They All Say I've Met a Ghost...

נכתב על ידי Kitty_Carena

284K 55K 3K

Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goe... עוד

Description
အခန်း ( ၁ )
အခန်း ( ၁.၁ )
အခန်း ( ၁.၂ )
အခန်း ( ၂ )
အခန်း ( ၂.၁ )
အခန်း ( ၂.၂ )
အခန်း ( ၃ )
အခန်း ( ၃.၁ )
အခန်း ( ၃.၂ )
အခန်း ( ၄ )
အခန်း ( ၄.၁ )
အခန်း ( ၄.၂ )
အခန်း ( ၅ )
အခန်း ( ၅.၁ )
အခန်း ( ၅.၂ )
အခန်း ( ၆ )
အခန်း ( ၆.၁ )
အခန်း ( ၆.၂)
အခန်း ( ၇ )
အခန်း ( ၇.၁ )
အခန်း ( ၇.၂ )
အခန်း ( ၈ )
အခန်း ( ၈.၁ )
အခန်း ( ၈.၂ )
အခန်း ( ၉ )
အခန်း ( ၉.၁ )
အခန်း ( ၉.၂ )
အခန်း ( ၁၀ )
အခန်း ( ၁၀.၁ )
အခန်း ( ၁၀.၂ )
အခန်း ( ၁၁ )
အခန်း ( ၁၁. ၁ )
အခန်း ( ၁၁. ၂ )
အခန်း ( ၁၂ )
အခန်း ( ၁၂.၁ )
အခန်း ( ၁၂.၂ )
အခန်း (၁၃ )
အခန်း ( ၁၃.၁ )
အခန်း ( ၁၃.၂ )
အခန်း ( ၁၄ )
အခန်း ( ၁၄.၁ )
အခန်း ( ၁၄.၂ )
အခန်း ( ၁၅ )
အခန်း ( ၁၅.၁ )
အခန်း ( ၁၅.၂ )
အခန်း ( ၁၆ )
အခန်း ( ၁၆.၁ )
အခန်း ( ၁၆.၂ )
အခန်း ( ၁၇ )
No Update
အခန်း ( ၁၇.၁ )
အခန်း ( ၁၇.၂ )
အခန်း ( ၁၈ )
အခန်း ( ၁၈.၁ )
အခန်း ( ၁၈.၂ )
အခန်း ( ၁၉ )
အခန်း ( ၁၉.၁ )
အခန်း ( ၂၀ )
အခန်း ( ၂၀.၁ )
အခန်း ( ၂၁ )
အခန်း ( ၂၁.၁ )
No Update
အခန်း ( ၂၁.၂ )
အခန်း ( ၂၁.၃ )
အခန်း ( ၂၁.၄ )
အခန်း ( ၂၂ )
အခန်း ( ၂၃ )
No Update
အခန်း ( ၂၄ )
အခန်း ( ၂၅ )
အခန်း ( ၂၆ )
အခန်း ( ၂၇ )
အခန်း ( ၂၈ )
အခန်း ( ၃၀ )
အခန်း ( ၃၁ ) ပထမပိုင်း
အခန်း (၃၁) ဒုတိယပိုင်း
အခန်း (၃၂)
အခန်း ( ၃၃ )
အခန်း (၃၄)
အခန်း ( ၃၅)
အခန်း ( ၃၆ )
အခန်း (၃၇)
အခန်း(၃၈)
အခန်း (၃၉)
အခန်း (၄၀)
အခန်း (၄၁)
အခန်း(၄၂) ဇာတ်သိမ်းပိုင်း

အခန်း ( ၂၉ )

3.8K 637 101
נכתב על ידי Kitty_Carena

အစက အတန်းမသွားဖို့ အစီအစဥ်မရှိတဲ့ ဆရာလျိုက ကျွန်တော် မှတ်စုစာအုပ်ကို သိမ်းလိုက်ပြီးတဲ့နောက် စိတ်ပြောင်းသွားပြီးတော့  စာမေးပွဲရလဒ် သိချင်တယ်လို့ ပြောတယ်။

သူ ကျွန်တော့်ကို ချိုချိုသာသာပြောတယ်။

" ငါ ကျောင်းသားတွေကို ဘယ်လိုစကားပြောရမလဲပဲ သင်ပေးခဲ့တာ။ ငါ သင်ပေးထားတာရဲ့ ရလဒ်ကို ဘယ်တုန်းကမှ မစစ်ဆေးခဲ့ဖူးဘူး။ မင်းရဲ့ စိတ်ကူးကောင်းတယ်။ ဒီမှာ မင်းအတွက် ဖောင်တိန်တွေ။ မင်း ကျောင်းသားတွေကို ပေးလို့ရတယ်။"

ဆရာလျိုက တကယ်တွေးတတ်တာပဲ။ ကျွန်တော် ကျောင်းသားတွေ ဘောပင်မရှိလောက်ဘူးဆိုတာကို မေ့တော့မလို့။ သူတို့မှာ ဘောပင်မရှိရင် စာမေးပွဲ ဘယ်လိုဖြေမှာလဲ။

ကျွန်တော် ဆရာလျိုကို အချင်းချင်းနားလည်တဲ့သဘောနဲ့ ပြုံးပြလိုက်ပြီးတော့ စာမေးပွဲမေးခွန်းတွေ ဘောပင်တွေနဲ့ ကျောင်းကားပေါ်တက်ခဲ့တယ်။

တလ‌လောက် အလုပ်လုပ်ပြီး နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတခု တည်ဆောက်နိုင်ခဲ့ပြီ။ ဒါက ကျွန်တော့်ရဲ့ အလုပ်မှာ ခြေလှမ်းကြီးတခုပဲ။

တယောက်ပုခုံးပေါ် တယောက်လက်တင်ပြီး ကားပေါ်တက်လာတဲ့ ကျွန်တော်နဲ့ ဆရာလျို့ကို ကားဆရာမြင်တော့ သရဲကို မြင်လိုက်ရသလိုမျိုး မျက်နှာအမူအရာဖြစ်သွားတယ်။ ဖြစ်နိုင်တာက ဆရာလျိုက လူတွေနဲ့ ခန္ဓာကိုယ်ထိတွေ့တာမျိုး ရှားလို့ဖြစ်မယ်။

ကျွန်တော့်စိတ်အခြေအနေက အရမ်းကိုကောင်းနေတယ်။ ကားဆရာကိုမြင်တော့ တက်တက်ကြွကြွ နှုတ်ဆက်လိုက်တယ်။

" ကားဆရာ ကျွန်တော့်ကို လိုက်ပို့တာ အခေါက်ပေါင်းများစွာရှိနေပြီ ဒါပေမယ့် ကျွန်တော် ကားဆရာကို ဘယ်လိုခေါ်ရမလဲ မသိသေးဘူး။"

"ငါ့နာမည်က ချီတကျွမ်း။"

ကားဆရာက တိုတိုတုတ်တုတ်ပဲ ပြန်ဖြေတယ်။

" ချီသာကော။ ခုကစပြီး အဲ့လိုခေါ်ရင် အဆင်ပြေလား။"

" မင်းခေါ်ချင်သလိုခေါ်။"

ကားဆရာက ကားစက်နှိုးလိုက်တယ်။ သူ့ကြည့်ရတာ ကျွန်တော်နဲ့စကားပြောချင်ပုံမရဘူး။

ကားဆရာက စကားနည်းတဲ့သူပဲ။ ကျွန်တော် အသားကျနေပါပြီ‌။ ကျွန်တော် ကျောင်းတက်တုန်းက အင်္ဂလိပ်စာလုံးတွေကို မနက်နဲ့ညတိုင်း လေ့လာခဲ့တဲ့အကြောင်း အပတ်တိုင်း ရှေးဟောင်းကဗျာတွေကို အလွတ်ကျက်ခဲ့ကြောင်း စံသတ်မှတ်ထားတဲ့ စကားလုံးတွေကို နေ့တိုင်း တမျက်နှာစီ ကူးရေးခဲ့တဲ့ အကြောင်းတေွကို ဆရာလျိုနဲ့ အပြန်အလှန်ပြောနေလိုက်တယ်။

ဒါကိုနားထောင်ပြီးတော့ ဆရာလျိုက သူ့ပေါင်သူ ရိုက်လိုက်တယ်။

" ငါ့ရဲ့သင်ကြားနည်းစနစ်တွေက ခေတ်နောက်ကျနေတာပဲ။ ဒီလိုမျိုးလေ့ကျင့်တာတွေ ရှိမှန်းတောင် မသိဘူး။ ဒီလိုပညာရေးစနစ်မျိုးက ငါတို့ကျောင်းသားတွေအတွက် မသင့်တော်ပေမယ့် ငါတို့တွေ ဉာဏ်စမ်းတို့ အခန်းဆုံးစာမေးပွဲတို့ လစဥ်စာမေးပွဲ နှစ်ဝက်စာမေးပွဲနဲ့ နှစ်ကုန်စာမေးပွဲတွေ မေးလို့ရလောက်တယ်။ အနည်းဆုံးတော့ ငါတို့ သူတို့ကို လက်မလွှတ်ခင် စည်းမျဥ်းစည်းကမ်း‌တွေကို နားလည်သင့်တာပေါ့။"

" ဒါပေါ့။" ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

" ရှေ့လျှောက် ကျွန်တော်တို့ ကျောင်းသားတွေကို မုဟွိုက်ထုန်လိုမျိုး ဒီတိုင်းကြီး စာမေးပွဲအောင်မပေးလိုက်သင့်ဘူး။ သူတို့‌တွေစာမေးပွဲဖြေကိုဖြေရမယ်။"

" အင်း..."

