ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၄၇)

1.8K 254 4
By CrystalKyi

Unicode

ပိုင်ယွီက မလုပ်ရဲဘူးလေ။ ပိုင်ယွီက ဟောင်ရင့်ကို အပြစ်လုပ်မိမှာထက် ထန်းမော့ကို ၁၀၀ရာခိုင်နှုန်း ပိုကြောက်တယ်လေ။

ပိုင်ယွီက မလုပ်ရဲဘူး။ ဒါပေမဲ့ အခုဒီနေ့ ဒီနေရာမှာ ရှိနေတာက ပိုင်ယွီနဲ့ ချောင်လန်တို့ ၂ယောက်ထဲတင် မဟုတ်ဘူးလေ။

ချန်ယောင်းရန်နဲ့ နောက်လူ၃ ၄ ယောက်လောက်ကလွဲရင် အတန်းထဲကလူတွေအားလုံး ရှိနေကြတာလေ။ နဂိုကထဲက ထန်းမော့နဲ့ ဟောင်ရင်တို့က လူအာရုံစိုက်စရာဖြစ်နေခဲ့တာလေ။ အခုသူတို့၂ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ရတော့မယ်ဆိုတော့ အားလုံးက နည်းနည်းလေးမှ ဝင်မတားကြဘူးပေါ့။

အထူးသဖြင့် ချောင်လန်နဲ့ အရမ်းခင်တဲ့သူတွေပေါ့။ ချောင်လန်နဲ့ ထန်းမော့တို့က ပုံမန်ဆို သူတို့ကို အရမ်းခွေးစာကျွေးလွန်းလို့ သူတို့က အားလုံးထက်ပိုပြီး အခုအချိန်မှာ အရမ်းတက်ကြွနေကြတာပေါ့။

" သောက် သောက်!! "

ချောင်လန်က နောက်တစ်ခါထပ်ပြီး တားလိုက်ချင်နေတယ်။ ဒါပေမဲ့ ထန်းမော့က အရမ်းကိုတည်ငြိမ်နေတယ်လေ။

ဟောင်ရင်လှမ်းပေးတဲ့ ဘီယာပုလင်းကို ယူလိုက်ပြီး အဖုံးကို အရမ်းကျက်သရေရှိစွာ ဖွင့်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ ပြောလိုက်တယ်။ " ဘယ်လိုသောက်မှာလဲ "

သူ့တို့ဘေးက ကျောင်းသားကျောင်းသူအုပ်လိုက်ကြီးက ရုတ်တရက်ဆိုသလို ပွက်ပွက်ဆူလာကြတော့တာပေါ့။

ပိုင်ယွီက အစတုန်းက ဟောင်ရင့်စကားကို နားမထောင်ရဲဘူး။ ဒါပေမဲ့လဲ သူမက တစ်ခြားသူတွေထက်ပိုပြီး ဒီစိတ်လှုပ်ရှားစရာကောင်းတာကို ကြည့်ချင်နေခဲ့တာလေ။ အဲ့တာကြောင့် သူမက ထန်းမော့သဘောထားကို တွေ့လိုက်တော့ ချက်ချင်းကိုပဲ ချောင်လန့်ကိုလက်မောင်းကနေ ဆွဲလိုက်ပြီး အော်လိုက်တယ်။

" ဟောင်ရင် ရှုံးသွားပြန်ပြီ " ပိုင်ယွီက သက်ပြင်းချလိုက်တယ်။ " ထန်းမော့က အရမ်းကို ချောတာပဲ။ "

အစကထဲက အချစ်ဆိုတဲ့ filterကို ဖြတ်ပြီးမှ မြင်တဲ့ ချောင်လန်တစ်ယောက်ကတော့ သဘာဝကျစွာပဲ ထန်းမော့ကပိုပြီး ချောတယ်လို့ ခံစားမိတာပေါ့။

ကောင်လေးရဲ့ ဆိုဖာပေါ်မှာ တည်ငြိမ်စွာထိုင်နေတဲ့ ပုံစံ ဆိုဖာပေါ်မှာ တစ်ဝက်မှီနေတဲ့ပုံစံလေး.... မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တဲ့ ပုံစံလေးက ချောင်လန့်ကို နှလုံးရောဂါတောင် ရစေနိုင်လောက်တယ်လေ။

ဘေးနားက ပွဲကြည့်ချင်ကြတဲ့ အတန်းဖော်တွေကလဲ သူတို့ခုံတွေကို ရွှေ့လာပြီး ဆိုဖာရဲ့နောက်ဘက်မှာ ဘေးဘက်မှာ အကုန်လာထိုင်ကြတော့တယ်။ ချောင်လန်က ထန်းမော့ဘေးကို ခိုးပြီးတိုးသွားလိုက်ပြီး အရှေ့မှာချထားတဲ့ ဘီယာထွက်အတန်းလိုက်ကြီးကို ကြည့်လိုက်တယ်။ ပြီးတော့ အရမ်းကိုစိတ်ဆိုးနေပြီဖြစ်တဲ့ ဟောင်ရင့်ကို ကြည့်လိုက်တယ်။ အဆုံးမှာတော့ သူမကမနေနိုင်တော့ဘဲ ထန်းမော့ကို တိုးတိုးလေးမေးလိုက်တယ်။ " တစ်ကယ်ကြီး သောက်မလို့လား။ နင် ဘယ်လိုသောက်ရတယ်ဆိုတာရော သိရဲ့လား။ "

" မသိဘူး " ထန်းမော့က ရိုးသားစွာနဲ့ ဖြေလိုက်တယ်။ " ငါမသောက်ဖူးဘူး။ "

ဘယ်သူက ဖန်ခွက်တွေအများကြီးကို အပြင်ကနေ ယူခဲ့လဲတော့မသိဘူး အခုစားပွဲပေါ်မှာ ခွက်တွေမှ အများကြီးပဲ။ ခွက်၂၀လောက်တော့ ကျော်မယ်နဲ့တူတယ်။ ချောင်လန့်ခေါင်းက ပူထူသွားတယ်။ " အဲ့တာဆို နင်ကဘာလို့ ပြိုင်မယ်လို့ ကတိပေးလိုက်တာလဲ။ "

ခုနတုန်းက အမူအရာက တစ်ကယ့်ကို ချောပါတယ်။ ဒါပေမဲ့ ဒါက ဟီးရိုးတစ်ယောက်လုပ်ပြနေရမဲ့ အချိန်မဟုတ်ဘူးလေ။

" ဘယ်လိုသောက်သောက် ကိစ္စမရှိပါဘူး " ထန်းမော့က လုံးဝစိတ်မပူဘူး။ " ပြီးတော့.... "

ထန်းမော့က အဲ့အချိန်မှာ ရပ်လိုက်ပြီး သူ့ခေါင်းကိုလှည့်လိုက်ကာ ချောင်လန့်နားနားလေး ကပ်ပြီး ပြောလိုက်တယ်။ " ..... နင့်အတွက် ငါရှုံးလို့မရဘူးလေ။ "

ချောင်လန် : " ..... "

