Arr Ah Daddy (Complete)

By YoYo426

1M 73.4K 2.3K

သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ... More

Part 1(Uni +Zaw)
Part 2(Uni +Zaw)
Part 3(Uni +Zaw)
Part 4(Uni +Zaw)
Part 5(Uni+ Zaw)
Part 6(Uni +Zaw)
Part 7(Uni +Zaw)
Part 8(Uni +Zaw)
Part 9(Uni+ Zaw)
Part 10(Uni+ Zaw)
Part 11(Uni +Zaw)
Part 12(Uni +Zaw)
Part 13(Uni+ Zaw)
Part 14(Uni +Zaw)
Part 15(Uni +Zaw)🔞🔞🔞
Part 16(Uni +Zaw)
Part 17(Uni+ Zaw)
Part 18(Uni+ Zaw)
Part 19(Uni +Zaw)
Part 20(Uni +Zaw)🔞🔞🔞
Part 21(Uni+ Zaw)
Part 22(Uni +Zaw)
Part 23(Uni +Zaw)
Part 24(Uni +Zaw)🔞
Part 25(Uni+ Zaw)
Part 26(Uni +Zaw)
Part 27(Uni +Zaw)
Part 29(Uni +Zaw)
Part 30(Uni+ Zaw)
Part 31(Uni+ Zaw)
Part 32(Uni+ Zaw)🔞🔞🔞
Part 33(Uni+ Zaw)
Part 34(Uni+ Zaw)
Part 35(Uni+ Zaw)
Part 36(Uni +Zaw)
Part 37(Uni+ Zaw)
Part 38(Uni+ Zaw)
Part 39(Uni+ Zaw)
Part 40(Uni +Zaw)
Part 41(Uni+ Zaw)
Part 42(Uni +Zaw)
Part 43 End (Uni+Zaw)
ကျေးဇူးတင်စာ💛
New Fic မိတ်ဆက်
hello🙋🙋

Part 28(Uni+ Zaw)

18.6K 1.4K 54
By YoYo426

Arr Ah Daddy
Part 28(Uni)


ဒီနေ့က တက္ကသိုလ်တွေ ပြန်ဖွင့်တဲ့ နေ့ဖြစ်တယ်။ ရှောင်ကျန့်တို့က 2nd year ကျောင်းသား ဖြစ်ပြီပေါ့။ ပိတ်ရက်တုန်းက အလုပ်မရှိတာကြောင့် ပျင်းရသည်။ အခုတော့ စာနဲ့ လုံးပမ်းရမှာကြောင့် ကိုယ်လဲ အလုပ်ရှိသွားလေပြီ။ daddy ကတော့ သူကျောင်းထားပေးနိုင်တယ်။ စာအရမ်း မလုပ်နဲ့ ပြောပေမဲ့ ကိုယ်က ဝါသနာပါတယ်လေ။

ရှောင်ကျန့်က အဖြူရောင် ရှပ်လက်ရှည် နဲ့ အမဲရောင် ဘောင်းဘီကို ဝတ်ဆင်လိုက်သည်။ အပေါ်က အညိုရောင် ကုတ် အရှည်ကို ထပ်ဝတ်လိုက်သည်။ ဒူးလောက်ထိ ရောက်တဲ့ ကုတ်လေးနဲ့ ရှောင်ကျန့်က လိုက်ဖက်လှသည်။

ရီပေါ်ကတော့ ဝတ်နေကျအတိုင်း အနက်ရောင် ဝတ်ဆုံပြည့်ဖြင့် ခန့်ညား နေ​သည်။ ရီပေါ်က သူ့ရဲ့ လက်ဆွဲအိတ်ကို တစ်ဖက်သယ်ရင်း နောက်လက်တစ်ဖက်က ရှောင်ကျန့်ရဲ့ လွယ်အိတ်ကို ယူကာ ပေးလိုက်လေသည်။


ရှောင်ကျန့် သူ့ daddy ပေးတဲ့ အသားရောင် လွယ်အိတ်လေးကို ကျောတွင် လွယ်ပြီး daddy ကို လက်တွဲကာ အောက်ထပ်ကို ဆင်းခဲ့တော့သည်။

အဲ့ဒီ လွယ်အိတ်တွေနဲ့ တခြား အသုံးအဆောင်တွေ ကုတ်တွေ ဆောင်းတွင်းဝတ် အဝတ်တွေ အကုန်လုံးက daddy ဝယ်ပေးထားတာ ဖြစ်တယ်။ daddy ရဲ့ ဦးနှောက်ကိုတော့ လိုက်မမှီတော့ပေ။ ကိုယ်တောင် ကျောင်းပြန်တက်ရမှာကို အမှု့မဲ့ အမှတ်မဲ့။ daddy က သူကိုယ်တိုင် သွားပြီး ဝယ်ထားတယ်ဆိုဘဲ။ ဒရိုင်ဘာမု ပြန်ပြောတာလေ။

ရီပေါ်နဲ့ ရှောင်ကျန့်တို့ အောက်ထပ်ဆင်းလာတော့ မီးဖိုချောင်ထဲတွင် ပြင်ဆင်နေတဲ့ ဒေါ်ကြီးစုကို တွေ့ရလေသည်။ ကျောင်းပြန်တက်ရမှာဆိုတော့ ဒေါ်ကြီးစုကို ပြန်ခေါ်ထားခြင်းဖြစ်သည်။


