Arr Ah Daddy (Complete)
By YoYo426
942K 71.5K 2.3K
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ... More
Part 1(Uni +Zaw)
Part 2(Uni +Zaw)
Part 3(Uni +Zaw)
Part 4(Uni +Zaw)
Part 5(Uni+ Zaw)
Part 6(Uni +Zaw)
Part 7(Uni +Zaw)
Part 8(Uni +Zaw)
Part 9(Uni+ Zaw)
Part 11(Uni +Zaw)
Part 12(Uni +Zaw)
Part 13(Uni+ Zaw)
Part 14(Uni +Zaw)
Part 15(Uni +Zaw)🔞🔞🔞
Part 16(Uni +Zaw)
Part 17(Uni+ Zaw)
Part 18(Uni+ Zaw)
Part 19(Uni +Zaw)
Part 20(Uni +Zaw)🔞🔞🔞
Part 21(Uni+ Zaw)
Part 22(Uni +Zaw)
Part 23(Uni +Zaw)
Part 24(Uni +Zaw)🔞
Part 25(Uni+ Zaw)
Part 26(Uni +Zaw)
Part 27(Uni +Zaw)
Part 28(Uni+ Zaw)
Part 29(Uni +Zaw)
Part 30(Uni+ Zaw)
Part 31(Uni+ Zaw)
Part 32(Uni+ Zaw)🔞🔞🔞
Part 33(Uni+ Zaw)
Part 34(Uni+ Zaw)
Part 35(Uni+ Zaw)
Part 36(Uni +Zaw)
Part 37(Uni+ Zaw)
Part 38(Uni+ Zaw)
Part 39(Uni+ Zaw)
Part 40(Uni +Zaw)
Part 41(Uni+ Zaw)
Part 42(Uni +Zaw)
Part 43 End (Uni+Zaw)
ကျေးဇူးတင်စာ💛
New Fic မိတ်ဆက်
hello🙋🙋
Part 10(Uni+ Zaw)
20.3K 1.8K 123
By YoYo426
Arr Ah Daddy
Part 10(Uni)
ဒီနေ့နဲ့ဆို ရှောင်ကျန့်နဲ့ ရီပေါ်တို့ မတွေ့ရတာ ၁ လ ခန့်ရှိပြီ။ ပါတီ ပွဲမှာဘဲ နောက်ဆုံးတွေ့ရခြင်းဖြစ်သည်။ အချိန်တွေက တစ်ရွေ့ရွေ့ ကုန်တာ မြန်လွန်းပါသည်။
ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် သတိရနေတယ် ဆိုတာ ကာယကံရှင်တွေမှ တစ်ပါး သိကြမည် မဟုတ်ပေ။
ဒီနေ့က final exam မို့ ရှောင်ကျန့် တစ်ညလုံးစာကြည့်ပြီး မနက်ကိုလဲ စောစော ထကာ စာပြန်ကြည့်နေခဲ့သည်။
မနက်စာကိုတော့ ပေါင်မုန့်နဲ့ ရေသာ သောက်ပြီး ကျောင်းကို ဘတ်စ်ကားစီးကာ သွားခဲ့သည်။ ပုံမှန်ဆို ပြေးသွားတာ ဖြစ်ပေမဲ့ ဒီနေ့လို စားမေးပွဲနေ့က ချွင်းချက်ပင်။ ရှောင်ကျန့်က စာမေးပွဲရက်တွေဆို အရမ်းကိုဂရု စိုက်သည်။ သူက စကော်လာ ရအောင် ကြိုးစားနေရသည် မဟုတ်ပါလား။
ရှောင်ကျန့် ကျောင်းရောက်တာနဲ့ ကျောင်းအဝင်ဝတွင် ရီလျှို့နဲ့ ရွယ်ယိ့ ကိုတွေ့လေသည်။ ရီလျှို့ကတော့ ရှောင်ကျန့်ကို ကြည့်သာနေပြီး ဘာမှမပြေချေ။ ရွယ်ယိ့က ရှောင်ကျန့်ကို ကြည့်ကာ အောင်နိုင်သူအပြုံးကို ဆင်မြန်းလျှက် ရီလျှို့ လက်ကို ချိတ်ကာ
"ရှောင်ကျန့် ငါတို့ နောက်လထဲမှာ လက်ထက်တော့မှာ"
"............."
