Arr Ah Daddy
Part 16(Uni)
မနက်ခင်း နေရောင်ခြည်တို့က ပွေ့ဖက်ယှက်တွယ်နေသော အကြင်စုံတွဲ နှစ်ဦးပေါ် ဖြာကျကာ အနွေးဓာတ်ကို ပေးစွမ်းနေသည်။ လိုက်ကာမှ တစ်ဆင့် နေရောင်ခြည် စူးစူးတို့က မျက်လုံးပေါ် ကျလာသည်မို့ ဝမ်ရီပေါ် နိုးလာရသည်။
မျက်လုံး ဖွင့်ဖွင့်ချင်းမြင်ရတာက သူ့ရင်ခွင်ထဲတွင် မျက်လုံးများ မှိတ်ကာ အိပ်စက်နေဆဲ ဖြစ်သော အကောင်ပေါက်လေးပင်။ ထိုကောင်လေးက သူ့ရဲ့ ခါးကို ဖက်ကာ သူ၏ လက်မောင်းပေါ်တွင် ခေါင်းတင်ပြီး အိပ်နေလေရဲ့။ ရီပေါ်ကလဲ ထိုကလေး၏ ခါးသိမ်သိမ်လေးကနေ ပွေ့ဖက်ထားလေသည်။ရီပေါ်ရဲ့ ပထမဆုံးအနေနဲ့ ပြုံးမိတယ်။ သူ့ဘေးတွင် တခြားသူလေးနဲ့အတူ နိုးထလာရခြင်းက ဒီလောက် ပျော်ရမယ်လို့ မထင်မိခဲ့။
ရီပေါ်လဲ အိပ်နေသူလေးကို သေချာစိုက်ကြည့်မိသည်။ သေးသွယ်သော မျက်နှာလေးတွင် မျက်တောင်ရှည် ကော့ကော့လေးတွေကို လိုက်ကာလေးသဖွယ် ပိတ်ထားလေသည်။ထိုလိုက်ကာလေး ဖွင့်လိုက်လျှင် တောက်ပနေတဲ့ ကြယ်လေးတစ်ပွင့်လို မျက်စံအိမ်လေး ပေါ်လာမှာ ဖြစ်တယ်။
ထိုမှ တစ်ဆင့် ဖြောင်းစင်းနေတဲ့ နှာတံလေးစီ အကြည့်ရောက်သွားတယ်။ ထို့နောက် နူးညံပြီး ဖူးယောင်နေတဲ့ နှုတ်ခမ်းလေးစီ အကြည့်ရောက်သွားတယ်။ သူညက စိတ်လွှတ်သွားသည်မို့ နှုတ်ခမ်းလေးတွေက ဖူးယောင်ကာ ဖောင်းနေသည်။ ထိုမှ တစ်ဆင့် လည်တံ အရှည်လေးနဲ့ ညှပ်ရိုးလေးစီ အကြည့်ရောက်သွားတော့ အလားတူ နီရဲကာ ကိုက်ရာ အချစ်သကေ်တ များနှင့် ပြည့်နေလေရဲ့။
ရီပေါ် ချစ်ရသူရဲ့မျက်နှာစီ တိုးသွားကာ နှုတ်ခမ်းအောက်က မှဲ့နေရာလေးကို နူးညံစွာ အနမ်းပေးလိုက်သည်။
ရီပေါ်က ဖွဖွလေး အနမ်းပေးလိုက်သော်လည်း ရှောင်ကျန့်က လှုပ်လာကာ မျက်လုံးကို လက်နဲ့ ပွတ်သပ်ပြီး မျက်လုံးမပွင့် တပွင့် လေးနဲ့ နှုတ်ခမ်းလေး စူလာသည်။
"ထတော့ အိပ်ပုပ်လေး"
"မျက်လုံး မဖွင့်နိုင်ဘူး"
"ဟားဟား"
ရီပေါ် သူ့ကလေး ပုံစံလေး ကြည့်ကာ ရယ်လိုက်သည်။ ထိုအခါ ထိုကလေးက မျက်စောင်းထိုးပြီး ရီပေါ့်ရင်ဘက်ကို လက်သီးစုတ်လေးနဲ့ ထုလေသည်။
"ဘယ်သူ့ကြောင့်လဲ မနက် ၃နာရီကျော်မှ အိပ်ရတယ် daddy က တော်တော် ဆိုး ပြောတော့ တစ်ကြိမ်ဆိုပြီး လူကို အရမ်းလုပ်တယ်"
ရှောင်ကျန့်ရဲ့ အဆက်မပြတ်ပြောနေတာလေးကို ရီပေါ်က ကြည့်က အချစ်ပိုရပြန်သည်။ ဟုတ်ပါသည်။ ဒီကောင်လေးက တစ်နေ့ထက် တနေ့ သူ့နှလုံးသားထဲမှာ နေရာယူလာသည်။
"ဘာလုပ်တာလဲ"
ရီပေါ်က မသိချင်ယောင်ဆောင်ကာ မေးလိုက်လေတော့ ရှောင်ကျန့် ပါးလေး ရဲသွားရပြန်သည်။ မျက်လုံးကို ပေကလက် ပေကလက် လုပ်ပြီး ညက အကြောင်းတွေက ဦးနှောက်ထဲတွင် အစဥ်လိုက်ပေါ် လာတော့ ရှောင်ကျန့် မျက်နှာမှာ ရဲပီးရင်း ရဲကာ နီမှည့်နေသော ခရမ်းချဥ်သီး လို ဖြစ်လာလေသည်။
ရီပေါ်က စိုက်ကြည့်နေတုန်းမို့ ရှောင်ကျန့် အိပ်ရာကနေ လျင်မြန်စွာ ထလိုက်တော့
"အ့....."