ရီလျှို့နဲ့ ရွယ်ယိ့တို့လဲ ရောက်နှင့်ပြီး ဖြစ်တယ်။ သူတို့နှစ်ယောက်ကြား အခြေအနေက အခုတလော တွင် အေးစက်နေလေသည်။ အပြင်တွင်တော့ ထုတ်မပြောဖြစ်ကြ။ သူတို့နှစ်ယောက်က အဆင်မပြေဘဲ သူတို့ရှေ့တွင် ထိုင်နေတဲ့ လူနှစ်ဦးက ချစ်ကြည်နေရင် ရွယ်ယိ့အဖို့ ​ပိုပြီး ဒေါသထွက်ရတယ်။


မနက်စာ စားပြီးတာနဲ့ ရီပေါ်က ရှောင်ကျန့်ကို လိုက်ပို့လေသည်။ ရီလျှို့နှင့် ရွယ်ယိ့ကတော့ ကားတစ်စီးဖြင့် ကျောင်းသွားကြသည်။

ကားပေါ်တွင်

"ကျန့်လေး ကျောင်းဆင်းချိန်ကို ကိုယ် ဒရိုင်ဘာမုကို လာကြိုခိုင်းမယ်"

"ဟုတ်ကဲ့ daddy "

"............"

"Daddy ကို လွမ်းနေရတော့မှာဘဲ"

"ကျန့်လေးကလဲ ညနေကျ ပြန်တွေ့ရမှာပါ"

"မနက်နဲ့ ညဘဲ တွေ့ရတော့မှာလေ"

"ကျောင်းပြီးဖို့ နောက်တစ်နှစ်ဘဲ ကျန်ပါတော့တယ်"

".............."

ပြောပြီးတာနဲ့ ကားထဲတွင် ပြန်တိတ်ဆိတ်သွားလေသည်။ အဲ့လိုနဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး။ ကျောင်းရှေ့ကို ရောက်လာလေပြီ။ ရှောင်ကျန့် ရီပေါ့် နှုတ်ခမ်းကို နမ်းလိုက်ပြီး

"daddy သွားပြီ"

ဆိုတဲ့ အသံလေးနဲ့ အတူ ကားပေါ်က ဆင်းသွားလေသည်။ ကားပေါ်က လူကတော့ ပြုံးပြီး ကျန်ခဲ့လေသည်။.

ရှောင်ကျန့် ကားပေါ်က ဆင်းတာနဲ့ ကျောင်းကလူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြလေသည်။ ပေါ်တင်ကြည့်ရော ခိုးကြည့်ရော အကြည့်ခံနေရတာကို ရှောင်ကျန့် သတိထားမိပါတယ်။ မျက်လုံးတွေကို ဂရုမစိုက်ဘဲ ကိုယ့်အခန်းကိုသာ ကိုယ်ဝင်ခဲ့တော့သည်။

အတန်းထဲ ရောက်တော့လဲ မိန်းကလေးတွေက တိုးတိုး တိုးတိုး နဲ့ ဘာတွေ ပြန်နေပြန်ပြီလဲ မသိ။

ကျောင်းက လူတွေ ဖြစ်ပျက်နေကြတာက ရှောင်ကျန့်က Wang ဂရုက သူဋေးကြီး ဝမ်ရီပေါ်နဲ့ ယူလိုက်တာကြောင့်ဖြစ်တယ်။ ဖအေအရွယ်ကို ယူတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပိုက်ဆံမက်တယ်နဲ့ မျိုးစုံအောင် ပြောနေကြသည်။

ထိုစကားတွေကို ကြားတော့ ရွယ်ယိ့က ပြုံးနေသည်။ ရီလျှို့ကတော့ လက်သီးဆုတ်ထားကာ မျက်နှာ မကောင်းပေ။ ကာယကံရှင် ရှောင်ကျန့်ကတော့ မျက်နှာတွင် ခပ်မှိန်မှိန် အပြုံးကို ချိတ်ဆွဲထားပြီး ဘာအမူအရာမှ မပြပေ။

စာသင်ချိန်ပြီးတော့ ကန်တင်းသွားတော့ရော မိန်းကလေး ၃ယောက် အုပ်စုက ရှောင်ကျန့် လမ်းကို ပိတ်ထားလေသည်။ ရှောင်ကျန့်က ဟိုဘက်ကို သွား ဟိုဘက်ကိုပိတ် ဒီဘက်ကိုသွား ဒီဘက်ကို ပိတ်နဲ့ ရှောင်ကျန့် မပြောချင်ဘဲ ပြောလိုက်လေသည်။

"လမ်းဖယ်ပေးအုံး လူသွားမလို့"

"ဟဲ့ရေ ဒါက Wang ဂရုရဲ့ သူဋေးလေးမလားဟေ
ဟုတ်ပ့ ပိုက်ဆံမက်ပြီး အဖေ အရွယ်ကို ယူလိုက်တဲ့သူမလား"