ရှောင်ကျန့်က ဘာမှ မပြောပေ။ သူတို့နှစ်ယောက်ကို မပြောင်းလဲသော အမူအရာနဲ့ဘဲ ကြည့်နေလေသည်။ ရွယ်ယိ့က ပြုံးနေသော မျက်နှာ နှင့် ရှောင်ကျန့်ကို ကြည့်ကာ ထပ်ပြောသည်။
"first year ပြီးတော့ ကျောင်းပိတ်ရက်အတွင်း လက်ထက်ဖြစ်မှာလေ ဘာဘဲပြောပြော ရှောင်ကျန့် နင်က ငါ့တို့နှစ်ယောက်စလုံးနဲ့ ရင်းနှီးဆုံး သူငယ်ချင်းတွေလေ ဆက်ဆက်လာရမယ်နော် ဖိတ်စာကို နောက်မှ ပို့ပေးလိုက်မယ်"
ထိုအခါ ရီလျှို့က ရှောင်ကျန့်ကို ကြည့်ပြီး အားနာပုံလား သနားပုံလား မခွဲခြား နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကာ စကားဆိုသည်။
"ရှောင်ကျန့် မင်း မလာချင်လဲ ဘာမှ မဖြစ်ပါဘူး"
ရွယ်ယိ့က ရီလျှို့ကို ကြည့်ကာ ဒေါသထွက်သွားသည်။ အခုတောင် သူမနဲ့ လက်ထက်ဖို့ဖြစ်သွားအောင် သူမ အကြံအစည်တွေနဲ့ အကြပ်ကိုင်ထားရခြင်းဖြစ်သည်။ သူမရဲ့ လျှို့ဝှက်ချက်ကိုတော့ သူမကလွှဲလို့ ဘယ်သူမှ မသိပါ။
မဟုတ်လျှင် ရီလျှို့က ရှောင်ကျန့်အပေါ် စိတ်မပြတ်နိုင်သေးတာ သေချာသည်။သူမသာ လက်မမြန်ပါက ရှောင်ကျန့် နံဘေး ပြန်ရောက်သွားမည် ဖြစ်သည်။
အခုလဲ စာမေးပွဲမဖြေခင် ပြောရခြင်းက ရှောင်ကျန့်က ​စာမေးပွဲအပေါ် အရမ်းအရေးထားတာ သိသည်။ သူလို လူက စကော်လာ ရမှ ကျောင်းဆက်တက်နိုင်မည် မဟုတ်လား။ အဲ့တာကြောင့် စာမေးပွဲ မဖြေခင် ရှောင်ကျန့်ကို စိတ်အနှောက်အယှက်ပေးခြင်း ဖြစ်သည်။
သူမ မသိသည်က ရှောင်ကျန့်က သူတို့နှစ်ယောက်တွဲနေတယ်လို့ ပြောတဲ့နေ့က စလို့ သူတို့ကို စိတ်ထဲ မရှိတော့ပေ။ အဲ့ဒါကြောင့် ဒီလို လက်ထက်မယ်လို့ ပြောတဲ့ စကားက ရှောင်ကျန့်အတွက် ဘာရှော့မှ ရသွားခြင်းမရှိပေ။ ရှောင်ကျန့်က မျက်နှာထားတည်တည်နဲ့ဘဲ သူတို့နှစ်ယောက်ကို ကြည့်ကာ
"ပိတ်ရက်တွေဆို ငါက အလုပ်မအားတတ်ဘူး မင်းတို့ လက်ထက်ပွဲ​ရက်ကိုသိတော့မှ အားရင် လာခဲ့မယ်လေ အခုတော့ စာမေးပွဲခန်းကို ဝင်တော့မယ်"
ရွယ်ယိ့ကတော့ ရှောင်ကျန့်ရဲ့ မပြောင်းလဲသော အမူအရာကို ကြည့်ပြီး နှုတ်ခမ်းတစ်ချက်က ကော့တက်သွားကာ ရှောင်ကျန့်တစ်ယောက် သူတို့ရှေ့မှာမို့ ဟန်ဆောင်နေတာ ဖြစ်မယ် ဟု တွေးနေခဲ့သည်။
