Arr Ah Daddy (Complete)

By YoYo426

1M 73.4K 2.3K

သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ... More

Part 1(Uni +Zaw)
Part 2(Uni +Zaw)
Part 3(Uni +Zaw)
Part 4(Uni +Zaw)
Part 5(Uni+ Zaw)
Part 6(Uni +Zaw)
Part 7(Uni +Zaw)
Part 8(Uni +Zaw)
Part 9(Uni+ Zaw)
Part 10(Uni+ Zaw)
Part 11(Uni +Zaw)
Part 12(Uni +Zaw)
Part 13(Uni+ Zaw)
Part 14(Uni +Zaw)
Part 15(Uni +Zaw)🔞🔞🔞
Part 16(Uni +Zaw)
Part 17(Uni+ Zaw)
Part 18(Uni+ Zaw)
Part 19(Uni +Zaw)
Part 20(Uni +Zaw)🔞🔞🔞
Part 21(Uni+ Zaw)
Part 22(Uni +Zaw)
Part 23(Uni +Zaw)
Part 24(Uni +Zaw)🔞
Part 25(Uni+ Zaw)
Part 27(Uni +Zaw)
Part 28(Uni+ Zaw)
Part 29(Uni +Zaw)
Part 30(Uni+ Zaw)
Part 31(Uni+ Zaw)
Part 32(Uni+ Zaw)🔞🔞🔞
Part 33(Uni+ Zaw)
Part 34(Uni+ Zaw)
Part 35(Uni+ Zaw)
Part 36(Uni +Zaw)
Part 37(Uni+ Zaw)
Part 38(Uni+ Zaw)
Part 39(Uni+ Zaw)
Part 40(Uni +Zaw)
Part 41(Uni+ Zaw)
Part 42(Uni +Zaw)
Part 43 End (Uni+Zaw)
ကျေးဇူးတင်စာ💛
New Fic မိတ်ဆက်
hello🙋🙋

Part 26(Uni +Zaw)

19.2K 1.5K 59
By YoYo426

Arr Ah Daddy
Part 26(Uni)


ဘတ်စ်ကားပေါ်တွင် လက်ချင်းယှက်တွယ်၍ အများအမြင်ကို ဂရုမစိုက်သော အကြင်သူ နှစ်ဦး ရှိသတဲ့။ ရှောင်ကျန့်က မှန်ဘေးတွင်ထိုင်၍ ရီပေါ်ကတော့ သူ့ဘေးတွင်ထိုင်သည်။ ရီပေါ့် ပုခုံးပေါ်တွင် ရှောင်ကျန့်က ခေါင်းတင်ထားတယ်။


ဘေးမှန်ဖွင့်ထားတာကြောင့် လေတိုက်တဲ့ လွင့်နေတဲ့ ရှောင်ကျန့်ဆံပင်လေးက ရီပေါ့်နှာသီးဖျားကို ကျီစယ် နေသည်။

"အမြဲတမ်းကားမောင်းနေရတော့ ဒီလို ဘတ်စ်ကား ထိုင်စီးရတာလဲ ကောင်းသား"

"အင်း daddy လေလေး တစ်ဖြူးဖြူးနဲ့ ကျွန်တော် ဘတ်စ်ကား စီးရတာ ကြိုက်တယ်"

ရှောင်ကျန့်က ခဏရ​ပ်ပြီး ပြန်ပြောတယ်။

"ကျွန်တော် အရင်ကဆိုလေ ဘတ်စ်ကားတောင် ပုံမှန် မစီးနိုင်ဘူး သိလား"

ရီပေါ်က လှုပ်လိုက်တော့ ရှောင်ကျန့် ခေါင်းထောင်ပြီး ရီပေါ့်ကို ကြည့်လိုက်တယ်။ အကြည့်ချင်းဆုံသွားတဲ့ ခဏ ရီပေါ်က ရှောင်ကျန့် ပါးလေး ကိုင်ပြီး

"မင်းလေး အခုကစပြီး ဒုက္ခခံစရာ မရှိတော့ပါဘူး "


ရှောင်ကျန့်က ရီပေါ့် ခါးကို ဖက်လိုက်ပြီး

"ကျေးဇူးပါ daddy , daddy က ကျွန်​တော့်ရဲ့ ကံကောင်းမှုလေး"

ပတ်ဝန်းကျင်ကို မေ့လျော့နေသော လူသားနှစ်ဦးကတော့ ဘတ်စ်ကားပေါ်တွင် တီတီတာတာ တွေ ပြောနေပြီး ကားရပ်ချိန်တွင် လက်တွဲကာ ဆင်းသွားကြလေသည်။

"ရှောင်ကျန့် မင်းလေး သွားချင်တာ ကစားကွင်းလား"

"ဟုတ် တစ်ခါမှ မသွားဖူးဘူး"

"လာ သွားရအောင်"