ရှောင်ကျန့် သူ့အရှေ့က မိန်းကလေး သုံးယောက်ကို ကြည့်လိုက်တော့ ရွယ်ယိ့ရဲ့ သူငယ်ချင်းတွေ ဖြစ်နေတယ်။ ရှောင်ကျန့် အပြုံးတစ်ခုကို ချိတ်ဆွဲပြီး

"ဟုတ်တာပေါ့ ဒါအပြင် မင်းတို့ သူငယ်ချင်းရွယ်ယိ့ရဲ့ ယောက္ခမ လဲ ဖြစ်သေးတယ်"

"ဘာ နင် နင်.....ယောကျာ်းလေး ဖြစ်ပြီး အရှက်မရှိဘူး"

"​ငါက ဒီအခြေအမြစ် မရှိတဲ့ စကားတွေကို ဘာကြောင့် နားထောင်နေရမှာလဲ မြန်မြန် ထယ်ဘေး မဟုတ်ရင်"

"မဟုတ်ရင် ဘာဖြစ်လဲ "

"စောင့်နေလေ"

ရှောင်ကျန့်ပြောပြီးတာနဲ့ ထိုမိန်းမ သုံးယောက်ကို ကျော်ကာ လာခဲ့တော့သည်။သူအနေနဲ့ မိန်းကလေးတွေနဲ့ ရန်မဖြစ်ချင်ပေ။ ဒါပေမဲ့ လာလာ ပတ်သက်နေတော့ ပြန်မပြောလို့လဲ မဖြစ်။ ဟူးးးး စိတ်ပျက်စရာကြီး။ လူတွေက ကိုယ့်ဘာသာ မနေနိုင်ကြဘူး။

ဖုန်းကို ကြည့်ပြီး တောက် တစ်ချက် ခေါက်လိုက်သည်။ ထိုသူကတော့ ဝမ်ရီပေါ်ပင်။ သူ့ကလေးကို စောင့်ရှောက်ဖို့ အတွက် ကျောင်းတွင် သန့်ရှင်းရေ အလုပ်သမား နှစ်ယောက်ကို ပိုက်ဆံပေးကာ ငှားထားသည်။

"ဟယ်လို******ကျောင်းက ကျောင်းအုပ်ကြီးလား"

"ဟုတ်ပါတယ် ခင်ဗျ"

"********** ဖြစ်နေတယ် ကျွန်တော့်ကို စိတ်မပျက်စေပါနဲ့"

"ဟုတ်......ဟုတ်ကဲ့ပါ CEO ဝမ်"

ကျောင်းအုပ်ကြီး ဖုန်းချလိုက်ပြီးတာနဲ့ ချွေးပြန်သွားသည်။ CEO ဝမ်က ဒီနှစ်မှာ ကျောင်းကို အများကြီး ထောက်ပံ့ထားတဲ့သူ ဖြစ်တယ်။ ဒီလို လူမျိုးရဲ့အမျိုးသားကို ဒုက္ခပေးတဲ့သူတွေကတော့ မတွေးရဲ စရာဘဲ။ ကျောင်းအုပ်ကြီးလဲ 2nd year ရဲ့ အတန်းပိုင်ကို ​ရုံးခန်းထဲကို ခေါ်လိုက်သည်။

"ဒီကိစ္စက..................ဒီလိုဘဲ အဲ့ ကျောင်းသူ သုံးယောက်ကို ကျောင်းပြောင်းခိုင်းလိုက်တော့"

"ဟုတ်ကဲ့ ကျွန်မ နားလည်ပါပြီ"

"အင်း"

"ကျွန်မကို သွားခွင့်ပြုပါဦး"


✴✴✴✴✴✴✴✴✴✴✴✴

ညနေကျောင်းဆင်းတော့ ဒရိုင်ဘာမုက ကျောင်းရှေ့မှာ စောင့်နှင့်ပြီး ဖြစ်တယ်။ ရှောင်ကျန့်လဲ ကားပေါ်တက်သွားလေသည်။ ဒရိုင်ဘာမုက နောက်ခန်းကို အအေးဗူး လှမ်းပေးလေသည်။

"ဒါက ဘော့စ် ပေးခိုင်းလိုက်တာပါ"

"ဟုတ်ကဲ့ ကျေးဇူးပါ"

"ရပါတယ်"

ဒရိုင်ဘာမု ပေးစရာ ပေးပြီးတာနဲ့ ကားစက်နှိုးကာ ဝမ်အိမ်စီသို့ မောင်းလေသည်။ ရှောင်ကျန့်က driverseat လေးတွေ ထိုင်ရင်း အ​အေးလေး သောက်ကာ ဖုန်းထုတ်ပြီး daddy ဆိုတဲ့ contact လေးကို နှိပ်ကာ ဆက်လိုက်သည်။

"ဟယ်လို daddy"

"အင်း ကျန့်လေး"

"ကျွန်တော် ကားပေါ်ရောက်ပြီ အအေးအတွက် ကျေးဇူးပါ"

"ရတယ် ကျန့်လေး ပထမဆုံးနေ့မှာ အဆင်ပြေလား"

"အဆင်ပြေပါတယ် daddy စောစော ပြန်ခဲ့နော်"

"ဟုတ်ပြီ ကိုယ် အလုပ်ပြီးတာနဲ့ ပြန်လာမယ်"

"ဟုတ် ဒါဘဲနော်"

