My Beautiful SPOUSE

By Yellowish_One

327K 24.4K 2.2K

ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Dat... More

သီချင်းများ/သီခ်င္းမ်ား
အပိုင်း - (၁)
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
အပိုင်း - (၁၃)
အပိုင်း - (၁၄)
အပိုင်း - (၁၄)
အပိုင်း - (၁၅)
အပိုင်း - (၁၅)
အပိုင်း - (၁၆)
အပိုင်း - (၁၆)
အပိုင်း - (၁၇)
အပိုင်း - (၁၇)
အပိုင်း - (၁၈)
အပိုင်း - (၁၈)
အပိုင်း - (၁၉)
အပိုင်း - (၁၉)
အပိုင်း - (၂၀)
အပိုင်း - (၂၀)
အပိုင်း - (၂၁)
အပိုင်း - (၂၁)
အပိုင်း - (၂၂)
အပိုင်း - (၂၂)
အပိုင်း - (၂၃)
အပိုင်း - (၂၃)
အပိုင်း - (၂၄)
အပိုင်း - (၂၄)
အပိုင်း - (၂၅)
အပိုင်း - (၂၅)
အပိုင်း - (၂၆)
အပိုင်း - (၂၆)
အပိုင်း - (၂၇)
အပိုင်း - (၂၇)
အပိုင်း - (၂၈)
အပိုင်း - (၂၈)
အပိုင်း - (၂၉)
အပိုင်း - (၂၉)
အပိုင်း - (၃၀)
အပိုင်း - (၃၀)
အပိုင်း - (၃၁)
အပိုင်း - (၃၁)
အပိုင်း - (၃၂)
အပိုင်း - (၃၂)
အပိုင်း - (၃၃)
အပိုင်း - (၃၃)
အပိုင်း - (၃၄)
အပိုင်း - (၃၄)
အပိုင်း - (၃၅)
အပိုင်း - (၃၅)
အပိုင်း - (၃၆)
အပိုင်း - (၃၆)
အပိုင်း - (၃၇)
အပိုင်း - (၃၇)
အပိုင်း - (၃၈)
အပိုင်း - (၃၈)
အပိုင်း - (၃၉)
အပိုင်း - (၃၉)
အခပျြပို
အချပ်ပို
အပိုင်း - (၄၀)
အပိုင်း - (၄၀)
အပိုင်း - (၄၁)
အပိုင်း - (၄၁)
အပိုင်း - (၄၂)
အပိုင်း - (၄၂)
အပိုင်း - (၄၃)
အပိုင်း - (၄၃)

အပိုင်း - (၅)

1.9K 178 12
By Yellowish_One

" မင်းနှလုံးသားထဲ အရောက်လာဖို့ ဘယ်လမ်းကြောင်းကနေ လာရမလဲဆိုတဲ့ အကြောင်းကိုပေါ့ "

လျှန့်စကားကိုကြားတော့ မျက်စိရှေ့က နှင်းဆီနက်လေးက အံတင်းတင်းကြိတ်ပြီး လျှန့်ကိုမကျေမချမ်း ကြည့်လာသည်။ လျှန်က မျက်ခုံးနှစ်ဖက်ကို ပင့်ပြပြီး အမေးစကားကို ထပ်ဆင့်အတည်ပြုလိုက်တော့ လျှန်ကိုကြည့်နေရာကနေ မျက်လုံးလွှဲသွားသည်။

" ခင်ဗျား မူးနေပြီထင်တယ် "

" မင်းကို မေတ္တာရှိကြောင်း ပြောနိုင်တဲ့အထိတော့ ကိုယ် အသိစိတ်ရှိပါသေးတယ် "

လျှန့်ဆီက သူ့ကိုချစ်ရေးဆိုခြင်းမမည်သော ချစ်ရေးဆိုခြင်းကို ထပ်မံအယူခံဝင်မိတော့ မျက်နှာနုနုလေးက ဒေါသကြောင့် နီမြန်းလို့လာသည်။

" ခင်ဗျား!!.. ခင်ဗျားကို ဥက္ကဌကြီးမျက်နှာကြောင့် ဆွဲမထိုးမိခင် ဒီက ထွက်သွားရင်ကောင်းမယ် "

