ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

63

4K 480 0
By Fiendyy

၆၃။ [ လုချီနှင့် သူမ၏ စိတ်ကူး ]

သူခိုးမှာ တွေးလေ မုန်းတီးနာကြည်းမိလေဖြစ်ရသည်။ သူမမှန်ပါတယ်..ဒါတွေအားလုံး ရှချင်းယန်ကြောင့်။

ဒါပေမယ့်လည်း သူဟာ သက်သေယူထားဖို့ကို မေ့သွားခဲ့၏။

မတရားတာကိုတော့ ခံစားမိပါသည်။ သူဟာ လူဆိုးပေမယ့် ထိုအမှုကို ပြုရန် ကြိုးကိုင်သူကရော လူကောင်းတစ်ယောက် ဟုတ်ပါရဲ့လား။ ဘာလို့ လူကောင်းလို့ သတ်မှတ်သင့်သလဲ?

ရှချင်းယန်ကလည်း သူနဲ့ ဘာမှမကွာဘူး! သူတို့နှစ်ယောက်လုံး လူဆိုးတွေပဲ!

ရုတ်တရက် လုမန်ကို မော့ကြည့်လိုက်သည့် မျက်ဝန်းတွေမှာ မုန်းတီးခြင်းများစွာဖြင့်..
“ ရှချင်းယန်က လူကောင်းမဟုတ်ရင် မင်းလည်း တူတူပဲ..မင်း ကတိဖျက်ခဲ့တယ်..ငါမင်းကိုခွင့်မလွှတ်ဘူး..သတိထားပြီးတော့သာနေပေတော့! ”

“ ​ဖောင်း! ”
ရွှီဟွေ့က သူခိုးနောက်စေ့ကို ဖြတ်ရိုက်ပစ်သည်။ သူခိုးက ချက်ချင်း မူးဝေပြာနှောက်သွား၏။
“ ဘာကိုစိုက်ကြည့်နေတာလဲ! ”

အစကတော့ ရှချင်းယန်ဖြစ်ကြောင်း အတည်ပြုလို့ရတာနှင့် လုမန် ဤလူဆိုးကောင်ကို လွှတ်ပေးလိုက်မှာပဲလို့ သူ ထင်ခဲ့မိခြင်းပင်။

သို့ပေမယ့် ခု သူမက ရဲခေါ်ပစ်သည်။ လုမန် ကတိဖျက်မယ်လို့ ရွှီဟွေ့ မထင်ထားမိပေမယ့် တကယ်တမ်း သူဟာ ပိုလို့ပင် ပျော်နေမိ၏။

သခင်လေးဟန်ကြိုက်သည့် မိန်းမတစ်ယောက်ကို သူ လျှော့မတွက်ထားဝံ့ပေ။ သူမသည် အမှားအမှန်ကို ခွဲခြားသိမြင်တတ်ကာ အခြေအနေအလိုက် ကိုင်တွယ်ဖြေရှင်းသွားနိုင်သည်။ 

တစ်ခဏအတွင်း ရဲတွေရောက်လာခဲ့၏။

လုမန်က ဖြစ်ကြောင်းကုန်စင်ကို အကျဥ်းရုံး ရှင်းပြလိုက်သည်။ ရဲတွေက အရိုက်ခံထားရ၍ ဖူးရောင်စုတ်ပြဲလျက်ရှိသော သူခိုး၏ မျက်နှာကို တွေ့ပြီး နှုတ်ခမ်းတွေစုဝိုင်းသွားသည်။ 

“ နာမည်​ဘယ်လိုခေါ်လဲ ”

“ လျိုမူစန်း ”

ရဲက မေးလိုက်ချိန်တွင် သူခိုးက တိုးတိုးရွေရွတ်လိုက်ပေမည့် လုမန် ပြတ်သားစွာ ကြားလိုက်ရ၏။

“ လျိုမူစန်း ဟုတ်လား ”
နာမည်ကြားတာနှင့် လူကိုပါ ချက်ချင်း ကြည့်မိသည်။

“ ဟုတ်တယ် ပြဿနာရှိလို့လား ”
လျိုမူစန်းက သူမကို ဒေါသတကြီး စူးစိုက်ကြည့်ကာ မျက်ဝန်းတွေမှာ အမုန်းတရားတွေ ပြည့်နှက်နေသည်။ 

သူမသာ ကတိတည်ခဲ့ရင် သူ ထောင်ကျမှာမဟုတ်ဘူး!!

