ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၃၇)

2.3K 390 3
By CrystalKyi

Unicode

မိုးမခရိုးတံသေးသေးလေးက သူ့လက်ချောင်းကြားထဲကနေ ပြုတ်ထွက်သွားပြီး သူ့လက်ဖဝါးပေါ်မှာ ငြိမ်ငြိမ်လေး လဲလျောင်းနေတယ်။

အဲ့တာကြောင့် သူက မဖြစ်နိုင်တဲ့ ခမ်းနားကြီးကျယ်တဲ့ မျှော်လင့်ချက်တွေကို မထားသင့်ပါဘူးဆို။ ဒီလို ထာဝရတည်မြဲတဲ့အရာတွေက သူ့အတွက် လုံးဝ မဖြစ်နိုင်ဘူး။ မြင်တယ်မလား။ လက်စွပ်သေးသေးလေးလေ ဒါပေမဲ့ ၁မိနစ်တောင်မကြာလိုက်ဘူး ပြတ်သွားခဲ့တာ။

ထန်းမော့ကလဲ ဒီလိုတွေလျှောက်မတွေးနေချင်ပါဘူး။ ဒါက အရမ်းကို ဝမ်နည်းဖို့ကောင်းပြီး နာကျင်ရတယ်လေ။ ဒါပေမဲ့ တစ်ခါဒီလိုအတွေးတွေဝင်လာပြီးဆိုတာနဲ့ သူ့စိတ်ထဲကို တူညီတဲ့အတွေးတွေက စပြီး ထိုးဖောင်ဝင်ရောက်လာတော့တယ်။ သာမန်လူတွေအတွက်ကတော့ မိုးမခအရိုးလေးက အရမ်းကျိုးပဲ့လွယ်လို့၊ ပြီးတော့ သူက အားအများကြီး ထည့်လိုက်လို့ ပြတ်သွားတာလို့ပဲ တွေးကြမှာလေ။ အဲ့တာကြောင့် ပြတ်သွားတာက သဘာဝကျတယ်ပေါ့။ ဒါပေမဲ့ ထန်းမော့ကတော့ အမြဲတမ်း အပိုတွေလျှောက်တွေးတက်တယ်လေ။

ဒီပြတ်သွားတဲ့ မိုးမခလက်စွပ်လေးက သင်္ကေတ တစ်ခုလိုပဲ။ သူတို့၂ယောက်လဲ တစ်နေ့ကျ ဒီလိုမျိုး ရုတ်တရက်ကြီး ပြတ်သွားမှာပဲ.......

ထန်းမော့က လက်ကို အရမ်းအတင်းကြီး ဆုပ်လိုက်တာကြောင့် သူ့ဘေးမှာထိုင်နေတဲ့ ချောင်လန်က လန့်သွားခဲ့တယ်။

အထက်တန်း တတိယနှစ်ကျောင်းသူကျောင်းသားတွေက သူတို့ခုံတွေပေါ်မှာ စာအုပ်တွေအထပ်လိုက်ကြီးကို တင်ထားလေ့ရှိတယ်။ အဲ့တာကြောင့် ခေါင်းလေးနည်းနည်းလောက်ငုံ့လိုက်တာနဲ့ သူတို့ကိုယ်ကို ကွယ်နိုင်တယ်လေ။ ဆရာက စင်မြင့်ပေါ်မှာ သင်ခန်းစာတွေကို သင်ပေးနေတုန်းပဲ။ အရင်တစ်ခေါက်တုန်းက ရုံးခန်းထဲခေါ်အဆူခံရတာကို ပြန်တွေးမိရင် ချောင်လန်က အတန်းထဲမှာ လိမ်လိမ်မာမာနဲ့ စာကိုသေချာလိုက်နားထောင်နေသင့်တာ။ ဒါပေမဲ့ ထန်းမော့ရဲ့ အခြေအနေကို ကြည့်လိုက်တော့ ချောင်လန်က အဲ့တာတွေကို ဂရုမစိုက်နိုင်တော့ဘူး။

ဘာဖြစ်လို့လဲ ချောင်လန်က ခေါင်းကိုငုံ့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။ ဒါပေမဲ့ ထန်းမော့က ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေတယ်။ ချောင်လန်က ထန်းမော့ရဲ့ တုန်နေတဲ့ မျက်လုံးလေးတွေကို ကြည့်လိုက်တယ်။ ပြီးတော့ ထန်းမော့ရဲ့ အတင်းဆုပ်ထားတဲ့ ဘယ်ဘက်လက်လေးကို ကြည့်လိုက်တယ်။

ထန်းမော့လက်ကောက်ဝတ်ကို လူမမြင်အောင် လှမ်းဆွဲလိုက်ပြီး ထန်းမော့လက်သီးဆုပ်ကို အားနဲ့ဖယ်လိုက်တယ်။ ပြီးတော့ လက်ချောင်းတစ်ချောင်းချင်းစီကို ဖြေလိုက်တယ်။ နောက်ဆုံးတော့ သူ့လက်ထဲမှာ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်စွပ်အပြတ်လေးကို တွေ့လိုက်ရတယ်။

ချောင်လန်က စိတ်လဲတိုတယ်၊ စိတ်လဲပင်ပန်းတယ်။

Asperger ရောဂါက ဖြစ်တဲ့လူတွေကို တစ်ခြားသူတွေရဲ့ခံစားချက်ကို နားမလည်အောင် လုပ်တဲ့အပြင် သူတို့ကို မစဥ်းစားရမဲ့အရာတွေကိုလဲ လျှောက်စဥ်းစားစေတယ်။ ထန်းမော့မှာက လုံခြုံတဲ့စိတ် နည်းနည်းလေးမှ မရှိဘူး။

ချောင်လန်က သက်ပြင်းချလိုက်တယ်။ ပြီးတော့ ထန်းမော့လက်ထဲက လက်စွပ်အပြတ်လေးကို ယူလိုက်ပြီး သူ့ရဲ့တောင့်နေတဲ့ လက်ကို ကိုင်လိုက်တယ်။ ပြီးတော့ ထန်းမော့လက်ချောင်လေးတွေကို ဆုပ်ကိုင်ရင်း အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ " ဒါက ဒီတိုင်းသစ်ပင်က အကိုင်းသေးသေးလေးနဲ့ လုပ်ထားတာလေ။ တစ်ကယ့်လက်စွပ် အစစ်မှမဟုတ်တာ။ အရမ်းမခိုင်ဘူးလေ။ အဲ့တော့ ပြတ်သွားတာက ပုံမန်ပါပဲ။ နင့်လက်ကို ဖြန့်လိုက်။ "

ထန်းမော့က တုံ့ဆိုင်းနေပြီးမှ သူ့လက်ကို ဖြန့်လိုက်တယ်။ ချောင်လန်က ထန်းမော့လက်ချောင်းပေါ်ကို နောက်ထပ်တစ်ခု ထပ်ချည်ပေးလိုက်တယ်။ ဒီတစ်ခေါက်တော့ ချောင်လန်က အရမ်းကို ချည်တာခိုင်အောင်လို့ အလေးအနက်ထားကာ လုပ်ပေးခဲ့တယ်။

" တစ်ကယ်လို့ ပြတ်သွားရင် ပြန်ချည်လိုက်ရင် ကောင်းသွားတာပဲလေ။ " ချောင်လန်က နောက်ဆုံးတော့ လက်စွပ်သေးသေးလေးကို ပြန်ချည်လို့ပြီးသွားတယ်။ " ရပြီ။ ငါတို့ မော့မော့လေးရဲ့ လက်ချောင်းလေးတွေက တစ်ကယ်ကို အရမ်းလှတာပဲ။ "

