ဗီလိန်ရဲ့ လမ်းပြကြယ်

CrystalKyi द्वारा

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... अधिक

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၃၈)

2.6K 467 24
CrystalKyi द्वारा

Unicode

သူတို့၂ယောက်က အရမ်းကို အိမ်မက်ဆန်စွာပဲ စတင်ခဲ့ကြတာလေ။ ဘာလို့လဲဆိုတော့ သူကအရင် မထိန်းနိုင်ဘဲ စပြီးနမ်းမိလို့ ကိစ္စတွေက ထိန်းချုပ်လို့မရအောင်ဖြစ်သွားခဲ့တာလေ။ ပြီးတော့ သူတို့က တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောခဲ့ကြဘူး။ သူကလဲ ချောင်လန့်ကို သဘောကျတယ်လို့ မပြောခဲ့ဘူး။ ချောင်လန်ကလဲ သူမက ဘာကြောင့် သူ့ကိုပြန်နမ်းရတာလဲဆိုတာကိုလဲ မပြောပြခဲ့ဘူး။ သူမက သူနဲ့အတူရှိနေတာကလဲ ဒီတိုင်း သဘာဝကျကျပဲ ဖြစ်လာခဲ့တာ။ တစ်ခါတစ်လေကျ သူတွေးမိတယ်။ ချောင်လန်က သူနဲ့တွဲတာက သူမကခဏလောက်စိတ်ရှုပ်ထွေးသွားလို့ ပြီးတော့ ဘာကိုမှ သေသေချာချာ မစဥ်းစားခဲ့လို့ လို့ထင်မိတယ်။ ပြီးတော့ နောက်ဆုံး သူမအရာအားလုံးကို ရှင်းရှင်းလင်းလင်း စဥ်းစားသွားမိတဲ့အချိန်က သူတို့၂ယောက် ကွဲကွာရမဲ့ အချိန်ပဲ။

အဲ့တာကြောင့်မလို့ ထန်းမော့က ချောင်လန့်ကို အမြဲအခုလိုပဲ စိတ်ရှုပ်နေစေချင်တယ်။ ဘာကြောင့်လဲဆိုတာတော့ သူ့ကိုလာမမေးနဲ့။

သူက ပထမဆုံးစပြီး ရည်းစားဖြစ်တုန်း အဲ့လိုမျိုးပဲ တွေးနေ မျှော်လင့်နေခဲ့တာ။ သူမက စိတ်ရှုပ်ထွေးနေတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲ့တာတွေက အရေးမကြီးဘူး၊ သူတို့၂ယောက်သာ အတူတူရှိနေရမယ်ဆိုရင်ပေါ့။

ဒါပေမဲ့ ရက်အနည်းငယ်လောက်လဲ ကြာသွားရော သူက အဲ့လောက်နဲ့ မကျေနပ်နိုင်တော့ဘူး။ သူက ရဲတင်းလာပြီး သူမကို ဘာလို့ဆိုတဲ့ မေးခွန်းတွေကို မေးချင်လာတယ်။

ထန်းမော့ မင်းမကြောက်ဘူးလား?? သူ့ကိုယ်သူ ဒီလိုမျိုးမေးနေခဲ့တယ်။ မင်းက ဘာလို့မေးချင်နေရတာလဲ။ ဒီတိုင်းပဲ ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေလို့ မရဘူးလား။ မင်းက သူမနဲ့ အတူရှိပြီးတာတောင် ဘာလို့ မကျေနပ်နိုင်သေးရတာလဲ။ အဲ့ဒီ့ ဘာလို့ဆိုတဲ့ အရာတွေက အဲ့လောက် အရေးကြီးနေလို့လား။

လက်စသတ်တော့ အဲ့တာတွေက အမြဲအရေးကြီးနေခဲ့တာပါပဲ။

အချစ်မှာ လူတိုင်းက ဘာလို့ဆိုတဲ့ မေးခွန်းတွေကို မေးရတာကို ကြိုက်ကြတယ်။ တစ်ဖက်လူရဲ့ သည်းခံနိုင်စွမ်း အတိုင်းအတာကို သိချင်ကြတယ်။ တစ်ခါတစ်လေကျ ပြန်ရလာမဲ့ အဖြေက သိပ်မကောင်းဘူးဆိုရင်တောင် သေချာတဲ့ မေးခွန်းတစ်ခုကို အမြဲမေးချင်နေကြတာပဲ။

အဲ့တာကြောင့် ထန်းမော့က ချောင်လန့်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့နှလုံးက အသေခုန်နေတာကို ဖိနှိပ်ထားလိုက်ကာ လေးလံစွာနဲ့ ပြောလိုက်တယ်။

" နင်ကဘာလို့..... "

ထန်းမော့က ခဏရပ်လိုက်တယ်။ နောက်ဆုံးတော့မှ ခက်ခဲစွာနဲ့ စာကြောင်းကို ပြီးအောင်ပြောလိုက်တယ်။

" ........ ဘာလို့ ငါ့ကို တွဲတာလဲ?? "

ဒီတစ်ခေါက်တော့ ချောင်လန် အေးခဲသွားရမဲ့အချိန်ဖြစ်သွားတယ်။

ဘာလို့လဲဆိုတော့ ထန်းမော့က သူမကိုဘာလို့ ဒီလိုမေးခွန်းမျိုးကို မေးရတာလဲဆိုတာ ချောင်လန်က နားမလည်နိုင်လို့လေ။

သူမတို့၂ယောက်က လွန်ခဲ့တဲ့ ၂နှစ်လုံးလုံးမှာ ကိစ္စတွေအများကြီးကို အတူဖြတ်ကျော်လာခဲ့ရပြီးပြီ၊ ပြီးတော့ သူမတို့က တစ်ယောက်ကိုတစ်ယောက်လဲ အရမ်းသိကြတယ်။ အဲ့တာကြောင့် ဘာတွေပဲဖြစ်လာဖြစ်လာ ဒီကိစ္စက အချိန်တစ်ခုပဲလိုတာလို့ သူမကခံစားမိတာလေ။

သူ့ကိုဘာလို့တွဲရတာလဲ?? ဘာလို့လဲဆိုတော့ ငါကနင့်ကို အရမ်းကြိုက်လို့ပေါ့။ ပြီးတော့ အချိန်အကြာကြီး သဘောကျခဲ့ရတာမလို့ပေါ့။ ဖြစ်ချင်တော့ နင်ကလဲ ငါ့ကို သဘောကျတယ်လေ။ အဲ့တာကြောင့် ငါတို့က တွဲကြတာပေါ့။

ဘယ်လောက်တောင် သဘာဝကျပြီး အသင့်ဖြစ်လိုက်သလဲ။

သူတို့၂ယောက်ထဲမှာ တစ်ယောက်ကမှ ဒီလိုစကားမျိုးတွေကို မပြောဖူးပေမဲ့ သူတို့မျက်လုံးထဲက အကြည့်တွေ၊ ပြီးတော့ သူတို့အပြုအမူတွေထဲကနေ ဒီအချစ်ကို သိသိသာသာ မြင်နိုင်နေတယ်လေ။ သူတို့ မတွဲခင်တုန်းကလဲ ဖက်ပြီး အသေပြင်းပြင်းထန်ထန် နမ်းခဲ့ကြတာလေ။ အဲ့တာကြောင့် ချောင်လန်က ဒါကို ရှင်းပြစရာမလိုဘူးလို့ ထင်ခဲ့တာလေ။ သူမထင်တာက ထန်းမော့ကလဲ သူမလိုပဲပေါ့။ အရာအားလုံးကို နားလည်နေပြီလို့ ထင်ခဲ့တာ။