ရီပေါ်က လူရှုပ်တဲ့ နေရာတွေ နားစူတဲ့ နေရာတွေဆို မကြိုက်ပါ။ ဒါပေမဲ့ သူကလေးနဲ့ အတူသွားရတာတော့ မတူပေ။ သူ့ကလေးပြုံးပျော်နေတာ မြင်တော့ သူလဲ ပျော်သည်။


"ဟိုမှာ daddy အရုပ်ကောက်ပေး လိုချင်တယ်"

"အင်းခဏစောင့် ကိုယ်အကြွေစေ့ သွားလဲ လိုက်မယ်"

"ဟုတ်"

တကယ့်ကို ခဏလေးပါဘဲ။ daddy အကြွေစေ့လဲ ပြီးတာနဲ့ အရုပ်ကောက်တဲ့နေရာ သွားလေသည်။

"Daddy ယုန်ရုပ်လေး ကောက်"

"ကောင်းပြီ"

"ရတော့မယ် ရတော့မယ် "

အနားကပ်ရခါနီးမှ ပြန်ပြုတ်ကျသွားသောကြောင့် ရှောင်ကျန့်ညှီးလေသည်။

ဒုတိယ အခါတွင်တော့

"ရတော့မယ် daddy
ရေးးး ရပြီ တော်လိုက်တာ daddy က အတော်ဆုံး မွ"

ရှောင်ကျန့်က အသံကျယ်ကျယ်နဲ့ အော်ပြီး ရီပေါ့် ပါးကို နမ်းလိုက်လေသည်။ ရီပေါ်က ယုန်ရုပ်လေးကို ရှောင်ကျန့်ကို ပေးလိုက်ပြီး

"ဟိုမှာ ရေခဲမုန့် ရောင်းနေတယ် စားချင်လား ကျန့်လေး"

"အင်း စားမယ်"

"ဒီမှာ ထိုင်စောင့်နေအုံး ကိုယ်သွားဝယ်ပေးမယ်"

"ဟုတ် daddy"

ရီပေါ် ရေခဲမုန့် သွားဝယ်နေတုံး ရှောင်ကျန့်ထိုင်နေတဲ့ ခုံဘေးက ခုံတန်းတွင် ထိုင်နေသော ကောင်မလေးတစ်ယောက်က စကား​လာပြောသည်။

"Daddy လို့ ကြားလိုက်လို့လေ သားအဖတွေလား"

ရှောင်ကျန့် အသံလာရာကို ကြည့်လိုက်တော့ နီညိုရောင်ဆိုးထားသော ဆံနွယ်ကောက်တွေရယ် အသားဖြူဖြူ ပေါင်တံရှည်ရှည်နဲ့ မိန်းကလေး တစ်ယောက် ။ မိတ်ကပ်အပြင်အဆင် အဝတ်အစားအရ ဒီမိန်းကလေးဟာ ခေတ်မီပြီး ဆွဲဆောင်မှု ရှိတဲ့ အမျိုးအစားထဲမှာ ပါတယ်။

"daddy မဟုတ်တဲ့ daddy ပါ"

ရှောင်ကျန့်ဖြေလိုက်တော့ အဲ့မိန်းကလေးက ကြောင်သွားတယ်။ အဲ့အချိန် ရီပေါ် ရောက်လာတော့ ရှောင်ကျန့်လဲ ရီပေါ့် လက်ကို တွဲကာ ထွက်သွားလေသည်။

"daddy မဟုတ်တဲ့ daddy "
အဲ့ မိန်းကလေးတစ်ယောက်တည်း ရေရွတ်ကာ ကျန်ခဲ့လေသည်။

ဝေးဝေးရောက်တော့မှ ရှောင်ကျန့်က ရေခဲမုန့်စားရင်းနဲ့ ရီပေါ့်ကို ခုဏက ကိစ္စကို ပြောပြလိုက်သည်။ ရှောင်ကျန့်က ဆက်ပြောတယ်။

"daddy လို့ ခေါ်နေတော့ လူတွေက အထင်လွဲနေကြပြီ။ daddy ကို အပြင်မှာ ဘယ်လို ခေါ်ရင် ကောင်းမလဲ ကျွန်တော့် ယောကျာ်းမှန်း သိအောင်လို့ "

"ယောကျာ်းလို့ ခေါ်လေ"

"အဲ့လိုကျ ရှက်စရာကြီး"

"ကိုယ့်ရဲ့ ကျန့်လေးက ရှက်တတ်သေးတယ်ပေါ့"

"Daddy နော် မရှက်ဘဲ နေမလား"

"လူကြားထဲ နမ်းနေပြီးတော့"

"ဟွန့် "

နှုတ်ခမ်းဘေးတွင် ကလေးလို ရေခဲမုန့် ကပ်နေတဲ့ ကောင်လေးကို ရီပေါ် ငုံ့ပြီး ပေနေတဲ့ အဖြူနှစ်လေးကို လျှာနဲ့ လျှက်လိုက်သည်။

"Daddy ဘာလုပ်တာလဲ"

"ရေခဲမုန့်က ချိုနေတာဘဲ"

"............"