ထန်းမော့က ခေါင်းငုံ့လိုက်ပြီး သူ့လက်ချောင်းပေါ်ပြန်ရောက်လာတဲ့ လက်စွပ်လေးကို စိုက်ကြည့်လိုက်တယ်။ နှလုံးခုန်တာရပ်သွားတဲ့ခံစားချက်ကလဲ နောက်ဆုံးတော့ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။ သူ့နှလုံးခုန်သံက ပုံမန်ကို ပြန်ရောက်လာခဲ့တယ်။ ဒီတစ်ခေါက်တော့ သူက လက်ချောင်းကို သိပ်မလှုပ်ရဲဘူး။ နောက်တစ်ခါ ထပ်ပြတ်သွားမှာ ကြောက်လို့ပေါ့။ ချောင်လန်က ဒီဟာကဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ပြောပေမဲ့ ထန်းမော့ကတော့ ဒီဟာကို အရမ်းအရေးတကြီးလုပ်ထားတုန်းပဲ။ ဒါက မိုးမခအရိုးလေးနဲ့ လုပ်ထားပေမဲ့ ဒါက လက်စွပ်ပုံစံလေးလေ။ အဲ့တော့ ထူးခြားတဲ့ အဓိပ္ပာယ်လေး ရှိနေတုန်းပဲပေါ့။

ဆရာက စာဆက်သင်နေတယ်။ သူခေါင်းကို ငုံ့လိုက်လိုက်ချင်းမှာပဲ ချောင်လန်နဲ့ ထန်းမော့တို့က ခေါင်းချင်းဆိုင်နေကြတာကို တွေ့လိုက်ရတယ်။

ဒီကလေးတွေကတော့!! သူတို့က စာအုပ်အထပ်ကြီးရှိနေလို့ ဆရာလုပ်တဲ့ ငါက ဘာမှမြင်ရဘူးများ ထင်နေကြလား?? တစ်ကယ်တော့ ဆရာက အရှေ့မှာ ရပ်နေရုံနဲ့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်လေ။

ဆရာက သူတို့၂ယောက်ကို မသိချင်ယောင်ဆောင်ပေးထားတာ အချိန်အတော်ကြာနေပြီလေ။ သူလှည့်ကြည့်လိုက်ပြန်တော့လဲ သူတို့၂ယောက်က အခုထိ ခေါင်းချင်းဆိုင်နေကြတုန်းပဲဆိုတာကို တွေ့လိုက်ရတယ်။ သူတို့ဘာတွေလုပ်နေတာလဲဆိုတာတော့ မသိရဘူး။ သူက သူတို့၂ယောက်ကို လှမ်းဆူတော့မယ်လို့ အလုပ်မှာပဲ ချောင်လန်က နောက်ဆုံးတော့ မတ်မတ်ပြန်ထိုင်လိုက်တာကို တွေ့လိုက်ရတယ်။

အေးပါ။ ထားလိုက်ပါတော့။ နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ပါဦးမယ်။

ချောင်လန်က အတန်းကို ပြန်ပြီး သေသေချာချာလိုက်နားထောင်လိုက်တော့တယ်။ ထန်းမော့ကတော့ သူ့လက်ချောင်းပေါ်က လက်စွပ်လေးကို ခဏလောက်စိုက်ကြည့်နေပြီးတော့ သူ့လက်ချောင်းပေါ်က လက်စွပ်လေးကို သေသေချာချာဂရုလေးစိုက်ပြီး ချွတ်လိုက်တယ်။ ချွတ်ပြီးသွားတော့မှ ထန်းမော့က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းလေးချလိုက်တယ်။ ပြီးတော့ စာအုပ်လေးကိုဖွင့်လိုက်ပြီး လက်စွပ်ကို စာအုပ်လေးကြားထဲ ညှပ်လိုက်တယ်။

ဟူး ရပြီ။

ဒီလိုဆို ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ခါ ထပ်ပြတ်သွားမှာ မဟုတ်တော့ဘူး။

နောက်ဆုံးတော့ ပိတ်ရက်ကို ရောက်လာခဲ့ပြီ။ ချောင်လန်က ပုံမန်ဆို ပိတ်ရက်တွေမှာ ထန်းမော့အိမ်ကို သွားလေ့ရှိတယ်။ ဒါပေမဲ့ ဒီအပတ်က ဖြစ်ချင်တော့ သူမတို့အဆောင်ခန်းက ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့ဖြစ်နေတယ်လေ။

ချောင်လန်တို့ အခန်းက ကောင်မလေး၈ယောက်က ကိုယ့်အုပ်စုနဲ့ကိုယ် ကွဲနေကြပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက ခြုံပြောရရင် ကောင်းပါသေးတယ်။ ရှန်းရှောင်ဟန်ကလွဲလို့ အကုန်လုံးက ခင်ကြပါတယ်။

အထက်တန်းတတိယနှစ်က အသက်၁၈နှစ် ပြည့်တဲ့ အသက်ပြည့်သွားတဲ့ မွေးနေ့တွေဖြစ်တဲ့နှစ်လေ။ မိန်းကလေးတွေက ဒီလိုဓလေ့ထုံးစံမျိုးကို အမြဲတမ်း အလေးထားလေ့ရှိတယ်။ အဲ့တာကြောင့် ဒီမွေးနေ့က ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျင်းကိုကျင်းပရမယ်။ ပိုင်ယွီတောင်မှ အဆောင်မှာ တမင်သက်သက်နေပြီး အိမ်ကိုမပြန်ခဲ့ဘူးလေ။

ကောင်မလေးတွေအုပ်စုလိုက်ပြီး အတူတူသွားစားခဲ့ကြတယ်။ နောက်ကျတော့ ပိုင်ယွီက ထပ်ပြီး သီချင်းသွားဆိုဖို့ အကြံပြုလိုက်တယ်။ အဲ့တာကြောင့် အိမ်ပြန်ဖို့ချောင်းနေတဲ့ ချောင်လန်တစ်ယောက် ထန်းမော့အိမ်ပြန်ဖို့ အစီအစဥ်ကျရှုံးသွားခဲ့ရတယ်။

ပိတ်ရက်လေးကို စောင့်မျှော်နေခဲ့တဲ့ ထန်းမော့တစ်ယောက်ကတော့ သူ့ချစ်သူကောင်မလေးကို မတွေ့ခဲ့ရဘူးပေါ့။

အဲ့နေ့မှာ သူက လက်ဝှေ့ကျင့်တဲ့အချိန်မှာ ထန်းမော့က အရမ်းကို စိတ်တိုနေခဲ့တယ်။

နည်းပြက အချိန်အကြာကြီး တွေဝေနေပြီးတော့မှ သူ့ကို သတိလေးထားပြီး မေးလိုက်တယ်။ " ဘာဖြစ်လို့လဲ။ မင်းသဘောကျနေတဲ့ ကောင်မလေးက တစ်ခြားတစ်ယောက်ကို သဘောကျသွားလို့လား? "

သူ့အသံပြီးဆုံးသွားတာနဲ့ ထန်းမော့ရဲ့ လူသတ်တော့မဲ့ အကြည့်ကို လက်ခံရရှိလိုက်တယ်။

နည်းပြ : " ဆောရီး အဲ့လိုဆိုလိုတာ မဟုတ်ဘူး။ "

နည်းပြက ချက်ချင်းကိုပဲ ထန်းမော့က မျက်နှာထားဆိုးဝါးနေတာက အဲ့တာကြောင့်မဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ နည်းပြကိုလဲ အပြစ်တင်လို့မရဘူးလေ။ သူက ထန်းမော့အရင်ကပြောခဲ့ဖူးတာနဲ့ ဆက်စပ်ပြီး စဥ်းစားလိုက်တော့ ဒါကိုပဲ အရင်ဆုံးတွေးမိတာပဲလေ။

ထန်းမော့က အသက်ပြင်းပြင်းရှူလိုက်ပြီး " ကျွန်တော်တို့က တွဲနေကြပြီ "

နည်းပြ : " အိုး congratulations ..?? တွဲနေကြပြီ??? "

မင်းပဲပြောတော့ တစ်သက်လုံး ဘယ်တော့မှ အတူရှိနိုင်မှာ မဟုတ်ဘူးဆို?? ပြောတော့ သူမကို တစ်သက်လုံး လိုက်မီဖို့ဆိုတာ မဖြစ်နိုင်ဘူးဆို??

