My Husband is from a Prohibit...

By miss_candle

281K 25.1K 575

ငါကအခုတစ်ခါမှမဖတ်ဖူးသေးတဲ့စာအုပ်ထဲရောက်နေတာလား!! ငါကအခုတစ္ခါမွမဖတ္ဖူးေသးတဲ့စာအုပ္ထဲေရာက္ေနတာလား!! Start-19.8... More

first read‼️
I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
XV
XVI
XVII
XVIII
XIX
XX
XXI
XXII
XXIII
XXIV
XXV
XXVII
XXVIII
XXIX
XXX
XXXI
XXXII
XXXIII
XXXIV
XXXV end
Special part (U)
Special part (Z)

XXVI

4.9K 462 11
By miss_candle

Unicode

တစ်လကြာပြီးနောက်>>>

နန်းတွင်းထဲမှာ လူတိုင်းအလုပ်ရှုပ်နေကြသည်။ အကြောင်းက မနက်ဖြန်ဆို ဧကရီတင်‌ေမြှာက်မယ့်ပွဲ။ ပြီးနောက် ဧကရာဇ်နဲ့ဧကရီတို့ကတစ်ခါထဲထိမ်းမြားလက်ဆက်ကြမှာ။ ပုံမှန်‌ဆိုဧကရီတင်မြှောက်ပြီး ရက်အနည်းငယ်ကြာမှ လက်ဆက်ပွဲကျင်းပတာဖြစ်ပေမယ့် နက္ခတ်ပညာရှင်ရဲ့ ဧကရီတင်မြှောက်ပွဲရော လက်ဆက်ပွဲရော တစ်ရက်ထဲကျင်းပရင် နေ့ရက်ကောင်းပဲဆိုတဲ့စကားကြောင့် ဝမ်ဧကရာဇ်တို့ကတစ်ရက်ထဲကျင်းပဖို့အမိန့်ချသွားသည်။

ရိပေါ်လက်ဆက်ပွဲအတွက် အပြင်အဆင်ကိုကြည့်ရင်း သဘောကျနေသည်။ ရှောင်းကျန့်ကြိုက်တဲ့စံကားပန်းတွေနဲ့ ခန်းမကိုပြင်ဆင်ထားတာကြောင့် ကျိန်းသေ‌ေပါက်ကျန့်ငယ်ကသဘောကျမှာ။

ရှောင်းကျန့်ကတော့ ဧကရီဖြစ်လာမယ့်သူဟာ အထိအခိုက်အနာအဆာမရှိအောင် အဆောင်ထဲမှာပဲ တစ်ပတ်လောက်နေ‌ရတယ်ဆိုတဲ့အဆင်အလာကြောင့် အပြင်အဆင်ကိုလာမကြည့်ရ။ ရှောင်းကျန့်အဆောင်ထဲမှာစိတ်တိုနေတယ်။ မနက်ဖြန်ရောက်လာမယ့် သူ့လက်ထပ်ပွဲအတွက် အပြင်အဆင်ကို သူကမြင်တောင်မမြင်ရပဲ လက်ထပ်ရမယ်ပေါ့။ ဒီခေတ်အခါကစည်းမျည်းတွေကိုနားကိုမလည်နိုင်ဘူး။ ပေါက်တတ်ကရတွေ။

ရိပေါ်ကရှောင်းကျန့်ကိုအရင်နေ့တွေကတော့လာတွေ့ပါတယ်၊ လက်ထပ်ဖို့သုံးရက်အလိုလောက်‌ကြတော့ လာမတွေ့တော့ဘူး၊ ရှောင်းကျန့်ကနားလည်ပါတယ်။ သူလဲဘာမှမကူညီနိုင်တော့ အရှင်တစ်ယောက်ထဲ လက်ထပ်ပွဲအတွက်ပြင်ဆင်နေရမှာ အရှင်ပင်ပန်းနေလောက်ပြီ။

ရှောင်းကျန့်တို့စိုးရိမ်နေတဲ့ချိန် ပွဲအတွက်ပြင်ဆင်နေတဲ့ရိပေါ်ကတော့ ပင်ပန်းချိန်တောင်မရ သူ့မှာပီတိဂွမ်းစည်ထိနေ‌ေလရဲ့။ စဉ်းစားလေပျော်လေပဲ၊ ဒီအလှလေးကိုတစ်ဘဝလုံးသူ့ဘေးနားမှာထားထားရတော့မှာ။ ဒါကရိပေါ်ကိုအဆုံးအစမရှိတဲ့ပျော်ရွင်မှုကိုပေးသည်။ ချစ်ရတဲ့သူကိုပိုင်ဆိုင်ရတဲ့ခံစားချက်ကိုခံစားဖူးမှနားလည်နိုင်မယ်။

ညဘက်မှာရှောင်းကျန့်ကတော့ အိပ်မပျော်၊ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး တိုက်ခိုက်နေတဲ့လေညင်းလေးကိုခံစားကာ အရှင့်ကိုလွမ်းတဲ့စိတ်တို့ကိုဖြေသိမ့်နေ၏။ အရှင့်ကိုမတွေ့ရတာသုံးရက်ကြီးများတောင် သိပ်လွမ်းတာပဲအရှင်ရယ်။ အိပ်မပျော်လဲ မနက်ကျပန်ဒါပုံစံ ဖြစ်မနေချင်တာကြောင့် ရှောင်းကျန့်အိပ်ပျော်အောင်ကြိုးစားပြီးအိပ်လိုက်သည်။

မနက်အစောပိုင်းအချိန်မှာ အစေခံလေး ခြောက်ယောက်လောက်က ရှောင်းကျန့်ကိုလာနှိုးကြသည်။ အကြောင်းကအခုထဲကပြင်ဆင်ရမှာမို့တဲ့။ စဉ်းစားလို့မရ သူ့ရဲ့ဧကရီတင်မြှောက်ပွဲကနေ့ခင်းမှ ပြီးရင် လက်ဆက်ပွဲလာမှာ အချိန်တွေအများကြီးလိုသေးတာ‌ကို ဘာကိစ္စအစောကြီးလာနှိုးနေတာလဲ။ ညကအိပ်ရေးပျက်ထားပါတယ်ဆို။

