Candy Crush

By hunkyu

35.2K 1K 34

"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမား‌ပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တ... More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း(၃၅)
အခန်း (၃၆)(ဇာတ်သိမ်းပိုင်း)
Notice
Q and A

အခန်း (၃၀)

831 19 0
By hunkyu

နှစ်ဝက်စာမေးပွဲများ နီးကပ်လာပြီဖြစ်သောကြောင့် တက္ကသိုလ်ကျောင်းသားတိုင်းအလုပ်များကြလေသည် ။ ဂုဏ်ထူးမှန်းကျောင်းသားများကတော့ စာတွေသေသေချာ‌ချာလုပ်နေကြသည်။ တချို့ကျောင်းသားများကတော့ ၇၅% မပြည့်သဖြင့် ကျောင်းအစားပြန်တက်နေကြရသည် ။ မိတ္တူဆိုင်တစ်ချို့တွင်လဲ ကျောင်းသားများက စုရုံးနေကြသေးသည်။

ဇေယျာ ခြေထောက်ကောင်းကောင်းမ‌သက်သာသေး၍ ကျောင်းမသွားနိုင်သောနေ့များက စာများကို တေဇာမောင်က ပြန်လည်ရှင်းပြပေးသည်။ တေဇာမောင်သည် အရင်ကထက် ဇေယျာ့အပေါာ စိတ်ရှည်လာသည်ဟု ဇေယျာတစ်ယောက်ခံစားမိနေသည်။ နူးညံ့ညင်သာလာသည်။

"တေဇာ..."

"ဟင်"

"မင်းစာမေးပွဲပြီးရင် ငါ့အိမ်လိုက်လည်ပါလား"

"မင်းတို့မြို့မှာ ပွဲတော်ရှိလို့လား"

"အင်းရှိတယ်"

"Ok လေ"

"နေနွယ် တို့ကိုလဲ ခေါာကြည့်လိုက်ရမလား"

"မိန်းခလေးတွေကို နောက်နှစ်ကြမှခေါာကြတာပေ့ါ "

"ကောင်းပြီလေ"

စာရှင်းပြပြီး၍ အိပ်ယာဝင်ဖို့လုပ်နေရင်း တေဇာမောင့်ကို မိမိ၏ နေရပ်ဇာတိဖြစ်သော နယ်မြို့လေးဆီသို့ ဖိတ်ခေါာမိသည်။ ငြင်းလောက်မည်ဟု တွေးထားမိပြီးအရဲစွန့်ခေါာမိပြီးနောက် မငြင်းဘဲ လက်ခံလိုက်သောကြောင့် အတိုင်းအထက်လွန် ပျော်မိသည်။

"မင်း ....၊ ငါ့အိမ်လိုက်လည်မယ့်အကြောင်း မင်းအိမ်ကိုရော ၊နေနွယ့်ကိုပါ ပြောထားအုံးနော်"

"‌နွယ်ကရပါတယ်၊ ဟိုနေ့ကတင် ငါ့ကို စာမေးပွဲပြီး ဇေယျာတို့အိမ်လိုက်လည်လို့ရရင်ကောင်းမယ်ပြောနေသေးတယ်"

ကျွန်တော်ငြိမ်သက်မိသွားသည်။ ကျွန်တော်ကတွေးမိရုံတင်ရှိသေးသည်။ ကျွန်တော့်ထက်အရင် ဦးနှင့်သူက ဦးပြီးပြီ။

"အာ့ဆိုလဲ ၊ နေနွယ့်ကိုခေါာကြမယ်လေ"

"နွယ်က လိုက်လည်ချင်တယ်ဘဲအော်နေတာ၊ တကယ်ကသူမအားဘူး"

"သူ့ရဲ့ အဂ်လိပ်စာ UFL distance ကတက်ရအုံးမှာ၊ ပြီးတော့ နွယ်တစ်ယောက် ဒီရက်ပိုင်းဘာတွေကြိတ်လုပ်နေလဲမသိဘူး၊ မအားဘူးချည်းပြောနေတာ"

"နေနွယ်ကတော့ အမြဲ ကိုယ့်ကိုကိုယ်တိုးတက်ဖို့လမ်းကြောင်းရှာဖွေနေတော့တာဘဲနော်၊ တကယ်တော်တယ်"

