Extra _ 2-2 - ငါက ခွေးလိုကောင်...ငါက လူယုတ်မာ...
ရှုယောင်းက ရှုနင်ရဲ့အစီအစဉ်အတိုင်းနေထိုင်ပြီး ပြန်လည် တိုက်ခိုက်မည့် အခွင့်အလမ်းကောင်းကို စိတ်ရှည်စွာ စောင့်မျှော်နေခဲ့သည်။
ဒါပေမယ့် ရှုနင်က သူလုပ်မည့်အရာတွေကို အရင်ဘဝကတည်းက တွေ့ဖူးမြင်ဖူးလိမ့်မည်ဟု သူ နည်းနည်းမှ မထင်ခဲ့ပေ။ ရှုယောင်းက ရည်မှန်းချက်ကြီးသူတစ် ဦးဖြစ်လို့ သူ့အကိုကြီးနှစ်ယောက်ဆီက ကောင်းသည့် အကျင့်ကို အတုယူကာ ဘယ်လိုကြီးပွားတိုးတက်အောင်လုပ်ရမည်ကို သင်ယူရကောင်းမှန်း မသိပေ။ လူကောင်းလေးတစ်ယောက်ဖြစ်အောင်၊ လူတော်တစ်ယောက်ဖြစ်ရန် အစကတည်းက နာခံစွာ သင်ယူရကောင်းမှန်းလည်း မသိပေ။
ရှုယောင်းက ကလေးဘဝကတည်းက သူ့အကိုကြီးရှုနင်ကို အဖေက ပိုချစ်သည့်အတွက် မုန်းနေခဲ့သည်။ ကလေးတန်မယ့် ရှုနင်ကို အကွက်ဆင်ကာ ချောက်ချရမှန်းသိနေခဲ့သည်။ ရှုနင်အပေါ် အဖေ အပြစ်မြင်စေရန် ဇွန်းကို ပစ်ချပြီး စွပ်စွဲတာ၊ အရုပ်နှင့်ပစ်ပေါက်တာ၊ ကျောက်ခဲနှင့် ပစ်ပေါက်တာတွေကို လုပ်ခဲ့သည်။ လူအလစ်မှာ ရှုနင်ကို မုန်းတီးကာ အိမ်က မောင်းထုတ်ဖို့ပင် ကြိုးစားခဲ့ဖူးသည်။ သူ ဘယ်လိုလုပ်ပါစေ အဖေ့အသည်းစွဲ အကိုအကြီးဆုံးက ရှုနင်ကို မားမားမတ်မတ်ကာကွယ်ပေးရုံသာမက အဖေကလည်း ရှုနင်တစ်ခွန်းတည်းနှင့် သူ့ကို စည်းကမ်းတင်းကြပ်ကာ စာသင်ပေးမယ့် ဆရာတွေကို အကုန်စီစဉ်ခဲ့သည်။
သူ အိမ်ဖော်တွေကို အနိုင်ကျင့်လျှင် ရှုနင်က ချက်ချင်းအပြစ်ပေးတာ၊ အိမ်ဟောင်းဘက်ကိုပို့ကာ သေချာ ဆရာနှင့် ကြပ်မတ်ပြီး စာသင်စေတာကို လုပ်ခဲ့သောကြောင့် ရှုနင်အပေါ် အမုန်းတရားက ပိုပိုကြီးလာခဲ့သည်။ အမုန်းတရားကို အခြေခံထားသောကြောင့် ရှုနင်၏အောင်မြင်မှုကိုမြင်ရတိုင်း၊ ကြားရတိုင်း ရှုယောင်း၏ရင်ထဲက မနာလိုဝန်တိုခြင်းနှင့် အမုန်းတရားက ပိုကြီးထွားလာခဲ့သည်။
အဖေ ဆုံးပါးသွားပြီးနောက် ရှုနင်တို့ လင်မယားက သူ့ကို ရှုအိမ်တော်အပြင်ဘက်က စံအိမ်တစ်လုံးမှာ အခြွေရံအပြည့်စုံနှင့် ပျိုးထောင်ခဲ့ပေမယ့် သူ့ကို ရှုအိမ်တော်က မောင်းထုတ်ကာ အရာအားလုံးကို အပိုင်စီးခဲ့သည်ဆိုသည့် အချက်နှင့် ပိုမုန်းခဲ့သည်။ ဒါပေမယ့် အရင်လို ရှုနင်ကို မုန်းတီးကြောင်းပေါ်ပေါ် ထင်ထင် မပြရဲတော့ပေ။ Company share ကို ဆက်ခံခွင့်ရမယ့်အချိန်၊ လုပ်ငန်းထဲ ဒါရိုက်တာအနေနဲ့ဝင်ခွင့် ရမည့် အချိန်ကိုသာ စောင့်ဆိုင်းရင်း အမုန်းတွေကို စုဆောင်းခဲ့သည်။
ဒါကြောင့် ရှုနင်က အလယ်တန်းကျောင်းသားဘဝကတည်းက သူရသည့်မုန့်ဖိုးနှင့်ကိုယ်ပိုင် လုပ်ငန်းကို စတင်ခဲ့သည်ကို ရှုယောင်းမသိခဲ့သလို ရှုဟိန်လည်း သူ့ကိုယ်ပိုင် ငွေကြေးနှင့် လုပ်ငန်းကို ထူထောင်ခဲ့သည်ကိုလည်း မသိခဲ့ပေ။ သူ့စိတ်ထဲ ရှိတာက သူတို့နှစ်ယောက်က ကိုယ်ပိုင်လုပ်ငန်းကြီးများ ရှိပါလျက်နှင့်လောဘကြီးပြီး ရှုလုပ်ငန်းကို အပိုင်စီးထားသည် ဆိုသည့် အတွေးဖြစ်သည်။ ဒီအတွေးကို ဒုတိယအိမ်တော်က ကုယာ့နှင့် ရှုကျီရွှမ်းတို့ကလည်းထောက်ခံခဲ့သည်။
ဒါကြောင့် ရှုယောင်းရဲ့ စိတ်က ရှုနင်နှင့် သားသမီးများအားလုံးကို သေတာထက်ဆိုးသည့်ဘဝနှင့် အဆုံးသတ်စေဖို့ ကြံရွယ်ကာ ခြုံထဲကနေ လက်သည်းသွေးသလို စောင့်ဆိုင်းနေခဲ့သည်။ လက်သည်းကို ဝှက်ထားတယ်ဆိုတာ လုံးဝ ပြန်လည်တိုက်ခိုက်တာ မဟုတ်ပဲ အခွင့်ကောင်းကို ချောင်းကာ ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်သည်ဟု ရှုယောင်းက ယုံကြည်သည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးသောအခါ ရှုယောင်းသည် သူ၏ ရှယ်ယာများရှိနေသောကြောင့် ဒါရိုက်တာဘုတ်အဖွဲ့သို့ ချက်ချင်း ဝင်ရောက်လာခဲ့ပြီး ရှုှုနင်က စီမံကိန်းဖွံ့ဖြိုးမှု ဌာန သို့ ဒုတိယမန်နေဂျာအဖြစ်စေလွှတ်ရန် သဘောတူခဲ့သည်။ ရှုဟိန်သည် ရှုနင် ၏အစီအစဉ်များအားလုံးကိုသိပြီးပြီဖြစ်လို့ ဘာမှ ဝင်မစွတ်ဖက်ပဲ ရှုနင်စီစဉ်တာကို လက်ခံခဲ့သည်။ ရှုယောင်းကို ဘာမှ မလုပ်ရသေးခင် ရှင်းပစ်ရန် သူ့ကိုခိုင်းလို့ရပါလျက်နှင့် ဘာကြောင့် တမင်သက်သက် လွှတ်ထားပြီး အကောက်ကြံခွင့်ပေးကာ သူကိုယ်တိုင် ရိုက်ချချင်သည်ကိုသာ နားမလည်နိုင်ဖြစ်ခဲ့သည်။
သေချာတာပေါ့၊ ရှုနင် ရဲ့ သန်း ရာချီတန် ရင်းနှီးမြုပ်နှံမှုလုပ်ထားသည့် ပရောဂျက်မှာ ထောင်ချောက်ဆင်ခဲ့ပြီး ထိုပရောဂျက်နဲ့ပတ်သတ်ပြီး အမှားကြီးလုပ်မိအောင် စောင့်ဖို့ အချိန် တစ်နှစ်၊ တစ်နှစ်ခွဲပဲကြာခဲ့တယ်။ တကယ်လို့ ဒီပရောဂျက်နဲ့ပတ်သတ်ပြီး လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားလုပ်မှုသာ ထင်ရှားခဲ့လျှင် ရှုနင်က သေချာပေါက် ထောင်ထဲရောက်သွားလိမ့်မည်။ ရဲများနှင့် တရား ၀ င် စစ်ဆေးရေး အရာရှိများသည် Company ကို အလွန်လျင်မြန်စွာရောက်လာကြသည်။
ရှုယောင်းသည် ရင်ထဲက အပျော်တွေကို ဖုံးဖိထားကာ အပြင်ပိုင်းတွင် အကိုဖြစ်သူကို အရမ်းစိုးရိမ်သော မျက်နှာဖြင့် ရှုနင်၏ ဘေးတွင်ရပ်ကာ အကိုဖြစ်သူကို နှစ်သိမ့်စကားများပင်ပြောပေးနေခဲ့သည်၊ ဘယ်သူမဆို ဒီမြင်ကွင်းကို တွေ့လျှင် သူ့အစ်ကိုကြီးကိုဂရုစိုက်သော ကောင်းသောညီလေးတစ်ယောက် ဟု ထင်မှာသေချာသည်။
ဒါပေမယ့် ရဲအရာရှိနှင့် စုံစမ်းစစ်ဆေးရေးအရာရှိတွေ ရောက်လာပြီး ရှုနင်ကို ဖမ်းရမယ့် အစား သူတို့က ရှုယောင်းကို ဖမ်းလိုက်တယ်။
မင်းက ငါ့ကို စတေးမယ့် ယဇ်ကောင် သိုးကလေးလို သဘောထားချင်တာလား.....