ဒါပေမဲ့ အခုထန်းမော့က သူမကို ရုတ်တရက်ကြီး သူမကဘာလို့ သူ့ကိုတွဲတာလဲ လို့ မေးနေတယ်။

ထန်းမော့က လုံးဝနားမလည်ခဲ့ဘူးပဲ။

သူမက သူ့ကိုဘယ်လောက်တောင် သဘောကျထဲဆိုတာကို သူကနားမလည်ခဲ့ဘူး။

အတန်းပြီးသွားတော့ ခေါင်းလောင်းတီးခဲ့တယ်။ ဒုတိယအချိန်ပြီးတော့ အားလုံးက အတန်းထဲကထွက်ပြီး အားကစားရုံကို သွားရတယ်။ ထန်းမော့က မျက်တောင်တွေကို အောက်ကိုစိုက်ချထားပြီး အတန်းအပြင်ဘက်ကို လျှောက်သွားလိုက်တယ်။ ခြေလှမ်း၂လှမ်းလောက်ပဲ လှမ်းရသေးတဲ့အချိန်မှာ ချောင်လန်က သူ့ကိုရုတ်တရက်ဆွဲလိုက်တယ်။

" ငါ့နောက်လိုက်ခဲ့ " ချောင်လန်က ထန်းမော့ကို အားကစားရုံနဲ့ ဆန့်ကျင်ဘက်ကို ဆွဲခေါ်သွားလိုက်တယ်။

စာသင်ဆောင်၂ဆောင်ကြားမှာ လမ်းကြားလေးသေးသေးလေးရှိတယ်။ အဲ့လမ်းမှာ ကြောင်လိမ်လှေကားလေးလဲ ရှိတယ်။ ဒီလမ်းက အရမ်းလူခြေတိတ်တယ်။ ပုံမန်ဆို ဒီမှာ လူကိုမရှိဘူး။

အားကစားချိန်မှာ အားကစားရုံမှာရှိမနေရင် အတန်းပိုင်ဆရာက ခဏနေရင် သေချာပေါက်ကို မေးခွန်းတွေမေးလာတော့မှာလေ။ ဒါပေမဲ့ ချောင်လန်က ထန်းမော့နဲ့ ရှင်းရှင်းလင်းလင်းပြောဖို့က ပိုပြီးအရေးကြီးတယ်လို့ ခံစားရတုန်းပဲ။

ထန်းမော့က ချောင်လန်ခေါ်တဲ့နောက်ကို လိမ်လိမ်မာမာလေး လိုက်လာခဲ့တယ်။ သူမတို့က လှေကားပေါ်မှာ ထိုင်လိုက်ပြီးတော့ ချောင်လန်က ထန်းမော့ကို ဖိမေးလိုက်တယ်။ " ထန်းမော့ "

ထန်းမော့က လှေကားပေါ်မှာထိုင်နေပြီး သူ့ရှေ့မှာ မတ်တပ်ရပ်လိုက်တဲ့ ချောင်လန့်ကို ကြည့်လိုက်တယ်။ " ဟင်? "

ချောင်လန်က သူမလက်ကို လှေကားလက်ရမ်းမှာ ဖိလိုက်ပြီး ထန်းမော့ကို ငုံ့ကြည့်ကာ ပြောလိုက်တယ်။ " ငါက ငါတို့၂ယောက်တွဲတာက ငါတို့၂ယောက်ရဲ့ စိတ်တွေက တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျလို့ လို့ပဲ အမြဲတွေးနေခဲ့တာ။ အဲ့တာကြောင့် ငါတို့က အဲ့လိုစကားတွေကို မပြောလဲ နင်ရောငါရောက နားလည်နိုင်တယ်လို့ပေါ့။ " ချောင်လန်က လေးနက်စွာ ပြောလိုက်တယ်။ " ဒါပေမဲ့ ငါအခုမှသိသွားတယ်။ အချစ်ရဲ့ တစ်ချို့အဆင့်တွေက တစ်ကယ်ပဲ ကျော်လိုက်လို့ မရဘူးဆိုတာကိုပေါ့။ ဓလေ့ထုံးစံဆိုတာ အရမ်းအရေးကြီးတယ် ဆိုတာကိုပေါ့။ "

ထန်းမော့က ပါးစပ်ကိုဖွင့်လိုက်တယ်။ ဒါပေမဲ့ ဘာပြောရမယ်မှန်းမသိခဲ့ဘူး။

ဘာလို့လဲဆိုတော့ သူက ချောင်လန်က ဘာကိုဆိုလိုချင်တာလဲဆိုတာ သူနားမလည်လို့လေ။

သူက ချောင်လန့်ကို မော့ကြည့်လိုက်တယ်။ ချောင်လန်ကလဲ ထန်းမော့ကို စိုက်ကြည့်နေခဲ့တယ်။ " အဲ့တာကြောင့် ငါတို့က ကျန်ခဲ့တဲ့ အရာတွေအကုန်လုံးကို မေးရဦးမယ်။ ထန်းမော့ အဲ့နေ့တုန်းက နင်ဘာလို့ ငါ့ကို ခိုးနမ်းခဲ့တာလဲ။ "

ထန်းမော့လက်ချောင်းတွေ တင်းကြပ်သွားတယ်။

ထန်းမော့က တိတ်ဆိတ်လွန်းလို့ သူ့နှလုံးခုန်သံကိုတောင် သူပြန်ကြားနေရတယ်။

" ငါနင့်ကို သဘောကျလို့ "

ငါက နင့်ကို သဘောကျနေခဲ့တာ အရမ်းကြာနေပြီ။ ပြီးတော့ အရိုးထဲထိကို သဘောကျတာ။

ချောင်လန်က ပြုံးလိုက်တယ်။ သူမရဲ့ အနက်ရောင်မျက်လုံးလေးတွေကလဲ တောက်ပနေတယ်။ သူမကိုယ်က အောက်ကိုနည်းနည်း ကိုင်းသွားပြီး ဆက်မေးလိုက်တယ်။ " အဲ့တာဆို ငါကနင့်ကို ပြန်နမ်းလိုက်တာကိုရော နင်ဘယ်လိုထင်လဲ။ "

ထန်းမော့က ခဏလောက်တိတ်ဆိတ်သွားပြီး ရိုးသားစွာ ပြောလိုက်တယ်။ " ငါမသိဘူး "

ထန်းမော့က တစ်ကယ်မသိဘူး။

ဒီနေ့ထိတောင် ထန်းမော့က နားမလည်နိုင်သေးဘူး။ အဲ့တာက သူကသူမကိုနမ်းလိုက်တာကြောင့် သူမမသိစိတ်ရဲ့ အလိုလို တုံ့ပြန်မှုလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူမက မစဥ်းစားမိလို့လဲ ဖြစ်နိုင်တယ်။