ပြီးတော့ သူတို့၂ယောက်က တွဲနေကြပြီဆိုလဲ ဘာလို့ သူက အဲ့လိုမျက်နှာထားကြီး ဖြစ်နေသေးရတာလဲ??

ဒါပေမဲ့ နည်းပြက နောက်ထပ်မေးခွန်းထပ်မေးဖို့ သတ္တိမရှိတော့ဘူး။ ထန်းမော့ကလဲ ဘာမှပြောမဲ့ပုံမပေါ်ဘူး။ ဦးလေးချန်က ညနေကျလာကြိုတော့ သူက ပျော်ရွှင်စွာနဲ့ပဲ နည်းပြနဲ့ အတင်းပြောတော့တယ်။ " ကလေးမလေးက သူမအခန်းဖော်ရဲ့ မွေးနေ့ကိုသွားတာလေ။ သူ့ကို အဖော်မလုပ်ပေးပဲနဲ့ပေါ့။ အဲ့တာကြောင့် သူကစိတ်ဆိုးနေတာ။ "

အသက်၃၀နီးပါးလောက်နေလာပေမဲ့ နည်းပြက ငယ်ရွယ်တဲ့အတွဲတွေကြားက ကိစ္စတွေကြောင့် လုံးဝကို ဆွံ့အသွားခဲ့ရတယ်။ ထန်းမော့ကို ကြည့်လိုက်တော့ သူ့စိတ်အခြေအနေက ချက်ချင်းကို ပြောင်းလဲသွားတယ်။ သူထင်တာက ထန်းမော့က နေ့တိုင်းနေ့ အရမ်းကို ရင့်ကျက်လွန်းပြီး အထက်စီးဆန်တဲ့ အေးစက်တဲ့ သူဌေးတစ်ယောက်လို့ပေါ့။ ဒါပေမဲ့ ဒီအကြောင်းရင်းကြောင့်ပဲ သူက စိတ်ဆိုးနေတယ်တဲ့လေ။ နည်းပြက စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။ အော်...... သူက တစ်ကယ်တော့ ဆယ်ကျော်သက်လေးပဲ ရှိသေးတာကိုး။

မသက်မသာဖြစ်ပြီး စိတ်ဆိုးနေတဲ့ ထန်းမော့တစ်ယောက်က အရမ်းကို မပျော်ရွှင်ရတဲ့ ပိတ်ရက်ကို ဖြတ်သန်းခဲ့ရတယ်။ ပြီးတော့ တနင်္လာနေ့မှာ အတန်းပြန်တက်ရတော့လဲ သိပ်ပြီး နေ့လို့ကောင်းမလာခဲ့ဘူး။

စာသင်ခန်းအရှေ့မှာ ရေးထားတဲ့ countdown က တစ်ရက်ပြီးတစ်ရက် လျော့လျော့လာခဲ့တယ်။ အတန်းပိုင်ဆရာက နေ့တိုင်းနေ့တိုင်း အဲ့ဟာကို ထိုးပြပြီး အချိန်က မရှိတော့ဘူးလို့ အော်နေတယ်။ ကျောင်းသူကျောင်းသားတွေကလဲ အချိန်ကုန်တာမြန်လွန်းတယ်လို့ ခံစားနေကြရတယ်။ ထန်းမော့တစ်ယောက်ပဲ အချိန်တွေကို ဒီ့ထက်မြန်မြန်ပိုကုန်ပါစေလို့ ဆုတောင်းနေခဲ့တာပေါ့။

အထက်တန်းဘွဲ့မြန်မြန်ရချင်နေပြီလေ။ ပြီးတော့ အဲ့ဘွဲ့ရပြီးတော့ ၃လကြာတဲ့ အားလပ်ရက်..... ထန်းမော့က အဲ့တာကို တွေးလိုက်ပြီး တမ်းတနေခဲ့တယ်။

သူ့ကို မသက်မသာဖြစ်စေတဲ့ ကျောင်းတက်ရတဲ့ ဘဝက ဆက်ပြီးဖြစ်နေခဲ့တယ်။ ကြားထဲမှာ ရံဖန်ရံခါ သူ့ကို နည်းနည်း ပျော်ရွှင်စေတဲ့ ကိစ္စလေးတွေရောနေရင်းနဲ့ပေါ့။ ဥပမာပြောရရင် သူ့ရဲ့ စတော့ကုန်သွယ်မှုပေါ့။

ထန်းမော့က စတော့ဈေးကွက်နဲ့ စပြီးထိတွေ့လာရတာက ချောင်လန့်ကြောင့်လေ။ အဲ့တာနဲ့ ထိတွေ့လာပြီးသွားတော့ သူက အဲ့ထဲက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေအများကြီးကို တွေ့ရှိခဲ့တယ်။ ပိုလေ့လာလေ ပိုစိတ်ဝင်စားစရာကောင်းလေပဲ။ ထန်းမော့က သင်္ချာမှာ အရမ်းကို ပါရမီပါပြီး စိတ်ဝင်စားတယ်လေ။ အဲ့တော့ သူ့အတွက် ပိုကောင်းသွားတာပေါ့။

သူအစပိုင်း စကစားတုန်းက နည်းနည်းရှုံးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ထန်းမော့က ရှုံးတယ်ဆိုတာ မရှိသလောက်ပဲ။

သူက ချောင်လန့်ပိုက်ဆံနဲ့လဲ ရှယ်ယာတစ်ချို့ကို ဝယ်ခဲ့တယ်။ အဲ့အချိန်တုန်းက သူကချောင်လန့်ကို ရှုံးရင် သူ့ပိုက်ဆံနဲ့ ပြန်စိုက်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ အဲ့အစား သူက ချောင်လန့်ပိုက်ဆံတွေနဲ့ ရှယ်ယာသေးသေးလေးကို ဝယ်ခဲ့တယ်။ အခုလက်ရှိ နှုန်းက သိပ်တော့မကောင်းဘူး။ ထန်းမော့က ချောင်လန့်ပိုက်ဆံ ယွမ်၁သောင်းလောက်ကို သုံးခဲ့တယ်။ အခုတော့ အဲ့မှာ နောက်ထပ်သုညတစ်လုံးအပိုလေးရှိလာပြီ။

ထန်းမော့က ဒီသတင်းကောင်းကို အခုလောလောဆယ်တော့ ချောင်လန့်ကို မပြောပြဖို့ ဆုံးဖြတ်ထားတယ်။ ဘာပဲပြောပြော ဒီစတော့က အခုထိ တက်နိုင်ချေရှိသေးတယ်လေ။ ဘွဲ့ရပြီးလို့ အရာအားလုံးတည်ငြိမ်သွားတော့မှ သူက သူမကို surprise သေးသေးလေးတစ်ခု ပေးလိုက်မယ်။

ထန်းမော့က သူ့ရဲ့တစ်ဖက်သတ်ဖြစ်နေတဲ့ မကျေနပ်မှုတွေကို ခဏတာ တစ်ခြားဖက်ကို ရွေ့ထားလိုက်တယ်။ သူ့စိတ်ကို သက်သာရာရအောင်လို့ပေါ့။ ဥပမာ သူ့ရဲ့စတော့ဈေးကွက်တို့၊ လက်ဝှေ့ထိုးတဲ့ ဘက်တို့ကိုပေါ့။ ဒါပေမဲ့ ဒီလိုလုပ်တာတောင် ထန်းမော့ရဲ့ ညပိုင်း အိပ်စက်မှုက သိပ်ပြီး ကောင်းမလာခဲ့ဘူး။

