးက ဘယ္လိုမ်ား ေမြးထုတ္ေပးလိုက္တာတုန္း၊ အမ္း ..! ငါ့အေမက်ေတာ့လည္း ဘာလို႔မ်ား ဒီလိုေလး ေမြးမေပးရတာလည္း မသိဘူး "

ေခါင္းေဆာင္ေကာင္းက က်ယ္ေလာင္စြာ ရယ္ေမာရင္းနဲ႔ ဝင္ေျပာလာတယ္ " ေကာင္စုတ္ေလး မင္းအေမက မင္းကို ဒီေလာကထဲ ေရာက္ေအာင္ေမြးေပးလိုက္တာကိုဘဲ ေက်းဇူးတင္လိုက္ပါအုံး "

ေ႐ွာင္ဟုန္ယုကေတာ့ ေဟးခ်န္ဒီ မ်က္ႏွာကို ဆက္ၾကည့္ေနရင္းနဲ႔ မခ်ိတင္ကဲ ငိုေႂကြး‌ေနမိေတာ့တယ္။

ေဟးစန္းလန္က သူ႕ဘက္ကို တခ်က္ ၾကည့္ၿပိးေတာ့ " မင္းက ဘာလို႔ ငါ့ကို ဆက္‌ၾကည့္ေနေသးတာလဲ "

" ငါ့မွာသာ ဒီလို မ်က္ႏွာမ်ိဳးနဲ႔ ႀကီးျပင္းလာရရင္ဆိုၿပီးေတာ့ ျမင္ေယာင္ၾကည့္ေနတာ "

က်န္းမိန္က ျပဳံးလိုက္မိတယ္ " ေကာင္စုတ္ေလး ေန႔ခင္းေၾကာင္ေတာင္ အိမ္မက္မက္မေနနဲ႔ေတာ့ "

ေ႐ွာင္ဟုန္ယုမွာ ရင္ဘက္ကိုထုၿပီး ေတာ့ ‌ေျခေဆာ့င္လိုက္မိတယ္၊  ဒါပမယ့္ 2စကၠန္႔ေလာက္ၾကာေတာ့ သူ႕မ်က္လုံးေတြက သူခိုးႀကီးတေယာက္လို တဖ်က္ဖ်က္လက္လာတယ္၊ " ေဟး အကိုေကာင္း၊ အကိုက်န္း  ‌အခုျမင္လိုက္လား ? စစ္သူႀကီးစီမာက အကိုေဟးကို ထူးထူးျခားျခားႀကီး ၾကည့္သြားတာကိုေလ ၊ အကိုေဟးကေတာ့ မိန္းမေတြနဲ႔ ပတ္သတ္ရင္ ကံေကာင္းလြန္းပါတယ္‌ဗ်ာ "

ေခါင္းေဆာင္ေကာင္းက ႏွာေခါင္း႐ႈံ႕ၿပီး ေတာ့ ေဟးခ်န္ဒီကို ရင္းႏွီးစြာ သတိတရနဲ႔ ေမးလာတယ္ " ငါၾကားတာက မင္းမိန္းမက လ်န္က်ိဳးမွာ အေျခတက်႐ွိဖို႔ ေရာက္ႏွင့္ေနၿပီဆို "

ေဟးခ်န္ဒီ သေဘာတူစြာနဲ႔ ေခါင္းညိမ့္မိတယ္ ။

ဒါကို ၾကားေတာ့ ေ႐ွာင္ဟုန္ယြဲ႕က တကိုယ္လုံးက်ံဳ႕သြားၿပီးေတာ့ သူ႕စကားေတြကို ျပန္ျပင္ဖို႔ရာ မ်က္ႏွာခ်ိဳေသြးေတာ့တယ္၊ " ညီအစ္ကိုေဟး ငါ့မ်က္စိ ႏွစ္လုံးနဲ႔ ေသခ်ာကို ၾကည့္ခဲ့ရသေလာက္ေတာ့ မရီးက စစ္သူႀကီးစီမာထက္ အဆတစ္ရာမက ပိုလွပါတယ္ကြာ၊ စစ္သူႀကီး စီမာက ေယာက်္ားဆန္ပါတယ္၊သူက မရီးရဲ႕ ဆီခ်ည္တမွ်င္ေလာက္ေတာင္ မယွဥ္ႏိုင္ပါဘူး၊ အကိုေဟး သိပ္ၿပီး မေသာင္းက်န္းပါနဲ႔ကြ။ "