ကျောက စူးအောင့် လာတာကြောင့် အော်ညီးမိတော့ ရီပေါ်က ငေါက်ခနဲ ထလာပြီး ရှောင်ကျန့် ပုခုံးကနေ သိုင်းဖက်လိုက်ပြီး
"ဘာဖြစ်လို့လဲ ကျန့်လေး"
"ကျောက အရမ်းနာနေတယ်"
ရှောင်ကျန့်က မျက်စောင်းလေး ထိုးရင်း ပြောလိုက်တော့ ရီပေါ် ပြုံးပြီး
"ကိုယ်နှိပ်ပေးမယ်"
ဘာ....ဘယ်လို ရေခဲတုံး CEO ဝမ်က သူများကို နှိပ်ပေးမှာလား။ ဟုတ်ပါတယ် ။ အမြင်မမှားပါဘူး။
ရီပေါ်က ရှောင်ကျန့်ကိုယ်လေးကို ညင်သာစွာ ပွေ့လိုက်ပြီး သူ့ပေါင်ပေါ်ကို တင်လိုက်သည်။ ရှောင်ကျန့်က ရီပေါ့် ပေါင်ပေါ် ကျောပေးကာ ထိုင်နေသည်။ ရီပေါ်က သူ့လက်အကြီးကြီး တွေကို ကျန့်လေးရဲ့ ခါးသိမ်သိမ်လေးပေါ်ကို ညင်သာစွာ တင်လိုက်ပြီး နှိပ်ပေးလေသည်။
ကျိုးပဲ့သွားမည့်အလား အားကို ထိန်းကာ နှိပ်ပေးလေတော့ ရှောင်ကျန့် နာနေတာတောင် ဘယ်ပျောက်သွားမှန်းမသိ။ ရှောင်ကျန့် ရီပေါ့် ရင်ဘက်ပေါ်ကို ခေါင်းမှီချကာ မျက်လုံးလေးမှေးပြီး ဇိမ်ခံနေသည်ကို ရီပေါ် တွေ့သောအခါ သဘောကျစွာ ရယ်လိုက်ပြီး
"ကလေးက ဇိမ်ခံနေတာလား"
"ဟီးးး မဟုတ်ပါဘူး"
"နာသေးလား"
"Daddy လက်အစွမ်းကြောင့် ပျောက်သွားပြီ"
"အဟမ်းး.....အတတ်လေး...လာမျက်နှာသွားသစ်မယ်"
"ဟုတ်ကဲ့ daddy"
ကြင်စဦး နှစ်ယောက်မှာ ရေချိုးခန်းထဲ အတူဝင်ကာ မျက်နှာသစ် သွားတိုက်ခြင်းကို အတူလုပ်ဆောင်ကြလေသည်။
အကုန်ပြင်ဆင်ပြီးတော့ မနက် ၈ခွဲ ဖြစ်နေလေပြီ။ မနက်စာကို ဟော်တယ်မှာဘဲ မှာစားဖြစ်လေသည်။ မနက်စာ စားပြီးတော့ ရီပေါ်က ဆေးလေးကိုင်ကာ
"ကျန့်လေး ဆေးသောက်ရမယ်"
"ဟုတ်ကဲ့ daddy"
ရှောင်ကျန့်ဆေးသောက်နေတုန်း ရီပေါ့် ဖုန်း အသံမြည်လာလေသည်။
"ဟယ်လို"
".........."