ရှုယောင်းက ဒေါသဖြင့် ရှုနင်ကို ကြည့်လိုက်ပေမယ့် ရဲအရာရှိတွေထုတ်ပြခဲ့သည့် သက်သေအားလုံးက သူ့လုပ်ရပ်အကုန်ကို ဖော်ပြနေခဲ့သည်ကို တွေ့လိုက်ရသည်။
အဲဒါ မဖြစ်နိုင်...
ရှုယောင်း၏မျက်နှာသည် အလွန်ဖြူဖျော့ကာ မျက်စိပျက် မျပ်နှာပျက်ဖြစ်လာခဲ့သည်။ သူ ချထားတဲ့ သဲလွန်စနဲ့ သက်သေအားလုံးက ရှုနင်ကိုညွှန်ပြနေရမှာလေ... သူ့ကို ဘာကြောင့် ဦးတည်လာတာလဲ။
သူ စီမံထားတဲ့အထဲ ဒါတွေ မပါဘူးလေ.... သူက အဖမ်းခံရပြီး ဒီနေရာကနေ ထွက်သွားရမှာ မဟုတ်ဘူး။
သက်သေများက သူ့ မျက်နှာရှေ့ကို အကုန်ရောက်လာချိန်မှာ ရှုယောင်းက ထိုင်ခုံမှာ အရုပ်ကျိုးပြတ်ထိုင်ချလိုက်မိပြီး အရူးလို ဖြစ်သွားခဲ့သည်။ သူ ထိတ်လန့်လွန်းလို့ ဘာတခွန်းမှ မပြောနိုင်တော့ပေ။
အဲ့ဒါ ရှုနင်ပဲ...
သူက ငါ့ကို ဒီနေရာကနေ တစ်ခါတည်း ကန်ထုတ်ပြီး အစကတည်းက ယွမ်သန်းရာပေါင်းများစွာ တန်တဲ့ ပရောဂျက်ကြီးကို ထောင်ချောက်ဆင်ခဲ့တာပဲ....
ဒီလိုမှ မဟုတ်ရင် သူဆင်တဲ့ အကွက်ထဲမှာ ရှုနင်က လွတ်သွားစရာအကြောင်းမရှိဘူး။
ရှုယောင်းက ရှုနင်ကို ထောင်ထဲ ပို့နိုင်အောင် လူစွမ်း၊ငွေစွမ်းရှိသမျှနှင့် လူယုံမွေးကာ သတင်း အချက်လက်ကို ရအောင်ကြိုးစားခဲ့သည်။ ဒါပေမယ့် အဲ့လူအကုန်လုံးက ရှုနင်ရဲ့လူတွေဖြစ်နေပြီး အစကတည်းက ရှုနင်က သူ့နားကို တမင်ပို့ခဲ့တဲ့လူတွေပဲ။ သူရခဲ့တဲ့ သတင်းတွေက ရှုနင် တမင်ပေးခဲ့တဲ့ သတင်းတွေပဲ။ သူကတော့ ရှုနင်ကို ထောင်ချောက်ထဲ ပို့နိုင်ပြီဆိုပြီး အားကြိုးမာန်တက်လုပ်ခဲ့သမျှ အားလုံးက နောက်ဆုံး သူ့လည်ပင်းကြိုးကွင်းစွပ်မည့် သက်သေတွေဖြစ်ခဲ့သည်။
သူ လုပ်ခဲ့သမျှတိုင်းက ရယ်စရာကောင်းလိုက်တာ.... ဒါ တကယ့်ဟာသကြီးပဲ...
သူ့ ပြစ်မှုထင်ရှားပြီး ထောင်ကျသွားချိန်မှာ သူက ရှုနင်ကို တွေ့ဖို့တောင်းဆိုခဲ့သည်။
ရှုနင်က တကယ်ပဲ သူ့ကို ထောင်ထဲထိ လာတွေ့ခဲ့သည်။ သူ့ပုံစံက အရင်လိုပဲ အရမ်းကို နူးညံ့သိမ်မွေ့ကာ ချောမောနေဆဲဖြစ်သည်။ သူ့မျက်နှာပေါ်က အစိတ်ပိုင်းတွေက သီးခြားကြည့်ရင် မထူးခြားပေမယ့် အကုန်ပေါင်းလိုက်ရင် မဟာဆန်ပြီး ထူးချွန်ထက်မြက်ခြင်းက ပေါ်လွင်နေသည်။
သူ၏မြင့်မြတ်သောပုံစံက ဒီလို ထောင်တွင်း ဧည့်တွေ့ဆောင်နေရာနှင့်ပင် မလိုက်ဖက်ပေ။
ရှုနင်က အရာအားလုံးကို လျစ်လျူရှုပြီး ငြိမ်ငြိမ်သက်သက်ဖြင့် ရှုယောင်း၏ရှေ့က ထိုင်ခုံပေါ်မှာထိုင်ပြီး သူ့မျက်လုံးတွေက ရှုယောင်း အပေါ်သက်တောင့်သက်သာကျဆင်းလာခဲ့သည်။
"မင်း ဒီအခွင့်ကောင်းကြီးကို လုံးဝ လက်လွှတ်မခံနိုင်ဘူး မဟုတ်လား၊ ဒီလောက်ကြီးတဲ့ ကိတ်မုန့်ကြီးရဲ့ အကြီးဆုံး အပိုင်းကို ကိုက်ကြည့်လိုက်တာပေါ့လေ..... "
(ရှုယောင်းက ရှုနင်ကို ရိုက်ချနိုင်မည့် အခွင့်ကောင်းကိုကြုံတော့ တစ်သက်လုံး ဟန်ဆောင်ထားသမျှကို ခွာချကာ တစ်ချီတည်း အပိုင် လုပ်ချလိုက်တယ်လို့ ဆိုလိုတာဖြစ်တယ်)
"...... "
"ဘာလဲ၊ မင်း ဘာတွေတွေးနေတယ်ဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေခဲ့တာလား"
"မင်းက ငါ့ကို ဘာလို့ပစ်မှတ်ထားတာလဲ"
ရှုယောင်းက ကိုယ်ကို ရှေ့သို့ကိုင်းညွတ်ကာ မတည်ငြိမ်သည့် မျက်ဝန်းများက စိတ်ထက်သန်မှုနှင့်ပြည့် နှက်ကာ စူးရဲလို့နေသည်။
"အစ်ကိုကြီး၊ မင်းနဲ့ မင်းရဲ့အစ်ကိုကြီးက အစွမ်းအစ ရှိတယ်။ ရှုမိသားစု လုပ်ငန်းက ဘာမှ မဟုတ်ဘူး။ ဒါတောင် ဘာကြောင့် ကျွန်တော့်ကို ငယ်ငယ်ကတည်းက စပြီး ပစ်မှတ်ထားခဲ့တာလဲ။ ဘာ့ကြောင့်လဲ"
"မင်းက ဘာကိုပြောတာလဲ?"
