UM (Completed)

By Alohi_ko

932K 42.6K 593

Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.20... More

INTRO
✨ HIGHLIGHT DIALOGUE FROM REVIEW PAGES ✨
PART2
PART3
PART4
PART 5
PART 6
PART 7
PART 8
PART 9
PART 10
✨For knowledge✨
PART 11
PART 12
PART 13
PART 14
PART 15
PART 16
PART 17
PART 18
PATT 19
PART 20
PART 21
PART 22
PART 23
Bipolar disorder အကြောင်းတစေ့တစောင်း
PART 24
PART 25
PART 26
PART 27
PART 28
PART 29
PART 30
PART 31
PART 32
PART 33
PART 34
PART 35
PART 36
PART 37
PART 38
PART 39
PART 40
PART 41
PART 42 ဇာတ်သိမ်းအား ပြန်လည်ပြင်ဆင်ခြင်း
Final Part 43
Characters ( ဒါလေး အရင် ဖတ်ပေးပါ )
I wanna know feedback👀
Book announcement ✨
Physical Book✨

PART 1

44.9K 1.7K 30
By Alohi_ko

Unicode

လူတန်းစားပေါင်းစုံရှိမနေသည့် ညစာစားပွဲတစ်ခု။
စီးပွားရေးလုပ်ငန်းရှင်များနှင့်
လူကုံထံအချို့သာ ရှိနေကြသည်။

P group သည် ယခုအခေါက် နယ်သာလန်၌ လုပ်ငန်း
တိုးချဲ့ခြင်း အောင်မြင်သွားသည့်အတွက်
ဤပွဲအား ပြုလုပ်ခြင်းဖြစ်လေသည်။
ဤသည်မှာ စီးပွားရေးသမားတိုင်း၏ ထုံးစံပင်။

စီးပွားရေးပါတနာများနှင့် ယင်းတို့၏ တွဲဖက်အသီးသီးအား
သူ့အစုနှင့်သူ မြင်တွေ့နေရသည်။ ထိုအစုများထဲ၌ အများနှင့်မတူဘဲ တမူထူးခြားစွာ ကွဲထွက်နေသည့် စုံတွဲရှိ၏။
ထိုသူတို့သည် နာမည်ကျော်ကြား အောင်မြင်နေစပြုသည့်လုပ်ငန်းရှင်များထဲကမှ အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် မိုးမိရက်ခနှင့် သူ၏ အိမ်ထောင်ဖက်ဖြစ်သူ မြေ့နင်းခဖြစ်သည်။

အမျိုးသမီးငယ်များသည်
ထိုငယ်ရွယ်နုပျိုသည့် အငွေ့အသက်အပြည့်နှင့်
ခန့်ညားလှသည့် မျက်နှာပိုင်ရှင်ယောက်ျား၏
လက်မောင်းအား ချိတ်ထားသော ယောင်္ကျားသားကို
အားကျသည့် အကြည့်များဖြင့် ကြည့်နေကြသလို
တချို့တချို့ကလည်း အဓိပ္ပာယ်ကောက်ရန်ပင်
မသင့်တော်သည့် အကြည့်ပေါင်းများစွာဖြင့်...။

ထိုနှစ်ဦးကတော့ သူတို့အား
ဂရုပြုဟန် အရိပ်အယောင်ပင် မပြဘဲ
လက်တစ်ဖက်တစ်ချက်စီတွင် ၀ိုင်ခွက်အသီးသီးကို ကိုင်၍
ခွက်ထိပ်ချင်းတေ့ကာ 'ချွင်' ဆိုသည့် အသံမြည်သွားသည်အထိ ထိခတ်လိုက်ကြပြီးနောက် အကြည့်ချင်းဖလှယ်ကာ ပြုံးပြုံးလေး သောက်လိုက်ကြသည်။

ထို့နောက် P GROUP ၏ CEO ဖြစ်သူသည်
သူတို့နှစ်ဦးဆီသို့ ခပ်ကျဲကျဲ ခြေလှမ်းများနှင့်အတူ လျှောက်လှမ်းလာသည်။