"ကောင်းပြီ....ငါချက်ချင်းလာခဲ့မယ်"
".........."
"ကောင်းပြီ ကားပြင်ထားလိုက်"
".........."
ဖုန်းဆက်ပြီးတာနဲ့ ရီပေါ်က ရှောင်ကျန့်ကို ကြည့်ကာ တောင်းပန်စကား ဆိုလေသည်။ ဒီနေ့ တရက်ကို နားမယ် ပြောထားပေမဲ့ လက်တွေ့ကျ ရီပေါ် သွား ဖြေရှင်းရမဲ့ အလုပ်က ပေါ်လာလေရဲ့။
သူတို့နှစ်ယောက်မှာ ဟန်းနီးမွန်းလဲ မထွက်ရပါ။ ရီပေါ်က ဂရုစိုက်ပေမဲ့ အဲ့လို ကိစ္စတွေကျ သူမသိပါ။ ရီပေါ်က အတွေ့အကြုံ မရှိတာကြောင့် ခရီးထွက်တာတွေ လျှောက်လည် ဖို့ ကိစ္စတွေ ပြောရရင် ဘယ်လို date လုပ်ရမှန်းကို နားမလည်ပါ။ ၃၅ နှစ်တာလုံး အလုပ်ထဲဘဲ ခေါင်းစိုက်နေတာကြောင့် ချစ်သူတစ်ယောက်နှင့် ဘယ်လို အချိန်ဖြုန်းရမှန်းကို မသိခြင်းဖြစ်သည်။
ရှောင်ကျန့်ကလဲ ဟန်းနီးမွန်းကိစ္စကို စိတ်ထဲပင် မရှိပါ။ သူအနေနဲ့ ရီပေါ်ကို လက်ထက်ပြီး နေရတာကဘဲ အရမ်းကောင်းလွန်းနေပါပြီ။ တခြားအရာတွေ မမျော်လင့်ရဲပါ။ ရီပေါ် သူ့ကို ဒီလို ကြင်နာနေတာကဘဲ သူ့အတွက် ကံကောင်းနေခြင်းပင်။
"ကိုယ် အလုပ်သွားရမယ်"
"ဟုတ်ကဲ့"
"ရီလျှို့ကို လာကြိုခိုင်းလိုက်မယ် ကိုယ့်ကို အိမ်က စောင့်နေ"
"ဟုတ်ကဲ့ "
ရီပေါ်က မှာစရာ ရှိတာမှာပြီး ကျောခိုင်းသွားလေသည်။ ရှောင်ကျန့်လဲ ရီပေါ် မှာသည့်အတိုင်း ရီလျှို့ကိုဘဲ စောင့်နေရတော့သည်။
သူတို့က first year အပြီး ၃လ အားလပ်ရက် ရနေတာကြောင့် ရီလျှို့အိမ်မှာ အားနေခြင်းပင်။
ရီလျှို့က မိနစ် ၂၀ အတွင်း သူ့အဖေ ခေါ်တာကြောင့် ရောက်လာလေသည်။ ရှောင်ကျန့်က ဟော်တယ် အရှေ့တွင် စောင့်နေတုန်း ရီလျှို့ ရောက်လာလေသည်။
ရီလျှို့က ကားပေါ်က ဆင်းလာပြီး ရှောင်ကျန့်ကို ကြည့်လိုက်တော့ ဖြူဖွေးသော လည်တံရှည်တွင် အနီရောင် အမှတ်များကို တွေ့လိုက်ရလေသည်။ ရီလျှို့ စိတ်ထဲ ဖျင်းခနဲ ဖြစ်သွားပြီး သူ့ကိုယ်သူပင် ဘာဖြစ်မှန်း မသိလိုက်ပါ။ စိတ်ထိန်းကာ ပြုံးလိုက်ပြီး
"ပါးပါး စောင့်ရတာကြာသွားလား"
ပါးပါး ဟူသော အသံထွက်အောင် ရီလျှို့ မနဲကြိုးပမ်းလိုက်ရသည်။ သူ့အဖေမှာထားတာကြောင့် သူမခေါ်ဘဲ မနေရဲပါ။ သူ့အဖေ စိတ်စိုးတာကို သူအသိဆုံးပင်။ ငယ်ငယ်လေး ထဲက အဖေက အေးစက်ကာ တစ်သီးတစ်သန့်ဘဲ နေတတ်သည်။ ဆုံးမစရာ ရှိရင် ဆုံးမ
သည်။ စကားကို နှစ်ခါ မပြောပေ။ သူပြောပြီးသား စကားကိုလဲ ဘယ်တော့မှ မရုပ်သိမ်းတတ်ပေ။