က်န္းမိန္က ေ႐ွာင္ဟုန္ယုရဲ႕ ေနာက္ေစ့ကို ဖ်က္ခနဲ ႐ိုက္ခ်လိုက္တယ္၊ "အ႐ူးေကာင္ ဘာမဟုတ္တာေတြ ေလွ်ာက္ေျပာေနတာလဲ "

ေ႐ွာင္ဟုန္ယုလည္း ပါးစပ္ပိတ္ၿပီး အၿငိမ္ေနတာ အေကာင္းဆုံးဘဲလို႔ေတြးလိုက္မိၿပီ၊ဒီလို သစၥာ႐ွိလြန္းတဲ့ မိန္းမခ်စ္ေယာက်္ားႀကီး သုံးေယာက္နားကေန အျမန္ ေျပးထြက္ခ်င္ေနပါၿပီ၊ ညက်ရင္ေတာ့ စိတ္ေလးေျဖသာသြားေအာင္ ႐ုပ္ျပပုံေလးေတြ ၾကည့္သင့္ေနၿပီ။

ေခါင္းေဆာင္ေကာင္းကေတာ့ အေလးအနက္ျဖစ္သြားၿပီးေတာ့ ေဟးခ်န္ဒီကို ေမးလာတယ္ " မင္း ဒီေန႔ တာဝန္မွာ ဘာေတြ႐ွာေတြ႕ခဲ့လဲ "

.......

ညသန္းေခါင္းယံ နီးလာတာေတာင္မွ စီမာေဟြ႕ရဲ႕ တဲဆီက အခုထိ အလင္းေရာင္ထြန္းထားတုန္းဘဲ။

ဖေယာင္းတိုင္မီးရဲ႕ အလင္းေအာက္မွာ စီမာေဟြ႕ရဲ႕ ေခ်ာေမာတဲ့ မ်က္ႏွာက အနည္းငယ္ မိန္းမဆန္ေနတယ္၊ ဒါေပမယ့္ သူမက မ်က္ေမွာင္ၾကဳတ္ထားၿပီးေတာ့ စိတ္အေျခေနက သိပ္ေကာင္းေနပုံ မေပၚဘူး " နင္ဘာေျပာလိုက္တာလဲ ၊ ေဟးစန္းလန္က လက္ထပ္ၿပီးသားလား "

သူမေ႐ွ႕မွာ ရပ္ေနတဲ့ လက္ေထာက္တပ္သားက ေခါင္းညိမ့္ျပလာတယ္၊ စီမာေဟြ႕ စိတ္ထဲ အတြင္းပိုင္းကေနကို ဝမ္းနည္းသြားရတယ္၊ ေဟးစန္းလန္က အ‌စကတည္းက စစ္တပ္မိသားစုမွာ ေမြးဖြားလာခဲ့တာ၊သူ႕အေဖက သူမငယ္႐ြယ္စဥ္ကတည္းက နယ္ျခားေစာင့္ စစ္သူႀကီးတစ္ဦးျဖစ္ခဲ့တယ္၊ သူမ ၾကားဖူးခဲ့တာက ေဟးမိသားစုရဲ႕ သားေတြက အသက္သုံးဆယ္အထိ ဆက္ခံသူ မေမြးဖြားလာမွဘဲ ကိုယ္လုပ္ေတာ္ ထပ္ယူခြင့္႐ွိတယ္၊ သူမရဲ႕ လက္ထပ္ခ်ိန္က စစ္သူႀကီးခ်ဳပ္စီမာ တိမ္းပါးသြားတာေၾကာင့္ ေႏွာင့္ေႏွးေနခဲ့ရတယ္၊ အခု သူမအသက္က ေဟးစန္းလန္လိုဘဲ 20ျပည့္ေနၿပီ၊ ေဟးစန္းလန္သာလက္မထပ္ရေသးဘူးဆိုရင္ သူက သူမ အတြက္ အေကာင္းဆုံး တြဲဖက္တစ္ေယာက္ ျဖစ္လာႏိုင္မွာဘဲ ။

" ေဟးစန္းလန္က သူ တပ္ထဲ မဝင္ခင္ကတည္းက လက္ထပ္ ထိမ္းျမားခဲ့တာပါ၊ ေဟးမိသားစုရဲ႕ တတိယသခင္မေလးက ၿမိဳ႕စားယင္အိမ္ေတာ္က ေျခာက္ေယာက္ေျမာက္သခင္မေလးပါ "

