Transmigrator meets reincarna...
By Larkspur41
97.4K 19.5K 978
Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More
108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
142
143
144
145
146
147
148
149
150
151
152
153
154
141
1.3K 329 7
By Larkspur41
Unicode
ချူးလျန်လည်း ဟေးချန်ဒီရဲ့ ထူးထူးဆန်းဆန်းပုံကြီးကိုထိတ်လန့်ပြီး ဘေးနားမှာ ရှိတဲ့ လက်ဖက်ရည်ခွက်နဲ့ ကောက်ပေါက်လိုက်တယ်၊  ဟေးချန်ဒီက အင့်ခနဲ အသံထွက်သွားပြီးတော့ ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်၊ ဒီတော့မှ ချူးလျန်က ဘေးနားကို ပြေးပြီး နှာခေါင်းဖျားကို စမ်းကြည့်လိုက်တော့ ဟေးချန်ဒီက အသက်မရှုတော့ဘူး။
ချူးလျန်လည်း ကြောက်လန့်တကြီး အော်ပြီး ဖင်ထိုင်ရက် လဲကျသွားတယ်။
ဝမ်ချင်းက အခန်းထဲကနေ အော်သံကို ကြားလိုက်ရတော့ တံခါးကို တွန်းဖွင့်ပြီး အခန်းထဲ ဝင်လာတယ်။
ဝမ်ချင်း မြင်လိုက်ရတာက ချူးလျန်က ထိုင်လျက်နဲ့ အသက်ကို အငမ်းမရ ရှုရှိုက်နေတယ်၊ သူမ လက်တွေကလည်း စောင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး မျက်လုံးတွေက ငေးမောနေပုံက ဝမ်ချင်းကို အလန့်တကြားဖြစ်သွားစေတယ်။
ဝမ်ချင်းက စိုးရိမ်တကြီးနဲ့ အိပ်ရာနားထိသွားပြီး မေးလိုက်တယ် " တတိယသခင်မလေး ဘာဖြစ်လို့လဲ "
ချူးလျန်လည်း သူမရဲ့ အော်သံကြောင့် အပြင်ခန်းက ဝမ်ချင်းပါ လန့်နိုးသွားမယ်လို့ မထင်ထားမိဘူး၊ အိမ်မက်ကို ပြန်တွေးမိတော့ ရှုပ်ထွေးစွာနဲ့ဘဲ လက်ယမ်းပြလိုက်တယ် " ဘာမှ မဟုတ်ပါဘူး၊ ဒီတိုင်း အိမ်မက်ဆိုးမက်လို့ပါ "
ဝမ်ချင်းက ချူးလျန် ကြောက်လန့်နေပုံကို မြင်နေရတော့ သူမ နဖူးပြင်ကို စမ်းကြည့်လိုက်တယ်၊ ဒါက ချွေးတွေ ရွဲစိုးနေတာကို မြင်တော့ ချက်ချင်းဘဲ ခေါင်းအုံး အသစ်လဲပြီး ချူးလျန်ကို ပြန်လှဲလို့ရအောင် ကူညီပေးလိုက်တယ်၊ ဝမ်ချင်းက ချူးလျန် စိတ်သက်သာဖိူ့ စကားဆိုလာတယ် " တတိယသခင်မလေး ဒီရက်တွေမှာ အများကြီး ကြုံတွေ့ခဲ့ရတော့ နည်းနည်းလောက် ထပ် အနားယူပါအုံး၊ ဒီအစေခံက စွပ်ပြုတ်ချိုချိုလေး ယူလာပေးပါ့မယ် "
ချူးလျန် ခေါင်းညိမ့်ပြလိုက်တယ်၊ သူမ အိမ်မက်အကြောင်းကို ပြန်တွေးလိုက်ရင် ကြောက်စိတ်တွေက သူမ နှလုံးသားထဲ ရစ်ဝဲလာတယ်၊ ဒီတော့ တခြားအစားထိုးတစ်ခုခုကို တွေးနေမှ ဖြစ်မယ်။
ဆောင်းရာသီရဲ့ ညလယ်ပိုင်းကြီးမှာ ဟေးချန်ဒီကတော့ သူ့ လက်အောက်ငယ်သားတွေနဲ့ အတူ လျန်ကျိုး မြို့စွန်က တပ်စခန်းဆီကို အပြေးနှင်နေတယ်။
အေးချမ်းလှတဲ့ ဆောင်းမနက်အစောပိုင်းမှာတော့ တပ်မှုးရှိရာတဲထဲမှာ မီးအိမ်တွေ လင်းချင်းနေအောင် ထွန်းထားတယ် ။
မြောက်ပိုင်းစစ်တပ်ရဲ့ အကြီးဆူံး တပ်မှူးကတော့ စားပွဲထိပ်မှာ ထိုင်နေတဲ့ စစ်သူကြီး ချီအန်းဖြစ်တယ်၊ သူ့ အောက်ဘက်နေရာတွေမှာတော့ ခေါင်းဆောင်ကောင်း အပါအဝင် ရာထူးမြင့် အရာရှိတွေ ထိုင်နေကြတယ်။