နည်းနည်းလေးတော့ ရင်ထဲထိသွားတယ်။

ဒါပေမဲ့လဲ နိုင်ချင်တယ်ဆိုရင်တောင် ဒီလိုနည်းနဲ့ နိုင်လို့ရတယ်လို့ မဆိုလိုဘူးလေ။

ဟောင်ရင်က ဒီလိုဆိုင်တွေမှာ သောက်တာကို ကျင့်သားရပြီးသားလေ။ အဲ့တာကြောင့် သူကထန်းမော့ကို ပြိုင်သောက်ရအောင်လို့ လာပြီး တိုက်ရိုက်စိန်ခေါ်ရဲတာလေ။ ဒါပေမဲ့ ထန်းမော့က တစ်ခါမှကို မသောက်ဖူးဘူးလေ။ သူက ခွက်တစ်ထောင်သောက်နိုင်လား၊ ခွက်တစ်ဝက်ပဲ သောက်နိုင်လားဆိုတာ ဘယ်သူကသိမှာလဲ။

ဒါပေမဲ့ ထန်းမော့က သဘောတူပြီးနေပြီလေ။ အဲ့တာကြောင့် ချောင်လန်က ထပ်ပြီးမကန့်ကွက်တော့ဘူး။

ထားလိုက်တော့ သောက်မယ်ဆိုလဲ သောက်ပေါ့။ ထန်းမော့က သူ့ခန္ဓာကိုယ်ကို ဟာသလုပ်တက်တဲ့လူမျိုး မဟုတ်ဘူးလေ။ တစ်ကယ်လို့ သူကသဘောတူရဲရင် သူကအရက်နဲ့ အလက်ဂျစ်ရှိတာတော့ မဖြစ်နိုင်လောက်ပါဘူး။

မတည့်တာ မဟုတ်သရွေ့ တစ်ကယ်လို့ မူးသွားတယ်ဆိုရင်တောင်...

မူးသွားတယ်ဆိုတော့လဲ မူးတယ်ပေါ့။

ဖြစ်နိုင်တာက ဟောင်ရင်က ချောင်လန်နဲ့ထန်းမော့တို့ သူ့ရှေ့မှာထိုင်ပြီး တီးတိုးပြောနေကြတာကို သည်းမခံနိုင်တော့ဘူးနေမှာ။ သူက စားပွဲခုံကို ခေါက်ပစ်လိုက်တယ်။ " စကားမပြောနဲ့ သောက်တော့!! "

" မင်း အရင်ဆုံး စည်းမျဥ်းတွေပြောလေ " ထန်းမော့က မျက်လုံးတွေကို မှေးကျဥ်းလိုက်ပြီး ဟောင်ရင့်ကို ကြည့်လိုက်တယ်။ ရုတ်တရက် သူ့နှုတ်ခမ်းမှာ ကောက်ကျစ်စဥ်းလဲတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ အရမ်းလဲမကြီးဘူး အရမ်းလဲမသေးဘူး။ ဒါပေမဲ့ ဟောင်ရင်က ထန်းမော့ချောင်လန့်ကို ပြောလိုက်တဲ့စကားကိုတော့ သေသေချာချာကြီးကို ကြားလိုက်ရတယ်။ " နည်းနည်းလောက် အားပေးဦး။ "

" ဟင်?? "

ချောင်လန်က ခဏလောက်ကြောင်သွားခဲ့တယ်။ ဘာအားပေးရမှာလဲ။

ဒါပေမဲ့ သူမဘေးကထိုင်နေတဲ့ အတန်းဖော်တွေရဲ့ ဦးနှောက်ကတော့ ဒီနေရာမှာ ချောင်လန့်ဦးနှောက်ထက် ပိုပြီးပြေးတယ်လေ။ အဲ့တာကြောင့် သူတို့တွေက ရယ်လိုက်ကြပြီး ချက်ချင်းကိုပဲ အော်ကြတော့တယ်။

ထန်းမော့က ချောင်လန့်မေးစေ့ကို ဆွဲယူလိုက်ပြီး သူမပါးလေးကို ကိုင်လိုက်ကာ ဟောင်ရင့်အရှေ့မှာတင် ချောင်လန့်နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။

အော်သံတွေက ခေါင်မိုးကိုတောင် ပေါက်ထွက်တော့မယ်လေ။

ထန်းမော့ အကွက်က အရမ်းကိုပဲ ရက်စက်လွန်းပါတယ်။ သူက ဟောင်ရင့်ရှေ့မှာတင် အရမ်းကိုချစ်ပြလိုက်တာလေ။ ဟောင်ရင်က လာတုန်းကတော့ ဒေါသကြီးနဲ့လာတာပဲ။ အခုကျတော့ ဝမ်းနည်းနေရပြီလေ။

ချောင်လန်က ထန်းမော့လုပ်ရပ်ကြောင့် လုံးဝကြောင်သွားခဲ့တယ်။ အားလုံးရဲ့ အော်ဟစ်အားပေးမှုတွေကို နားထောင်ပြီးသွားတော့မှ သူမပါးတွေက နီရဲတက်လာခဲ့တာလေ။

သူတို့နဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဟောင်ရင်ကလဲ လုံးဝကိုစိတ်ပြင်ဆင်ချိန်မရလိုက်ဘဲ အလစ်ချောင်းတိုက်ခိုက်ခံလိုက်ရတယ်။ သူကထန်းမော့ကို တိတ်ဆိတ်စွာနဲ့ ၁စက္ကန့်လောက်စိုက်ကြည့်နေပြီးတော့မှ အသက်ကိုပြင်းပြင်းရှူလိုက်တယ်။

ချီးချီး!! Fuck!! တစ်ကယ်လို့ သူဒီနေ့ထန်းမော့ကို သေအောင်မသောက်ခိုင်းရရင် သူထန်းမော့နောက်လိုက်ပဲ လုပ်တော့မယ်။

" အံစာတုံးဆော့မယ်။ ရလား။ " ဟောင်ရင်က ထန်းမော့ကို မဟုတ်ကဟုတ်ကတွေ ဆက်ပြောလို့မရတော့ဘူးဆိုတာ ခံစားမိတယ်။ တစ်ကယ်လို့ သူမဟုတ်တာပြောမိလို့ ရှုံးသွားရင် သူသောက်ရမှာလေ။

" မသိဘူး " ထန်းမော့က ကျောင်းသားကောင်းတစ်ယောက်လေ။ သူက သောက်လဲမသောက်တက်ဘူး။ လောင်းကစားလဲမသိဘူး။ fighting landlords တောင်မဆော့တက်တဲ့လူတစ်ယောက်က နိုင်မယ်လို့ တွက်ထားနေသေးတယ်။