" ေဟးမိသားစုက ဘာလို႔ ယင္အိမ္ေတာ္က သတို႔သမီးကို ေတာင္းဆိုရတာလဲ "  စီမာေဟြ႕က ၿမိဳ႕ေတာ္ကို မျပန္ျဖစ္တာ အေတာ္ၾကာေနေပမယ့္ ၿမိဳ႕ေတာ္႐ွိ မ်ိဳး႐ိုးျမင့္ေတြၾကားက အ႐ႈပ္အေထြးေတြကိုေတာ့ အကုန္အစင္ ၾကားသိထားတယ္၊ ၿမိဳ႕စားအိုယင္သာ မ႐ွိေတာ့ဘူးဆိုရင္ ယင္အိမ္ေတာ္က တတိယတန္းစား အိမ္ေတာ္ အျဖစ္ကို ထိုးက်ေနေလာက္ၿပီ ။

ဒါကို တြက္ခ်က္ၾကည့္ရင္ ဧကရာဇ္ဆီက မ်က္ႏွာေပးခံထားရတဲ့ ေဟးအိမ္ေတာ္က ယင္အိမ္ေတာ္ကေန သတို႔သမီးကို ေတာင္းဆိုႏိုင္စရာ အေၾကာင္း႐ွိမေနဘုး။

အမ်ိဳးသမီးတပ္သားေလးက ေဟးစန္းလန္ရဲ႕ အေျခအေနကို ႐ွင္းျပပီးတာနဲ႔ စီမာေဟြ႕ ကူကယ္ရာ မဲ့စြာ ေခါင္းယမ္းမိတယ္၊ သူမက ဘယ္လိုဘဲ ေဟးခ်န္ဒီကို သေဘာက်ေနပါေစ သူက လက္ထပ္ၿပီးသားဆိုမွေတာ့ သူ႕ လက္ထပ္ေၾကာင္းလမ္းမႈကို ဖ်က္လိုဖ်က္ဆီးလုပ္လို႔မျဖစ္ဘူး၊သူမမွာလည္း မာနနဲ႔ သိကၡာတရားက ႐ွိေသးတယ္။

သူမအေနနဲ႔ ေဟးခ်န္ဒီကို ေစာေစာ မေတြ႕ဆုံခဲ့ရတာကို ဝမ္းနည္းပူေဆြးမိတယ္

စီမာေဟြ႕ကို ခစားတဲ့ အမ်ိဳးသမီး လက္ေထာက္တပ္သားေလးက စီမာေဟြ႕နဲ႔ ငယ္႐ြယ္စဥ္ကတည္းက အတူ႐ွိၿပီး ႀကီးျပင္းလာခဲ့တာ၊ သူမကို စီမာအိမ္ေတာ္ကေန ေမြးစားသမီးအေနနဲ႔ သတ္မွတ္ေပးခဲ့ၿပီးေတာ့ စီမာေဟြ႕နဲ႔ တခ်ိန္လူံး အတူလိုက္ပါေနခဲ့တာ။

သူမက စစ္သူႀကီးခ်ဳပ္စီမာကို အလြန္အမင္းသစၥာ႐ွိၿပီးေတာ့ စီမာေဟြ႕အေပၚမွာလည္း ထပ္တူဘဲ၊ စစ္သူႀကီးခ်ဳပ္ စီမာ တိုက္ပြဲမွာ က်ဆုံးသြားခဲ့ေတာ့ သူမ စိတ္ထဲ စီမာေဟြ႕ကိုဘဲ တစ္ဦးတည္းေသာ သခင္အျဖစ္နဲ႔ မွတ္ယူလိုက္တယ္။

သူမက ဂ႐ုတစိုက္နဲ႔ ေမးလိုက္တယ္ " သခင္မေလးက ေဟးစန္းလန္ကို သေဘာက်ေနတာလား "

စီမာေဟြ႕က သာမန္ဆို တည့္တိုးဆန္လြန္းတဲ့ အမ်ိဳးသမီးျဖစ္တယ္၊ ဒီေတာ့ သူမ ညီအစ္မလို သတ္မွတ္ထားတဲ့ အယုံၾကည္ရဆုံး အေစခံေ႐ွ႕မွာ ဘာမွ ဖူံးကြယ္ထားစရာ မ႐ွိဘူး၊ဒါနဲ႔ သူမ ေဟးစန္းလန္ကို ႀကိဳက္ေနေၾကာင္းကို ေျပာျပလိုက္တယ္။