လုမန်က သူ့ရန်သူပဲ! 

“ အဲ့မျက်နှာကဘာလဲ! မကမြင်းစမ်းပါနဲ့! ရာဇဝတ်မှု ကျူးလွန်ပြီးတဲ့နောက်မှာတောင် ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်မှန်တယ် ထင်တုန်းလား! ” သူ့ကိုကြည့်မိလျှင် ရဲအရာရှိ၏ မျက်နှာသည် မှုန်ကုတ်သွားတော့သည်။ “ ခေါင်းကို ငုံ့ထားစမ်း ”

လျိုမူစန်း ရန်ငြိုးထားလည်း လုမန် ဂရုမစိုက်ပါ။ သို့သော် ကိုယ့်စိတ်ထဲမှာ ရောက်နေသည်က သူ့နာမည်..။ 

အတိတ်ဘဝ၌ မီချန်းစုံ၏ ညီမလေးကို အမည်းစက်ထင်စေခဲ့သော သူ၊ လက်စားချေမှုကြောင့် မီချန်းစုံ ထောင်ထဲရောက်လာခဲ့ရသော အဖြစ်မှာ လျိုမူစန်း၏ အောက်ဆွဲတွေကြောင့် ဖြစ်သည်။

မီချန်းစုံ ညီမလေးကို အဓမ္မပြုကျင့်ခဲ့သည်က စုစုပေါင်း လေးယောက်ဖြစ်၏။

ကျန်သုံးယောက်က အညတရတွေဖြစ်ပြီး လုံးဝ သတ္တိကြောင်သည်။ သူတို့မှာ လျိုမူစန်းကြောင့်သာမဟုတ်လျှင် ထိုသို့ လုပ်ရဲသည့် သတ္တိရှိမည် မဟုတ်ပေ။ 

သို့ပေမယ့် အရင်ဘဝက မီချန်းစုံဟာ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ကို မပြောပြခဲ့သဖြင့် ခေါင်းဆောင်က လျိုမူစန်း ဖြစ်သည်ကိုသာ သူမ သိခဲ့ရပြီး အသက်တွေ ရုပ်တွေကို မသိခဲ့ရပေ။

ထို့ကြောင့် သူမရှေ့တွင် ရှိနေသော ပုဂ္ဂိုလ်က ထိုလျိုမူစန်း ဟုတ်သည်လားလဲ မသေချာ။

သူ ဟုတ်နေခဲ့ပါလျှင် သည်ဘဝမှာ စောစီးစွာ ထောင်ကျသွားမည် ဖြစ်သည့်အတွက် အချိန်ကာလကို တွက်ကြည့်ရသော် မီချန်းစုံညီမလေးတွင် ထိုအမှုဖြစ်ချိန်၌ လျိုမူစန်းသည် ထောင်ကျနေဦးမည် ဖြစ်သည်။

လုမန် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
ဒါဟာ အတိတ်ဘဝက လျိုမူစန်းပဲဖြစ်ပါစေ..။

လုမန်အကြည့်တွေအေးစက်နေ၏။ တကယ်လို့ သူသာဆိုရင် ထောင်ထဲရောက်အောင်ကို ပို့ရမှာ၊

ကတိဖျက်တယ်ဟုတ်လား?

ရာဇဝတ်ကောင်တွေနဲ့ပတ်သက်ရင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး..