ဟောင်ရင်က ထန်းမော့ကို ရှင်းပြလိုက်တယ်။ " ငါတို့၂ယောက်လုံးက အံစာတုံးကို တစ်ကြိမ်စီ လုပ်ရမယ်။ ကိုယ့်ခွက်ထဲက နံပါတ်တွေကို မှတ်ထားပြီး တစ်ခြားသူရဲ့နံပါတ်ကို ခန့်မှန်းရမယ်။ ပြီးတော့မှ ဒိုင်လုပ်တဲ့လူကနေစပြီး ပါဝင်တဲ့လူတွေရဲ့ အံစာခွက်ထဲမှာ ဘယ်လောက်ရှိလဲဆိုတာကို အော်ပြောရမယ်။ ဥပမာပြောရရင် ၃မှတ်တို့ ၄မှတ်တို့ အများဆုံးကတော့ ၆မှတ်ပေါ့။ ငါမင်းကို အရင်တစ်ခေါက်လုပ်ပြမယ်။ မင်းအရင်ကြည့်ကြည့်ပေါ့။ ပြီးရင်စကြတာပေါ့။ "

ချောင်လန်က ထန်းမော့ရှေ့မှာထိုင်နေတဲ့ ဟောင်ရင့်ကို ကြည့်လိုက်ပြီး ရုတ်တရက်ဒီကလေးကို နည်းနည်းသနားလာတယ်။

တစ်ကယ်လို့ ပန်းပွင့်ရဲ့အရွယ်အစားလိုမျိူး လှည့်ကွက်တွေသုံးရင်တော့ ကြိုက်သလောက်လုပ်လို့ရတယ်လေ။ ဒီလိုမျိုဂိမ်းကပျင်းစရာကောင်းပေမဲ့ ဒါက လုံးဝကို ကံပေါ်မှာ မူတည်တာလေ။

ဒါပေမဲ့ ဒါကတော့ လုံးဝမတူဘူးလေ။ ဒီလိုမျိုး ဂိမ်းက ကံအပေါ်မှာတင်မူတည်တာမဟုတ်ဘဲ IQ နဲ့လဲ အများကြီးဆိုင်တယ်လေ။ ခန့်မှန်းနိုင်လား မခန့်မှန်းနိုင်ဘူးလား ဆိုတာအပေါ်မှာ မူတည်တာလေ။

ထန်းမော့ အရင်တုန်းက fighting landlord ကစားတုန်းက ၃ပွဲထဲနဲ့တင် ဟောင်ရင့်ကို ဆွဲချနိုင်ခဲ့တာလေ။ ဒီလိုမျိုးဂိမ်းကတော့..... ချောင်လန်က ဘာမှတောင်သေချာ မစဥ်းစားဘဲ ထန်းမော့ဘက်မှာပဲ ရပ်မှာပေါ့။

ထန်းမော့က ခုနတုန်းကပြောတယ်။ " ဘယ်သူသောက်ရမလဲဆိုတာ မပြောနိုင်သေးပါဘူး " တဲ့လေ။ အဲ့တာက အရမ်းကိုအမြော်အမြင်ရှိတာပဲ။

ကြည့်ရတာ ဟောင်ရင်က အရမ်းကို သူ့ကိုယ်သူ ယုံကြည်မှုတွေရှိနေတာနေမှာ။ အတန်းထဲကကောင်လေးတစ်ယောက်နဲ့ ကစားပြီးသွားတော့ သူကထန်းမော့ကို နားလည်ပြီလားလို့ မေးလိုက်တယ်။

ထန်းမော့က ရပြီလို့ ပြောလိုက်တော့ ဟောင်ရင်က ကြင်နာစွာနဲ့ ထန်းမော့ကို ၃ခါကစားဖို့ အခွင့်အရေးပေးလိုက်တယ်။ " ပထမ၃ကြိမ်လောက် စမ်းကြည့်ရအောင်လေ။ မသောက်နဲ့ဦး။ ၃ခါဆော့ပြီးမှ သောက်ကြတာပေါ့။ ပြဿနာမရှိပါဘူး။ "

" မရဘူး " ထန်းမော့က အံစာတုံးကို လှုပ်လိုက်ပြီး ဖြေးဖြေးချင်းပြောလိုက်တယ်။ " ဘယ်လိုရေမှာလဲ။ "

" တစ် round မှာ ၃ခွက် အပျော်သဘောပါ။ "

" ရတယ်လေ " ထန်းမော့မျက်နှာထားက အခုထိ ဖျော့နေတုန်းပဲ။ " အရင်စမ်းကြည့်တာပေါ့ "

စမ်းကြည့်တယ်??

ပထမဆုံး ၃ခေါက်က သောက်စရာမပါဘူး။ ဒီတိုင်းလေ့ကျင့်တာပဲ။

ထန်းမော့က အကုန်လုံးရှုံးသွားခဲ့တယ်။

ပွဲကြည့်နေတဲ့ အတန်းဖော်တွေကလဲ စပြီး ဆူဆူညံညံတွေလုပ်လာကြတယ်။ တစ်ချို့လူတွေကဆို ဟောင်ရင့်ကို အနိုင်ကျင့်နေတာလို့ ပြောလာကြတယ်။ ဘာပဲပြောပြော ထန်းမော့က တစ်ခါမှ မဆော့ဖူးဘူးလေ။

ဟောင်ရင်ကလဲ မျက်နှာကထူတယ်လေ။ ထန်းမော့က အရင်ကမဆော့ဖူးဘူး။ အဲ့တာဘာဖြစ်လဲ။ သူ့ကို သဘောတူလိုက်လို့ ဘယ်သူကပြောလို့လဲ။

ချောင်လန်တစ်ယောက်ပဲ ထန်းမော့လက်ထဲက အံစာတုံးကိုကြည့်လိုက်ပြီး ခုနတုန်းက ထန်းမော့ပြောလိုက်တဲ့ နံပါတ်ကို စဥ်းစားလိုက်တယ်။

ဒါက ဒီတိုင်း စမ်းကြည့်နေရုံပဲ။

ဒါက ထန်းမော့လုံးဝမသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ သူက.....

တမင်လုပ်နေတာပဲ ဖြစ်နိုင်တယ်။

ချောင်လန်က အဲ့တာကပိုဖြစ်နိုင်တယ်လို့ တွေးမိတယ်။

ဘာပဲပြောပြော ဒီဂိမ်းက IQ အမြင့်ကြီးမလိုဘူးလေ။ သင်္ချာနဲ့နည်းနည်းပဲ ဆိုင်တာ။ ထန်းမော့က ဘာမှမသိဘဲနဲ့ တစ်ခြားသူတွေကစားတာကို ထိုင်ကြည့်ပြီး မကစားတက်ဘူးလေ။

ထန်းမော့IQ ကဘယ်တုန်းကမှ သာမန်လူတွေနဲ့ level တစ်ခုထဲ ဖြစ်မနေခဲ့ဘူး။

အဲ့တာကြောင့် ဒီလိုမျိုးအစပျိုးမှုမျိုးမှာ ဟောင်ရင်က သူ့အောင်မြင်မှုက လက်တစ်ကမ်းမှာပဲလို့ ခံစားလိုက်ရတဲ့အချိန်က ဒီညက ဟောင်ရင်ရဲ့ ဝမ်းနည်းကြေကွဲမှုတွေရဲ့ အစပဲဆိုတာပေါ့။