တချိန်တည်းမှာဘဲ တဲအပြင်ကနေ မြင်းခွာသံတွေ ထွက်ပေါ်လာပြီး ပရမ်းပတာ ခြေသံတွေကိုပါ ကြားလိုက်ရတယ်၊ ခဏကြာတော့ တဲရဲ့ တံခါးစက ပင့်မခံလိုက်ရပြီး မုတ်ဆိတ်တွေနဲ့ ဟေးချန်ဒီက တဲထဲကို ဝင်ရောက်လာတယ်။
ဟေးချန်ဒီ တဲထဲ ဝင်ဝင်လာချင်းဘဲ စစ်သူကြီးချီအန်းက ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းတော့တာဘဲ၊ "ဟေးစန်းလန် မင်းအတော်သတ္တိရှိနေတယ်ပေါ့လေ၊ မင်းကို ငါက နည်းဗျူဟာတွေတောင် သင်ကြားလို့မပီးသေးဘူး၊ မင်းက ငါ့ရဲ့ ခေါင်းမာတတ်တဲ့ အကျင့်အတိုင်း လိုက်တူနေပြီ၊ သူ့ကို မစစ်ဆေးခင် အချက်သုံးဆယ်ရိုက်ပြီး အပြစ်ပေးလိုက်ကြ "
အနောက်ကနေ လိုက်လာတဲ့ ရှောင်ဟုန်ယုမှာ တကိုယ်လုံးဖျော့တော့သွားတယ်၊ သူက ခေါင်းဆောင်ကောင်းကို အသနားခံတဲ့ အကြည့်လေးနဲ့ ကြည့်လာတယ်။
ခေါင်းဆောင်ကောင်းကလည်း ခေါင်းယမ်းပြီး တိတ်တိတ်နေဖို့ ပြောလာတယ်။
ရှောင်ဟုန်ယုကတော့ ဒီလို အခြေနေကြီးမှာ ဘယ်လိုလုပ် ပါးစပ်ပိတ်နေနိုင်ပါ့မလဲ၊ သူ့ ညီအစ်ကိုရဲ့ ကိုယ်ထဲက အဆိပ်က အခုထိ ပြယ်သေးတာမဟုတ်ဘူး၊ ဒီအချက်သုံးဆယ်သာအရိုက်ခံလိုက်ရရင် သေမင်းတံခါးဝဆီ ရောက်သွားလိမ့်မယ်၊ သူတိူ့က စစ်ပွဲကို ဆက်တိုက်ဖို့ကလည်း ရှိသေးတော့ ညီအစ်ကိုဟေးကို ဒီလို အခြေအနေကြီးနဲ့ ဘယ်လိုလုပ်နေခိုင်းနိုင်ပါ့မလဲ။
" စစ်သူကြီး ခဏလောက်စောင့်ပါအုံး၊ ဒီငယ်သားက တင်ပြစရာလေး ရှိလို့ပါ "
စစ်သူကြီးချီအန်းက ဟေးချန်ဒီကို အထက်အောက်စုံကြည့်ပြီး နောက်တော့ ရှောင်ဟုန်ယုကို လှည့်ကြည့်လိုက်တယ်၊" အိုးဟိုး  ဟေးစန်းလန် မင်းက ကျွမ်းကျင်လှချည်လားကွ၊ တပ်ထဲဝင်တာမှ မကြာသေးဘူး သွေးသောက်ညီအစ်ကိုတွေတောင် ရနေပြီ ၊ မင်းက ဘယ်တပ်ခွဲကလဲ၊ နာမည်ကို အရင်ပြောစမ်း၊ မဟုတ်တရုတ်တွေ ပြောမယ်ဆိုရင်တော့ မင်းလည်း ဟေးစန်းလန်နဲ့ အတူ အပြစ်ပေးခံရမယ် "
ရှောင်ဟုန်ယုမှာ ချွေးတွေတောင် ပြန်လာပြီ၊ ဒါပေမယ့် သူက အစပျိုးပြီးမှတော့ အားတင်းပြီး ဖြစ်အောင်‌‌ေပြာရတော့တယ်
ရှောင်ဟုန်ယုလည်း ရိုရိူကျိုးကျိုးနဲ့ သူ့တပ်ခွဲကို ပြောလာတော့ စစ်သူကြီးက ခေါင်‌းဆာင်ကောင်းကို အဓိပ္ပာယ်အပြည့်ပါတဲ့ အကြည့်ကြီးနဲ့ ကြည့်လာတယ် " လူလေးကောင်း ၊သိပ်ဟုတ်နေတာဘဲကွ၊ ဒီကောင်ဆိုးလေးတွေက မင်းတပ်ခွဲထဲကဘဲ "
ခေါင်းဆောင်ကောင်းမှာ ဒါကို ကြားလိုက်ရတော့ တခေါင်းလူံးထူပူလာပြီး ဒီကောက်လေးနှစ်ယောက်ကိုထသတ်လိုက်ချင်တော့တာဘဲ။
နောက်တော့ ရှောင်ဟုန်ယုက ဒီရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့တဲ့ လူရိုင်းတွေနဲ့ တုဟွန်းတွေရဲ့ ခြုံခိုတိုက်မှုနဲ့ ဟေးစန်းလန်ရဲ့ အဆိပ်မိထားပုံတွေကိုပါ မှန်မှန်ကန်ကန် တင်ပြလိုက်တယ်၊ ပြောပြီးတာနဲ့ ရှောင်ဟုန်ယုက ဒူးတဖက်ထောက်ပြီး ပြစ်ဒဏ်ကို စောင့်ဆိုင်းနေတယ်။။
ဒါတွေကို ကြားတော့ စစ်သူကြီးချီအန်းရဲ့ အမူအရာတွေက ရုတ်ခြည်း ပြောင်းလဲသွားတယ် " မင်းဘာပြောလိုက်တယ် ၊တုဟွန်းတွေက ဝူအင်ပါယာ ကုန်းမြေပေါ်ထိ ကျူးကျော်ဝင်ရောက်‌လာပြီ ဟုတ်လား ?"