ရှောင်းကျန့်နောက်မှာ နားလည်သွားသည်။ သူတကယ်ကိုပြင်ဆင်စရာတွေများတာကို။

ရှောင်းကျန့်ရေချိုးသန့်စင်ဖို့အရင်‌လုပ်ရသည်။ စံကားပန်းကြိုက်လွန်းတဲ့ရှောင်းကျန့်ကြောင့် ဧကရာဇ်ကမှာလိုက်ပါသည်တဲ့ ပုံမှန်မွှေးပျံ့တဲ့ပန်းတွေသုံးနေကြနေရာမှာ ဧကရီတွက်စံကားပန်းကိုသာသုံးပါတဲ့လေ။ ရေကန်ထဲတွင် စံကားပန်းအပြည့်ဖြင့် ရှောင်းကျန့်မြင်လိုက်ရတာကြောင့်ကြောင်‌ေတာင်တောင် ဒါကြီးကအိုဗာဖြစ်လွန်းတယ်။

ရှောင်းကျန့်ကိုရေချိုးပေးဖို့ပြင်ဆင်နေကြတာကြောင့် ရှောင်းကျန့်ရှက်ရှက်နဲ့ထွက်သွားခိုင်းပေမယ့် တာဝန်အရမို့ ဘယ်သူမှမထွက်သွားကြ။ ရှောင်းကျန့်လဲပြောမရတာမို့ပြောမနေတော့ ရေကန်ထဲဝင်စိမ်လိုက်သည်။ ရေကန်ထဲဝင်စိမ်လိုက်တဲ့ဖီးကတကယ်မိုက်တယ်။ လူကိုလန်းဆန်းသွားတာပဲ။ သူကြိုက်တဲ့ပန်းအနံ့လေးနဲ့ ရေနွေးနွေးလေးနဲ့ ရှောင်းကျန့်ရေချိုးရင်း အိပ်တောင်ငိုက်လာတယ်။ ဘေးနားကကလေးမတေ‌ွက ကူညီနေလို့သာ ပြန်ပြန်နိုးလာတာ။

ရေချိုးသန့်စင်ပြီးနောက် မျက်နှာနဲ့ဆံပင်ကိုပြင်ဆင်ရန် လုပ်ရသည်။ မှန်တင်ခုံရှေ့မှာထိုင်လိုက်သည်နှင့် ရှောင်းကျန့်ကိုဆေးဆိုးပန်းရိုက်တွေလုပ်တော့မှာသိတာကြောင့် ရှောင်းကျန့်အမြဲတားလိုက်သည်။

"အရမ်းမခြယ်နဲ့နော် ငါမကြိုက်ဘူး"

"ဟုတ်ကဲ့ပါ ဧကရီလေး
မခြယ်လို့တော့မရတာမို့ နည်းနည်းလေးတော့လိမ်းနော်"

ရှောင်းကျန့်ကို အရမ်းကြီးခြယ်သမနေပဲ ပုံမှန်တိုင်းလေးသာလိမ်းပေးလိုက်သည်။ ပြီးတော့နောက်ဆုံးနေနဲ့ ရဲနေပြီးသားနှုတ်ခမ်းလေးပေါ်ကို ဆိုးဆေးအနည်းငယ်ဆိုးပေးလိုက်ပြီး အဆုံးသတ်လိုက်သည်။

ပြီးနောက်အဝတ်အစားဝတ်ဆင်‌ဖို့ခေါ်ရသည်။ ဇာမနီဌက်ပုံပါတဲ့ ဧကရီဝတ်ရုံကိုကြည့်ပြီး ရှောင်းကျန့်ပြုံးမိတယ်။ သူတကယ်ပဲ နဂါးဝတ်ရုံပိုင်ရှင်ဖြစ်တဲ့အရှင့်ရဲ့ဧကရီတစ်ယောက်ဖြစ်လာတော့မှာပဲ။

တစ်ထပ်ပြီးတစ်ထပ်ဝတ်စုံတွေကိုဝတ်နေရင်း တဖြေးဖြေးရှောင်းကျန့်စိတ်ထဲ စိတ်လှုပ်ရှားမှုတွေ တိုးဝင်လာသည်။ ပျော်လဲပျော်သလိုစိတ်လဲလှုပ်ရှားတယ်။ အရှင့်ကိုသူတရားဝင်ပိုင်ဆိုင်ရတော့မှာ။

ဇာမနီဝတ်ရုံကို မဝတ်ပေးသေးပဲ နောက်တစ်ကြိမ် မှန်ရှေ့ထိုင်ခိုင်းပြီး ရှောင်းကျန့်ရဲ့နက်မှောင်တဲ့ဆံနွယ်တို့ကိုဖီးသင်နေကြသည်။ ပြီးသည်န‌ှင့် ဆံပင်ကိုထုံးဖွဲ့လိုက်ပြီး ဇာမနီဆံထိုးကိုဆံထုံးမှာဆင်မြန်းပေးလိုက်သည်။ ပြီးနောက် နောက်ဆုံးအနေနဲ့ ဇာမနီဝတ်ရုံကိုထပ်ဝတ်ပေးလိုက်ကြသည်။

ပြင်ဆင်ပြီးသွားတဲ့ချိန်မှာ အားရုံနဲ့အားစုကို လှည့်ကြည့်လိုက်တော့ အားစုက မျက်ရည်ကျကာငိုတော့သည်။ အားရုံကလဲဘေးကနေ မျက်ရည်လေးဝဲလို့။

"သ.. သခင်လေး နောက်ဆုံးတော့.. ကျွန်မတို့သခင်လေးလက်ဆက်ရတော့မှာပေါ့"

အားစုကပြေ‌ာတော့ ရှောင်းကျန့်ကရယ်သည်။ ဒီကလေးတွေအရမ်းမျက်ရည်လွယ်တယ်။ ပြောနေတဲ့ရှောင်းကျန့်ကိုယ်တိုင်ကလဲ အားစုတို့ကိုကြည့်ပြီး မျက်ရည်တွေကျလို့။ ရှောင်းကျန့်ဒီကိုစရောက်လာထဲက သူ့နားမှာအချိန်ပြည့်ရှိနေကြပြီး ဂရုစိုက်ပေးတဲ့ ဒီကလေးမနှစ်ယောက်ကိုရှောင်းကျန့်တကယ်ညီမလေးတွေလိုချစ်သည်။ မျက်ရည်လွယ်တတ်တဲ့ရှောင်းကျန့်က ကိုယ့်ညီမတွေလိုသဘောထားတဲ့ ကလေးတွေကလာငိုနေတော့ သူလဲငိုချင်တာပေါ့။ ရီလေးသာရှိနေရင် ပိုငိုမိမ‌ှာ။