"ငါ့ညီတို့ ပွဲကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးကွာ "

ညီဟူ၍ ခေါ်နေသူသည် မိုးမိရက်ခထက်
ဆယ်နှစ်မကကြီးပြီး အသားဖြူဖြူနှင့် အရပ်ရှည်ကာ ရုပ်ရည်အသင့်အတင့်ရှိသည့် အမျိုးအစားထဲကဖြစ်သည်။

" ဒါမျိုးကိစ္စဆိုတာ ဂုဏ်ပြုပေးသင့်တာပေါ့ဗျာ "

တည်ကြည်နေသည့် မျက်နှာထက်သို့
အပြုံးလှလှလေးတစ်ခု ဆင်မြန်းပြီးနောက် ၀ိုင်ခွက်ကို ရှိရင်းစွဲထက် အနည်းငယ် မြှောက်ပြကာ ပြန်ပြောလိုက်သည်။

" အမျိုးသားကိုပါ ခေါ်လာတယ်နော် "

ယခုအခေါက်တွင်တော့ 'ဟုတ်သည်' ဆိုသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ဆက်ပြောလာသည်က။

" အကိုက မင်းရဲ့တွဲဖက်ကို လှလှတောင့်တောင့် အမျိုးသမီးတစ်ယောက်ဘဲ ဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားတာ ခုတော့ ကောလဟာလတွေက တကယ်မှန်နေတာပဲ "

" အဟား အကိုက ခေါင်းမာတတ်ပုံပဲ "

" ဟားဟား နည်းနည်းအစွဲကြီးလို့ပါ ၊ ဒါဆို ခွင့်ပြုဦး၊
အကို တစ်ခြား၀ိုင်းတွေ သွားဧည့်ခံလိုက်ဦးမယ် "

" ဒါဆို တစ်လက်စတည်း နှုတ်ဆက်လိုက်တာပေါ့ "

ကောင်းကင်ယံထက်၌ တလက်လက်တောက်ပနေသည့် ကြယ်ရောင်တို့သည် မြို့ပြ၏ အလင်းရောင်အား မထိုးဖောက်နိုင်ဘဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြသည်။
မြို့ပြ၏ မီးရောင်စုံများနှင့်အတူ ကားရောင်စုံ‌များကြား၌ နက်ပြောင်နေသည့် ကားတစ်စင်းသည်
အိမ်မပြန်ဖူးသည့်အလား သူ့နေရပ်ရှိရာသို့
တဟုန်ထိုး မောင်းနှင်နေလေသည်။
ထိုကားထဲ၌မူ လူနှစ်ဉီးက ငြိမ်သက်စွာ
စီးနင်းလိုက်ပါလာလေသည်။

ပန်းဥယျာဉ်အလယ်၌ ဂုဏ်ဆာနေသည့်
သုံးထပ်တိုက်အိမ်ကြီး‌ရှေ့ရောက်သောအခါ၌
အမောတကော မောင်းနှင်လာသည့် ကားသည်
လျော့သွားသည့် အရှိန်နှင့်အတူ
ဖြည်းညင်းစွာ ရပ်တန့်သွားသလို
အိမ်ကြီးရှင်များ ပြန်ရောက်လာပြီဆိုသည့် အသိဖြင့်
ခြံ၀န်းကျယ်ကြီး၏ တံခါးသည်လည်း
အလိုက်သိစွာ ဖွင့်ဟပေးလာလေသည်။

ခြံအတွင်းသို့ ၀င်ရောက်သည်နှင့်တစ်ပြိုင်နက်
အိမ်ကြီးအတွင်းမှ ယောကျာ်းမိန်းမများ
အလျှိုအလျှို ထွက်လာကြပြီး ထိုသူတို့ထဲမှ
ရုပ်ဆင်သည့် မိန်းမငယ်လေးနှစ်ယောက်သည်
ပြိုင်တူ နှုတ်ခွန်းဆက်ကြလေသည်။

