Transmigrator meets reincarna...

By Larkspur41

99.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
144
145
146
147
148
149
150
151
152
153
154

143

1.4K 329 31
By Larkspur41

Unicode

ချူးလျန် ခေါင်းယမ်းမိတယ်၊ ကြမ်းတမ်းလှတဲ့ ဆောင်းဥတုမှာ လျန်ကျိုးကို ကုန်ပစ္စည်းတွေ သယ်ပို့ဖို့ဆိုတာ ခက်ခဲလွန်းတယ်၊ ဒါက လျန်ကျိုးရဲ့ နဂို ရှိရင်းစွဲ အခြေနေကိုတောင် ပိုဆိုးသွားစေနိုင်တယ်။

ဒီလိုအခြေနေကြောင့်သာ မဟုတ်ရင် အင်ပါယာကလည်း တုဟွန်းတွေ လာတိုက်ခိုက်တာကို ဒီလောက်စိုးရိမ်တကြီးဖြစ်နေမှာ မဟုတ်ဘူး။

နှစ်စလောက်ကတည်းက လျန်ကျိုးဆီကို အထောက်အပံ့တွေ မပို့နိုင်ခဲ့တာ၊ လာတဲ့ အကူအညီတွေကလည်း ယွဲ့ချင်တောင်တန်းပေါ်မှာ ပိတ်မိနေတော့ တုဟွန်းတွေက ဒီအချိန်ကို တမင်ရွေးပြီးတိုက်ခိုက်လာတာ အံ့ဩစရာမရှိပါဘူး။

အခုချိန်မှာ ချူးလျန်စိတ်ထဲ အစစအရာရာ ပူပန်နေပေမယ့် သူမမှာ ဘာအကြံကောင်းမှ မရှိနေဘူး။

ဒီနေရာမှာ ငွေကြေးက အသုံးမဝင်မှတော့ ပထမဆုံးဖြေရှင်းဖို့လိုနေတာက ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးဘဲ။

ထန်းယန်က ချူးလျန်ကို သူမရဲ့ ခြံဝန်းဆီ လိုက်လံပို့ဆောင်ပြီးတာနဲ့ သူ့လူတွေကို နေရာချဖို့ရာထွက်ခွာသွားတယ်။

လျန်ကျိုးရဲ့ စီရင်စု အုပ်ျုပ်ရေးမှုးက လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက နှုတ်ထွက်သွားခဲ့တယ်၊  လက်ရှိမှာ စစ်သူကြီး ချီအန်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်၊ လျန်ကျိုးမှာက မြို့ခံက အနည်းငယ်သာရှိပြီး အများစုက စစ်တပ်ကို အခြေချထားတယ်၊ဒီတော့ စစ်သူကြီးချီအန်းက လက်ထောက်ခြေလျင်တပ်မှုး ခေါင်းဆောင်ဝူကို စီရင်စုတာဝန်တွေကို ကြီးကြပ်ခိုင်းထားတယ်။

အခုချိန်မှာကျ စစ်တပ်တစ်ခုလုံးက မြို့ပြင်မှာ တပ်စွဲထားပြီးပြီ၊ ပုံမှန်ဒီလို အခြေနေမျိုးမှာ ခေါင်းဆောင်ဝူလည်း တပ်ထဲကို ပြန်သွားဖို့ လိုအပ်လိမ့်မယ်။

နှစ်တိုင်း မြို့တံတိုင်းကို ပြင်ဆင်ဖို့ မြောက်ပိုင်းစစ်တပ်ကပါ ပါဝင်ရတော့ မြို့နံရံရဲ့ အခြေနေကို စစ်သူကြီး ချီအန်းက ကောင်းကောင်း သိရှိထားတယ်။

ဒီမြို့ရိုးက အခုချိန်မှာ တိုက်ခိုက်မှု တချက်ကိုတောင် ခံနိုင်တော့မှာ မဟုတ်ဘူး ၊ ဝူအင်ပါယာနဲ့ တုဟွန်း နယ်စပ်ကို အဓိက ပိုင်းခြားထားတာက စူလာမြစ်ဘဲ၊ စူလာမြစ်က မြောက်ပိုင်း မြက်ခင်းပြင်ရဲ့ အသက်သွေးကြော‌ဖြစ်တယ်၊အခုချိန်မှာ စစ်သူကြီး ချီအန်းက မြောက်ပိုင်းတပ်သားတွေကို အဲ့ဒီသဘာဝတရားရဲ့ ဘေးနားကနေ ကာကွယ်ထားစေတယ်။

စူလာမြစ်ကို ဖြတ်သန်းလိုက်တာက လျန်ကျိုးမြို့ထဲဝင်ဖို့ တံခါးတချပ် ဖွင့်လိုက်တာနဲ့ တူတယ်။

တုဟွန်းတွေက မြစ်ကို ဖြတ်ဝင်လာနိုင်တာနဲ့ ဝူအင်ပါယာ နယ်စပ်ကို တဟုန်ထိုး တိုက်ခိုက်လာလိမ့်မယ်၊ သူတို့ လမ်းကြောင်းမှာ ရှိတဲ့ ပထမဆုံးနေရာက  ထျန်ကျင်းဆိပ်ကမ်းဘဲ။

ဒါကို ကြည့်ရင် စူလာမြစ်ကမ်းဘေးကို စောင့်ကြပ်ဖို့က ဘယ်လောက်အရေးပါမှန်း သိရှိနိုင်တယ်။

ချူးလျန်က ဝမ်လန်ရဲ့ အကူအညီနဲ့ မီးလင်းဖိုရှေ့နားမှာ ထိုင်လိုက်တယ်၊ မီးရဲ့ အပူက နွေးထွေးပြီး တောက်ပနေတယ်၊ မန်နေဂျာကျင်းကလည်း ချူးလျန် ရှေ့မှာထိုင်ပြီး ပတ်ဝန်းကျင်ကနေ သူတူးဆွခဲ့သမျှ သတင်းအချက်လက်တွေကို ပြန်တင်ပြနေတယ်။

သတင်းတွေကို ကြားတော့ ချူးလျန်က သူမရဲ့ ကံကောင်းစေတဲ့ ကြယ်လေးတွေကို ကျေးဇူးတောင်တင်မိသွားတယ်၊သူမတို့ရဲ့ အိမ်သုံးပစ္စည်းတွေနဲ့ ရိက္ခာတွေကို အလုံအလောက်ယူခဲ့တာ ကံကောင်းတယ်လိူ့ပြောရမယ်၊ သူတိူ့တဖွဲ့လုံးအတွက် ရိက္ခာက ခဏအတွင်းတော့ ပြတ်လပ်အုံးမှာ မဟုတ်သေးဘူး။

ချူးလျန်က မယ်တော်ကြီး အမိန့်အရ လာပြီး အမိန့်စာလွှာကလည်း သူမလက်ထဲမှာဘဲ ရှိသေးတော့ အထောက်အပံ့ပစ္စည်းတွေကလည်း သူမနဲ့ အတူရှိနေတုန်းဘဲ၊ပစ္စည်းပမာဏက သိပ်မများလှပေမယ့်လည်း ဘာမှ မရှိတာထက်တော့ သာပါသေးတယ်၊ ကြည့်ရတာ သူမ တပ်ထဲ သွားရောက်ဖို့ အခွင့်ရေးရှာရတော့မယ်နဲ့ တူတယ်။

ဒါကို မဆူံးဖြတ်ရင် ထန်းယန်နဲ့ အရင်ဆွေးနွေးတာက ကိုကောင်းမယ်ထင်တယ်။

မြောက်ပိုင်းဒေသက အတော်ကို ချမ်းအေးတယ်၊သူတို့ရောက်နေကြတာ လျန်ကျိုးရဲ့ အကောင်းဆုံးစံအိမ်လို့ ပြောလို့ရပေမယ့် ချူးလျန်က နွေးထွေးတဲ့ အိပ်ရာထက်မှာ လှဲနေတာတောင်မှဘဲ အေးစက်နေတုန်းဘဲ၊ချူးလျန်ကို မဆိုထားနဲ့ ကိုယ်ခံပညာတွေသင်ထားလို့ ကြံ့ခိုင်တဲ့ လီရှင်းနဲ့ လီယွဲ့တောင်မှ ဘောလုံးလေးလို ကွေးကွေးလေး ဖြစ်နေကြတယ်။