အမ်ိဳးသမီးလက္ေထာက္ရဲ႕ မ်က္လုံးေတြက အေတြးထဲေျမာသြားတယ္၊ စီမာေဟြ႕က စစ္သူႀကီးခ်ဳပ္စီမာေနာက္က‌ေန လမ္းေလွ်ာက္တတ္စအ႐ြယ္ကတည္းက တပ္ထဲကို အၿမဲ လိုက္လည္ပတ္ခဲ့တယ္၊စီမာအိမ္ေတာ္က သူမကို ေယာက်္ားေလးတစ္ေယာက္လိုမ်ိဳးပ်ိဳးေထာင္လာခဲ့တာ၊  ခ်စ္ေရးခ်စ္ရာကိစၥေတြကို သူမက သိပ္မေတြ႕ၾကဳံခဲ့ဖူးဘူး၊ ေနာက္ၿပီး ဒီလိုမ်ိဳး တစ္ေယာက္ေယာက္ကို သေဘာက်ေၾကာင္း ဝန္ခံတာမ်ိဳးလည္း မ႐ွိခဲ့ဖူးဘူး။

စစ္သူႀကီးခ်ဳပ္စီမာ ကြယ္လြန္ၿပီးကတည္းကအနီးကပ္ အမ်ိဳးသမီးအေစခံအေနနဲ႔ သူမ သခင္မေလး လက္ထပ္ေၾကာင္းလမ္းမႈအတြက္ စိုးရိမ္ ပူပန္ေနခဲ့ရတယ္။

အခု စီမာေဟြ႕က ေယာက်္ားတစ္ေယာက္ကို သေဘာက်ေနၿပီဆိုေတာ့ သူမ ဦးေႏွာက္ကို မနားတမ္း အလုပ္ေပးေနရၿပီ

"သခင္မေလး  ကြၽန္မၾကားမိတာကေတာ့ ေဟးစန္းလန္ရဲ႕ မိန္းမက အခုထိ ကိုယ္ဝန္မေဆာင္ရေသးဘူးတဲ့ "

စီမာေဟြ႕က စိတ္မသက္မသာနဲ႔ ေခါင္းညိမ့္ျပလိုက္တယ္၊ သူမ စိတ္ဓာတ္က်ေနလို႔ ဘာမွကိုေတြးမေနခ်င္ေတာ့ဘူး " သူတို႔ႏွစ္ေယာက္က  လက္ထပ္ထားတာမၾကာေသးဘူးေလ ၊ဒီေတာ့ ဘယ္လိုလုပ္ ျမန္ျမန္ႀကီး ကိုယ္ဝန္ရႏိုင္ပါ့မလဲ၊ သိပ္မၾကာခင္အခ်ိန္တြင္းမွာဘဲ သူတို႔မွာ ကေလးတစ္ေယာက္ရလာလိမ့္မယ္ "

အမ်ိဳးသမီးလက္ေထာက္က စီမာေဟြ႕ရဲ႕ ဒီစကားကို သိပ္ၿပီး သေဘာမတူခ်င္ဘူး။

"သခင္မေလးကေတာ့ ဒါကို မသိေလာက္ဘူး၊ ယင္အိမ္ေတာ္က ေျခာက္ေယာက္ေျမာက္သခင္မေလးက အဆင့္အတန္းျမင့္မားဖို႔အတြက္နဲ႔သာ ေဟးစန္းလန္ကို လက္ထပ္ခဲ့တာျဖစ္ႏိုင္တယ္၊ ဒါက သခင္မႀကီးေဟးရဲ႕ စိတ္ကူးအၾကံဉာဏ္ဘဲ ျဖစ္မယ္၊ ဒီအေစခံ ခန္႔မွန္းရသေလာက္ဆိုရင္ေတာ့ ေဟးစန္းလန္က လက္ထပ္ၿပီး ရက္ပိုင္းကတည္းက စစ္တပ္ထဲကို ဝင္ေရာက္လာခဲ့တာ၊ ဒီေတာ့ ေဟးစန္းလန္အေနနဲ႔ သူ႕ဇနီးအသစ္စက္စက္ေလးကို သေဘာမက်ဘူးဆို တာ ‌အသိသာဘဲ "

စီမာေဟြ႕ မ်က္ခူံးေတြ တြန္႔သြားတယ္ " ေ႐ွာင္ယန္ နင္ တျခားေတြကို ဒီလိုမ်ိဳး အတင္းအဖ်င္းေတြ သြားေျပာလို႔မျဖစ္ဘူး၊ ငါတို႔အေနနဲ႔ ေဟးမိသားစုကို တခါမွ မ‌ေတြ႕ဆုံဖူးဘူး၊ ဒီေတာ့ ဒါေတြအားလူံးက ႐ိုင္းစိုင္းတဲ့ မွတ္ခ်က္ေတြဘဲ ျဖစ္ႏိုင္တယ္ "