"မကြာပါဘူး"
ရှောင်ကျန့်လဲ တည်ကြည်သော မျက်နှာထားနဲ့ဘဲ ပြန်ဖြေလိုက်သည်။ ရီလျှို့မျက်နှာကိုပင် စေ့စေ့ မကြည့်ပါ။
"တက်ပါ"
ရီလျှို့က ရှောင်ကျန့်ကို တံခါး ဖွင့်ပေးလိုက်သည်။ ရှောင်ကျန့်လဲ ရီလျှို့ကိုပင် မကြည့်ဘဲ ကားပေါ်တက်သွားသည်။ ရီလျှို့ လဲ ကားမောင်းသူနေရာတွင် ထိုင်ကာ ကားစက်နှိုးပြီ စထွက်လေသည်။
ကားအတွင်း လေထုက တိတ်ဆိတ်ကာ အေးစက်နေသည်။ တိတ်ဆိတ်မှု့ကို ဖြိုခွင်းလိုက်သူက ရီလျှို့ပင်
"အဆင်ပြေလား"
"အင်း"
"အဖေနဲ့ ဘာလို့ လက်ထက်တာလဲ မဟုတ်မှ ရှောင်အာ ငါ့ကြောင့်......."
ရှောင်ကျန့်က ရီလျှို့ စကားပင် မဆုံးသေးဘဲ ပြန်ဖြေ လိုက်လေသည်။
"ငါ့ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံပါ။ ငါက မင်းရဲ့ ပါးပါးဘဲ ရှောင်အာ ဆိုတဲ့ အသုံး ထက်မကြားရပါစေနဲ့ ပြီးတော့ daddy ကို လက်ထက်တာက သူက ငါ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်လို့ဘဲ"
Daddy ဆိုသော အသုံးက ရီလျှို့ကိုပင် ခဏတာ ကြောင်အ သွားစေတယ်။ ရှောင်ကျန့်ကလဲ တမင် သုံးလိုက်ခြင်း ဖြစ်သည်။
"အဖေက သစ္စာမဖောက်ဘူးလို့ ဘာလို့ အတတ်ပြောရဲတာလဲ"
"သူက မင်းနဲ့ မတူလို့လေ"
ရှောင်ကျန့် က ပြောပြီးတာနဲ့ ကားမှန်ဘက်လှည့်ကာ ဘာတစ်ခွန်းမှ မပြောတော့ပေ။
ရီလျှို့က လက်သီး ဆုတ်ကာ နီရဲနေသော မျက်လုံးနဲ့ ရှောင်ကျန့်ကို ကြည့်ပြီး ဘာမှ မပြောတော့ပေ။
ခဏကြာတော့ ဝမ်အိမ်ကို ပြန်ရောက်လေပြီ။ ရှောင်ကျန့်က ရီပေါ်နှင့် သူ့အခန်းကို တန်းဝင်သွားတော့သည်။ ရီလျှို့က ထွက်သွားသော ကျောပြင်ကို ကြည့်ပြီး ဒေါသ ထွက်စွာ ကျန်ခဲ့လေသည်။
သူ့ကို သစ္စာမရှိဘူးလို့ ပြောတာကိုလား သူ့အဖေကို လက်ထက်သွားတာကြောင့်လား ဒါမှ မဟုတ် တွေ့တွေ့ချင်း မြင်လိုက်ရတဲ့ ရှောင်ကျန့်လည်ပင်းက အမှတ်ရာ ကြောင့်လား မပြောတတ်ပါ။
^. ...............^
Arr Ah Daddy
Part 16(Zaw)
မနက္ခင္း ေနေရာင္ျခည္တို႔က ေပြ႕ဖက္ယွက္တြယ္ေနေသာ အၾကင္စုံတြဲ ႏွစ္ဦးေပၚ ျဖာက်ကာ အႏြေးဓာတ္ကို ေပးစြမ္းေနသည္။ လိုက္ကာမွ တစ္ဆင့္ ေနေရာင္ျခည္ စူးစူးတို႔က မ်က္လုံးေပၚ က်လာသည္မို႔ ဝမ္ရီေပၚ နိုးလာရသည္။