"...... ဒါက မထင်ရှားဘူးလား"
"ဟိန်ရဲ့စီးပွားရေးလုပ်ငန်းတွေကို သူ့ဖာသာ တည်ထောင်ခဲ့တယ်။ ငါလည်း ငါ့ အရည်ချင်းနဲ့ ငါ့လုပ်ငန်းတွေကို ထူထောင်ခဲ့တယ်။ မင်းလည်း လုပ်ခွင့်ရှိတာပဲလေ။ တနှစ်တနှစ် မင်း ရတဲ့ ငွေက နည်းမှ မနည်းပဲ။ မင်းလည်း မင်းကိုယ်ပိုင်လုပ်ငန်းကို စတင်ဖို့ အခွင့်ရေးရှိခဲ့တာပဲ။ မင်း ဘာကြောင့် မလုပ်ခဲ့တာလဲ။ မင်းက မိသားစုလုပ်ငန်းကို ဘာကြောင့် တပ်မက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေရတာလဲ။ အကြီးဆုံးက ကလေးကပဲ ရှုမိသားစုစီးပွားရေးကို အမွေဆက်ခံခွင့်ရတယ်ဆိုတဲ့ စည်းကမ်းကို မင်း ကြားဖူးသင့်တယ်။ ဥပမာ အဘိုး၊ အဖေနဲ့အစ်ကိုကြီးတို့က သားအကြီးဆုံးတွေဖြစ်လို့ သူတို့က ရှုမိသားစုလုပ်ငန်းကို ဆက်ခံခွင့်၇တာပဲ... "
"မင်း က ငါ့ဖာသာ အပြင်ကိုရောက်သွားအောင် မင်း လုပ်ချင်နေခဲ့တာ မဟုတ်လား အကိုကြီး... မင်း တကယ်ရက်စက်တယ်!"
"ရှု မျိုးနွယ်စုရဲ့ရှယ်ယာ ၁၀% က အများကြီးဘဲ၊ မင်း ဘာအလုပ်မှ မလုပ်ရင်တောင် မင်းတစ်သက်လုံ ချမ်းချမ်းသာသာနေနိုင်လိမ့်မယ်။ ငါတို့ဆီမှာ ကိုယ်ပိုင်လုပ်ငန်းတွေရှိပြီး မင်းမှာ မရှိလို့ မင်း အရမ်း ခါးသီးနေတယ်မဟုတ်လား။ မင်းကရော... ကိုယ်ပိုင်လုပ်ငန်းစလုပ်ဖို့ သတ္တိရှိလို့လား။ ကိုယ့် အစွမ်းစနဲ့တောင် လုပ်ငန်းတစ်ခုကို လုပ်နိုင်စွမ်းမရှိတာ....ဒါဆို ရှုမိသားစုရဲ့လုပ်ငန်းကိုစီမံနိုင်မယ်လို့ မင်းကိုယ်မင်း ဘာကြောင့်ထင်နေတာလဲ။ ပြီးတော့ ရှုမိသားစုလုပ်ငန်းဆိုတာ မင်း အလွယ်တကူ လိုချင်တိုင်း ၇နိုင်မယ့် လုပ်ငန်းထင်နေလို့လား။ ဒီလုပ်ငန်းက ငါနဲ့ဟိန့်အတွက်သာမကဘူး၊ အဖိုးနဲ့ အဖေအတွက်လည်း အရေးကြီးတဲ့လုပ်ငန်းဖြစ်တယ်။ အားလုံးရဲ့သွေးချွေးနဲ့တည်ဆောက်ထားတဲ့ လုပ်ငန်းကို မင်းရဲ့ညစ်ပတ်တဲ့ လက်နဲ့ ထိလို့ရတဲ့ အရာမဟုတ်ဘူး။ "
"မင်းမျက်လုံးထဲမှာ ငါက ညစ်ပတ်နေတာလား"
ရှုယောင်း ၏ စကားကိုကြားတော့ ရှုနင်က ရယ်လိုက်သည်။
ရှုယောင်းက ငိုချင်လာခဲ့ပေမယ့် ရှုနင်ကို စုူးရဲစွာစိုက်ကြည့်ကာ သူ့မျက်ဝန်းထဲမှာ ရှုနင်ကိုတစ်စစီ ဆွဲဖြဲချင်နေသည်။ ပြီးတော့ အက်ကွဲကြမ်းတမ်းစွာဖြင့် မေးလိုက်သည်။
"မင်းက တကယ်ငါ့ အစ်ကိုရင်းလား?"
"ဟုတ်တယ်လေ "
"ဒါဆို မင်းက ငါ့ကို ဘာလို့ မချစ်နိုင်တာလဲ၊ မင်းက မင်းရဲ့ကလေးတွေကို ချစ်သလို ငါ့ကို ဘာလို့မချစ်နိုင်တာလဲ၊ မင်းသားသမီးတွေကို ချစ်တဲ့ အချစ်ရဲ့ ဆယ်ပုံတစ်ပုံ ချစ်မယ်ဆိုရင် တော်သေးတယ်။ ငါက မင်းရဲ့ ညီလေးပါ။ အစ်ကို .... ငါတို့ အမေက စောစောသေသွားခဲ့တယ်။ အဲ့ဒါတောင် မင်း ဘာလို့ ငါ့ကို နည်းနည်းလေးမှ အသိမှတ်မပြုနိုင်ရတာလဲ.... ဘာကြောင့် ငါ့ကို နည်းနည်းလေးမှ မသနားရတာလဲ... "
ရှုယောင်းခုလို ပေါက်ကွဲကာ အော်ဟစ်နေသည်ကို တွေ့ရတော့ ရှုနင်က အရမ်းကို စိတ်ကျေနပ်ပြီး ရယ်မောကာ မျက်ရည်များ စီးကျလာခဲ့သည်။
ရှုယောင်းက အရမ်း အံ့သြသွားသည်၊ ရှုနင်က အမြဲ ပြေပြစ်ပြီး တည်ငြိမ်သောလူကြီးလူကောင်းတစ် ဦး ဖြစ်ခဲ့သည်၊ သူက ဒီလိုပုံစံ တစ်ခါမှ မဖော်ပြဖူးပေ။
ငါ့စကားတွေက သူ့အတွက် ရယ်စရာကောင်းနေခဲ့သလား။
"မင်းက ငါ့ကလေးတွေနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်ရတာလဲ"
ရှုယောင်း၏စကားတွေက ရှုနင်၏နှလုံးသားထက်က ဆိုးဝါးသော နာကျင်မှုတစ်ခုကို သွားထိလိုက်မိသည်။ ရှုနင်က တောက်ပစွာ ပြုံးလိုက်သည်။
"မှန်ပါတယ်၊ ငါက မင်းရဲ့အစ်ကိုပါ၊ ဒါပေမယ့် မင်းက ငါ့အဖေရဲ့ကလေး မဟုတ်ဘူး၊ မင်းဆီမှာ ငါ့ အဖေရဲ့ ရိုးသားကြိုးစားမှု၊ မြင့်မြတ်တဲ့စိတ်ထားနဲ့ ကိုယ်ကျင့်တရားတွေကို မင်း မဆက်ခံနိုင်ခဲ့ဘူး။ မင်းက နိမ့်ကျတဲ့ ခွေးလိုကောင်ပဲ ။ မင်းက လူယုတ်မာပဲ "
ရှုနင်၏ ထိုးနှက်ချက်သည်ကြီးမားလွန်းသဖြင့် ရှုယောင်း၏ အာရုံများ ရှုပ်ထွေးကာ အသိစိတ် ပျောက်လုနီးပါးဖြစ်သွားသည်။
ရှုနင် ဧည့်တွေ့ဆောင်က ထွက်သွားသည်ကို ရှုယောင်းက လုံးဝ သတိမထားလိုက်မိပေ။ သူ့စိတ်ထဲမှာ အဆက်မပြတ် ရေရွတ်နေမိသည့် စကားက ငါက ခွေးလိုကောင်...ငါက လူယုတ်မာ.... ........... အံ့သြစရာမရှိဘူး.. ရှုနင်က ဘာကြောင့် ငါ့ကို ခုလို ဆက်ဆံခဲ့တယ်ဆိုတာ မထူးဆန်းတော့ဘူး .....