ချောင်လန်က အရမ်းဒေါသထွက်လွန်းလို့ ထန်းမော့ရဲ့ အင်္ကျီကော်လံကို ကိုင်ဆွဲပြီး နင်ဘယ်လိုလုပ် မသိပဲနေနိုင်ရတာလဲ!! လို့ အော်မေးလိုက်ချင်နေတယ်။ ဒါပေမဲ့ သူမက သည်းခံလိုက်ပြီးတော့ ဆက်မေးလိုက်တယ်။ " အဲ့တာဆို ငါကဘာလို့ နင်နဲ့တွဲတယ်လို့ နင်ထင်လဲ။ "

ထန်းမော့က ခဏလောက်ပြန်တိတ်ဆိတ်သွားပြီး ပြောလိုက်တယ်။ " ငါ့ကိုသနားလို့ "

ချောင်လန် : " ??? "

ချောင်လန်က ဒီတစ်ခါတော့ တစ်ကယ်ကို ဒေါသထွက်သွားပြီ။

" ငါက နင့်ကို သနားတယ်?? "

ချောင်လန်က ဘာပြောရမလဲတောင် မသိတော့ဘူး။ သူမက စိတ်မရှည်တော့ဘူး။ ပြီးတော့ သူမ image ကို ဂရုမစိုက်တော့ဘဲ သူမက သူမရဲ့ခြေတံရှည်တွေကို ထန်းမော့ထိုင်နေတဲ့လှေကားထစ်လေးပေါ်ကို တင်လိုက်တယ်။ သူမလက်ကလဲ အဲ့ခြေထောက်ရဲ့ ဒူးခေါင်းပေါ်ကို တင်လိုက်တယ်။ သူမတို့၂ယောက်က ရုတ်တရက်ကြီး နီးကပ်သွားတယ်။

" ငါကနင့်ကို ဘာလို့သနားရမှာလဲ။ နင့်မှာ သနားစရာကောင်းတာ ဘယ်နေရာများရှိနေလို့လဲ။ ခေါင်းကိုလှည့်မသွားနဲ့။ ငါ့ကိုကြည့်!! " ချောင်လန်က ထန်းမော့မျက်နှာကို လက်နဲ့ ပြန်လှည့်လိုက်တယ်။ " ပြီးတော့ ငါက နင်ကသနားဖို့ကောင်းလို့ ဆိုပြီး စိတ်ရှုပ်ထွေးသွားတက်တဲ့ လူနဲ့တူလို့လား။ အရမ်းကိုကြင်နာတက်လွန်းလို့ ဘဝကြီးကိုတောင် ပုံအပ်မဲ့ လူနဲ့တူနေလို့လား။ "

ဒီကမ္ဘာကြီးမှာ သနားစရာကောင်းတဲ့လူတွေမှ အများကြီးပဲ။ ဒါပေမဲ့ ထန်းမော့တစ်ယောက်ထဲကိုပဲ သူမကရွေးချယ်ခဲ့တာလေ။

ပြီးတော့ ထန်းမော့က ဘာလို့ သူမကသူ့ကို သနားနေတယ်လို့ တွေးရတာမှန်း နားမလည်နိုင်တော့ဘူး။ ထန်းမော့နဲ့ယှဥ်ရင် သူမကမှ ပိုသနားဖို့ကောင်းတာလေ။ ဟုတ်တယ်မလား။

" နင်ကဘာလို့ ဒီလိုတွေးရတာလဲဆိုတာကိုတော့ ငါနားမလည်နိုင်ဘူး။ နှိုင်းယှဥ်ပြောရရင် ငါ့မိသားစုက အရမ်းကိုခက်ခဲလွန်းတဲ့ အခြေအနေမှာရှိတယ်။ ငါ့အဖေနဲ့ ငါ့အမေကိုလဲ ငါက ပတ်ရှောင်ရသေးတယ်။ ငါ့မှာ ပြဿနာတွေမှ အများကြီးပဲ။ နင်က ငါ့ကို သနားဖို့ကောင်းတယ်လို့ မြင်လား။ "

ထန်းမော့က ခေါင်းခါလိုက်တယ်။ သူက ဘယ်လိုလုပ်ချောင်လန့်ကို သနားဖို့ကောင်းတယ်လို့ ခံစားရမှာလဲ။ သူ့နှလုံးသားထဲမှာတော့ ချောင်လန်က လှပတယ်၊ ထက်မြက်တယ်၊ ပြီးတော့ လူတွေကို ပြီးပြည့်စုံတယ်လို့ ခံစားသွားရစေတဲ့အထိ တော်တယ်။

ထန်းမော့က ချောင်လန့်ကို ကြည့်တဲ့ရှုထောင့်က အချစ်ဆိုတဲ့ filter ကြီးကို ဖြတ်ပြီးမှ မြင်တာလေ။ အဲ့တာကြောင့် ချောင်လန်က ထန်းမော့ပြောတာကို ကြားလိုက်တော့ သူမက နည်းနည်းတောင်ရှက်လာတယ်။ သူမကပြုံးလိုက်ပြီး ပြောလိုက်တယ်။ " နင်ပြောတာ အရမ်းကောင်းတာပဲ။ ငါတောင် ယုံမိတော့မလို့။ "

" အကုန်လုံးက အမှန်တွေပဲလေ။ " ထန်းမော့က ပြောလိုက်တယ်။ သူ့နှလုံးသားထဲမှာ ချောင်လန်က အဲ့လိုတည်ရှိမှုမျိုးလေ။

" အဲ့တာဆို ငါ့နှလုံးသားထဲမှာရော နင်က အဲ့လိုပဲဆိုတာကို နင်သိလား။ " ချောင်လန်က ဖြေးဖြေးလေးပြောလိုက်တယ်။ သူနားမလည်မှာ စိုးနေတဲ့အတိုင်းပဲ သူမက စကားလုံးကို တစ်လုံးချင်းစီ ပြောလိုက်တယ်။ " နင်က ငါကနင့်ကိုသနားလို့ နင်နဲ့တွဲတာလို့ ထင်နေတာမလား။ အဲ့တာက မဟုတ်ဘူးနော်။ ဘယ်relationship ကိုမှ သနားတာတစ်ခုထဲနဲ့ ထိန်းထားလို့မရဘူး။ "

" ငါ့နှလုံးသားထဲမှာ နင်က ဘယ်လောက်တောင် ကောင်းလဲဆိုတာကို နင်မသိဘူး။ နင်က ငါတွေ့ဖူးသမျှ ကောင်လေးတွေထဲမှာ အကောင်းဆုံး အတော်ဆုံးပဲ။ " ချောင်လန်က လက်ကိုထုတ်လိုက်ပြီး ထန်းမော့ပါးလေးကို ပွတ်လိုက်တယ်။ " အရမ်းချောတယ်၊ အရမ်းထက်မြက်တယ်၊ အရမ်းအင်အားကြီးတယ်။ ငါကနင့်ကို ဘယ်လောက်တောင် အထင်ကြီးလေးစားလဲ၊ ဘယ်လောက်တောင် နင်နဲ့အတူရှိချင်လဲ၊ ဒီလိုမျိုး ဘယ်လောက်တောင် လမ်းအတူလျှောက်ချင်လဲ ဆိုတာ နင်မသိပါဘူး။ ရှူးး စကားမပြောနဲ့ဦး။ ငါပြောပြီးတဲ့အထိ စောင့်ဦး။ "