ချူးလျန်က 2ရက်လောက် အနားယူပြီးချိန်မှာတော့ ဖြည်းဖြည်းချင်းလမ်းလျှောက်လို့ရနေပြီ၊ ဒါနဲ့ မနက်အစောပိုင်းမှာ သူမက လူလွှတ်ပြီး ထန်းယန်ကို ခေါ်ခိုင်းလိုက်တယ်။

ဝူအင်ပါယာက လူတွေက လောကဝတ်နဲ့ ပုံပန်းသွင်ပြင်ကို အလေးအနက်ထားတဲ့သူတွေ ဖြစ်ကြတယ်၊
ထန်းယန်ကလည်း စည်းကမ်းတင်းကြပ်တဲ့ လူတွေရှိတဲ့ ရှန်းတုန်းဒေသကလာပေမယ့်လည်း မြို့တော်မှာ နေတာကြာတော့ မြို့တော်ရဲ့ လူနေမှုပုံစံနဲ့ ကျင့်သားရလို့နေပြီ။

မနက်လင်းတော့ ထန်းယန်က သူ့မျက်နှာမှာ မုတ်ဆိတ်အနည်းငယ်ထွက်လာတာကို စမ်းမိလိုက်တယ်၊ ဒီတော့ အစေခံကို သင်တုန်းဓားယူခိုင်းပြီး မုတ်ဆိတ်ရိတ်လိုက်တယ်၊ သူ့အနားက အစောင့်တွေကလည်း ဒါကို မြင်တော့ သူတို့ မျက်နှာပေါ်က အမွှေးအမျှင်တွေကို လိုက်ရိတ်ပြီး သန့်ရှင်းကြတယ်။

အိမ်အပြင်ဝကို ခြေလှမ်းလိုက်တာနဲ့ သူ့တကိုယ်လူံး လန်းဆန်းတက်ကြွပြီး ခံစားချက်တွေ ကောင်းမွန်နေတယ်။

မြောက်ပိုင်းကို လာတဲ့ ခရီးလမ်းမှာ အရေးပေါ်အခြေနေတွေ အတွက် ချူးလျန်က သူမရဲ့ ကိုယ်ခံပညာကျွမ်းကျင်တဲ့ အစေခံနှစ်ဦးဖြစ်တဲ့ဝမ်ချင်းနဲ့ ဝမ်လန်ကို ခေါ်လာခဲ့တယ်၊ နောက်ပြီး အမျိုးသမီး အစောင့် လီယွဲ့ကိုပါ ထည့်တွက်ရင် သူမတို့အဖွဲ့ထဲမှာ အမျိုးသမီးလေးဦး ရှိနေပြီ၊ကျန်တဲ့ သန့်ရှင်းရေးလုပ် ထမင်းချက်တဲ့သူတွေက အကုန် အမျိုးသားတွေချည်းဘဲ၊။

ဒီတော့ အခု အိမ်တော်မှာ အမျိုးသားတွေနဲ့ ပြည့်လုနီးပါးဖြစ်နေပြီ။

ချူးလျန်က မနက်အစောကြီး နိုးနေတဲ့ အချိန်မှာ ထန်းယန်လည်း နိုးနေပြီ၊ သူက ဝမ်ချင်းအထဲကို မနက်စာသယ်သွားတာကို မြင်တော့။ အရှက်မဲ့စွာနဲ့ သူ့‌အတွက်ပါ မေးမိတယ်၊ ချူးလျန်က အမျိုးသမီးကျင်းယီဖြစ်နေတော့သူမဆီက နေ့တိုင်း အစားအသောက်တောင်းစားဖိူ့ထိကျ ထန်းယန်ခမျာ အရေမထူလှဘူး၊ အခြား တဖက်မှာကျတော့ တကယ်လို့ သူသာ ဖိတ်ကြားခံရရင်  အထဲဝင်ပြီး စားဖို့ အကြောင်းပြချက်ကောင်း ရနိုင်လိမ့်မယ်။

ချူးလျန်ကလည်း အစားတလိုင်းတွေရဲ့ အတွေးအခေါ်တွေကို မမြင်ဘဲ ဘယ်နေပါ့မလဲ။

ဒါနဲ့ ချူးလျန်က ဝမ်ချင်းကို မသိမသာ ခေါင်းညိမ့်ပြလိုက်တယ်။

ထန်းယန်ရဲ့ ခံစားချက်တွေ ကောင်းနေပုံပေါ်တာကို မြင်တော့ ချူးလျန်က တွေးလိုက်မိတယ်။

ထန်းယန်က ဒီနှစ်ဆို 26နှစ် ရှိနေပြီ၊သူက ဟေးစန်းလန်တို့ မင်းသာကျင်းတို့နဲ့ မယှဉ်နိုင်ပေမယ့် သူတိူ့သာမရှိရင် သူ့ရုပ်ရည်က အသင့်အတင့်ထက်ကို ပိုတယ်။

သူ့နှာတံက မြင့်ပြီး မျက်တောင်တွေကလည်း ထူထဲပြီး နက်မှောင်နေတယ်၊ ဒီနေ့ မုတ်ဆိတ်ပါရိတ်ထားတော့ သူ့ပုံစံကထက်မြတ်ပြီး နူးညံ့တဲ့ပုံပေါ်ကာ ခါတိုင်းထက် ပိုကြည့်ကောင်းနေတယ်။

လှပမှုကို မနှစ်သက်တဲ့သူက ဘယ်ရှိမှာလဲ၊ ချူးလျန်က ထန်းယန်ကို သန့်စင်ပြီး အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ ငေးကြည့်နေမိတယ်၊ သူမ မျက်လုံးတွေက ထန်းယန်ရဲ့ နောက်နားမှာ ရပ်နေတဲ့ မင်းသားကျင်းရဲ့ အစောင့်တပ်ဖွဲ့ဆီပါ ရောက်သွားတယ်။

သူတိူ့တွေက အနက်ရောင်ဝတ်စုံကို အပေါ်က မီးခိုးရောင် ရှဉ့်မွှေးဝတ်ရုံထပ်ပြီး ဝတ်ဆင်ထားကြတယ်၊ အားလုံးက အရပ်ရှည်ပြီး နှစ်ရှည်လများ လေ့ကျင့်ခဲ့ရတော့ ခန္ဓာကိုယ်တွေက ကြံခိုင်ကြတယ်၊ သူတိူ့တွေက ထန်းယန်လိုဘဲ မုတ်ဆိတ်ပါရိတ်ထားကြတယ်၊ ဒီလိုခန့်ညားနေတဲ့ အမျိုးသားထုကြီးက တကယ်ဘဲ ကောင်းမွန်တဲ့ ရှုမြင်ကွင်းတစ်ခုဘဲ။

အမျိုးသမီးတွေက တဖက်လူကိုလေးစားမှု ပြဖို့ သန့်ရှင်းပြီး လှလှပပဖီးလိမ်းသလိုဘဲ သူမ ရှေ့က အမျိုးသားကလည်း သန့်သန့်ရှင်းရှင်းဝတ်စားပြီး လေးစားမှုကိုဖော်ပြနေတယ်၊ ချူးလျန် ရုတ်တရက်ဘဲ ဝူအင်ပါယာရဲ့ စည်းမျဉ်းတွေက မဆိုးလှဘူးလို့ ခံစားမိသွားတယ်။

ချူးလျန်က ပွင့်ပွင့်လင်းလင်းဘဲ ချီးမွမ်းလိုက်တယ် " ခေါင်းဆောင်ထန်းက ဒီနေ့မှ ထူးထူးခြားခြား ကြည့်ကောင်းနေတော့တာဘဲ"

ချီးမွမ်းတာကို မကြိုက်တဲ့သူရယ်လို့ ဘယ်ရှိပါ့မလဲ၊ ဒါက ထန်းယန်တောင်မှ ချွင်းချက်ဖြစ်မနေဘူး၊ လမ်းခရီးမှာ ချူးလျန်နဲ့ ပိုပြီး ရင်းနှီးလာတော့ ဒီစကားက ချူးလျန်က သူ့ကို ရိုးရိုးသားသားနဲ့ ချီးမွန်းနေတာမှန်း ထန်းယန်က သဘောပေါက်တယ်လေ။