“ ကျွန်တော်တို့ ဒီလူကို အရင်ခေါ်သွားပါမယ်။ ကိစ္စရှိလာခဲ့ရင် ခင်ဗျားကို ဆက်သွယ်ပါဦးမယ် ”
ရဲက မထွက်ခွာခင် ပြောသွားသည်။

“ ရပါတယ် ”

***

ထိုအချိန်တွင် လုချီက အိမ်မှာ ဖြစ်ကာ ရှချင်းယန်၏ တံတောင်ကိုလည်း စိုးရိမ်ကြီးစွာ ဆုပ်ထားသေး၏။
“ အမေ.. ဟိုလူ အမေ့ကို မဆက်သွယ်သေးဘူးလား.. ခုလောက်ဆို လုပ်ပြီးသင့်တာကြာပြီ ”

“ မဆက်သွယ်လာသေးဘူး ”
ရှချင်းယန်လည်း အတပ်မသိပါ။ နှလုံးကလည်း စိုးရိမ်ကြီးစွာ ခုန်လှုပ်နေလေ၏။

ရှချင်းဝေကို ကယ်ဆယ်ရာမှာ လိုအပ်တဲ့ ငွေ​ကို ခိုးယူခိုင်းခြင်းက လုချီနှင့် သူမ၏ စိတ်ကူး.. ။ 

သို့ပေမယ့် ဒီလိုကိစ္စမျိုးကို သူမတို့ကိုယ်တိုင်လုပ်ဖို့ကျတော့ ဘယ်လိုမှ မဖြစ်နိုင်။

ကံကောင်းချင်တော့ လုချီမှာ အနုပညာအသိုင်းအဝိုင်းအတွင်း အဆက်အသွယ်တချို့ရှိနေကာ မန်နေဂျာဖြစ်သူက အဆက်အသွယ်တွေကနေတစ်ဆင့် ထိုသူခိုးကို ဆက်ပေးခဲ့သည်။

သို့သော် လုချီ လုပ်နိုင်သည်က ဒီအထိပဲ ဖြစ်၏။

သူမ သူခိုးနဲ့ ဆက်သွယ်ရာမှာ ကူညီပေးမယ့် တစ်စုံတစ်ယောက်ကို မရှာနိုင်တာတော့ မဟုတ်။ အနုပညာအသိုင်းအဝိုင်းမှာ မြေအောက်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေနဲ့ ဘယ်လိုပတ်သက်ဆက်သွယ်ရမယ်မှန်းကို သိနေ၍။

ဒါပေမဲ့ အဲ့ဒီလိုလူတွေဆီကနေ အကူအညီကို လွယ်လွယ်တောင်းလို့ရပါ့မလား?

အပြန်အလှန်အနေဖြင့် သူမ မပေးချင်သော တန်ကြေးတစ်ခုကို ပေးရမည်ပင်။ 

တက်သစ်စအနုအညာရှင်တစ်ဦးဖြစ်တဲ့ သူမနဲ့ အိပ်စက်ချင်နေတဲ့လူတွေမှ တစ်ပုံကြီး!

*****

၆၃။ [ လုခ်ီႏွင့္ သူမ၏ စိတ္ကူး ]

သူခိုးမွာ ေတြးေလ မုန္းတီးနာၾကည္းမိေလျဖစ္ရသည္။ သူမမွန္ပါတယ္..ဒါေတြအားလံုး ရွခ်င္းယန္ေၾကာင့္။

ဒါေပမယ့္လည္း သူဟာ သက္ေသယူထားဖို႔ကို ေမ့သြားခဲ့၏။

မတရားတာကိုေတာ့ ခံစားမိပါသည္။ သူဟာ လူဆိုးေပမယ့္ ထိုအမႈကို ျပဳရန္ ႀကိဳးကိုင္သူကေရာ လူေကာင္းတစ္ေယာက္ ဟုတ္ပါရဲ့လား။ ဘာလို႔ လူေကာင္းလို႔ သတ္မွတ္သင့္သလဲ?