" အိမ်ပြန်ရောက်တာ ကြိုဆိုပါတယ် အစ်ကိုလေးနဲ့ အစ်ကိုလေးခ"

မိုးမိရက်ခ အိမ်ထဲသို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် ရပ်တန့်လိုက်သည်။

" ဒီည ဒုတိယထပ်ကို ဘယ်သူမှ မတက်လာကြနဲ့
ဘာသံကြားကြား... "

" ဟုတ်ကဲ့ အစ်ကိုလေး "

မိုးမိရက်ခ လှေကားပေါ်သို့ တက်ရန်လုပ်တော့
တစ်ယောက်သောသူ ပါလာမလာ
ခေါင်းငဲ့ကြည့်လိုက်သေးသည်။
အပေါ်ထပ်သို့ ရောက်သောအခါတွင်မူ...။

" ဒါဘယ်လဲ "

" ငါ အခန်းပြန်မလို့လေ ရက်ခ "

" မင်းကို ဘယ်သူပြန်ခိုင်းလဲ၊ ငါ့အခန်းထဲ လိုက်ခဲ့ "

မြေ့နင်းခ ဘာမျှ ခွန်းတုံ့မပြန်ဘဲ လိုက်သွားလိုက်သည်။

အခန်းထဲရောက်တော့ ရက်ခက ကုတ်ကို ချွတ်ကာ
အင်္ကျီ၏ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ပြီး
လက်များအား တံတောင်ထိ ခေါက်တင်လိုက်သည်။
ပြီးနောက် စာကြည့်စားပွဲ၏ အံဆွဲအတွင်းမှ
တစ်စုံတစ်ခုအား ထုတ်ယူလိုက်သည်။
ထိုအရာသည် မြေ့နင်းခအတွက် သီးသန့်ပစ္စည်းတစ်ခု။

မြေ့နင်းခ သိသည်။
ခါးပတ်တစ်ချောင်းမှန်း သူသိနေ၍
အလိုက်တသိဖြင့် ရက်ခအနီးသို့ တိုးသွားကာ
ခြေဖျားနားတွင် ထိုင်ချပေးလိုက်သည်။

ဖြန်း!

ချက်ချင်းပင် ကျောထက်သို့ ကျဆင်းလာသည့် ရိုက်ခတ်မှု။

ဖြန်းးးးးးး!

" အာ့ "

ပြင်းထန်သည့် နောက်ထပ် ရိုက်ချက်တစ်ချက်နှင့်အတူ
နာကျင်‌သည့်အသံ ထွက်ကျလာပြီး
မျက်လုံး‌များပင် ပြာသွားသည်။

'တစ်ခု‌ ပြောပြရမလား။
မောင်က သူရိုက်တဲ့ချိန် အသံထွက်ရင် မကြိုက်ဘူးတဲ့လေ။
ခန္ဓာကိုယ်ကသာ မောင့်ရဲ့ရိုက်ချက်တွေကို
ကြိတ်မှိတ်ခံနေတာ။ မျက်ဝန်းတွေကတော့ နာကျင်မှုဒဏ်ကို
အလိုအလျောက် တုံ့ပြန်နေတယ်ဆိုတာ ကျဆင်းနေတဲ့ မျက်ရည်တွေက သက်သေပေါ့'

" မင်း ဘာအမှားလုပ်ထားလဲ သိလား "

မျက်နှာရှေ့သို့ ငုံ့ဆင်းကာ မေးလာသည့် မေးခွန်းအား
ခေါင်းကို ခါကာ တုန်တုန်ယင်ယင်နှင့် ပြန်ဖြေမိသည်။

" မ ... မသိဘူး မောင် "

ဖြောင်းးးး !!!