သူ့စိတ်အခြေအနေက တကယ်လည်း ကောင်းနေတယ်၊ ဒီမနက် ဆေးကြောသန့်စင်ရတာက ခရီးလမ်းတလျှောက်လူံးမှာ ပထမဆူံးအနေနဲ့ ရေချိုးရခြင်းဘဲ၊ လမ်းခရီးကအညစ်အကြေးတွေ ကို ဆေးကြောသန့်ရှင်းပြီးလို့ လန်းဆန်းတက်ကြွနေတဲ့ အပြင် ချီးမွမ်းပါ ခံလိုက်ရတော့ စိတ်အခြေအနေက ပိုလို့တောင် ကောင်းမွန်သွားတယ်။

ထန်းယန်က ပြန်ဖြေမလို့ လုပ်တုန်းမှာဘဲ တံခါးဝကနေ အေးစက်စက် လှောင်ရယ်သံတစ်ခုက ထွက်ပေါ်လို့လာတယ်၊ရေခဲတွေလို အေးစက်ပြီး ဆွဲဆောင်မှု ရှိနေတဲ့ အသံက အခန်းထဲကို ဝင်လာတယ်" ဘာစကားတွေ ပြောနေတာလဲ လျန်အာ"

ချူးလျန်က အလွန်အမင်းအံ့ဩတကြီးနဲ့ ဝင်ပေါက်ကို လှမ်းကြည့်မိတယ်၊ ဟေးစန်းလန်ရဲ့ ဖြောင့်မတ်နေတဲ့ ပုံရိပ်က တံခါးက လိုက်ကာစနောက်မှာ မားမားမတ်မတ်ကြီးရပ်နေတယ်၊ သူ့နောက်က ဝမ်လန်ကတော့ ကူကယ်ရာမရ ဖြစ်နေတဲ့ ပုံလေးနဲ့ ဖြစ်နေတယ်။

သူ့မျက်နှာပြင်တစ်ခုလုံးမှာ အမွှေးအမျှင်တွေက တဝက်လောက်ဖုံးနေတော့ ဘယ်လိုပုံဖြစ်နေလဲဆိုတာကို ချူးလျန် မမြင်နိုင်ဘူးဖစ်နေတယ်၊ ဒါပေမယ့် သူ့မျက်လုံးထဲမှာ လှိုင်းဂယက်တွေ ထပြီး မတည်မငြိမ်‌ဖြစ်နေတာတော့ သေချာတယ်။

ဒီလို ဟေးစန်းလန်ကို မြင်လိုက်ရတော့ ချူးလျန် မျက်မှောင်ကြုံ့သွားတယ်၊ အခုလို ဟေးစန်းလန်ရဲ့ ပုံက သူမ ထင်ထားတာနဲ့ အကွာကြီးကွာနေတယ်။

ဟေးစန်းလန် ပုခုံးတွေပေါ်မှာ နှင်းစတွေ ကပ်ညှိနေတယ်၊ သူ့ဆံပင်ကိုလည်း ဖြစ်သလိုဘဲ စည်းနှောင်ထားပုံရတယ်၊ အကျီတွေကလည်း ညစ်ပေပြီး အနည်းငယ် ပြဲနေတယ်၊နောက်ပြီး သူ့ရဲ့ စစ်တပ်သုံးဖိနပ်ရှည်မှာပါ နှင်းတွေ ရွှံ့တွေနဲ့ ကပ်နေတယ်၊ဟေးချန်ဒီရဲ့ အခုလိုစုတ်ချာနေတဲ့ ပုံက ထန်းယန်တို့ အဖွဲ့ရဲ့ သပ်ရပ်သန့်ရှင်းနေတဲ့ ပုံနဲ့ အကွာကြီးကွာနေတယ်။

ချူးလျန်က ထရပ်ပြီး ဟေးစန်းလန်ရှိရာဆီ လျှောက်လာတယ် " ရှင်က အခုချိန်ကြီး ဘယ်လိုရောက်လာတာလဲ"

ဒါက သာမန်မေးခွန်းလေး တစ်ခုပေမယ့် ဟေးချန်ဒီရဲ့ နားထဲမှာ မထီမဲ့မြင်ပြုသလိုခံစားလိုက်ရပြီးတော့ သူ့အမူအရာတွေက ပိုလို့တောင်မည်းမှောင်သွားတယ်။

သူ့နှုတ်ခမ်းဖျားတွေ မဲ့ကျသွားပြီးတော့ " ဘာလဲ ၊လျန်အာက ယောက်ျား ပြန်ရောက်လာတာကို သဘောမကျဘူးလား"

ချူးလျန်က ခေါင်းကို လှည့်ပြီး ဟေးချန်ဒီကို ဂရုတစိုက်ကြည့်လိုက်တယ်၊ သူမစိတ်ထဲ သူ့စကားတွေထဲမှာ မပျော်မရွှင်ဖြစ်မှုတွေ တွေ့နေရသလိုဘဲ၊ဒီယောက်ျားက ထပ်ပြီး စိတ်ကောက်နေပြန်တာလား? သူမ မှတ်မိသလောက်ဆို သူမတို့တွေ မတွေ့ရတာ ရက်အနည်းငယ်တောင်ရှိနေပါပြီ၊ သူ့ကို စိတ်ဆိုးအောင်လုပ်မိစရာအကြောင်းလည်း မရှိပါဘူး။

သူထွက်သွားကတည်းက သူမတို့အားလုံး အဆင်ပြေနေခဲ့တာပါ။

ဒါပေမယ့် ချူးးလျန်က ဟေးချန်ဒီရဲ့ စိတ်နှစ်ခွ ဖြစ်တာတွေကို ကျင့်သားရနေပြီ၊ သူမအမူအရာက တချက်မှပြောင်းလဲသွားတာမျိုးရှိမနေဘူး၊ သူ့စကားတွေကို ကြားတော့ ချူးလျန်က ဘာမှ ပြန်မဖြေဘဲ ပြုံးပြီးဘဲ နေလိုက်တယ်။

ထန်းယန်ကလည်း ထလာပြီး ဟေးစန်းလန်ကို လာနှုတ်ဆက်တယ်၊။

ထန်းယန်နဲ့ ဟေးစန်းလန်တို့ကြား ဘာအဆက်အသွယ်မှ မရှိဘူးဆိုပေမယ့် သူတို့နှစ်ယောက်က နည်းနည်‌ေတာ့ သိကျွမ်းကြတယ်‌၊ ဟေးချန်ဒီက မျက်နှာပြောင်နဲ့ ကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားတဲ့ ထန်းယန်ကို ကြည့်ပြီး သူ့နှလုံးသားထဲက မကျေမနပ်ဖြစ်နေသလို ခံစားလိုက်ရတယ်။

ထန်းယန်ကတော့ ဟေးချန်ဒီအပေါ် ဘာတုံ့ပြန်မှုမှ ရှိမနေဘူး၊ သူတိူ့က မင်းသားကျင်းအိမ်တော်မှာ တခေါက် နှစ်ခေါက် တွေ့ဖူးထားပြီးသားလေ။

ထန်းယန်က ချူးလျန်ရဲ့ ဟေးချန်ဒီကို ဒီနေ့လာရှာမယ့် အကြောင်းကိုတောင် ပြောပြနေလိုက်သေးတယ်။

ဟေးချန်ဒီလည်း သူ့ခံစားချက်တွေကို ဖုံးကွယ်ပြီး ခေါင်းညိမ့်ပြလိုက်တယ်၊ ပြီးတော့ စားပွဲတဖက်ကို သွားပြီး ဝင်ထိုင်လိုက်တယ်၊ သူထိုင်ခုံပေါ် ထိုင်ထိုင်ချင်းဘဲ သူ့ တင်ပါး‌ဆီက နာကျင်မှုတွေကြောင့်အံကို တင်းတင်းကြိတ်လိုက်မိတယ် ။