" အဟင်း!! ဒယ်ဒီ့မျက်နှာကို ထောက်ထားစရာမလိုပါဘူး မင်း ဆန္ဒရှိတယ်ဆိုရင် ထိုးလို့ရပါတယ် "

နေး စိတ်ရှုပ်စွာနဲ့ သက်ပြင်းသာအကြိမ်ကြိမ် ချမိတော့သည်။ နေး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့လေးလေးတို့ကလည်း အကဲခတ်နေသလို အပေါ်ထပ်မှာ ထိုလူနဲ့အတူပါလာတဲ့ လူနှစ်ယောက်ကလည်း အခြေအနေစောင့်ကြည့်နေပုံရသည်။

တခြားဧည့်သည်တွေက သူ့ဝိုင်းနဲ့သူ အေးအေးဆေးဆေး သောက်စားနေကြသည်ကြောင့် နေး သာ လက်ပါလိုက်ရင် တကယ်ကို အကျည်းတန် ရုပ်ဆိုးသွားမှာ သေချာသည်နေသည်မို့ ဒေါသစိတ်ကို ငါးဆယ်ရာခိုင်နှုန်းလောက် လျှော့ချလိုက်ပြီး လေသံအေးအေးနဲ့သာ တုံ့ပြန်လိုက်သည်။

" စိတ်မကောင်းပါဘူး ခင်ဗျားမေးခွန်းအတွက် counselling လုပ်စရာအဖြေမရှိပါဘူး "

" ဘာကြောင့်လဲ "

အမေးစကားတွေ ထပ်တိုးလာတာကြောင့် နေး စိတ်ကိုအတတ်နိုင်ဆုံး လျော့ချပြီး ထိုလူဘက်ကိုလှည့်ကာ အညင်သာဆုံး ပြုံးပြရင်း အဖြေပေးလိုက်သည်။

" ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ ဆိုင်သူရှိနှင့်နေပြီးသားပါ "

နေးလက်ျာဆီက အဖြေစကား ကြားလိုက်ရတော့ လျှန့်အသိစိတ်တွေ တုန်လှုပ်သွားသလို တစ်ဆက်တည်းမှာပဲ လျှန့်ရဲ့ dark side အချို့လည်း ပြန်လည်နိုးထလာခဲ့သည်။ လျှန်က နတ်ဆိုးတစ်ကောင်လိုပဲ နှုတ်ခမ်းတစ်ဖက်တွန့်ရုံသာ ပြုံးလိုက်ရင်း နေးလက်ျာနဲ့ အနီးဆုံး အနေအထားရောက်အောင် တိုးသွားလိုက်သည်။

" ခင်ဗျား ဒါ ဘာလုပ်တာလဲ "

" ဆိုင်သူဟာ ပိုင်သူမဖြစ်သရွေ့ ကိုယ် မင်းကို ကြိုးစားခွင့်ရှိတယ် "

" ခင်ဗျား ရူးသွားတာလား "

" အဟင်း!! ကိုယ် ရူးခဲ့ရင်တောင် မင်းကိုချစ်မိသွားလို့ ရူးတဲ့အချစ်ရူးပဲ ဖြစ်လိမ့်မယ်ထင်တယ် "

" ခင်ဗျားနဲ့ စကားဆက်ပြောနေစရာ ဘာအကြောင်းမှမရှိတော့ဘူး ကျွန်တော့်ကို ခွင့်ပြုပါဦး "

နေးရဲ့သည်းခံစိတ်တို့က နောက်ဆုံးအဆင့်ကို ရောက်လို့သွားပြီမို့ မျက်စိရှေ့ကလူကို တွန်းဖယ်လိုက်ပြီး လေးလေးတို့ဝိုင်းကို ထွက်သွားဖို့ပြင်လိုက်သည်။

" မင်း အခုလို ရှောင်ထွက်သွားလည်း ကိုယ် လက်လျှော့မှာမဟုတ်ဘူး.. see you coming soon "