ချောင်လန်က လှေကားပေါ်တင်ထားတဲ့ သူမခြေထောက်ကို ပြန်ရုတ်လိုက်ပြီး ထန်းမော့ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်တယ်။ သူ့ကိုမော့ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ " ငါပြောတာတွေက အမှန်တွေချည်းပဲ။ နင်က ဘာမှမပြောဘဲ အမေရိကားကို ထွက်သွားတုန်းက နေ့တိုင်းနေ့တိုင်း ငါကနင့်ကိုပဲ တွေးနေခဲ့တာ။ နင်ဘယ်အချိန် ပြန်လာမလဲဆိုတာကိုပဲ စဥ်းစားနေခဲ့တာ။ နင်က ဒီတိုင်းကြီး ငါ့ကိုထားပြီး ထွက်သွားပြီလားလို့လဲ တွေးနေခဲ့တာ။ ငါက အရမ်းကြောက်နေခဲ့တာ။ နင်က ငါမမြင်နိုင်တဲ့တစ်နေရာမှာ နောက်ထပ်တစ်ယောက်ကို တွေ့သွားမှာ၊ နင်က သူမကို ငါ့ကိုကြည့်သလိုမျိုး ကြည့်မှာကို ကြောက်နေခဲ့တာ။ ပြီးတော့ တစ်နေ့မှာ နင်က ကောင်မလေးတစ်ယောက်ကို သဘောကျသွားခဲ့မှာကိုလဲ ကြောက်နေခဲ့တာ။ အဲ့အချိန်ကထဲက ငါက နင့်ကို သူငယ်ချင်းထက် ပိုပြီး စဥ်းစားနေမိတာ။ "

" နင်ကလဲ ငါ့ကိုကြိုက်မကြိုက်ကိုလဲ ငါက အကြိမ်ပေါင်းများစွာ စမ်းသပ်ဖို့ ကြိုးစားနေခဲ့တာ။ အဲ့တာကြောင့် ငါကအချိန်အတော်ကြာ တွေဝေနေခဲ့ရတာ။ ထန်းမော့ ဒီလောက်အများကြီးပြီးသွားတေ့ ငါနင့်ကို ပြောချင်တာက ငါကနင့်ကိုတွဲတာက နင့်ကို သနားလို့၊ နင့်ကို စောင့်ရှောက်ပေးချင်လို့ မဟုတ်ဘူးဆိုတာပဲ။ ငါကနင့်ကိုချစ်လို့။ ငါကနင့်ကို သဘောကျလို့ နင်တစ်ခြားကောင်မလေးတွေနဲ့ အရမ်းနီးကပ်သွားမှာကို မကြိုက်လို့။ ဟိုနေ့တုန်းက နင်ငါ့ကိုခိုးနမ်းခဲ့တုန်းက ငါနင့်ကို ပြန်နမ်းခဲ့တာက ငါနင့်ကို သဘောကျလို့။ ငါနင်နဲ့ တွဲဖို့ဆုံးဖြတ်လိုက်တာ၊ နင့်ချစ်သူကောင်မလေးဖြစ်ချင်တာက ငါနင့်ကို သဘောကျလို့ပဲ။ နောက်ထပ် အကြောင်းရင်းဆိုတာ မရှိဘူး။ "

" နင်က ဒီလောက်ကြီးထိ မလုံခြုံဘူးလို့ ခံစားနေရမယ်လို့ ငါမထင်ထားခဲ့ဘူး။ အဲ့အချိန်တုန်းက နင့်ကို ဒါတွေမပြောပြမိခဲ့တာ ငါနင့်ကို တောင်းပန်ပါတယ်။ " ချောင်လန်က ထန်းမော့လက်ကို ကိုင်လိုက်ပြီး သူမမေးကို ထန်းမော့ဒူးပေါ်တင်လိုက်ကာ ခေါင်းကိုမော့လိုက်ပြီး ညင်သာစွာ ပြောလိုက်တယ်။ " နင်ဒါကို နားထောင်ချင်တယ်ဆိုရင် ငါနင့်ကို အကြိမ်ပေါင်းများစွာ ပြောပေးမယ်။ ငါနင့်ကို သဘောကျတယ်။ တစ်ကယ်သဘောကျတယ်။ ငါက လူတစ်ယောက်ကို ဘယ်တုန်းကမှ ဒီလိုသဘောမကျဖူးဘူး။ ငါက ဒီလိုမျိုး တစ်သက်လုံး နေသွားချင်တယ်။ ဟုတ်ပြီ ငါပြောလို့ ပြီးသွားပြီ။ အခုနင့်အလှည့်ပဲ "

ထန်းမော့က ချောင်လန့်လက်ကို ဆွဲကိုင်လိုက်တယ်။ သူမကို သူ့လက်မောင်းထဲကို ဆွဲဖက်လိုက်ချင်နေတယ်။ ဒါပေမဲ့ သူ မလုပ်ရသေးခင်မှာပဲ၊ သူစကားပြောမလို့ ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာပဲ လှေကားရဲ့ထိပ်အဝင်ပေါက်မှာ ခေါင်းတစ်လုံးက ဝင်လာခဲ့တယ်။

" မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ "

ထန်းမော့ရဲ့ လက်၁၀ချောင်းနဲ့ လက်ချင်းယှက်နွယ်ထားတဲ့ ချောင်လန် : " ....... "

ခဏလောက်ကြာတော့ အရင်တည်ငြိမ်သွားတဲ့ ထန်းမော့က ပြောလိုက်တယ်။ " ....... စကားပြောနေတာ။ "

Zawgyi

သူတို႔၂ေယာက္က အရမ္းကို အိမ္မက္ဆန္စြာပဲ စတင္ခဲ့ၾကတာေလ။ ဘာလို႔လဲဆိုေတာ့ သူကအရင္ မထိန္းႏိုင္ဘဲ စၿပီးနမ္းမိလို႔ ကိစၥေတြက ထိန္းခ်ဳပ္လို႔မရေအာင္ျဖစ္သြားခဲ့တာေလ။ ၿပီးေတာ့ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ ဘာမွမေျပာခဲ့ၾကဘူး။ သူကလဲ ေခ်ာင္လန႔္ကို သေဘာက်တယ္လို႔ မေျပာခဲ့ဘူး။ ေခ်ာင္လန္ကလဲ သူမက ဘာေၾကာင့္ သူ႔ကိုျပန္နမ္းရတာလဲဆိုတာကိုလဲ မေျပာျပခဲ့ဘူး။ သူမက သူနဲ႔အတူရွိေနတာကလဲ ဒီတိုင္း သဘာဝက်က်ပဲ ျဖစ္လာခဲ့တာ။ တစ္ခါတစ္ေလက် သူေတြးမိတယ္။ ေခ်ာင္လန္က သူနဲ႔တြဲတာက သူမကခဏေလာက္စိတ္ရႈပ္ေထြးသြားလို႔ ၿပီးေတာ့ ဘာကိုမွ ေသေသခ်ာခ်ာ မစဥ္းစားခဲ့လို႔ လို႔ထင္မိတယ္။ ၿပီးေတာ့ ေနာက္ဆုံး သူမအရာအားလုံးကို ရွင္းရွင္းလင္းလင္း စဥ္းစားသြားမိတဲ့အခ်ိန္က သူတို႔၂ေယာက္ ကြဲကြာရမဲ့ အခ်ိန္ပဲ။