ချူးလျန်လည်း သိပ်ပြီး အာရုံထားမနေတော့ဘူး၊ တကယ်က မိုချန်ကွေ့ရဲ့ စကားတွေကို ကြားရကတည်းက ချူးလျန်မှာ ဒီရက်ပိုင်း စိတ်ပူပင်နေခဲ့တာ၊ အခုသူ့ကို တွေ့လိုက်ရတော့ စောစောက ထန်းယန်တို့ဆီထားတဲ့ အာရုံက သူ့ဆီ ပုံကျသွားတယ်၊သူမ စိတ်ထဲ ဟေးစန်းလန်ကို အပြစ်ပေးခံရသေးလားလို့ မေးချင်နေပေမယ့် ထန်းယန်က ဘေးမှာ ရှိနေတော့ အချိန်ကောင်း မဟုတ်သေးဘူး၊ဒါနဲ့ ဟေးချန်ဒီနဲ့ အတူ စားပွဲမှာ ဝင်ထိုင်လိုက်တယ်။

အဲ့ဒီအချိန်မှာဘဲ ဝမ်ချင်းက မနက်စာယူပြီး အထဲဝင်လာတယ်၊ သူမက တတိယသခင်လေးကို မြင်လိုက်ရတော့ အံ့အားသင့်သွားပုံရတယ်။

ဝမ်ချင်းက ဟင်းတွေကို စားပွဲပေါ်ချလိုက်တယ်၊ ဒီနေ့မနက်စာက အသီးအရွက် ကော်ပြန့်လိပ်နဲ့ ကြက်သားမွှကြော်၊ မှိုဆန်ပြုတ်တို့ ဖြစ်တယ်။

ထန်းယန်က အစားအသောက်တွေကို မြင်တော့ မျက်လူံးတွေက ပင့်တက်သွားတယ်၊ သူက တူကို ချက်ချင်းကိုင်ပြီး ပြောလိုက်တယ် " အမျိုးသမီး ကျင်းယီ၊ တတိယသခင်လေး ကျွန်တော်က တော့ ဟိတ်ဟန်တွေ လုပ်မနေတော့ဘူး၊ အရင်‌ စားလိုက်တော့မယ် "

ပြောပြီးပြီးချင်းဘဲ သူက အမဲလိုက်နေသလို စစားတော့တယ် ။

ချူးလျန်ကလည်း ဇွန်းကို ကိုင်ပြီး ခေါင်းငုံလို့ ဆန်ပြုတ်ကို စသောက်လိုက်တယ်၊ သူမ က ဟေးချန်ဒီကို မနက်စာ စားခဲ့ပြီးပြီလယးလို့ မေးမလို့ကြံနေတုန်းမှာဘဲ သူမ လက်ထဲက ‌ဇွန်းက သူ့ရဲ့ ဆွဲယူခြင်းကို ခံလိုက်ရတယ်။

ချူးလျန်က သူမ ဇွန်းကို ဆွဲလုသွားတဲ့ ဒီယောက်ျားကို ကြည့်နေရုံဘဲ တတ်နိုင်လိုက်တယ်၊ မျက်စိရှေ့မှာဘဲ သူမ ပန်းကန်ထဲက ဆန်ပြုတ်က ဇွန်းကြီးနဲ့ အပြည့် သူ့ပါးစပ်ထဲ ဝင်သွားတယ်။

ချူးလျန်မှာ တကယ်ဘဲ ကြောင်‌တောင်တောင်ဖြစ်သွားရတယ်၊ ဒီ....ဒီဟေးစန်းလန်ကတော့ ! ဒါက သူမရဲ့ မနက်စာလေးလေ။

ချူးလျန်က စကားတောင်မပြောနိုင်ဘဲ မျက်လုံးပြူးလေးနဲ့ ကြောင်ကြည့်‌နေမိတယ်၊ သူမရဲ့ မနက်စာကို အငမ်းမရ လုစားနေတဲ့ ဟေးချန်ဒီကို ကြည့်နေရုံအပြင် ဘာမှ မလုပ်နိုင်ဘူး၊ ဟေးချန်ဒီစားနေတာက ထန်းယန်ထက်တောင် ပို မြန်နေသေးတယ်၊ ဒီအမျိုးသားနှစ်ယောက် လုစားနေကြာတကို ကြည့်ပြီး ဒါတွေက မြို့တော်က မျိုးရိုးမြင့်လူတွေမှ ဟုတ်သေးရဲ့လားလို့တောင် တွေးမိတယ်။

ဝမ်ချင်းက ပထမဆူံးသတိပြန်ဝင်လာပြီးတော့ " တတိယသခင်မလေး ခဏစောင့်ပါ ကျွန်မ အသစ်တစ်ခု ထပ်ယူပေးပါ့မယ် "

ချူးလျန်က နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။

ချူးလျန်အတွက် ဆန်ပြုတ်အသစ်တခွက်ရောက်လာတဲ့အချိန်မှာ စားပွဲပေါ်က ကော်ပြန့်လိပ်တွေကတော့ လေထဲ ပျောက်သွားပြီ။

ဟေးစန်းလန်ကတော့ စိတ်ထဲမှာ ကြိတ်ပြီး ရေတွက်နေတယ်၊ သူ ထန်းယန်ထက် ကော်ပြန့်တစ်ခုပိုစားနိုင်လိုက်တယ်၊ ဒါကို တွေးမိသွားတော့ သူ့စိတ်အခြေအနေက ပိုအဆင်ပြေလာသလိုဘဲ၊သူက တူကို ချပြီး ထန်းယန်ကို စိန်ခေါ်တဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

ထန်းယန်ကလည်း ဟေးချန်ဒီရဲ့ သဘောထားကို ခံစားမိနေတယ်၊အခုချိန်မှာ အစားကောင်းအသောက်ကောင်းကိုလည်း စားပြီးနေမှတော့ ဒီနေရာမှာ ဆက်ရှိမနေသင့်တော့ဘူး၊ ဒါနဲ့ ထပြီး နှုတ်ဆက်လိုက်တယ် " တတိယသခင်လေး ၊အမျိုးသမီးကျင်းယီ နှစ်ယောက်သား အရင်ဆုံး တိုင်ပင်လိုက်ကြပါအုံး၊ ဆုံးဖြတ်ပီးမှဘဲ ဒီငယ်သားကို လှမ်းအ‌ေကြာင်းကြားလိုက်ပါ "

Zawgyi


ခ်ဴးလ်န္ ေခါင္းယမ္းမိတယ္၊ ၾကမ္းတမ္းလွတဲ့ ေဆာင္းဥတုမွာ လ်န္က်ိဳးကို ကုန္ပစၥည္းေတြ သယ္ပို႔ဖို႔ဆိုတာ ခက္ခဲလြန္းတယ္၊ ဒါက လ်န္က်ိဳးရဲ႕ နဂို ႐ွိရင္းစြဲ အေျခေနကိုေတာင္ ပိုဆိုးသြားေစႏိုင္တယ္။

ဒီလိုအေျခေနေၾကာင့္သာ မဟုတ္ရင္ အင္ပါယာကလည္း တုဟြန္းေတြ လာတိုက္ခိုက္တာကို ဒီေလာက္စိုးရိမ္တႀကီးျဖစ္ေနမွာ မဟုတ္ဘူး။

ႏွစ္စေလာက္ကတည္းက လ်န္က်ိဳးဆီကို အေထာက္အပံ့ေတြ မပို႔ႏိုင္ခဲ့တာ၊ လာတဲ့ အကူအညီေတြကလည္း ယြဲ႕ခ်င္ေတာင္တန္းေပၚမွာ ပိတ္မိေနေတာ့ တုဟြန္းေတြက ဒီအခ်ိန္ကို တမင္ေ႐ြးၿပီးတိုက္ခိုက္လာတာ အံ့ဩစရာမ႐ွိပါဘူး။

အခုခ်ိန္မွာ ခ်ဴးလ်န္စိတ္ထဲ အစစအရာရာ ပူပန္ေနေပမယ့္ သူမမွာ ဘာအၾကံေကာင္းမွ မ႐ွိေနဘူး။

ဒီေနရာမွာ ေငြေၾကးက အသုံးမဝင္မွေတာ့ ပထမဆုံးေျဖ႐ွင္းဖို႔လိုေနတာက ကုန္ပစၥည္းေတြ သယ္ယူပို႔ေဆာင္ေရးဘဲ။