ရွခ်င္းယန္ကလည္း သူနဲ႔ ဘာမွမကြာဘူး! သူတို႔ႏွစ္ေယာက္လံုး လူဆိုးေတြပဲ!

ရုတ္တရက္ လုမန္ကို ေမာ့ၾကည့္လိုက္သည့္ မ်က္ဝန္းေတြမွာ မုန္းတီးျခင္းမ်ားစြာျဖင့္..
“ ရွခ်င္းယန္က လူေကာင္းမဟုတ္ရင္ မင္းလည္း တူတူပဲ..မင္း ကတိဖ်က္ခဲ့တယ္..ငါမင္းကိုခြင့္မလႊတ္ဘူး..သတိထားၿပီးေတာ့သာေနေပေတာ့! ”

“ ​ေဖာင္း! ”
ရႊီေဟြ့က သူခိုးေနာက္ေစ့ကို ျဖတ္ရိုက္ပစ္သည္။ သူခိုးက ခ်က္ခ်င္း မူးေဝျပာေနွာက္သြား၏။
“ ဘာကိုစိုက္ၾကည့္ေနတာလဲ! ”

အစကေတာ့ ရွခ်င္းယန္ျဖစ္ေၾကာင္း အတည္ျပဳလို႔ရတာႏွင့္ လုမန္ ဤလူဆိုးေကာင္ကို လႊတ္ေပးလိုက္မွာပဲလို႔ သူ ထင္ခဲ့မိျခင္းပင္။

သို႔ေပမယ့္ ခု သူမက ရဲေခၚပစ္သည္။ လုမန္ ကတိဖ်က္မယ္လို႔ ရႊီေဟြ့ မထင္ထားမိေပမယ့္ တကယ္တမ္း သူဟာ ပိုလို႔ပင္ ေပ်ာ္ေနမိ၏။

သခင္ေလးဟန္ႀကိဳက္သည့္ မိန္းမတစ္ေယာက္ကို သူ ေလ်ွာ့မတြက္ထားဝံ့ေပ။ သူမသည္ အမွားအမွန္ကို ခြဲျခားသိျမင္တတ္ကာ အေျခအေနအလိုက္ ကိုင္တြယ္ေျဖရွင္းသြားႏိုင္သည္။ 

တစ္ခဏအတြင္း ရဲေတြေရာက္လာခဲ့၏။

လုမန္က ျဖစ္ေၾကာင္းကုန္စင္ကို အက်ဥ္းရံုး ရွင္းျပလိုက္သည္။ ရဲေတြက အရိုက္ခံထားရ၍ ဖူးေရာင္စုတ္ၿပဲလ်က္ရိွေသာ သူခိုး၏ မ်က္ႏွာကို ေတြ့ၿပီး ႏႈတ္ခမ္းေတြစုဝိုင္းသြားသည္။ 

“ နာမည္​ဘယ္လိုေခၚလဲ ”

“ လ်ိဳမူစန္း ”

ရဲက ေမးလိုက္ခ်ိန္တြင္ သူခိုးက တိုးတိုးေရြရြတ္လိုက္ေပမည့္ လုမန္ ျပတ္သားစြာ ၾကားလိုက္ရ၏။

“ လ်ိဳမူစန္း ဟုတ္လား ”
နာမည္ၾကားတာႏွင့္ လူကိုပါ ခ်က္ခ်င္း ၾကည့္မိသည္။

“ ဟုတ္တယ္ ျပႆနာရိွလို႔လား ”
လ်ိဳမူစန္းက သူမကို ေဒါသတႀကီး စူးစိုက္ၾကည့္ကာ မ်က္ဝန္းေတြမွာ အမုန္းတရားေတြ ျပည့္ႏွက္ေနသည္။ 

သူမသာ ကတိတည္ခဲ့ရင္ သူ ေထာင္က်မွာမဟုတ္ဘူး!!