အဲ့တာေၾကာင့္မလို႔ ထန္းေမာ့က ေခ်ာင္လန႔္ကို အၿမဲအခုလိုပဲ စိတ္ရႈပ္ေနေစခ်င္တယ္။ ဘာေၾကာင့္လဲဆိုတာေတာ့ သူ႔ကိုလာမေမးနဲ႔။

သူက ပထမဆုံးစၿပီး ရည္းစားျဖစ္တုန္း အဲ့လိုမ်ိဳးပဲ ေတြးေန ေမွ်ာ္လင့္ေနခဲ့တာ။ သူမက စိတ္ရႈပ္ေထြးေနတာပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ အဲ့တာေတြက အေရးမႀကီးဘူး၊ သူတို႔၂ေယာက္သာ အတူတူရွိေနရမယ္ဆိုရင္ေပါ့။

ဒါေပမဲ့ ရက္အနည္းငယ္ေလာက္လဲ ၾကာသြားေရာ သူက အဲ့ေလာက္နဲ႔ မေက်နပ္ႏိုင္ေတာ့ဘူး။ သူက ရဲတင္းလာၿပီး သူမကို ဘာလို႔ဆိုတဲ့ ေမးခြန္းေတြကို ေမးခ်င္လာတယ္။

ထန္းေမာ့ မင္းမေၾကာက္ဘူးလား?? သူ႔ကိုယ္သူ ဒီလိုမ်ိဳးေမးေနခဲ့တယ္။ မင္းက ဘာလို႔ေမးခ်င္ေနရတာလဲ။ ဒီတိုင္းပဲ ဘာမွမျဖစ္သလိုမ်ိဳး ဟန္ေဆာင္ေနလို႔ မရဘူးလား။ မင္းက သူမနဲ႔ အတူရွိၿပီးတာေတာင္ ဘာလို႔ မေက်နပ္ႏိုင္ေသးရတာလဲ။ အဲ့ဒီ့ ဘာလို႔ဆိုတဲ့ အရာေတြက အဲ့ေလာက္ အေရးႀကီးေနလို႔လား။

လက္စသတ္ေတာ့ အဲ့တာေတြက အၿမဲအေရးႀကီးေနခဲ့တာပါပဲ။

အခ်စ္မွာ လူတိုင္းက ဘာလို႔ဆိုတဲ့ ေမးခြန္းေတြကို ေမးရတာကို ႀကိဳက္ၾကတယ္။ တစ္ဖက္လူရဲ႕ သည္းခံႏိုင္စြမ္း အတိုင္းအတာကို သိခ်င္ၾကတယ္။ တစ္ခါတစ္ေလက် ျပန္ရလာမဲ့ အေျဖက သိပ္မေကာင္းဘူးဆိုရင္ေတာင္ ေသခ်ာတဲ့ ေမးခြန္းတစ္ခုကို အၿမဲေမးခ်င္ေနၾကတာပဲ။

အဲ့တာေၾကာင့္ ထန္းေမာ့က ေခ်ာင္လန႔္လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး သူ႔ႏွလုံးက အေသခုန္ေနတာကို ဖိႏွိပ္ထားလိုက္ကာ ေလးလံစြာနဲ႔ ေျပာလိုက္တယ္။

" နင္ကဘာလို႔..... "

ထန္းေမာ့က ခဏရပ္လိုက္တယ္။ ေနာက္ဆုံးေတာ့မွ ခက္ခဲစြာနဲ႔ စာေၾကာင္းကို ၿပီးေအာင္ေျပာလိုက္တယ္။

" ........ ဘာလို႔ ငါ့ကို တြဲတာလဲ?? "

ဒီတစ္ေခါက္ေတာ့ ေခ်ာင္လန္ ေအးခဲသြားရမဲ့အခ်ိန္ျဖစ္သြားတယ္။

ဘာလို႔လဲဆိုေတာ့ ထန္းေမာ့က သူမကိုဘာလို႔ ဒီလိုေမးခြန္းမ်ိဳးကို ေမးရတာလဲဆိုတာ ေခ်ာင္လန္က နားမလည္ႏိုင္လို႔ေလ။

သူမတို႔၂ေယာက္က လြန္ခဲ့တဲ့ ၂ႏွစ္လုံးလုံးမွာ ကိစၥေတြအမ်ားႀကီးကို အတူျဖတ္ေက်ာ္လာခဲ့ရၿပီးၿပီ၊ ၿပီးေတာ့ သူမတို႔က တစ္ေယာက္ကိုတစ္ေယာက္လဲ အရမ္းသိၾကတယ္။ အဲ့တာေၾကာင့္ ဘာေတြပဲျဖစ္လာျဖစ္လာ ဒီကိစၥက အခ်ိန္တစ္ခုပဲလိုတာလို႔ သူမကခံစားမိတာေလ။

သူ႔ကိုဘာလို႔တြဲရတာလဲ?? ဘာလို႔လဲဆိုေတာ့ ငါကနင့္ကို အရမ္းႀကိဳက္လို႔ေပါ့။ ၿပီးေတာ့ အခ်ိန္အၾကာႀကီး သေဘာက်ခဲ့ရတာမလို႔ေပါ့။ ျဖစ္ခ်င္ေတာ့ နင္ကလဲ ငါ့ကို သေဘာက်တယ္ေလ။ အဲ့တာေၾကာင့္ ငါတို႔က တြဲၾကတာေပါ့။

ဘယ္ေလာက္ေတာင္ သဘာဝက်ၿပီး အသင့္ျဖစ္လိုက္သလဲ။

သူတို႔၂ေယာက္ထဲမွာ တစ္ေယာက္ကမွ ဒီလိုစကားမ်ိဳးေတြကို မေျပာဖူးေပမဲ့ သူတို႔မ်က္လုံးထဲက အၾကည့္ေတြ၊ ၿပီးေတာ့ သူတို႔အျပဳအမူေတြထဲကေန ဒီအခ်စ္ကို သိသိသာသာ ျမင္ႏိုင္ေနတယ္ေလ။ သူတို႔ မတြဲခင္တုန္းကလဲ ဖက္ၿပီး အေသျပင္းျပင္းထန္ထန္ နမ္းခဲ့ၾကတာေလ။ အဲ့တာေၾကာင့္ ေခ်ာင္လန္က ဒါကို ရွင္းျပစရာမလိုဘူးလို႔ ထင္ခဲ့တာေလ။ သူမထင္တာက ထန္းေမာ့ကလဲ သူမလိုပဲေပါ့။ အရာအားလုံးကို နားလည္ေနၿပီလို႔ ထင္ခဲ့တာ။