မျက်ရည်တွေကျနေတဲ့ သူတို့သခင်လေးနားကို အားစုတို့အမြန်သွားပြီး လက်ကိုင်ပုဝါလေးထုတ်ကာ သုတ်ပေးလိုက်ပြီး

"မငိုနဲ့လေ သခင်လေးရဲ့အဟင့်..
မျက်နှာမှာလိမ်းထားတာတွေပျက်ကုန်မှာပေါ့ ဟင့်..အင့်"

"အင်း..မငိုတော့ဘူး"

ထိုအချိန်မှာပဲ အဆောင်ထဲကို လူနှစ်ယောက်ဝင်လာသည်။ သူတို့က ရှောင်းရီနဲ့ကျီဟွမ်။ ရှောင်းကျန့်မြင်ချင်တဲ့မျက်နှာလေးတွေကိုတွေ့လိုက်တာ‌မို့ ပျော်သွားသည်။ ရှောင်းရီရောကျီဟွမ်ရော အနားကိုရောက်လာတော့ ရှောင်းကျန့်က

"ရောက်လာကြပြီလား"

နှစ်ယောက်လုံးက ခေါင်းငြိမ့်ပြသည်။ ပြီးတော့ရှောင်းကျန့်က သူ့ရဲ့ကိုယ်ကိုတစ်ပတ်လှည့်ပြပြီး

"ဘယ်လိုလဲ ငါလှလား"

ရှောင်းရီရောကျီဟွမ်ရော မျက်ရည်‌ေတွဝဲကာ ခေါင်းငြိမ့်ပြီး

"အင်း ငါ့ကိုကိုကလှတယ်"

"ဟုတ်တယ် ကျန့်ကျန့်မင်းအရမ်းလှတာ"

(TUထဲက ရှစ်ကျဲလက်ထပ်တော့မယ့်အခန်း‌ကိုသတိရသွားလို့😭)

ရှောင်းကျန့်ကလဲသူတို့ကိုပြုံးပြသည်။ သူ့အနားကိုလက်ယှက်ခေါ်ကာ မျက်ရည်ဝဲနေတဲ့ နှစ်ယောက်ကို သူ့ရဲ့လက်ဝတ်ရုံစနဲ့ပဲ သုတ်ပေးပြီး နှစ်ယောက်လုံးကိုဖက်ထားလိုက်သည်။

သူတို့အလွမ်းသယ်ပြီးချိန်  ရှောင်းကျန့် ဧကရီတင်မြှောက်ပွဲနီးကပ်လာတာမို့ ရှောင်းကျန့်ကိုပုဝါနဲ့ခေါင်းကိုအုပ်ပေးလိုက်ပြီး အပြင်မှာစောင့်နေသော ဝေါယာဉ်ပေါ်တက်ကာ အခြံအရံတေ‌ွနှင့်ထွက်လာခဲ့သည်။

အခမ်းအနားတွင် ရိပေါ်ကရှောင်းကျန့်ကိုရင်ခုန်စွာစောင့်နေတယ်။ သူ့အလှလေးက မင်္ဂလာဝတ်ရုံနဲ့ဆိုသိပ်လှနေမှာပဲဆိုသော အတွေးဖြစ်ပင် သူရင်ခုန်နေပြီ။ ဧကရီတင်မြှောက်ပွဲအရင်စမှာမို့ ရိပေါ်ကမင်္ဂလာခန်းမမဟုတ်ပဲ အပြင်က လူအလည်မှာဆောက်ထားသော စင်ပေါ်ရပ်စောင့်နေသည်။ ‌ဧကရီလောင်းရှောင်း‌ကြွလာပြီဆိုတဲ့သတိပေးသံက ရိပေါ်ရင်ကိုအစမတန်ခုန်‌စေတယ်။

ဝေါယာဉ်ပေါ်ကနေ ဘေးကအကူအညီနဲ့ဆင်းလာတဲ့ သူ့ရဲ့ကျန့်ငယ်က သူထင်ထားတာထက်ကိုပိုပြီးလှလွန်းတယ်။ ပုဝါအောက်ကရှက်နေမယ့် မျက်နှာလေးကိုသူတကယ်မြင်ချင်လာပြန်ပြီ။ ရိပေါ်ကတဖြေးဖြေးလောဘကြီးကြီးလာတယ်။

ရှောင်းကျန့်ရဲ့အလှကိုဘေးကလူတွေငေးခနဲ၊ ‌သို့သော်ကြာကြာမကြည့်ရဲ။ ဧကရာဇ်အပိုင်ကိုမျက်လုံး‌နဲ့တောင် မပြစ်မှားရဲဘူးလေ။ ရိပေါ်သူ့ရှေ့မှာမတ်တပ်ရပ်လာတဲ့ ကျန့်ငယ်ကိုကြည့်ရင်းလောကကြီးဘာတွေဖြစ်နေမှန်းတောင်သူမသိတော့။ ကျန့်ငယ်က အဲလောက်ထိစွမ်းပါတယ်‌ေလ။ ရှောင်းကျန့်က သူ့ကုိဘာမှမပြောပဲ ရပ်နေတာကြောင့် ရိပေါ်ကိုမော့ကြည့်လိုက်ပြီး

"အရှင်.. အရှင်.. အရှင်"

"ဟင်"

သုံးခါလောက်ခေါ်မှာထူးလာတဲ့ သူ့အရှင်ကြောင့် ရှောင်းကျန့်ပြုံးလိုက်မိတယ်။ သူ့အရှင်ကတကယ်နှာဘူး၊ အဲဒါလဲသူ့အပေါ်မှာပဲဆိုတဲ့အသိက ရှောင်းကျန့်ကိုစိတ်သက်သာရာရစေတယ်။