စီမာေဟြ႕ဆီက သတိေပးခံလိုက္ရေတာ့ ေ႐ွာင္ယန္လည္း ႏႈတ္ခမ္းကို ဖိကိုက္ၿပီး ေခါင္းညိမ့္ျပလိုက္တယ္၊ " တျခား‌သူေတြကို မဟုတ္မမွန္ေဝဖန္မိတာ ဒီအေစခံမွားသြားပါတယ္၊ ျပစ္ဒဏ္ကို ခံယူပါ့မယ္ သခင္မေလး "

စီမာေဟြ႕ကလည္း သူမကို ဒီလိုပုံမ်ိဳးနဲ႔ ဆက္မၾကည့္ေနႏိုင္တာနဲ႔ ေ႐ွာင္ယန္ရဲ႕ လက္ကို ဆြဲယူၿပီး ႏွစ္သိမ့္လိုက္တယ္၊" ဟုတ္ပါၿပီ ေ႐ွာင္ယန္ရယ္ နင္က ငါ့အတြက္ႀကိဳးစားေနတာကို ငါသိပါတယ္၊ ဒါေပမယ့္ ငါ့အတြက္ အခြင့္အေရးက လြဲေခ်ာ္သြားခဲ့ၿပီ ၊ငါတို႔ေတြ ေနာက္တႀကိမ္ ျပန္ေမြးဖြားလာတာမ်ိဳး မဟုတ္ရင္ ‌ေဟစန္းလန္နဲ႔ ငါက မျဖစ္ႏ္ုင္ေတာ့ပါဘူး၊ အခုအေတာ္ ေနာက္က်ေနၿပီဆိုေတာ့ ဘာလို႔နင့္တဲဆီ ျပန္ၿပီး မနားေသးတာလဲ၊ ဒီညအတြက္ေတာ့ ေ႐ွာင္ယ ကို ေစာင့္ခိုင္းလိုက္ေတာ့ "

အမ်ိဳးသမီးလက္ေထာက္လည္း စီမာေဟြ႕ရဲ႕ အမိန္႔ကို နာခံ႐ုံအျပင္ မတတ္ႏိုင္ေတာ့ဘူး၊ သူမက မထြက္ခြာခင္ စီမာေဟြ႕အတြက္ အိပ္ရာကို အဆင္သင့္‌ျပင္ဆင္ေပးလိုက္တယ္ ။

ေ႐ွာင္ယန္က တဲနားက ေမွာင္ရိပ္ထဲမွာ အခ်ိန္အေတာ္ၾကာရပ္ေနခဲ့တယ္၊ သူမမ်က္လုံးေတြက ေမွာင္မဲေနတဲ့ ေကာင္းကင္ႀကီးကို ေငးရင္း တဖ်က္ဖ်က္လက္ေနတယ္ ။

ငါ့ရဲ႕ သခင္မေကာင္းေလးေရ ၊နင္က အခုထိ ဘာကိုမွ ေသခ်ာနားမလည္ေသးပါလား၊ နင္လိုခ်င္တဲ့အရာကို ေသခ်ာေပါက္ ရယူရမယ္ေလ၊ နင္သာ မတိုက္ခိုက္ရင္ စစ္သူႀကီးခ်ဳပ္စီမာလိုဘဲ အဆုံးသတ္သြားရလိမ့္မယ္ ။

ဒါေပမယ့္ ေ႐ွာင္ယန္ဆိုတဲ့ ငါက အနားမွာ ႐ွိေနသေ႐ြ႕ေတာ့ သခင္မေလးအေနနဲ႔ ဘာကိုမွ တိုက္ခိုက္ေနဖို႔ မလိုအပ္ပါဘူး၊ သခင္မေလးအတြက္ အရာရာတိုင္းကို ငါက အဆင္သင့္ ျပင္ဆင္ေပးမွာပါ ။

ခ်ဴးလ်န္ လ်န္က်ိဳးကို ေရာက္ၿပီး ငါးရက္ေျမာက္ေတာ့ ေနာက္တႀကိမ္ ႏွင္းထပ္က်လာျပန္တယ္။

ႏွင္းမုန္တိုင္းက သုံးရက္ေလာက္ၾကာတဲ့ အထိ ျဖစ္ပြားေနၿပီးေတာ့ လ်န္က်ိဳးတၿမိဳ႕လူံးလည္း ႏွင္းလႊာေတြနဲ႔ ဖုံးအုပ္ေနတယ္။

Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...