ထောင်အပြင်ဘက်တွင် ရှုဟိန် သည် တောက်ပသည့် နေရောင်အောက်တွင်ရပ်ကာ ရှုနင်ကို စောင့်နေသည်။ ရှုနင် ဘာကိုတွေးနေသည်ကို သူ သိသည်၊
ရှုယောင်းက သည် ရှုချိန် ၏ကလေး ဖြစ်၍ မွေးစားသားတစ်ယောက်အဖြစ် ရှုဟိန်သည် ရှုယောင်းကို ခက်ခဲအောင် မလုပ်ချင်ခဲ့ပေ။ ဒါကြောင့် ရှုနင်လုပ်ချင်တာကိုပဲ သူ ခွင့်ပြုပေးလိုက်ရသည်။
ရှုယောင်းက သူ့အကိုရင်းဖြစ်သူကို ထောင်ချောက်ဆင်ကာ ချောက်ချချိန်မှာ ရှုနင်ကို သနားသည့်စိတ် နည်းနည်းလေးမှ မရှိခဲ့ပေ။ ရှုနင်အပေါ် ကိုယ်ချင်းစားစိတ်နဲ့ ဂရုစိုက်မှု နည်းနည်းလေးကိုတောင်မှ မရှိခဲ့ပေ။
ရှုနင်က အမျှော်မြင်ကြီးစွာ စောစောစီးစီး ကြိုတင်ပြင်ဆင်ထားလို့သာ ရှုယောင်း၏ထောင်ချောက်ထဲကို မကျသွားခဲ့တာဖြစ်သည်။ မဟုတ်ရင် အခု ထောင်ကျနေသူက ရှုနင်ဖြစ်သွားပြီးသူတို့ မိသားစုအားလုံး ကမောက်ကမ ဖြစ်ရမှာ သေချာသည်။
ရှုနင်က အကိုကြီး၏ရင်ခွင်ထဲ တိုးဝင်ကာ နှစ်ယောက်သားဖက်ထားရင်း ရှုနင်က မေးလိုက်သည်။
"အစ်ကိုကြီး.... သူနဲ့ ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် ခုလို တွေ လုပ်နေခဲ့တဲ့အတွက် အကိုကြီး ကိုယ်ကို အပြစ်တင်နေမှာလား.... "
"ဒါက သူ့အပြစ်တွေကြောင့်ပဲလေ"
ရှုဟိန်က ရှုနင်ကို ငုံ့ကြည့်ကာ ခေါင်းက ဆံပင်ကို အသာပွတ်သပ်ပေးနေသည်။
"မင်း သူ့ကို အခွင့်အလမ်းတွေ အများကြီးပေးခဲ့တယ်၊ ဒါပေမယ့် သူက ဒီဟာကို သူ့ဖာသာ လျစ်လျူရှုခဲ့တာလေ။ သူက မင်းကို အကောက်ကြံခဲ့လို့ အခုလို ထောင်ကျတယ်ဆိုတာ သူ့အတွက် အရမ်း လျော့ပေါ့ပေးပါပြီ။ နင်နင်...မင်း ရှေ့ဆက်ပျော်ရွှင်ရဖို့ကိုပဲ ငါ မျှော်လင့်တယ် "
"အချစ် ~"
"မင်းက အခုအသက်ကြီးနေပြီ၊ ဒါတောင် ငိုနေတုန်းဘဲလား။ မင်းကလေးတွေက မင်းကို အရူးလို့ခေါ်မှာကို မကြောက်ဘူးလား"
"ကျွန်တော် ငိုတဲ့အချိန်ကို အကိုကြီး မကြိုက်ဘူးလား "
"အိပ်ယာထဲမှာ ငိုရင်တော့ ငါကြိုက်တယ် "
ရှုဟိန်က ရှုနင် ကိုကားထဲသို့ခေါ်လာပြီး သူ့ရင်ခွင်ထဲတွင်တင်းကျပ်စွာ ပွေ့ဖက်ထားသည်။
"မင်း အခု ငိုနေတာကို ငါမြင်ချင်နေပြီဆိုရင် မင်း ဘာလုပ်မလဲ။ "
"ညစ်ပတ်တဲ့လူကြီး ~"
ကား ငါးစီးက ထောင်ရှေ့ ကနေ ထွက်လာခဲ့သည်၊ မိုးကောင်းကင်တစ်ခုလုံး ပြာလွင်လွင်နှင့် ကြည်လင်သာယာလို့နေသည်။
ဒီမိုးသားပြာပြာအောက်မှာ ရှုဟိန်၏အချစ်တွေဖြင့် ရှုနင်နှင့် ကလေးများက အေးချမ်းပျော်ရွှင်စွာ နေသွားရမယ်ဆိုတာ သေချာနေလေပြီ။
****************-************
Extra _ 2-2 - ငါက ေခြးလိုေကာင္...ငါက လူယုတ္မာ...