ရီပေါ်နဲ့ ရှောင်ကျန့်တို့ တစ်မနက်လုံး လျှောက်လည်လို့ ပြီးတော့ နေ့လည်ဘက် ၁၁နာရီ ထိုးလေပြီ။

ရီပေါ်ကတော့ ရှောင်ကျန့်ခေါ်ရာ ဆိုင်လေးရောက်လာသည်။ စားနေကျ နာမည်ကြီး ဆိုင်တွေ မဟုတ်ဘဲ လမ်းဘေးနား အဖီဆွဲ ထားတဲ့ ဆိုင်ဟောင်းလေးပင်။

ဆိုင်ရှင် အဖွားကြီးက ဟင်းပွဲတွေ လာချပေးသည်။ ကိုယ်ဘာစားမည်လို့တောင် မမှာရသေးဘဲ လာချနေသော အဖွားအိုကို ရီပေါ် ကြည့်နေတော့ ရှောင်ကျန့်က ရယ်ပြီး ရှင်းပြလေသည်။

"ဒီဆိုင်က ဟော့ပေါ့ တစ်မျိုးဘဲ ရောင်းတာ"

"အော်"

ရီပေါ် အော် တစ်လုံးဘဲ လိုက်နိုင်သည်။ ရှောင်ကျန့်က လာချပေးသော ဝက်သားနဲ့အသားလုံးတွေ ခေါက်ဆွဲခြောက်တွေ ဟင်းသီးဟင်းရွက် မျိုးစုံကို ဟော့ပေါ့ အရည်ထဲ ထဲ့နေသည်။ ​ရီပေါ်ကတော့ ရှောင်ကျန့် လုပ်သမျှကို မျက်တောင်မခတ် ငေးကြည့်နေသည်။

"Daddy စားလို့ရပြီ"

"အင်း"

"အရသာ ရှိတယ်မလား"

"အင်း စားနေကျတွေနဲ့ မတူဘူး ကောင်းတယ် နဲနဲတော့ စပ်တယ်"

"ကျွန်တော်​ မေ့သွားတယ် "

ရပါတယ် ကိုယ်စားနိုင်နေပြီ"

ဒီဆိုင်က အစပ်ဘဲ ရောင်းတာ ရှောင်ကျန့် မေ့သွားခြင်း ဖြစ်တယ်။ နှုတ်ခမ်းလေး ရဲနေပြီး တရူးရူး စားနေသော daddy ကို ကြည့်ပြီး ရှောင်ကျန့် သနားသွားသည်။ သူကတော့ အစပ်ကြိုက်သည်မို့ ဒီလောက်က သာ့အတွက်မမူ့ ပေ။

Daddy ကတော့ ရေသောက်လိုက် စားလိုက်နဲ့ မညီးညူပေ။စားသောက်ပြီးတော့ ဆိုင်ရှင်အဖွားကြီးကို ငွေရှင်းခဲ့တယ်။

"အဖွား မအန်းနဲ့တော့"

"ကျေးဇူးပါ ငါ့တူတို့"

ဆိုင်အပြင်ထွက်တာနဲ့ ရှောင်ကျန့်က စကားစပြောလေသည်။

"အဲ့ဖွားဖွားက သနားပါတယ် မိသားစုမရှိဘူးလေ သူတစ်ယောက်ထဲ။ အဲ့တာကြောင့် ကျွန်တော်က အဲ့ဆိုင်ကို အမြဲ အားပေးတယ်"

"အဲ့တာဆို ကိုယ်တို့ အကြာခဏ လာလာ အားပေးမယ်လေ"

"အင်း ကောင်းတယ် daddy"

အပြန်ကိုတော့ ဘတ်စ်ကား မစီးတော့ပေ။ daddy က ဒရိုင်ဘာမုကို ဖုန်းဆက်ပြီး လှမ်းခေါ်လိုက်သည်။ ဒရိုင်ဘာမု အလာကို စောင့်ရင်း daddy အတွက် ဆိုင်တစ်ဆိုင်က သကြားလုံးဝယ်ပေးလိုက်သည်။

"ကျန့်လေး မင်းသွားဝယ်ပေးမယ်ဆိုတာ ဒီသကြားလုံးတွေလား"

"အင်းဟုတ်တယ်လေ daddy စပ်နေတာ မဟုတ်လား"

ရီပေါ် ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။ ရှောင်ကျန့် ဝယ်လာတာတွေက ကလေးတွေ စားတဲ့ စုတ်လုံးတွေပင်။ ရီပေါ့်လို လူကြီးက စုတ်လုံးကို ပါးစပ်ထဲ ထဲ့ထားရင် ဘယ်လောက်တောင် ရယ်ဖို့ ကောင်းမလဲ။