ထန္းယန္က ခ်ဴးလ်န္ကို သူမရဲ႕ ျခံဝန္းဆီ လိုက္လံပို႔ေဆာင္ၿပီးတာနဲ႔ သူ႕လူေတြကို ေနရာခ်ဖို႔ရာထြက္ခြာသြားတယ္။

လ်န္က်ိဳးရဲ႕ စီရင္စု အုပ်္ဳပ္ေရးမႈးက လြန္ခဲ့တဲ့ ႏွစ္ဝက္ကတည္းက ႏႈတ္ထြက္သြားခဲ့တယ္၊  လက္႐ွိမွာ စစ္သူႀကီး ခ်ီအန္းရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ႐ွိေနတယ္၊ လ်န္က်ိဳးမွာက ၿမိဳ႕ခံက အနည္းငယ္သာ႐ွိၿပီး အမ်ားစုက စစ္တပ္ကို အေျခခ်ထားတယ္၊ဒီေတာ့ စစ္သူႀကီးခ်ီအန္းက လက္ေထာက္ေျခလ်င္တပ္မႈး ေခါင္းေဆာင္ဝူကို စီရင္စုတာဝန္ေတြကို ႀကီးၾကပ္ခိုင္းထားတယ္။

အခုခ်ိန္မွာက် စစ္တပ္တစ္ခုလုံးက ၿမိဳ႕ျပင္မွာ တပ္စြဲထားၿပီးၿပီ၊ ပုံမွန္ဒီလို အေျခေနမ်ိဳးမွာ ေခါင္းေဆာင္ဝူလည္း တပ္ထဲကို ျပန္သြားဖို႔ လိုအပ္လိမ့္မယ္။

ႏွစ္တိုင္း ၿမိဳ႕တံတိုင္းကို ျပင္ဆင္ဖို႔ ေျမာက္ပိုင္းစစ္တပ္ကပါ ပါဝင္ရေတာ့ ၿမိဳ႕နံရံရဲ႕ အေျခေနကို စစ္သူႀကီး ခ်ီအန္းက ေကာင္းေကာင္း သိ႐ွိထားတယ္။

ဒီၿမိဳ႕႐ိုးက အခုခ်ိန္မွာ တိုက္ခိုက္မႈ တခ်က္ကိုေတာင္ ခံႏိုင္ေတာ့မွာ မဟုတ္ဘူး ၊ ဝူအင္ပါယာနဲ႔ တုဟြန္း နယ္စပ္ကို အဓိက ပိုင္းျခားထားတာက စူလာျမစ္ဘဲ၊ စူလာျမစ္က ေျမာက္ပိုင္း ျမက္ခင္းျပင္ရဲ႕ အသက္ေသြးေၾကာ‌ျဖစ္တယ္၊အခုခ်ိန္မွာ စစ္သူႀကီး ခ်ီအန္းက ေျမာက္ပိုင္းတပ္သားေတြကို အဲ့ဒီသဘာဝတရားရဲ႕ ေဘးနားကေန ကာကြယ္ထားေစတယ္။

စူလာျမစ္ကို ျဖတ္သန္းလိုက္တာက လ်န္က်ိဳးၿမိဳ႕ထဲဝင္ဖို႔ တံခါးတခ်ပ္ ဖြင့္လိုက္တာနဲ႔ တူတယ္။

တုဟြန္းေတြက ျမစ္ကို ျဖတ္ဝင္လာႏိုင္တာနဲ႔ ဝူအင္ပါယာ နယ္စပ္ကို တဟုန္ထိုး တိုက္ခိုက္လာလိမ့္မယ္၊ သူတို႔ လမ္းေၾကာင္းမွာ ႐ွိတဲ့ ပထမဆုံးေနရာက  ထ်န္က်င္းဆိပ္ကမ္းဘဲ။

ဒါကို ၾကည့္ရင္ စူလာျမစ္ကမ္းေဘးကို ေစာင့္ၾကပ္ဖို႔က ဘယ္ေလာက္အေရးပါမွန္း သိ႐ွိႏိုင္တယ္။

ခ်ဴးလ်န္က ဝမ္လန္ရဲ႕ အကူအညီနဲ႔ မီးလင္းဖိုေ႐ွ႕နားမွာ ထိုင္လိုက္တယ္၊ မီးရဲ႕ အပူက ေႏြးေထြးၿပီး ေတာက္ပေနတယ္၊ မန္ေနဂ်ာက်င္းကလည္း ခ်ဴးလ်န္ ေ႐ွ႕မွာထိုင္ၿပီး ပတ္ဝန္းက်င္ကေန သူတူးဆြခဲ့သမွ် သတင္းအခ်က္လက္ေတြကို ျပန္တင္ျပေနတယ္။

သတင္းေတြကို ၾကားေတာ့ ခ်ဴးလ်န္က သူမရဲ႕ ကံေကာင္းေစတဲ့ ၾကယ္ေလးေတြကို ေက်းဇူးေတာင္တင္မိသြားတယ္၊သူမတို႔ရဲ႕ အိမ္သုံးပစၥည္းေတြနဲ႔ ရိကၡာေတြကို အလုံအေလာက္ယူခဲ့တာ ကံေကာင္းတယ္လိူ႕ေျပာရမယ္၊ သူတိူ႕တဖြဲ႕လုံးအတြက္ ရိကၡာက ခဏအတြင္းေတာ့ ျပတ္လပ္အုံးမွာ မဟုတ္ေသးဘူး။

ခ်ဴးလ်န္က မယ္ေတာ္ႀကီး အမိန္႔အရ လာၿပီး အမိန္႔စာလႊာကလည္း သူမလက္ထဲမွာဘဲ ႐ွိေသးေတာ့ အေထာက္အပံ့ပစၥည္းေတြကလည္း သူမနဲ႔ အတူ႐ွိေနတုန္းဘဲ၊ပစၥည္းပမာဏက သိပ္မမ်ားလွေပမယ့္လည္း ဘာမွ မ႐ွိတာထက္ေတာ့ သာပါေသးတယ္၊ ၾကည့္ရတာ သူမ တပ္ထဲ သြားေရာက္ဖို႔ အခြင့္ေရး႐ွာရေတာ့မယ္နဲ႔ တူတယ္။

ဒါကို မဆူံးျဖတ္ရင္ ထန္းယန္နဲ႔ အရင္ေဆြးေႏြးတာက ကိုေကာင္းမယ္ထင္တယ္။

ေျမာက္ပိုင္းေဒသက အေတာ္ကို ခ်မ္းေအးတယ္၊သူတို႔ေရာက္ေနၾကတာ လ်န္က်ိဳးရဲ႕ အေကာင္းဆုံးစံအိမ္လို႔ ေျပာလို႔ရေပမယ့္ ခ်ဴးလ်န္က ေႏြးေထြးတဲ့ အိပ္ရာထက္မွာ လွဲေနတာေတာင္မွဘဲ ေအးစက္ေနတုန္းဘဲ၊ခ်ဴးလ်န္ကို မဆိုထားနဲ႔ ကိုယ္ခံပညာေတြသင္ထားလို႔ ၾကံ့ခိုင္တဲ့ လီ႐ွင္းနဲ႔ လီယြဲ႕ေတာင္မွ ေဘာလုံးေလးလို ေကြးေကြးေလး ျဖစ္ေနၾကတယ္။

ခ်ဴးလ်န္က 2ရက္ေလာက္ အနားယူၿပီးခ်ိန္မွာေတာ့ ျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္လို႔ရေနၿပီ၊ ဒါနဲ႔ မနက္အေစာပိုင္းမွာ သူမက လူလႊတ္ၿပီး ထန္းယန္ကို ေခၚခိုင္းလိုက္တယ္။

ဝူအင္ပါယာက လူေတြက ေလာကဝတ္နဲ႔ ပုံပန္းသြင္ျပင္ကို အေလးအနက္ထားတဲ့သူေတြ ျဖစ္ၾကတယ္၊
ထန္းယန္ကလည္း စည္းကမ္းတင္းၾကပ္တဲ့ လူေတြ႐ွိတဲ့ ႐ွန္းတုန္းေဒသကလာေပမယ့္လည္း ၿမိဳ႕ေတာ္မွာ ေနတာၾကာေတာ့ ၿမိဳ႕ေတာ္ရဲ႕ လူေနမႈပုံစံနဲ႔ က်င့္သားရလို႔ေနၿပီ။