တရားဝင်ကစားပွဲစတော့ ဟောင်ရင်က လုံးဝကို ကြောင်သွားခဲ့တယ်။

ဒီလိုဂိမ်းမျိုးမှာ ကံဆိုတဲ့အရာက အရမ်းနိမ့်လွန်းတယ်။ မင်းလက်ထဲမှာရှိနေတာက ဘယ်လောက်ကောင်းကောင်း တစ်ခြားတစ်ဖက်ကလူက ခန့်မှန်းလိုက်တာနဲ့ ပွဲပြီးသွားပြီလေ။

အစတုန်းက ၃ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ဟောင်ရင်တစ်ယောက် ပွဲစပြီးမှာပဲ ၃ပွဲဆက်တိုက်ကို ရှုံးသွားခဲ့တော့တယ်။

အရက်ခွက်၉ခွက်က မျက်စိရှေ့ကို ချက်ချင်းကိုပဲ ရောက်လာခဲ့တယ်။

ဟောင်ရင်က လုံးဝကို မကျေနပ်နိုင်ဘူး။ သူက မကောင်းဆိုးဝါးဆိုတာကို မမြင်ခင်အထိ မယုံဘူးလေ။ " ဆက်ဆော့မယ်!! "

ထန်းမော့က ခွက်တွေကို တစ်ချက်ကြည့်လိုက်ပြီး " အရင်သောက် "

ဟောင်ရင် : " .. "

ဘေးက ပွဲကြည့်နေတဲ့ အတန်းဖော်တွေကလဲ အမြန်ပြေးထွက်သွားပြီး ခွက်အကြီးကြီးကို သွားတောင်းလိုက်တယ်။ ဟောင်ရင်က ခွက်၉ခွက်ကို အတူတူထည့်လိုက်တာကို ကြည့်နေခဲ့တယ်။ ပြီးတော့ အဲ့ခွက်ကြီးက သူ့လက်ထဲကို ရောက်လာတယ်။

ဒါက သူစိတ်ကူးထားတာနဲ့ မတူဘူးလေ။

ဒါက ဒီလိုဖြစ်မလာသင့်ဘူးလေ။

ဟောင်ရင်က သောက်တာကို ခေါင်းမရှောင်ခဲ့ဘူး။ သူကတစ်ကယ့်ကိုပဲ အသောက်ကောင်းတဲ့သူ ဖြစ်တယ်။ သူက ခွက်အကြီးကြီးကို တစ်ခါထဲနဲ့ သောက်လိုက်ပြီး နောက်တစ်ခေါက် ဆိုပြီး အော်ပြောလိုက်တယ်။

ဆက်ဆော့ကြတော့တယ်။

အစပိုင်းမှာက ထန်းမော့ရဲ့ တမင်သက်သက် အားနည်းသလိုပြတာကြောင့် ဟောင်ရင်က ရန်သူကို အများကြီးလျှော့တွက်ထားခဲ့တာကြောင့်လေ။ ဒါပေမဲ့အခုမှာတော့ ထန်းမော့က အရူးလုပ်နေတာကို သိသွားပြီဆိုတော့ နောက်ဆုံးမှာ ဟောင်ရင်က ဒီတစ်ခေါက်တော့ အရမ်းကိုအာရုံစိုက်ခဲ့တယ်လေ။

သူ့IQ ကထန်းမော့လောက်တော့ မကောင်းပေမဲ့ သူက နှစ်ပေါင်းများစွာကစားလာတဲ့ ဝါရင့်ကစားသမားကြီးလေ။ ရန်သူကို လေးလေးနက်နက် ယူပြီးတော့ နောက်ဆုံးမှာ ထန်းမော့ဆီကနေ လုံးဝကြီး အနိုင်ပိုင်းခံရတဲ့ အခြေအနေတော့ မဟုတ်တော့ဘူး။

၃ပွဲမှာ ၁ပွဲနိုင်တာတော့ ဖြစ်နိုင်သေးတယ်။ အကြမ်းအားဖြင့်တော့ ဟောင်ရင်နဲ့ ထန်းမော့တို့က အနိုင်ရနိုင်ချေ ၃၇ ရာခိုင်နှုန်းစီ ရှိနေကြတယ်။

ထန်းမော့က ပထမဆုံးစသောက်ရတော့ မျက်မှောင်မကျုံ့ပဲ မနေနိုင်ဘူး။ တစ်ခါမှမသောက်ဖူးတဲ့လူတွေက ဘီယာတောင်မှ အရသာက အရမ်းကောင်းတယ်လို့ မခံစားရဘူးလေ။

ဖြေးဖြေးချင်းသောက်ပြီးသွားတဲ့အချိန်မှာ ဘီယာက အရင်လိုမြိုချရတာ မခက်တော့ဘူးလို့ ခံစားလာရတယ်။ ပြီးတော့ အရသာက မဆိုးပါဘူးလို့လဲ ခံစားလာရတယ်။

ဒါပေမဲ့ မကြာခဏသောက်တက်တဲ့လူတွေက ပိုနားလည်တယ်။ အရက်က သောက်ရတာပိုကောင်းလာပြီလို့ ခံစားလာရပြီဆိုရင် ဆိုလိုတာက အများကြီးသောက်ပြီးနှင့်နေပြီပဲလေ။

အများကြီး မသောက်ဖူးတဲ့ ချောင်လန်က အဲ့တာကို မသိဘူး။ အရင်တုန်းက တစ်ခါမှမသောက်ဖူးတဲ့ ထန်းမော့ကလဲ မသိဘူးလေ။

Zawgyi

ပိုင္ယြီက မလုပ္ရဲဘူးေလ။ ပိုင္ယြီက ေဟာင္ရင့္ကို အျပစ္လုပ္မိမွာထက္ ထန္းေမာ့ကို ၁၀၀ရာခိုင္ႏႈန္း ပိုေၾကာက္တယ္ေလ။

ပိုင္ယြီက မလုပ္ရဲဘူး။ ဒါေပမဲ့ အခုဒီေန႔ ဒီေနရာမွာ ရွိေနတာက ပိုင္ယြီနဲ႔ ေခ်ာင္လန္တို႔ ၂ေယာက္ထဲတင္ မဟုတ္ဘူးေလ။

ခ်န္ေယာင္းရန္နဲ႔ ေနာက္လူ၃ ၄ ေယာက္ေလာက္ကလြဲရင္ အတန္းထဲကလူေတြအားလုံး ရွိေနၾကတာေလ။ နဂိုကထဲက ထန္းေမာ့နဲ႔ ေဟာင္ရင္တို႔က လူအာ႐ုံစိုက္စရာျဖစ္ေနခဲ့တာေလ။ အခုသူတို႔၂ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ရေတာ့မယ္ဆိုေတာ့ အားလုံးက နည္းနည္းေလးမွ ဝင္မတားၾကဘူးေပါ့။

အထူးသျဖင့္ ေခ်ာင္လန္နဲ႔ အရမ္းခင္တဲ့သူေတြေပါ့။ ေခ်ာင္လန္နဲ႔ ထန္းေမာ့တို႔က ပုံမန္ဆို သူတို႔ကို အရမ္းေခြးစာေကြၽးလြန္းလို႔ သူတို႔က အားလုံးထက္ပိုၿပီး အခုအခ်ိန္မွာ အရမ္းတက္ႂကြေနၾကတာေပါ့။