ရီပေါ့်အတွေးတွေကို ရှောင်ကျန့်က မသိဘဲ တစ်လုံးကို အခွံဖောက်ပေးပြီး ပါးစပ်ထဲ ထဲ့လိုက်သည်။ ရီပေါ့် ပါးတစ်ဖက်က ဖောင်းနေပြီး ပါးစပ်အပြင်တွင် အဖြူရောင် ပိုက်လေး ထွက်နေသည်က ရှောင်ကျန့် အမြင်တွင် ချစ်စရာပင်။

ရီပေါ်လို လူတကာ ဖိန့်ဖိန့်တုန်ရအောင် ကြောက်ရတဲ့ လူကို ချစ်စရာကောင်းတယ်လို့ ရှောင်ကျန့်မှလွဲ ဘယ်သူမှ ထင်မည် မဟုတ်ပေ။

လာခေါ်တဲ့ ကားရောက်တော့ ရီပေါ်နဲ့ ရှောင်ကျန့် ကားပေါ်တက်သွားသည်။ ရီပေါ့်ပုံကို ကြည့်ပြီး ဒရိုင်ဘာမု မျက်လုံးကြီး ပြူးထွက်သွားရသည်။

သူ့ဘော့စ်က လူငယ်ဆန်ဆန် couple အကျိ်ကြီးဝတ်ကာ လျှောက်သွားနေရုံသာမက အိမ်က သူ့ကလေးတွေ စားနေကျ စုတ်လုံးကိုပါ ပါးစပ်ထဲ ထဲ့ထားသည်လား။ ငါများ အမြင်တွေမှားနေတာလား။

"ဒရိုင်ဘာမု မောင်းတော့လေ"

"ဟုတ်......ဟုတ် ဘော့စ်"

ထို စုံတွဲကို ကားမှန်မှ ကြည့်နေသော ဒရိုင်ဘာမုမှာ ပါးစပ်ဟောင်းလောင်း ဖြစ်နေရပြန်ပြီ။ သူတို့ ဘော့စ်ကို သူ့အမျိုးသားလေးက ခါးကို လိမ်ဆွဲ လိုက်တယ်။ ငါမျက်လုံးတွေများ မှုန်နေပြီလား။ မဟုတ်လောက်ပါဘူးနော်။ သူတို့ဘော့စ်က ​သူ့အမျိုးသားလေးကို သနားစရာ မျက်လုံးနဲ့ ကြည့်နေသည်လား။


အမလေး ငါသွေးတက်နေပြီ။ ဒါက သူ့ရဲ့ ဘော့စ် ဝမ်ရီပေါ် မဟုတ် ဘူးလို့ တစ်ယောက်ယောက် လာပြောကြပါ

driverseat မှာ ထိုင်နေသူ နှစ်ယောက် ဘာအကြောင်းတွေ ပြောရင်း အဲ့လို ဖြစ်နေရလဲ ဆိုတာကတော့

"ကျန့်လေး ညကျရင် ကိုယ်တို့"

ရှောင်ကျန့် ရီပေါ့်ခါးကို လိမ်ဆွဲကာ ဆက်ပြောလိုက်သည်။

"ဆက်မပြောနဲ့တော့ daddy ဘာမှ မရဘူး ဒီနေ့ တရက်တော့ နားခွင့်ပေး"

"ကျန့်လေးက ဘာတွေ တွေးနေတာလဲ ညကျရင် အတူတူ ညစာ စားမယ်လို့ ပြောတာပါ"

"ဟွန့် daddy အကြောင်း မသိရင် ခက်မယ်"

အိမ်တွင်တော့🔸🔸🔸🔸

"ဒါ အမှန်ဘဲလား ရွယ်ယိ့"

"တောင်းပန်ပါတယ် အချစ်ရယ်"

"ငါမေးတာကို ဖြေ"

"ဟုတ်တယ် အမှန်ဘဲ ရွယ်အာ စီမှာ အချစ်ရဲ့ ကလေးလေး မရှိခဲ့ဘူး လိမ်ပြောခဲ့တာ"

"ဘာလို့လဲ ဟမ်"

ရီလျှို့ ရွယ်ယိ့ရဲ့ ပုခုံးကို ကိုင်ပြီး ဆွဲခါကာ မေးလိုက်သည်။ ရွယ်ယိ့ကတော့ မျက်ရည်များသာကျနေပြီး ခေါင်းခါနေသည်။

"ငါသာ ဒီလို မလုပ်ရင် နင်က ရှောင်ကျန့်ကို ယူမလို့လား"

"ဟာကွာ တောက်"

ခွမ်း......