"အင်း ဆရာလျို့မှာ တခြားမတူတဲ့ အကြံဉာဏ်ရှိတာလား။"

"မဟုတ်ပါဘူး မဟုတ်ပါဘူး။ ငါ ဆရာရှန်ရဲ့သင်ကြားနည်းစနစ်ကို အပြည့်အဝထောက်ခံပါတယ်။"

ကားဆရာက ဘရိတ်ကို ဆောင့်အုပ်လိုက်တယ်။ ကျွန်တော့်ရှေ့မှာ ကာထားဖို့ ခုံလည်းမရှိတော့ ‌ရှေ့ကို ပျံတက်သွားတယ်။ ကံကောင်းလို့ ကျွန်တော် တိုက်ကွမ်ဒိုတတ်ပြီး  ခန္ဓာကိုယ်အခြေအနေကောင်းလို့သာ‌ပေါ့။ ရုတ်တရက်ရပ်လိုက်လို့ ဒဏ်ရာမရခင် အချိန်မှီလေး သံတန်းကို လှမ်းကိုင်လိုက်တယ်။

" ချီသာကော ဘာဖြစ်တာတုန်း။"

ကျွန်တော် လန့်ပြီးမေးလိုက်တယ်။

" ကြောင်တကောင်ကို ရှောင်လိုက်တာ။"

ကားဆရာ ဖြည်းဖြည်းချင်း ခေါင်းလှည့်လာတယ်။ သူ့မျက်လုံးထဲမှာ အရောင်ပြန်နေတဲ့ လမ်းမီးရောင်က မထင်မှတ်ဘဲ အစိမ်းရောင်ဖြစ်နေတယ်။

"အဲ့တော့ မင်းကြောက်တာ ရှိသေးတယ်ပေါ့။"

"ဘာကိုမှ မကြောက်တတ်တဲ့သူဆိုတာ ဘယ်လိုလုပ်ရှိမှာလဲ။ ကျွန်တော် ကြောက်တဲ့အရာတွေမှ အများကြီးပဲ။ ထိပ်ပြောင်မှာကြောက်တယ်။ ပိုက်ဆံမရှိမှာကြောက်တယ်။ အလုပ်ရှာမရမှာကြောက်တယ်။ အများကြီးမှ အများကြီးပဲ။"

ကားဆရာက ကျွန်တော့်ကို ခဏလောက်ကြည့်နေပြီးတော့ ဘာမှမပြောဘဲ ပြန်လှည့်သွားပြီး ကားစက်နှိုးလိုက်တယ်။

ကျွန်တော် ရှေ့ခုံတန်းမှာ မထိုင်ရဲတော့ဘူး။ ဆရာလျို့နောက်ကို ပြေးသွားပြီး ကားဆရာနောက်ထပ် ရပ်လိုက်မှာ ကြောက်လို့ ခုံနောက်ဖက်ကို ဆုပ်ထားလိုက်တယ်။

" ဆရာရှန် ရှောင်ချီက ဘာသဘောနဲ့မှ မဟုတ်ပါဘူး။ စိတ်မဆိုးပါနဲ့။"

ဆရာလျိုက မြန်မြန်ဆန်ဆန် ဝင်ဖျန်ဖြေပေးတယ်။

"ရပါတယ် ကျွန်တော် စိတ်မဆိုးပါဘူး။"

ကျွန်တော် လက်ယမ်းပြလိုက်တယ်။

ကားဆရာမှာ ဇာတ်လမ်းတခုတော့ ရှိလိမ့်မယ်လို့ ကျွန်‌တော် အမြဲတမ်းထင်နေတယ်။ နောက်ကျ ဖြည်းဖြည်းချင်း သိလာမှာပါလေ။

ကျွန်တော် ကားပေါ်ကဆင်းတော့ ကျောင်းဝင်ပေါက်ရှေ့မှာ စောင့်နေတဲ့ ရှောင်နင့်ကို မြင်လိုက်တယ်။ ဒီတကြိမ် သူ့ရဲ့ အဝါရောင်ဝတ်ရုံရှည်ကြီးကိုတောင် ဝတ်မလာဘူး။ အနက်ရောင်ရှပ်အင်္ကျီတထည် ဝတ်ထားပြီး ထူးထူးခြားခြားကို ချောနေတယ်။

ကျွန်တော် ဆရာလျို့ကို ပစ်ထားခဲ့ပြီး လက်ထဲမှာ မေးခွန်းစာရွက်တွေနဲ့ ရှောင်နင့်ဆီ ပြေးသွားလိုက်တယ်။ စာရွက်တွေ သူ့ဆီကမ်းပေးလိုက်တယ်။

"တချက်လောက်ကြည့်ကြည့် မေးခွန်းတွေကို မင်း ဘယ်လိုထင်လဲ။"

နင်ထျန်းချဲ့က စာရွက်တရွက်ဆွဲထုတ်လိုက်ပြီး လှန်လှောကြည့်တယ်။ ပြီးတော့ ခပ်တိုးတိုးရယ်ပြီး ပြောတယ်။

"အရမ်းကောင်းတယ်။"

"ငါ မင်းကို နောက်တံခါးကနေ ခေါ်သွားမယ်။ ဒီတခေါက်တော့ နံရံပေါ်ကနေ ကျော်မတက်ပါနဲ့။"

ကျွန်တော်တို့သုံးယောက် အနောက်ဘက်က တံခါးသေးသေးလေးကနေ ဝင်လာခဲ့ကြတယ်။ ပရဟိတအလယ်တန်းကျောင်းက ကျွန်တော် ပထမဆုံးစာသင်ခဲ့တဲ့နေရာ ပြီးတော့ ကျွန်တော့်ရဲ့ ပထမဆုံးကျောင်းသူ မုဟွိုက်ထုန်နဲ့ ဆုံခဲ့တဲ့နေရာ။ သူက အစအနောက်သန်ပေမယ့် စာအရမ်းကြိုးစားတာ။ အမြဲတမ်း ရှေ့ဆုံးတန်းမှာ ထိုင်ပြီး ကျွန်တော် စာသင်တာကို မေးလေးပေါ် လက်ထောက် ခေါင်းလေးစောင်းပြီး နားထောင်ခဲ့တာ။

မုဟွိုက်ထုန် နိုင်ငံခြားထွက်သွားတဲ့အချိန် ပရဟိတအလယ်တန်းကို နောက်တခေါက်ပြန်လာရတာ ဝမ်းနည်းဖို့ ကောင်းတယ်။
သူလည်း ဒီစာမေးပွဲဖြေနိုင်မယ်ဆို ကောင်းမှာပဲ။ ကျောင်းသူမုက စာကြိုးစားပြီး တော်လို့ ဒီစာမေးပွဲမှာ အမှတ်ကောင်းကောင်းရမှာ သေချာတယ်။

တတိယနှစ်ရဲ့ လေးခန်းမြောက် စာသင်ခန်းက မီးရောင်တွေကို လင်းထိန်နေအောင် ထွန်းထားတယ်။ အတန်းထဲမှာ နှစ်ဆယ့်‌‌လေးခုံရှိတာ သုံးခုံက လွတ်နေပြီ။ မုဟွိုက်ထုန်က ကျောင်းပြီးသွားပြီ။ ထန်ရှောင်းမင်က ဆေးကုသမှုခံယူဖို့ ထွက်သွားတယ်။ ပြီးတော့ ထျန်းပေါ်ဝမ်က ကျောင်းထုတ်ခံရတယ်။ ကျောင်းသားနှစ်ဆယ့်တယောက် ယွမ် လေးသောင်းနှစ်ထောင် ကျန်နေသေးတယ်။

မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်တော် ခေါင်းကို ခပ်ပြင်းပြင်း ယမ်းလိုက်တယ်။ ကျွန်တော် ဘယ်လိုလုပ် ဒီလိုတွေ တွေးနေတာလဲ။ ဒါက ကျွန်တော့်ရဲ့ ချစ်စရာကောင်းတဲ့ ကျောင်းသားတွေလေ။ ပိုက်ဆံတွေမဟုတ်ဘူး။ ‌ကျောင်းအုပ်ကျန်းက ကျွန်တော့်ကို လစာမပေးရင်တောင် သူတို့ကို ကျွန်တော့်တဘဝလုံး စုဆောင်းလာခဲ့တဲ့ အသိပညာဗဟုသုတတွေကို မျှဝေပေးနေဦးမှာပဲ။

နင်ထျန်းချဲ့နဲ့ ဆရာလျိုက နောက်တန်းက လွတ်နေတဲ့ ခုံနှစ်ခုံမှာ ဝင်ထိုင်တယ်။ စာသင်ခန်းအလယ်တည့်တည့်က မုဟွိုက်ထုန်ထိုင်ခဲ့ပုံရတဲ့ ခုံကတော့ လွတ်နေသေးတယ်။

သွမ်ယုံလျန်က မုဟွိုက်ထုန်ခုံဘေးက ခုံမှာ ထိုင်နေတယ်။ သူ့စားပွဲပေါ်မှာ ကျွန်တော် သူ့ကိုပေးထားတဲ့ စာအုပ်နဲ့ဘောပင် ရှိနေတယ်။

ကျွန်တော် ခုံပေါ် စာရွက်တွေ တင်ပြီး အားလုံးကိုပြောလိုက်တယ်။

"ဟယ်လို ကျောင်းသားတွေ။ ဆရာတို့ မတွေ့ရတာ တပတ်ရှိသွားပြီနော်။ ဆရာ ပြောထားတဲ့ စာအုပ်တွေကို ဖတ်တဲ့သူများရှိလား။"

ကျောင်းသားတွေက ခေါင်းယမ်းတဲ့သူက ယမ်းပြီး ခန္ဓာကိုယ်လှုပ်ပြတဲ့သူကပြနဲ့။ ရှောင်နင်က လက်မြှောက်လိုက်တယ်။

"ကျွန်တော် ဖတ်တယ်။"

အတန်းထဲကဖတ်ပြီးတဲ့သူတွေ တခုခုပြောစရာရှိရင် အတန်းပြီးရင် ဆရာ့ဆီ လာစကားပြောလို့ရတယ်နော်။"

ကျွန်တော် စာသင်နေတုန်း မနှောင့်ယှက်ဖို့ သူ့ကို လက်ဟန်ပြလိုက်တယ်။

ကျောင်းသားတွေ စာမဖတ်တာ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ကျွန်တော် သူတို့ကို အခြေခံစည်းမျဥ်းဥပဒေတွေအကြောင်း စာမေးပွဲစစ်နေသရွေ့ သူတို့ မသင်ယူမှာကို စိတ်ပူစရာမလိုပါဘူး။

ကျွန်တော် အကုန်လုံးကို ပြောလိုက်တယ်။

"ဒီအပတ် ဆရာတို့ရဲ့ စာလေ့လာမှုမှာ နည်းလမ်းသစ်တခုပေါင်းထည့်ဖို့ ဆရာစီစဥ်ထားတယ်။ စာမေးပွဲ။"

သွမ်ယုံလျန်ခုံပေါ်က ဘောပင်လေးက ကြမ်းပြင်ပေါ်ကို ကျသွားတယ်။

သူ ကျွန်တော့်ကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတယ်။ သူ့မိုးကာက ရေတွေက ကြမ်းပြင်ပေါ်ကို ဆက်တိုက်ကျလို့။

ဒီတခါတော့ ကျွန်တော် ပြင်ဆင်လာခဲ့တယ်။ ကြမ်းတိုက်တံယူပြီး သွမ်ယုံလျန်ခြေထောက်နားက ရေတွေကို သုတ်ပစ်လိုက်တယ်။ ကျွန်တော် သွမ်ယုံလျန်ကို အလိုက်အထိုက်ဆက်ဆံပေးနေတုန်း တခြားကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုမရှိတာ သေချာအောင် လုပ်တယ်။

" ကျွန်မ စာမေးပွဲမဖြေဘူး။"

သွမ်ယုံလျန်က ကျွန်တော့်လက်မောင်းကို ကိုင်ထားရင်း ပြောတယ်။

"ကျွန်မကို မေးခွန်းတွေ ဖြေလာအောင် လုပ်နိုင်မယ်လို့ ထင်မနေနဲ့။"

ဒီအမျိုးသမီးလေးက အရမ်းအရမ်းကို အားသန်တာပဲ။ ကျွန်တော့်လက်ကောက်ဝတ်တောင် နာသွားတယ်။ ကံကောင်းလို့ ကျွန်တော်က ပိုအားသန်လို့သာပေါ့။ ကျွန်တော် သူ့လက်ကောက်ဝတ်ကို ဆွဲပြီး ပြောလိုက်တယ်။

" ကျောင်းသူတယောက်အနေနဲ့ မင်းဆရာ ခိုင်းတာကို လိုက်လုပ်ရမယ်လေ။"

"ဒါဆို ကျွန်မ မဖြေရင်ရော ရှင်က ဘာလုပ်မှာလဲ။" သူ နှာခေါင်းရှုံ့လိုက်တယ်။

"ရှင် ကျွန်မ လက်သည်းတွေကို ညှပ်နိုင်ရင်တောင် ကျွန်မ ကျောင်းကို မလာဘဲနေလို့ရတယ်။"

ဒီအပြုအမူက မျက်နှာပြောင်ရာကျလွန်းလို့ ကျွန်တော် ဘာပြောရမှန်းတောင်မသိတော့ဘူး။ ကျွန်တော် ခဏလောက် အသံတိတ်စိုက်ကြည့်နေပြီးတော့မှ သက်ပြင်းချပြီး ပြောလိုက်တယ်။

"ဒါဆိုလည်း အိမ်လိုက်လာရုံပေါ့။"

သွမ်ယုံလျန် ကြောင်အမ်းအမ်းဖြစ်သွားတယ်။

"ဆရာတယောက်အနေနဲ့ ကျောင်းသားတွေကို အကြမ်းပတမ်းဆက်ဆံလို့မရဘူး။ မင်းတို့အားလုံး ကျောင်းတက်ရတာကို အလေးမထားဘူး ဆရာနဲ့ ပူးပေါင်းမှုမရှိဘူးဆိုရင် မင်းတို့ ဘာမှ ဆုံးရှုံးသွားမှာမဟုတ်ဘူး။ ငါလုပ်နိုင်တဲ့ တခုတည်းသောအရာက ဆရာတွေရဲ့ သင်ကြားနည်းစနစ်ကို လက်တွေ့အသုံးချပြီး စာလုပ်ဖို့
အိမ်တိုက်ရာရောက်လာပြီး တိုက်တွန်းရမှာပဲ။"

ကျွန်တော် သက်ပြင်းချလိုက်တယ်။

"ဒါ ငါ့ရဲ့ တခုတည်းသော အလုပ်ပဲ။ အချိန်တွေလည်း ပေါနေပြီး ကံကောင်းထောက်မလို့ ကျောင်းသားတွေလည်း အများကြီးမရှိတော့ မင်းတို့မိသားစုတွေိဆီ နေ့ရောညပါ သွားလည်ပြီး စာသင်ကြားရေးပိုင်းမှာ သူတို့ကို ဆရာနဲ့ အတူပူးပေါင်းပေးဖို့ ‌တောင်းဆိုရမှာပဲ။"

စကားနားမထောင်တဲ့ ရှောင်နင်က နောက်တကြိမ် လက်မြှောက်ပြီး ပြောတယ်။

"ကျွန်တော် ဆရာရှန်နဲ့ အတူတူသွားမယ်။"

"ငါရောပဲ။" ဆရာလျိုက ခဏလောက်စဥ်းစားပြီးတော့ ပြောတယ်။ "နေ့ဘက်တော့ သွားလို့မရဘူး ဒါပေမယ့် ညဘက် ဆရာရှန်နဲ့ အတူတူသွားပေးနိုင်ပါတယ်။"

"ရှင် ရှင် ကျွန်မ ဘယ်မှာနေလဲ မသိပါဘူး။"

သွမ်ယုံလျန်က ကြောက်လန့်တကြားနဲ့ နောက်ကို ခြေတလှမ်းဆုတ်လိုက်တယ်။ သူ့မိဘတွေ ပါလာမှာကို ကြောက်နေတဲ့ပုံပဲ။ ကျောင်းသားအားလုံး အဲ့ဒါကို ကြောက်ကြတာပါပဲလေ။

"ငါ ကျောင်းအုပ်ကျန်းကို မေးမှာပေါ့။"