"ကျွန်တော့်ကို ဧကရီမတင်မြှောက်တော့ဘူးလား ဒီလိုပဲကြည့်နေတော့မှာလား"

ရိပေါ်က ပုဝါကိုသေချာစိုက်ကြည့်နေတယ်၊ အထဲကအပြင်ကုိသေချာမြင်နေရပေမယ့် အပြင်ကကြဝါးတားတားလေးပဲမြင်ရတယ်။ ရိပေါ်ကရှောင်းကျန့်မျက်နှာလေးကိုကြည့်ချင်နေပြီ။ ရှောင်းကျန့်ပြောလာတော့ ရိပေါ်လဲအမြန်ပဲ

"ရှောင်းအိမ်တော်ရဲ့ သခင်လေးရှောင်းကျန့်ကို ဒီနေ့ကစ ငါကိုယ်တော်ရဲ့ဧကရီအဖြစ်ခန့်အပ်တယ်"

ရိပေါ်ပြောအပြီး အောက်ကလူတွေဟာ ဧကရာဇ်နဲ့ဧကရီအသက်ရှည်ပြီး အိမ်ရှေ့စံလေးမွေးဖွားနိုင်ဖို့ ဆုတောင်း‌ေပးကြတယ်။ ဒါဟာမဖြစ်နိုင်တဲ့ဆုတောင်းပေမယ့် အရင်ထဲကဒီလိုအဲဆုတောင်းပေးကြတာလေ။

ရှောင်းကျန့်ကို ဧကရီတင်မြှောက်ပြီး လက်ဆက်ပွဲအခန်းအနားထဲကို ‌ရိပေါ်ကအရင်ဝင်၍ ရှောင်းကျန့်ကိုစောင့်နေသည်။ ရှောင်းကျန့်ခန်းမထဲရောက်တာနဲ့ အပြင်အဆင်ကိုကြည့်တော့ စံကားပန်းတွေနဲ့ပြင်ဆင်ထားတာကြောင့် ရှောင်းကျန့်ကရယ်သည်။ သူ့အရှင်က သူစံကားပန်းကြိုက်တယ်ဆိုတာနဲ့ အကုန်လုံးကိုစံကားပန်းနဲ့ပဲ ပြင်ဆင်ခိုင်းတော့တာပဲ။ အသေးအမွှားလေးကစ ရိပေါ်ကရှောင်းကျန့်ကို အလေးထားပါတယ်။

ရှောင်းကျန့်ရိပေါ်ရှေ့ကိုရပ်လိုက်တော့ ရိပေါ်က ရှောင်းကျန့်ကိုပြုံးပြီးကြည့်နေတယ်။ ပြီးနောက် မိုးမြေကန်တော့ပြီး ရှောင်းကျန့်ဟာ ယန်တိုင်းပြည်ရဲ့ဧကရီတကယ်ဖြစ်သွားခဲ့ပြီ။ ရှောင်းရီတို့ကလဲ ရှောင်းကျန့်ကိုကြည့်ပြီး ဝမ်းသာမျက်ရည်တို့ကျနေသည်။ ရိပေါ်ကရှောင်းကျန့်နားနားကိုကပ်ပြောလိုက်တယ်။

"ကျန့်ငယ် ညကျရင်ကိုယ်လာခဲ့မယ် အဆင်သင့်ပြင်ထားနော်"

ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်မျက်နှာလေးကရဲခနဲ။ သို့သော် သူ့အရှင်ကိုရှောင်းကျန့်ရှက်ရှက်နဲ့ပဲ ခေါင်းငြိမ့်ပြခဲ့ပါသည်။ ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း ရိပေါ်ရယ်၏။ သေချာပေါက်ပုဝါအောက်က မျက်နှာလေးကရဲနေမှာ။

ရှောင်းကျန့်ရှောင်းရီနားကိုသွားလိုက်တော့ ရှောင်းရီကသူ့လက်ထဲကကြာပန်းလေးကို ရှောင်းကျန့်လက်ထဲထည့်ပေးပြီး

"ငါ့ကိုကိုလင်ကောင်းတော့ရသွားပြီ အဲလင်ကောင်းနဲ့ဘဝကိုပျော်ရွင်စွာဖြတ်သန်းပြီး သားကောင်းလေးရပါစေနော်"

ရှောင်းရီစကားကြောင့် ရှောင်းကျန့်ကရယ်တယ်။ သူကအရှင်သွေးသားကိုမွေးပေးဖို့က မဖြစ်နိုင်ပေမယ့် ဖြစ်လာပါစေလို့တော့တကယ်ဆုတောင်းတယ်။ ရှောင်းကျန့် ရှောင်းရီကိုရောငိုမဲ့မဲ့‌ဖြစ်နေတဲ့ကျီဟွမ်ကိုပါ နှုတ်ဆက်ပြီး ဝေါယာဉ်ပေါ်တက်ကာ အဆောင်ကိုပြန်သွားသည်။ ညအတွက်သူတကယ်ရင်ခုန်နေပြီ။

ဆက်ရန်~~~~

ကိုယ်storyလေးတစ်ပုဒ်ရေးနေလို့ updateနောက်ကျနိုင်ပါတယ်💬

Zawgyi

တစ္လၾကာၿပီးေနာက္>>>

နန္းတြင္းထဲမွာ လူတိုင္းအလုပ္ရႈပ္ေနၾကသည္။ အေၾကာင္းက မနက္ျဖန္ဆို ဧကရီတင္‌ေျမႇာက္မယ့္ပြဲ။ ၿပီးေနာက္ ဧကရာဇ္နဲ႕ဧကရီတို႔ကတစ္ခါထဲထိမ္းျမားလက္ဆက္ၾကမွာ။ ပုံမွန္‌ဆိုဧကရီတင္ျမႇောက္ၿပီး ရက္အနည္းငယ္ၾကာမွ လက္ဆက္ပြဲက်င္းပတာျဖစ္ေပမယ့္ နကၡတ္ပညာရွင္ရဲ႕ ဧကရီတင္ျမႇောက္ပြဲေရာ လက္ဆက္ပြဲေရာ တစ္ရက္ထဲက်င္းပရင္ ေန႕ရက္ေကာင္းပဲဆိုတဲ့စကားေၾကာင့္ ဝမ္ဧကရာဇ္တို႔ကတစ္ရက္ထဲက်င္းပဖို႔အမိန႔္ခ်သြားသည္။