" ေသာက္ ေသာက္!! "

ေခ်ာင္လန္က ေနာက္တစ္ခါထပ္ၿပီး တားလိုက္ခ်င္ေနတယ္။ ဒါေပမဲ့ ထန္းေမာ့က အရမ္းကိုတည္ၿငိမ္ေနတယ္ေလ။

ေဟာင္ရင္လွမ္းေပးတဲ့ ဘီယာပုလင္းကို ယူလိုက္ၿပီး အဖုံးကို အရမ္းက်က္သေရရွိစြာ ဖြင့္လိုက္ၿပီး မ်က္ခုံးတစ္ဖက္ပင့္လိုက္ကာ ေျပာလိုက္တယ္။ " ဘယ္လိုေသာက္မွာလဲ "

သူ႔တို႔ေဘးက ေက်ာင္းသားေက်ာင္းသူအုပ္လိုက္ႀကီးက ႐ုတ္တရက္ဆိုသလို ပြက္ပြက္ဆူလာၾကေတာ့တာေပါ့။

ပိုင္ယြီက အစတုန္းက ေဟာင္ရင့္စကားကို နားမေထာင္ရဲဘူး။ ဒါေပမဲ့လဲ သူမက တစ္ျခားသူေတြထက္ပိုၿပီး ဒီစိတ္လႈပ္ရွားစရာေကာင္းတာကို ၾကည့္ခ်င္ေနခဲ့တာေလ။ အဲ့တာေၾကာင့္ သူမက ထန္းေမာ့သေဘာထားကို ေတြ႕လိုက္ေတာ့ ခ်က္ခ်င္းကိုပဲ ေခ်ာင္လန္႔ကိုလက္ေမာင္းကေန ဆြဲလိုက္ၿပီး ေအာ္လိုက္တယ္။

" ေဟာင္ရင္ ရႈံးသြားျပန္ၿပီ " ပိုင္ယြီက သက္ျပင္းခ်လိုက္တယ္။ " ထန္းေမာ့က အရမ္းကို ေခ်ာတာပဲ။ "

အစကထဲက အခ်စ္ဆိုတဲ့ filterကို ျဖတ္ၿပီးမွ ျမင္တဲ့ ေခ်ာင္လန္တစ္ေယာက္ကေတာ့ သဘာဝက်စြာပဲ ထန္းေမာ့ကပိုၿပီး ေခ်ာတယ္လို႔ ခံစားမိတာေပါ့။

ေကာင္ေလးရဲ႕ ဆိုဖာေပၚမွာ တည္ၿငိမ္စြာထိုင္ေနတဲ့ ပုံစံ ဆိုဖာေပၚမွာ တစ္ဝက္မွီေနတဲ့ပုံစံေလး.... မ်က္ခုံးတစ္ဖက္ပင့္ျပလိုက္တဲ့ ပုံစံေလးက ေခ်ာင္လန္႔ကို ႏွလုံးေရာဂါေတာင္ ရေစႏိုင္ေလာက္တယ္ေလ။

ေဘးနားက ပြဲၾကည့္ခ်င္ၾကတဲ့ အတန္းေဖာ္ေတြကလဲ သူတို႔ခုံေတြကို ေ႐ႊ႕လာၿပီး ဆိုဖာရဲ႕ေနာက္ဘက္မွာ ေဘးဘက္မွာ အကုန္လာထိုင္ၾကေတာ့တယ္။ ေခ်ာင္လန္က ထန္းေမာ့ေဘးကို ခိုးၿပီးတိုးသြားလိုက္ၿပီး အေရွ႕မွာခ်ထားတဲ့ ဘီယာထြက္အတန္းလိုက္ႀကီးကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ အရမ္းကိုစိတ္ဆိုးေနၿပီျဖစ္တဲ့ ေဟာင္ရင့္ကို ၾကည့္လိုက္တယ္။ အဆုံးမွာေတာ့ သူမကမေနႏိုင္ေတာ့ဘဲ ထန္းေမာ့ကို တိုးတိုးေလးေမးလိုက္တယ္။ " တစ္ကယ္ႀကီး ေသာက္မလို႔လား။ နင္ ဘယ္လိုေသာက္ရတယ္ဆိုတာေရာ သိရဲ႕လား။ "

" မသိဘူး " ထန္းေမာ့က ႐ိုးသားစြာနဲ႔ ေျဖလိုက္တယ္။ " ငါမေသာက္ဖူးဘူး။ "

ဘယ္သူက ဖန္ခြက္ေတြအမ်ားႀကီးကို အျပင္ကေန ယူခဲ့လဲေတာ့မသိဘူး အခုစားပြဲေပၚမွာ ခြက္ေတြမွ အမ်ားႀကီးပဲ။ ခြက္၂၀ေလာက္ေတာ့ ေက်ာ္မယ္နဲ႔တူတယ္။ ေခ်ာင္လန္႔ေခါင္းက ပူထူသြားတယ္။ " အဲ့တာဆို နင္ကဘာလို႔ ၿပိဳင္မယ္လို႔ ကတိေပးလိုက္တာလဲ။ "

ခုနတုန္းက အမူအရာက တစ္ကယ့္ကို ေခ်ာပါတယ္။ ဒါေပမဲ့ ဒါက ဟီး႐ိုးတစ္ေယာက္လုပ္ျပေနရမဲ့ အခ်ိန္မဟုတ္ဘူးေလ။

" ဘယ္လိုေသာက္ေသာက္ ကိစၥမရွိပါဘူး " ထန္းေမာ့က လုံးဝစိတ္မပူဘူး။ " ၿပီးေတာ့.... "

ထန္းေမာ့က အဲ့အခ်ိန္မွာ ရပ္လိုက္ၿပီး သူ႔ေခါင္းကိုလည့္လိုက္ကာ ေခ်ာင္လန္႔နားနားေလး ကပ္ၿပီး ေျပာလိုက္တယ္။ " ..... နင့္အတြက္ ငါရႈံးလို႔မရဘူးေလ။ "

ေခ်ာင္လန္ : " ..... "

နည္းနည္းေလးေတာ့ ရင္ထဲထိသြားတယ္။

ဒါေပမဲ့လဲ ႏိုင္ခ်င္တယ္ဆိုရင္ေတာင္ ဒီလိုနည္းနဲ႔ ႏိုင္လို႔ရတယ္လို႔ မဆိုလိုဘူးေလ။

ေဟာင္ရင္က ဒီလိုဆိုင္ေတြမွာ ေသာက္တာကို က်င့္သားရၿပီးသားေလ။ အဲ့တာေၾကာင့္ သူကထန္းေမာ့ကို ၿပိဳင္ေသာက္ရေအာင္လို႔ လာၿပီး တိုက္႐ိုက္စိန္ေခၚရဲတာေလ။ ဒါေပမဲ့ ထန္းေမာ့က တစ္ခါမွကို မေသာက္ဖူးဘူးေလ။ သူက ခြက္တစ္ေထာင္ေသာက္ႏိုင္လား၊ ခြက္တစ္ဝက္ပဲ ေသာက္ႏိုင္လားဆိုတာ ဘယ္သူကသိမွာလဲ။