အဲ့နောက် ကျွန်တော် ဖုန်းထုတ်ပြီး ကျောင်းအုပ်ကျန်းဆီ စာပို့လိုက်တယ်။

ကျွန်တော် ကျောင်းသားတွေ အိမ်သွားချင်ရင် ကျောင်းသားတွေရဲ့ လိပ်စာပေးလို့ရမလား။

ကျောင်းအုပ်ကျန်းက စက္ကန့်ပိုင်းအတွင်း စာပြန်လာတယ်။

ဘယ်သူ့လိပ်စာ လိုချင်တာလဲ။

နားလည်မှုရှိတဲ့ ကျောင်းအုပ်ပဲ။ ကျွန်တော် ပြုံးပြီး အသံမက်ဆေ့တစောင် ပို့လိုက်တယ်။

ခုလောလောဆယ်တော့ မလိုသေးပါဘူး။ ဒါပေမယ့် ကျောင်းသူတယောက်က ကျွန်တော်သင်သလို လိုက်မလုပ်လို့ ကျွန်တော် တကယ်လိုမယ်ထင်တယ်။

သွမ်ယုံလျန် ကြံရာမရဖြစ်ပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်တယ်။

"ရှင် ရှင်တို့အားလုံး ဘယ်တုန်းက ရှန်းကျန်းကော် လှည့်စားတာကို ခံလိုက်ရတာလဲ။"

ဆရာလျိုသက်ပြင်းချပြီး သွမ်ယုံလျန်ကို ပြောတယ်။

"ရှောင်လျန်  ဘဝဆိုတာ ဒါပဲလေ။ မင်း နားမလည်သေးဘူးလား။ စာကြိုးစား တနေ့ကျရင် မင်း ဘွဲ့ရနိုင်မှာပါ။"

သွမ်ယုံလျန် စိတ်မပါလက်မပါ ထိုင်ချလိုက်တယ်။ ကျွန်တော် သူ့စားပွဲပေါ်မှာ ဆရာလျို ကျွန်တော့်ကို ပေးထားတဲ့ ဘောင်ပင်နဲ့အတူ စာမေးပွဲမေးခွန်းတင်ပေးလိုက်တယ်။

ကိုးရွက်ချန်ပြီး နှစ်ဆယ့်တစုံ ဝေပေးလိုက်တယ်။ ရှောင်နင်နဲ့ ဆရာလျိုတို့လည်း မေးခွန်းတွေ ကြည့်လို့ရအောင် တစုံစီပေးလိုက်တယ်။

စာမေးပွဲစောင့်ရတာ ပင်ပန်းပြီး ပျင်းစရာကောင်းတဲ့ အလုပ်ပဲ။ ကျောင်းသားတွေကို အနှောင့်အယှက်မဖြစ်အောင် အသံထွက်လို့မရဘူး။ ပြီးတော့ သူတို့ ခိုးမချတာ သေချာအောင်  စောင့်ကြည့်ရသေးတယ်။ ဖုန်းလည်းသုံးလို့မရဘူး။ အရမ်းကို ခက်ခဲတဲ့ အလုပ်ပဲ။

အထူးသဖြင့် ညသန်းခေါင်ပေါ့။ ကျွန်တော့်ခုံမှာသာ ထိုင်နေရင် သေချာပေါက် အိပ်ပျော်သွားမှာပဲ။ ကျောင်းသားတွေ ခိုးမချအောင်နဲ့ သူတို့အဖြေတွေကို ကြည့်လို့ရအောင် ကျွန်တော် မတ်တပ်ရပ်ပြီး အခန်းကိုပတ် လမ်းလျှောက်နေလိုက်တယ်။

ကျွန်တော်သာ မကြည့်မိရင် သိမှာမဟုတ်ဘူး။ ကြည့်မိတာနဲ့ ဒေါသကြောင့် သေမလိုဖြစ်သွားတယ်။

ဒီမေးခွန်းဆို ဥပမာက

multiple choice question:  အောက်‌ဖော်ပြပါ အကြောင်းအရာများထဲမှ ရွေးကောက်ပွဲဥပဒေအရ အကျုံးမဝင်သော မဲဆန္ဒရှင်များမှာ

A. စိတ်မကျန်းမာသူ
B.ဆေးစွဲနေသူ
C.သက်ကြီးရွယ်အိုများ
D.အကျဥ်းကျနေသော ရာဇဝတ်သားများ

အကုန်လုံးရဲ့ အဖြေက စုပြီးတိုင်ပင်ထားသလို တပုံစံတည်းပဲ။

‌ရွေးစရာတွေအားလုံးကို ကျော်ပြီး ကွင်းထဲမှာ ကျွန်တော်လို့ ရေးထားကြတယ်။

နောက်ထပ်ဥပမာတခုက  ဒီမေးခွန်းတိုလေး

အေနှင့်ဘီ အချင်းများကြသည်။ အငြင်းပွားမှုကြောင့် အေက အုတ်ခဲတလုံးကောက်ယူပြီး ဘီကို သတ်ကာ လွတ်မြောက်သွားသည်။ သင်သာ နစ်နာသူ ဘီ၏မိသားစုဝင်ဖြစ်ပါက ဘီ၏ တရားမျှတမှုအတွက် ဥပဒေကို မည်သို့ အသုံးချမည်နည်း။

အကုန်လုံးရဲ့အဖြေက ဒီတကြိမ်လည်း တူနေပြန်ရော။

အေကို သတ်ပါ။

ဒါပေမယ့် တ‌ယောက်ချင်းစီရဲ့ သတ်ပုံသတ်နည်းကတော့ မတူကြဘူး။ ဥပမာ သွမ်ယုံလျန်က ရေနှစ်သတ်မယ်။ မံမီလို ဝတ်ထားတဲ့ ကျောင်းသား ရေးထားတာက ကြိုးပေးသတ်မယ်။ လှေကားကနေ တွန်းချတာ၊ လျှပ်စစ်လျှော့တိုက်တာ၊ အဆိပ်ခတ်တာ၊ တခုခုနဲ့ ဖိသတ်တာ၊ သေအောင် ခြောက်လှန့်တာတွေလည်း ရှိသေးတယ်။ အတို‌ပြောရင် ဘယ်သူမှ ရဲသွားတိုင်မယ်လို့ မရေးထားကြဘူး။

စိတ်တိုစရာအကောင်းဆုံးတခုကတော့ စုတ်တံနဲ့ မေးခွန်းတွေ ဖြေနေတဲ့ ဆရာလျိုပဲ။ သူက ဒီမေးခွန်းကို ကွက်လပ်ထဲမှာ စာလုံးအများကြီးရေးပြီး သေသေချာချာကို ဖြေထားတယ်။

အေကို ရှာတွေ့လျှင် ရေပူဖြင့် ဆေးရမည်။ ပြီးလျှင် သုံးရက်ကြာ ရေနွေးဖြင့် ပေါင်း၍ အာဟာရပြည့်ဝသော အစားအစာများ ကျွေးရမည်။ အရေပြားများ နူးညံ့ပြီး ကျုံ့ဆန့်လာနိုင်ပါက နောက်ဘက်မှ ဖြတ်ပြီး အရေခွံခွာပါ။ ဤနည်းလမ်းအားဖြင့် လတ်ဆတ်သော လူအရေခွံတခုကို သင်ရရှိနိုင်ပါပြီ။ ဤအကျင့်ပျက်သူအမျိူးအစားအား အပြင်းထန်ဆုံးနှိပ်စက်နည်း သုံးသင့်ပါသည်။ အရေခွံခွာခံရခြင်းမှာ အလွန်နာကျင်ပါသည်။ ကျွန်ုပ်တွင် အတွေ့အကြုံရှိပါသည်။

ကျွန်တော် စားပွဲခုံဘေးမှာရပ်ရင်း စားပွဲကို လက်နဲထုပြီး အသံကျယ်ကျယ်ပြောလိုက်တယ်။

"တော်လောက်ပြီ။ ဖြေဖို့မလိုတော့ဘူး။ အကုန်လုံးရဲ့ အသိဉာဏ်အဆင့်ကို လုံးဝနားလည်သွားပြီ။"



အခန္း ( ၂၉ )

အစက အတန္းမသြားဖို႔ အစီအစဥ္မ႐ွိတဲ့ ဆရာလ်ိဳက ကြၽန္ေတာ္ မွတ္စုစာအုပ္ကို သိမ္းလိုက္ၿပီးတဲ့ေနာက္ စိတ္ေျပာင္းသြားၿပီးေတာ့  စာေမးပြဲရလဒ္ သိခ်င္တယ္လို႔ ေျပာတယ္။