"ရီလျှို့ ဘယ်သွားမလို့လဲ ပြန်လာခဲ့
ရီလျှို့~~~~~~"

ရွယ်ယိ့မှာ ရီလျှို့နာမည်ကို အော်ခေါ်ရင်း အိမ်တွင် ကျန်ခဲ့သည်။



^. ..................^


အစောကြီး တင်ပေးလိုက်တယ်နော် အသဲတို့
ချစ်ရင် ကြယ်တွေနှိပ်သွား cmt လေးတွေလဲ မန့်ခဲ့ကြအုံး😍😘




Arr Ah Daddy
Part 26(Zaw)


ဘတ္စ္ကားေပၚတြင္ လက္ခ်င္းယွက္တြယ္၍ အမ်ားအျမင္ကို ဂ႐ုမစိုက္ေသာ အၾကင္သူ ႏွစ္ဦး ရွိသတဲ့။ ေရွာင္က်န့္က မွန္ေဘးတြင္ထိုင္၍ ရီေပၚကေတာ့ သူ႕ေဘးတြင္ထိုင္သည္။ ရီေပၚ့ ပုခုံးေပၚတြင္ ေရွာင္က်န့္က ေခါင္းတင္ထားတယ္။


ေဘးမွန္ဖြင့္ထားတာေၾကာင့္ ေလတိုက္တဲ့ လြင့္ေနတဲ့ ေရွာင္က်န့္ဆံပင္ေလးက ရီေပၚ့ႏွာသီးဖ်ားကို က်ီစယ္ ေနသည္။

"အၿမဲတမ္းကားေမာင္းေနရေတာ့ ဒီလို ဘတ္စ္ကား ထိုင္စီးရတာလဲ ေကာင္းသား"

"အင္း daddy ေလေလး တစ္ျဖဴးျဖဴးနဲ႕ ကြၽန္ေတာ္ ဘတ္စ္ကား စီးရတာ ႀကိဳက္တယ္"

ေရွာင္က်န့္က ခဏရ​ပ္ၿပီး ျပန္ေျပာတယ္။

"ကြၽန္ေတာ္ အရင္ကဆိုေလ ဘတ္စ္ကားေတာင္ ပုံမွန္ မစီးနိုင္ဘူး သိလား"

ရီေပၚက လႈပ္လိုက္ေတာ့ ေရွာင္က်န့္ ေခါင္းေထာင္ၿပီး ရီေပၚ့ကို ၾကည့္လိုက္တယ္။ အၾကည့္ခ်င္းဆုံသြားတဲ့ ခဏ ရီေပၚက ေရွာင္က်န့္ ပါးေလး ကိုင္ၿပီး

"မင္းေလး အခုကစၿပီး ဒုကၡခံစရာ မရွိေတာ့ပါဘူး "


ေရွာင္က်န့္က ရီေပၚ့ ခါးကို ဖက္လိုက္ၿပီး

"ေက်းဇူးပါ daddy , daddy က ကြၽန္​ေတာ့္ရဲ႕ ကံေကာင္းမႈေလး"

ပတ္ဝန္းက်င္ကို ေမ့ေလ်ာ့ေနေသာ လူသားႏွစ္ဦးကေတာ့ ဘတ္စ္ကားေပၚတြင္ တီတီတာတာ ေတြ ေျပာေနၿပီး ကားရပ္ခ်ိန္တြင္ လက္တြဲကာ ဆင္းသြားၾကေလသည္။

"ေရွာင္က်န့္ မင္းေလး သြားခ်င္တာ ကစားကြင္းလား"

"ဟုတ္ တစ္ခါမွ မသြားဖူးဘူး"

"လာ သြားရေအာင္"


ရီေပၚက လူရႈပ္တဲ့ ေနရာေတြ နားစူတဲ့ ေနရာေတြဆို မႀကိဳက္ပါ။ ဒါေပမဲ့ သူကေလးနဲ႕ အတူသြားရတာေတာ့ မတူေပ။ သူ႕ကေလးၿပဳံးေပ်ာ္ေနတာ ျမင္ေတာ့ သူလဲ ေပ်ာ္သည္။


"ဟိုမွာ daddy အ႐ုပ္ေကာက္ေပး လိုခ်င္တယ္"

"အင္းခဏေစာင့္ ကိုယ္အေႂကြေစ့ သြားလဲ လိုက္မယ္"

"ဟုတ္"

တကယ့္ကို ခဏေလးပါဘဲ။ daddy အေႂကြေစ့လဲ ၿပီးတာနဲ႕ အ႐ုပ္ေကာက္တဲ့ေနရာ သြားေလသည္။

"Daddy ယုန္႐ုပ္ေလး ေကာက္"

"ေကာင္းၿပီ"

"ရေတာ့မယ္ ရေတာ့မယ္ "

အနားကပ္ရခါနီးမွ ျပန္ျပဳတ္က်သြားေသာေၾကာင့္ ေရွာင္က်န့္ညွီးေလသည္။

ဒုတိယ အခါတြင္ေတာ့

"ရေတာ့မယ္ daddy
ေရးးး ရၿပီ ေတာ္လိုက္တာ daddy က အေတာ္ဆုံး မြ"

ေရွာင္က်န့္က အသံက်ယ္က်ယ္နဲ႕ ေအာ္ၿပီး ရီေပၚ့ ပါးကို နမ္းလိုက္ေလသည္။ ရီေပၚက ယုန္႐ုပ္ေလးကို ေရွာင္က်န့္ကို ေပးလိုက္ၿပီး

"ဟိုမွာ ေရခဲမုန့္ ေရာင္းေနတယ္ စားခ်င္လား က်န့္ေလး"

"အင္း စားမယ္"

"ဒီမွာ ထိုင္ေစာင့္ေနအုံး ကိုယ္သြားဝယ္ေပးမယ္"

"ဟုတ္ daddy"

ရီေပၚ ေရခဲမုန့္ သြားဝယ္ေနတုံး ေရွာင္က်န့္ထိုင္ေနတဲ့ ခုံေဘးက ခုံတန္းတြင္ ထိုင္ေနေသာ ေကာင္မေလးတစ္ေယာက္က စကား​လာေျပာသည္။

"Daddy လို႔ ၾကားလိုက္လို႔ေလ သားအဖေတြလား"

ေရွာင္က်န့္ အသံလာရာကို ၾကည့္လိုက္ေတာ့ နီညိုေရာင္ဆိုးထားေသာ ဆံႏြယ္ေကာက္ေတြရယ္ အသားျဖဴျဖဴ ေပါင္တံရွည္ရွည္နဲ႕ မိန္းကေလး တစ္ေယာက္ ။ မိတ္ကပ္အျပင္အဆင္ အဝတ္အစားအရ ဒီမိန္းကေလးဟာ ေခတ္မီၿပီး ဆြဲေဆာင္မႈ ရွိတဲ့ အမ်ိဳးအစားထဲမွာ ပါတယ္။

"daddy မဟုတ္တဲ့ daddy ပါ"

ေရွာင္က်န့္ေျဖလိုက္ေတာ့ အဲ့မိန္းကေလးက ေၾကာင္သြားတယ္။ အဲ့အခ်ိန္ ရီေပၚ ေရာက္လာေတာ့ ေရွာင္က်န့္လဲ ရီေပၚ့ လက္ကို တြဲကာ ထြက္သြားေလသည္။

"daddy မဟုတ္တဲ့ daddy "
အဲ့ မိန္းကေလးတစ္ေယာက္တည္း ေရ႐ြတ္ကာ က်န္ခဲ့ေလသည္။

ေဝးေဝးေရာက္ေတာ့မွ ေရွာင္က်န့္က ေရခဲမုန့္စားရင္းနဲ႕ ရီေပၚ့ကို ခုဏက ကိစၥကို ေျပာျပလိုက္သည္။ ေရွာင္က်န့္က ဆက္ေျပာတယ္။

"daddy လို႔ ေခၚေနေတာ့ လူေတြက အထင္လြဲေနၾကၿပီ။ daddy ကို အျပင္မွာ ဘယ္လို ေခၚရင္ ေကာင္းမလဲ ကြၽန္ေတာ့္ ေယာက်ာ္းမွန္း သိေအာင္လို႔ "

"ေယာက်ာ္းလို႔ ေခၚေလ"

"အဲ့လိုက် ရွက္စရာႀကီး"

"ကိုယ့္ရဲ႕ က်န့္ေလးက ရွက္တတ္ေသးတယ္ေပါ့"

"Daddy ေနာ္ မရွက္ဘဲ ေနမလား"

"လူၾကားထဲ နမ္းေနၿပီးေတာ့"

"ဟြန့္ "

ႏႈတ္ခမ္းေဘးတြင္ ကေလးလို ေရခဲမုန့္ ကပ္ေနတဲ့ ေကာင္ေလးကို ရီေပၚ ငုံ႕ၿပီး ေပေနတဲ့ အျဖဴႏွစ္ေလးကို လွ်ာနဲ႕ လွ်က္လိုက္သည္။

"Daddy ဘာလုပ္တာလဲ"

"ေရခဲမုန့္က ခ်ိဳေနတာဘဲ"

"............"

ရီေပၚနဲ႕ ေရွာင္က်န့္တို႔ တစ္မနက္လုံး ေလွ်ာက္လည္လို႔ ၿပီးေတာ့ ေန႕လည္ဘက္ ၁၁နာရီ ထိုးေလၿပီ။

ရီေပၚကေတာ့ ေရွာင္က်န့္ေခၚရာ ဆိုင္ေလးေရာက္လာသည္။ စားေနက် နာမည္ႀကီး ဆိုင္ေတြ မဟုတ္ဘဲ လမ္းေဘးနား အဖီဆြဲ ထားတဲ့ ဆိုင္ေဟာင္းေလးပင္။

ဆိုင္ရွင္ အဖြားႀကီးက ဟင္းပြဲေတြ လာခ်ေပးသည္။ ကိုယ္ဘာစားမည္လို႔ေတာင္ မမွာရေသးဘဲ လာခ်ေနေသာ အဖြားအိုကို ရီေပၚ ၾကည့္ေနေတာ့ ေရွာင္က်န့္က ရယ္ၿပီး ရွင္းျပေလသည္။

"ဒီဆိုင္က ေဟာ့ေပါ့ တစ္မ်ိဳးဘဲ ေရာင္းတာ"

"ေအာ္"