ဒါေပမဲ့ ထန္းေမာ့က သေဘာတူၿပီးေနၿပီေလ။ အဲ့တာေၾကာင့္ ေခ်ာင္လန္က ထပ္ၿပီးမကန္႔ကြက္ေတာ့ဘူး။

ထားလိုက္ေတာ့ ေသာက္မယ္ဆိုလဲ ေသာက္ေပါ့။ ထန္းေမာ့က သူ႔ခႏၶာကိုယ္ကို ဟာသလုပ္တက္တဲ့လူမ်ိဳး မဟုတ္ဘူးေလ။ တစ္ကယ္လို႔ သူကသေဘာတူရဲရင္ သူကအရက္နဲ႔ အလက္ဂ်စ္ရွိတာေတာ့ မျဖစ္ႏိုင္ေလာက္ပါဘူး။

မတည့္တာ မဟုတ္သေ႐ြ႕ တစ္ကယ္လို႔ မူးသြားတယ္ဆိုရင္ေတာင္...

မူးသြားတယ္ဆိုေတာ့လဲ မူးတယ္ေပါ့။

ျဖစ္ႏိုင္တာက ေဟာင္ရင္က ေခ်ာင္လန္နဲ႔ထန္းေမာ့တို႔ သူ႔ေရွ႕မွာထိုင္ၿပီး တီးတိုးေျပာေနၾကတာကို သည္းမခံႏိုင္ေတာ့ဘူးေနမွာ။ သူက စားပြဲခုံကို ေခါက္ပစ္လိုက္တယ္။ " စကားမေျပာနဲ႔ ေသာက္ေတာ့!! "

" မင္း အရင္ဆုံး စည္းမ်ဥ္းေတြေျပာေလ " ထန္းေမာ့က မ်က္လုံးေတြကို ေမွးက်ဥ္းလိုက္ၿပီး ေဟာင္ရင့္ကို ၾကည့္လိုက္တယ္။ ႐ုတ္တရက္ သူ႔ႏႈတ္ခမ္းမွာ ေကာက္က်စ္စဥ္းလဲတဲ့ အၿပဳံးတစ္ခု ေပၚလာခဲ့တယ္။ အရမ္းလဲမႀကီးဘူး အရမ္းလဲမေသးဘူး။ ဒါေပမဲ့ ေဟာင္ရင္က ထန္းေမာ့ေခ်ာင္လန္႔ကို ေျပာလိုက္တဲ့စကားကိုေတာ့ ေသေသခ်ာခ်ာႀကီးကို ၾကားလိုက္ရတယ္။ " နည္းနည္းေလာက္ အားေပးဦး။ "

" ဟင္?? "

ေခ်ာင္လန္က ခဏေလာက္ေၾကာင္သြားခဲ့တယ္။ ဘာအားေပးရမွာလဲ။

ဒါေပမဲ့ သူမေဘးကထိုင္ေနတဲ့ အတန္းေဖာ္ေတြရဲ႕ ဦးေႏွာက္ကေတာ့ ဒီေနရာမွာ ေခ်ာင္လန္႔ဦးေႏွာက္ထက္ ပိုၿပီးေျပးတယ္ေလ။ အဲ့တာေၾကာင့္ သူတို႔ေတြက ရယ္လိုက္ၾကၿပီး ခ်က္ခ်င္းကိုပဲ ေအာ္ၾကေတာ့တယ္။

ထန္းေမာ့က ေခ်ာင္လန္႔ေမးေစ့ကို ဆြဲယူလိုက္ၿပီး သူမပါးေလးကို ကိုင္လိုက္ကာ ေဟာင္ရင့္အေရွ႕မွာတင္ ေခ်ာင္လန္႔ႏႈတ္ခမ္းေတြကို နမ္းလိုက္တယ္။

ေအာ္သံေတြက ေခါင္မိုးကိုေတာင္ ေပါက္ထြက္ေတာ့မယ္ေလ။

ထန္းေမာ့ အကြက္က အရမ္းကိုပဲ ရက္စက္လြန္းပါတယ္။ သူက ေဟာင္ရင့္ေရွ႕မွာတင္ အရမ္းကိုခ်စ္ျပလိုက္တာေလ။ ေဟာင္ရင္က လာတုန္းကေတာ့ ေဒါသႀကီးနဲ႔လာတာပဲ။ အခုက်ေတာ့ ဝမ္းနည္းေနရၿပီေလ။

ေခ်ာင္လန္က ထန္းေမာ့လုပ္ရပ္ေၾကာင့္ လုံးဝေၾကာင္သြားခဲ့တယ္။ အားလုံးရဲ႕ ေအာ္ဟစ္အားေပးမႈေတြကို နားေထာင္ၿပီးသြားေတာ့မွ သူမပါးေတြက နီရဲတက္လာခဲ့တာေလ။

သူတို႔နဲ႔ မ်က္နာခ်င္းဆိုင္မွာထိုင္ေနတဲ့ ေဟာင္ရင္ကလဲ လုံးဝကိုစိတ္ျပင္ဆင္ခ်ိန္မရလိုက္ဘဲ အလစ္ေခ်ာင္းတိုက္ခိုက္ခံလိုက္ရတယ္။ သူကထန္းေမာ့ကို တိတ္ဆိတ္စြာနဲ႔ ၁စကၠန္႔ေလာက္စိုက္ၾကည့္ေနၿပီးေတာ့မွ အသက္ကိုျပင္းျပင္းရႉလိုက္တယ္။

ခ်ီးခ်ီး!! Fuck!! တစ္ကယ္လို႔ သူဒီေန႔ထန္းေမာ့ကို ေသေအာင္မေသာက္ခိုင္းရရင္ သူထန္းေမာ့ေနာက္လိုက္ပဲ လုပ္ေတာ့မယ္။

" အံစာတုံးေဆာ့မယ္။ ရလား။ " ေဟာင္ရင္က ထန္းေမာ့ကို မဟုတ္ကဟုတ္ကေတြ ဆက္ေျပာလို႔မရေတာ့ဘူးဆိုတာ ခံစားမိတယ္။ တစ္ကယ္လို႔ သူမဟုတ္တာေျပာမိလို႔ ရႈံးသြားရင္ သူေသာက္ရမွာေလ။

" မသိဘူး " ထန္းေမာ့က ေက်ာင္းသားေကာင္းတစ္ေယာက္ေလ။ သူက ေသာက္လဲမေသာက္တက္ဘူး။ ေလာင္းကစားလဲမသိဘူး။ fighting landlords ေတာင္မေဆာ့တက္တဲ့လူတစ္ေယာက္က ႏိုင္မယ္လို႔ တြက္ထားေနေသးတယ္။