ထန်းမော့က ဒီပြဿနာက ချောင်လန်နဲ့မဆိုင်ဘူး၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက ပြဿနာဖြစ်နေတာ၊ သူက တစ်ခြားသူတွေနဲ့ မတူညီလို့ ဖြစ်နေတာလို့ သူ့စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြောနေမိတယ်။ သူက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွေ ဆန္ဒတွေအတွက်နဲ့ ချောင်လန့်ကို အမိန့်ပေးအုပ်စိုးလို့ မရဘူး။ ချောင်လန်က သူအဲ့လိုဖြစ်နေတာကို သဘောကျမှာ မဟုတ်ဘူး။

ချောင်လန်က သူဒီလိုဖြစ်နေတာကို သဘောကျမှာ မဟုတ်ဘူး။ ချောင်လန်က သူဟိုလိုဖြစ်နေတာကို သဘောကျမှာ မဟုတ်ဘူး။ ချောင်လန်က သူ့ရဲ့ အပြုအမူတွေအများကြီးကို သေချာပေါက် သဘောကျမှာ မဟုတ်ဘူး။

သူပိုပိုတွေးလေ ပိုပိုပြီး စိတ်ဓာတ်ကျလာလေလေပဲ။ သူက သူ့ကိုယ်မှာ တစ်နေရာမှာမှ သူသဘောကျတဲ့ နေရာလေးကို ရှာလို့မတွေ့ဘူး။

ထန်းမော့က ၂ညဆက်တိုက် အိပ်မပျော်ခဲ့ဘူး။ ရလဒ်အနေနဲ့ကတော့ အမြဲတမ်းတက်ကြွနေခဲ့တဲ့ ထန်းမော့တစ်ယောက် စာသင်ခန်းထဲမှာ အိပ်ပျော်သွားခဲ့တော့တယ်။

ဆရာက ဘယ်တုန်းကမှ ထန်းမော့ကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ ချောင်လန်က ဂရုစိုက်တယ်လေ။ ချောင်လန်က ထန်းမော့အတန်းထဲမှာ အိပ်ပျော်သွားတာကို တစ်ခါမှ မမြင်ဖူးဘူး။

ချောင်လန်က ဆရာသတိမထားတုန်းက လက်ကိုထုတ်လိုက်ပြီး ထန်းမော့လက်ကို ကိုင်လိုက်တယ်။

အေးနေတယ်၊ ပူမနေဘူး။

အဖျားမရှိဘူး။

ထန်းမော့ကနိုးလာပြီး ချောင်လန့်လက်ကို သူ့လက်နဲ့ ပြန်ဆွဲယူလိုက်တယ်။ ချောင်လန်က ဆရာ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အသံတိုးတိုးလေနဲ့ မေးလိုက်တယ်။ " ဘာဖြစ်လို့လဲ။ နင်နေလို့မကောင်ဘူးလား။ "

မဟုတ်ဘူး ထန်းမော့က ခေါင်းခါလိုက်တယ်။

ငါ နင့်ကို အရမ်းလွမ်းတာပဲ။

နင်က ငါ့ဘေးမှာထိုင်နေပြီး ငါ့လက်ကိုကိုင်ထားတာတောင် ငါနင့်ကို အရမ်းလွမ်းနေသေးတယ်လို့ ထင်နေတုန်းပဲ။

ချောင်လန်က ထန်းမော့ဒီလိုဖြစ်နေတာကို ကြည့်လိုက်ပြီး ရုတ်တရက် လက်ထုတ်ပြီး သူ့မျက်နှာကို ထိလိုက်ချင်နေတယ်။ ဒါပေမဲ့ သူမလက်ကို ထန်းမော့က ကိုင်ထားနေတုန်းပဲ။ ချောင်လန်က သူမလက်ကို ဆွဲထုတ်လိုက်မလို့ လုပ်လိုက်တဲ့အချိန်မှာ ထန်းမော့က သူမလက်ကို ပိုပြီး တင်းကြပ်စွာ ဆွဲထားလိုက်တယ်။ ထန်းမော့က သူမကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့တယ်။ ပြီးတော့မှ ရုတ်တရက်ပြောလိုက်တယ်။

" ချောင်လန် "

" ဟင်? "

ချောင်လန်က ကြောင်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ထန်းမော့က သူမနာမည်ကို ဒီလောက်အလေးအနက်ကြီး တစ်ခါမှ မခေါ်ဖူးဘူးလေ။

" ဘာဖြစ်လို့လဲ " ချောင်လန်က ညင်သာစွာမေးလိုက်တယ်။

ငါနင့်ကို အမြဲတမ်း မေးခွန်းတစ်ခု မေးချင်နေခဲ့တာ။ ငါတို့စတွဲကြကထဲက နင့်ကို မေးချင်နေခဲ့တာ။ ဒါပေမဲ့ အဲ့အချိန်တုန်းက သူကမမေးရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူကနောက်ဆုံးမှ သူမနဲ့အတူရှိခွင့်ရခဲ့တာလေ။ တစ်ကယ်လို့ သူက ရှင်းရှင်းလင်းလင်းကြီးမေးလိုက်မိရင် ချောင်လန်ပြန်ဖြေတဲ့အဖြေကြောင့် သူနောင်တရသွားမှာ စိုးလို့ပေါ့။

Zawgyi

မိုးမခ႐ိုးတံေသးေသးေလးက သူ႔လက္ေခ်ာင္းၾကားထဲကေန ျပဳတ္ထြက္သြားၿပီး သူ႔လက္ဖဝါးေပၚမွာ ၿငိမ္ၿငိမ္ေလး လဲေလ်ာင္းေနတယ္။

အဲ့တာေၾကာင့္ သူက မျဖစ္ႏိုင္တဲ့ ခမ္းနားႀကီးက်ယ္တဲ့ ေမွ်ာ္လင့္ခ်က္ေတြကို မထားသင့္ပါဘူးဆို။ ဒီလို ထာဝရတည္ၿမဲတဲ့အရာေတြက သူ႔အတြက္ လုံးဝ မျဖစ္ႏိုင္ဘူး။ ျမင္တယ္မလား။ လက္စြပ္ေသးေသးေလးေလ ဒါေပမဲ့ ၁မိနစ္ေတာင္မၾကာလိုက္ဘူး ျပတ္သြားခဲ့တာ။

ထန္းေမာ့ကလဲ ဒီလိုေတြေလွ်ာက္မေတြးေနခ်င္ပါဘူး။ ဒါက အရမ္းကို ဝမ္နည္းဖို႔ေကာင္းၿပီး နာက်င္ရတယ္ေလ။ ဒါေပမဲ့ တစ္ခါဒီလိုအေတြးေတြဝင္လာၿပီးဆိုတာနဲ႔ သူ႔စိတ္ထဲကို တူညီတဲ့အေတြးေတြက စၿပီး ထိုးေဖာင္ဝင္ေရာက္လာေတာ့တယ္။ သာမန္လူေတြအတြက္ကေတာ့ မိုးမခအ႐ိုးေလးက အရမ္းက်ိဳးပဲ့လြယ္လို႔၊ ၿပီးေတာ့ သူက အားအမ်ားႀကီး ထည့္လိုက္လို႔ ျပတ္သြားတာလို႔ပဲ ေတြးၾကမွာေလ။ အဲ့တာေၾကာင့္ ျပတ္သြားတာက သဘာဝက်တယ္ေပါ့။ ဒါေပမဲ့ ထန္းေမာ့ကေတာ့ အၿမဲတမ္း အပိုေတြေလွ်ာက္ေတြးတက္တယ္ေလ။

ဒီျပတ္သြားတဲ့ မိုးမခလက္စြပ္ေလးက သေကၤတ တစ္ခုလိုပဲ။ သူတို႔၂ေယာက္လဲ တစ္ေန႔က် ဒီလိုမ်ိဳး ႐ုတ္တရက္ႀကီး ျပတ္သြားမွာပဲ.......