ဒါေပမဲ့ အခုထန္းေမာ့က သူမကို ႐ုတ္တရက္ႀကီး သူမကဘာလို႔ သူ႔ကိုတြဲတာလဲ လို႔ ေမးေနတယ္။

ထန္းေမာ့က လုံးဝနားမလည္ခဲ့ဘူးပဲ။

သူမက သူ႔ကိုဘယ္ေလာက္ေတာင္ သေဘာက်ထဲဆိုတာကို သူကနားမလည္ခဲ့ဘူး။

အတန္းၿပီးသြားေတာ့ ေခါင္းေလာင္းတီးခဲ့တယ္။ ဒုတိယအခ်ိန္ၿပီးေတာ့ အားလုံးက အတန္းထဲကထြက္ၿပီး အားကစား႐ုံကို သြားရတယ္။ ထန္းေမာ့က မ်က္ေတာင္ေတြကို ေအာက္ကိုစိုက္ခ်ထားၿပီး အတန္းအျပင္ဘက္ကို ေလွ်ာက္သြားလိုက္တယ္။ ေျခလွမ္း၂လွမ္းေလာက္ပဲ လွမ္းရေသးတဲ့အခ်ိန္မွာ ေခ်ာင္လန္က သူ႔ကို႐ုတ္တရက္ဆြဲလိုက္တယ္။

" ငါ့ေနာက္လိုက္ခဲ့ " ေခ်ာင္လန္က ထန္းေမာ့ကို အားကစား႐ုံနဲ႔ ဆန႔္က်င္ဘက္ကို ဆြဲေခၚသြားလိုက္တယ္။

စာသင္ေဆာင္၂ေဆာင္ၾကားမွာ လမ္းၾကားေလးေသးေသးေလးရွိတယ္။ အဲ့လမ္းွမာ ေၾကာင္လိမ္ေလွကားေလးလဲ ရွိတယ္။ ဒီလမ္းက အရမ္းလူေျခတိတ္တယ္။ ပုံမန္ဆို ဒီမွာ လူကိုမရွိဘူး။

အားကစားခ်ိန္မွာ အားကစား႐ုံမွာရွိမေနရင္ အတန္းပိုင္ဆရာက ခဏေနရင္ ေသခ်ာေပါက္ကို ေမးခြန္းေတြေမးလာေတာ့မွာေလ။ ဒါေပမဲ့ ေခ်ာင္လန္က ထန္းေမာ့နဲ႔ ရွင္းရွင္းလင္းလင္းေျပာဖို႔က ပိုၿပီးအေရးႀကီးတယ္လို႔ ခံစားရတုန္းပဲ။

ထန္းေမာ့က ေခ်ာင္လန္ေခၚတဲ့ေနာက္ကို လိမ္လိမ္မာမာေလး လိုက္လာခဲ့တယ္။ သူမတို႔က ေလွကားေပၚမွာ ထိုင္လိုက္ၿပီးေတာ့ ေခ်ာင္လန္က ထန္းေမာ့ကို ဖိေမးလိုက္တယ္။ " ထန္းေမာ့ "

ထန္းေမာ့က ေလွကားေပၚမွာထိုင္ေနၿပီး သူ႔ေရွ႕မွာ မတ္တပ္ရပ္လိုက္တဲ့ ေခ်ာင္လန႔္ကို ၾကည့္လိုက္တယ္။ " ဟင္? "

ေခ်ာင္လန္က သူမလက္ကို ေလွကားလက္ရမ္းမွာ ဖိလိုက္ၿပီး ထန္းေမာ့ကို ငုံ႔ၾကည့္ကာ ေျပာလိုက္တယ္။ " ငါက ငါတို႔၂ေယာက္တြဲတာက ငါတို႔၂ေယာက္ရဲ႕ စိတ္ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ထပ္တူက်လို႔ လို႔ပဲ အၿမဲေတြးေနခဲ့တာ။ အဲ့တာေၾကာင့္ ငါတို႔က အဲ့လိုစကားေတြကို မေျပာလဲ နင္ေရာငါေရာက နားလည္ႏိုင္တယ္လို႔ေပါ့။ " ေခ်ာင္လန္က ေလးနက္စြာ ေျပာလိုက္တယ္။ " ဒါေပမဲ့ ငါအခုမွသိသြားတယ္။ အခ်စ္ရဲ႕ တစ္ခ်ိဳ႕အဆင့္ေတြက တစ္ကယ္ပဲ ေက်ာ္လိုက္လို႔ မရဘူးဆိုတာကိုေပါ့။ ဓေလ့ထုံးစံဆိုတာ အရမ္းအေရးႀကီးတယ္ ဆိုတာကိုေပါ့။ "

ထန္းေမာ့က ပါးစပ္ကိုဖြင့္လိုက္တယ္။ ဒါေပမဲ့ ဘာေျပာရမယ္မွန္းမသိခဲ့ဘူး။

ဘာလို႔လဲဆိုေတာ့ သူက ေခ်ာင္လန္က ဘာကိုဆိုလိုခ်င္တာလဲဆိုတာ သူနားမလည္လို႔ေလ။

သူက ေခ်ာင္လန႔္ကို ေမာ့ၾကည့္လိုက္တယ္။ ေခ်ာင္လန္ကလဲ ထန္းေမာ့ကို စိုက္ၾကည့္ေနခဲ့တယ္။ " အဲ့တာေၾကာင့္ ငါတို႔က က်န္ခဲ့တဲ့ အရာေတြအကုန္လုံးကို ေမးရဦးမယ္။ ထန္းေမာ့ အဲ့ေန႔တုန္းက နင္ဘာလို႔ ငါ့ကို ခိုးနမ္းခဲ့တာလဲ။ "

ထန္းေမာ့လက္ေခ်ာင္းေတြ တင္းၾကပ္သြားတယ္။

ထန္းေမာ့က တိတ္ဆိတ္လြန္းလို႔ သူ႔ႏွလုံးခုန္သံကိုေတာင္ သူျပန္ၾကားေနရတယ္။

" ငါနင့္ကို သေဘာက်လို႔ "

ငါက နင့္ကို သေဘာက်ေနခဲ့တာ အရမ္းၾကာေနၿပီ။ ၿပီးေတာ့ အ႐ိုးထဲထိကို သေဘာက်တာ။

ေခ်ာင္လန္က ၿပဳံးလိုက္တယ္။ သူမရဲ႕ အနက္ေရာင္မ်က္လုံးေလးေတြကလဲ ေတာက္ပေနတယ္။ သူမကိုယ္က ေအာက္ကိုနည္းနည္း ကိုင္းသြားၿပီး ဆက္ေမးလိုက္တယ္။ " အဲ့တာဆို ငါကနင့္ကို ျပန္နမ္းလိုက္တာကိုေရာ နင္ဘယ္လိုထင္လဲ။ "

ထန္းေမာ့က ခဏေလာက္တိတ္ဆိတ္သြားၿပီး ႐ိုးသားစြာ ေျပာလိုက္တယ္။ " ငါမသိဘူး "

ထန္းေမာ့က တစ္ကယ္မသိဘူး။

ဒီေန႔ထိေတာင္ ထန္းေမာ့က နားမလည္ႏိုင္ေသးဘူး။ အဲ့တာက သူကသူမကိုနမ္းလိုက္တာေၾကာင့္ သူမမသိစိတ္ရဲ႕ အလိုလို တုံ႔ျပန္မႈလဲ ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ သူမက မစဥ္းစားမိလို႔လဲ ျဖစ္ႏိုင္တယ္။