သူ ကြၽန္ေတာ့္ကို ခ်ိဳခ်ိဳသာသာေျပာတယ္။

" ငါ ေက်ာင္းသားေတြကို ဘယ္လိုစကားေျပာရမလဲပဲ သင္ေပးခဲ့တာ။ ငါ သင္ေပးထားတာရဲ႕ ရလဒ္ကို ဘယ္တုန္းကမွ မစစ္ေဆးခဲ့ဖူးဘူး။ မင္းရဲ႕ စိတ္ကူးေကာင္းတယ္။ ဒီမွာ မင္းအတြက္ ေဖာင္တိန္ေတြ။ မင္း ေက်ာင္းသားေတြကို ေပးလို႔ရတယ္။"

ဆရာလ်ိဳက တကယ္ေတြးတတ္တာပဲ။ ကြၽန္ေတာ္ ေက်ာင္းသားေတြ ေဘာပင္မ႐ွိေလာက္ဘူးဆိုတာကို ေမ့ေတာ့မလို႔။ သူတို႔မွာ ေဘာပင္မ႐ွိရင္ စာေမးပြဲ ဘယ္လိုေျဖမွာလဲ။

ကြၽန္ေတာ္ ဆရာလ်ိဳကို အခ်င္းခ်င္းနားလည္တဲ့သေဘာနဲ႔ ျပဳံးျပလိုက္ၿပီးေတာ့ စာေမးပြဲေမးခြန္းေတြ ေဘာပင္ေတြနဲ႔ ေက်ာင္းကားေပၚတက္ခဲ့တယ္။

တလ‌ေလာက္ အလုပ္လုပ္ၿပီး ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးတခု တည္ေဆာက္ႏိုင္ခဲ့ၿပီ။ ဒါက ကြၽန္ေတာ့္ရဲ႕ အလုပ္မွာ ေျခလွမ္းႀကီးတခုပဲ။

တေယာက္ပုခုံးေပၚ တေယာက္လက္တင္ၿပီး ကားေပၚတက္လာတဲ့ ကြၽန္ေတာ္နဲ႔ ဆရာလ်ိဳ႕ကို ကားဆရာျမင္ေတာ့ သရဲကို ျမင္လိုက္ရသလိုမ်ိဳး မ်က္ႏွာအမူအရာျဖစ္သြားတယ္။ ျဖစ္ႏိုင္တာက ဆရာလ်ိဳက လူေတြနဲ႔ ခႏၶာကိုယ္ထိေတြ႕တာမ်ိဳး ႐ွားလို႔ျဖစ္မယ္။

ကြၽန္ေတာ့္စိတ္အေျခအေနက အရမ္းကိုေကာင္းေနတယ္။ ကားဆရာကိုျမင္ေတာ့ တက္တက္ႂကြႂကြ ႏႈတ္ဆက္လိုက္တယ္။

" ကားဆရာ ကြၽန္ေတာ့္ကို လိုက္ပို႔တာ အေခါက္ေပါင္းမ်ားစြာ႐ွိေနၿပီ ဒါေပမယ့္ ကြၽန္ေတာ္ ကားဆရာကို ဘယ္လိုေခၚရမလဲ မသိေသးဘူး။"

"ငါ့နာမည္က ခ်ီတကြၽမ္း။"

ကားဆရာက တိုတိုတုတ္တုတ္ပဲ ျပန္ေျဖတယ္။

" ခ်ီသာေကာ။ ခုကစၿပီး အဲ့လိုေခၚရင္ အဆင္ေျပလား။"

" မင္းေခၚခ်င္သလိုေခၚ။"

ကားဆရာက ကားစက္ႏိႈးလိုက္တယ္။ သူ႕ၾကည့္ရတာ ကြၽန္ေတာ္နဲ႔စကားေျပာခ်င္ပုံမရဘူး။

ကားဆရာက စကားနည္းတဲ့သူပဲ။ ကြၽန္ေတာ္ အသားက်ေနပါၿပီ‌။ ကြၽန္ေတာ္ ေက်ာင္းတက္တုန္းက အဂၤလိပ္စာလုံးေတြကို မနက္နဲ႔ညတိုင္း ေလ့လာခဲ့တဲ့အေၾကာင္း အပတ္တိုင္း ေ႐ွးေဟာင္းကဗ်ာေတြကို အလြတ္က်က္ခဲ့ေၾကာင္း စံသတ္မွတ္ထားတဲ့ စကားလုံးေတြကို ေန႔တိုင္း တမ်က္ႏွာစီ ကူးေရးခဲ့တဲ့ အေၾကာင္းေတြကို ဆရာလ်ိဳနဲ႔ အျပန္အလွန္ေျပာေနလိုက္တယ္။

ဒါကိုနားေထာင္ၿပီးေတာ့ ဆရာလ်ိဳက သူ႕ေပါင္သူ ႐ိုက္လိုက္တယ္။

" ငါ့ရဲ႕သင္ၾကားနည္းစနစ္ေတြက ေခတ္ေနာက္က်ေနတာပဲ။ ဒီလိုမ်ိဳးေလ့က်င့္တာေတြ ႐ွိမွန္းေတာင္ မသိဘူး။ ဒီလိုပညာေရးစနစ္မ်ိဳးက ငါတို႔ေက်ာင္းသားေတြအတြက္ မသင့္ေတာ္ေပမယ့္ ငါတို႔ေတြ ဉာဏ္စမ္းတို႔ အခန္းဆုံးစာေမးပြဲတို႔ လစဥ္စာေမးပြဲ ႏွစ္ဝက္စာေမးပြဲနဲ႔ ႏွစ္ကုန္စာေမးပြဲေတြ ေမးလို႔ရေလာက္တယ္။ အနည္းဆုံးေတာ့ ငါတို႔ သူတို႔ကို လက္မလႊတ္ခင္ စည္းမ်ဥ္းစည္းကမ္း‌ေတြကို နားလည္သင့္တာေပါ့။"

" ဒါေပါ့။" ကြၽန္ေတာ္ ေခါင္းညိတ္ျပလိုက္တယ္။

" ေ႐ွ႕ေလွ်ာက္ ကြၽန္ေတာ္တို႔ ေက်ာင္းသားေတြကို မုဟြိဳက္ထုန္လိုမ်ိဳး ဒီတိုင္းႀကီး စာေမးပြဲေအာင္မေပးလိုက္သင့္ဘူး။ သူတို႔‌ေတြစာေမးပြဲေျဖကိုေျဖရမယ္။"

" အင္း..."

"အင္း ဆရာလ်ိဳ႕မွာ တျခားမတူတဲ့ အၾကံဉာဏ္႐ွိတာလား။"

"မဟုတ္ပါဘူး မဟုတ္ပါဘူး။ ငါ ဆရာ႐ွန္ရဲ႕သင္ၾကားနည္းစနစ္ကို အျပည့္အဝေထာက္ခံပါတယ္။"

ကားဆရာက ဘရိတ္ကို ေဆာင့္အုပ္လိုက္တယ္။ ကြၽန္ေတာ့္ေ႐ွ႕မွာ ကာထားဖို႔ ခုံလည္းမ႐ွိေတာ့ ‌ေ႐ွ႕ကို ပ်ံတက္သြားတယ္။ ကံေကာင္းလို႔ ကြၽန္ေတာ္ တိုက္ကြမ္ဒိုတတ္ၿပီး  ခႏၶာကိုယ္အေျခအေနေကာင္းလို႔သာ‌ေပါ့။ ႐ုတ္တရက္ရပ္လိုက္လို႔ ဒဏ္ရာမရခင္ အခ်ိန္မွီေလး သံတန္းကို လွမ္းကိုင္လိုက္တယ္။

" ခ်ီသာေကာ ဘာျဖစ္တာတုန္း။"

ကြၽန္ေတာ္ လန္႔ၿပီးေမးလိုက္တယ္။

" ေၾကာင္တေကာင္ကို ေ႐ွာင္လိုက္တာ။"

ကားဆရာ ျဖည္းျဖည္းခ်င္း ေခါင္းလွည့္လာတယ္။ သူ႕မ်က္လုံးထဲမွာ အေရာင္ျပန္ေနတဲ့ လမ္းမီးေရာင္က မထင္မွတ္ဘဲ အစိမ္းေရာင္ျဖစ္ေနတယ္။

"အဲ့ေတာ့ မင္းေၾကာက္တာ ႐ွိေသးတယ္ေပါ့။"

"ဘာကိုမွ မေၾကာက္တတ္တဲ့သူဆိုတာ ဘယ္လိုလုပ္႐ွိမွာလဲ။ ကြၽန္ေတာ္ ေၾကာက္တဲ့အရာေတြမွ အမ်ားႀကီးပဲ။ ထိပ္ေျပာင္မွာေၾကာက္တယ္။ ပိုက္ဆံမ႐ွိမွာေၾကာက္တယ္။ အလုပ္႐ွာမရမွာေၾကာက္တယ္။ အမ်ားႀကီးမွ အမ်ားႀကီးပဲ။"