"ဟုတ်ပါပြီ"

ဒီလိုနဲ့ ရှောင်ကျန့် အိမ်ပြန်ရောက်သွားသည်။ ဒရိုင်ဘာမုကတော့ ကုမ္မဏီကို ပြန်သွားလေသည်။ အိမ်ထဲ ဝင်တာနဲ့ မီးဖိုချောင်ထဲတွင် အလုပ်လုပ်နေတဲ့ ဒေါ်ကြီးစုက ထွက်လာပြီး ကြိုလေသည်။

"သခင်လေး ပြန်လာပြီလား ကျွန်မ ဘာလုပ်ပေးရမလဲ"

"နေနေ ဒေါ်ကြီးစု ဘာမှ မလိုပါဘူး"

"ဟုတ်ကဲ့ တစ်ခုခု လိုရင် ခေါ်လိုက်ပါ"

"ဟုတ်"

အရင်ကဆို ဒေါ်ကြီးစုက သူ့ကို သဘောမကျပေ။ အရင်တစ်ခေါက် သူ့မွေးရပ်မြေ ပြန်တုန်းကိစ္စက သူ့မြေးမတစ်ယောက် ခွဲစိတ်ခန်း ဝင်ရတာ ဖြစ်တယ်။ အဲ့ဒီအတွက် ရှောင်ကျန့်က သူမကို ပိုက်ဆံနှင့် တကွ အိမ်ပြန်ခွင့် ပြုလိုက်တာဖြစ်တယ်။ အဲ့အကူအညီ ပေးပြီးထဲက ဒေါ်ကြီးစုက ရှောင်ကျန့်ကို ကြည်ဖြူလာသည်။ အမြင်မကြည်တာတွေ မရှိတော့ပေ။


ရှောင်ကျန့် အခန်းထဲ ဝင်ပြီးတာနဲ့ လွယ်အိတ်ချ အဝတ်ချွတ်ကာ ရေချိုးတော့သည်။ ရေချိုး ပြီးတာနဲ့ ခဲရောင် hoody လေး ဝတ်ကာ အဖြူဘောင်းဘီ အပွ အရှည်လေးကို ဝတ်ကာ အောက်ထပ်ကို ဆင်းလာသည်။


ခြံဝန်းထဲက ဒန်းလေးမှာ ထိုင်ရင်း daddy ကို စောင့်ဖို့ ရည်ရွယ်ပေမဲ့ ရီလျှို့နဲ့ တွေ့ရမယ်လို မမျှော်လင့်မိ။


ရီလျှို့က မျက်ဝန်း နီနီနဲ့ ရှောင်ကျန့်ကို စိုက်ကြည့်နေသည်။ရှောင်ကျန့်က လမ်းခွဲပီးမှ ပိုချောလာတာကို ရီလျှို့ သတိထားမိတယ်။ အခုလဲ ခဲရောင် hoody လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတယ်။ ဆံပင်အုပ်အုပ်လေး အရှေ့ကို ဝဲကျနေတဲ့ ကောင်လေးက မီးရောင်ဖျဖျလေးအောက်မှာ ညို့ဓာတ်ပြင်းကာ ချစ်စဖွယ်အတိ ဖြစ်နေတယ်။


ရီလျှို့က ရှောင်ကျန့်နား ကပ်လာပြီး ရှောင်ကျန့်ရဲ့ ခါးကနေ ဆွဲ လိုက်တော့ သူ့ရဲ့ ရင်ခွင်ထဲ တန်းရောက်လာတယ်။ ရှောင်ကျန့် လန့်သွားပြီးမှ အသိပြန်ဝင်လာကာ ထုရိုက်လုပ်လေသည်။.

"မြန်မြန်......လွှတ်ပေးစမ်း "

"ရှောင်အာ"

"ငါ့ကို အဲ့လိုမခေါ်နဲ့ လွှတ်စမ်း"

"ရှောင်အာ မင်းကို ငါဘယ်လောက်လွမ်းနေလဲ သိရဲ့လား မင်းက အဖေ့ကိုဘဲ ဂရုစိုက်တယ် ငါကျ ဂရုမစိုက်ဘူး"

"မင်းက ဂရုစိုက်ခံဖို့ တန်လို့လား"

"ငါမှားမှန်း သိပါပြီ ငါရွယ်ယိ့ကို ကွာရှင်းတော့မယ် မင်းငါ့ကို ပြန်လက်ခံပေးပါလား"

"အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့ အခုချက်ချင်းလွှတ်"

မလွှတ်တဲ့ အဆုံး ရှောင်ကျန့် ရီလျှို့ လက်မောင်းကို ကိုက်ပစ်လိုက်လေသည်။

"အားးး"

"ရီလျှို့ မင်းကို ငါ အရမ်း မုန်းတယ်"

ရီလျှို့ လက်က လွတ်တာနဲ့ ရှောင်ကျန့် အိမ်ထဲ ပြေးဝင်သွားလေသည်။


^. ................^



Arr Ah Daddy
Part 28(Zaw)