ရိေပၚလက္ဆက္ပြဲအတြက္ အျပင္အဆင္ကိုၾကည့္ရင္း သေဘာက်ေနသည္။ ေရွာင္းက်န႔္ႀကိဳက္တဲ့စံကားပန္းေတြနဲ႕ ခန္းမကိုျပင္ဆင္ထားတာေၾကာင့္ က်ိန္းေသ‌ေပါက္က်န႔္ငယ္ကသေဘာက်မွာ။

ေရွာင္းက်န႔္ကေတာ့ ဧကရီျဖစ္လာမယ့္သူဟာ အထိအခိုက္အနာအဆာမရွိေအာင္ အေဆာင္ထဲမွာပဲ တစ္ပတ္ေလာက္ေန‌ရတယ္ဆိုတဲ့အဆင္အလာေၾကာင့္ အျပင္အဆင္ကိုလာမၾကည့္ရ။ ေရွာင္းက်န႔္အေဆာင္ထဲမွာစိတ္တိုေနတယ္။ မနက္ျဖန္ေရာက္လာမယ့္ သူ႕လက္ထပ္ပြဲအတြက္ အျပင္အဆင္ကို သူကျမင္ေတာင္မျမင္ရပဲ လက္ထပ္ရမယ္ေပါ့။ ဒီေခတ္အခါကစည္းမ်ည္းေတြကိုနားကိုမလည္နိုင္ဘူး။ ေပါက္တတ္ကရေတြ။

ရိေပၚကေရွာင္းက်န႔္ကိုအရင္ေန႕ေတြကေတာ့လာေတြ႕ပါတယ္၊ လက္ထပ္ဖို႔သုံးရက္အလိုေလာက္‌ၾကေတာ့ လာမေတြ႕ေတာ့ဘူး၊ ေရွာင္းက်န႔္ကနားလည္ပါတယ္။ သူလဲဘာမွမကူညီနိုင္ေတာ့ အရွင္တစ္ေယာက္ထဲ လက္ထပ္ပြဲအတြက္ျပင္ဆင္ေနရမွာ အရွင္ပင္ပန္းေနေလာက္ၿပီ။

ေရွာင္းက်န႔္တို႔စိုးရိမ္ေနတဲ့ခ်ိန္ ပြဲအတြက္ျပင္ဆင္ေနတဲ့ရိေပၚကေတာ့ ပင္ပန္းခ်ိန္ေတာင္မရ သူ႕မွာပီတိဂြမ္းစည္ထိေန‌ေလရဲ႕။ စဥ္းစားေလေပ်ာ္ေလပဲ၊ ဒီအလွေလးကိုတစ္ဘဝလုံးသူ႕ေဘးနားမွာထားထားရေတာ့မွာ။ ဒါကရိေပၚကိုအဆုံးအစမရွိတဲ့ေပ်ာ္႐ြင္မႈကိုေပးသည္။ ခ်စ္ရတဲ့သူကိုပိုင္ဆိုင္ရတဲ့ခံစားခ်က္ကိုခံစားဖူးမွနားလည္နိုင္မယ္။

ညဘက္မွာေရွာင္းက်န႔္ကေတာ့ အိပ္မေပ်ာ္၊ ျပတင္းေပါက္ကေန အျပင္ကိုၾကည့္ၿပီး တိုက္ခိုက္ေနတဲ့ေလညင္းေလးကိုခံစားကာ အရွင့္ကိုလြမ္းတဲ့စိတ္တို႔ကိုေျဖသိမ့္ေန၏။ အရွင့္ကိုမေတြ႕ရတာသုံးရက္ႀကီးမ်ားေတာင္ သိပ္လြမ္းတာပဲအရွင္ရယ္။ အိပ္မေပ်ာ္လဲ မနက္က်ပန္ဒါပုံစံ ျဖစ္မေနခ်င္တာေၾကာင့္ ေရွာင္းက်န့္အိပ္ေပ်ာ္ေအာင္ႀကိဳးစားၿပီးအိပ္လိုက္သည္။

မနက္အေစာပိုင္းအခ်ိန္မွာ အေစခံေလး ေျခာက္ေယာက္ေလာက္က ေရွာင္းက်န႔္ကိုလာႏွိုးၾကသည္။ အေၾကာင္းကအခုထဲကျပင္ဆင္ရမွာမို႔တဲ့။ စဥ္းစားလို႔မရ သူ႕ရဲ႕ဧကရီတင္ျမႇောက္ပြဲကေန႕ခင္းမွ ၿပီးရင္ လက္ဆက္ပြဲလာမွာ အခ်ိန္ေတြအမ်ားႀကီးလိုေသးတာ‌ကို ဘာကိစၥအေစာႀကီးလာႏွိုးေနတာလဲ။ ညကအိပ္ေရးပ်က္ထားပါတယ္ဆို။

ေရွာင္းက်န႔္ေနာက္မွာ နားလည္သြားသည္။ သူတကယ္ကိုျပင္ဆင္စရာေတြမ်ားတာကို။

ေရွာင္းက်န႔္ေရခ်ိဳးသန႔္စင္ဖို႔အရင္‌လုပ္ရသည္။ စံကားပန္းႀကိဳက္လြန္းတဲ့ေရွာင္းက်န႔္ေၾကာင့္ ဧကရာဇ္ကမွာလိုက္ပါသည္တဲ့ ပုံမွန္ေမႊးပ်ံ့တဲ့ပန္းေတြသုံးေနၾကေနရာမွာ ဧကရီတြက္စံကားပန္းကိုသာသုံးပါတဲ့ေလ။ ေရကန္ထဲတြင္ စံကားပန္းအျပည့္ျဖင့္ ေရွာင္းက်န႔္ျမင္လိုက္ရတာေၾကာင့္ေၾကာင္‌ေတာင္ေတာင္ ဒါႀကီးကအိုဗာျဖစ္လြန္းတယ္။