လျှန်နဲ့ ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ထွက်သွားဖို့ပြင်နေတဲ့ ကောင်ငယ်လေးကို လျှန် ခေါင်းငဲ့စောင်းပြီး ပြောလိုက်တော့ မျက်ခုံးတန်းနှစ်သွယ်ကို စုဆုံလုမတတ် ချိုးလို့ထားပြီး အံတင်းတင်းကြိတ်ကာ လျှန့်ကို ပြန်မော့ကြည့်လာသည်။ လျှန့်ကလည်း နှုတ်ခမ်းတစ်ဖက်ကို ကွေးညွှတ်သွားအောင် ပြုံးလိုက်ရင်း မျက်စိတစ်ဖက်မှိတ်ပြကာ ထိုနေရာကနေ အရင်ဆုံး လှည့်ထွက်လာခဲ့သည်။

လျှန် ထွက်သွားတော့ ရိုး နဲ့ ဝေယံလည်း အနောက်ကနေ အမြန်လိုက်ဆင်းလာခဲ့ရသည်။ ရိုးကတော့ ဦးနော်ကို လက်ပြပြီးသာ သွားပြီဆိုတဲ့သဘောနဲ့ နှုတ်ဆက်ခဲ့ရသည်။ ဦးနော်ကလည်း အခြေအနေကို အကြမ်းဖျင်းလောက် နားလည်သဘောပေါက်သည်မို့ ရိုးတို့ကို ခေါင်းညိတ်ပြီး အသိအမှတ်ပြုလာသည်။

" ဘုံလျှန် မင်း အဆင်ပြေရဲ့လား "

လမ်းမကြီးထက်မှာ ကားကဦးတည်ရာမဲ့ ပြေးလွှာလို့နေသည်။ အလာတုန်းက အခြေအနေနဲ့ ဆန့်ကျင်စွာပင် လျှန် က ငြိမ်ချက်သား ကောင်းနေသည်ကြောင့် ရိုး ကားမောင်းနေရင်းနဲ့ လှည့်မေးလာသည်။ ဝေယံသော်ကလည်း အနောက်ခုံမှာထိုင်ရင်း ရိုးကို မျက်နှာရိပ် မျက်နှာကဲပြကာ အခြေအနေကို ထောက်လှမ်းလို့နေသည်။

" ဘုံလျှန် "

" ကိုယ် သူ့ကို သဘောကျတယ် ဆိုတဲ့အကြောင်း ပြောလိုက်တာ "

ကျွီ!!

" ဘာ!!"" ခွေးသားရယ်... အကုန်သေကုန်တော့မှာပဲ !! "

ငြိမ်နေရာကနေ ရုတ်တရက် စကားထပြောလိုက်တဲ့လျှန့်ကြောင့် ရိုးတစ်ယောက် ယောင်ယမ်းပြီး ကားဘရိတ်နင်းလိုက်မိတော့ ဝေယံသော်တစ်ယောက် အရှေ့ဘက်ကို အရှိန်နဲ့ရောက်လာသည်။

" လျှန် ငါတို့ နားကြားမှားတာလား "

" သူက ဆိုင်သူရှိပြီးသားတဲ့ "

" အော် ဒါဆို အပိုင်းသုည ဇာတ်သိမ်းပေါ့ "

" ဝေယံ... ကိုယ် မင်းကို ကားပေါ်ကနေ ကန်ချလိုက်ရမလား "

လျှန် ခပ်တည်တည်နဲ့ ပြောလိုက်တော့ ဝေယံသော်တစ်ယောက် ဇက်ကလေးပုပြီး အနောက်ပြန်ဆုတ်သွားသည်။ ရိုးကတော့ ဝေယံသော်ကို မျက်ခုံးပင့်ကြည့်ရင်း' မင်း အသာနေစမ်းပါ' ဆိုပြီး အသံတိတ်ရေရွတ်ကာ ပြောလာသည်။

" အဲ့တော့ မင်း ဘာဆက်လုပ်မှာလဲ .. ဘုံလျှန် "

" ဘာဆက်လုပ်ရမှာလဲ ကိုယ်ပြောထားပြီးသားပဲ.. သူက ကိုယ့်အပိုင်ပဲဖြစ်ရမယ် ကစားပွဲတစ်ခုမှာ အပြိုင်အဆိုင်ရှိမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာပေါ့.. အဟင်း "

အေးစက်ခက်ထန်စွာနဲ့ ပြောလာတဲ့လျှန့်လေသံကြောင့် ဒီကိစ္စက လျှန် အပျော်တမ်းစိတ်ကစားနေခြင်း မဟုတ်ဘူးဆိုတာ သူတို့နှစ်ယောက် နားလည်လိုက်သည်။

ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ မပြောတတ်ပေမယ့် ဒီကစားပွဲမှာ သူတို့နှစ်ယောက်လည်း မလွတ်လောက်ဘူးဆိုတာ ကြိုတွေးမိသွားသည်ကြောင့် နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး ပြိုင်တူတံထွေးမြိုချမိသွားသည်။

" အဟမ်း အဲ့ဒါဆို ငါတို့အခု အိမ်ပြန်ကြတော့မလား "

" ဟမ်.. အင်း.. ပြန်ကြမလား "

" ရိုး... မူးအောင်သောက်လို့ရတဲ့ ဘားကိုမောင်း "

နှစ်ယောက်သား အခြေအနေကို ခန့်မှန်းမိ၍ အိမ်ပြန်ဖို့အကြောင်းစ,လိုက်ပေမယ့် ဘုံလျှန်က ပယ်ချလိုက်တာကြောင့် နောက်ဆုံးတော့ သုံးယောက်သား နောက်ထပ်ဘားတစ်ခုကို ဦးတည်သွားတော့သည်။

ဒီဘားကတော့ အရောင်အသွေးစုံလှတဲ့ မဒီကညာလေးတွေနဲ့ ဝေဆာလို့နေသည်။ ဘေးတစ်ဖက်တစ်ချက်မှာ မိန်းမလှလေးတွေ ဝိုင်းနေပေမယ့် လျှန်ကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ပဲ တစ်ခွက်ပြီးတစ်ခွက်သာ မရပ်မနားသောက်လို့နေသည်။

>>>>>>>>>>

" ကျွန်တော် မနက်ဖြန်ကျရင် အလုပ်ထွက်စာ တင်တော့မယ် "

" လက်ျာလေးရယ် စိတ်လျှော့ပါဦး "

နော်ရန် သူ့ရုံးခန်းထဲမှာ ပေါက်ကွဲနေတဲ့ တူဖြစ်သူကို ထိုင်ပြီး အကဲခတ်နေသည်။ ချိုကြည်သာနဲ့ ကြယ်လင်းညိုကလည်း တစ်ဖက်က ထိုင်ခုံမှာ ငြိမ်ကုပ်ကုပ်လေးနဲ့ ထိုင်ရင်း ဒေါသအိုးလေးကို မကြာခဏ ခိုးကြည့်နေသည်။ ဂရင်းကတော့ စိတ်အေးအေးထားဖို့သာ တတွတ်တွတ် ပြောနေရှာသည်။

" နေးနေး ဘာလို့ကလေးဆန်နေတာလဲ "

ဖြစ်စဉ်အစအဆုံးကို နားထောင်ပြီး နော်ရန့်ဆီက စကားသံထွက်လာတော့ နေးတစ်ယောက် ဆူပုတ်ပုတ်နဲ့ ငြိမ်ကျသွားသည်။ ကျေနပ်တာတော့ မဟုတ်ပေမယ့် နော်ရန့်ကို မလွန်ဆန်ရဲသည်မို့ အားမတန်၍ မာန်လျှော့လိုက်ရသည့် သဘောပင်။ နော်ရန်စကား,စလိုက်တော့ နေးနေးသာမက တစ်ခြားသူတွေပါ ငြိမ်သထက်ပိုပြီးငြိမ်သွားကြသည်။

" ကျွန်တော်က ဘယ်မှာကလေးဆန်နေလို့လဲ "

" အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားရမယ်လေ... အခုလုပ်နေတဲ့အလုပ်က နေးနေးကိုယ်တိုင် သဘောကျလို့ ရွေးချယ်ထားတဲ့အလုပ် မဟုတ်ဘူးလား "

" ဟုတ်တော့ဟုတ်ပေမယ့်လည်း ကျွန်တော် အလုပ်လုပ်နေသရွေ့ သူနဲ့တွေ့နေရမှာ "

" နေးနေး အလုပ်ထွက်လိုက်တော့ရော သူနဲ့က မတွေ့တော့ဘူးတဲ့လား "

" ဟုတ်သားပဲ... လက်ျာလေးကလည်း ပြီးတော့ ဒီကိစ္စက သူ့ဘက်ကဘယ်လိုပဲဖြစ်နေပါစေ.. လက်ျားလေးလက်မခံရင် သူက ဘာတက်နိုင်မှာမို့လို့လဲ... အဲ့ဒါကြောင့်နဲ့တော့ အဆင်ပြေနေတဲ့အလုပ်ကို လက်မလျော့စေချင်ဘူး "