မောင့်ညာဖက်လက်ဖ၀ါးမှ ရိုက်ချက်နှင့်အတူ ပါးတစ်ပတ်လည်သွားလေသည်။
ထို့နောက် မောင်က နှာခေါင်းထိပ်ချင်း ထိကပ်သည်အထိ
တိုးလာပြီး ပါး‌စောင်ကို ညှစ်ပြီး ပြောလာသည်။

" မြေ့နင်းခ ငါ မင်းကို လူရှေ့သူရှေ့က လွဲရင်
အဲ့နာမ်စားကို မခေါ်ဖို့မှာတာ ဘယ်နှစ်ကြိမ်ရှိ‌နေပြီလဲ "

" ငါ ..ငါ မှားထွက်သွားတာပါ ရက်ခ
တောင်းပန်ပါတယ် "

ပါးစောင်နှစ်ဖက်ကို အတင်း ဖိညစ်ထားခံရသည့်ကြားက
ဗလုံးဗထွေးဖြင့် ပြန်ပြောနေမိတော့သည်။

'မေးခွန်းမရှိတဲ့ အဖြေတွေ။
သက်ညှာမှု မရှိတဲ့ ဖိနှိပ်မှုတွေ။
အမှားတဲ့လား။
အမှားလုပ်မိတယ်ဆိုတာ မရှိဘူး။
မောင်က သတိလစ်သွားတဲ့အထိ ရိုက်တတ်ရုံပဲ။'

ရက်ခနှင့် ခကြားက ဆက်ဆံရေးအား
ယခုလို ပြောင်းလဲသွားစေသည့် တရားခံက မည်သူနည်း။
သေချာသည်ကတော့ သူတို့ နှစ်ဦးလုံး မဟုတ်ခဲ့ပေ။

ထိုနေ့။
ဟုတ်သည် ထိုနေ့က သူတို့နှစ်ဦးကြား
တစ်စုံတစ်ဦး ဝင်ရောက်လာခဲ့သည်။

မြေ့နင်းခအဖို့တော့
'မောင်နှင့်ငါ့ကို ဝေးကွာသွားစေသည့် လူတစ်ယောက်'ဟု ခေါင်းစဉ်တပ်ထားလေ၏။

ပြီးတော့ အဲ့သည့်နေ့...။
မိုးမိရက်ခက မရေရာတဲ့ နာကြည်းချက်တချို့ကို
မြေ့နင်းခအပေါ် ပုံချခဲ့တယ်။

လူနှစ်ယောက်မှာ စချစ်မိသူက အရှုံးဆိုရင်
ကျန်တစ်ယောက်က အဲ့ဒီအရှုံးကို ကျေ‌ကျေနပ်နပ် ခံယူလိမ့်မယ်။

ချစ်ပေးတဲ့သူနဲ့ အချစ်ခံရတဲ့သူ နှစ်ဦးမှာ
အချစ်ခံရတဲ့သူက ပိုပြီး ပင်ပန်းတယ်တဲ့။
ဒါကြောင့် ချစ်ပေးတဲ့သူက အချစ်ခံရတဲ့သူဆီက
ခါးသီးတဲ့ အမုန်းဒဏ်ကို လက်ခံရရှိလိမ့်မယ်။

သံသယဝင်စရာ မရှိဘူး....။
မိုးမိရက်ခက မြေ့နင်းခကို မုန်းတီးလိမ့်မယ်။

-UM [ 6/10/2021 ]

--------------
✨October 7 ,2021✨

Zawgyi

လူတန္းစားေပါင္းစုံရွိမေနသည့္ ညစာစားပြဲတစ္ခု။
စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္
လူကုံထံအခ်ိဳ႕သာ ရွိေနၾကသည္။

P group သည္ ယခုအေခါက္ နယ္သာလန္၌ လုပ္ငန္း
တိုးခ်ဲ႕ျခင္း ေအာင္ျမင္သြားသည့္အတြက္
ဤပြဲအား ျပဳလုပ္ျခင္းျဖစ္ေလသည္။
ဤသည္မွာ စီးပြားေရးသမားတိုင္း၏ ထုံးစံပင္။