ထန္းေမာ့က လက္ကို အရမ္းအတင္းႀကီး ဆုပ္လိုက္တာေၾကာင့္ သူ႔ေဘးမွာထိုင္ေနတဲ့ ေခ်ာင္လန္က လန္႔သြားခဲ့တယ္။

အထက္တန္း တတိယႏွစ္ေက်ာင္းသူေက်ာင္းသားေတြက သူတို႔ခုံေတြေပၚမွာ စာအုပ္ေတြအထပ္လိုက္ႀကီးကို တင္ထားေလ့ရွိတယ္။ အဲ့တာေၾကာင့္ ေခါင္းေလးနည္းနည္းေလာက္ငုံ႔လိုက္တာနဲ႔ သူတို႔ကိုယ္ကို ကြယ္ႏိုင္တယ္ေလ။ ဆရာက စင္ျမင့္ေပၚမွာ သင္ခန္းစာေတြကို သင္ေပးေနတုန္းပဲ။ အရင္တစ္ေခါက္တုန္းက ႐ုံးခန္းထဲေခၚအဆူခံရတာကို ျပန္ေတြးမိရင္ ေခ်ာင္လန္က အတန္းထဲမွာ လိမ္လိမ္မာမာနဲ႔ စာကိုေသခ်ာလိုက္နားေထာင္ေနသင့္တာ။ ဒါေပမဲ့ ထန္းေမာ့ရဲ႕ အေျခအေနကို ၾကည့္လိုက္ေတာ့ ေခ်ာင္လန္က အဲ့တာေတြကို ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။

ဘာျဖစ္လို႔လဲ ေခ်ာင္လန္က ေခါင္းကိုငုံ႔လိုက္ၿပီး တိုးတိုးေလးေျပာလိုက္တယ္။ ဒါေပမဲ့ ထန္းေမာ့က ဘာမွမေျပာဘဲ သူမကို စိုက္ၾကည့္ေနတယ္။ ေခ်ာင္လန္က ထန္းေမာ့ရဲ႕ တုန္ေနတဲ့ မ်က္လုံးေလးေတြကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့ရဲ႕ အတင္းဆုပ္ထားတဲ့ ဘယ္ဘက္လက္ေလးကို ၾကည့္လိုက္တယ္။

ထန္းေမာ့လက္ေကာက္ဝတ္ကို လူမျမင္ေအာင္ လွမ္းဆြဲလိုက္ၿပီး ထန္းေမာ့လက္သီးဆုပ္ကို အားနဲ႔ဖယ္လိုက္တယ္။ ၿပီးေတာ့ လက္ေခ်ာင္းတစ္ေခ်ာင္းခ်င္းစီကို ေျဖလိုက္တယ္။ ေနာက္ဆုံးေတာ့ သူ႔လက္ထဲမွာ တင္းၾကပ္စြာ ဆုပ္ကိုင္ထားတဲ့ လက္စြပ္အျပတ္ေလးကို ေတြ႕လိုက္ရတယ္။

ေခ်ာင္လန္က စိတ္လဲတိုတယ္၊ စိတ္လဲပင္ပန္းတယ္။

Asperger ေရာဂါက ျဖစ္တဲ့လူေတြကို တစ္ျခားသူေတြရဲ႕ခံစားခ်က္ကို နားမလည္ေအာင္ လုပ္တဲ့အျပင္ သူတို႔ကို မစဥ္းစားရမဲ့အရာေတြကိုလဲ ေလွ်ာက္စဥ္းစားေစတယ္။ ထန္းေမာ့မွာက လုံၿခဳံတဲ့စိတ္ နည္းနည္းေလးမွ မရွိဘူး။

ေခ်ာင္လန္က သက္ျပင္းခ်လိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့လက္ထဲက လက္စြပ္အျပတ္ေလးကို ယူလိုက္ၿပီး သူ႔ရဲ႕ေတာင့္ေနတဲ့ လက္ကို ကိုင္လိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့လက္ေခ်ာင္ေလးေတြကို ဆုပ္ကိုင္ရင္း အသံတိုးတိုးေလးနဲ႔ ေျပာလိုက္တယ္။ " ဒါက ဒီတိုင္းသစ္ပင္က အကိုင္းေသးေသးေလးနဲ႔ လုပ္ထားတာေလ။ တစ္ကယ့္လက္စြပ္ အစစ္မွမဟုတ္တာ။ အရမ္းမခိုင္ဘူးေလ။ အဲ့ေတာ့ ျပတ္သြားတာက ပုံမန္ပါပဲ။ နင့္လက္ကို ျဖန္႔လိုက္။ "

ထန္းေမာ့က တုံ႔ဆိုင္းေနၿပီးမွ သူ႔လက္ကို ျဖန္႔လိုက္တယ္။ ေခ်ာင္လန္က ထန္းေမာ့လက္ေခ်ာင္းေပၚကို ေနာက္ထပ္တစ္ခု ထပ္ခ်ည္ေပးလိုက္တယ္။ ဒီတစ္ေခါက္ေတာ့ ေခ်ာင္လန္က အရမ္းကို ခ်ည္တာခိုင္ေအာင္လို႔ အေလးအနက္ထားကာ လုပ္ေပးခဲ့တယ္။

" တစ္ကယ္လို႔ ျပတ္သြားရင္ ျပန္ခ်ည္လိုက္ရင္ ေကာင္းသြားတာပဲေလ။ " ေခ်ာင္လန္က ေနာက္ဆုံးေတာ့ လက္စြပ္ေသးေသးေလးကို ျပန္ခ်ည္လို႔ၿပီးသြားတယ္။ " ရၿပီ။ ငါတို႔ ေမာ့ေမာ့ေလးရဲ႕ လက္ေခ်ာင္းေလးေတြက တစ္ကယ္ကို အရမ္းလွတာပဲ။ "

ထန္းေမာ့က ေခါင္းငုံ႔လိုက္ၿပီး သူ႔လက္ေခ်ာင္းေပၚျပန္ေရာက္လာတဲ့ လက္စြပ္ေလးကို စိုက္ၾကည့္လိုက္တယ္။ ႏွလုံးခုန္တာရပ္သြားတဲ့ခံစားခ်က္ကလဲ ေနာက္ဆုံးေတာ့ တျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့တယ္။ သူ႔ႏွလုံးခုန္သံက ပုံမန္ကို ျပန္ေရာက္လာခဲ့တယ္။ ဒီတစ္ေခါက္ေတာ့ သူက လက္ေခ်ာင္းကို သိပ္မလႈပ္ရဲဘူး။ ေနာက္တစ္ခါ ထပ္ျပတ္သြားမွာ ေၾကာက္လို႔ေပါ့။ ေခ်ာင္လန္က ဒီဟာကဘာမွ အဓိပၸာယ္မရွိဘူးလို႔ ေျပာေပမဲ့ ထန္းေမာ့ကေတာ့ ဒီဟာကို အရမ္းအေရးတႀကီးလုပ္ထားတုန္းပဲ။ ဒါက မိုးမခအ႐ိုးေလးနဲ႔ လုပ္ထားေပမဲ့ ဒါက လက္စြပ္ပုံစံေလးေလ။ အဲ့ေတာ့ ထူးျခားတဲ့ အဓိပၸာယ္ေလး ရွိေနတုန္းပဲေပါ့။