ေရွာင္းက်န႔္ကိုေရခ်ိဳးေပးဖို႔ျပင္ဆင္ေနၾကတာေၾကာင့္ ေရွာင္းက်န႔္ရွက္ရွက္နဲ႕ထြက္သြားခိုင္းေပမယ့္ တာဝန္အရမို႔ ဘယ္သူမွမထြက္သြားၾက။ ေရွာင္းက်န႔္လဲေျပာမရတာမို႔ေျပာမေနေတာ့ ေရကန္ထဲဝင္စိမ္လိုက္သည္။ ေရကန္ထဲဝင္စိမ္လိုက္တဲ့ဖီးကတကယ္မိုက္တယ္။ လူကိုလန္းဆန္းသြားတာပဲ။ သူႀကိဳက္တဲ့ပန္းအနံ႕ေလးနဲ႕ ေရေႏြးေႏြးေလးနဲ႕ ေရွာင္းက်န႔္ေရခ်ိဳးရင္း အိပ္ေတာင္ငိုက္လာတယ္။ ေဘးနားကကေလးမေတ‌ြက ကူညီေနလို႔သာ ျပန္ျပန္နိုးလာတာ။

ေရခ်ိဳးသန႔္စင္ၿပီးေနာက္ မ်က္ႏွာနဲ႕ဆံပင္ကိုျပင္ဆင္ရန္ လုပ္ရသည္။ မွန္တင္ခုံေရွ႕မွာထိုင္လိုက္သည္ႏွင့္ ေရွာင္းက်န႔္ကိုေဆးဆိုးပန္းရိုက္ေတြလုပ္ေတာ့မွာသိတာေၾကာင့္ ေရွာင္းက်န႔္အၿမဲတားလိုက္သည္။

"အရမ္းမျခယ္နဲ႕ေနာ္ ငါမႀကိဳက္ဘူး"

"ဟုတ္ကဲ့ပါ ဧကရီေလး
မျခယ္လို႔ေတာ့မရတာမို႔ နည္းနည္းေလးေတာ့လိမ္းေနာ္"

ေရွာင္းက်န႔္ကို အရမ္းႀကီးျခယ္သမေနပဲ ပုံမွန္တိုင္းေလးသာလိမ္းေပးလိုက္သည္။ ၿပီးေတာ့ေနာက္ဆုံးေနနဲ႕ ရဲေနၿပီးသားႏႈတ္ခမ္းေလးေပၚကို ဆိုးေဆးအနည္းငယ္ဆိုးေပးလိုက္ၿပီး အဆုံးသတ္လိုက္သည္။

ၿပီးေနာက္အဝတ္အစားဝတ္ဆင္‌ဖို႔ေခၚရသည္။ ဇာမနီဌက္ပုံပါတဲ့ ဧကရီဝတ္႐ုံကိုၾကည့္ၿပီး ေရွာင္းက်န႔္ၿပဳံးမိတယ္။ သူတကယ္ပဲ နဂါးဝတ္႐ုံပိုင္ရွင္ျဖစ္တဲ့အရွင့္ရဲ႕ဧကရီတစ္ေယာက္ျဖစ္လာေတာ့မွာပဲ။

တစ္ထပ္ၿပီးတစ္ထပ္ဝတ္စုံေတြကိုဝတ္ေနရင္း တေျဖးေျဖးေရွာင္းက်န႔္စိတ္ထဲ စိတ္လႈပ္ရွားမႈေတြ တိုးဝင္လာသည္။ ေပ်ာ္လဲေပ်ာ္သလိုစိတ္လဲလႈပ္ရွားတယ္။ အရွင့္ကိုသူတရားဝင္ပိုင္ဆိုင္ရေတာ့မွာ။

ဇာမနီဝတ္႐ုံကို မဝတ္ေပးေသးပဲ ေနာက္တစ္ႀကိမ္ မွန္ေရွ႕ထိုင္ခိုင္းၿပီး ေရွာင္းက်န႔္ရဲ႕နက္ေမွာင္တဲ့ဆံႏြယ္တို႔ကိုဖီးသင္ေနၾကသည္။ ၿပီးသည္န‌ွင့္ ဆံပင္ကိုထုံးဖြဲ႕လိုက္ၿပီး ဇာမနီဆံထိုးကိုဆံထုံးမွာဆင္ျမန္းေပးလိုက္သည္။ ၿပီးေနာက္ ေနာက္ဆုံးအေနနဲ႕ ဇာမနီဝတ္႐ုံကိုထပ္ဝတ္ေပးလိုက္ၾကသည္။

ျပင္ဆင္ၿပီးသြားတဲ့ခ်ိန္မွာ အား႐ုံနဲ႕အားစုကို လွည့္ၾကည့္လိုက္ေတာ့ အားစုက မ်က္ရည္က်ကာငိုေတာ့သည္။ အား႐ုံကလဲေဘးကေန မ်က္ရည္ေလးဝဲလို႔။

"သ.. သခင္ေလး ေနာက္ဆုံးေတာ့.. ကြၽန္မတို႔သခင္ေလးလက္ဆက္ရေတာ့မွာေပါ့"

အားစုကေျပ‌ာေတာ့ ေရွာင္းက်န႔္ကရယ္သည္။ ဒီကေလးေတြအရမ္းမ်က္ရည္လြယ္တယ္။ ေျပာေနတဲ့ေရွာင္းက်န႔္ကိုယ္တိုင္ကလဲ အားစုတို႔ကိုၾကည့္ၿပီး မ်က္ရည္ေတြက်လိဳ႕။ ေရွာင္းက်န႔္ဒီကိုစေရာက္လာထဲက သူ႕နားမွာအခ်ိန္ျပည့္ရွိေနၾကၿပီး ဂ႐ုစိုက္ေပးတဲ့ ဒီကေလးမႏွစ္ေယာက္ကိုေရွာင္းက်န႔္တကယ္ညီမေလးေတြလိုခ်စ္သည္။ မ်က္ရည္လြယ္တတ္တဲ့ေရွာင္းက်န႔္က ကိုယ့္ညီမေတြလိုသေဘာထားတဲ့ ကေလးေတြကလာငိုေနေတာ့ သူလဲငိုခ်င္တာေပါ့။ ရီေလးသာရွိေနရင္ ပိုငိုမိမ‌ွာ။