မနက္လင္းေတာ့ ထန္းယန္က သူ႕မ်က္ႏွာမွာ မုတ္ဆိတ္အနည္းငယ္ထြက္လာတာကို စမ္းမိလိုက္တယ္၊ ဒီေတာ့ အေစခံကို သင္တုန္းဓားယူခိုင္းၿပီး မုတ္ဆိတ္ရိတ္လိုက္တယ္၊ သူ႕အနားက အေစာင့္ေတြကလည္း ဒါကို ျမင္ေတာ့ သူတို႔ မ်က္ႏွာေပၚက အေမႊးအမွ်င္ေတြကို လိုက္ရိတ္ၿပီး သန္႔႐ွင္းၾကတယ္။

အိမ္အျပင္ဝကို ေျခလွမ္းလိုက္တာနဲ႔ သူ႕တကိုယ္လူံး လန္းဆန္းတက္ႂကြၿပီး ခံစားခ်က္ေတြ ေကာင္းမြန္ေနတယ္။

ေျမာက္ပိုင္းကို လာတဲ့ ခရီးလမ္းမွာ အေရးေပၚအေျခေနေတြ အတြက္ ခ်ဴးလ်န္က သူမရဲ႕ ကိုယ္ခံပညာကြၽမ္းက်င္တဲ့ အေစခံႏွစ္ဦးျဖစ္တဲ့ဝမ္ခ်င္းနဲ႔ ဝမ္လန္ကို ေခၚလာခဲ့တယ္၊ ေနာက္ၿပီး အမ်ိဳးသမီး အေစာင့္ လီယြဲ႕ကိုပါ ထည့္တြက္ရင္ သူမတို႔အဖြဲ႕ထဲမွာ အမ်ိဳးသမီးေလးဦး ႐ွိေနၿပီ၊က်န္တဲ့ သန္႔႐ွင္းေရးလုပ္ ထမင္းခ်က္တဲ့သူေတြက အကုန္ အမ်ိဳးသားေတြခ်ည္းဘဲ၊။

ဒီေတာ့ အခု အိမ္ေတာ္မွာ အမ်ိဳးသားေတြနဲ႔ ျပည့္လုနီးပါးျဖစ္ေနၿပီ။

ခ်ဴးလ်န္က မနက္အေစာႀကီး ႏိုးေနတဲ့ အခ်ိန္မွာ ထန္းယန္လည္း ႏိုးေနၿပီ၊ သူက ဝမ္ခ်င္းအထဲကို မနက္စာသယ္သြားတာကို ျမင္ေတာ့။ အ႐ွက္မဲ့စြာနဲ႔ သူ႕‌အတြက္ပါ ေမးမိတယ္၊ ခ်ဴးလ်န္က အမ်ိဳးသမီးက်င္းယီျဖစ္ေနေတာ့သူမဆီက ေန႔တိုင္း အစားအေသာက္ေတာင္းစားဖိူ႕ထိက် ထန္းယန္ခမ်ာ အေရမထူလွဘူး၊ အျခား တဖက္မွာက်ေတာ့ တကယ္လို႔ သူသာ ဖိတ္ၾကားခံရရင္  အထဲဝင္ၿပီး စားဖို႔ အေၾကာင္းျပခ်က္ေကာင္း ရႏိုင္လိမ့္မယ္။

ခ်ဴးလ်န္ကလည္း အစားတလိုင္းေတြရဲ႕ အေတြးအေခၚေတြကို မျမင္ဘဲ ဘယ္ေနပါ့မလဲ။

ဒါနဲ႔ ခ်ဴးလ်န္က ဝမ္ခ်င္းကို မသိမသာ ေခါင္းညိမ့္ျပလိုက္တယ္။

ထန္းယန္ရဲ႕ ခံစားခ်က္ေတြ ေကာင္းေနပုံေပၚတာကို ျမင္ေတာ့ ခ်ဴးလ်န္က ေတြးလိုက္မိတယ္။

ထန္းယန္က ဒီႏွစ္ဆို 26ႏွစ္ ႐ွိေနၿပီ၊သူက ေဟးစန္းလန္တို႔ မင္းသာက်င္းတို႔နဲ႔ မယွဥ္ႏိုင္ေပမယ့္ သူတိူ႕သာမ႐ွိရင္ သူ႕႐ုပ္ရည္က အသင့္အတင့္ထက္ကို ပိုတယ္။

သူ႕ႏွာတံက ျမင့္ၿပီး မ်က္ေတာင္ေတြကလည္း ထူထဲၿပီး နက္ေမွာင္ေနတယ္၊ ဒီေန႔ မုတ္ဆိတ္ပါရိတ္ထားေတာ့ သူ႕ပုံစံကထက္ျမတ္ၿပီး ႏူးညံ့တဲ့ပုံေပၚကာ ခါတိုင္းထက္ ပိုၾကည့္ေကာင္းေနတယ္။

လွပမႈကို မႏွစ္သက္တဲ့သူက ဘယ္႐ွိမွာလဲ၊ ခ်ဴးလ်န္က ထန္းယန္ကို သန္႔စင္ၿပီး အျပစ္ကင္းတဲ့ မ်က္လုံးေလးေတြနဲ႔ ေငးၾကည့္ေနမိတယ္၊ သူမ မ်က္လုံးေတြက ထန္းယန္ရဲ႕ ေနာက္နားမွာ ရပ္ေနတဲ့ မင္းသားက်င္းရဲ႕ အေစာင့္တပ္ဖြဲ႕ဆီပါ ေရာက္သြားတယ္။

သူတိူ႕ေတြက အနက္ေရာင္ဝတ္စုံကို အေပၚက မီးခိုးေရာင္ ႐ွဥ့္ေမႊးဝတ္႐ုံထပ္ၿပီး ဝတ္ဆင္ထားၾကတယ္၊ အားလုံးက အရပ္႐ွည္ၿပီး ႏွစ္႐ွည္လမ်ား ေလ့က်င့္ခဲ့ရေတာ့ ခႏၶာကိုယ္ေတြက ၾကံခိုင္ၾကတယ္၊ သူတိူ႕ေတြက ထန္းယန္လိုဘဲ မုတ္ဆိတ္ပါရိတ္ထားၾကတယ္၊ ဒီလိုခန္႔ညားေနတဲ့ အမ်ိဳးသားထုႀကီးက တကယ္ဘဲ ေကာင္းမြန္တဲ့ ႐ႈျမင္ကြင္းတစ္ခုဘဲ။

အမ်ိဳးသမီးေတြက တဖက္လူကိုေလးစားမႈ ျပဖို႔ သန္႔႐ွင္းၿပီး လွလွပပဖီးလိမ္းသလိုဘဲ သူမ ေ႐ွ႕က အမ်ိဳးသားကလည္း သန္႔သန္႔႐ွင္း႐ွင္းဝတ္စားၿပီး ေလးစားမႈကိုေဖာ္ျပေနတယ္၊ ခ်ဴးလ်န္ ႐ုတ္တရက္ဘဲ ဝူအင္ပါယာရဲ႕ စည္းမ်ဥ္းေတြက မဆိုးလွဘူးလို႔ ခံစားမိသြားတယ္။

ခ်ဴးလ်န္က ပြင့္ပြင့္လင္းလင္းဘဲ ခ်ီးမြမ္းလိုက္တယ္ " ေခါင္းေဆာင္ထန္းက ဒီေန႔မွ ထူးထူးျခားျခား ၾကည့္ေကာင္းေနေတာ့တာဘဲ"

ခ်ီးမြမ္းတာကို မႀကိဳက္တဲ့သူရယ္လို႔ ဘယ္႐ွိပါ့မလဲ၊ ဒါက ထန္းယန္ေတာင္မွ ခြၽင္းခ်က္ျဖစ္မေနဘူး၊ လမ္းခရီးမွာ ခ်ဴးလ်န္နဲ႔ ပိုၿပီး ရင္းႏွီးလာေတာ့ ဒီစကားက ခ်ဴးလ်န္က သူ႕ကို ႐ိုး႐ိုးသားသားနဲ႔ ခ်ီးမြန္းေနတာမွန္း ထန္းယန္က သေဘာေပါက္တယ္ေလ။