ဆရာက စာဆက္သင္ေနတယ္။ သူေခါင္းကို ငုံ႔လိုက္လိုက္ခ်င္းမွာပဲ ေခ်ာင္လန္နဲ႔ ထန္းေမာ့တို႔က ေခါင္းခ်င္းဆိုင္ေနၾကတာကို ေတြ႕လိုက္ရတယ္။

ဒီကေလးေတြကေတာ့!! သူတို႔က စာအုပ္အထပ္ႀကီးရွိေနလို႔ ဆရာလုပ္တဲ့ ငါက ဘာမွျမင္ရဘူးမ်ား ထင္ေနၾကလား?? တစ္ကယ္ေတာ့ ဆရာက အေရွ႕မွာ ရပ္ေန႐ုံနဲ႔ အကုန္လုံးကို ရွင္းရွင္းလင္းလင္း ျမင္ေနရတယ္ေလ။

ဆရာက သူတို႔၂ေယာက္ကို မသိခ်င္ေယာင္ေဆာင္ေပးထားတာ အခ်ိန္အေတာ္ၾကာေနၿပီေလ။ သူလည့္ၾကည့္လိုက္ျပန္ေတာ့လဲ သူတို႔၂ေယာက္က အခုထိ ေခါင္းခ်င္းဆိုင္ေနၾကတုန္းပဲဆိုတာကို ေတြ႕လိုက္ရတယ္။ သူတို႔ဘာေတြလုပ္ေနတာလဲဆိုတာေတာ့ မသိရဘူး။ သူက သူတို႔၂ေယာက္ကို လွမ္းဆူေတာ့မယ္လို႔ အလုပ္မွာပဲ ေခ်ာင္လန္က ေနာက္ဆုံးေတာ့ မတ္မတ္ျပန္ထိုင္လိုက္တာကို ေတြ႕လိုက္ရတယ္။

ေအးပါ။ ထားလိုက္ပါေတာ့။ ေနာက္ထပ္အခြင့္အေရးတစ္ခု ေပးလိုက္ပါဦးမယ္။

ေခ်ာင္လန္က အတန္းကို ျပန္ၿပီး ေသေသခ်ာခ်ာလိုက္နားေထာင္လိုက္ေတာ့တယ္။ ထန္းေမာ့ကေတာ့ သူ႔လက္ေခ်ာင္းေပၚက လက္စြပ္ေလးကို ခဏေလာက္စိုက္ၾကည့္ေနၿပီးေတာ့ သူ႔လက္ေခ်ာင္းေပၚက လက္စြပ္ေလးကို ေသေသခ်ာခ်ာဂ႐ုေလးစိုက္ၿပီး ခြၽတ္လိုက္တယ္။ ခြၽတ္ၿပီးသြားေတာ့မွ ထန္းေမာ့က စိတ္သက္သာရာရစြာနဲ႔ သက္ျပင္းေလးခ်လိုက္တယ္။ ၿပီးေတာ့ စာအုပ္ေလးကိုဖြင့္လိုက္ၿပီး လက္စြပ္ကို စာအုပ္ေလးၾကားထဲ ညႇပ္လိုက္တယ္။

ဟူး ရၿပီ။

ဒီလိုဆို ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္တစ္ခါ ထပ္ျပတ္သြားမွာ မဟုတ္ေတာ့ဘူး။

ေနာက္ဆုံးေတာ့ ပိတ္ရက္ကို ေရာက္လာခဲ့ၿပီ။ ေခ်ာင္လန္က ပုံမန္ဆို ပိတ္ရက္ေတြမွာ ထန္းေမာ့အိမ္ကို သြားေလ့ရွိတယ္။ ဒါေပမဲ့ ဒီအပတ္က ျဖစ္ခ်င္ေတာ့ သူမတို႔အေဆာင္ခန္းက ေကာင္မေလးတစ္ေယာက္ရဲ႕ ေမြးေန႔ျဖစ္ေနတယ္ေလ။

ေခ်ာင္လန္တို႔ အခန္းက ေကာင္မေလး၈ေယာက္က ကိုယ့္အုပ္စုနဲ႔ကိုယ္ ကြဲေနၾကေပမဲ့ သူတို႔ရဲ႕ ဆက္ဆံေရးက ၿခဳံေျပာရရင္ ေကာင္းပါေသးတယ္။ ရွန္းေရွာင္ဟန္ကလြဲလို႔ အကုန္လုံးက ခင္ၾကပါတယ္။

အထက္တန္းတတိယႏွစ္က အသက္၁၈ႏွစ္ ျပည့္တဲ့ အသက္ျပည့္သြားတဲ့ ေမြးေန႔ေတြျဖစ္တဲ့ႏွစ္ေလ။ မိန္းကေလးေတြက ဒီလိုဓေလ့ထုံးစံမ်ိဳးကို အၿမဲတမ္း အေလးထားေလ့ရွိတယ္။ အဲ့တာေၾကာင့္ ဒီေမြးေန႔က ဘယ္လိုပဲျဖစ္ေနျဖစ္ေန က်င္းကိုက်င္းပရမယ္။ ပိုင္ယြီေတာင္မွ အေဆာင္မွာ တမင္သက္သက္ေနၿပီး အိမ္ကိုမျပန္ခဲ့ဘူးေလ။

ေကာင္မေလးေတြအုပ္စုလိုက္ၿပီး အတူတူသြားစားခဲ့ၾကတယ္။ ေနာက္က်ေတာ့ ပိုင္ယြီက ထပ္ၿပီး သီခ်င္းသြားဆိုဖို႔ အႀကံျပဳလိုက္တယ္။ အဲ့တာေၾကာင့္ အိမ္ျပန္ဖို႔ေခ်ာင္းေနတဲ့ ေခ်ာင္လန္တစ္ေယာက္ ထန္းေမာ့အိမ္ျပန္ဖို႔ အစီအစဥ္က်ရႈံးသြားခဲ့ရတယ္။

ပိတ္ရက္ေလးကို ေစာင့္ေမွ်ာ္ေနခဲ့တဲ့ ထန္းေမာ့တစ္ေယာက္ကေတာ့ သူ႔ခ်စ္သူေကာင္မေလးကို မေတြ႕ခဲ့ရဘူးေပါ့။

အဲ့ေန႔မွာ သူက လက္ေဝ့က်င့္တဲ့အခ်ိန္မွာ ထန္းေမာ့က အရမ္းကို စိတ္တိုေနခဲ့တယ္။

နည္းျပက အခ်ိန္အၾကာႀကီး ေတြေဝေနၿပီးေတာ့မွ သူ႔ကို သတိေလးထားၿပီး ေမးလိုက္တယ္။ " ဘာျဖစ္လို႔လဲ။ မင္းသေဘာက်ေနတဲ့ ေကာင္မေလးက တစ္ျခားတစ္ေယာက္ကို သေဘာက်သြားလို႔လား? "

သူ႔အသံၿပီးဆုံးသြားတာနဲ႔ ထန္းေမာ့ရဲ႕ လူသတ္ေတာ့မဲ့ အၾကည့္ကို လက္ခံရရွိလိုက္တယ္။

နည္းျပ : " ေဆာရီး အဲ့လိုဆိုလိုတာ မဟုတ္ဘူး။ "

နည္းျပက ခ်က္ခ်င္းကိုပဲ ထန္းေမာ့က မ်က္ႏွာထားဆိုးဝါးေနတာက အဲ့တာေၾကာင့္မဟုတ္ဘူးဆိုတာကို သိလိုက္ရတယ္။ ဒါေပမဲ့ နည္းျပကိုလဲ အျပစ္တင္လို႔မရဘူးေလ။ သူက ထန္းေမာ့အရင္ကေျပာခဲ့ဖူးတာနဲ႔ ဆက္စပ္ၿပီး စဥ္းစားလိုက္ေတာ့ ဒါကိုပဲ အရင္ဆုံးေတြးမိတာပဲေလ။

ထန္းေမာ့က အသက္ျပင္းျပင္းရႉလိုက္ၿပီး " ကြၽန္ေတာ္တို႔က တြဲေနၾကၿပီ "

နည္းျပ : " အိုး congratulations ..?? တြဲေနၾကၿပီ??? "

မင္းပဲေျပာေတာ့ တစ္သက္လုံး ဘယ္ေတာ့မွ အတူရွိႏိုင္မွာ မဟုတ္ဘူးဆို?? ေျပာေတာ့ သူမကို တစ္သက္လုံး လိုက္မီဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးဆို??