တုဟွန်းတွေက အကြောင်းရင်းမရှိဘဲ သစ်တောထဲမှာရောက်မနေဘူး၊ သူတိူ့အဲ့ဒီကို သွားရတဲ့ အကြောင်းရင်း တစ်ခုခုရှိကို ရှိလိမ့်မယ်။
စစ်သူကြီးချီအန်းရဲ့ မျက်ခုံးနှစ်ဖက်က ပိုပိုပြီး တွန့်လာတယ်၊ ခဏလောက်တွေးတောပြီးတော့ သူက လက်ယမ်းပြပြီး ဟေးချန်ဒီကို နောက်ထပ်စစ်ဆေးဖို့ ခေါ်သွားခိုင်းလိုက်တယ်။
နောက်ဆုံးတော့ ခေါင်းဆောင်ကောင်းရဲ့ အသနားခံမှုအရ ဟေးချန်ဒီက ပြစ်ဒဏ် 25ချက်နဲ့ ရှောင်ဟုန်ယုက ဆယ်ချက်အရိုက်ခံရပြီး အဆုံးသတ်သွားတယ်။
ဒါက ‌ဟေးချန်ဒီအပေါ် စစ်သူကြီးချီအန်းက သနားညှာတာလိုက်တာ ဖြစ်တယ်၊ အခုချိန်မှာ စစ်တပ်ထဲက လူတိုင်းအတွက် တင်းတင်းကြပ်ကြပ် အမိန့်နာခံရမယ့် အချိန်ကို ရောက်နေပြီ ၊ဒီလိုမှ မဟုတ်ရင် စည်းကမ်းတင်းကြပ်တဲ့စစ်သူကြီးက သူတိူ့နှစ်ယောက်ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး၊ ဟေးချန်ဒီနဲ့ အခြားသူတွေလို လူစိမ်းတွေကို မဆိုထားနဲ့ အရင်က သူ့တူ အရင်းကိုတောင်မှ ခြေထောက်ကို ချိုးပစ်ခဲ့တာ။
လွန်ခဲ့တဲ့ 2ရက်ကတည်းက တုဟွန်းတွေက ခြုံခိုတိုက်တာတွေ မြို့ကို တိုက်ခိုက်မှုတွေကို ရပ်နားထားတော့ မြောက်ပိုင်းစစ်တပ်တစ်ခုလုံး အသက်ရှုချိန်ရနေတယ်၊ ဒဏ်ပေးခံထားရတဲ့ ဟေးစန်းလန်နဲ့ ရှောင်ဟုန်ယုတို့ကို တဲထဲကို ပြန် သယ်လာကြတယ်။
သူတို့နှစ်ယောက်လုံး လှဲမလို့ လုပ်တုန်းမှာဘဲ ခေါင်းဆောင်ကောင်းနဲ့ ကျန်းမိန်တို့က အထဲကို ဝင်လာတယ်။
ခေါင်းဆောင်ကောင်းက သစ်သားခုတင်ဘေးကို လျှောက်လာပြီး အပေါ်ကနေ ဟေးချန်ဒီကို ကြည့်ပြီး မေးလာတယ် " ဒီတော့ အခြေနေက ဘယ်လိုတုန်း၊ မင်းမိန်းမရော‌ ‌ေမြာက်ပိုင်းကို ပါလာတာလား?"
ဟေးချန်ဒီ ကြက်သေသေသွားတယ်၊ ခေါင်းဆောင်ကောင်းက ဒီလိူမေးခွန်းမျိုးနဲ့ စမေးလာမယ်လို့ သူမထင်ထားမိဘူး၊ သူက ရှေ့မှာ ရပ်နေတဲ့ သူ့အထက်အရာရှိကို မော့ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။
ခေါင်းဆောင်ကောင်းကတော့ ပုခုံးတွေပါ လှုပ်ယမ်းတဲ့ အထိကို ကျယ်ကျယ်လောင်လောင်ကြီးအော်ရယ်နေတော့တာဘဲ " မင်း ဒီလို ကောင်ဆိုးလေး ၊ဒီ 25ချက်ကတော့ ထိုက်တန်သွားပါပြီ "
ဟေးစန်းလန်ရဲ့ ဘေးနားမှာ လဲလျောင်းနေတဲ့ ရှောင်ဟုန်ယုကလည်း ဝင်မနှောက်ဘဲ မနေနိုင်တော့ဘူး " ခေါင်းဆောင် အစ်ကိုကျန်း ကျွန်တော် မရီးကို အသေအချာကို တွေ့ခဲ့ရတယ်၊ ကျွန်တော်တို့စန်းလန်းလို မုတ်ဆိတ်ထူကြီးမှာ မရီးလို မိန်းမလေး ရှိနေမယ်လို့ ထင်ကို မထားဘူး၊ သူမက နွားချေးပုံပေါ်က ပန်းပွင့်လေးလိုဘဲ၊ ကျွန်တော်ကျ ဘာလို့ အဲ့လို ကံမကောင်းရတာလဲ မသိဘူးဗျာ "
ဒါကိုကြားလိုက်တော့ ဟေးချန်ဒီမျက်နှာကြီးက ပိုပိုပြီး မည်းမှောင်လာတယ်၊ ချောမောလှပတဲ့ ကောင်လေး ဟေးစန်းလန်က တနေ့မှာ ဒီလို နွားချေးနဲ့ အယှဉ်ခံလိမ့်မယ်လို့ ဘယ်သူကများထင်ထားမှာလဲ ။
ဟေးချန်ဒီမျက်နှာကြီးကတော့ တစထက်တစ တောင့်တင်းလို့လာတယ်၊ သူက ဒီလို ရှေ့နောက်မစဉ်းစားဘဲ ပြောချင်ရာပြောနေတဲ့ လူစုကြီးကို ပါးစပ်ပိတ်သွားစေဖို့ ဘေးနားကို တိုးပြီး အထုပ်အပိုးအိတ်နဲ့ သူတို့ကို ပစ်ပေါက်ထဲ့လိုက်တယ်။
ကျန်းမိန်က အိတ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဖမ်းယူပြီး ဖွင့်ကြည့်လိုက်တယ်၊ အထဲမှာ သူနေ့ရောညပါ တောင့်တနေရတဲ့ အမဲခြောက်ကို တွေ့လိုက်ရတော့ သူ့မျက်လုံးတွေက အံ့ဩမှုနဲ့ ပြူးကျယ်လာတယ်။
" ကံကောင်းလိုက်တဲ့ ကောင်၊ အခု မြောက်ပိုင်းက သိပ်မလုံခြုံတော့ မင်းအိမ်က တပ်သားတွေကို မရီးကို သေချာ ကာကွယ်ခိုင်းအုံး " ပြောနေရင်းနဲ့ ကျန်းမိန်က အမဲခြောက်ကို ထုပ်ပိုးထားတဲ့ စက္ကူစကို ဆုတ်ဖြဲပစ်လိုက်တယ် ။
ဟေးချန်ဒီက အလေးအနက်ပုံဖြစ်သွားပြီးတော့ ပြောလာတယ် "အကိုကျန်း ၊အကိုက ကျွန်တော့ထက် အသက်အများကြီးကြီးတာကို ဟုန်ယွဲ့ခေါ်သလို မရီးလိူ့ ခေါ်ဖို့ မသင့်တော်ပါဘူး"
တပ်ထဲမှာ နှစ်ပေါင်းများစွာနေလာရတော့ ကျန်းမိန်က အတော်အသင့်တော့ အရည်ထူနေပြီ၊ ဟေးချန်ဒီဘာပြောပြောခေါင်းထဲကို မထည့်ဘူး၊ ‌သူက အဆက်မပြတ်ရယ်နေပြီး ပြောလာတယ် " ဟေးစန်းလန် မင်းက ငါ့ထက် ရာထူးမြင့်တယ်လေကွာ ၊ဒီတော့ မင်းမိန်းမကိုလည်း မရီးလို့ခေါ်သင့်တာပေါ့"
ခေါင်းဆောင်ကောင်းနဲ့ ကျန်းမိန်က ဟေးချန်ဒီအိပ်ရာဘးမှာ လာထိုင်ပြီး သူတို့လက်ထဲက အသားခြောက်တွေက်ု တတိတိ ဝါးနေကြတယ်
ရှောင်ဟုန်ယွဲ့က မျက်ခုံးတွေ တွန့်လာပြီးတော့ သူ့ကိုသယ်လာတုန်းက တစ်ခုခုကို သတိရသွားပုံပေါ်တယ်။
"ခေါင်းဆောင်ကောင်း ကျွန်တော့မျက်လုံးတွေကဘဲ ဝါးနေတာလား၊ ကျွန့်တော်ကို သယ်လာကြတုန်းက အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသလိုဘဲ "
ခေါင်းဆောင်ကောင်းနဲ့ ကျန်းမိန်က ဒါကို ကြားတော့ ဝါးလက်စဟာတွေတောင်ရပ်သွားရပြီး နှစ်ယောက်လုံးဝမ်းချုပ်နေတဲ့ ပုံကြီးတွေ ဖြစ်သွားတော့တယ်၊ သူတို့ပုံတွေက ယင်ကောင် အပုံလိုက်ကြီးကို အတင်းမြိုချနေရတဲ့ ပုံနဲ့ ...