ကားဆရာက ကြၽန္ေတာ့္ကို ခဏေလာက္ၾကည့္ေနၿပီးေတာ့ ဘာမွမေျပာဘဲ ျပန္လွည့္သြားၿပီး ကားစက္ႏိႈးလိုက္တယ္။

ကြၽန္ေတာ္ ေ႐ွ႕ခုံတန္းမွာ မထိုင္ရဲေတာ့ဘူး။ ဆရာလ်ိဳ႕ေနာက္ကို ေျပးသြားၿပီး ကားဆရာေနာက္ထပ္ ရပ္လိုက္မွာ ေၾကာက္လို႔ ခုံေနာက္ဖက္ကို ဆုပ္ထားလိုက္တယ္။

" ဆရာ႐ွန္ ေ႐ွာင္ခ်ီက ဘာသေဘာနဲ႔မွ မဟုတ္ပါဘူး။ စိတ္မဆိုးပါနဲ႔။"

ဆရာလ်ိဳက ျမန္ျမန္ဆန္ဆန္ ဝင္ဖ်န္ေျဖေပးတယ္။

"ရပါတယ္ ကြၽန္ေတာ္ စိတ္မဆိုးပါဘူး။"

ကြၽန္ေတာ္ လက္ယမ္းျပလိုက္တယ္။

ကားဆရာမွာ ဇာတ္လမ္းတခုေတာ့ ႐ွိလိမ့္မယ္လို႔ ကြၽန္‌ေတာ္ အၿမဲတမ္းထင္ေနတယ္။ ေနာက္က် ျဖည္းျဖည္းခ်င္း သိလာမွာပါေလ။

ကြၽန္ေတာ္ ကားေပၚကဆင္းေတာ့ ေက်ာင္းဝင္ေပါက္ေ႐ွ႕မွာ ေစာင့္ေနတဲ့ ေ႐ွာင္နင့္ကို ျမင္လိုက္တယ္။ ဒီတႀကိမ္ သူ႕ရဲ႕ အဝါေရာင္ဝတ္႐ုံ႐ွည္ႀကီးကိုေတာင္ ဝတ္မလာဘူး။ အနက္ေရာင္႐ွပ္အက်ႌတထည္ ဝတ္ထားၿပီး ထူးထူးျခားျခားကို ေခ်ာေနတယ္။

ကြၽန္ေတာ္ ဆရာလ်ိဳ႕ကို ပစ္ထားခဲ့ၿပီး လက္ထဲမွာ ေမးခြန္းစာ႐ြက္ေတြနဲ႔ ေ႐ွာင္နင့္ဆီ ေျပးသြားလိုက္တယ္။ စာ႐ြက္ေတြ သူ႕ဆီကမ္းေပးလိုက္တယ္။

"တခ်က္ေလာက္ၾကည့္ၾကည့္ ေမးခြန္းေတြကို မင္း ဘယ္လိုထင္လဲ။"

နင္ထ်န္းခ်ဲ႕က စာ႐ြက္တ႐ြက္ဆြဲထုတ္လိုက္ၿပီး လွန္ေလွာၾကည့္တယ္။ ၿပီးေတာ့ ခပ္တိုးတိုးရယ္ၿပီး ေျပာတယ္။

"အရမ္းေကာင္းတယ္။"

"ငါ မင္းကို ေနာက္တံခါးကေန ေခၚသြားမယ္။ ဒီတေခါက္ေတာ့ နံရံေပၚကေန ေက်ာ္မတက္ပါနဲ႔။"

ကြၽန္ေတာ္တို႔သုံးေယာက္ အေနာက္ဘက္က တံခါးေသးေသးေလးကေန ဝင္လာခဲ့ၾကတယ္။ ပရဟိတအလယ္တန္းေက်ာင္းက ကြၽန္ေတာ္ ပထမဆုံးစာသင္ခဲ့တဲ့ေနရာ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ ပထမဆုံးေက်ာင္းသူ မုဟြိဳက္ထုန္နဲ႔ ဆုံခဲ့တဲ့ေနရာ။ သူက အစအေနာက္သန္ေပမယ့္ စာအရမ္းႀကိဳးစားတာ။ အၿမဲတမ္း ေ႐ွ႕ဆုံးတန္းမွာ ထိုင္ၿပီး ကြၽန္ေတာ္ စာသင္တာကို ေမးေလးေပၚ လက္ေထာက္ ေခါင္းေလးေစာင္းၿပီး နားေထာင္ခဲ့တာ။

မုဟြိဳက္ထုန္ ႏိုင္ငံျခားထြက္သြားတဲ့အခ်ိန္ ပရဟိတအလယ္တန္းကို ေနာက္တေခါက္ျပန္လာရတာ ဝမ္းနည္းဖို႔ ေကာင္းတယ္။
သူလည္း ဒီစာေမးပြဲေျဖႏိုင္မယ္ဆို ေကာင္းမွာပဲ။ ေက်ာင္းသူမုက စာႀကိဳးစားၿပီး ေတာ္လို႔ ဒီစာေမးပြဲမွာ အမွတ္ေကာင္းေကာင္းရမွာ ေသခ်ာတယ္။

တတိယႏွစ္ရဲ႕ ေလးခန္းေျမာက္ စာသင္ခန္းက မီးေရာင္ေတြကို လင္းထိန္ေနေအာင္ ထြန္းထားတယ္။ အတန္းထဲမွာ ႏွစ္ဆယ့္‌‌ေလးခုံ႐ွိတာ သုံးခုံက လြတ္ေနၿပီ။ မုဟြိဳက္ထုန္က ေက်ာင္းၿပီးသြားၿပီ။ ထန္ေ႐ွာင္းမင္က ေဆးကုသမႈခံယူဖို႔ ထြက္သြားတယ္။ ၿပီးေတာ့ ထ်န္းေပၚဝမ္က ေက်ာင္းထုတ္ခံရတယ္။ ေက်ာင္းသားႏွစ္ဆယ့္တေယာက္ ယြမ္ ေလးေသာင္းႏွစ္ေထာင္ က်န္ေနေသးတယ္။

မဟုတ္ဘူး မဟုတ္ဘူး။ ကြၽန္ေတာ္ ေခါင္းကို ခပ္ျပင္းျပင္း ယမ္းလိုက္တယ္။ ကြၽန္ေတာ္ ဘယ္လိုလုပ္ ဒီလိုေတြ ေတြးေနတာလဲ။ ဒါက ကြၽန္ေတာ့္ရဲ႕ ခ်စ္စရာေကာင္းတဲ့ ေက်ာင္းသားေတြေလ။ ပိုက္ဆံေတြမဟုတ္ဘူး။ ‌ေက်ာင္းအုပ္က်န္းက ကြၽန္ေတာ့္ကို လစာမေပးရင္ေတာင္ သူတို႔ကို ကြၽန္ေတာ့္တဘဝလုံး စုေဆာင္းလာခဲ့တဲ့ အသိပညာဗဟုသုတေတြကို မွ်ေဝေပးေနဦးမွာပဲ။

နင္ထ်န္းခ်ဲ႕နဲ႔ ဆရာလ်ိဳက ေနာက္တန္းက လြတ္ေနတဲ့ ခုံႏွစ္ခုံမွာ ဝင္ထိုင္တယ္။ စာသင္ခန္းအလယ္တည့္တည့္က မုဟြိဳက္ထုန္ထိုင္ခဲ့ပုံရတဲ့ ခုံကေတာ့ လြတ္ေနေသးတယ္။

သြမ္ယုံလ်န္က မုဟြိဳက္ထုန္ခုံေဘးက ခုံမွာ ထိုင္ေနတယ္။ သူ႕စားပြဲေပၚမွာ ကြၽန္ေတာ္ သူ႕ကိုေပးထားတဲ့ စာအုပ္နဲ႔ေဘာပင္ ႐ွိေနတယ္။

ကြၽန္ေတာ္ ခုံေပၚ စာ႐ြက္ေတြ တင္ၿပီး အားလုံးကိုေျပာလိုက္တယ္။

"ဟယ္လို ေက်ာင္းသားေတြ။ ဆရာတို႔ မေတြ႕ရတာ တပတ္႐ွိသြားၿပီေနာ္။ ဆရာ ေျပာထားတဲ့ စာအုပ္ေတြကို ဖတ္တဲ့သူမ်ား႐ွိလား။"

ေက်ာင္းသားေတြက ေခါင္းယမ္းတဲ့သူက ယမ္းၿပီး ခႏၶာကိုယ္လႈပ္ျပတဲ့သူကျပနဲ႔။ ေ႐ွာင္နင္က လက္ေျမႇာက္လိုက္တယ္။

"ကြၽန္ေတာ္ ဖတ္တယ္။"