လေးလေးသာမက ဂရင်းကပါ ဝိုင်းပြောလာတော့ နေးတစ်ယောက် အလုပ်ထွက်မယ်ဆိုတဲ့ စိတ်ကူးလေး ပျောက်သွားရပြန်သည်။

ပြန်တွေးကြည့်တော့လည်း ဟုတ်ပါသည်လေ..။ နေးဘက်က လက်မခံရင် သူကဘာလုပ်နိုင်မှာတဲ့လဲ။ နောက်ဆုံးတော့ စိတ်ပြေလက်ပျောက်အနေနဲ့ လေးလေးစပ်ပေးတဲ့ ကော့တေးတစ်ခွက်သောက်ပြီး နေးတို့အိမ်ပြန်လာကြသည်။

မနက်ဖြန်မှာ ဘာတွေဘယ်လိုဖြစ်ဦးမှာလဲ..။

>>>>>>>>>>

အိမ်ကြီးရှင်နှစ်ယောက်သာ နေထိုင်တဲ့အိမ် ဖြစ်ပေမယ့်လည်း အိမ်တော်ရဲ့မနက်ခင်းဝေယျာဝစ္စတွေက အလွန်ကိုပဲ များပြားလွန်းလှသည်။ အိမ်တော်ထိန်းဖြစ်တဲ့ သူ့အတွက် မနက်လေးနာရီလောက်ကတည်းက အိပ်ရာထရပြီး အိမ်တော်ရဲ့ဝန်ထမ်းတွေကို တာဝန်ယူညွှန်ကြားရပေသည်။

အခုလည်း မနက်စာ breakfast ဝိုင်းမှာ သခင်ကြီးက သတင်းစာဖတ်ရင်း အိမ်အပေါ်ထပ်ကို မကြာခဏဆိုသလို လှမ်းကြည့်နေတာကြောင့် ဘေးနားမှာရှိတဲ့ ကောင်မလေးတစ်ယောက်ကို အရိပ်အကဲပြပြီး သခင်လေးကို သွားခေါ်ဖို့ပြောလိုက်သည်။

သိပ်မကြာခင်မှာပဲ formal suit အပြည့်အစုံဝတ်ပြီး ထမင်းစားခန်းထဲကို ဝင်လာတဲ့ သခင်လေးကို တွေ့လိုက်ရသည်။ ဘဝပေးကုသိုလ်ကံကောင်းလွန်းတဲ့ သခင်လေးက အရပ်အမောင်းနဲ့ လိုက်ဖက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားအပြင် ကြည်လင်တဲ့အသားအရေကိုလည်း ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ဘယ်လိုပုံစံမျိုးပဲ ဝတ်,ဝတ် ခန္ဓာကိုယ်ထက်မှာ ပနံသင့်လို့နေသည်။

" သားဘုံ... ညက သောက်လာတာလား "

" ဟုတ်တယ် ဒယ်ဒီ... ကိုယ် နည်းနည်းများသွားတယ်... နောက်မဖြစ်စေရပါဘူး "

လျှန် ဒယ်ဒီ့ကို ကတိစကားဆိုမိတော့ ဒယ်ဒီက ခေါင်းအသာညိတ်ပြပြီး ဘာမှဆက်မပြောတော့။ အိမ်တော်ထိန်းကလည်း လျှန့်ကို ကော်ဖီထည့်ပေးလာသည်မို့ လျှန် မနက်စာစားဖို့သာ ပြင်လိုက်သည်။

" သခင်ကြီး... အစ်ကိုလက်ျာ ဧည့်ခန်းထဲမှာ ရောက်နေပါတယ်ရှင့် "

" ဟေ... ဟုတ်လား... ဒီကိုလာခိုင်းလိုက်လေ "