ရႈေယာင္းက ရႈနင္ရဲ႕အစီအစဥ္အတိုင္းေနထိုင္ၿပီး ျပန္လည္ တိုက္ခိုက္မည့္ အခြင့္အလမ္းေကာင္းကို စိတ္ရွည္စြာ ေစာင့္ေမွ်ာ္ေနခဲ့သည္။
ဒါေပမယ့္ ရႈနင္က သူလုပ္မည့္အရာေတြကို အရင္ဘဝကတည္းက ေတြ႕ဖူးျမင္ဖူးလိမ့္မည္ဟု သူ နည္းနည္းမွ မထင္ခဲ့ေပ။ ရႈေယာင္းက ရည္မွန္းခ်က္ႀကီးသူတစ္ ဦးျဖစ္လို႔ သူ႔အကိုႀကီးႏွစ္ေယာက္ဆီက ေကာင္းသည့္ အက်င့္ကို အတုယူကာ ဘယ္လိုႀကီးပြားတိုးတက္ေအာင္လုပ္ရမည္ကို သင္ယူရေကာင္းမွန္း မသိေပ။ လူေကာင္းေလးတစ္ေယာက္ျဖစ္ေအာင္၊ လူေတာ္တစ္ေယာက္ျဖစ္ရန္ အစကတည္းက နာခံစြာ သင္ယူရေကာင္းမွန္းလည္း မသိေပ။
ရႈေယာင္းက ကေလးဘဝကတည္းက သူ႔အကိုႀကီးရႈနင္ကို အေဖက ပိုခ်စ္သည့္အတြက္ မုန္းေနခဲ့သည္။ ကေလးတန္မယ့္ ရႈနင္ကို အကြက္ဆင္ကာ ေခ်ာက္ခ်ရမွန္းသိေနခဲ့သည္။ ရႈနင္အေပၚ အေဖ အျပစ္ျမင္ေစရန္ ဇြန္းကို ပစ္ခ်ၿပီး စြပ္စြဲတာ၊ အ႐ုပ္ႏွင့္ပစ္ေပါက္တာ၊ ေက်ာက္ခဲႏွင့္ ပစ္ေပါက္တာေတြကို လုပ္ခဲ့သည္။ လူအလစ္မွာ ရႈနင္ကို မုန္းတီးကာ အိမ္က ေမာင္းထုတ္ဖို႔ပင္ ႀကိဳးစားခဲ့ဖူးသည္။ သူ ဘယ္လိုလုပ္ပါေစ အေဖ့အသည္းစြဲ အကိုအႀကီးဆုံးက ရႈနင္ကို မားမားမတ္မတ္ကာကြယ္ေပး႐ုံသာမက အေဖကလည္း ရႈနင္တစ္ခြန္းတည္းႏွင့္ သူ႔ကို စည္းကမ္းတင္းၾကပ္ကာ စာသင္ေပးမယ့္ ဆရာေတြကို အကုန္စီစဥ္ခဲ့သည္။
သူ အိမ္ေဖာ္ေတြကို အႏိုင္က်င့္လွ်င္ ရႈနင္က ခ်က္ခ်င္းအျပစ္ေပးတာ၊ အိမ္ေဟာင္းဘက္ကိုပို႔ကာ ေသခ်ာ ဆရာႏွင့္ ၾကပ္မတ္ၿပီး စာသင္ေစတာကို လုပ္ခဲ့ေသာေၾကာင့္ ရႈနင္အေပၚ အမုန္းတရားက ပိုပိုႀကီးလာခဲ့သည္။ အမုန္းတရားကို အေျခခံထားေသာေၾကာင့္ ရႈနင္၏ေအာင္ျမင္မႈကိုျမင္ရတိုင္း၊ ၾကားရတိုင္း ရႈေယာင္း၏ရင္ထဲက မနာလိုဝန္တိုျခင္းႏွင့္ အမုန္းတရားက ပိုႀကီးထြားလာခဲ့သည္။
အေဖ ဆုံးပါးသြားၿပီးေနာက္ ရႈနင္တို႔ လင္မယားက သူ႔ကို ရႈအိမ္ေတာ္အျပင္ဘက္က စံအိမ္တစ္လုံးမွာ အေႁခြရံအျပည့္စုံႏွင့္ ပ်ိဳးေထာင္ခဲ့ေပမယ့္ သူ႔ကို ရႈအိမ္ေတာ္က ေမာင္းထုတ္ကာ အရာအားလုံးကို အပိုင္စီးခဲ့သည္ဆိုသည့္ အခ်က္ႏွင့္ ပိုမုန္းခဲ့သည္။ ဒါေပမယ့္ အရင္လို ရႈနင္ကို မုန္းတီးေၾကာင္းေပၚေပၚ ထင္ထင္ မျပရဲေတာ့ေပ။ Company share ကို ဆက္ခံခြင့္ရမယ့္အခ်ိန္၊ လုပ္ငန္းထဲ ဒါ႐ိုက္တာအေနနဲ႔ဝင္ခြင့္ ရမည့္ အခ်ိန္ကိုသာ ေစာင့္ဆိုင္းရင္း အမုန္းေတြကို စုေဆာင္းခဲ့သည္။
ဒါေၾကာင့္ ရႈနင္က အလယ္တန္းေက်ာင္းသားဘဝကတည္းက သူရသည့္မုန႔္ဖိုးႏွင့္ကိုယ္ပိုင္ လုပ္ငန္းကို စတင္ခဲ့သည္ကို ရႈေယာင္းမသိခဲ့သလို ရႈဟိန္လည္း သူ႔ကိုယ္ပိုင္ ေငြေၾကးႏွင့္ လုပ္ငန္းကို ထူေထာင္ခဲ့သည္ကိုလည္း မသိခဲ့ေပ။ သူ႔စိတ္ထဲ ရွိတာက သူတို႔ႏွစ္ေယာက္က ကိုယ္ပိုင္လုပ္ငန္းႀကီးမ်ား ရွိပါလ်က္ႏွင့္ေလာဘႀကီးၿပီး ရႈလုပ္ငန္းကို အပိုင္စီးထားသည္ ဆိုသည့္ အေတြးျဖစ္သည္။ ဒီအေတြးကို ဒုတိယအိမ္ေတာ္က ကုယာ့ႏွင့္ ရႈက်ီ႐ႊမ္းတို႔ကလည္းေထာက္ခံခဲ့သည္။
ဒါေၾကာင့္ ရႈေယာင္းရဲ႕ စိတ္က ရႈနင္ႏွင့္ သားသမီးမ်ားအားလုံးကို ေသတာထက္ဆိုးသည့္ဘဝႏွင့္ အဆုံးသတ္ေစဖို႔ ႀကံ႐ြယ္ကာ ၿခဳံထဲကေန လက္သည္းေသြးသလို ေစာင့္ဆိုင္းေနခဲ့သည္။ လက္သည္းကို ဝွက္ထားတယ္ဆိုတာ လုံးဝ ျပန္လည္တိုက္ခိုက္တာ မဟုတ္ပဲ အခြင့္ေကာင္းကို ေခ်ာင္းကာ ျပန္လည္တိုက္ခိုက္ဖို႔ ျဖစ္သည္ဟု ရႈေယာင္းက ယုံၾကည္သည္။
တကၠသိုလ္မွ ဘြဲ႕ရၿပီးေသာအခါ ရႈေယာင္းသည္ သူ၏ ရွယ္ယာမ်ားရွိေနေသာေၾကာင့္ ဒါ႐ိုက္တာဘုတ္အဖြဲ႕သို႔ ခ်က္ခ်င္း ဝင္ေရာက္လာခဲ့ၿပီး ရႈွုနင္က စီမံကိန္းဖြံ႕ၿဖိဳးမႈ ဌာန သို႔ ဒုတိယမန္ေနဂ်ာအျဖစ္ေစလႊတ္ရန္ သေဘာတူခဲ့သည္။ ရႈဟိန္သည္ ရႈနင္ ၏အစီအစဥ္မ်ားအားလုံးကိုသိၿပီးၿပီျဖစ္လို႔ ဘာမွ ဝင္မစြတ္ဖက္ပဲ ရႈနင္စီစဥ္တာကို လက္ခံခဲ့သည္။ ရႈေယာင္းကို ဘာမွ မလုပ္ရေသးခင္ ရွင္းပစ္ရန္ သူ႔ကိုခိုင္းလို႔ရပါလ်က္ႏွင့္ ဘာေၾကာင့္ တမင္သက္သက္ လႊတ္ထားၿပီး အေကာက္ႀကံခြင့္ေပးကာ သူကိုယ္တိုင္ ႐ိုက္ခ်ခ်င္သည္ကိုသာ နားမလည္ႏိုင္ျဖစ္ခဲ့သည္။
ေသခ်ာတာေပါ့၊ ရႈနင္ ရဲ႕ သန္း ရာခ်ီတန္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ထားသည့္ ပေရာဂ်က္မွာ ေထာင္ေခ်ာက္ဆင္ခဲ့ၿပီး ထိုပေရာဂ်က္နဲ႔ပတ္သတ္ၿပီး အမွားႀကီးလုပ္မိေအာင္ ေစာင့္ဖို႔ အခ်ိန္ တစ္ႏွစ္၊ တစ္ႏွစ္ခြဲပဲၾကာခဲ့တယ္။ တကယ္လို႔ ဒီပေရာဂ်က္နဲ႔ပတ္သတ္ၿပီး လာဘ္ေပးလာဘ္ယူမႈ၊ အလြဲသုံးစားလုပ္မႈသာ ထင္ရွားခဲ့လွ်င္ ရႈနင္က ေသခ်ာေပါက္ ေထာင္ထဲေရာက္သြားလိမ့္မည္။ ရဲမ်ားႏွင့္ တရား ၀ င္ စစ္ေဆးေရး အရာရွိမ်ားသည္ Company ကို အလြန္လ်င္ျမန္စြာေရာက္လာၾကသည္။
ရႈေယာင္းသည္ ရင္ထဲက အေပ်ာ္ေတြကို ဖုံးဖိထားကာ အျပင္ပိုင္းတြင္ အကိုျဖစ္သူကို အရမ္းစိုးရိမ္ေသာ မ်က္ႏွာျဖင့္ ရႈနင္၏ ေဘးတြင္ရပ္ကာ အကိုျဖစ္သူကို ႏွစ္သိမ့္စကားမ်ားပင္ေျပာေပးေနခဲ့သည္၊ ဘယ္သူမဆို ဒီျမင္ကြင္းကို ေတြ႕လွ်င္ သူ႔အစ္ကိုႀကီးကိုဂ႐ုစိုက္ေသာ ေကာင္းေသာညီေလးတစ္ေယာက္ ဟု ထင္မွာေသခ်ာသည္။
ဒါေပမယ့္ ရဲအရာရွိႏွင့္ စုံစမ္းစစ္ေဆးေရးအရာရွိေတြ ေရာက္လာၿပီး ရႈနင္ကို ဖမ္းရမယ့္ အစား သူတို႔က ရႈေယာင္းကို ဖမ္းလိုက္တယ္။
မင္းက ငါ့ကို စေတးမယ့္ ယဇ္ေကာင္ သိုးကေလးလို သေဘာထားခ်င္တာလား.....