ရီလျှို့က ရှောင်ကျန့်နဲ့ သိတာ ကြာပြီဖြစ်သလို ရှောင်ကျန့်နဲ့ အရင်းအနှီးဆုံး သူ ဖြစ်ခဲ့တာမို့ ရှောင်ကျန့် မျက်နှာပေါ်က အမူအရာတွေကို ဖတ်တတ်လေသည်။ ရှောင်ကျန့်က ငါ့အပေါ် ဘာခံစားချက်မှ မရှိတော့ဘူးဘဲ။ ငါတစ်ယောက်ထဲကသာ မမေ့နိုင်တာ။ ထိုသူကြည့်သော အကြည့်ထဲတွင် နာကြည်းမှုနဲ့ ရွံမုန်းမှု သာ ရှိတော့သည်။ ရီလျှို့က စိတ်ထဲ ဗလာကျင်းနေခဲ့ပြီး ထွက်သွားသော သူလေးရဲ့ ကျောပြင်ကိုသာ ငေးကြည့်ရင်း ကျန်ခဲ့တော့သည်။
ရှောင်ကျန့်အနေနဲ့ ထိုသူနှစ်ယောက်ကို ဂုဏ်ပြုပါတယ် ပျော်ရွှင်ပါစေ ဆိုသော စကားမျိုးကို မပြောခဲ့ပေ။ တကယ်လဲ မပျော်ရွှင်စေချင်ဘူးလေ။ အဲ့တာကြောင့် ထိုလိုမျိုး စကားတွေကို ပါးစပ်က ထုတ်ပြောမှာ မဟုတ်။ သူတို့ဘာသာ ဘယ်လိုနေနေ ရှောင်ကျန့်က စိတ်ဝင်စားမှာ မဟုတ်။
စာမေးပွဲ အခန်းထဲတွင်.......
မေးခွန်းစာရွက်တွေ ဝေတော့ ရှောင်ကျန့်စီ တစ်ရွက် ရောက်လာလေပြီ။ ရှောင်ကျန့်က မေးခွန်းစာရွက်ကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး စတင်ဖြေတော့သည်။ ရှောင်ကျန့်ခင်ဗျာ မေးခွန်းကို တစ်ခေါက်ထပ် ပိုပြီး ဖတ်ရန်မလို။ သူ့လို တစ်အုပ်လုံး ​ကျက်ထားသူအဖို့ ဘယ်မေးခွန်းမဆို ဖြေနိုင်သည်။ အဲ့တာကြောင့်လဲ ရှောင်ကျန့်က Roll 1 က မဆင်းတာဖြစ်သည်။
ရီလျှို့က စာမေးပွဲ ကိုသိပ်အာရုံမရောက်ပေ။ ရှောင်ကျန့်ကိုသာ ကွက်ကြည်​့ကွက်ကြည့်လုပ်နေသည်။ ရွယ်ယိ့က ရီလျှို့ အနောက်ဘေး ဘက်လောက်မှာ ထိုင်ရတာကြောင့် ရီလျှို့ ရှောင်ကျန့်ကို ကြည့်နေတာ မြင်ရလေသည်။ ရွယ်ယိ့ စိတ်တိုကာ Answer paper ကို ဘောဘင်နဲ့ ခြစ်မိပြီး အခန်းစောင့်ကို စာရွက်ပြန်တောင်းရသည်။
ရွယ်ယိ့က ရှောင်ကျန့်ကို စာမေးပွဲတွင်လအနှောက်အယှက်ဖြစ်စေချင်သော်လည်း တကယ် စိတ်အနှောက်အယှက်ဖြစ်ပြီး စာမေးပွဲ မဖြေနိုင်ကြသည်မှာ သူတို့နှစ်ယောက်သာ ဖြစ်တော့သည်။ စာမေးပွဲထဲ အာရုံစိုက်ကာ အောင်မှတ်ဖိုးလောက်သာ ဖြေနိုင်သည်။.