သူ႕စိတ္အေျခအေနက တကယ္လည္း ေကာင္းေနတယ္၊ ဒီမနက္ ေဆးေၾကာသန္႔စင္ရတာက ခရီးလမ္းတေလွ်ာက္လူံးမွာ ပထမဆူံးအေနနဲ႔ ေရခ်ိဳးရျခင္းဘဲ၊ လမ္းခရီးကအညစ္အေၾကးေတြ ကို ေဆးေၾကာသန္႔႐ွင္းၿပီးလို႔ လန္းဆန္းတက္ႂကြေနတဲ့ အျပင္ ခ်ီးမြမ္းပါ ခံလိုက္ရေတာ့ စိတ္အေျခအေနက ပိုလို႔ေတာင္ ေကာင္းမြန္သြားတယ္။

ထန္းယန္က ျပန္ေျဖမလို႔ လုပ္တုန္းမွာဘဲ တံခါးဝကေန ေအးစက္စက္ ေလွာင္ရယ္သံတစ္ခုက ထြက္ေပၚလို႔လာတယ္၊ေရခဲေတြလို ေအးစက္ၿပီး ဆြဲေဆာင္မႈ ႐ွိေနတဲ့ အသံက အခန္းထဲကို ဝင္လာတယ္" ဘာစကားေတြ ေျပာေနတာလဲ လ်န္အာ"

ခ်ဴးလ်န္က အလြန္အမင္းအံ့ဩတႀကီးနဲ႔ ဝင္ေပါက္ကို လွမ္းၾကည့္မိတယ္၊ ေဟးစန္းလန္ရဲ႕ ေျဖာင့္မတ္ေနတဲ့ ပုံရိပ္က တံခါးက လိုက္ကာစေနာက္မွာ မားမားမတ္မတ္ႀကီးရပ္ေနတယ္၊ သူ႕ေနာက္က ဝမ္လန္ကေတာ့ ကူကယ္ရာမရ ျဖစ္ေနတဲ့ ပုံေလးနဲ႔ ျဖစ္ေနတယ္။

သူ႕မ်က္ႏွာျပင္တစ္ခုလုံးမွာ အေမႊးအမွ်င္ေတြက တဝက္ေလာက္ဖုံးေနေတာ့ ဘယ္လိုပုံျဖစ္ေနလဲဆိုတာကို ခ်ဴးလ်န္ မျမင္ႏိုင္ဘူးဖစ္ေနတယ္၊ ဒါေပမယ့္ သူ႕မ်က္လုံးထဲမွာ လိႈင္းဂယက္ေတြ ထၿပီး မတည္မၿငိမ္‌ျဖစ္ေနတာေတာ့ ေသခ်ာတယ္။

ဒီလို ေဟးစန္းလန္ကို ျမင္လိုက္ရေတာ့ ခ်ဴးလ်န္ မ်က္ေမွာင္ၾကဳံ႕သြားတယ္၊ အခုလို ေဟးစန္းလန္ရဲ႕ ပုံက သူမ ထင္ထားတာနဲ႔ အကြာႀကီးကြာေနတယ္။

ေဟးစန္းလန္ ပုခုံးေတြေပၚမွာ ႏွင္းစေတြ ကပ္ညႇိေနတယ္၊ သူ႕ဆံပင္ကိုလည္း ျဖစ္သလိုဘဲ စည္းေႏွာင္ထားပုံရတယ္၊ အက်ီေတြကလည္း ညစ္ေပၿပီး အနည္းငယ္ ၿပဲေနတယ္၊ေနာက္ၿပီး သူ႕ရဲ႕ စစ္တပ္သုံးဖိနပ္႐ွည္မွာပါ ႏွင္းေတြ ႐ႊံ႕ေတြနဲ႔ ကပ္ေနတယ္၊ေဟးခ်န္ဒီရဲ႕ အခုလိုစုတ္ခ်ာေနတဲ့ ပုံက ထန္းယန္တို႔ အဖြဲ႕ရဲ႕ သပ္ရပ္သန္႔႐ွင္းေနတဲ့ ပုံနဲ႔ အကြာႀကီးကြာေနတယ္။

ခ်ဴးလ်န္က ထရပ္ၿပီး ေဟးစန္းလန္႐ွိရာဆီ ေလွ်ာက္လာတယ္ " ႐ွင္က အခုခ်ိန္ႀကီး ဘယ္လိုေရာက္လာတာလဲ"

ဒါက သာမန္ေမးခြန္းေလး တစ္ခုေပမယ့္ ေဟးခ်န္ဒီရဲ႕ နားထဲမွာ မထီမဲ့ျမင္ျပဳသလိုခံစားလိုက္ရၿပီးေတာ့ သူ႕အမူအရာေတြက ပိုလို႔ေတာင္မည္းေမွာင္သြားတယ္။

သူ႕ႏႈတ္ခမ္းဖ်ားေတြ မဲ့က်သြားၿပီးေတာ့ " ဘာလဲ ၊လ်န္အာက ေယာက်္ား ျပန္ေရာက္လာတာကို သေဘာမက်ဘူးလား"

ခ်ဴးလ်န္က ေခါင္းကို လွည့္ၿပီး ေဟးခ်န္ဒီကို ဂ႐ုတစိုက္ၾကည့္လိုက္တယ္၊ သူမစိတ္ထဲ သူ႕စကားေတြထဲမွာ မေပ်ာ္မ႐ႊင္ျဖစ္မႈေတြ ေတြ႕ေနရသလိုဘဲ၊ဒီေယာက်္ားက ထပ္ၿပီး စိတ္ေကာက္ေနျပန္တာလား? သူမ မွတ္မိသေလာက္ဆို သူမတို႔ေတြ မေတြ႕ရတာ ရက္အနည္းငယ္ေတာင္႐ွိေနပါၿပီ၊ သူ႕ကို စိတ္ဆိုးေအာင္လုပ္မိစရာအေၾကာင္းလည္း မ႐ွိပါဘူး။

သူထြက္သြားကတည္းက သူမတို႔အားလုံး အဆင္ေျပေနခဲ့တာပါ။

ဒါေပမယ့္ ခ်ဴးးလ်န္က ေဟးခ်န္ဒီရဲ႕ စိတ္ႏွစ္ခြ ျဖစ္တာေတြကို က်င့္သားရေနၿပီ၊ သူမအမူအရာက တခ်က္မွေျပာင္းလဲသြားတာမ်ိဳး႐ွိမေနဘူး၊ သူ႕စကားေတြကို ၾကားေတာ့ ခ်ဴးလ်န္က ဘာမွ ျပန္မေျဖဘဲ ျပဳံးၿပီးဘဲ ေနလိုက္တယ္။

ထန္းယန္ကလည္း ထလာၿပီး ေဟးစန္းလန္ကို လာႏႈတ္ဆက္တယ္၊။

ထန္းယန္နဲ႔ ေဟးစန္းလန္တို႔ၾကား ဘာအဆက္အသြယ္မွ မ႐ွိဘူးဆိုေပမယ့္ သူတို႔ႏွစ္ေယာက္က နည္းနည္‌ေတာ့ သိကြၽမ္းၾကတယ္‌၊ ေဟးခ်န္ဒီက မ်က္ႏွာေျပာင္နဲ႔ ေကာင္းေကာင္းမြန္မြန္ ဝတ္ဆင္ထားတဲ့ ထန္းယန္ကို ၾကည့္ၿပီး သူ႕ႏွလုံးသားထဲက မေက်မနပ္ျဖစ္ေနသလို ခံစားလိုက္ရတယ္။

ထန္းယန္ကေတာ့ ေဟးခ်န္ဒီအေပၚ ဘာတုံ႔ျပန္မႈမွ ႐ွိမေနဘူး၊ သူတိူ႕က မင္းသားက်င္းအိမ္ေတာ္မွာ တေခါက္ ႏွစ္ေခါက္ ေတြ႕ဖူးထားၿပီးသားေလ။

ထန္းယန္က ခ်ဴးလ်န္ရဲ႕ ေဟးခ်န္ဒီကို ဒီေန႔လာ႐ွာမယ့္ အေၾကာင္းကိုေတာင္ ေျပာျပေနလိုက္ေသးတယ္။