ဒီေန႕က တကၠသိုလ္ေတြ ျပန္ဖြင့္တဲ့ ေန႕ျဖစ္တယ္။ ေရွာင္က်န့္တို႔က 2nd year ေက်ာင္းသား ျဖစ္ၿပီေပါ့။ ပိတ္ရက္တုန္းက အလုပ္မရွိတာေၾကာင့္ ပ်င္းရသည္။ အခုေတာ့ စာနဲ႕ လုံးပမ္းရမွာေၾကာင့္ ကိုယ္လဲ အလုပ္ရွိသြားေလၿပီ။ daddy ကေတာ့ သူေက်ာင္းထားေပးနိုင္တယ္။ စာအရမ္း မလုပ္နဲ႕ ေျပာေပမဲ့ ကိုယ္က ဝါသနာပါတယ္ေလ။

ေရွာင္က်န့္က အျဖဴေရာင္ ရွပ္လက္ရွည္ နဲ႕ အမဲေရာင္ ေဘာင္းဘီကို ဝတ္ဆင္လိုက္သည္။ အေပၚက အညိုေရာင္ ကုတ္ အရွည္ကို ထပ္ဝတ္လိုက္သည္။ ဒူးေလာက္ထိ ေရာက္တဲ့ ကုတ္ေလးနဲ႕ ေရွာင္က်န့္က လိုက္ဖက္လွသည္။

ရီေပၚကေတာ့ ဝတ္ေနက်အတိုင္း အနက္ေရာင္ ဝတ္ဆုံျပည့္ျဖင့္ ခန့္ညား ေန​သည္။ ရီေပၚက သူ႕ရဲ႕ လက္ဆြဲအိတ္ကို တစ္ဖက္သယ္ရင္း ေနာက္လက္တစ္ဖက္က ေရွာင္က်န့္ရဲ႕ လြယ္အိတ္ကို ယူကာ ေပးလိုက္ေလသည္။


ေရွာင္က်န့္ သူ႕ daddy ေပးတဲ့ အသားေရာင္ လြယ္အိတ္ေလးကို ေက်ာတြင္ လြယ္ၿပီး daddy ကို လက္တြဲကာ ေအာက္ထပ္ကို ဆင္းခဲ့ေတာ့သည္။

အဲ့ဒီ လြယ္အိတ္ေတြနဲ႕ တျခား အသုံးအေဆာင္ေတြ ကုတ္ေတြ ေဆာင္းတြင္းဝတ္ အဝတ္ေတြ အကုန္လုံးက daddy ဝယ္ေပးထားတာ ျဖစ္တယ္။ daddy ရဲ႕ ဦးႏွောက္ကိုေတာ့ လိုက္မမွီေတာ့ေပ။ ကိုယ္ေတာင္ ေက်ာင္းျပန္တက္ရမွာကို အမႈ႕မဲ့ အမွတ္မဲ့။ daddy က သူကိုယ္တိုင္ သြားၿပီး ဝယ္ထားတယ္ဆိုဘဲ။ ဒရိုင္ဘာမု ျပန္ေျပာတာေလ။

ရီေပၚနဲ႕ ေရွာင္က်န့္တို႔ ေအာက္ထပ္ဆင္းလာေတာ့ မီးဖိုေခ်ာင္ထဲတြင္ ျပင္ဆင္ေနတဲ့ ေဒၚႀကီးစုကို ေတြ႕ရေလသည္။ ေက်ာင္းျပန္တက္ရမွာဆိုေတာ့ ေဒၚႀကီးစုကို ျပန္ေခၚထားျခင္းျဖစ္သည္။


ရီလွ်ို႔နဲ႕ ႐ြယ္ယိ့တို႔လဲ ေရာက္ႏွင့္ၿပီး ျဖစ္တယ္။ သူတို႔ႏွစ္ေယာက္ၾကား အေျခအေနက အခုတေလာ တြင္ ေအးစက္ေနေလသည္။ အျပင္တြင္ေတာ့ ထုတ္မေျပာျဖစ္ၾက။ သူတို႔ႏွစ္ေယာက္က အဆင္မေျပဘဲ သူတို႔ေရွ႕တြင္ ထိုင္ေနတဲ့ လူႏွစ္ဦးက ခ်စ္ၾကည္ေနရင္ ႐ြယ္ယိ့အဖို႔ ​ပိုၿပီး ေဒါသထြက္ရတယ္။


မနက္စာ စားၿပီးတာနဲ႕ ရီေပၚက ေရွာင္က်န့္ကို လိုက္ပို႔ေလသည္။ ရီလွ်ို႔ႏွင့္ ႐ြယ္ယိ့ကေတာ့ ကားတစ္စီးျဖင့္ ေက်ာင္းသြားၾကသည္။

ကားေပၚတြင္

"က်န့္ေလး ေက်ာင္းဆင္းခ်ိန္ကို ကိုယ္ ဒရိုင္ဘာမုကို လာႀကိဳခိုင္းမယ္"

"ဟုတ္ကဲ့ daddy "

"............"

"Daddy ကို လြမ္းေနရေတာ့မွာဘဲ"

"က်န့္ေလးကလဲ ညေနက် ျပန္ေတြ႕ရမွာပါ"

"မနက္နဲ႕ ညဘဲ ေတြ႕ရေတာ့မွာေလ"

"ေက်ာင္းၿပီးဖို႔ ေနာက္တစ္ႏွစ္ဘဲ က်န္ပါေတာ့တယ္"

".............."

ေျပာၿပီးတာနဲ႕ ကားထဲတြင္ ျပန္တိတ္ဆိတ္သြားေလသည္။ အဲ့လိုနဲ႕ ဘယ္ေလာက္မွ မၾကာလိုက္ဘူး။ ေက်ာင္းေရွ႕ကို ေရာက္လာေလၿပီ။ ေရွာင္က်န့္ ရီေပၚ့ ႏႈတ္ခမ္းကို နမ္းလိုက္ၿပီး

"daddy သြားၿပီ"

ဆိုတဲ့ အသံေလးနဲ႕ အတူ ကားေပၚက ဆင္းသြားေလသည္။ ကားေပၚက လူကေတာ့ ၿပဳံးၿပီး က်န္ခဲ့ေလသည္။.

ေရွာင္က်န့္ ကားေပၚက ဆင္းတာနဲ႕ ေက်ာင္းကလူေတြက ကြက္ၾကည့္ ကြက္ၾကည့္ လုပ္ေနၾကေလသည္။ ေပၚတင္ၾကည့္ေရာ ခိုးၾကည့္ေရာ အၾကည့္ခံေနရတာကို ေရွာင္က်န့္ သတိထားမိပါတယ္။ မ်က္လုံးေတြကို ဂ႐ုမစိုက္ဘဲ ကိုယ့္အခန္းကိုသာ ကိုယ္ဝင္ခဲ့ေတာ့သည္။

အတန္းထဲ ေရာက္ေတာ့လဲ မိန္းကေလးေတြက တိုးတိုး တိုးတိုး နဲ႕ ဘာေတြ ျပန္ေနျပန္ၿပီလဲ မသိ။

ေက်ာင္းက လူေတြ ျဖစ္ပ်က္ေနၾကတာက ေရွာင္က်န့္က Wang ဂ႐ုက သူေဋးႀကီး ဝမ္ရီေပၚနဲ႕ ယူလိုက္တာေၾကာင့္ျဖစ္တယ္။ ဖေအအ႐ြယ္ကို ယူတယ္ ဘာျဖစ္တယ္ ညာျဖစ္တယ္ ပိုက္ဆံမက္တယ္နဲ႕ မ်ိဳးစုံေအာင္ ေျပာေနၾကသည္။

ထိုစကားေတြကို ၾကားေတာ့ ႐ြယ္ယိ့က ၿပဳံးေနသည္။ ရီလွ်ို႔ကေတာ့ လက္သီးဆုတ္ထားကာ မ်က္ႏွာ မေကာင္းေပ။ ကာယကံရွင္ ေရွာင္က်န့္ကေတာ့ မ်က္ႏွာတြင္ ခပ္မွိန္မွိန္ အၿပဳံးကို ခ်ိတ္ဆြဲထားၿပီး ဘာအမူအရာမွ မျပေပ။

စာသင္ခ်ိန္ၿပီးေတာ့ ကန္တင္းသြားေတာ့ေရာ မိန္းကေလး ၃ေယာက္ အုပ္စုက ေရွာင္က်န့္ လမ္းကို ပိတ္ထားေလသည္။ ေရွာင္က်န့္က ဟိုဘက္ကို သြား ဟိုဘက္ကိုပိတ္ ဒီဘက္ကိုသြား ဒီဘက္ကို ပိတ္နဲ႕ ေရွာင္က်န့္ မေျပာခ်င္ဘဲ ေျပာလိုက္ေလသည္။

"လမ္းဖယ္ေပးအုံး လူသြားမလို႔"

"ဟဲ့ေရ ဒါက Wang ဂ႐ုရဲ႕ သူေဋးေလးမလားေဟ
ဟုတ္ပ့ ပိုက္ဆံမက္ၿပီး အေဖ အ႐ြယ္ကို ယူလိုက္တဲ့သူမလား"

ေရွာင္က်န့္ သူ႕အေရွ႕က မိန္းကေလး သုံးေယာက္ကို ၾကည့္လိုက္ေတာ့ ႐ြယ္ယိ့ရဲ႕ သူငယ္ခ်င္းေတြ ျဖစ္ေနတယ္။ ေရွာင္က်န့္ အၿပဳံးတစ္ခုကို ခ်ိတ္ဆြဲၿပီး

"ဟုတ္တာေပါ့ ဒါအျပင္ မင္းတို႔ သူငယ္ခ်င္း႐ြယ္ယိ့ရဲ႕ ေယာကၡမ လဲ ျဖစ္ေသးတယ္"

"ဘာ နင္ နင္.....ေယာက်ာ္းေလး ျဖစ္ၿပီး အရွက္မရွိဘူး"

"​ငါက ဒီအေျခအျမစ္ မရွိတဲ့ စကားေတြကို ဘာေၾကာင့္ နားေထာင္ေနရမွာလဲ ျမန္ျမန္ ထယ္ေဘး မဟုတ္ရင္"

"မဟုတ္ရင္ ဘာျဖစ္လဲ "

"ေစာင့္ေနေလ"

ေရွာင္က်န့္ေျပာၿပီးတာနဲ႕ ထိုမိန္းမ သုံးေယာက္ကို ေက်ာ္ကာ လာခဲ့ေတာ့သည္။သူအေနနဲ႕ မိန္းကေလးေတြနဲ႕ ရန္မျဖစ္ခ်င္ေပ။ ဒါေပမဲ့ လာလာ ပတ္သက္ေနေတာ့ ျပန္မေျပာလို႔လဲ မျဖစ္။ ဟူးးးး စိတ္ပ်က္စရာႀကီး။ လူေတြက ကိုယ့္ဘာသာ မေနနိုင္ၾကဘူး။

ဖုန္းကို ၾကည့္ၿပီး ေတာက္ တစ္ခ်က္ ေခါက္လိုက္သည္။ ထိုသူကေတာ့ ဝမ္ရီေပၚပင္။ သူ႕ကေလးကို ေစာင့္ေရွာက္ဖို႔ အတြက္ ေက်ာင္းတြင္ သန့္ရွင္းေရ အလုပ္သမား ႏွစ္ေယာက္ကို ပိုက္ဆံေပးကာ ငွားထားသည္။

"ဟယ္လို******ေက်ာင္းက ေက်ာင္းအုပ္ႀကီးလား"

"ဟုတ္ပါတယ္ ခင္ဗ်"

"********** ျဖစ္ေနတယ္ ကြၽန္ေတာ့္ကို စိတ္မပ်က္ေစပါနဲ႕"

"ဟုတ္......ဟုတ္ကဲ့ပါ CEO ဝမ္"

ေက်ာင္းအုပ္ႀကီး ဖုန္းခ်လိဳက္ၿပီးတာနဲ႕ ေခြၽးျပန္သြားသည္။ CEO ဝမ္က ဒီႏွစ္မွာ ေက်ာင္းကို အမ်ားႀကီး ေထာက္ပံ့ထားတဲ့သူ ျဖစ္တယ္။ ဒီလို လူမ်ိဳးရဲ႕အမ်ိဳးသားကို ဒုကၡေပးတဲ့သူေတြကေတာ့ မေတြးရဲ စရာဘဲ။ ေက်ာင္းအုပ္ႀကီးလဲ 2nd year ရဲ႕ အတန္းပိုင္ကို ​႐ုံးခန္းထဲကို ေခၚလိုက္သည္။

"ဒီကိစၥက..................ဒီလိုဘဲ အဲ့ ေက်ာင္းသူ သုံးေယာက္ကို ေက်ာင္းေျပာင္းခိုင္းလိုက္ေတာ့"

"ဟုတ္ကဲ့ ကြၽန္မ နားလည္ပါၿပီ"

"အင္း"

"ကြၽန္မကို သြားခြင့္ျပဳပါဦး"


✴✴✴✴✴✴✴✴✴✴✴✴

ညေနေက်ာင္းဆင္းေတာ့ ဒရိုင္ဘာမုက ေက်ာင္းေရွ႕မွာ ေစာင့္ႏွင့္ၿပီး ျဖစ္တယ္။ ေရွာင္က်န့္လဲ ကားေပၚတက္သြားေလသည္။ ဒရိုင္ဘာမုက ေနာက္ခန္းကို အေအးဗူး လွမ္းေပးေလသည္။

"ဒါက ေဘာ့စ္ ေပးခိုင္းလိုက္တာပါ"

"ဟုတ္ကဲ့ ေက်းဇူးပါ"

"ရပါတယ္"

ဒရိုင္ဘာမု ေပးစရာ ေပးၿပီးတာနဲ႕ ကားစက္ႏွိုးကာ ဝမ္အိမ္စီသို႔ ေမာင္းေလသည္။ ေရွာင္က်န့္က driverseat ေလးေတြ ထိုင္ရင္း အ​ေအးေလး ေသာက္ကာ ဖုန္းထုတ္ၿပီး daddy ဆိုတဲ့ contact ေလးကို ႏွိပ္ကာ ဆက္လိုက္သည္။

"ဟယ္လို daddy"

"အင္း က်န့္ေလး"

"ကြၽန္ေတာ္ ကားေပၚေရာက္ၿပီ အေအးအတြက္ ေက်းဇူးပါ"

"ရတယ္ က်န့္ေလး ပထမဆုံးေန႕မွာ အဆင္ေျပလား"

"အဆင္ေျပပါတယ္ daddy ေစာေစာ ျပန္ခဲ့ေနာ္"

"ဟုတ္ၿပီ ကိုယ္ အလုပ္ၿပီးတာနဲ႕ ျပန္လာမယ္"

"ဟုတ္ ဒါဘဲေနာ္"

"ဟုတ္ပါၿပီ"

ဒီလိုနဲ႕ ေရွာင္က်န့္ အိမ္ျပန္ေရာက္သြားသည္။ ဒရိုင္ဘာမုကေတာ့ ကုမၼဏီကို ျပန္သြားေလသည္။ အိမ္ထဲ ဝင္တာနဲ႕ မီးဖိုေခ်ာင္ထဲတြင္ အလုပ္လုပ္ေနတဲ့ ေဒၚႀကီးစုက ထြက္လာၿပီး ႀကိဳေလသည္။

"သခင္ေလး ျပန္လာၿပီလား ကြၽန္မ ဘာလုပ္ေပးရမလဲ"

"ေနေန ေဒၚႀကီးစု ဘာမွ မလိုပါဘူး"