~~~သူများအပေါ် မကောင်းစိတ် မမွေးပါနဲ့။ အဲ့ မကောင်းမှု့က မင်းစီဘဲ ပြန်လာလိမ့်မယ်~~~
ရှောင်ကျန့်က ဖျတ်ရာ ကင်းစွာနဲ့ လှပသေသပ်စွာ မေးခွန်းအားလူံး ဖြေဆိုပြီးသော်လည်း စာမေးပွဲ အခန်းခဲကတော့ မထွက်ပါ။ သူက စကော်လာကျောင်းသာ ဖြစ်တာမို့ အရာရာ ဂရုစိုက်လေ့ ရှိတယ်။ အမေးနဲ့ အဖြေကို အခေါက်ခေါက် တိုက်စစ်နေလေသည်။
နောက်ဆုံးတော့ စာမေးပွဲ ပြီးသွားပြီမို့ အခန်းထဲက ကျောင်းသားအားလုံး အခန်းပြင်ထွက်ကာ အသီးသီးပြန်ကြလေသည်။ ဒီနေ့က နောက်ဆုံး​စာမေးပွဲ ဖြစ်တာမို့ ဒီနေ့ပြီးရင် ကျောင်း ၃လ ပိတ်သည်။
ရွယ်ယိ့ က ဒီနေ့ သူမဘာသာ ပြန်မည်ဖြစ်ကြောင်း ရီလျှို့ကို ​ပြောကာ သူမကို လာကြိုသော ကားဖြင့် ပြန်သွားလေသည်။ ရှောင်ကျန့်ကတော့ အပြန်ဘတ်စ်ကား မစီးတော့ပါ။ ခြေကျင်သာ ပြန်တော့သည်။
ရွယ်ယိ့က ကားထဲရောက်တော့ ဖုန်းဖွင့်ကာ နံပါတ်တစ်ခုကို ဆက်လိုက်သည်။
"ဟယ်လို"
"............"
"နင်တို့ ငါခိုင်းတဲ့ အတိုင်းလုပ်လိုက်တော့ vedio ရိုက်ဖို့လဲ မမေ​့နဲ့"
"............"
"သူ့ပုံကို ငါမက်ဆေ့ ပို့လိုက်မယ်။ ******လမ်းကြားထဲက လာမှာ။ အဖြူရောင် တီရှပ်နဲ့ အမဲရောင် ဘောင်းဘီရှည်ကို ဝတ်ထားတယ်"
((***** အဲ့တာ လမ်းနာမည်ပါ))
".........."
"မှားယွင်းတာ လက်မခံဘူးနော်"
"............."
"ကောင်းပြီ သတင်းကောင်းစောင့်နေမယ်"
ဖုန်းချပြီးတာနဲ့ ရှောင်ကျန့်ရယ် နင်ငါ့လက်က လွတ်နိုင်အုံးမလား သိချင်တယ်။ ရီလျှို့လဲ နင့်ကို အတော်လေး စိတ်ပျက်သွားမှာ ဟားဟားဟား
ပါးစပ်က ထွက်မရယ်ပေမဲ့ မျက်နှာက ရွှင်လန်းကာ ပြုံးနေသည်။ ဒရိုင်ဘာက မှန်ထဲကနေပြီး သူ့မမလေးရဲ့ အပြုံးကို မြင်တော့ လန့်သွားသည်။
ရှောင်ကျန့် လမ်းလျှောက်လာရာ သူ့အခန်းလေး မရောက်ခင် လမ်းကြားလေးက လူပြတ်တတ်သည်။ အမြဲတမ်း လူပြတ်တာဖြစ်သည်။ ဘာလို့လဲ ဆိုတော့ ဒီရပ်ကွက်လေးက ဆင်ခြေဖုန်း ​ရပ်ကွက်လေးဖြစ်လို့ လူသွားလူလာ နဲခြင်း ဖြစ်သည်။
ထိုအချိန်
ရှောင်ကျန့်အရှေ့မှာ လူငါး ယောက် လာရပ်တယ်။ အမဲရောင်ဝတ်စုံဝတ်ထားပြီး လူတွေက အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းကြီးတွေ ဖြစ်တယ်။ လက်မောင်းတွေမှာလဲ တက်တူးတွေ ထိုးထားကြတယ်။ ရှောင်ကျန့် မသိစိတ် အရ အနောက်ကို ခြေနှစ်လှမ်းခန့် ဆုတ်မိသွားတယ်။
ထို လူဆိုးလို့ ထင်ရတဲ့ လူငါးယောက်တွင် ခေါင်းဆောင် ထင်ရသူက စကားစလာသည်။
"ဟဲ့ကောင်လေး မင်းက ရှောင်ကျန့်မလား"
"ခင်ဗျားတို့က ဘယ်သူတွေလဲ ကျွန်တော့်နာမည်ကို ဘာလို့ ပြောရမှာလဲ"
"ဟားဟား လူကောင်သာသေးတာ အစွာလေးပါလား"
"ကျွန်တော့်အရှေ့က ဖယ်ပေး"
"မဖယ်နိုင်ဘူး ငါတို့က မင်းကို လုပ်ဖို့ လာတာလေ"
"ဘာ လုပ်မှာ......"