ၿပီးေတာ့ သူတို႔၂ေယာက္က တြဲေနၾကၿပီဆိုလဲ ဘာလို႔ သူက အဲ့လိုမ်က္ႏွာထားႀကီး ျဖစ္ေနေသးရတာလဲ??

ဒါေပမဲ့ နည္းျပက ေနာက္ထပ္ေမးခြန္းထပ္ေမးဖို႔ သတၱိမရွိေတာ့ဘူး။ ထန္းေမာ့ကလဲ ဘာမွေျပာမဲ့ပုံမေပၚဘူး။ ဦးေလးခ်န္က ညေနက်လာႀကိဳေတာ့ သူက ေပ်ာ္႐ႊင္စြာနဲ႔ပဲ နည္းျပနဲ႔ အတင္းေျပာေတာ့တယ္။ " ကေလးမေလးက သူမအခန္းေဖာ္ရဲ႕ ေမြးေန႔ကိုသြားတာေလ။ သူ႔ကို အေဖာ္မလုပ္ေပးပဲနဲ႔ေပါ့။ အဲ့တာေၾကာင့္ သူကစိတ္ဆိုးေနတာ။ "

အသက္၃၀နီးပါးေလာက္ေနလာေပမဲ့ နည္းျပက ငယ္႐ြယ္တဲ့အတြဲေတြၾကားက ကိစၥေတြေၾကာင့္ လုံးဝကို ဆြံ႕အသြားခဲ့ရတယ္။ ထန္းေမာ့ကို ၾကည့္လိုက္ေတာ့ သူ႔စိတ္အေျခအေနက ခ်က္ခ်င္းကို ေျပာင္းလဲသြားတယ္။ သူထင္တာက ထန္းေမာ့က ေန႔တိုင္းေန႔ အရမ္းကို ရင့္က်က္လြန္းၿပီး အထက္စီးဆန္တဲ့ ေအးစက္တဲ့ သူေဌးတစ္ေယာက္လို႔ေပါ့။ ဒါေပမဲ့ ဒီအေၾကာင္းရင္းေၾကာင့္ပဲ သူက စိတ္ဆိုးေနတယ္တဲ့ေလ။ နည္းျပက စိတ္ထဲကေန သက္ျပင္းခ်လိုက္တယ္။ ေအာ္. သူက တစ္ကယ္ေတာ့ ဆယ္ေက်ာ္သက္ေလးပဲ ရွိေသးတာကိုး။

မသက္မသာျဖစ္ၿပီး စိတ္ဆိုးေနတဲ့ ထန္းေမာ့တစ္ေယာက္က အရမ္းကို မေပ်ာ္႐ႊင္ရတဲ့ ပိတ္ရက္ကို ျဖတ္သန္းခဲ့ရတယ္။ ၿပီးေတာ့ တနလၤာေန႔မွာ အတန္းျပန္တက္ရေတာ့လဲ သိပ္ၿပီး ေန႔လို႔ေကာင္းမလာခဲ့ဘူး။

စာသင္ခန္းအေရွ႕မွာ ေရးထားတဲ့ countdown က တစ္ရက္ၿပီးတစ္ရက္ ေလ်ာ့ေလ်ာ့လာခဲ့တယ္။ အတန္းပိုင္ဆရာက ေန႔တိုင္းေန႔တိုင္း အဲ့ဟာကို ထိုးျပၿပီး အခ်ိန္က မရွိေတာ့ဘူးလို႔ ေအာ္ေနတယ္။ ေက်ာင္းသူေက်ာင္းသားေတြကလဲ အခ်ိန္ကုန္တာျမန္လြန္းတယ္လို႔ ခံစားေနၾကရတယ္။ ထန္းေမာ့တစ္ေယာက္ပဲ အခ်ိန္ေတြကို ဒီ့ထက္ျမန္ျမန္ပိုကုန္ပါေစလို႔ ဆုေတာင္းေနခဲ့တာေပါ့။

အထက္တန္းဘြဲ႕ျမန္ျမန္ရခ်င္ေနၿပီေလ။ ၿပီးေတာ့ အဲ့ဘြဲ႕ရၿပီးေတာ့ ၃လၾကာတဲ့ အားလပ္ရက္..... ထန္းေမာ့က အဲ့တာကို ေတြးလိုက္ၿပီး တမ္းတေနခဲ့တယ္။

သူ႔ကို မသက္မသာျဖစ္ေစတဲ့ ေက်ာင္းတက္ရတဲ့ ဘဝက ဆက္ၿပီးျဖစ္ေနခဲ့တယ္။ ၾကားထဲမွာ ရံဖန္ရံခါ သူ႔ကို နည္းနည္း ေပ်ာ္႐ြင္ေစတဲ့ ကိစၥေလးေတြေရာေနရင္းနဲ႔ေပါ့။ ဥပမာေျပာရရင္ သူ႔ရဲ႕ စေတာ့ကုန္သြယ္မႈေပါ့။

ထန္းေမာ့က စေတာ့ေဈးကြက္နဲ႔ စၿပီးထိေတြ႕လာရတာက ေခ်ာင္လန္႔ေၾကာင့္ေလ။ အဲ့တာနဲ႔ ထိေတြ႕လာၿပီးသြားေတာ့ သူက အဲ့ထဲက အရမ္းကိုစိတ္ဝင္စားဖို႔ေကာင္းတဲ့ အရာေတြအမ်ားႀကီးကို ေတြ႕ရွိခဲ့တယ္။ ပိုေလ့လာေလ ပိုစိတ္ဝင္စားစရာေကာင္းေလပဲ။ ထန္းေမာ့က သခ်ၤာမွာ အရမ္းကို ပါရမီပါၿပီး စိတ္ဝင္စားတယ္ေလ။ အဲ့ေတာ့ သူ႔အတြက္ ပိုေကာင္းသြားတာေပါ့။

သူအစပိုင္း စကစားတုန္းက နည္းနည္းရႈံးခဲ့တယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ ထန္းေမာ့က ရႈံးတယ္ဆိုတာ မရွိသေလာက္ပဲ။

သူက ေခ်ာင္လန္႔ပိုက္ဆံနဲ႔လဲ ရွယ္ယာတစ္ခ်ိဳ႕ကို ဝယ္ခဲ့တယ္။ အဲ့အခ်ိန္တုန္းက သူကေခ်ာင္လန္႔ကို ရႈံးရင္ သူ႔ပိုက္ဆံနဲ႔ ျပန္စိုက္ေပးမယ္လို႔ ကတိေပးခဲ့တယ္ေလ။ အဲ့အစား သူက ေခ်ာင္လန္႔ပိုက္ဆံေတြနဲ႔ ရွယ္ယာေသးေသးေလးကို ဝယ္ခဲ့တယ္။ အခုလက္ရွိ ႏႈန္းက သိပ္ေတာ့မေကာင္းဘူး။ ထန္းေမာ့က ေခ်ာင္လန္႔ပိုက္ဆံ ယြမ္၁ေသာင္းေလာက္ကို သုံးခဲ့တယ္။ အခုေတာ့ အဲ့မွာ ေနာက္ထပ္သုညတစ္လုံးအပိုေလးရွိလာၿပီ။