ဒယ်ဒီ့စကားဆုံးတော့ ကောင်မလေးက ပြန်ထွက်သွားပြီး မကြာခင်မှာပဲ ကောင်မလေးရဲ့ အနောက်ကနေ အဝါရောင်ငုဝါပန်းလေးက ထမင်းစားခန်းထဲကို တရွေ့ရွေ့နဲ့ လျှောက်လို့လာသည်။ လျှန့်ကိုတွေ့တော့ ခြေလှမ်းတို့ တစ်ချက်တုံ့သွားပေမယ့် ချက်ချင်း ဟန်ချက်ပြန်ထိန်းပြီး မျက်နှာအနေအထားမပျက် ဆက်လျှောက်လာသည်။

" လာ... မောင်လက်ျာ company ရောက်တဲ့အထိ မစောင့်ပဲ အိမ်လိုက်လာတာဆိုတော့ အရေးကြီးကိစ္စရှိလို့လား "

" အရေးကြီးတယ်လို့လည်း မဟုတ်ပါဘူးဗျာ့... မနေ့က လေလံကိစ္စ ကားလာယူလို့ရပြီဆိုပြီး ဆက်သွယ်လာလို့ပါ... အဲ့ဒါ ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲဗျာ့ "

ဒယ်ဒီ့တို့စကားဝိုင်းထဲမှာ ဝင်မပါပဲ လျှန် breakfast စားနေရင်းနဲ့ ငုဝါပန်းလေးကို မျက်တောင်မခတ်စတမ်း ကြည့်နေမိတာကို ဒယ်ဒီက သတိထားမိသွားပြီး ချောင်းဟန့်လာသည်။

" အဟမ်း!! ... သားဘုံ ဘယ်လိုလုပ်ချင်လဲ... အဲ့ဒါက သားဘုံအတွက် ဒယ်ဒီ့လက်ဆောင်... ရိုးမာန်တို့နဲ့ သွားယူမလား "

" ဒယ်ဒီ အဆင်ပြေမယ်ဆိုရင် ကိုယ် နေးလက်ျာနဲ့ပဲအတူ သွားယူလို့ရမလား... လေလံအောင်ထားတာလည်း သူပဲဆိုတော့ ရိုးတို့ထက်စာရင် နေးလက်ျာနဲ့အတူသွားကာက ပိုသင့်တော်မယ်ထင်တယ် "

လျှန် ပြောလိုက်တော့ မျက်စိရှေ့က ငုဝါပန်းလေးက မျက်ခုံးနှစ်သွယ်ကို မဆိုသလောက်လေးချိုးရင်း လျှန့်ကို ခပ်စူးစူးလေးကြည့်လာသည်။ ဒယ်ဒီက လျှန့်အပြောကို ခေတ္တစဉ်းစားဟန်ပြုပြီးနောက်မှာတော့ သဘောတူလက်ခံလာသည်။

" သားဘုံနဲ့အတူ လိုက်ပေးဖို့ မောင်လက်ျာဘက်က အဆင်ပြေရဲ့လား "

" ကျွန်တော်... ကျွန်တော်လိုက်သွားရင် ဒီနေ့ meeting အတွက် ဥက္ကဌကြီးအနားမှာ လူမရှိပဲနေလိမ့်မယ် "

" အဲ့အတွက်ဆိုရင်တော့ နေးလက်ျာစိတ်ပူဖို့မလိုတော့ပါဘူး... မသက်လျာက ဒီနေ့ပဲ အလုပ်ပြန်ဝင်တော့မှာ... ရှေ့လျှောက် ကိုယ်က နေးလက်ျာနဲ့ပဲ အလုပ်အတူတွဲလုပ်ရတော့မှာဆိုတော့ ကိုယ့်ကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ် "

လျှန်နဲ့အတူ မလိုက်ချင်တဲ့ကောင်ငယ်လေးကို လျှန်ကလည်း မရရအောင် ခေါ်သွားမယ် လို့ ဆုံးဖြတ်ထားတာကြောင့် ဒယ်ဒီမပြောရသေးခင်မှာပဲ လျှန် ကြားဖြတ်ပြီး ဝင်ပြောလိုက်သည်။ သူကတော့ ဒယ်ဒီ့ကို လှမ်းကြည့်ပြီး လျှန့်ပြောစကားတွေကို အတည်ပြုနေသည်။

" ဟုတ်တယ် မောင်လက်ျာရဲ့... သက်လျာက အလုပ်ပြန်ဝင်တယ်ဆိုပေမယ့် သားဘုံရဲ့အတွင်းရေးမှူးနေရာမှာ ထားလို့ကအဆင်မပြေပြန်ဘူးလေ...