ရႈေယာင္းက ေဒါသျဖင့္ ရႈနင္ကို ၾကည့္လိုက္ေပမယ့္ ရဲအရာရွိေတြထုတ္ျပခဲ့သည့္ သက္ေသအားလုံးက သူ႔လုပ္ရပ္အကုန္ကို ေဖာ္ျပေနခဲ့သည္ကို ေတြ႕လိုက္ရသည္။
အဲဒါ မျဖစ္ႏိုင္...
ရႈေယာင္း၏မ်က္ႏွာသည္ အလြန္ျဖဴေဖ်ာ့ကာ မ်က္စိပ်က္ မ်ပ္ႏွာပ်က္ျဖစ္လာခဲ့သည္။ သူ ခ်ထားတဲ့ သဲလြန္စနဲ႔ သက္ေသအားလုံးက ရႈနင္ကိုၫႊန္ျပေနရမွာေလ... သူ႔ကို ဘာေၾကာင့္ ဦးတည္လာတာလဲ။
သူ စီမံထားတဲ့အထဲ ဒါေတြ မပါဘူးေလ.... သူက အဖမ္းခံရၿပီး ဒီေနရာကေန ထြက္သြားရမွာ မဟုတ္ဘူး။
သက္ေသမ်ားက သူ႔ မ်က္ႏွာေရွ႕ကို အကုန္ေရာက္လာခ်ိန္မွာ ရႈေယာင္းက ထိုင္ခုံမွာ အ႐ုပ္က်ိဳးျပတ္ထိုင္ခ်လိုက္မိၿပီး အ႐ူးလို ျဖစ္သြားခဲ့သည္။ သူ ထိတ္လန႔္လြန္းလို႔ ဘာတခြန္းမွ မေျပာႏိုင္ေတာ့ေပ။
အဲ့ဒါ ရႈနင္ပဲ...
သူက ငါ့ကို ဒီေနရာကေန တစ္ခါတည္း ကန္ထုတ္ၿပီး အစကတည္းက ယြမ္သန္းရာေပါင္းမ်ားစြာ တန္တဲ့ ပေရာဂ်က္ႀကီးကို ေထာင္ေခ်ာက္ဆင္ခဲ့တာပဲ....
ဒီလိုမွ မဟုတ္ရင္ သူဆင္တဲ့ အကြက္ထဲမွာ ရႈနင္က လြတ္သြားစရာအေၾကာင္းမရွိဘူး။
ရႈေယာင္းက ရႈနင္ကို ေထာင္ထဲ ပို႔ႏိုင္ေအာင္ လူစြမ္း၊ေငြစြမ္းရွိသမွ်ႏွင့္ လူယုံေမြးကာ သတင္း အခ်က္လက္ကို ရေအာင္ႀကိဳးစားခဲ့သည္။ ဒါေပမယ့္ အဲ့လူအကုန္လုံးက ရႈနင္ရဲ႕လူေတြျဖစ္ေနၿပီး အစကတည္းက ရႈနင္က သူ႔နားကို တမင္ပို႔ခဲ့တဲ့လူေတြပဲ။ သူရခဲ့တဲ့ သတင္းေတြက ရႈနင္ တမင္ေပးခဲ့တဲ့ သတင္းေတြပဲ။ သူကေတာ့ ရႈနင္ကို ေထာင္ေခ်ာက္ထဲ ပို႔ႏိုင္ၿပီဆိုၿပီး အားႀကိဳးမာန္တက္လုပ္ခဲ့သမွ် အားလုံးက ေနာက္ဆုံး သူ႔လည္ပင္းႀကိဳးကြင္းစြပ္မည့္ သက္ေသေတြျဖစ္ခဲ့သည္။
သူ လုပ္ခဲ့သမွ်တိုင္းက ရယ္စရာေကာင္းလိုက္တာ.... ဒါ တကယ့္ဟာသႀကီးပဲ...
သူ႔ ျပစ္မႈထင္ရွားၿပီး ေထာင္က်သြားခ်ိန္မွာ သူက ရႈနင္ကို ေတြ႕ဖို႔ေတာင္းဆိုခဲ့သည္။
ရႈနင္က တကယ္ပဲ သူ႔ကို ေထာင္ထဲထိ လာေတြ႕ခဲ့သည္။ သူ႔ပုံစံက အရင္လိုပဲ အရမ္းကို ႏူးညံ့သိမ္ေမြ႕ကာ ေခ်ာေမာေနဆဲျဖစ္သည္။ သူ႔မ်က္ႏွာေပၚက အစိတ္ပိုင္းေတြက သီးျခားၾကည့္ရင္ မထူးျခားေပမယ့္ အကုန္ေပါင္းလိုက္ရင္ မဟာဆန္ၿပီး ထူးခြၽန္ထက္ျမက္ျခင္းက ေပၚလြင္ေနသည္။
သူ၏ျမင့္ျမတ္ေသာပုံစံက ဒီလို ေထာင္တြင္း ဧည့္ေတြ႕ေဆာင္ေနရာႏွင့္ပင္ မလိုက္ဖက္ေပ။
ရႈနင္က အရာအားလုံးကို လ်စ္လ်ဴရႈၿပီး ၿငိမ္ၿငိမ္သက္သက္ျဖင့္ ရႈေယာင္း၏ေရွ႕က ထိုင္ခုံေပၚမွာထိုင္ၿပီး သူ႔မ်က္လုံးေတြက ရႈေယာင္း အေပၚသက္ေတာင့္သက္သာက်ဆင္းလာခဲ့သည္။
"မင္း ဒီအခြင့္ေကာင္းႀကီးကို လုံးဝ လက္လႊတ္မခံႏိုင္ဘူး မဟုတ္လား၊ ဒီေလာက္ႀကီးတဲ့ ကိတ္မုန႔္ႀကီးရဲ႕ အႀကီးဆုံး အပိုင္းကို ကိုက္ၾကည့္လိုက္တာေပါ့ေလ..... "
(ရႈေယာင္းက ရႈနင္ကို ႐ိုက္ခ်ႏိုင္မည့္ အခြင့္ေကာင္းကိုႀကဳံေတာ့ တစ္သက္လုံး ဟန္ေဆာင္ထားသမွ်ကို ခြာခ်ကာ တစ္ခ်ီတည္း အပိုင္ လုပ္ခ်လိုက္တယ္လို႔ ဆိုလိုတာျဖစ္တယ္)
"...... "
"ဘာလဲ၊ မင္း ဘာေတြေတြးေနတယ္ဆိုတာ ငါ မသိဘူးလို႔ မင္း ထင္ေနခဲ့တာလား"
"မင္းက ငါ့ကို ဘာလို႔ပစ္မွတ္ထားတာလဲ"
ရႈေယာင္းက ကိုယ္ကို ေရွ႕သို႔ကိုင္းၫြတ္ကာ မတည္ၿငိမ္သည့္ မ်က္ဝန္းမ်ားက စိတ္ထက္သန္မႈႏွင့္ျပည့္ ႏွက္ကာ စူးရဲလို႔ေနသည္။
"အစ္ကိုႀကီး၊ မင္းနဲ႔ မင္းရဲ႕အစ္ကိုႀကီးက အစြမ္းအစ ရွိတယ္။ ရႈမိသားစု လုပ္ငန္းက ဘာမွ မဟုတ္ဘူး။ ဒါေတာင္ ဘာေၾကာင့္ ကြၽန္ေတာ့္ကို ငယ္ငယ္ကတည္းက စၿပီး ပစ္မွတ္ထားခဲ့တာလဲ။ ဘာ့ေၾကာင့္လဲ"
"မင္းက ဘာကိုေျပာတာလဲ?"
"...... ဒါက မထင္ရွားဘူးလား"
"ဟိန္ရဲ႕စီးပြားေရးလုပ္ငန္းေတြကို သူ႔ဖာသာ တည္ေထာင္ခဲ့တယ္။ ငါလည္း ငါ့ အရည္ခ်င္းနဲ႔ ငါ့လုပ္ငန္းေတြကို ထူေထာင္ခဲ့တယ္။ မင္းလည္း လုပ္ခြင့္ရွိတာပဲေလ။ တႏွစ္တႏွစ္ မင္း ရတဲ့ ေငြက နည္းမွ မနည္းပဲ။ မင္းလည္း မင္းကိုယ္ပိုင္လုပ္ငန္းကို စတင္ဖို႔ အခြင့္ေရးရွိခဲ့တာပဲ။ မင္း ဘာေၾကာင့္ မလုပ္ခဲ့တာလဲ။ မင္းက မိသားစုလုပ္ငန္းကို ဘာေၾကာင့္ တပ္မက္တဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနရတာလဲ။ အႀကီးဆုံးက ကေလးကပဲ ရႈမိသားစုစီးပြားေရးကို အေမြဆက္ခံခြင့္ရတယ္ဆိုတဲ့ စည္းကမ္းကို မင္း ၾကားဖူးသင့္တယ္။ ဥပမာ အဘိုး၊ အေဖနဲ႔အစ္ကိုႀကီးတို႔က သားအႀကီးဆုံးေတြျဖစ္လို႔ သူတို႔က ရႈမိသားစုလုပ္ငန္းကို ဆက္ခံခြင့္၇တာပဲ... "
"မင္း က ငါ့ဖာသာ အျပင္ကိုေရာက္သြားေအာင္ မင္း လုပ္ခ်င္ေနခဲ့တာ မဟုတ္လား အကိုႀကီး... မင္း တကယ္ရက္စက္တယ္!"
"ရႈ မ်ိဳးႏြယ္စုရဲ႕ရွယ္ယာ ၁၀% က အမ်ားႀကီးဘဲ၊ မင္း ဘာအလုပ္မွ မလုပ္ရင္ေတာင္ မင္းတစ္သက္လုံ ခ်မ္းခ်မ္းသာသာေနႏိုင္လိမ့္မယ္။ ငါတို႔ဆီမွာ ကိုယ္ပိုင္လုပ္ငန္းေတြရွိၿပီး မင္းမွာ မရွိလို႔ မင္း အရမ္း ခါးသီးေနတယ္မဟုတ္လား။ မင္းကေရာ... ကိုယ္ပိုင္လုပ္ငန္းစလုပ္ဖို႔ သတၱိရွိလို႔လား။ ကိုယ့္ အစြမ္းစနဲ႔ေတာင္ လုပ္ငန္းတစ္ခုကို လုပ္ႏိုင္စြမ္းမရွိတာ....ဒါဆို ရႈမိသားစုရဲ႕လုပ္ငန္းကိုစီမံႏိုင္မယ္လို႔ မင္းကိုယ္မင္း ဘာေၾကာင့္ထင္ေနတာလဲ။ ၿပီးေတာ့ ရႈမိသားစုလုပ္ငန္းဆိုတာ မင္း အလြယ္တကူ လိုခ်င္တိုင္း ၇ႏိုင္မယ့္ လုပ္ငန္းထင္ေနလို႔လား။ ဒီလုပ္ငန္းက ငါနဲ႔ဟိန႔္အတြက္သာမကဘူး၊ အဖိုးနဲ႔ အေဖအတြက္လည္း အေရးႀကီးတဲ့လုပ္ငန္းျဖစ္တယ္။ အားလုံးရဲ႕ေသြးေခြၽးနဲ႔တည္ေဆာက္ထားတဲ့ လုပ္ငန္းကို မင္းရဲ႕ညစ္ပတ္တဲ့ လက္နဲ႔ ထိလို႔ရတဲ့ အရာမဟုတ္ဘူး။ "
"မင္းမ်က္လုံးထဲမွာ ငါက ညစ္ပတ္ေနတာလား"
ရႈေယာင္း ၏ စကားကိုၾကားေတာ့ ရႈနင္က ရယ္လိုက္သည္။
ရႈေယာင္းက ငိုခ်င္လာခဲ့ေပမယ့္ ရႈနင္ကို စုူးရဲစြာစိုက္ၾကည့္ကာ သူ႔မ်က္ဝန္းထဲမွာ ရႈနင္ကိုတစ္စစီ ဆြဲၿဖဲခ်င္ေနသည္။ ၿပီးေတာ့ အက္ကြဲၾကမ္းတမ္းစြာျဖင့္ ေမးလိုက္သည္။
"မင္းက တကယ္ငါ့ အစ္ကိုရင္းလား?"