"သူမကလား...." ခေါင်းဆောင်ကောင်းက သူ့ခေါင်းသူ ပြန်ကုတ်ရင်းနဲ့ ဒါကို ဘယ်လိုရှင်းပြရမှန်းမသိဖြစ်နေတယ်၊ အဲ့ဒီ အမျိုးသမီးစစ်သူကြီးက လွန်ခဲ့2ရက်ကဘဲ တပ်ထဲကို ရောက်လာတာ၊နောက်ပြီး သူမကို စစ်သူကြီး ချီအန်းက အတော်လေး ယုံကြည်ပုံပေါ်တယ်။
ခေါင်းဆောင်ကောင်းရဲ့ ပြောရကျပ်နေပုံကို ‌မြင်တော့ ကျန်းမိန်က ကြားထဲကနေ ဖြတ်ပြောတယ် " မင်းတို့တွေ စီမာ မိသားစုကိုတော့ ကြားဖူးကြတယ်မလား"
ဟေးချန်ဒီက မြို့တော်က မျိုးရိုးမြင့်အိမ်က သားဖြစ်နေတော့ ရှောင်ဟုန်ယုထက်တော့ ပို နှံ့နှံ့စပ်စပ်ရှိတယ်။
" စီမာ မိသားစုဆိုတော့..မဟုတ်မှလွဲရော ရှန်တုန်းက ချမ်းသာပြီး လွှမ်းမိုးနိုင်တဲ့ မိသားစုကြီးလား "
ကျန်းမိန်က ခေါင်းညိမ့်ပြီး ဆက်ပြောလာတယ် " ရှန်တုန်းက စီမာမိသားစုက လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းကျော် ရှမင်းဆက်ကတည်းက တည်ရှိခဲ့တာ၊အဲ့အချိန်တုန်းက စီမာမိသားစုဝင်အများစုက နန်းတွင်းမှာ အမှုထမ်းခဲ့ကြတယ်၊ နောက်တော့ ရှမင်းဆက်ပြိုကွဲသွားပြီး အင်ပါယာ အသစ် ဖြစ်ပေါ်လာတော့ သူတို့က နိုင်ငံရေးဘက်ကနေ စွန့်ခွာသွားခဲ့ကြတယ်၊ လူတွေ ပြောကြတာက မင်းပြောင်းမင်းလွှဲကြောင့် စီမာ မိသားစုက အရည်အချင်းတွေ နိမ့်ကျသွားခဲ့ပြီတဲ့၊ တချို့တွေကျတော့ စီမာ မိသားစုက မင်းဆက်အစောပိုင်းကာလတွေမှာ ရှေ့မထွက်လာတာက သူတိူ့ စွမ်းရည်တွေကို ဖုံးကွယ်ထားချင်လို့လို့ ပြောနေကြတယ် "
ကျန်းမိန်က ခဏရပ်ပြီး ဆက်ပြောလာတယ် " မင်းတို့တွေ့ခဲ့တဲ့ အဲ့အမျိုးသမီးစစ်သူကြီးက စီမာဟွေ့တဲ့ စီမာ မိသားစုဝင်တွေထဲက တစ်ယောက်ဘဲ၊ မင်းတို့ သူ့နာမည်ကို မသိရင်တောင်မှ စီမာဖုန်းကိုတော့ ကြားဖူးကြတယ်မလား"
ရှောင်ဟုန်ယုက ဝင်ဖြေလာတယ်၊ " စီမာဖုန်းကတော့ သေချာပေါက်သိတာပေါ့ ၊သူက မင်းဆက်ရဲ့ စစ်သူကြီးတွေထဲက တစ်ယောက်မလား၊ နောက်တော့ သူအယုံကြည်ရဆုံး တပ်ရေးဗိုလ်တစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံရပြီး Uyghurတွေ လက်ထဲမှာဘဲ အမုန်းတရားတွေနဲ့ သေဆုံးသွားခဲ့တာလေ"
ကျန်းမိန်က ခေါင်းညိမ့်ပြလိုက်တယ် " ငါတို့တပ်ထဲက စီမာဟွေ့က စီမာဖုန်းရဲ့ တရားဝင် မြေးမဘဲ"
ရှောင်ဟုန်ယုမှာ မေးရိုးတွေတောင် ပြုတ်ကျမတတ်အံ့သြသွားတယ်။။
"သူမက တကယ်ဘဲ စစ်သူကြီး စီမာရဲ့ မျိုးဆက်တစ်‌ဦးလား?"