"နွယ်က အာ့လိုကြိုးစားလေ ငါ့မှာ တခါတခါ သိမ်ငယ်လေဖြစ်ရတယ်"

ကော်ရစ်တာမှမီးရောင်အနည်းငယ်ရနေသည့် အခန်းငယ်လေးဟာ ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ မျက်နှာမမြင်ရသော်လည်း တစ်ဖက်ခြင်ထောင်ထဲတွင်ရှိနေမည့် လူသား၏မျက်နှာကိုမြင်ယောင်ကြည့်မိသည်။ သိပ်မကြာခင်မှာ ထိုလူသားလေးဟာ စကားပြန်စလာသည်။

"နွယ်က သိပ်တော်တယ်၊ ထက်မြတ်တယ်၊ ဘွဲ့မရသေးခင်မှာတောင် သူဟာ ဗဟုသုတကြွယ်ပြီး ပညာတတ်တဲ့အမျိုးသမီးဖြစ်တယ် ၊ ငါ့ကိုလာလာပြောကြတဲ့သတင်းတွေရှိတယ်၊ နွယ့်ကို ဆေးကျောင်း၊ ရေကျောင်း၊ အင်ဂျင်နီယာကျောင်း တွေကတောင်လာပိုးပန်းကြတယ်တဲ့၊ နွယ်က နမည်ကြီးကျောင်းသူတစ်ယောက်"

"မင်းလဲတော်တာဘဲ"

"အဟက်.....၊ အာ့လိုမျိုးရုပ်ရည်၊ ပညာ၊ ဥစ္စာ  ပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ချစ်သူဖြစ်ရတဲ့ ငါက ဘယ်လောက်ကံကောင်းလိုက်သလဲ၊ မင်းကောဘယ်လိုထင်လဲ"

~ငါကဘယ်လိုထင်နိုင်မှာလဲ... အာ့လိုမိန်းကလေးမျိုးကို အပိုင်ရထားလို့‌ကံကောင်းမှုလို့ ဆိုနေတဲ့ မင်းကို ချစ်နေရတဲ့ငါက ပိုပြီးကံကောင်းတာပေါ့လို့ပြောရမလား~~~~~

"မင်းတို့နှစ်ယောက်ကလိုက်ဖက်ပါတယ်"
သက်ပြင်းတစ်ချက်ကိုတော့ အသံတိတ်ချလိုက်မိသည်။

"ငါတော့ ငါ့ရဲ့အာ့ကံကောင်းမှုလေးကို လက်လွှတ်မိတော့မယ်ထင်တယ် ....ဇေ"

"ဟမ် ....မင်းဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ဘူး အိပ်တော့ "
တစ်ကိုယ်ရည်စာ အသံထွက်ရုံလေး နောက်ဆုံးတေဇာမောင်ပြောလိုက်တဲ့ စကားကို ဇေယျာတစ်ယောက်စဉ်းစားရင်း အိပ်‌လိုက်တော့သည်။

#အိုင်ရင်းအချိန်အတော်ကြာမှ ပြန်ပေါာလာမိလို့ စာဖတ်သူတွေကိုတောင်းပန်ပါတယ်။
နောက်တစ်ပိုင်းက supriseပါ

Continue Reading

You'll Also Like

270K 18.3K 29
[Unicode]Cover Songတွေသီဆိုပြီးနာမည်ကြီးနေတဲ့ကောင်လေးနဲ့ Dancerကောင်လေးတို့ရဲ့ချစ်ခြင်းက ဖြောင့်တန်းမလား ကောက်ကွေ့မလား ????? ဤဇာတ်လမ်းထဲတွင်ပါဝင်သော...
106K 266 57
ဖောက်ပြန်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ "ဘဲရှိတဲ့ ကောင်မစောက်ဖုတ်ထဲ မောင့်လီး အချောင်းလိုက်ကြီး ဝင်လိုးနေတာ ငုံ့ကြည့်စမ်း" ဆိုတဲ့ မောင် (Wattpad ကတွေ့တဲ့ Virg...
496K 35.1K 112
HlxanNayyUniverse ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (Own Creation) Starting Date •• 24/9/2021 Ending Date •• 3/9/2024
159K 6.7K 34
#Romance #Drama ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြစ်သည်။ (Unicode) #Romance #Drama ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျ...