စက်ရုပ်တစ်ရုပ်လို ပစ္စည်းတွေကို သိမ်းဆည်းနေသော တေဇာမောင်ကို
"တေဇာ....."
စိတ်များဆိုးနေသလား ၊ ကျွန်တော့်ကိုစကားလေးတောင်မပြောချင်ဘူးလား ။ ခေါာကြည့်လိုက်သည့်အခါ
"ဘာလဲ ၊ ဗိုက်ဆာနေပြီလား။ ဗိုက်ဆာနေလဲခဏစောင့်အုံး ။ နွယ်တို့က သူတို့လာကြိုမယ်တဲ့ "
စိတ်ဆိုးနေဟန်မရှိပေမယ့် မနေ့ညက အကြောင်းကို တမင်မသိချင်ယောင်ဆောင်နေခြင်းမျိုးပင်ဖြစ်သည် ။ စကားကိုလဲ ဝတ်ကျေတန်းကျေသဘောမျိုးဖြင့်သာ ပြောနေသည်ကို သူရိပ်မိပါသည် ။
"နေနွယ်တို့က လာကြိုမယ်ဆိုတော့ ၊သူတို့အတန်းမတက်ကြဘူးလား"
ကုတင်ရဲ့ခေါင်းရင်းနဲ့ခြေရင်းကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော တေဇာမောင်ကို လိုက်ကြည့်ရင်းမေးမိသည် ။ တေဇာမောင်သည်လည်း မများလှစွာသော ပစ္စည်းတွေကို တခါတည်းသယ်လျှင် ရရဲ့သားနဲ့ တမင် တစ်ခုချင်းစီယူနေခြင်းဖြစ်သည် ။
"ဟုတ်တယ် ၊ နွယ်တို့က ခရီးပန်းလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့တီချယ်ဆီခွင့်တိုင်ထားတယ် "
ကျွန်တော့်ကိုတည့်တည့်မကြည့်ဘဲ တမင်အကြည့်လွှဲကာ စကားပြောနေသော တေဇာမောင်ကို အလွန်ပင် အသည်းယားပါသည် ။ မိမိ၏အသားအားနာကျင်အောင်ထိုးလိုက်လျှင်ပင် ဒီမျှလောက်နေရခက်မည်မဟုတ်ပါ။
"မင်းဟာက မဟုတ်သေးပါဘူးတေဇာရာ..."
ထိုအခါမှ ဘာလဲဆိုတဲ့သဘောမျိုးဖြင့် တစ်ချက်ကြည့်ကာ ပစ္စည်းတွေသယ်ပြန်သည် ။ ဇေယျာါကို မျက်လုံးချင်းဆိုင်မိလျှင် သူ၏ နှုတ်ခမ်းများဆီသို့အကြည့်ရောက်သည် ။ ထိုအခါ ညကအေကြာင်းခေါင်းထဲပေါာလာသည် ။ မြန်မြန်အကြည့်လွှဲကာ မရှိသည့်အလုပ်ရှာကြံလုပ်ရသည်။
"ပါလာတာမှ အကျီလေးနှစ်ထည်နဲ့ ရေနွေးဓာတ်ဘူးရယ်၊ ပန်းကန်နှစ်ချက်နဲ့ ဇွန်းနှစ်ချောင်းရယ် ၊ မျက်နှာသစ်ဖို့အတွက်ရယ် ဘဲကို ဘာလို့ မင်းကုတင်ကိုခေါက်တုံခေါက်ပြန်လျှောက်ပြီးသယ်နေရတာလဲ"
"ငါ့ဘာငါဘယ်လိုသယ်သယ်ပေါ့ကွာ ၊ မင်းသိမ်းနေရလို့လား"
"ငါသာသိမ်းရင် ဒီလောက်ထိခေါင်းနောက်မှာမဟုတ်ဘူး၊ အခုမင်းကိုကြည့်တာ ခေါင်းတောင်မူးလာပြီ"
"မင်းကို ဘယ်သူကကြည့်ခိုင်းနေလို့လဲ "
"အော် ကိုယ်တော်ချော၊ ကျုပ်မျက်စိရှေ့နှစ်လုံးရှေ့မှာ သွားနေတာကို မကြည့်ချင်လဲ မြင်နေတော့ဘယ်လိုလုပ်ရပါ့"
"အာ့ဆိုလဲ အိပ်နေပေါ့ကွာ"
"မင်းဟာလေ တကယ် ကပ်သီးကပ်ဖဲ့နိုင်တဲ့အကောင်"
"ငါ့ဘာသာငါဖဲ့တာ၊ မင်းအသားလာဖဲ့နေလို့လား"
နှစ်ယောက်သားတစ်ယောက်တစ်ခွန်း ခွန်းတုံ့ပြန်နေရာမှ နဂိုအခြေအနေတို့ပြန်ရောက်လာကာ ရယ်ရယ်မောမောဖြစ်လာသည် ။ တစ်ယောက်က သတိမရစေချင်လို့မေ့ထားသည့်အကြောင်းကို နောက်တစ်ယောက်က ပြန်အစမဖော်ခြင်းဖြင့် တစ်ယောက်ကို တစ်ယောက်ပျော်ရွှင်စေသည် ။
"ကလေးတွေလား၊ ရန်ဖြစ်နေရအောင်"
လက်ထဲအသီးတွေဆွဲကာ ဝင်လာသော နေနွယ်နှင့်သီရိကို မြင်တော့နှစ်ယောက်လုံးပြောလက်စကို ရပ်လိုက်သည်။
"အာ့တာဒီကောင်ပေါ့နွယ်၊ သူ့ကြည့်တော့ကျိုးနေပြီး၊ ကိုလုပ်နေတာတွေကို အပြစ်တင်နေတယ်"
"ဘာ.....ဘာပြောတယ်"
"ကဲ....တော်ပါတော့၊ ဆေးရုံကြီးမှာ ကလေးတွေလဲမဟုတ်ဘဲနဲ့ရယ်၊ ကိုကလဲ သူငယ်ချင်းကို အခုလိုပြောရလား"
နေနွယ်၏ 'သူငယ်ချင်း'ကို ဆိုသည့်အပြောအောက်တွင် နှစ်ယောက်သား စိတ်မလုံဖြစ်ရသည်။ ဘယ်သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ရင်ခုန်ကြပါသနည်း ။
"ကိုနဲ့ဇေယျာက အရင်ကားဆီသွားနှင့် ၊ နွယ် ကိုငယ်လေးရဲ့ကား ငှားလာတယ်"
"ရပါ့မလား ၊ ပစ္စည်းတွေသယ်ရအုံးမယ်လေ"
"နွယ်နဲ့သီရိယူခဲ့ပါ့မယ်၊ ကိုတို့သာအရင်သွားနှင့်"
ဆေးရုံဆင်းလက်မှတ်ယူပြီးနောက် ဝှီးချဲနှင့်ဇေယျာအားခေါာကာ ကားဆီသို့ အရင်သွားနှင့်သည်။
"သီရိ ၊ နင်ဒီခြင်းသူသွားနှင့်ငါ ကျန်တာတွေယူလာမယ်၊ ကိုတို့ကားရှာမတွေ့မှာဆိုလို့"
"ဟုတ်ပြီ၊ အာ့ဆိုသွားနှင့်မယ်"
ယောကျာ်းလေးတွေဖြစ်တာကြောင့် ပစ္စည်းများနည်းသည်ဆိုသော်ငြား သိမ်းဆည်းသူမှာ တေဇာမောင်ဖြစ်တာကြောင့် ဗရုတ်သုခ နိုင်လှသည် ။ ထို့ကြောင့် ဆေးရုံ၏ လော့ကာထဲတွင် တချို့ပစ္စည်းများကျန်နေသေးသည် ။ နေနွယ် ကျန်ခဲ့သည့်ပစ္စည်းများကို သိမ်းနေရင်း ခေါင်းအုံးအောက်တွင် စာအုပ်တစ်အုပ်တွေ့လိုက်ရသည် ။
"FL diary" ဟူ၍ဖြစ်သည် ။ တခြားသူ၏ စာအုပ်ဖြစ်တာကြောင့် နေနွယ်မဖွင့်ဘဲ ကားပေါာရောက်မှ ဘယ်သူ့ဟာလဲလို့မေးမည်ဟု တွေးထားလိုက်သည်။ သို့ရာတွင် ပစ္စည်းတွေသိမ်းရင်းမှ ထိုစာအုပ်က ပြုတ်ကျသွားရာစာမျက်နှာတစ်ခုသို့ရောက်နေသည် ။ မဖတ်ချင်သော်လည်းမြင်လိုက်ရသောစာလုံးဝိုင်းဝိုင်းလေးတွေကြောင့် သေချာဖတ်မိသည် ။
"မောင့်ရဲ့ စိတ် ၊ မောင့်နှလုံးသား ကိုမပိုင်ဆိုင်ရရင်တောင် မောင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုပိုင်ဆိုင်ခွင့်ရချင်မိတယ်"
ဒါဆို .....ဒီစာအုပ်က ဇေယျာဦးရဲ့စာအုပ်ပင်ဖြစ်မည်။ ကားဆီသို့ ခပ်သွက်သွက်သွားကာ ကားမောင်းသူနေရာတွင်ထိုင်လိုက်သည် ။
"နွယ်ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"ကောင်းပါတယ်ကိုရဲ့ ၊ ဗိုက်ဆာလို့"
"ဟုတ်ပြီ ၊ အာ့ဆို ကိုတို့စားနေကျဆိုင်ကိုဘဲ အရင်သွားကြတာပေါ့"
နေနွယ် တေဇာမောင့်ကို သေချာကြည့်မိသည် ။ ပကတိရိုးစင်းသော မိမိချစ်ရသူ ။ အပေါင်းအသင်းသိပ်မရှိသော မိမိချစ်ရသူဟာ သူ့အား မရိုးသားသောစိတ်ဖြင့် အနားမှာနေပြီးဂရုစိုက်မှုအပေါာပျော်မွေ့ နေလေပြီ ။ ပါးစပ်ကသာထုတ်ဖော်မပြောပေမယ့် ကိုဟာ ဇေယျာဦးအပေါာ အလွန်သံယောဇဉ်ရှိနေကြောင်းကို မိမိရိပ်မိပါသည် ။ အကယ်၍ တနေ့နေ့မှာ အကယ်၍ပေါ့လေ ....ကိုတစ်ယောက် စိတ်ပင်ပန်းလာရရင် ကို့ရဲ့ပျော်ရွှင်မှုကပထမဦးစားပေးသာ ဖြစ်မည်။