လုမန္က သူ႔ရန္သူပဲ! 

“ အဲ့မ်က္ႏွာကဘာလဲ! မကျမင္းစမ္းပါနဲ႔! ရာဇဝတ္မႈ က်ူးလြန္ၿပီးတဲ့ေနာက္မွာေတာင္ ခင္ဗ်ားက ကိုယ့္ကိုယ္ကိုယ္မွန္တယ္ ထင္တုန္းလား! ” သူ႔ကိုၾကည့္မိလ်ွင္ ရဲအရာရိွ၏ မ်က္ႏွာသည္ မႈန္ကုတ္သြားေတာ့သည္။ “ ေခါင္းကို ငံု႔ထားစမ္း ”

လ်ိဳမူစန္း ရန္ၿငိဳးထားလည္း လုမန္ ဂရုမစိုက္ပါ။ သို႔ေသာ္ ကိုယ့္စိတ္ထဲမွာ ေရာက္ေနသည္က သူ႔နာမည္..။ 

အတိတ္ဘဝ၌ မီခ်န္းစံု၏ ညီမေလးကို အမည္းစက္ထင္ေစခဲ့ေသာ သူ၊ လက္စားေခ်မႈေၾကာင့္ မီခ်န္းစံု ေထာင္ထဲေရာက္လာခဲ့ရေသာ အျဖစ္မွာ လ်ိဳမူစန္း၏ ေအာက္ဆြဲေတြေၾကာင့္ ျဖစ္သည္။

မီခ်န္းစံု ညီမေလးကို အဓမၼျပဳက်င့္ခဲ့သည္က စုစုေပါင္း ေလးေယာက္ျဖစ္၏။

က်န္သံုးေယာက္က အညတရေတျြဖစ္ၿပီး လံုးဝ သတၲိေၾကာင္သည္။ သူတို႔မွာ လ်ိဳမူစန္းေၾကာင့္သာမဟုတ္လ်ွင္ ထိုသို႔ လုပ္ရဲသည့္ သတၲိရိွမည္ မဟုတ္ေပ။ 

သို႔ေပမယ့္ အရင္ဘဝက မီခ်န္းစံုဟာ ဒါနဲ႔ပတ္သက္ၿပီး အေသးစိတ္ကို မေျပာျပခဲ့သျဖင့္ ေခါင္းေဆာင္က လ်ိဳမူစန္း ျဖစ္သည္ကိုသာ သူမ သိခဲ့ရၿပီး အသက္ေတြ ရုပ္ေတြကို မသိခဲ့ရေပ။

ထို႔ေၾကာင့္ သူမေရ႔ွတြင္ ရိွေနေသာ ပုဂၢိုလ္က ထိုလ်ိဳမူစန္း ဟုတ္သည္လားလဲ မေသခ်ာ။

သူ ဟုတ္ေနခဲ့ပါလ်ွင္ သည္ဘဝမွာ ေစာစီးစြာ ေထာင္က်သြားမည္ ျဖစ္သည့္အတြက္ အခ်ိန္ကာလကို တြက္ၾကည့္ရေသာ္ မီခ်န္းစံုညီမေလးတြင္ ထိုအမႈျဖစ္ခ်ိန္၌ လ်ိဳမူစန္းသည္ ေထာင္က်ေနဦးမည္ ျဖစ္သည္။

လုမန္ သက္ျပင္းရွည္ႀကီး ခ်လိုက္မိသည္။
ဒါဟာ အတိတ္ဘဝက လ်ိဳမူစန္းပဲျဖစ္ပါေစ..။

လုမန္အၾကည့္ေတြေအးစက္ေန၏။ တကယ္လို႔ သူသာဆိုရင္ ေထာင္ထဲေရာက္ေအာင္ကို ပို႔ရမွာ၊

ကတိဖ်က္တယ္ဟုတ္လား?