မ်က္ရည္ေတြက်ေနတဲ့ သူတို႔သခင္ေလးနားကို အားစုတို႔အျမန္သြားၿပီး လက္ကိုင္ပုဝါေလးထုတ္ကာ သုတ္ေပးလိုက္ၿပီး

"မငိုနဲ႕ေလ သခင္ေလးရဲ႕အဟင့္..
မ်က္ႏွာမွာလိမ္းထားတာေတြပ်က္ကုန္မွာေပါ့ ဟင့္..အင့္"

"အင္း..မငိုေတာ့ဘူး"

ထိုအခ်ိန္မွာပဲ အေဆာင္ထဲကို လူႏွစ္ေယာက္ဝင္လာသည္။ သူတို႔က ေရွာင္းရီနဲ႕က်ီဟြမ္။ ေရွာင္းက်န႔္ျမင္ခ်င္တဲ့မ်က္ႏွာေလးေတြကိုေတြ႕လိုက္တာ‌မို႔ ေပ်ာ္သြားသည္။ ေရွာင္းရီေရာက်ီဟြမ္ေရာ အနားကိုေရာက္လာေတာ့ ေရွာင္းက်န႔္က

"ေရာက္လာၾကၿပီလား"

ႏွစ္ေယာက္လုံးက ေခါင္းၿငိမ့္ျပသည္။ ၿပီးေတာ့ေရွာင္းက်န႔္က သူ႕ရဲ႕ကိုယ္ကိုတစ္ပတ္လွည့္ျပၿပီး

"ဘယ္လိုလဲ ငါလွလား"

ေရွာင္းရီေရာက်ီဟြမ္ေရာ မ်က္ရည္‌ေတြဝဲကာ ေခါင္းၿငိမ့္ၿပီး

"အင္း ငါ့ကိုကိုကလွတယ္"

"ဟုတ္တယ္ က်န႔္က်န႔္မင္းအရမ္းလွတာ"

(TUထဲက ရွစ္က်ဲလက္ထပ္ေတာ့မယ့္အခန္း‌ကိုသတိရသြားလို႔😭)

ေရွာင္းက်န႔္ကလဲသူတို႔ကိုၿပဳံးျပသည္။ သူ႕အနားကိုလက္ယွက္ေခၚကာ မ်က္ရည္ဝဲေနတဲ့ ႏွစ္ေယာက္ကို သူ႕ရဲ႕လက္ဝတ္႐ုံစနဲ႕ပဲ သုတ္ေပးၿပီး ႏွစ္ေယာက္လုံးကိုဖက္ထားလိုက္သည္။

သူတို႔အလြမ္းသယ္ၿပီးခ်ိန္  ေရွာင္းက်န႔္ ဧကရီတင္ျမႇောက္ပြဲနီးကပ္လာတာမို႔ ေရွာင္းက်န႔္ကိုပုဝါနဲ႕ေခါင္းကိုအုပ္ေပးလိုက္ၿပီး အျပင္မွာေစာင့္ေနေသာ ေဝါယာဥ္ေပၚတက္ကာ အၿခံအရံေတ‌ြႏွင့္ထြက္လာခဲ့သည္။

အခမ္းအနားတြင္ ရိေပၚကေရွာင္းက်န႔္ကိုရင္ခုန္စြာေစာင့္ေနတယ္။ သူ႕အလွေလးက မဂၤလာဝတ္႐ုံနဲ႕ဆိုသိပ္လွေနမွာပဲဆိုေသာ အေတြးျဖစ္ပင္ သူရင္ခုန္ေနၿပီ။ ဧကရီတင္ျမႇောက္ပြဲအရင္စမွာမို႔ ရိေပၚကမဂၤလာခန္းမမဟုတ္ပဲ အျပင္က လူအလည္မွာေဆာက္ထားေသာ စင္ေပၚရပ္ေစာင့္ေနသည္။ ‌ဧကရီေလာင္းေရွာင္း‌ႂကြလာၿပီဆိုတဲ့သတိေပးသံက ရိေပၚရင္ကိုအစမတန္ခုန္‌ေစတယ္။

ေဝါယာဥ္ေပၚကေန ေဘးကအကူအညီနဲ႕ဆင္းလာတဲ့ သူ႕ရဲ႕က်န႔္ငယ္က သူထင္ထားတာထက္ကိုပိုၿပီးလွလြန္းတယ္။ ပုဝါေအာက္ကရွက္ေနမယ့္ မ်က္ႏွာေလးကိုသူတကယ္ျမင္ခ်င္လာျပန္ၿပီ။ ရိေပၚကတေျဖးေျဖးေလာဘႀကီးႀကီးလာတယ္။

ေရွာင္းက်န႔္ရဲ႕အလွကိုေဘးကလူေတြေငးခနဲ၊ ‌သို႔ေသာ္ၾကာၾကာမၾကည့္ရဲ။ ဧကရာဇ္အပိုင္ကိုမ်က္လုံး‌နဲ႕ေတာင္ မျပစ္မွားရဲဘူးေလ။ ရိေပၚသူ႕ေရွ႕မွာမတ္တပ္ရပ္လာတဲ့ က်န႔္ငယ္ကိုၾကည့္ရင္းေလာကႀကီးဘာေတြျဖစ္ေနမွန္းေတာင္သူမသိေတာ့။ က်န့္ငယ္က အဲေလာက္ထိစြမ္းပါတယ္‌ေလ။ ေရွာင္းက်န႔္က သူ႕ကုိဘာမွမေျပာပဲ ရပ္ေနတာေၾကာင့္ ရိေပၚကိုေမာ့ၾကည့္လိုက္ၿပီး

"အရွင္.. အရွင္.. အရွင္"

"ဟင္"

သုံးခါေလာက္ေခၚမွာထူးလာတဲ့ သူ႕အရွင္ေၾကာင့္ ေရွာင္းက်န႔္ၿပဳံးလိုက္မိတယ္။ သူ႕အရွင္ကတကယ္ႏွာဘူး၊ အဲဒါလဲသူ႕အေပၚမွာပဲဆိုတဲ့အသိက ေရွာင္းက်န႔္ကိုစိတ္သက္သာရာရေစတယ္။

"ကြၽန္ေတာ့္ကို ဧကရီမတင္ျမႇောက္ေတာ့ဘူးလား ဒီလိုပဲၾကည့္ေနေတာ့မွာလား"