သားဘုံက construction ပိုင်းကို တာဝန်ယူမှာဆိုတော့ နယ် site တွေသွားတဲ့အခါကျရင် သူ့ကိုခေါ်သွားဖို့က မသင့်တော်ဘူးလေ...

အဲ့ဒါကြောင့် မောင်လက်ျာကို သားဘုံရဲ့အတွင်းရေးမှူးနေရာမှာ အန်ကယ် ထားလိုက်တာ... မောင်လက်ျာ အဆင်ပြေရဲ့လား.. လစာနဲ့ရပိုင်ခွင့်တွေကတော့ ဘာမှပြောင်းလဲမှုမရှိပါဘူး... အတူတူပါပဲ "

ဥက္ကဌကြီး ပြောလာသည်က အကျိုးအကြောင်းဆီလျော်နေသည်မို့ နေးဘက်က ငြင်းဖို့ရာမစွမ်းသာခဲ့။ လေးလေးပြောသလိုပဲ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားထားရင် အဆင်ပြေသွားမှာပါ။ ဘာပဲဖြစ်ဖြစ် နေးမှာ ကိုခန့်တစ်ယောက်လုံး ရှိနေတာပဲ။ သူက ဘာလုပ်နိုင်မှာတဲ့လဲ။

" ဟုတ်ကဲ့... ဥက္ကဌကြီး အဆင်ပြေပါတယ်... ဒါဆို ကျွန်တော်ကားပေါ်ကနေပဲ စောင့်နေလိုက်ပါမယ်... ဒုဥက္ကဌ အဆင်သင့်ဖြစ်ရင် သွားလို့ရပါပြီဗျာ့ "

ဒယ်ဒီ့ကို နှုတ်ဆက်ပြီး လျှန်နဲ့ အကြည့်ချင်းမဆုံစေပဲ ထွက်သွားတဲ့ ငုဝါပွင့်လေးကြောင့် လျှန် ကော်ဖီခွက်နဲ့ကွယ်ပြီး ခိုးရယ်လိုက်သည်။

" မင်းက အဝေးဆုံးပြေးလေ ကိုယ်က အနီးဆုံးမှာထားလေပဲ... ကိုယ့်နေး "

>>>>>>>>>>

တုံးခုလို့မှ လှမ်းမရရင်
ခုန်ပြီးတော့ ခူးမယ်
မလွယ်ပေမယ့် ငါဟာလုံ့လရှိရမယ်
တုံးခုလို့မှ လှမ်းမရရင်
တံချူနဲ့ ခူးပစ်မယ်
မှတ်ထားကွယ် ငါဟာ ယောက်ျားတစ်ယောက်ဖြစ်တယ်

ငါးခါထက်မနည်း ဖွင့်လာတဲ့သီချင်းကြောင့် နေး ကားမောင်းနေရင်းနဲ့ ဘေးမှာထိုင်နေတဲ့သူကို လှည့်ကြည့်လိုက်တော့ ကားမှန်တံခါးကို လက်ထောက်ပြီး နေးကို စိုက်ကြည့်နေတဲ့သူနဲ့ အကြည့်ချင်းဆုံသွားသည်မို့ နေး သက်ပြင်းချလိုက်သည်။

" စိတ်မရှိဘူးဆိုရင် အခုလိုတွေ လုပ်နေတာတွေကို ရပ်ပေးလို့ရမလား ဒုဥက္ကဌ... ကျွန်တော့်အတွက် အဆင်မပြေဖြစ်လို့ပါ "

" ဘာကိုလဲ... သီချင်းဖွင့်တာကိုလား.. မင်းကိုကြည့်နေတာကိုလား "

ဘာမှမထူးဆန်းတဲ့ပုံစံမျိုးနဲ့ နေးကို ပြန်မေးလာသူကြောင့် နေး ကားကိုညာဘက်လမ်းကြောင်းဘက်ချပြီး အဖြေပြန်ပေးလိုက်သည်။

" နှစ်ခုလုံးပဲ ခင်ဗျာ့ "

" အိုကေ... မင်း တောင်းဆိုတဲ့အထဲက 50% လိုက်လျောတဲ့အနေနဲ့ သီချင်းပိတ်ပေးမယ်... မင်းကိုကြည့်နေတာကိုတော့ ရပ်ပေးဖို့စိတ်ကူးမရှိဘူး "