ရာဇဝတ္ေကာင္ေတြနဲ႔ပတ္သက္ရင္ ဘယ္ေတာ့မွ ေနာင္တရမွာ မဟုတ္ဘူး..

“ ကြၽန္ေတာ္တို႔ ဒီလူကို အရင္ေခၚသြားပါမယ္။ ကိစၥရိွလာခဲ့ရင္ ခင္ဗ်ားကို ဆက္သြယ္ပါဦးမယ္ ”
ရဲက မထြက္ခြာခင္ ေျပာသြားသည္။

“ ရပါတယ္ ”

***

ထိုအခ်ိန္တြင္ လုခ်ီက အိမ္မွာ ျဖစ္ကာ ရွခ်င္းယန္၏ တံေတာင္ကိုလည္း စိုးရိမ္ႀကီးစြာ ဆုပ္ထားေသး၏။
“ အေမ.. ဟိုလူ အေမ့ကို မဆက္သြယ္ေသးဘူးလား.. ခုေလာက္ဆို လုပ္ၿပီးသင့္တာၾကာၿပီ ”

“ မဆက္သြယ္လာေသးဘူး ”
ရွခ်င္းယန္လည္း အတပ္မသိပါ။ ႏွလံုးကလည္း စိုးရိမ္ႀကီးစြာ ခုန္လႈပ္ေနေလ၏။

ရွခ်င္းေဝကို ကယ္ဆယ္ရာမွာ လိုအပ္တဲ့ ေငြ​ကို ခိုးယူခိုင္းျခင္းက လုခ်ီႏွင့္ သူမ၏ စိတ္ကူး.. ။ 

သို႔ေပမယ့္ ဒီလိုကိစၥမ်ိဳးကို သူမတို႔ကိုယ္တိုင္လုပ္ဖို႔က်ေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္။

ကံေကာင္းခ်င္ေတာ့ လုခ်ီမွာ အႏုပညာအသိုင္းအဝိုင္းအတြင္း အဆက္အသြယ္တခ်ိဳ႕ရိွေနကာ မန္ေနဂ်ာျဖစ္သူက အဆက္အသြယ္ေတြကေနတစ္ဆင့္ ထိုသူခိုးကို ဆက္ေပးခဲ့သည္။

သို႔ေသာ္ လုခ်ီ လုပ္ႏိုင္သည္က ဒီအထိပဲ ျဖစ္၏။

သူမ သူခိုးနဲ႔ ဆက္သြယ္ရာမွာ ကူညီေပးမယ့္ တစ္စံုတစ္ေယာက္ကို မရွာႏိုင္တာေတာ့ မဟုတ္။ အႏုပညာအသိုင္းအဝိုင္းမွာ ေျမေအာက္ရာဇဝတ္ဂိုဏ္းေခါင္းေဆာင္ေတြနဲ႔ ဘယ္လိုပတ္သက္ဆက္သြယ္ရမယ္မွန္းကို သိေန၍။

ဒါေပမဲ့ အဲ့ဒီလိုလူေတြဆီကေန အကူအညီကို လြယ္လြယ္ေတာင္းလို႔ရပါ့မလား?

အျပန္အလွန္အေနျဖင့္ သူမ မေပးခ်င္ေသာ တန္ေၾကးတစ္ခုကို ေပးရမည္ပင္။ 

တက္သစ္စအႏုအညာရွင္တစ္ဦးျဖစ္တဲ့ သူမနဲ႔ အိပ္စက္ခ်င္ေနတဲ့လူေတြမွ တစ္ပံုႀကီး!

*****

Continue Reading

You'll Also Like

4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
351K 8.6K 29
"Why can't you tell me?" Cat Noir clutched her arm. "You know why Kitty," Ladybug tried to break away, but his grasp was too tight, "Cat, I'm going t...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
20.6K 1.5K 35
A LOT out of my usual thing here, but what if both Dream AND Nightmare impregnated Blueberry at the same time. Terrified of what his brother and au w...