စီးပြားေရးပါတနာမ်ားႏွင့္ ယင္းတို႔၏ တြဲဖက္အသီးသီးအား
သူ႔အစုႏွင့္သူ ျမင္ေတြ႕ေနရသည္။ ထိုအစုမ်ားထဲ၌ အမ်ားႏွင့္မတူဘဲ တမူထူးျခားစြာ ကြဲထြက္ေနသည့္ စုံတြဲရွိ၏။
ထိုသူတို႔သည္ နာမည္ေက်ာ္ၾကား ေအာင္ျမင္ေနစျပဳသည့္လုပ္ငန္းရွင္မ်ားထဲကမွ အငယ္ဆုံး စီးပြားေရးလုပ္ငန္းရွင္ မိုးမိရက္ခႏွင့္ သူ၏ အိမ္ေထာင္ဖက္ျဖစ္သူ ေျမ့နင္းချဖစ္သည္။

အမ်ိဳးသမီးငယ္မ်ားသည္
ထိုငယ္႐ြယ္ႏုပ်ိဳသည့္ အေငြ႕အသက္အျပည့္ႏွင့္
ခန္႔ညားလွသည့္ မ်က္ႏွာပိုင္ရွင္ေယာက္်ား၏
လက္ေမာင္းအား ခ်ိတ္ထားေသာ ေယာက်ၤားသားကို
အားက်သည့္ အၾကည့္မ်ားျဖင့္ ၾကည့္ေနၾကသလို
တခ်ိဳ႕တခ်ိဳ႕ကလည္း အဓိပၸာယ္ေကာက္ရန္ပင္
မသင့္ေတာ္သည့္ အၾကည့္ေပါင္းမ်ားစြာျဖင့္...။

ထိုႏွစ္ဦးကေတာ့ သူတို႔အား
ဂ႐ုျပဳဟန္ အရိပ္အေယာင္ပင္ မျပဘဲ
လက္တစ္ဖက္တစ္ခ်က္စီတြင္ ၀ိုင္ခြက္အသီးသီးကို ကိုင္၍
ခြက္ထိပ္ခ်င္းေတ့ကာ 'ခြၽင္' ဆိုသည့္ အသံျမည္သြားသည္အထိ ထိခတ္လိုက္ၾကၿပီးေနာက္ အၾကည့္ခ်င္းဖလွယ္ကာ ၿပဳံးၿပဳံးေလး ေသာက္လိုက္ၾကသည္။

ထို႔ေနာက္ P GROUP ၏ CEO ျဖစ္သူသည္
သူတို႔ႏွစ္ဦးဆီသို႔ ခပ္က်ဲက်ဲ ေျခလွမ္းမ်ားႏွင့္အတူ ေလွ်ာက္လွမ္းလာသည္။

"ငါ့ညီတို႔ ပြဲကို တက္ေရာက္ေပးတဲ့အတြက္ ေက်းဇူးကြာ "

ညီဟူ၍ ေခၚေနသူသည္ မိုးမိရက္ခထက္
ဆယ္ႏွစ္မကႀကီးၿပီး အသားျဖဴျဖဴႏွင့္ အရပ္ရွည္ကာ ႐ုပ္ရည္အသင့္အတင့္ရွိသည့္ အမ်ိဳးအစားထဲကျဖစ္သည္။

" ဒါမ်ိဳးကိစၥဆိုတာ ဂုဏ္ျပဳေပးသင့္တာေပါ့ဗ်ာ "

တည္ၾကည္ေနသည့္ မ်က္ႏွာထက္သို႔
အၿပဳံးလွလွေလးတစ္ခု ဆင္ျမန္းၿပီးေနာက္ ၀ိုင္ခြက္ကို ရွိရင္းစြဲထက္ အနည္းငယ္ ေျမႇာက္ျပကာ ျပန္ေျပာလိုက္သည္။

" အမ်ိဳးသားကိုပါ ေခၚလာတယ္ေနာ္ "