အတန္းထဲကဖတ္ၿပီးတဲ့သူေတြ တခုခုေျပာစရာ႐ွိရင္ အတန္းၿပီးရင္ ဆရာ့ဆီ လာစကားေျပာလို႔ရတယ္ေနာ္။"

ကြၽန္ေတာ္ စာသင္ေနတုန္း မေႏွာင့္ယွက္ဖို႔ သူ႕ကို လက္ဟန္ျပလိုက္တယ္။

ေက်ာင္းသားေတြ စာမဖတ္တာ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္မိတယ္။ ဒါေပမယ့္ အဆင္ေျပပါတယ္။ ကြၽန္ေတာ္ သူတို႔ကို အေျခခံစည္းမ်ဥ္းဥပေဒေတြအေၾကာင္း စာေမးပြဲစစ္ေနသေ႐ြ႕ သူတို႔ မသင္ယူမွာကို စိတ္ပူစရာမလိုပါဘူး။

ကြၽန္ေတာ္ အကုန္လုံးကို ေျပာလိုက္တယ္။

"ဒီအပတ္ ဆရာတို႔ရဲ႕ စာေလ့လာမႈမွာ နည္းလမ္းသစ္တခုေပါင္းထည့္ဖို႔ ဆရာစီစဥ္ထားတယ္။ စာေမးပြဲ။"

သြမ္ယုံလ်န္ခုံေပၚက ေဘာပင္ေလးက ၾကမ္းျပင္ေပၚကို က်သြားတယ္။

သူ ကြၽန္ေတာ့္ကို ပါးစပ္အေဟာင္းသားနဲ႔ ၾကည့္ေနတယ္။ သူ႕မိုးကာက ေရေတြက ၾကမ္းျပင္ေပၚကို ဆက္တိုက္က်လို႔။

ဒီတခါေတာ့ ကြၽန္ေတာ္ ျပင္ဆင္လာခဲ့တယ္။ ၾကမ္းတိုက္တံယူၿပီး သြမ္ယုံလ်န္ေျခေထာက္နားက ေရေတြကို သုတ္ပစ္လိုက္တယ္။ ကြၽန္ေတာ္ သြမ္ယုံလ်န္ကို အလိုက္အထိုက္ဆက္ဆံေပးေနတုန္း တျခားေက်ာင္းသားေတြအေပၚ အက်ိဳးသက္ေရာက္မႈမ႐ွိတာ ေသခ်ာေအာင္ လုပ္တယ္။

" ကြၽန္မ စာေမးပြဲမေျဖဘူး။"

သြမ္ယုံလ်န္က ကြၽန္ေတာ့္လက္ေမာင္းကို ကိုင္ထားရင္း ေျပာတယ္။

"ကြၽန္မကို ေမးခြန္းေတြ ေျဖလာေအာင္ လုပ္ႏိုင္မယ္လို႔ ထင္မေနနဲ႔။"

ဒီအမ်ိဳးသမီးေလးက အရမ္းအရမ္းကို အားသန္တာပဲ။ ကြၽန္ေတာ့္လက္ေကာက္ဝတ္ေတာင္ နာသြားတယ္။ ကံေကာင္းလို႔ ကြၽန္ေတာ္က ပိုအားသန္လို႔သာေပါ့။ ကြၽန္ေတာ္ သူ႕လက္ေကာက္ဝတ္ကို ဆြဲၿပီး ေျပာလိုက္တယ္။

" ေက်ာင္းသူတေယာက္အေနနဲ႔ မင္းဆရာ ခိုင္းတာကို လိုက္လုပ္ရမယ္ေလ။"

"ဒါဆို ကြၽန္မ မေျဖရင္ေရာ ႐ွင္က ဘာလုပ္မွာလဲ။" သူ ႏွာေခါင္း႐ႈံ႕လိုက္တယ္။

"႐ွင္ ကြၽန္မ လက္သည္းေတြကို ညႇပ္ႏိုင္ရင္ေတာင္ ကြၽန္မ ေက်ာင္းကို မလာဘဲေနလို႔ရတယ္။"

ဒီအျပဳအမူက မ်က္ႏွာေျပာင္ရာက်လြန္းလို႔ ကြၽန္ေတာ္ ဘာေျပာရမွန္းေတာင္မသိေတာ့ဘူး။ ကြၽန္ေတာ္ ခဏေလာက္ အသံတိတ္စိုက္ၾကည့္ေနၿပီးေတာ့မွ သက္ျပင္းခ်ၿပီး ေျပာလိုက္တယ္။

"ဒါဆိုလည္း အိမ္လိုက္လာ႐ုံေပါ့။"

သြမ္ယုံလ်န္ ေၾကာင္အမ္းအမ္းျဖစ္သြားတယ္။

"ဆရာတေယာက္အေနနဲ႔ ေက်ာင္းသားေတြကို အၾကမ္းပတမ္းဆက္ဆံလို႔မရဘူး။ မင္းတို႔အားလုံး ေက်ာင္းတက္ရတာကို အေလးမထားဘူး ဆရာနဲ႔ ပူးေပါင္းမႈမ႐ွိဘူးဆိုရင္ မင္းတို႔ ဘာမွ ဆုံး႐ႈံးသြားမွာမဟုတ္ဘူး။ ငါလုပ္ႏိုင္တဲ့ တခုတည္းေသာအရာက ဆရာေတြရဲ႕ သင္ၾကားနည္းစနစ္ကို လက္ေတြ႕အသုံးခ်ၿပီး စာလုပ္ဖို႔
အိမ္တိုက္ရာေရာက္လာၿပီး တိုက္တြန္းရမွာပဲ။"

ကြၽန္ေတာ္ သက္ျပင္းခ်လိုက္တယ္။

"ဒါ ငါ့ရဲ႕ တခုတည္းေသာ အလုပ္ပဲ။ အခ်ိန္ေတြလည္း ေပါေနၿပီး ကံေကာင္းေထာက္မလို႔ ေက်ာင္းသားေတြလည္း အမ်ားႀကီးမ႐ွိေတာ့ မင္းတို႔မိသားစုေတြိဆီ ေန႔ေရာညပါ သြားလည္ၿပီး စာသင္ၾကားေရးပိုင္းမွာ သူတို႔ကို ဆရာနဲ႔ အတူပူးေပါင္းေပးဖို႔ ‌ေတာင္းဆိုရမွာပဲ။"

စကားနားမေထာင္တဲ့ ေ႐ွာင္နင္က ေနာက္တႀကိမ္ လက္ေျမႇာက္ၿပီး ေျပာတယ္။

"ကြၽန္ေတာ္ ဆရာ႐ွန္နဲ႔ အတူတူသြားမယ္။"

"ငါေရာပဲ။" ဆရာလ်ိဳက ခဏေလာက္စဥ္းစားၿပီးေတာ့ ေျပာတယ္။ "ေန႔ဘက္ေတာ့ သြားလို႔မရဘူး ဒါေပမယ့္ ညဘက္ ဆရာ႐ွန္နဲ႔ အတူတူသြားေပးႏိုင္ပါတယ္။"

"႐ွင္ ႐ွင္ ကြၽန္မ ဘယ္မွာေနလဲ မသိပါဘူး။"

သြမ္ယုံလ်န္က ေၾကာက္လန္႔တၾကားနဲ႔ ေနာက္ကို ေျခတလွမ္းဆုတ္လိုက္တယ္။ သူ႕မိဘေတြ ပါလာမွာကို ေၾကာက္ေနတဲ့ပုံပဲ။ ေက်ာင္းသားအားလုံး အဲ့ဒါကို ေၾကာက္ၾကတာပါပဲေလ။

"ငါ ေက်ာင္းအုပ္က်န္းကို ေမးမွာေပါ့။"

အဲ့ေနာက္ ကြၽန္ေတာ္ ဖုန္းထုတ္ၿပီး ေက်ာင္းအုပ္က်န္းဆီ စာပို႔လိုက္တယ္။

ကြၽန္ေတာ္ ေက်ာင္းသားေတြ အိမ္သြားခ်င္ရင္ ေက်ာင္းသားေတြရဲ႕ လိပ္စာေပးလို႔ရမလား။

ေက်ာင္းအုပ္က်န္းက စကၠန္႔ပိုင္းအတြင္း စာျပန္လာတယ္။

ဘယ္သူ႕လိပ္စာ လိုခ်င္တာလဲ။

နားလည္မႈ႐ွိတဲ့ ေက်ာင္းအုပ္ပဲ။ ကြၽန္ေတာ္ ျပဳံးၿပီး အသံမက္ေဆ့တေစာင္ ပို႔လိုက္တယ္။

ခုေလာေလာဆယ္ေတာ့ မလိုေသးပါဘူး။ ဒါေပမယ့္ ေက်ာင္းသူတေယာက္က ကြၽန္ေတာ္သင္သလို လိုက္မလုပ္လို႔ ကြၽန္ေတာ္ တကယ္လိုမယ္ထင္တယ္။