ေခ်ာင္လန္က အရမ္းေဒါသထြက္လြန္းလို႔ ထန္းေမာ့ရဲ႕ အက်ႌေကာ္လံကို ကိုင္ဆြဲၿပီး နင္ဘယ္လိုလုပ္ မသိပဲေနႏိုင္ရတာလဲ!! လို႔ ေအာ္ေမးလိုက္ခ်င္ေနတယ္။ ဒါေပမဲ့ သူမက သည္းခံလိုက္ၿပီးေတာ့ ဆက္ေမးလိုက္တယ္။ " အဲ့တာဆို ငါကဘာလို႔ နင္နဲ႔တြဲတယ္လို႔ နင္ထင္လဲ။ "

ထန္းေမာ့က ခဏေလာက္ျပန္တိတ္ဆိတ္သြားၿပီး ေျပာလိုက္တယ္။ " ငါ့ကိုသနားလို႔ "

ေခ်ာင္လန္ : " ??? "

ေခ်ာင္လန္က ဒီတစ္ခါေတာ့ တစ္ကယ္ကို ေဒါသထြက္သြားၿပီ။

" ငါက နင့္ကို သနားတယ္?? "

ေခ်ာင္လန္က ဘာေျပာရမလဲေတာင္ မသိေတာ့ဘူး။ သူမက စိတ္မရွည္ေတာ့ဘူး။ ၿပီးေတာ့ သူမ image ကို ဂ႐ုမစိုက္ေတာ့ဘဲ သူမက သူမရဲ႕ေျခတံရွည္ေတြကို ထန္းေမာ့ထိုင္ေနတဲ့ေလွကားထစ္ေလးေပၚကို တင္လိုက္တယ္။ သူမလက္ကလဲ အဲ့ေျခေထာက္ရဲ႕ ဒူးေခါင္းေပၚကို တင္လိုက္တယ္။ သူမတို႔၂ေယာက္က ႐ုတ္တရက္ႀကီး နီးကပ္သြားတယ္။

" ငါကနင့္ကို ဘာလို႔သနားရမွာလဲ။ နင့္မွာ သနားစရာေကာင္းတာ ဘယ္ေနရာမ်ားရွိေနလို႔လဲ။ ေခါင္းကိုလွည့္မသြားနဲ႔။ ငါ့ကိုၾကည့္!! " ေခ်ာင္လန္က ထန္းေမာ့မ်က္ႏွာကို လက္နဲ႔ ျပန္လွည့္လိုက္တယ္။ " ၿပီးေတာ့ ငါက နင္ကသနားဖို႔ေကာင္းလို႔ ဆိုၿပီး စိတ္ရႈပ္ေထြးသြားတက္တဲ့ လူနဲ႔တူလို႔လား။ အရမ္းကိုၾကင္နာတက္လြန္းလို႔ ဘဝႀကီးကိုေတာင္ ပုံအပ္မဲ့ လူနဲ႔တူေနလို႔လား။ "

ဒီကမာၻႀကီးမွာ သနားစရာေကာင္းတဲ့လူေတြမွ အမ်ားႀကီးပဲ။ ဒါေပမဲ့ ထန္းေမာ့တစ္ေယာက္ထဲကိုပဲ သူမကေ႐ြးခ်ယ္ခဲ့တာေလ။

ၿပီးေတာ့ ထန္းေမာ့က ဘာလို႔ သူမကသူ႔ကို သနားေနတယ္လို႔ ေတြးရတာမွန္း နားမလည္ႏိုင္ေတာ့ဘူး။ ထန္းေမာ့နဲ႔ယွဥ္ရင္ သူမကမွ ပိုသနားဖို႔ေကာင္းတာေလ။ ဟုတ္တယ္မလား။

" နင္ကဘာလို႔ ဒီလိုေတြးရတာလဲဆိုတာကိုေတာ့ ငါနားမလည္ႏိုင္ဘူး။ ႏႈိင္းယွဥ္ေျပာရရင္ ငါ့မိသားစုက အရမ္းကိုခက္ခဲလြန္းတဲ့ အေျခအေနမွာရွိတယ္။ ငါ့အေဖနဲ႔ ငါ့အေမကိုလဲ ငါက ပတ္ေရွာင္ရေသးတယ္။ ငါ့မွာ ျပႆနာေတြမွ အမ်ားႀကီးပဲ။ နင္က ငါ့ကို သနားဖို႔ေကာင္းတယ္လို႔ ျမင္လား။ "

ထန္းေမာ့က ေခါင္းခါလိုက္တယ္။ သူက ဘယ္လိုလုပ္ေခ်ာင္လန႔္ကို သနားဖို႔ေကာင္းတယ္လို႔ ခံစားရမွာလဲ။ သူ႔ႏွလုံးသားထဲမွာေတာ့ ေခ်ာင္လန္က လွပတယ္၊ ထက္ျမက္တယ္၊ ၿပီးေတာ့ လူေတြကို ၿပီးျပည့္စုံတယ္လို႔ ခံစားသြားရေစတဲ့အထိ ေတာ္တယ္။

ထန္းေမာ့က ေခ်ာင္လန႔္ကို ၾကည့္တဲ့ရႈေထာင့္က အခ်စ္ဆိုတဲ့ filter ႀကီးကို ျဖတ္ၿပီးမွ ျမင္တာေလ။ အဲ့တာေၾကာင့္ ေခ်ာင္လန္က ထန္းေမာ့ေျပာတာကို ၾကားလိုက္ေတာ့ သူမက နည္းနည္းေတာင္ရွက္လာတယ္။ သူမကၿပဳံးလိုက္ၿပီး ေျပာလိုက္တယ္။ " နင္ေျပာတာ အရမ္းေကာင္းတာပဲ။ ငါေတာင္ ယုံမိေတာ့မလို႔။ "

" အကုန္လုံးက အမွန္ေတြပဲေလ။ " ထန္းေမာ့က ေျပာလိုက္တယ္။ သူ႔ႏွလုံးသားထဲမွာ ေခ်ာင္လန္က အဲ့လိုတည္ရွိမႈမ်ိဳးေလ။

" အဲ့တာဆို ငါ့ႏွလုံးသားထဲမွာေရာ နင္က အဲ့လိုပဲဆိုတာကို နင္သိလား။ " ေခ်ာင္လန္က ေျဖးေျဖးေလးေျပာလိုက္တယ္။ သူနားမလည္မွာ စိုးေနတဲ့အတိုင္းပဲ သူမက စကားလုံးကို တစ္လုံးခ်င္းစီ ေျပာလိုက္တယ္။ " နင္က ငါကနင့္ကိုသနားလို႔ နင္နဲ႔တြဲတာလို႔ ထင္ေနတာမလား။ အဲ့တာက မဟုတ္ဘူးေနာ္။ ဘယ္relationship ကိုမွ သနားတာတစ္ခုထဲနဲ႔ ထိန္းထားလို႔မရဘူး။ "