မ်က္လုံး ဖြင့္ဖြင့္ခ်င္းျမင္ရတာက သူ႕ရင္ခြင္ထဲတြင္ မ်က္လုံးမ်ား မွိတ္ကာ အိပ္စက္ေနဆဲ ျဖစ္ေသာ အေကာင္ေပါက္ေလးပင္။ ထိုေကာင္ေလးက သူ႕ရဲ႕ ခါးကို ဖက္ကာ သူ၏ လက္ေမာင္းေပၚတြင္ ေခါင္းတင္ၿပီး အိပ္ေနေလရဲ႕။ ရီေပၚကလဲ ထိုကေလး၏ ခါးသိမ္သိမ္ေလးကေန ေပြ႕ဖက္ထားေလသည္။ရီေပၚရဲ႕ ပထမဆုံးအေနနဲ႕ ၿပဳံးမိတယ္။ သူ႕ေဘးတြင္ တျခားသူေလးနဲ႕အတူ နိုးထလာရျခင္းက ဒီေလာက္ ေပ်ာ္ရမယ္လို႔ မထင္မိခဲ့။
ရီေပၚလဲ အိပ္ေနသူေလးကို ေသခ်ာစိုက္ၾကည့္မိသည္။ ေသးသြယ္ေသာ မ်က္ႏွာေလးတြင္ မ်က္ေတာင္ရွည္ ေကာ့ေကာ့ေလးေတြကို လိုက္ကာေလးသဖြယ္ ပိတ္ထားေလသည္။ထိုလိုက္ကာေလး ဖြင့္လိုက္လွ်င္ ေတာက္ပေနတဲ့ ၾကယ္ေလးတစ္ပြင့္လို မ်က္စံအိမ္ေလး ေပၚလာမွာ ျဖစ္တယ္။
ထိုမွ တစ္ဆင့္ ေျဖာင္းစင္းေနတဲ့ ႏွာတံေလးစီ အၾကည့္ေရာက္သြားတယ္။ ထို႔ေနာက္ ႏူးညံၿပီး ဖူးေယာင္ေနတဲ့ ႏႈတ္ခမ္းေလးစီ အၾကည့္ေရာက္သြားတယ္။ သူညက စိတ္လႊတ္သြားသည္မို႔ ႏႈတ္ခမ္းေလးေတြက ဖူးေယာင္ကာ ေဖာင္းေနသည္။ ထိုမွ တစ္ဆင့္ လည္တံ အရွည္ေလးနဲ႕ ညွပ္ရိုးေလးစီ အၾကည့္ေရာက္သြားေတာ့ အလားတူ နီရဲကာ ကိုက္ရာ အခ်စ္သေက္တ မ်ားႏွင့္ ျပည့္ေနေလရဲ႕။
ရီေပၚ ခ်စ္ရသူရဲ႕မ်က္ႏွာစီ တိုးသြားကာ ႏႈတ္ခမ္းေအာက္က မွဲ႕ေနရာေလးကို ႏူးညံစြာ အနမ္းေပးလိုက္သည္။
ရီေပၚက ဖြဖြေလး အနမ္းေပးလိုက္ေသာ္လည္း ေရွာင္က်န့္က လႈပ္လာကာ မ်က္လုံးကို လက္နဲ႕ ပြတ္သပ္ၿပီး မ်က္လုံးမပြင့္ တပြင့္ ေလးနဲ႕ ႏႈတ္ခမ္းေလး စူလာသည္။
"ထေတာ့ အိပ္ပုပ္ေလး"
"မ်က္လုံး မဖြင့္နိုင္ဘူး"
"ဟားဟား"
ရီေပၚ သူ႕ကေလး ပုံစံေလး ၾကည့္ကာ ရယ္လိုက္သည္။ ထိုအခါ ထိုကေလးက မ်က္ေစာင္းထိုးၿပီး ရီေပၚ့ရင္ဘက္ကို လက္သီးစုတ္ေလးနဲ႕ ထုေလသည္။
"ဘယ္သူ႕ေၾကာင့္လဲ မနက္ ၃နာရီေက်ာ္မွ အိပ္ရတယ္ daddy က ေတာ္ေတာ္ ဆိုး ေျပာေတာ့ တစ္ႀကိမ္ဆိုၿပီး လူကို အရမ္းလုပ္တယ္"
ေရွာင္က်န့္ရဲ႕ အဆက္မျပတ္ေျပာေနတာေလးကို ရီေပၚက ၾကည့္က အခ်စ္ပိုရျပန္သည္။ ဟုတ္ပါသည္။ ဒီေကာင္ေလးက တစ္ေန႕ထက္ တေန႕ သူ႕ႏွလုံးသားထဲမွာ ေနရာယူလာသည္။
"ဘာလုပ္တာလဲ"
ရီေပၚက မသိခ်င္ေယာင္ေဆာင္ကာ ေမးလိုက္ေလေတာ့ ေရွာင္က်န့္ ပါးေလး ရဲသြားရျပန္သည္။ မ်က္လုံးကို ေပကလက္ ေပကလက္ လုပ္ၿပီး ညက အေၾကာင္းေတြက ဦးႏွောက္ထဲတြင္ အစဥ္လိုက္ေပၚ လာေတာ့ ေရွာင္က်န့္ မ်က္ႏွာမွာ ရဲပီးရင္း ရဲကာ နီမွည့္ေနေသာ ခရမ္းခ်ဥ္သီး လို ျဖစ္လာေလသည္။
ရီေပၚက စိုက္ၾကည့္ေနတုန္းမို႔ ေရွာင္က်န့္ အိပ္ရာကေန လ်င္ျမန္စြာ ထလိုက္ေတာ့
"အ့....."