"ငါသိသလောက်ဆိုရင် စီမာ ပင်မ အိမ်တော်က စီမာဖုန်းကို မထောက်ခံကြဘူး၊ သူတို့က စီမာဖုန်းရဲ့ အိမ်တော်နဲ့တောင် တိုက်ခိုက်နေကြတာ၊စီမာဖုန်းရဲ့ မျိုးဆက်ယောက်ျားလေးတွေက စစ်တပ်ထဲ ဝင်ပြီး တိုက်ပွဲမှာဘဲ ကျဆုံးသွားခဲ့ကြတာ၊ စီမာဟွေ့တို့ မျိုးဆက်မှာတော့ အားနည်းတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေဘဲ ကျန်ခဲ့တော့တယ်၊စီမာဟွေ့က ငယ်ကတည်းက တပ်ထဲမှာဘဲ ကြီးပြင်းခဲ့တာ ၊ဒီတော့ သူမက မိသားစုက ကန့်ကွက်ထဲကြားထဲက တပ်ထဲကို စာရင်းပေးခဲ့တာ၊ အခု ဒီတခေါက် ရှန်တုန်း တပ်ခွဲကနေ တပ်ကူအဖြစ်နဲ့ ရောက်လာတာဘဲ"
ရှောင်ဟုန်ယုက စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ ဖြစ်လာတယ် " ဒါဆို အဲ့ အမျိုးသမီးက အထင်ကြီးလောက်စရာဘဲ၊ ကျွန်တော် သူမကို လျှော့တွက်မိသွားတယ်"
ဟေးချန်ဒီလည်း အပေါ်ယံမှာ တည်ငြိမ်အေးဆေးနေပေမယ့် စိတ်ထဲမှာတော့ လှုပ်ရှားလို့နေပြီ၊ သူ့အရင်ဘဝက တုဟွန်းတွေနဲ့ စစ်ပွဲမှာ မပါဝင်ဖူးတော့ စီမာဟွေ့အကြောင်းကို မကြားဖူးခဲ့ဘူး၊ အခြေနေတွေက တကယ်ဘဲ ပြောင်းလဲသွားတာလား ၊ဒါမှ မဟုတ် ဒီပုံမှန်မဟုတ်တာရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေများ ရှိနေသေးတာလား။
ခေါင်းဆောင်ကောင်းက ဝင်ပြောလာတယ် " သူမကို ပုံမှန် အမျိုးသမီးတွေလို မထင်နဲ့၊ သူမက ငါ့တို့တပ်ထဲက ရက်စက်တဲ့ စစ်သူကြီးတွေထဲက တစ်ဦးဘဲ၊ သူ့တပ်သားတွေကို ဦးဆောင်လာတာ 5နှစ်6နှစ်ကျော်လာပြီ‌ဆိုတော့ သူမက မင်းတို့လို အတွေ့ကြုံ မရှိသေးတဲ့ သူတွေထက် ပိုရင့်ကျက်တယ်၊ ဒါကြောင့် စစ်သူကြီးချီအန်းက သူမကို အရေးပါတဲ့ နေရာပေးပြီး ယုံကြည်ထားတာ "
နောက်တော့ ကျန်းမိန်က မရေမရာဖြစ်နေတဲ့ ပုံနဲ့ ထပ်ပြောလာတယ် " အရေးကြီးတာက စစ်သူကြီးစီမာက အမျိုးသမီးတပ်ဖွဲ့ကို ဖွဲ့စည်းထားတာဘဲ၊ အဲ့မှာ အမျိုးသမီး စစ်သား ရာကျော်ရှိတယ် "
ဒါကိုကြားတော့ ရှောင်ဟုန်ယု မျက်လုံးတွေတောင် အပြင်ကို ထွက်ကျမတတ်ပြူးလာတယ် " ဘာ! အမျိုးသမီးစစ်သားတွေလား? အမျိုးသမီးတွေက စစ်သားဖြစ်နိုင်လို့လား? သူတို့တွေက ....ဟီးဟီး"
ခေါင်းဆောင်ကောင်းက ရှောင်ဟုန်ယုခေါင်းကို တချက်ရိုက်ပြီးပြန်ဖြေတယ် "စစ်သူကြီးစီမာရဲ့ အမျိုးသမီးတပ်ဖွဲ့က ဧကရာဇ်ကိုယ်တိုင်ခွင့်ပြုပေးထားတာ၊ မင်းခေါင်းထဲက ညစ်တီးညစ်ပတ်အတွေးတွေကို ထုတ်လိုက်စမ်း ၊တုဟွန်းတွေနဲ့ တိုက်ပွဲမှာ အဲ့ မိန်းမတွေကို ရှုံးလာရင် မင်းခြေထောက်တွေကို ဖြတ်ပစ်မယ် "