ယခုအေခါက္တြင္ေတာ့ 'ဟုတ္သည္' ဆိုသည့္ သေဘာျဖင့္ ေခါင္းညိတ္ျပလိုက္သည္။

ထို႔ေနာက္ ဆက္ေျပာလာသည္က။

" အကိုက မင္းရဲ႕တြဲဖက္ကို လွလွေတာင့္ေတာင့္ အမ်ိဳးသမီးတစ္ေယာက္ဘဲ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတာ ခုေတာ့ ေကာလဟာလေတြက တကယ္မွန္ေနတာပဲ "

" အဟား အကိုက ေခါင္းမာတတ္ပုံပဲ "

" ဟားဟား နည္းနည္းအစြဲႀကီးလို႔ပါ ၊ ဒါဆို ခြင့္ျပဳဦး၊
အကို တစ္ျခား၀ိုင္းေတြ သြားဧည့္ခံလိုက္ဦးမယ္ "

" ဒါဆို တစ္လက္စတည္း ႏႈတ္ဆက္လိုက္တာေပါ့ "

ေကာင္းကင္ယံထက္၌ တလက္လက္ေတာက္ပေနသည့္ ၾကယ္ေရာင္တို႔သည္ ၿမိဳ႕ျပ၏ အလင္းေရာင္အား မထိုးေဖာက္ႏိုင္ဘဲ မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနၾကသည္။
ၿမိဳ႕ျပ၏ မီးေရာင္စုံမ်ားႏွင့္အတူ ကားေရာင္စုံ‌မ်ားၾကား၌ နက္ေျပာင္ေနသည့္ ကားတစ္စင္းသည္
အိမ္မျပန္ဖူးသည့္အလား သူ႔ေနရပ္ရွိရာသို႔
တဟုန္ထိုး ေမာင္းႏွင္ေနေလသည္။
ထိုကားထဲ၌မူ လူႏွစ္ဉီးက ၿငိမ္သက္စြာ
စီးနင္းလိုက္ပါလာေလသည္။

ပန္းဥယ်ာဥ္အလယ္၌ ဂုဏ္ဆာေနသည့္
သုံးထပ္တိုက္အိမ္ႀကီး‌ေရွ႕ေရာက္ေသာအခါ၌
အေမာတေကာ ေမာင္းႏွင္လာသည့္ ကားသည္
ေလ်ာ့သြားသည့္ အရွိန္ႏွင့္အတူ
ျဖည္းညင္းစြာ ရပ္တန႔္သြားသလို
အိမ္ႀကီးရွင္မ်ား ျပန္ေရာက္လာၿပီဆိုသည့္ အသိျဖင့္
ၿခံ၀န္းက်ယ္ႀကီး၏ တံခါးသည္လည္း
အလိုက္သိစြာ ဖြင့္ဟေပးလာေလသည္။

ၿခံအတြင္းသို႔ ၀င္ေရာက္သည္ႏွင့္တစ္ၿပိဳင္နက္
အိမ္ႀကီးအတြင္းမွ ေယာက်ာ္းမိန္းမမ်ား
အလွ်ိဳအလွ်ိဳ ထြက္လာၾကၿပီး ထိုသူတို႔ထဲမွ
႐ုပ္ဆင္သည့္ မိန္းမငယ္ေလးႏွစ္ေယာက္သည္
ၿပိဳင္တူ ႏႈတ္ခြန္းဆက္ၾကေလသည္။

" အိမ္ျပန္ေရာက္တာ ႀကိဳဆိုပါတယ္ အစ္ကိုေလးနဲ႔ အစ္ကိုေလးခ"

မိုးမိရက္ခ အိမ္ထဲသို႔ ေျခလွမ္းအနည္းငယ္မွ် လွမ္းၿပီးေနာက္ ရပ္တန္႔လိုက္သည္။

" ဒီည ဒုတိယထပ္ကို ဘယ္သူမွ မတက္လာၾကနဲ႔
ဘာသံၾကားၾကား... "

" ဟုတ္ကဲ့ အစ္ကိုေလး "