ရိေပၚက ပုဝါကိုေသခ်ာစိုက္ၾကည့္ေနတယ္၊ အထဲကအျပင္ကုိေသခ်ာျမင္ေနရေပမယ့္ အျပင္ကၾကဝါးတားတားေလးပဲျမင္ရတယ္။ ရိေပၚကေရွာင္းက်န႔္မ်က္ႏွာေလးကိုၾကည့္ခ်င္ေနၿပီ။ ေရွာင္းက်န႔္ေျပာလာေတာ့ ရိေပၚလဲအျမန္ပဲ

"ေရွာင္းအိမ္ေတာ္ရဲ႕ သခင္ေလးေရွာင္းက်န႔္ကို ဒီေန႕ကစ ငါကိုယ္ေတာ္ရဲ႕ဧကရီအျဖစ္ခန့္အပ္တယ္"

ရိေပၚေျပာအၿပီး ေအာက္ကလူေတြဟာ ဧကရာဇ္နဲ႕ဧကရီအသက္ရွည္ၿပီး အိမ္ေရွ႕စံေလးေမြးဖြားနိုင္ဖို႔ ဆုေတာင္း‌ေပးၾကတယ္။ ဒါဟာမျဖစ္နိုင္တဲ့ဆုေတာင္းေပမယ့္ အရင္ထဲကဒီလိုအဲဆုေတာင္းေပးၾကတာေလ။

ေရွာင္းက်န႔္ကို ဧကရီတင္ျမႇောက္ၿပီး လက္ဆက္ပြဲအခန္းအနားထဲကို ‌ရိေပၚကအရင္ဝင္၍ ေရွာင္းက်န႔္ကိုေစာင့္ေနသည္။ ေရွာင္းက်န့္ခန္းမထဲေရာက္တာနဲ႕ အျပင္အဆင္ကိုၾကည့္ေတာ့ စံကားပန္းေတြနဲ႕ျပင္ဆင္ထားတာေၾကာင့္ ေရွာင္းက်န႔္ကရယ္သည္။ သူ႕အရွင္က သူစံကားပန္းႀကိဳက္တယ္ဆိုတာနဲ႕ အကုန္လုံးကိုစံကားပန္းနဲ႕ပဲ ျပင္ဆင္ခိုင္းေတာ့တာပဲ။ အေသးအမႊားေလးကစ ရိေပၚကေရွာင္းက်န႔္ကို အေလးထားပါတယ္။

ေရွာင္းက်န႔္ရိေပၚေရွ႕ကိုရပ္လိုက္ေတာ့ ရိေပၚက ေရွာင္းက်န႔္ကိုၿပဳံးၿပီးၾကည့္ေနတယ္။ ၿပီးေနာက္ မိုးေျမကန္ေတာ့ၿပီး ေရွာင္းက်န႔္ဟာ ယန္တိုင္းျပည္ရဲ႕ဧကရီတကယ္ျဖစ္သြားခဲ့ၿပီ။ ေရွာင္းရီတို႔ကလဲ ေရွာင္းက်န႔္ကိုၾကည့္ၿပီး ဝမ္းသာမ်က္ရည္တို႔က်ေနသည္။ ရိေပၚကေရွာင္းက်န႔္နားနားကိုကပ္ေျပာလိုက္တယ္။

"က်န႔္ငယ္ ညက်ရင္ကိုယ္လာခဲ့မယ္ အဆင္သင့္ျပင္ထားေနာ္"

ရိေပၚရဲ႕စကားေၾကာင့္ ေရွာင္းက်န႔္မ်က္ႏွာေလးကရဲခနဲ။ သို႔ေသာ္ သူ႕အရွင္ကိုေရွာင္းက်န႔္ရွက္ရွက္နဲ႕ပဲ ေခါင္းၿငိမ့္ျပခဲ့ပါသည္။ ထြက္သြားတဲ့ေက်ာျပင္ေလးကိုၾကည့္ရင္း ရိေပၚရယ္၏။ ေသခ်ာေပါက္ပုဝါေအာက္က မ်က္ႏွာေလးကရဲေနမွာ။

ေရွာင္းက်န႔္ေရွာင္းရီနားကိုသြားလိုက္ေတာ့ ေရွာင္းရီကသူ႕လက္ထဲကၾကာပန္းေလးကို ေရွာင္းက်န႔္လက္ထဲထည့္ေပးၿပီး

"ငါ့ကိုကိုလင္ေကာင္းေတာ့ရသြားၿပီ အဲလင္ေကာင္းနဲ႕ဘဝကိုေပ်ာ္႐ြင္စြာျဖတ္သန္းၿပီး သားေကာင္းေလးရပါေစေနာ္"

ေရွာင္းရီစကားေၾကာင့္ ေရွာင္းက်န႔္ကရယ္တယ္။ သူကအရွင္ေသြးသားကိုေမြးေပးဖို႔က မျဖစ္နိုင္ေပမယ့္ ျဖစ္လာပါေစလို႔ေတာ့တကယ္ဆုေတာင္းတယ္။ ေရွာင္းက်န႔္ ေရွာင္းရီကိုေရာငိုမဲ့မဲ့‌ျဖစ္ေနတဲ့က်ီဟြမ္ကိုပါ ႏႈတ္ဆက္ၿပီး ေဝါယာဥ္ေပၚတက္ကာ အေဆာင္ကိုျပန္သြားသည္။ ညအတြက္သူတကယ္ရင္ခုန္ေနၿပီ။

ဆက္ရန္~~~~

ကိုယ္storyေလးတစ္ပုဒ္ေရးေနလို႔ updateေနာက္က်နိဳင္ပါတယ္💬

Continue Reading

You'll Also Like

102K 8.4K 51
First story of mine . (Book 1 + Book 2) This is a Fan Fiction.It has nothing to do with actors in real life or novel. WARNING This story contain cro...
97.1K 6.4K 31
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"
247K 18.9K 66
🐺Unicode🐍 Who is the murder??? #Monster Start Date: 4.4.2020 End Date: 16.7.2020 🐺Zawgyi🐍 Who is the murder??? #Monster Start Date: 4.4.2020 End...
584K 101K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!