ကြိမ်းမောင်းခံလိုက်ရတော့ ရှောင်ဟုန်ယုက ချက်ချင်းဘဲ ကျုံ့ကျုံ့လေးဖြစ်သွားတယ်။
ခေါင်းဆောင်ကောင်းက ရှောင်ဟုန်ယုကို ပြောပြီးတော့ ဟေးချန်ဒီဘက် ကို လှည့်လာတယ်၊"တစ်ခုရှိသေးတယ် စစ်သူကြီးချီအန်းက မင်းနဲ့ ရှောင်ဟုန်ယုကို တုဟွန်းတွေ တွေ့ခဲ့တဲ့ နေရာတဝိုက်ကို စစ်ဆေးစေချင်နေတယ်၊ ဒါက လျှို့ဝှက်တာဝန်ဆိုတော့ ဘယ်သူမှ မသိ‌စေနဲ့၊ နောက်ပြီး တပ်ထဲကနေလည်း ခဏခဏ ထွက်သွားမနေနဲ့တော့ "
ဟေးချန်ဒီမှာ အံ့အားသင့်သွားတယ် ၊စည်းကမ်းကြီးလှတဲ့ စစ်သူကြီးချီအန်းက သူ့ကို ဒီတာဝန်ပေးအပ်လာမယ်လို့ မထင်ထားမိဘူး၊ ကြည့်ရတာ စောနက တဲထဲမှာ လုပ်ပြခဲ့တာတွေက အပေါ်ယံ ဟန်ဆောင်ဖို့ဘဲနဲ့ တူတယ်။
ခေါင်းဆောင်ကောင်းနဲ့ ကျန်းမိန်တို့က ‌ေဟစန်းလန်ရဲ့ တဲထဲမှာ တနာရီလောက်နေပြီး ထွက်သွားကြတယ်၊ မသွားခင်မှာလည်း ချူးလျန်ထည့်ပေးလိုက်တဲ့ အစားအစာတွေကို တဝက်လောက်ထိလုယူသွားဖို့ ‌မမေ့ကြဘူး။
ရှောင်ဟုန်ယုက သူ့အိပ်ရာပေါ်မှာ အေးအေးချမ်းချမ်း လဲရင်းနဲ့ ပြောလာတယ် " ဟီးဟီး ညီအစ်ကိုဟေး မရီးငါ့ကို ပေးလိုက်တဲ့ သရေစာတွေကို ဖွက်ထားနိုင်လိုက်တာ ကံကောင်းသွားတာဘဲ"
Zawgyi
ဝမ်ချင်းက ချူးလျန် ကြောက်လန့်နေပုံကို မြင်နေရတော့ သူမ နဖူးပြင်ကို စမ်းကြည့်လိုက်တယ်၊ ဒါက ချွေးတွေ ရွဲစိုးနေတာကို မြင်တော့ ချက်ချင်းဘဲ ခေါင်းအုံး အသစ်လဲပြီး ချူးလျန်ကို ပြန်လှဲလို့ရအောင် ကူညီပေးလိုက်တယ်၊ ဝမ်ချင်းက ချူးလျန် စိတ်သက်သာဖို့ စကားဆိုလာတယ် " တတိယသခင်မလေး ဒီရက်တွေမှာ အများကြီး ကြုံတွေ့ခဲ့ရတော့ နည်းနည်းလောက် ထပ် အနားယူပါအုံး၊ ဒီအစေခံက စွပ်ပြုတ်ချိုချိုလေး ယူလာပေးပါ့မယ် "
ရှောင်ဟုန်ယုကတော့ ဒီလို အခြေနေကြီးမှာ ဘယ်လိုလုပ် ပါးစပ်ပိတ်နေနိုင်ပါ့မလဲ၊ သူ့ ညီအစ်ကိုရဲ့ ကိုယ်ထဲက အဆိပ်က အခုထိ ပြယ်သေးတာမဟုတ်ဘူး၊ ဒီအချက်သုံးဆယ်သာအရိုက်ခံလိုက်ရရင် သေမင်းတံခါးဝဆီ ရောက်သွားလိမ့်မယ်၊ သူတို့က စစ်ပွဲကို ဆက်တိုက်ဖို့ကလည်း ရှိသေးတော့ ညီအစ်ကိုဟေးကို ဒီလို အခြေအနေကြီးနဲ့ ဘယ်လိုလုပ်နေခိုင်းနိုင်ပါ့မလဲ။
ရှောင်ဟုန်ယုမှာ ချွေးတွေတောင် ပြန်လာပြီ၊ ဒါပေမယ့် သူက အစပျိုးပြီးမှတော့ အားတင်းပြီး ဖြစ်အောင်‌‌ပြောရတော့တယ်
ရှောင်ဟုန်ယုလည်း ရိုရိုကျိုးကျိုးနဲ့ သူ့တပ်ခွဲကို ပြောလာတော့ စစ်သူကြီးက ခေါင်းဆာင်ကောင်းကို အဓိပ္ပာယ်အပြည့်ပါတဲ့ အကြည့်ကြီးနဲ့ ကြည့်လာတယ် " လူလေးကောင်း ၊သိပ်ဟုတ်နေတာဘဲကွ၊ ဒီကောင်ဆိုးလေးတွေက မင်းတပ်ခွဲထဲကဘဲ "