မိုးမိရက္ခ ေလွကားေပၚသို႔ တက္ရန္လုပ္ေတာ့
တစ္ေယာက္ေသာသူ ပါလာမလာ
ေခါင္းငဲ့ၾကည့္လိုက္ေသးသည္။
အေပၚထပ္သို႔ ေရာက္ေသာအခါတြင္မူ...။

" ဒါဘယ္လဲ "

" ငါ အခန္းျပန္မလို႔ေလ ရက္ခ "

" မင္းကို ဘယ္သူျပန္ခိုင္းလဲ၊ ငါ့အခန္းထဲ လိုက္ခဲ့ "

ေျမ့နင္းခ ဘာမွ် ခြန္းတုံ႔မျပန္ဘဲ လိုက္သြားလိုက္သည္။

အခန္းထဲေရာက္ေတာ့ ရက္ခက ကုတ္ကို ခြၽတ္ကာ
အက်ႌ၏ အေပၚၾကယ္သီးႏွစ္လုံးကို ျဖဳတ္ၿပီး
လက္မ်ားအား တံေတာင္ထိ ေခါက္တင္လိုက္သည္။
ၿပီးေနာက္ စာၾကည့္စားပြဲ၏ အံဆြဲအတြင္းမွ
တစ္စုံတစ္ခုအား ထုတ္ယူလိုက္သည္။
ထိုအရာသည္ ေျမ့နင္းခအတြက္ သီးသန႔္ပစၥည္းတစ္ခု။

ေျမ့နင္းခ သိသည္။
ခါးပတ္တစ္ေခ်ာင္းမွန္း သူသိေန၍
အလိုက္တသိျဖင့္ ရက္ခအနီးသို႔ တိုးသြားကာ
ေျခဖ်ားနားတြင္ ထိုင္ခ်ေပးလိုက္သည္။

ျဖန္း!

ခ်က္ခ်င္းပင္ ေက်ာထက္သို႔ က်ဆင္းလာသည့္ ႐ိုက္ခတ္မႈ။

ျဖန္းးးးးးး!

" အာ့ "

ျပင္းထန္သည့္ ေနာက္ထပ္ ႐ိုက္ခ်က္တစ္ခ်က္ႏွင့္အတူ
နာက်င္‌သည့္အသံ ထြက္က်လာၿပီး
မ်က္လုံး‌မ်ားပင္ ျပာသြားသည္။

'တစ္ခု‌ ေျပာျပရမလား။
ေမာင္က သူ႐ိုက္တဲ့ခ်ိန္ အသံထြက္ရင္ မႀကိဳက္ဘူးတဲ့ေလ။
ခႏၶာကိုယ္ကသာ ေမာင့္ရဲ႕႐ိုက္ခ်က္ေတြကို
ႀကိတ္မွိတ္ခံေနတာ။ မ်က္ဝန္းေတြကေတာ့ နာက်င္မႈဒဏ္ကို
အလိုအေလ်ာက္ တုံ႔ျပန္ေနတယ္ဆိုတာ က်ဆင္းေနတဲ့ မ်က္ရည္ေတြက သက္ေသေပါ့'

" မင္း ဘာအမွားလုပ္ထားလဲ သိလား "

မ်က္ႏွာေရွ႕သို႔ ငုံ႔ဆင္းကာ ေမးလာသည့္ ေမးခြန္းအား
ေခါင္းကို ခါကာ တုန္တုန္ယင္ယင္ႏွင့္ ျပန္ေျဖမိသည္။

" မ ... မသိဘူး ေမာင္ "

ေျဖာင္းးးး !!!