" ငါ့ႏွလုံးသားထဲမွာ နင္က ဘယ္ေလာက္ေတာင္ ေကာင္းလဲဆိုတာကို နင္မသိဘူး။ နင္က ငါေတြ႕ဖူးသမွ် ေကာင္ေလးေတြထဲမွာ အေကာင္းဆုံး အေတာ္ဆုံးပဲ။ " ေခ်ာင္လန္က လက္ကိုထုတ္လိုက္ၿပီး ထန္းေမာ့ပါးေလးကို ပြတ္လိုက္တယ္။ " အရမ္းေခ်ာတယ္၊ အရမ္းထက္ျမက္တယ္၊ အရမ္းအင္အားႀကီးတယ္။ ငါကနင့္ကို ဘယ္ေလာက္ေတာင္ အထင္ႀကီးေလးစားလဲ၊ ဘယ္ေလာက္ေတာင္ နင္နဲ႔အတူရွ္ခ်င္လဲ၊ ဒီလိုမ်ိဳး ဘယ္ေလာက္ေတာင္ လမ္းအတူေလွ်ာက္ခ်င္လဲ ဆိုတာ နင္မသိပါဘူး။ ရႉးး စကားမေျပာနဲ႔ဦး။ ငါေျပာၿပီးတဲ့အထိ ေစာင့္ဦး။ "

ေခ်ာင္လန္က ေလွကားေပၚတင္ထားတဲ့ သူမေျခေထာက္ကို ျပန္႐ုတ္လိုက္ၿပီး ထန္းေမာ့ေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္လိုက္တယ္။ သူ႔ကိုေမာ့ၾကည့္လိုက္ၿပီး ဆက္ေျပာလိုက္တယ္။ " ငါေျပာတာေတြက အမွန္ေတြခ်ည္းပဲ။ နင္က ဘာမွမေျပာဘဲ အေမရိကားကို ထြက္သြားတုန္းက ေန႔တိုင္းေန႔တိုင္း ငါကနင့္ကိုပဲ ေတြးေနခဲ့တာ။ နင္ဘယ္အခ်ိန္ ျပန္လာမလဲဆိုတာကိုပဲ စဥ္းစားေနခဲ့တာ။ နင္က ဒီတိုင္းႀကီး ငါ့ကိုထားၿပီး ထြက္သြားၿပီလားလို႔လဲ ေတြးေနခဲ့တာ။ ငါက အရမ္းေၾကာက္ေနခဲ့တာ။ နင္က ငါမျမင္ႏိုင္တဲ့တစ္ေနရာမွာ ေနာက္ထပ္တစ္ေယာက္ကို ေတြ႕သြားမွာ၊ နင္က သူမကို ငါ့ကိုၾကည့္သလိုမ်ိဳး ၾကည့္မွာကို ေၾကာက္ေနခဲ့တာ။ ၿပီးေတာ့ တစ္ေန႔မွာ နင္က ေကာင္မေလးတစ္ေယာက္ကို သေဘာက်သြားခဲ့မွာကိုလဲ ေၾကာက္ေနခဲ့တာ။ အဲ့အခ်ိန္ကထဲက ငါက နင့္ကို သူငယ္ခ်င္းထက္ ပိုၿပီး စဥ္းစားေနမိတာ။ "

" နင္ကလဲ ငါ့ကိုႀကိဳက္မႀကိဳက္ကိုလဲ ငါက အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္ဖို႔ ႀကိဳးစားေနခဲ့တာ။ အဲ့တာေၾကာင့္ ငါကအခ်ိန္အေတာ္ၾကာ ေတြေဝေနခဲ့ရတာ။ ထန္းေမာ့ ဒီေလာက္အမ်ားႀကီးၿပီးသြားေတ့ ငါနင့္ကို ေျပာခ်င္တာက ငါကနင့္ကိုတြဲတာက နင့္ကို သနားလို႔၊ နင့္ကို ေစာင့္ေရွာက္ေပးခ်င္လို႔ မဟုတ္ဘူးဆိုတာပဲ။ ငါကနင့္ကိုခ်စ္လို႔။ ငါကနင့္ကို သေဘာက်လို႔ နင္တစ္ျခားေကာင္မေလးေတြနဲ႔ အရမ္းနီးကပ္သြားမွာကို မႀကိဳက္လို႔။ ဟိုေန႔တုန္းက နင္ငါ့ကိုခိုးနမ္းခဲ့တုန္းက ငါနင့္ကို ျပန္နမ္းခဲ့တာက ငါနင့္ကို သေဘာက်လို႔။ ငါနင္နဲ႔ တြဲဖို႔ဆုံးျဖတ္လိုက္တာ၊ နင့္ခ်စ္သူေကာင္မေလးျဖစ္ခ်င္တာက ငါနင့္ကို သေဘာက်လို႔ပဲ။ ေနာက္ထပ္ အေၾကာင္းရင္းဆိုတာ မရွိဘူး။ "

" နင္က ဒီေလာက္ႀကီးထိ မလုံၿခဳံဘူးလို႔ ခံစားေနရမယ္လို႔ ငါမထင္ထားခဲ့ဘူး။ အဲ့အခ်ိန္တုန္းက နင့္ကို ဒါေတြမေျပာျပမိခဲ့တာ ငါနင့္ကို ေတာင္းပန္ပါတယ္။ " ေခ်ာင္လန္က ထန္းေမာ့လက္ကို ကိုင္လိုက္ၿပီး သူမေမးကို ထန္းေမာ့ဒူးေပၚတင္လိုက္ကာ ေခါင္းကိုေမာ့လိုက္ၿပီး ညင္သာစြာ ေျပာလိုက္တယ္။ " နင္ဒါကို နားေထာင္ခ်င္တယ္ဆိုရင္ ငါနင့္ကို အႀကိမ္ေပါင္းမ်ားစြာ ေျပာေပးမယ္။ ငါနင့္ကို သေဘာက်တယ္။ တစ္ကယ္သေဘာက်တယ္။ ငါက လူတစ္ေယာက္ကို ဘယ္တုန္းကမွ ဒီလိုသေဘာမက်ဖူးဘူး။ ငါက ဒီလိုမ်ိဳး တစ္သက္လုံး ေနသြားခ်င္တယ္။ ဟုတ္ၿပီ ငါေျပာလို႔ ၿပီးသြားၿပီ။ အခုနင့္အလွည့္ပဲ "

ထန္းေမာ့က ေခ်ာင္လန႔္လက္ကို ဆြဲကိုင္လိုက္တယ္။ သူမကို သူ႔လက္ေမာင္းထဲကို ဆြဲဖက္လိုက္ခ်င္ေနတယ္။ ဒါေပမဲ့ သူ မလုပ္ရေသးခင္မွာပဲ၊ သူစကားေျပာမလို႔ ပါးစပ္ဖြင့္လိုက္တဲ့အခ်ိန္မွာပဲ ေလကားရဲ႕ထိပ္အဝင္ေပါက္မွာ ေခါင္းတစ္လုံးက ဝင္လာခဲ့တယ္။

" မင္းတို႔ ဒီမွာ ဘာလုပ္ေနတာလဲ "

ထန္းေမာ့ရဲ႕ လက္၁၀ေခ်ာင္းနဲ႔ လက္ခ်င္းယွက္ႏြယ္ထားတဲ့ ေခ်ာင္လန္ : " ....... "

ခဏေလာက္ၾကာေတာ့ အရင္တည္ၿငိမ္သြားတဲ့ ထန္းေမာ့က ေျပာလိုက္တယ္။ " ....... စကားေျပာေနတာ။ "

   

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...