ထန္းေမာ့က ဒီသတင္းေကာင္းကို အခုေလာေလာဆယ္ေတာ့ ေခ်ာင္လန္႔ကို မေျပာျပဖို႔ ဆုံးျဖတ္ထားတယ္။ ဘာပဲေျပာေျပာ ဒီစေတာ့က အခုထိ တက္ႏိုင္ေခ်ရွိေသးတယ္ေလ။ ဘြဲ႕ရၿပီးလို႔ အရာအားလုံးတည္ၿငိမ္သြားေတာ့မွ သူက သူမကို surprise ေသးေသးေလးတစ္ခု ေပးလိုက္မယ္။

ထန္းေမာ့က သူ႔ရဲ႕တစ္ဖက္သတ္ျဖစ္ေနတဲ့ မေက်နပ္မႈေတြကို ခဏတာ တစ္ျခားဖက္ကို ေ႐ြ႕ထားလိုက္တယ္။ သူ႔စိတ္ကို သက္သာရာရေအာင္လို႔ေပါ့။ ဥပမာ သူ႔ရဲ႕စေတာ့ေဈးကြက္တို႔၊ လက္ေဝ့ထိုးတဲ့ ဘက္တို႔ကိုေပါ့။ ဒါေပမဲ့ ဒီလိုလုပ္တာေတာင္ ထန္းေမာ့ရဲ႕ ညပိုင္း အိပ္စက္မႈက သိပ္ၿပီး ေကာင္းမလာခဲ့ဘူး။

ထန္းေမာ့က ဒီျပႆနာက ေခ်ာင္လန္နဲ႔မဆိုင္ဘူး၊ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာက ျပႆနာျဖစ္ေနတာ၊ သူက တစ္ျခားသူေတြနဲ႔ မတူညီလို႔ ျဖစ္ေနတာလို႔ သူ႔စိတ္ထဲမွာ ထပ္ခါထပ္ခါ ေျပာေနမိတယ္။ သူက သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာလိုအပ္မႈေတြ ဆႏၵေတြအတြက္နဲ႔ ေခ်ာင္လန္႔ကို အမိန္႔ေပးအုပ္စိုးလို႔ မရဘူး။ ေခ်ာင္လန္က သူအဲ့လိုျဖစ္ေနတာကို သေဘာက်မွာ မဟုတ္ဘူး။

ေခ်ာင္လန္က သူဒီလိုျဖစ္ေနတာကို သေဘာက်မွာ မဟုတ္ဘူး။ ေခ်ာင္လန္က သူဟိုလိုျဖစ္ေနတာကို သေဘာက်မွာ မဟုတ္ဘူး။ ေခ်ာင္လန္က သူ႔ရဲ႕ အျပဳအမူေတြအမ်ားႀကီးကို ေသခ်ာေပါက္ သေဘာက်မွာ မဟုတ္ဘူး။

သူပိုပိုေတြးေလ ပိုပိုၿပီး စိတ္ဓာတ္က်လာေလေလပဲ။ သူက သူ႔ကိုယ္မွာ တစ္ေနရာမွာမွ သူသေဘာက်တဲ့ ေနရာေလးကို ရွာလို႔မေတြ႕ဘူး။

ထန္းေမာ့က ၂ညဆက္တိုက္ အိပ္မေပ်ာ္ခဲ့ဘူး။ ရလဒ္အေနနဲ႔ကေတာ့ အၿမဲတမ္းတက္ႂကြေနခဲ့တဲ့ ထန္းေမာ့တစ္ေယာက္ စာသင္ခန္းထဲမွာ အိပ္ေပ်ာ္သြားခဲ့ေတာ့တယ္။

ဆရာက ဘယ္တုန္းကမွ ထန္းေမာ့ကို ဂ႐ုမစိုက္ဘူး။ ဒါေပမဲ့ ေခ်ာင္လန္က ဂ႐ုစိုက္တယ္ေလ။ ေခ်ာင္လန္က ထန္းေမာ့အတန္းထဲမွာ အိပ္ေပ်ာ္သြားတာကို တစ္ခါမွ မျမင္ဖူးဘူး။

ေခ်ာင္လန္က ဆရာသတိမထားတုန္းက လက္ကိုထုတ္လိုက္ၿပီး ထန္းေမာ့လက္ကို ကိုင္လိုက္တယ္။

ေအးေနတယ္၊ ပူမေနဘူး။

အဖ်ားမရွိဘူး။

ထန္းေမာ့ကႏိုးလာၿပီး ေခ်ာင္လန္႔လက္ကို သူ႔လက္နဲ႔ ျပန္ဆြဲယူလိုက္တယ္။ ေခ်ာင္လန္က ဆရာ့ကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး အသံတိုးတိုးေလနဲ႔ ေမးလိုက္တယ္။ " ဘာျဖစ္လို႔လဲ။ နင္ေနလို႔မေကာင္ဘူးလား။ "

မဟုတ္ဘူး ထန္းေမာ့က ေခါင္းခါလိုက္တယ္။

ငါ နင့္ကို အရမ္းလြမ္းတာပဲ။

နင္က ငါ့ေဘးမွာထိုင္ေနၿပီး ငါ့လက္ကိုကိုင္ထားတာေတာင္ ငါနင့္ကို အရမ္းလြမ္းေနေသးတယ္လို႔ ထင္ေနတုန္းပဲ။

ေခ်ာင္လန္က ထန္းေမာ့ဒီလိုျဖစ္ေနတာကို ၾကည့္လိုက္ၿပီး ႐ုတ္တရက္ လက္ထုတ္ၿပီး သူ႔မ်က္ႏွာကို ထိလိုက္ခ်င္ေနတယ္။ ဒါေပမဲ့ သူမလက္ကို ထန္းေမာ့က ကိုင္ထားေနတုန္းပဲ။ ေခ်ာင္လန္က သူမလက္ကို ဆြဲထုတ္လိုက္မလို႔ လုပ္လိုက္တဲ့အခ်ိန္မွာ ထန္းေမာ့က သူမလက္ကို ပိုၿပီး တင္းၾကပ္စြာ ဆြဲထားလိုက္တယ္။ ထန္းေမာ့က သူမကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့တယ္။ ၿပီးေတာ့မွ ႐ုတ္တရက္ေျပာလိုက္တယ္။

" ေခ်ာင္လန္ "

" ဟင္? "

ေခ်ာင္လန္က ေၾကာင္သြားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ထန္းေမာ့က သူမနာမည္ကို ဒီေလာက္အေလးအနက္ႀကီး တစ္ခါမွ မေခၚဖူးဘူးေလ။

" ဘာျဖစ္လို႔လဲ " ေခ်ာင္လန္က ညင္သာစြာေမးလိုက္တယ္။

ငါနင့္ကို အၿမဲတမ္း ေမးခြန္းတစ္ခု ေမးခ်င္ေနခဲ့တာ။ ငါတို႔စတြဲၾကကထဲက နင့္ကို ေမးခ်င္ေနခဲ့တာ။ ဒါေပမဲ့ အဲ့အခ်ိန္တုန္းက သူကမေမးရဲခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူကေနာက္ဆုံးမွ သူမနဲ႔အတူရွိခြင့္ရခဲ့တာေလ။ တစ္ကယ္လို႔ သူက ရွင္းရွင္းလင္းလင္းႀကီးေမးလိုက္မိရင္ ေခ်ာင္လန္ျပန္ေျဖတဲ့အေျဖေၾကာင့္ သူေနာင္တရသြားမွာ စိုးလို႔ေပါ့။

Continue Reading

You'll Also Like

845K 50.7K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
567K 30.5K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
647K 50.3K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.3M 30.8K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...