ရီေပၚ ေအာ္ တစ္လုံးဘဲ လိုက္နိုင္သည္။ ေရွာင္က်န့္က လာခ်ေပးေသာ ဝက္သားနဲ႕အသားလုံးေတြ ေခါက္ဆြဲေျခာက္ေတြ ဟင္းသီးဟင္း႐ြက္ မ်ိဳးစုံကို ေဟာ့ေပါ့ အရည္ထဲ ထဲ့ေနသည္။ ​ရီေပၚကေတာ့ ေရွာင္က်န့္ လုပ္သမွ်ကို မ်က္ေတာင္မခတ္ ေငးၾကည့္ေနသည္။

"Daddy စားလို႔ရၿပီ"

"အင္း"

"အရသာ ရွိတယ္မလား"

"အင္း စားေနက်ေတြနဲ႕ မတူဘူး ေကာင္းတယ္ နဲနဲေတာ့ စပ္တယ္"

"ကြၽန္ေတာ္​ ေမ့သြားတယ္ "

ရပါတယ္ ကိုယ္စားနိုင္ေနၿပီ"

ဒီဆိုင္က အစပ္ဘဲ ေရာင္းတာ ေရွာင္က်န့္ ေမ့သြားျခင္း ျဖစ္တယ္။ ႏႈတ္ခမ္းေလး ရဲေနၿပီး တ႐ူး႐ူး စားေနေသာ daddy ကို ၾကည့္ၿပီး ေရွာင္က်န့္ သနားသြားသည္။ သူကေတာ့ အစပ္ႀကိဳက္သည္မို႔ ဒီေလာက္က သာ့အတြက္မမူ႕ ေပ။

Daddy ကေတာ့ ေရေသာက္လိုက္ စားလိုက္နဲ႕ မညီးၫူေပ။စားေသာက္ၿပီးေတာ့ ဆိုင္ရွင္အဖြားႀကီးကို ေငြရွင္းခဲ့တယ္။

"အဖြား မအန္းနဲ႕ေတာ့"

"ေက်းဇူးပါ ငါ့တူတို႔"

ဆိုင္အျပင္ထြက္တာနဲ႕ ေရွာင္က်န့္က စကားစေျပာေလသည္။

"အဲ့ဖြားဖြားက သနားပါတယ္ မိသားစုမရွိဘူးေလ သူတစ္ေယာက္ထဲ။ အဲ့တာေၾကာင့္ ကြၽန္ေတာ္က အဲ့ဆိုင္ကို အၿမဲ အားေပးတယ္"

"အဲ့တာဆို ကိုယ္တို႔ အၾကာခဏ လာလာ အားေပးမယ္ေလ"

"အင္း ေကာင္းတယ္ daddy"

အျပန္ကိုေတာ့ ဘတ္စ္ကား မစီးေတာ့ေပ။ daddy က ဒရိုင္ဘာမုကို ဖုန္းဆက္ၿပီး လွမ္းေခၚလိုက္သည္။ ဒရိုင္ဘာမု အလာကို ေစာင့္ရင္း daddy အတြက္ ဆိုင္တစ္ဆိုင္က သၾကားလုံးဝယ္ေပးလိုက္သည္။

"က်န့္ေလး မင္းသြားဝယ္ေပးမယ္ဆိုတာ ဒီသၾကားလုံးေတြလား"

"အင္းဟုတ္တယ္ေလ daddy စပ္ေနတာ မဟုတ္လား"

ရီေပၚ ငိုရခက္ ရယ္ရခက္ ျဖစ္သြားသည္။ ေရွာင္က်န့္ ဝယ္လာတာေတြက ကေလးေတြ စားတဲ့ စုတ္လုံးေတြပင္။ ရီေပၚ့လို လူႀကီးက စုတ္လုံးကို ပါးစပ္ထဲ ထဲ့ထားရင္ ဘယ္ေလာက္ေတာင္ ရယ္ဖို႔ ေကာင္းမလဲ။

ရီေပၚ့အေတြးေတြကို ေရွာင္က်န့္က မသိဘဲ တစ္လုံးကို အခြံေဖာက္ေပးၿပီး ပါးစပ္ထဲ ထဲ့လိုက္သည္။ ရီေပၚ့ ပါးတစ္ဖက္က ေဖာင္းေနၿပီး ပါးစပ္အျပင္တြင္ အျဖဴေရာင္ ပိုက္ေလး ထြက္ေနသည္က ေရွာင္က်န့္ အျမင္တြင္ ခ်စ္စရာပင္။

ရီေပၚလို လူတကာ ဖိန့္ဖိန့္တုန္ရေအာင္ ေၾကာက္ရတဲ့ လူကို ခ်စ္စရာေကာင္းတယ္လို႔ ေရွာင္က်န့္မွလြဲ ဘယ္သူမွ ထင္မည္ မဟုတ္ေပ။