တုဟွန်းတွေက အကြောင်းရင်းမရှိဘဲ သစ်တောထဲမှာရောက်မနေဘူး၊ သူတို့အဲ့ဒီကို သွားရတဲ့ အကြောင်းရင်း တစ်ခုခုရှိကို ရှိလိမ့်မယ်။
ဒါက ‌ဟေးချန်ဒီအပေါ် စစ်သူကြီးချီအန်းက သနားညှာတာလိုက်တာ ဖြစ်တယ်၊ အခုချိန်မှာ စစ်တပ်ထဲက လူတိုင်းအတွက် တင်းတင်းကြပ်ကြပ် အမိန့်နာခံရမယ့် အချိန်ကို ရောက်နေပြီ ၊ဒီလိုမှ မဟုတ်ရင် စည်းကမ်းတင်းကြပ်တဲ့စစ်သူကြီးက သူတို့နှစ်ယောက်ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး၊ ဟေးချန်ဒီနဲ့ အခြားသူတွေလို လူစိမ်းတွေကို မဆိုထားနဲ့ အရင်က သူ့တူ အရင်းကိုတောင်မှ ခြေထောက်ကို ချိုးပစ်ခဲ့တာ။
ခေါင်းဆောင်ကောင်းက သစ်သားခုတင်ဘေးကို လျှောက်လာပြီး အပေါ်ကနေ ဟေးချန်ဒီကို ကြည့်ပြီး မေးလာတယ် " ဒီတော့ အခြေနေက ဘယ်လိုတုန်း၊ မင်းမိန်းမရော‌ ‌မြောက်ပိုင်းကို ပါလာတာလား?"
ဟေးချန်ဒီ ကြက်သေသေသွားတယ်၊ ခေါင်းဆောင်ကောင်းက ဒီလိုမေးခွန်းမျိုးနဲ့ စမေးလာမယ်လို့ သူမထင်ထားမိဘူး၊ သူက ရှေ့မှာ ရပ်နေတဲ့ သူ့အထက်အရာရှိကို မော့ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။
ဟေးချန်ဒီက အလေးအနက်ပုံဖြစ်သွားပြီးတော့ ပြောလာတယ် "အကိုကျန်း ၊အကိုက ကျွန်တော့ထက် အသက်အများကြီးကြီးတာကို ဟုန်ယွဲ့ခေါ်သလို မရီးလို့ ခေါ်ဖို့ မသင့်တော်ပါဘူး"
ကျန်းမိန်က ခေါင်းညိမ့်ပြီး ဆက်ပြောလာတယ် " ရှန်တုန်းက စီမာမိသားစုက လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းကျော် ရှမင်းဆက်ကတည်းက တည်ရှိခဲ့တာ၊အဲ့အချိန်တုန်းက စီမာမိသားစုဝင်အများစုက နန်းတွင်းမှာ အမှုထမ်းခဲ့ကြတယ်၊ နောက်တော့ ရှမင်းဆက်ပြိုကွဲသွားပြီး အင်ပါယာ အသစ် ဖြစ်ပေါ်လာတော့ သူတို့က နိုင်ငံရေးဘက်ကနေ စွန့်ခွာသွားခဲ့ကြတယ်၊ လူတွေ ပြောကြတာက မင်းပြောင်းမင်းလွှဲကြောင့် စီမာ မိသားစုက အရည်အချင်းတွေ နိမ့်ကျသွားခဲ့ပြီတဲ့၊ တချို့တွေကျတော့ စီမာ မိသားစုက မင်းဆက်အစောပိုင်းကာလတွေမှာ ရှေ့မထွက်လာတာက သူတို့ စွမ်းရည်တွေကို ဖုံးကွယ်ထားချင်လို့လို့ ပြောနေကြတယ် "
ခေါင်းဆောင်ကောင်းနဲ့ ကျန်းမိန်တို့က ‌ဟေစန်းလန်ရဲ့ တဲထဲမှာ တနာရီလောက်နေပြီး ထွက်သွားကြတယ်၊ မသွားခင်မှာလည်း ချူးလျန်ထည့်ပေးလိုက်တဲ့ အစားအစာတွေကို တဝက်လောက်ထိလုယူသွားဖို့ ‌မမေ့ကြဘူး။
Continue Reading
You'll Also Like
1.7M 69.2K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...