ေဟးခ်န္ဒီလည္း သူ႕ခံစားခ်က္ေတြကို ဖုံးကြယ္ၿပီး ေခါင္းညိမ့္ျပလိုက္တယ္၊ ၿပီးေတာ့ စားပြဲတဖက္ကို သြားၿပီး ဝင္ထိုင္လိုက္တယ္၊ သူထိုင္ခုံေပၚ ထိုင္ထိုင္ခ်င္းဘဲ သူ႕ တင္ပါး‌ဆီက နာက်င္မႈေတြေၾကာင့္အံကို တင္းတင္းႀကိတ္လိုက္မိတယ္ ။

ခ်ဴးလ်န္လည္း သိပ္ၿပီး အာ႐ုံထားမေနေတာ့ဘူး၊ တကယ္က မိုခ်န္ေကြ႕ရဲ႕ စကားေတြကို ၾကားရကတည္းက ခ်ဴးလ်န္မွာ ဒီရက္ပိုင္း စိတ္ပူပင္ေနခဲ့တာ၊ အခုသူ႕ကို ေတြ႕လိုက္ရေတာ့ ေစာေစာက ထန္းယန္တို႔ဆီထားတဲ့ အာ႐ုံက သူ႕ဆီ ပုံက်သြားတယ္၊သူမ စိတ္ထဲ ေဟးစန္းလန္ကို အျပစ္ေပးခံရေသးလားလို႔ ေမးခ်င္ေနေပမယ့္ ထန္းယန္က ေဘးမွာ ႐ွိေနေတာ့ အခ်ိန္ေကာင္း မဟုတ္ေသးဘူး၊ဒါနဲ႔ ေဟးခ်န္ဒီနဲ႔ အတူ စားပြဲမွာ ဝင္ထိုင္လိုက္တယ္။

အဲ့ဒီအခ်ိန္မွာဘဲ ဝမ္ခ်င္းက မနက္စာယူၿပီး အထဲဝင္လာတယ္၊ သူမက တတိယသခင္ေလးကို ျမင္လိုက္ရေတာ့ အံ့အားသင့္သြားပုံရတယ္။

ဝမ္ခ်င္းက ဟင္းေတြကို စားပြဲေပၚခ်လိုက္တယ္၊ ဒီေန႔မနက္စာက အသီးအ႐ြက္ ေကာ္ျပန္႔လိပ္နဲ႔ ၾကက္သားမႊေၾကာ္၊ မိႈဆန္ျပဳတ္တို႔ ျဖစ္တယ္။

ထန္းယန္က အစားအေသာက္ေတြကို ျမင္ေတာ့ မ်က္လူံးေတြက ပင့္တက္သြားတယ္၊ သူက တူကို ခ်က္ခ်င္းကိုင္ၿပီး ေျပာလိုက္တယ္ " အမ်ိဳးသမီး က်င္းယီ၊ တတိယသခင္ေလး ကြၽန္ေတာ္က ေတာ့ ဟိတ္ဟန္ေတြ လုပ္မေနေတာ့ဘူး၊ အရင္‌ စားလိုက္ေတာ့မယ္ "

ေျပာၿပီးၿပီးခ်င္းဘဲ သူက အမဲလိုက္ေနသလို စစားေတာ့တယ္ ။

ခ်ဴးလ်န္ကလည္း ဇြန္းကို ကိုင္ၿပီး ေခါင္းငုံလို႔ ဆန္ျပဳတ္ကို စေသာက္လိုက္တယ္၊ သူမ က ေဟးခ်န္ဒီကို မနက္စာ စားခဲ့ၿပီးၿပီလယးလို႔ ေမးမလို႔ၾကံေနတုန္းမွာဘဲ သူမ လက္ထဲက ‌ဇြန္းက သူ႕ရဲ႕ ဆြဲယူျခင္းကို ခံလိုက္ရတယ္။

ခ်ဴးလ်န္က သူမ ဇြန္းကို ဆြဲလုသြားတဲ့ ဒီေယာက်္ားကို ၾကည့္ေန႐ုံဘဲ တတ္ႏိုင္လိုက္တယ္၊ မ်က္စိေ႐ွ႕မွာဘဲ သူမ ပန္းကန္ထဲက ဆန္ျပဳတ္က ဇြန္းႀကီးနဲ႔ အျပည့္ သူ႕ပါးစပ္ထဲ ဝင္သြားတယ္။

ခ်ဴးလ်န္မွာ တကယ္ဘဲ ေၾကာင္‌ေတာင္ေတာင္ျဖစ္သြားရတယ္၊ ဒီ....ဒီေဟးစန္းလန္ကေတာ့ ! ဒါက သူမရဲ႕ မနက္စာေလးေလ။

ခ်ဴးလ်န္က စကားေတာင္မေျပာႏိုင္ဘဲ မ်က္လုံးျပဴးေလးနဲ႔ ေၾကာင္ၾကည့္‌ေနမိတယ္၊ သူမရဲ႕ မနက္စာကို အငမ္းမရ လုစားေနတဲ့ ေဟးခ်န္ဒီကို ၾကည့္ေန႐ုံအျပင္ ဘာမွ မလုပ္ႏိုင္ဘူး၊ ေဟးခ်န္ဒီစားေနတာက ထန္းယန္ထက္ေတာင္ ပို ျမန္ေနေသးတယ္၊ ဒီအမ်ိဳးသားႏွစ္ေယာက္ လုစားေနၾကာတကို ၾကည့္ၿပီး ဒါေတြက ၿမိဳ႕ေတာ္က မ်ိဳး႐ိုးျမင့္လူေတြမွ ဟုတ္ေသးရဲ႕လားလို႔ေတာင္ ေတြးမိတယ္။

ဝမ္ခ်င္းက ပထမဆူံးသတိျပန္ဝင္လာၿပီးေတာ့ " တတိယသခင္မေလး ခဏေစာင့္ပါ ကြၽန္မ အသစ္တစ္ခု ထပ္ယူေပးပါ့မယ္ "

ခ်ဴးလ်န္က ႏႈတ္ခမ္းကို ကိုက္ၿပီး ေခါင္းညိမ့္ျပလိုက္တယ္။

ခ်ဴးလ်န္အတြက္ ဆန္ျပဳတ္အသစ္တခြက္ေရာက္လာတဲ့အခ်ိန္မွာ စားပြဲေပၚက ေကာ္ျပန္႔လိပ္ေတြကေတာ့ ေလထဲ ေပ်ာက္သြားၿပီ။

ေဟးစန္းလန္ကေတာ့ စိတ္ထဲမွာ ႀကိတ္ၿပီး ေရတြက္ေနတယ္၊ သူ ထန္းယန္ထက္ ေကာ္ျပန္႔တစ္ခုပိုစားႏိုင္လိုက္တယ္၊ ဒါကို ေတြးမိသြားေတာ့ သူ႕စိတ္အေျခအေနက ပိုအဆင္ေျပလာသလိုဘဲ၊သူက တူကို ခ်ၿပီး ထန္းယန္ကို စိန္ေခၚတဲ့ အၾကည့္နဲ႔ စိုက္ၾကည့္လိုက္တယ္။

ထန္းယန္ကလည္း ေဟးခ်န္ဒီရဲ႕ သေဘာထားကို ခံစားမိေနတယ္၊အခုခ်ိန္မွာ အစားေကာင္းအေသာက္ေကာင္းကိုလည္း စားၿပီးေနမွေတာ့ ဒီေနရာမွာ ဆက္႐ွိမေနသင့္ေတာ့ဘူး၊ ဒါနဲ႔ ထၿပီး ႏႈတ္ဆက္လိုက္တယ္ " တတိယသခင္ေလး ၊အမ်ိဳးသမီးက်င္းယီ ႏွစ္ေယာက္သား အရင္ဆုံး တိုင္ပင္လိုက္ၾကပါအုံး၊ ဆုံးျဖတ္ပီးမွဘဲ ဒီငယ္သားကို လွမ္းအ‌ေၾကာင္းၾကားလိုက္ပါ "

Continue Reading

You'll Also Like

1.7M 69.4K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...