ေက်ာက စူးေအာင့္ လာတာေၾကာင့္ ေအာ္ညီးမိေတာ့ ရီေပၚက ေငါက္ခနဲ ထလာၿပီး ေရွာင္က်န့္ ပုခုံးကေန သိုင္းဖက္လိုက္ၿပီး
"ဘာျဖစ္လို႔လဲ က်န့္ေလး"
"ေက်ာက အရမ္းနာေနတယ္"
ေရွာင္က်န့္က မ်က္ေစာင္းေလး ထိုးရင္း ေျပာလိုက္ေတာ့ ရီေပၚ ၿပဳံးၿပီး
"ကိုယ္ႏွိပ္ေပးမယ္"
ဘာ....ဘယ္လို ေရခဲတုံး CEO ဝမ္က သူမ်ားကို ႏွိပ္ေပးမွာလား။ ဟုတ္ပါတယ္ ။ အျမင္မမွားပါဘူး။
ရီေပၚက ေရွာင္က်န့္ကိုယ္ေလးကို ညင္သာစြာ ေပြ႕လိုက္ၿပီး သူ႕ေပါင္ေပၚကို တင္လိုက္သည္။ ေရွာင္က်န့္က ရီေပၚ့ ေပါင္ေပၚ ေက်ာေပးကာ ထိုင္ေနသည္။ ရီေပၚက သူ႕လက္အႀကီးႀကီး ေတြကို က်န့္ေလးရဲ႕ ခါးသိမ္သိမ္ေလးေပၚကို ညင္သာစြာ တင္လိုက္ၿပီး ႏွိပ္ေပးေလသည္။
က်ိဳးပဲ့သြားမည့္အလား အားကို ထိန္းကာ ႏွိပ္ေပးေလေတာ့ ေရွာင္က်န့္ နာေနတာေတာင္ ဘယ္ေပ်ာက္သြားမွန္းမသိ။ ေရွာင္က်န့္ ရီေပၚ့ ရင္ဘက္ေပၚကို ေခါင္းမွီခ်ကာ မ်က္လုံးေလးေမွးၿပီး ဇိမ္ခံေနသည္ကို ရီေပၚ ေတြ႕ေသာအခါ သေဘာက်စြာ ရယ္လိုက္ၿပီး
"ကေလးက ဇိမ္ခံေနတာလား"
"ဟီးးး မဟုတ္ပါဘူး"
"နာေသးလား"
"Daddy လက္အစြမ္းေၾကာင့္ ေပ်ာက္သြားၿပီ"
"အဟမ္းး.....အတတ္ေလး...လာမ်က္ႏွာသြားသစ္မယ္"
"ဟုတ္ကဲ့ daddy"
ၾကင္စဦး ႏွစ္ေယာက္မွာ ေရခ်ိဳးခန္းထဲ အတူဝင္ကာ မ်က္ႏွာသစ္ သြားတိုက္ျခင္းကို အတူလုပ္ေဆာင္ၾကေလသည္။
အကုန္ျပင္ဆင္ၿပီးေတာ့ မနက္ ၈ခြဲ ျဖစ္ေနေလၿပီ။ မနက္စာကို ေဟာ္တယ္မွာဘဲ မွာစားျဖစ္ေလသည္။ မနက္စာ စားၿပီးေတာ့ ရီေပၚက ေဆးေလးကိုင္ကာ
"က်န့္ေလး ေဆးေသာက္ရမယ္"
"ဟုတ္ကဲ့ daddy"
ေရွာင္က်န့္ေဆးေသာက္ေနတုန္း ရီေပၚ့ ဖုန္း အသံျမည္လာေလသည္။
"ဟယ္လို"
".........."
"ေကာင္းၿပီ....ငါခ်က္ခ်င္းလာခဲ့မယ္"
".........."
"ေကာင္းၿပီ ကားျပင္ထားလိုက္"
".........."
ဖုန္းဆက္ၿပီးတာနဲ႕ ရီေပၚက ေရွာင္က်န့္ကို ၾကည့္ကာ ေတာင္းပန္စကား ဆိုေလသည္။ ဒီေန႕ တရက္ကို နားမယ္ ေျပာထားေပမဲ့ လက္ေတြ႕က် ရီေပၚ သြား ေျဖရွင္းရမဲ့ အလုပ္က ေပၚလာေလရဲ႕။
သူတို႔ႏွစ္ေယာက္မွာ ဟန္းနီးမြန္းလဲ မထြက္ရပါ။ ရီေပၚက ဂ႐ုစိုက္ေပမဲ့ အဲ့လို ကိစၥေတြက် သူမသိပါ။ ရီေပၚက အေတြ႕အႀကဳံ မရွိတာေၾကာင့္ ခရီးထြက္တာေတြ ေလွ်ာက္လည္ ဖို႔ ကိစၥေတြ ေျပာရရင္ ဘယ္လို date လုပ္ရမွန္းကို နားမလည္ပါ။ ၃၅ ႏွစ္တာလုံး အလုပ္ထဲဘဲ ေခါင္းစိုက္ေနတာေၾကာင့္ ခ်စ္သူတစ္ေယာက္ႏွင့္ ဘယ္လို အခ်ိန္ျဖဳန္းရမွန္းကို မသိျခင္းျဖစ္သည္။
ေရွာင္က်န့္ကလဲ ဟန္းနီးမြန္းကိစၥကို စိတ္ထဲပင္ မရွိပါ။ သူအေနနဲ႕ ရီေပၚကို လက္ထက္ၿပီး ေနရတာကဘဲ အရမ္းေကာင္းလြန္းေနပါၿပီ။ တျခားအရာေတြ မေမ်ာ္လင့္ရဲပါ။ ရီေပၚ သူ႕ကို ဒီလို ၾကင္နာေနတာကဘဲ သူ႕အတြက္ ကံေကာင္းေနျခင္းပင္။
"ကိုယ္ အလုပ္သြားရမယ္"
"ဟုတ္ကဲ့"
"ရီလွ်ို႔ကို လာႀကိဳခိုင္းလိုက္မယ္ ကိုယ့္ကို အိမ္က ေစာင့္ေန"
"ဟုတ္ကဲ့ "
ရီေပၚက မွာစရာ ရွိတာမွာၿပီး ေက်ာခိုင္းသြားေလသည္။ ေရွာင္က်န့္လဲ ရီေပၚ မွာသည့္အတိုင္း ရီလွ်ို႔ကိုဘဲ ေစာင့္ေနရေတာ့သည္။
သူတို႔က first year အၿပီး ၃လ အားလပ္ရက္ ရေနတာေၾကာင့္ ရီလွ်ို႔အိမ္မွာ အားေနျခင္းပင္။
ရီလွ်ို႔က မိနစ္ ၂၀ အတြင္း သူ႕အေဖ ေခၚတာေၾကာင့္ ေရာက္လာေလသည္။ ေရွာင္က်န့္က ေဟာ္တယ္ အေရွ႕တြင္ ေစာင့္ေနတုန္း ရီလွ်ို႔ ေရာက္လာေလသည္။
ရီလွ်ို႔က ကားေပၚက ဆင္းလာၿပီး ေရွာင္က်န့္ကို ၾကည့္လိုက္ေတာ့ ျဖဴေဖြးေသာ လည္တံရွည္တြင္ အနီေရာင္ အမွတ္မ်ားကို ေတြ႕လိုက္ရေလသည္။ ရီလွ်ို႔ စိတ္ထဲ ဖ်င္းခနဲ ျဖစ္သြားၿပီး သူ႕ကိုယ္သူပင္ ဘာျဖစ္မွန္း မသိလိုက္ပါ။ စိတ္ထိန္းကာ ၿပဳံးလိုက္ၿပီး
"ပါးပါး ေစာင့္ရတာၾကာသြားလား"
ပါးပါး ဟူေသာ အသံထြက္ေအာင္ ရီလွ်ို႔ မနဲႀကိဳးပမ္းလိုက္ရသည္။ သူ႕အေဖမွာထားတာေၾကာင့္ သူမေခၚဘဲ မေနရဲပါ။ သူ႕အေဖ စိတ္စိုးတာကို သူအသိဆုံးပင္။ ငယ္ငယ္ေလး ထဲက အေဖက ေအးစက္ကာ တစ္သီးတစ္သန့္ဘဲ ေနတတ္သည္။ ဆုံးမစရာ ရွိရင္ ဆုံးမ
သည္။ စကားကို ႏွစ္ခါ မေျပာေပ။ သူေျပာၿပီးသား စကားကိုလဲ ဘယ္ေတာ့မွ မ႐ုပ္သိမ္းတတ္ေပ။
"မၾကာပါဘူး"
ေရွာင္က်န့္လဲ တည္ၾကည္ေသာ မ်က္ႏွာထားနဲ႕ဘဲ ျပန္ေျဖလိုက္သည္။ ရီလွ်ို႔မ်က္ႏွာကိုပင္ ေစ့ေစ့ မၾကည့္ပါ။
"တက္ပါ"
ရီလွ်ို႔က ေရွာင္က်န့္ကို တံခါး ဖြင့္ေပးလိုက္သည္။ ေရွာင္က်န့္လဲ ရီလွ်ို႔ကိုပင္ မၾကည့္ဘဲ ကားေပၚတက္သြားသည္။ ရီလွ်ို႔ လဲ ကားေမာင္းသူေနရာတြင္ ထိုင္ကာ ကားစက္ႏွိုးၿပီ စထြက္ေလသည္။
ကားအတြင္း ေလထုက တိတ္ဆိတ္ကာ ေအးစက္ေနသည္။ တိတ္ဆိတ္မႈ႕ကို ၿဖိဳခြင္းလိုက္သူက ရီလွ်ို႔ပင္
"အဆင္ေျပလား"
"အင္း"
"အေဖနဲ႕ ဘာလို႔ လက္ထက္တာလဲ မဟုတ္မွ ေရွာင္အာ ငါ့ေၾကာင့္......."
ေရွာင္က်န့္က ရီလွ်ို႔ စကားပင္ မဆုံးေသးဘဲ ျပန္ေျဖ လိုက္ေလသည္။
"ငါ့ကို ယဥ္ယဥ္ေက်းေက်း ဆက္ဆံပါ။ ငါက မင္းရဲ႕ ပါးပါးဘဲ ေရွာင္အာ ဆိုတဲ့ အသုံး ထက္မၾကားရပါေစနဲ႕ ၿပီးေတာ့ daddy ကို လက္ထက္တာက သူက ငါ့ကို ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္လို႔ဘဲ"
Daddy ဆိုေသာ အသုံးက ရီလွ်ို႔ကိုပင္ ခဏတာ ေၾကာင္အ သြားေစတယ္။ ေရွာင္က်န့္ကလဲ တမင္ သုံးလိုက္ျခင္း ျဖစ္သည္။
"အေဖက သစၥာမေဖာက္ဘူးလို႔ ဘာလို႔ အတတ္ေျပာရဲတာလဲ"
"သူက မင္းနဲ႕ မတူလို႔ေလ"
ေရွာင္က်န့္ က ေျပာၿပီးတာနဲ႕ ကားမွန္ဘက္လွည့္ကာ ဘာတစ္ခြန္းမွ မေျပာေတာ့ေပ။
ရီလွ်ို႔က လက္သီး ဆုတ္ကာ နီရဲေနေသာ မ်က္လုံးနဲ႕ ေရွာင္က်န့္ကို ၾကည့္ၿပီး ဘာမွ မေျပာေတာ့ေပ။
ခဏၾကာေတာ့ ဝမ္အိမ္ကို ျပန္ေရာက္ေလၿပီ။ ေရွာင္က်န့္က ရီေပၚႏွင့္ သူ႕အခန္းကို တန္းဝင္သြားေတာ့သည္။ ရီလွ်ို႔က ထြက္သြားေသာ ေက်ာျပင္ကို ၾကည့္ၿပီး ေဒါသ ထြက္စြာ က်န္ခဲ့ေလသည္။
သူ႕ကို သစၥာမရွိဘူးလို႔ ေျပာတာကိုလား သူ႕အေဖကို လက္ထက္သြားတာေၾကာင့္လား ဒါမွ မဟုတ္ ေတြ႕ေတြ့ခ်င္း ျမင္လိုက္ရတဲ့ ေရွာင္က်န့္လည္ပင္းက အမွတ္ရာ ေၾကာင့္လား မေျပာတတ္ပါ။
^. ...............^