လာေခၚတဲ့ ကားေရာက္ေတာ့ ရီေပၚနဲ႕ ေရွာင္က်န့္ ကားေပၚတက္သြားသည္။ ရီေပၚ့ပုံကို ၾကည့္ၿပီး ဒရိုင္ဘာမု မ်က္လုံးႀကီး ျပဴးထြက္သြားရသည္။

သူ႕ေဘာ့စ္က လူငယ္ဆန္ဆန္ couple အက်ိ္ႀကီးဝတ္ကာ ေလွ်ာက္သြားေန႐ုံသာမက အိမ္က သူ႕ကေလးေတြ စားေနက် စုတ္လုံးကိုပါ ပါးစပ္ထဲ ထဲ့ထားသည္လား။ ငါမ်ား အျမင္ေတြမွားေနတာလား။

"ဒရိုင္ဘာမု ေမာင္းေတာ့ေလ"

"ဟုတ္......ဟုတ္ ေဘာ့စ္"

ထို စုံတြဲကို ကားမွန္မွ ၾကည့္ေနေသာ ဒရိုင္ဘာမုမွာ ပါးစပ္ေဟာင္းေလာင္း ျဖစ္ေနရျပန္ၿပီ။ သူတို႔ ေဘာ့စ္ကို သူ႕အမ်ိဳးသားေလးက ခါးကို လိမ္ဆြဲ လိုက္တယ္။ ငါမ်က္လုံးေတြမ်ား မႈန္ေနၿပီလား။ မဟုတ္ေလာက္ပါဘူးေနာ္။ သူတို႔ေဘာ့စ္က ​သူ႕အမ်ိဳးသားေလးကို သနားစရာ မ်က္လုံးနဲ႕ ၾကည့္ေနသည္လား။


အမေလး ငါေသြးတက္ေနၿပီ။ ဒါက သူ႕ရဲ႕ ေဘာ့စ္ ဝမ္ရီေပၚ မဟုတ္ ဘူးလို႔ တစ္ေယာက္ေယာက္ လာေျပာၾကပါ

driverseat မွာ ထိုင္ေနသူ ႏွစ္ေယာက္ ဘာအေၾကာင္းေတြ ေျပာရင္း အဲ့လို ျဖစ္ေနရလဲ ဆိုတာကေတာ့

"က်န့္ေလး ညက်ရင္ ကိုယ္တို႔"

ေရွာင္က်န့္ ရီေပၚ့ခါးကို လိမ္ဆြဲကာ ဆက္ေျပာလိုက္သည္။

"ဆက္မေျပာနဲ႕ေတာ့ daddy ဘာမွ မရဘူး ဒီေန႕ တရက္ေတာ့ နားခြင့္ေပး"

"က်န့္ေလးက ဘာေတြ ေတြးေနတာလဲ ညက်ရင္ အတူတူ ညစာ စားမယ္လို႔ ေျပာတာပါ"

"ဟြန့္ daddy အေၾကာင္း မသိရင္ ခက္မယ္"

အိမ္တြင္ေတာ့🔸🔸🔸🔸

"ဒါ အမွန္ဘဲလား ႐ြယ္ယိ့"

"ေတာင္းပန္ပါတယ္ အခ်စ္ရယ္"

"ငါေမးတာကို ေျဖ"

"ဟုတ္တယ္ အမွန္ဘဲ ႐ြယ္အာ စီမွာ အခ်စ္ရဲ႕ ကေလးေလး မရွိခဲ့ဘူး လိမ္ေျပာခဲ့တာ"

"ဘာလို႔လဲ ဟမ္"

ရီလွ်ို႔ ႐ြယ္ယိ့ရဲ႕ ပုခုံးကို ကိုင္ၿပီး ဆြဲခါကာ ေမးလိုက္သည္။ ႐ြယ္ယိ့ကေတာ့ မ်က္ရည္မ်ားသာက်ေနၿပီး ေခါင္းခါေနသည္။

"ငါသာ ဒီလို မလုပ္ရင္ နင္က ေရွာင္က်န့္ကို ယူမလို႔လား"

"ဟာကြာ ေတာက္"

ခြမ္း......

"ရီလွ်ို႔ ဘယ္သြားမလို႔လဲ ျပန္လာခဲ့
ရီလွ်ို႔~~~~~~"

႐ြယ္ယိ့မွာ ရီလွ်ို႔နာမည္ကို ေအာ္ေခၚရင္း အိမ္တြင္ က်န္ခဲ့သည္။



^. ..................^


အေစာႀကီး တင္ေပးလိုက္တယ္ေနာ္ အသဲတို႔
ခ်စ္ရင္ ၾကယ္ေတြႏွိပ္သြား cmt ေလးေတြလဲ မန့္ခဲ့ၾကအုံး😍😘

Continue Reading

You'll Also Like

77.9K 10.9K 46
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
422K 88.6K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
105K 19.3K 39
💚...... සෙවනැල්ලක් මගහැර යන අදුරේදිත් මා ගාවින් රැදී ..... ඔබ එනවද හැම සංසාරෙම මේවාගේ මගෙ ලඟටම වී...... ❤️...