ေဟာင္ရင္က ထန္းေမာ့ကို ရွင္းျပလိုက္တယ္။ " ငါတို႔၂ေယာက္လုံးက အံစာတုံးကို တစ္ႀကိမ္စီ လုပ္ရမယ္။ ကိုယ့္ခြက္ထဲက နံပါတ္ေတြကို မွတ္ထားၿပီး တစ္ျခားသူရဲ႕နံပါတ္ကို ခန္႔မွန္းရမယ္။ ၿပီးေတာ့မွ ဒိုင္လုပ္တဲ့လူကေနစၿပီး ပါဝင္တဲ့လူေတြရဲ႕ အံစာခြက္ထဲမွာ ဘယ္ေလာက္ရွိလဲဆိုတာကို ေအာ္ေျပာရမယ္။ ဥပမာေျပာရရင္ ၃မွတ္တို႔ ၄မွတ္တို႔ အမ်ားဆုံးကေတာ့ ၆မွတ္ေပါ့။ ငါမင္းကို အရင္တစ္ေခါက္လုပ္ျပမယ္။ မင္းအရင္ၾကည့္ၾကည့္ေပါ့။ ၿပီးရင္စၾကတာေပါ့။ "

ေခ်ာင္လန္က ထန္းေမာ့ေရွ႕မွာထိုင္ေနတဲ့ ေဟာင္ရင့္ကို ၾကည့္လိုက္ၿပီး ႐ုတ္တရက္ဒီကေလးကို နည္းနည္းသနားလာတယ္။

တစ္ကယ္လို႔ ပန္းပြင့္ရဲ႕အ႐ြယ္အစားလိုမ်ိဴး လွည့္ကြက္ေတြသုံးရင္ေတာ့ ႀကိဳက္သေလာက္လုပ္လို႔ရတယ္ေလ။ ဒီလိုမ်ိဳဂိမ္းကပ်င္းစရာေကာင္းေပမဲ့ ဒါက လုံးဝကို ကံေပၚမွာ မူတည္တာေလ။

ဒါေပမဲ့ ဒါကေတာ့ လုံးဝမတူဘူးေလ။ ဒီလိုမ်ိဳး ဂိမ္းက ကံအေပၚမွာတင္မူတည္တာမဟုတ္ဘဲ IQ နဲ႔လဲ အမ်ားႀကီးဆိုင္တယ္ေလ။ ခန္႔မွန္းႏိုင္လား မခန္႔မွန္းႏိုင္ဘူးလား ဆိုတာအေပၚမွာ မူတည္တာေလ။

ထန္းေမာ့ အရင္တုန္းက fighting landlord ကစားတုန္းက ၃ပြဲထဲနဲ႔တင္ ေဟာင္ရင့္ကို ဆြဲခ်ႏိုင္ခဲ့တာေလ။ ဒီလိုမ်ိဳးဂိမ္းကေတာ့..... ေခ်ာင္လန္က ဘာမွေတာင္ေသခ်ာ မစဥ္းစားဘဲ ထန္းေမာ့ဘက္မွာပဲ ရပ္မွာေပါ့။

ထန္းေမာ့က ခုနတုန္းကေျပာတယ္။ " ဘယ္သူေသာက္ရမလဲဆိုတာ မေျပာႏိုင္ေသးပါဘူး " တဲ့ေလ။ အဲ့တာက အရမ္းကိုအေျမာ္အျမင္ရွိတာပဲ။

ၾကည့္ရတာ ေဟာင္ရင္က အရမ္းကို သူ႔ကိုယ္သူ ယုံၾကည္မႈေတြရွိေနတာေနမွာ။ အတန္းထဲကေကာင္ေလးတစ္ေယာက္နဲ႔ ကစားၿပီးသြားေတာ့ သူကထန္းေမာ့ကို နားလည္ၿပီလားလို႔ ေမးလိုက္တယ္။

ထန္းေမာ့က ရၿပီလို႔ ေျပာလိုက္ေတာ့ ေဟာင္ရင္က ၾကင္နာစြာနဲ႔ ထန္းေမာ့ကို ၃ခါကစားဖို႔ အခြင့္အေရးေပးလိုက္တယ္။ " ပထမ၃ႀကိမ္ေလာက္ စမ္းၾကည့္ရေအာင္ေလ။ မေသာက္နဲ႔ဦး။ ၃ခါေဆာ့ၿပီးမွ ေသာက္ၾကတာေပါ့။ ျပႆနာမရွိပါဘူး။ "

" မရဘူး " ထန္းေမာ့က အံစာတုံးကို လုပ္လိုက္ၿပီး ေျဖးေျဖးခ်င္းေျပာလိုက္တယ္။ " ဘယ္လိုေရမွာလဲ။ "

" တစ္ round မွာ ၃ခြက္ အေပ်ာ္သေဘာပါ။ "

" ရတယ္ေလ " ထန္းေမာ့မ်က္ႏွာထားက အခုထိ ေဖ်ာ့ေနတုန္းပဲ။ " အရင္စမ္းၾကည့္တာေပါ့ "

စမ္းၾကည့္တယ္??

ပထမဆုံး ၃ေခါက္က ေသာက္စရာမပါဘူး။ ဒီတိုင္းေလ့က်င့္တာပဲ။

ထန္းေမာ့က အကုန္လုံးရႈံးသြားခဲ့တယ္။

ပြဲၾကည့္ေနတဲ့ အတန္းေဖာ္ေတြကလဲ စၿပီး ဆူဆူညံညံေတြလုပ္လာၾကတယ္။ တစ္ခ်ိဳ႕လူေတြကဆို ေဟာင္ရင့္ကို အႏိုင္က်င့္ေနတာလို႔ ေျပာလာၾကတယ္။ ဘာပဲေျပာေျပာ ထန္းေမာ့က တစ္ခါမွ မေဆာ့ဖူးဘူးေလ။

ေဟာင္ရင္ကလဲ မ်က္ႏွာကထူတယ္ေလ။ ထန္းေမာ့က အရင္ကမေဆာ့ဖူးဘူး။ အဲ့တာဘာျဖစ္လဲ။ သူ႔ကို သေဘာတူလိုက္လို႔ ဘယ္သူကေျပာလို႔လဲ။

ေခ်ာင္လန္တစ္ေယာက္ပဲ ထန္းေမာ့လက္ထဲက အံစာတုံးကိုၾကည့္လိုက္ၿပီး ခုနတုန္းက ထန္းေမာ့ေျပာလိုက္တဲ့ နံပါတ္ကို စဥ္းစားလိုက္တယ္။

ဒါက ဒီတိုင္း စမ္းၾကည့္ေန႐ုံပဲ။

ဒါက ထန္းေမာ့လုံးဝမသိဘူးဆိုတာ မျဖစ္ႏိုင္ဘူး။ သူက.....