"ဟုတ္ကဲ့ တစ္ခုခု လိုရင္ ေခၚလိုက္ပါ"

"ဟုတ္"

အရင္ကဆို ေဒၚႀကီးစုက သူ႕ကို သေဘာမက်ေပ။ အရင္တစ္ေခါက္ သူ႕ေမြးရပ္ေျမ ျပန္တုန္းကိစၥက သူ႕ေျမးမတစ္ေယာက္ ခြဲစိတ္ခန္း ဝင္ရတာ ျဖစ္တယ္။ အဲ့ဒီအတြက္ ေရွာင္က်န့္က သူမကို ပိုက္ဆံႏွင့္ တကြ အိမ္ျပန္ခြင့္ ျပဳလိုက္တာျဖစ္တယ္။ အဲ့အကူအညီ ေပးၿပီးထဲက ေဒၚႀကီးစုက ေရွာင္က်န့္ကို ၾကည္ျဖဴလာသည္။ အျမင္မၾကည္တာေတြ မရွိေတာ့ေပ။


ေရွာင္က်န့္ အခန္းထဲ ဝင္ၿပီးတာနဲ႕ လြယ္အိတ္ခ် အဝတ္ခြၽတ္ကာ ေရခ်ိဳးေတာ့သည္။ ေရခ်ိဳး ၿပီးတာနဲ႕ ခဲေရာင္ hoody ေလး ဝတ္ကာ အျဖဴေဘာင္းဘီ အပြ အရွည္ေလးကို ဝတ္ကာ ေအာက္ထပ္ကို ဆင္းလာသည္။


ၿခံဝန္းထဲက ဒန္းေလးမွာ ထိုင္ရင္း daddy ကို ေစာင့္ဖို႔ ရည္႐ြယ္ေပမဲ့ ရီလွ်ို႔နဲ႕ ေတြ႕ရမယ္လို မေမွ်ာ္လင့္မိ။


ရီလွ်ို႔က မ်က္ဝန္း နီနီနဲ႕ ေရွာင္က်န့္ကို စိုက္ၾကည့္ေနသည္။ေရွာင္က်န့္က လမ္းခြဲပီးမွ ပိုေခ်ာလာတာကို ရီလွ်ို႔ သတိထားမိတယ္။ အခုလဲ ခဲေရာင္ hoody ေလးနဲ႕ အရမ္းကို ခ်စ္ဖို႔ေကာင္းေနတယ္။ ဆံပင္အုပ္အုပ္ေလး အေရွ႕ကို ဝဲက်ေနတဲ့ ေကာင္ေလးက မီးေရာင္ဖ်ဖ်ေလးေအာက္မွာ ညို႔ဓာတ္ျပင္းကာ ခ်စ္စဖြယ္အတိ ျဖစ္ေနတယ္။


ရီလွ်ို႔က ေရွာင္က်န့္နား ကပ္လာၿပီး ေရွာင္က်န့္ရဲ႕ ခါးကေန ဆြဲ လိုက္ေတာ့ သူ႕ရဲ႕ ရင္ခြင္ထဲ တန္းေရာက္လာတယ္။ ေရွာင္က်န့္ လန့္သြားၿပီးမွ အသိျပန္ဝင္လာကာ ထုရိုက္လုပ္ေလသည္။.

"ျမန္ျမန္......လႊတ္ေပးစမ္း "

"ေရွာင္အာ"

"ငါ့ကို အဲ့လိုမေခၚနဲ႕ လႊတ္စမ္း"

"ေရွာင္အာ မင္းကို ငါဘယ္ေလာက္လြမ္းေနလဲ သိရဲ႕လား မင္းက အေဖ့ကိုဘဲ ဂ႐ုစိုက္တယ္ ငါက် ဂ႐ုမစိုက္ဘူး"

"မင္းက ဂ႐ုစိုက္ခံဖို႔ တန္လို႔လား"

"ငါမွားမွန္း သိပါၿပီ ငါ႐ြယ္ယိ့ကို ကြာရွင္းေတာ့မယ္ မင္းငါ့ကို ျပန္လက္ခံေပးပါလား"

"အဓိပၸါယ္ မရွိတာေတြ မေျပာနဲ႕ အခုခ်က္ခ်င္းလႊတ္"

မလႊတ္တဲ့ အဆုံး ေရွာင္က်န့္ ရီလွ်ို႔ လက္ေမာင္းကို ကိုက္ပစ္လိုက္ေလသည္။

"အားးး"

"ရီလွ်ို႔ မင္းကို ငါ အရမ္း မုန္းတယ္"

ရီလွ်ို႔ လက္က လြတ္တာနဲ႕ ေရွာင္က်န့္ အိမ္ထဲ ေျပးဝင္သြားေလသည္။


^. ................^



Continue Reading

You'll Also Like

125K 23.1K 51
❤️.... සංසාර ගත වෛරයක් ...හ්ම්ම් ..එහෙම හිතමු... මම එහෙනම් ඔයාව දකින්න එනවා මිස්ටර් යීබෝ ... ලෑස්තිවෙලා ඉන්න මගේ අය වෙනුවෙන් විදවන්න්..... 💚...
585K 101K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
422K 88.6K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
366K 36.8K 42
BJYX Fanfiction