သြမ္ယုံလ်န္ ၾကံရာမရျဖစ္ၿပီး ေဘးပတ္ပတ္လည္ကို လိုက္ၾကည့္တယ္။

"႐ွင္ ႐ွင္တို႔အားလုံး ဘယ္တုန္းက ႐ွန္းက်န္းေကာ္ လွည့္စားတာကို ခံလိုက္ရတာလဲ။"

ဆရာလ်ိဳသက္ျပင္းခ်ၿပီး သြမ္ယုံလ်န္ကို ေျပာတယ္။

"ေ႐ွာင္လ်န္  ဘဝဆိုတာ ဒါပဲေလ။ မင္း နားမလည္ေသးဘူးလား။ စာႀကိဳးစား တေန႔က်ရင္ မင္း ဘြဲ႕ရႏိုင္မွာပါ။"

သြမ္ယုံလ်န္ စိတ္မပါလက္မပါ ထိုင္ခ်လိုက္တယ္။ ကြၽန္ေတာ္ သူ႕စားပြဲေပၚမွာ ဆရာလ်ိဳ ကြၽန္ေတာ္႕ကို ေပးထားတဲ့ ေဘာင္ပင္နဲ႔အတူ စာေမးပြဲေမးခြန္းတင္ေပးလိုက္တယ္။

ကိုး႐ြက္ခ်န္ၿပီး ႏွစ္ဆယ့္တစုံ ေဝေပးလိုက္တယ္။ ေ႐ွာင္နင္နဲ႔ ဆရာလ်ိဳတို႔လည္း ေမးခြန္းေတြ ၾကည့္လို႔ရေအာင္ တစုံစီေပးလိုက္တယ္။

စာေမးပြဲေစာင့္ရတာ ပင္ပန္းၿပီး ပ်င္းစရာေကာင္းတဲ့ အလုပ္ပဲ။ ေက်ာင္းသားေတြကို အေႏွာင့္အယွက္မျဖစ္ေအာင္ အသံထြက္လို႔မရဘူး။ ၿပီးေတာ့ သူတို႔ ခိုးမခ်တာ ေသခ်ာေအာင္  ေစာင့္ၾကည့္ရေသးတယ္။ ဖုန္းလည္းသုံးလို႔မရဘူး။ အရမ္းကို ခက္ခဲတဲ့ အလုပ္ပဲ။

အထူးသျဖင့္ ညသန္းေခါင္ေပါ့။ ကြၽန္ေတာ့္ခုံမွာသာ ထိုင္ေနရင္ ေသခ်ာေပါက္ အိပ္ေပ်ာ္သြားမွာပဲ။ ေက်ာင္းသားေတြ ခိုးမခ်ေအာင္နဲ႔ သူတို႔အေျဖေတြကို ၾကည့္လို႔ရေအာင္ ကြၽန္ေတာ္ မတ္တပ္ရပ္ၿပီး အခန္းကိုပတ္ လမ္းေလွ်ာက္ေနလိုက္တယ္။

ကြၽန္ေတာ္သာ မၾကည့္မိရင္ သိမွာမဟုတ္ဘူး။ ၾကည့္မိတာနဲ႔ ေဒါသေၾကာင့္ ေသမလိုျဖစ္သြားတယ္။

ဒီေမးခြန္းဆို ဥပမာက

multiple choice question:  ေအာက္‌ေဖာ္ျပပါ အေၾကာင္းအရာမ်ားထဲမွ ေ႐ြးေကာက္ပြဲဥပေဒအရ အက်ံဳးမဝင္ေသာ မဲဆႏၵ႐ွင္မ်ားမွာ

A. စိတ္မက်န္းမာသူ
B.ေဆးစြဲေနသူ
C.သက္ႀကီး႐ြယ္အိုမ်ား
D.အက်ဥ္းက်ေနေသာ ရာဇဝတ္သားမ်ား

အကုန္လုံးရဲ႕ အေျဖက စုၿပီးတိုင္ပင္ထားသလို တပုံစံတည္းပဲ။

‌ေ႐ြးစရာေတြအားလုံးကို ေက်ာ္ၿပီး ကြင္းထဲမွာ ကြၽန္ေတာ္လို႔ ေရးထားၾကတယ္။

ေနာက္ထပ္ဥပမာတခုက  ဒီေမးခြန္းတိုေလး

ေအႏွင့္ဘီ အခ်င္းမ်ားၾကသည္။ အျငင္းပြားမႈေၾကာင့္ ေအက အုတ္ခဲတလုံးေကာက္ယူၿပီး ဘီကို သတ္ကာ လြတ္ေျမာက္သြားသည္။ သင္သာ နစ္နာသူ ဘီ၏မိသားစုဝင္ျဖစ္ပါက ဘီ၏ တရားမွ်တမႈအတြက္ ဥပေဒကို မည္သို႔ အသုံးခ်မည္နည္း။

အကုန္လုံးရဲ႕အေျဖက ဒီတႀကိမ္လည္း တူေနျပန္ေရာ။

ေအကို သတ္ပါ။

ဒါေပမယ့္ တ‌ေယာက္ခ်င္းစီရဲ႕ သတ္ပုံသတ္နည္းကေတာ့ မတူၾကဘူး။ ဥပမာ သြမ္ယုံလ်န္က ေရႏွစ္သတ္မယ္။ မံမီလို ဝတ္ထားတဲ့ ေက်ာင္းသား ေရးထားတာက ႀကိဳးေပးသတ္မယ္။ ေလွကားကေန တြန္းခ်တာ၊ လွ်ပ္စစ္ေလွ်ာ့တိုက္တာ၊ အဆိပ္ခတ္တာ၊ တခုခုနဲ႔ ဖိသတ္တာ၊ ေသေအာင္ ေျခာက္လွန္႔တာေတြလည္း ႐ွိေသးတယ္။ အတို‌ေျပာရင္ ဘယ္သူမွ ရဲသြားတိုင္မယ္လို႔ မေရးထားၾကဘူး။

စိတ္တိုစရာအေကာင္းဆုံးတခုကေတာ့ စုတ္တံနဲ႔ ေမးခြန္းေတြ ေျဖေနတဲ့ ဆရာလ်ိဳပဲ။ သူက ဒီေမးခြန္းကို ကြက္လပ္ထဲမွာ စာလုံးအမ်ားႀကီးေရးၿပီး ေသေသခ်ာခ်ာကို ေျဖထားတယ္။

ေအကို ႐ွာေတြ႕လွ်င္ ေရပူျဖင့္ ေဆးရမည္။ ၿပီးလွ်င္ သုံးရက္ၾကာ ေရေႏြးျဖင့္ ေပါင္း၍ အာဟာရျပည့္ဝေသာ အစားအစာမ်ား ေကြၽးရမည္။ အေရျပားမ်ား ႏူးညံ့ၿပီး က်ံဳ႕ဆန္႔လာႏိုင္ပါက ေနာက္ဘက္မွ ျဖတ္ၿပီး အေရခြံခြာပါ။ ဤနည္းလမ္းအားျဖင့္ လတ္ဆတ္ေသာ လူအေရခြံတခုကို သင္ရ႐ွိႏိုင္ပါၿပီ။ ဤအက်င့္ပ်က္သူအမ်ိဴးအစားအား အျပင္းထန္ဆုံးႏွိပ္စက္နည္း သုံးသင့္ပါသည္။ အေရခြံခြာခံရျခင္းမွာ အလြန္နာက်င္ပါသည္။ ကြၽႏ္ုပ္တြင္ အေတြ႕အၾကဳံ႐ွိပါသည္။

ကြၽန္ေတာ္ စားပြဲခုံေဘးမွာရပ္ရင္း စားပြဲကို လက္နဲထုၿပီး အသံက်ယ္က်ယ္ေျပာလိုက္တယ္။

"ေတာ္ေလာက္ၿပီ။ ေျဖဖို႔မလိုေတာ့ဘူး။ အကုန္လုံးရဲ႕ အသိဉာဏ္အဆင့္ကို လုံးဝနားလည္သြားၿပီ။"

המשך קריאה

You'll Also Like

271K 13.3K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
67.8K 8.6K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
284K 55K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
53.2K 5.3K 53
#ဘာသာပြန် မဟုတ်ပါ# ရေးသားဖန်တီးသူ - စွဲညို့ ဟယ်ရီပေါ်တာ၊ Halo..၊ Underworld..၊ ပြီးတော့ Marlin.. နောက်ထပ်.. Twilight စသဖြင့် အင်္ဂလိပ်မှော်ကားတွေကို...