" ခင်ဗျား!!... ဒုဥက္ကဌ အဲ့လိုတွေဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်အလုပ်ထွက်ရလိမ့်မယ် "

ကားစတီယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဒေါသထွက်နေတာကို ထိန်းပြောနေတဲ့ငုဝါပွင့်လေးကြောင့် လျှန် ထီမထင်သလို တစ်ချက်ပြုံးလိုက်သည်။

" အလုပ်ထွက်လိုက်တော့လည်း အဆင်ပြေတာပဲ... မင်းကို ကိုယ် ဘာမှ ထောက်ထားနေစရာမလိုပဲ ပြည့်ပြည့်ဝဝ ချစ်ရေးဆိုလို့ရတာပေါ့ "

" ဒီမှာ ကိုဆက္ကဘုံလျှန်... ခင်ဗျားနဲ့ ကျွန်တော်တွေ့တာ တစ်ရက်တောင်မပြည့်သေးဘူး... ခင်ဗျား အခုလိုတွေ လုပ်နေတာက တစ်ဖက်သားကို တမင်စိတ်အနှောင့်အယှက်ပေးနေတယ်လို့ မထင်ဘူးလား "

နောက်ဆုံးမှာတော့ ထိန်းထားတဲ့ဒေါသလေးတွေက ပေါက်ကွဲထွက်လာပြီး ကားကိုလမ်းဘေးချရပ်ရင်း လျှန့်ကို ရန်စကားဆိုလာတော့သည်။ လျှန်က ခပ်ရေးရေးအပြုံးတစ်ခုကို နှုတ်ခမ်းထက်မှာချိတ်ဆွဲထားပြီး ပြောသမျှကို နားထောင်နေလိုက်သည်။

" နောက်သုံးနာရီနဲ့ ဆယ့်ရှစ်မိနစ်ဆို တစ်ရက်ပြည့်ပါပြီ...နောက်ပြီး မင်းကိုအနှောင့်အယှက်ပေးနေတာမဟုတ်ပဲ မေတ္တာရှိကြောင်းပြောနေတာလေ... ဒါက စိတ်ဆိုးစရာမှမဟုတ်ပဲ "

" ကျွန်တော့်မှာ ဆိုင်သူရှိပြီးသားလို့ ပြောထားခဲ့ပြီးပြီထင်တယ် "

" မင်းမှာ ဆိုင်သူရှိမှန်းမသိခင်ကတည်းက ချစ်မိသွားခဲ့တာလေ... ကိုယ်က ဘာတတ်နိုင်မှာတဲ့လဲ "

နေးကို ထပ်ပြီးပြောစရာရှိအောင် ချောင်ပိတ်ဖြေလိုက်တဲ့ ဆက္ကဘုံလျှန် ဆိုသူကြောင့် နေး စိတ်တိုရလွန်းလို့ အသက်တိုနိုင်သည်။ သူကတော့ ဘာမှမဖြစ်သည့်အလား အေးအေးလူလူနဲ့ပင် နေးကို ပြုံးကြည့်နေသည်မို့ ပိုဒေါသထွက်ရသည်။ ဒီလူ ဘယ်လိုလူလဲ။ နောက်ဆုံးတော့ ဘာပြောရမလဲဆိုတာကို နေး စဉ်းစားလို့ရသွားခဲ့သည်။

" Love at first sight ကို အယုံအကြည်မရှိဘူး "

" သိဝိမင်းနဲ့ ဥမ္မာဒန္တီပြဇာတ်ကို ရှေးလူကြီးတွေ အလကား ထားခဲ့တာမှမဟုတ်ပဲ "

လျှန့်စကားအဆုံးမှာတော့ BMW ကားလေးက အရှိန်ပြင်းပြင်းနဲ့ လမ်းမထက်မှာ မောင်းနှင်သွားတော့လေသည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၃၀-၁၀-၂၀၂၁)

Continue Reading

You'll Also Like

249K 9.2K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
66.3K 3.8K 27
"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါခင်ဗျာ... ဟဲဟဲ" //ချမ်းမြေ့မောင် "ဒီမျက်...
136K 11.3K 46
Unicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....
588K 38.3K 37
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}