ရှောင်ကျန့် စကားတောင် မဆုံးလိုက်ဘူး လူဆိုးနှစ်ယောက်က ရှောင်ကျန့် လက်ကို တစ်ယောက်တစ်ဖက်စီ လာချုပ်တယ်။ ရှောင်ကျန့်ရုန်းပေမဲ့ အင်အားမမျှတာကြောင့် မရွှေ့ပေ။
"မရုန်းပါနဲ့ အား ခြွေတာထား ငါးယောက် ဒဏ်ကို မင်းခံရမှာဆိုတော့"
"ဟားဟားဟား"
"ခင်ဗျားတို့ကို ဘယ်သူလွှတ်လိုက်တာလဲ"
"မင်းနဲ့ ပြသနာရှိတာ ဘယ်သူ ရှိလို့လဲ မမလေးရွယ်ယိလေ မင်းကို လုပ်ပြီး vedio ရိုက်ခိုင်းလိုက်တာ"
"ဘာ"
လူဆိုးတွေက သူတို့အရှေ့က အစာကို စားရတော့မှာ ဆိုတော့ ဂရုမစိုက်ဘဲ ရွယ်ယိ့ နာမည်ကို ဖော်ပြလိုက်တာ။ ဘာပြသနာမှ ဖြစ်မယ် မထင်လို့လေ။
ရှောင်ကျန့်ကတော့ ရွယ်ယိ့ မကောင်းမှန်းသိပေမဲ့ ဒီလောက်အထိ အောက်တန်းကျမယ်လို့ မထင်ခဲ့တာအမှန်။ သူမလိုချင်တဲ့ သူကိုလဲ ရတော့မှာမလား။ ဘာလို့ သူ့ကို ......ဒုက္ခပေးချင်တာလဲ။
ခေါင်းဆောင်က ရှောင်ကျန့်အကျိ်ကို ဆွဲချွတ်တုန်း
......ခွပ်.....ခွပ်.....
"ငါ့ကလေး ကို မထိနဲ့"
^. ................^
ဝေ့ မနက်စောစောထ တစ်ဝက်ရေးပြီး အလုပ်ချိန် နားချိန်မှာ ရေးပြီး တင်လိုက်တယ်နော်😘 ချစ်ရင် vote နဲ့ cmt
Arr Ah Daddy
Part 10(Zaw)
"............."
စာမေးပွဲ အခန်းထဲတွင်.......
"ဟယ်လို"
"............"
"............"
((***** အဲ့တာ လမ်းနာမည်ပါ))
".........."
"............."
ထိုအချိန်
"ဘာ လုပ်မှာ......"
"ဟားဟားဟား"
"ဘာ"
ခေါင်းဆောင်က ရှောင်ကျန့်အကျိကို ဆွဲချွတ်တုန်း
......ခွပ်.....ခွပ်.....
"ငါ့ကလေး ကို မထိနဲ့"
^. ................^
Continue Reading
You'll Also Like
228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
62.1K 4.7K 63
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
587K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."