ေမာင့္ညာဖက္လက္ဖ၀ါးမွ ႐ိုက္ခ်က္ႏွင့္အတူ ပါးတစ္ပတ္လည္သြားေလသည္။
ထို႔ေနာက္ ေမာင္က ႏွာေခါင္းထိပ္ခ်င္း ထိကပ္သည္အထိ
တိုးလာၿပီး ပါး‌ေစာင္ကို ညႇစ္ၿပီး ေျပာလာသည္။

" ေျမ့နင္းခ ငါ မင္းကို လူေရွ႕သူေရွ႕က လြဲရင္
အဲ့နာမ္စားကို မေခၚဖို႔မွာတာ ဘယ္ႏွစ္ႀကိမ္ရွိ‌ေနၿပီလဲ "

" ငါ ..ငါ မွားထြက္သြားတာပါ ရက္ခ
ေတာင္းပန္ပါတယ္ "

ပါးေစာင္ႏွစ္ဖက္ကို အတင္း ဖိညစ္ထားခံရသည့္ၾကားက
ဗလုံးဗေထြးျဖင့္ ျပန္ေျပာေနမိေတာ့သည္။

'ေမးခြန္းမရွိတဲ့ အေျဖေတြ။
သက္ညႇာမႈ မရွိတဲ့ ဖိႏွိပ္မႈေတြ။
အမွားတဲ့လား။
အမွားလုပ္မိတယ္ဆိုတာ မရွိဘူး။
ေမာင္က သတိလစ္သြားတဲ့အထိ ႐ိုက္တတ္႐ုံပဲ။'

ရက္ခႏွင့္ ခၾကားက ဆက္ဆံေရးအား
ယခုလို ေျပာင္းလဲသြားေစသည့္ တရားခံက မည္သူနည္း။
ေသခ်ာသည္ကေတာ့ သူတို႔ ႏွစ္ဦးလုံး မဟုတ္ခဲ့ေပ။

ထိုေန႔။
ဟုတ္သည္ ထိုေန႔က သူတို႔ႏွစ္ဦးၾကား
တစ္စုံတစ္ဦး ဝင္ေရာက္လာခဲ့သည္။

ေျမ့နင္းခအဖို႔ေတာ့
'ေမာင္ႏွင့္ငါ့ကို ေဝးကြာသြားေစသည့္ လူတစ္ေယာက္'ဟု ေခါင္းစဥ္တပ္ထားေလ၏။

ၿပီးေတာ့ အဲ့သည့္ေန႔...။
မိုးမိရက္ခက မေရရာတဲ့ နာၾကည္းခ်က္တခ်ိဳ႕ကို
ေျမ့နင္းခအေပၚ ပုံခ်ခဲ့တယ္။

လူႏွစ္ေယာက္မွာ စခ်စ္မိသူက အရႈံးဆိုရင္
က်န္တစ္ေယာက္က အဲ့ဒီအရႈံးကို ေက်‌ေက်နပ္နပ္ ခံယူလိမ့္မယ္။

ခ်စ္ေပးတဲ့သူနဲ႔ အခ်စ္ခံရတဲ့သူ ႏွစ္ဦးမွာ
အခ်စ္ခံရတဲ့သူက ပိုၿပီး ပင္ပန္းတယ္တဲ့။
ဒါေၾကာင့္ ခ်စ္ေပးတဲ့သူက အခ်စ္ခံရတဲ့သူဆီက
ခါးသီးတဲ့ အမုန္းဒဏ္ကို လက္ခံရရွိလိမ့္မယ္။

သံသယဝင္စရာ မရွိဘူး....။
မိုးမိရက္ခက ေျမ့နင္းခကို မုန္းတီးလိမ့္မယ္။

-UM [ 6/10/2021 ]

--------------
✨October 7 ,2021✨


Continue Reading

You'll Also Like

1.3M 61.5K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
275K 19.7K 35
ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ေဘးအိမ္ကအ႐ူးေလးကလည္း ကိုယ့္ခ်စ္သူျဖစ္လာနိုင္ပါတယ္ ☺️ Start date (13.4.2022)
82.9K 2.5K 29
unicode မောင့်မြတ်နိုးရာ fic လေးနဲ့ သူပြောသော ကြယ်ကြွေပုံပြင် fic လေးနှစ်ပုဒ်ကို တစ်စုတစ်စည်းတည်းနဲ့ဖတ်လို့ရအောင် စာပြန်စီလိုက်တဲ့ Fic လေးပါဗျ။ zawgy...