တမင္လုပ္ေနတာပဲ ျဖစ္ႏိုင္တယ္။

ေခ်ာင္လန္က အဲ့တာကပိုျဖစ္ႏိုင္တယ္လို႔ ေတြးမိတယ္။

ဘာပဲေျပာေျပာ ဒီဂိမ္းက IQ အျမင့္ႀကီးမလိုဘူးေလ။ သခ်ၤာနဲ႔နည္းနည္းပဲ ဆိုင္တာ။ ထန္းေမာ့က ဘာမွမသိဘဲနဲ႔ တစ္ျခားသူေတြကစားတာကို ထိုင္ၾကည့္ၿပီး မကစားတက္ဘူးေလ။

ထန္းေမာ့IQ ကဘယ္တုန္းကမွ သာမန္လူေတြနဲ႔ level တစ္ခုထဲ ျဖစ္မေနခဲ့ဘူး။

အဲ့တာေၾကာင့္ ဒီလိုမ်ိဳးအစပ်ိဳးမႈမ်ိဳးမွာ ေဟာင္ရင္က သူ႔ေအာင္ျမင္မႈက လက္တစ္ကမ္းမွာပဲလို႔ ခံစားလိုက္ရတဲ့အခ်ိန္က ဒီညက ေဟာင္ရင္ရဲ႕ ဝမ္းနည္းေၾကကြဲမႈေတြရဲ႕ အစပဲဆိုတာေပါ့။

တရားဝင္ကစားပြဲစေတာ့ ေဟာင္ရင္က လုံးဝကို ေၾကာင္သြားခဲ့တယ္။

ဒီလိုဂိမ္းမ်ိဳးမွာ ကံဆိုတဲ့အရာက အရမ္းနိမ့္လြန္းတယ္။ မင္းလက္ထဲမွာရွိေနတာက ဘယ္ေလာက္ေကာင္းေကာင္း တစ္ျခားတစ္ဖက္ကလူက ခန္႔မွန္းလိုက္တာနဲ႔ ပြဲၿပီးသြားၿပီေလ။

အစတုန္းက ၃ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့ ေဟာင္ရင္တစ္ေယာက္ ပြဲစၿပီးမွာပဲ ၃ပြဲဆက္တိုက္ကို ရႈံးသြားခဲ့ေတာ့တယ္။

အရက္ခြက္၉ခြက္က မ်က္စိေရွ႕ကို ခ်က္ခ်င္းကိုပဲ ေရာက္လာခဲ့တယ္။

ေဟာင္ရင္က လုံးဝကို မေက်နပ္ႏိုင္ဘူး။ သူက မေကာင္းဆိုးဝါးဆိုတာကို မျမင္ခင္အထိ မယုံဘူးေလ။ " ဆက္ေဆာ့မယ္!! "

ထန္းေမာ့က ခြက္ေတြကို တစ္ခ်က္ၾကည့္လိုက္ၿပီး " အရင္ေသာက္ "

ေဟာင္ရင္ : " .. "

ေဘးက ပြဲၾကည့္ေနတဲ့ အတန္းေဖာ္ေတြကလဲ အျမန္ေျပးထြက္သြားၿပီး ခြက္အႀကီးႀကီးကို သြားေတာင္းလိုက္တယ္။ ေဟာင္ရင္က ခြက္၉ခြက္ကို အတူတူထည့္လိုက္တာကို ၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ အဲ့ခြက္ႀကီးက သူ႔လက္ထဲကို ေရာက္လာတယ္။

ဒါက သူစိတ္ကူးထားတာနဲ႔ မတူဘူးေလ။

ဒါက ဒီလိုျဖစ္မလာသင့္ဘူးေလ။

ေဟာင္ရင္က ေသာက္တာကို ေခါင္းမေရွာင္ခဲ့ဘူး။ သူကတစ္ကယ့္ကိုပဲ အေသာက္ေကာင္းတဲ့သူ ျဖစ္တယ္။ သူက ခြက္အႀကီးႀကီးကို တစ္ခါထဲနဲ႔ ေသာက္လိုက္ၿပီး ေနာက္တစ္ေခါက္ ဆိုၿပီး ေအာ္ေျပာလိုက္တယ္။

ဆက္ေဆာ့ၾကေတာ့တယ္။

အစပိုင္းမွာက ထန္းေမာ့ရဲ႕ တမင္သက္သက္ အားနည္းသလိုျပတာေၾကာင့္ ေဟာင္ရင္က ရန္သူကို အမ်ားႀကီးေလွ်ာ့တြက္ထားခဲ့တာေၾကာင့္ေလ။ ဒါေပမဲ့အခုမွာေတာ့ ထန္းေမာ့က အ႐ူးလုပ္ေနတာကို သိသြားၿပီဆိုေတာ့ ေနာက္ဆုံးမွာ ေဟာင္ရင္က ဒီတစ္ေခါက္ေတာ့ အရမ္းကိုအာ႐ုံစိုက္ခဲ့တယ္ေလ။

သူ႔IQ ကထန္းေမာ့ေလာက္ေတာ့ မေကာင္းေပမဲ့ သူက ႏွစ္ေပါင္းမ်ားစြာကစားလာတဲ့ ဝါရင့္ကစားသမားႀကီးေလ။ ရန္သူကို ေလးေလးနက္နက္ ယူၿပီးေတာ့ ေနာက္ဆုံးမွာ ထန္းေမာ့ဆီကေန လုံးဝႀကီး အႏိုင္ပိုင္းခံရတဲ့ အေျခအေနေတာ့ မဟုတ္ေတာ့ဘူး။

၃ပြဲမွာ ၁ပြဲႏိုင္တာေတာ့ ျဖစ္ႏိုင္ေသးတယ္။ အၾကမ္းအားျဖင့္ေတာ့ ေဟာင္ရင္နဲ႔ ထန္းေမာ့တို႔က အႏိုင္ရႏိုင္ေခ် ၃၇ ရာခိုင္ႏႈန္းစီ ရွိေနၾကတယ္။

ထန္းေမာ့က ပထမဆုံးစေသာက္ရေတာ့ မ်က္ေမွာင္မက်ဳံ႕ပဲ မေနႏိုင္ဘူး။ တစ္ခါမမေသာက္ဖူးတဲ့လူေတြက ဘီယာေတာင္မ အရသာက အရမ္းေကာင္းတယ္လို႔ မခံစားရဘူးေလ။

ေျဖးေျဖးခ်င္းေသာက္ၿပီးသြားတဲ့အခ်ိန္မွာ ဘီယာက အရင္လိုၿမိဳခ်ရတာ မခက္ေတာ့ဘူးလို႔ ခံစားလာရတယ္။ ၿပီးေတာ့ အရသာက မဆိုးပါဘူးလို႔လဲ ခံစားလာရတယ္။

ဒါေပမဲ့ မၾကာခဏေသာက္တက္တဲ့လူေတြက ပိုနားလည္တယ္။ အရက္က ေသာက္ရတာပိုေကာင္းလာၿပီလို႔ ခံစားလာရၿပီဆိုရင္ ဆိုလိုတာက အမ်ားႀကီးေသာက္ၿပီးႏွင့္ေနၿပီပဲေလ။

အမ်ားႀကီး မေသာက္ဖူးတဲ့ ေခ်ာင္လန္က အဲ့တာကို မသိဘူး။ အရင္တုန္းက တစ္ခါမွမေသာက္ဖူးတဲ့ ထန္းေမာ့ကလဲ မသိဘူးေလ။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...