"ဟုတ္တယ္ေလ "
"ဒါဆို မင္းက ငါ့ကို ဘာလို႔ မခ်စ္ႏိုင္တာလဲ၊ မင္းက မင္းရဲ႕ကေလးေတြကို ခ်စ္သလို ငါ့ကို ဘာလို႔မခ်စ္ႏိုင္တာလဲ၊ မင္းသားသမီးေတြကို ခ်စ္တဲ့ အခ်စ္ရဲ႕ ဆယ္ပုံတစ္ပုံ ခ်စ္မယ္ဆိုရင္ ေတာ္ေသးတယ္။ ငါက မင္းရဲ႕ ညီေလးပါ။ အစ္ကို .... ငါတို႔ အေမက ေစာေစာေသသြားခဲ့တယ္။ အဲ့ဒါေတာင္ မင္း ဘာလို႔ ငါ့ကို နည္းနည္းေလးမွ အသိမွတ္မျပဳႏိုင္ရတာလဲ.... ဘာေၾကာင့္ ငါ့ကို နည္းနည္းေလးမွ မသနားရတာလဲ... "
ရႈေယာင္းခုလို ေပါက္ကြဲကာ ေအာ္ဟစ္ေနသည္ကို ေတြ႕ရေတာ့ ရႈနင္က အရမ္းကို စိတ္ေက်နပ္ၿပီး ရယ္ေမာကာ မ်က္ရည္မ်ား စီးက်လာခဲ့သည္။
ရႈေယာင္းက အရမ္း အံ့ၾသသြားသည္၊ ရႈနင္က အၿမဲ ေျပျပစ္ၿပီး တည္ၿငိမ္ေသာလူႀကီးလူေကာင္းတစ္ ဦး ျဖစ္ခဲ့သည္၊ သူက ဒီလိုပုံစံ တစ္ခါမွ မေဖာ္ျပဖူးေပ။
ငါ့စကားေတြက သူ႔အတြက္ ရယ္စရာေကာင္းေနခဲ့သလား။
"မင္းက ငါ့ကေလးေတြနဲ႔ ဘယ္လိုႏႈိင္းယွဥ္ႏိုင္ရတာလဲ"
ရႈေယာင္း၏စကားေတြက ရႈနင္၏ႏွလုံးသားထက္က ဆိုးဝါးေသာ နာက်င္မႈတစ္ခုကို သြားထိလိုက္မိသည္။ ရႈနင္က ေတာက္ပစြာ ၿပဳံးလိုက္သည္။
"မွန္ပါတယ္၊ ငါက မင္းရဲ႕အစ္ကိုပါ၊ ဒါေပမယ့္ မင္းက ငါ့အေဖရဲ႕ကေလး မဟုတ္ဘူး၊ မင္းဆီမွာ ငါ့ အေဖရဲ႕ ႐ိုးသားႀကိဳးစားမႈ၊ ျမင့္ျမတ္တဲ့စိတ္ထားနဲ႔ ကိုယ္က်င့္တရားေတြကို မင္း မဆက္ခံႏိုင္ခဲ့ဘူး။ မင္းက နိမ့္က်တဲ့ ေခြးလိုေကာင္ပဲ ။ မင္းက လူယုတ္မာပဲ "
ရႈနင္၏ ထိုးႏွက္ခ်က္သည္ႀကီးမားလြန္းသျဖင့္ ရႈေယာင္း၏ အာ႐ုံမ်ား ရႈပ္ေထြးကာ အသိစိတ္ ေပ်ာက္လုနီးပါးျဖစ္သြားသည္။
ရႈနင္ ဧည့္ေတြ႕ေဆာင္က ထြက္သြားသည္ကို ရႈေယာင္းက လုံးဝ သတိမထားလိုက္မိေပ။ သူ႔စိတ္ထဲမွာ အဆက္မျပတ္ ေရ႐ြတ္ေနမိသည့္ စကားက ငါက ေခြးလိုေကာင္...ငါက လူယုတ္မာ.... ........... အံ့ၾသစရာမရွိဘူး.. ရႈနင္က ဘာေၾကာင့္ ငါ့ကို ခုလို ဆက္ဆံခဲ့တယ္ဆိုတာ မထူးဆန္းေတာ့ဘူး .....
ေထာင္အျပင္ဘက္တြင္ ရႈဟိန္ သည္ ေတာက္ပသည့္ ေနေရာင္ေအာက္တြင္ရပ္ကာ ရႈနင္ကို ေစာင့္ေနသည္။ ရႈနင္ ဘာကိုေတြးေနသည္ကို သူ သိသည္၊
ရႈေယာင္းက သည္ ရႈခ်ိန္ ၏ကေလး ျဖစ္၍ ေမြးစားသားတစ္ေယာက္အျဖစ္ ရႈဟိန္သည္ ရႈေယာင္းကို ခက္ခဲေအာင္ မလုပ္ခ်င္ခဲ့ေပ။ ဒါေၾကာင့္ ရႈနင္လုပ္ခ်င္တာကိုပဲ သူ ခြင့္ျပဳေပးလိုက္ရသည္။
ရႈေယာင္းက သူ႔အကိုရင္းျဖစ္သူကို ေထာင္ေခ်ာက္ဆင္ကာ ေခ်ာက္ခ်ခ်ိန္မွာ ရႈနင္ကို သနားသည့္စိတ္ နည္းနည္းေလးမွ မရွိခဲ့ေပ။ ရႈနင္အေပၚ ကိုယ္ခ်င္းစားစိတ္နဲ႔ ဂ႐ုစိုက္မႈ နည္းနည္းေလးကိုေတာင္မွ မရွိခဲ့ေပ။
ရႈနင္က အေမွ်ာ္ျမင္ႀကီးစြာ ေစာေစာစီးစီး ႀကိဳတင္ျပင္ဆင္ထားလို႔သာ ရႈေယာင္း၏ေထာင္ေခ်ာက္ထဲကို မက်သြားခဲ့တာျဖစ္သည္။ မဟုတ္ရင္ အခု ေထာင္က်ေနသူက ရႈနင္ျဖစ္သြားၿပီးသူတို႔ မိသားစုအားလုံး ကေမာက္ကမ ျဖစ္ရမွာ ေသခ်ာသည္။
ရႈနင္က အကိုႀကီး၏ရင္ခြင္ထဲ တိုးဝင္ကာ ႏွစ္ေယာက္သားဖက္ထားရင္း ရႈနင္က ေမးလိုက္သည္။
"အစ္ကိုႀကီး.... သူနဲ႔ ကြၽန္ေတာ္ တစ္ေယာက္နဲ႔တစ္ေယာက္ ခုလို ေတြ လုပ္ေနခဲ့တဲ့အတြက္ အကိုႀကီး ကိုယ္ကို အျပစ္တင္ေနမွာလား.... "
"ဒါက သူ႔အျပစ္ေတြေၾကာင့္ပဲေလ"
ရႈဟိန္က ရႈနင္ကို ငုံ႔ၾကည့္ကာ ေခါင္းက ဆံပင္ကို အသာပြတ္သပ္ေပးေနသည္။
"မင္း သူ႔ကို အခြင့္အလမ္းေတြ အမ်ားႀကီးေပးခဲ့တယ္၊ ဒါေပမယ့္ သူက ဒီဟာကို သူ႔ဖာသာ လ်စ္လ်ဴရႈခဲ့တာေလ။ သူက မင္းကို အေကာက္ႀကံခဲ့လို႔ အခုလို ေထာင္က်တယ္ဆိုတာ သူ႔အတြက္ အရမ္း ေလ်ာ့ေပါ့ေပးပါၿပီ။ နင္နင္...မင္း ေရွ႕ဆက္ေပ်ာ္႐ႊင္ရဖို႔ကိုပဲ ငါ ေမွ်ာ္လင့္တယ္ "
"အခ်စ္ ~"
"မင္းက အခုအသက္ႀကီးေနၿပီ၊ ဒါေတာင္ ငိုေနတုန္းဘဲလား။ မင္းကေလးေတြက မင္းကို အ႐ူးလို႔ေခၚမွာကို မေၾကာက္ဘူးလား"
"ကြၽန္ေတာ္ ငိုတဲ့အခ်ိန္ကို အကိုႀကီး မႀကိဳက္ဘူးလား "
"အိပ္ယာထဲမွာ ငိုရင္ေတာ့ ငါႀကိဳက္တယ္ "
ရႈဟိန္က ရႈနင္ ကိုကားထဲသို႔ေခၚလာၿပီး သူ႔ရင္ခြင္ထဲတြင္တင္းက်ပ္စြာ ေပြ႕ဖက္ထားသည္။
"မင္း အခု ငိုေနတာကို ငါျမင္ခ်င္ေနၿပီဆိုရင္ မင္း ဘာလုပ္မလဲ။ "
"ညစ္ပတ္တဲ့လူႀကီး ~"
ကား ငါးစီးက ေထာင္ေရွ႕ ကေန ထြက္လာခဲ့သည္၊ မိုးေကာင္းကင္တစ္ခုလုံး ျပာလြင္လြင္ႏွင့္ ၾကည္လင္သာယာလို႔ေနသည္။
ဒီမိုးသားျပာျပာေအာက္မွာ ရႈဟိန္၏အခ်စ္ေတြျဖင့္ ရႈနင္ႏွင့္ ကေလးမ်ားက ေအးခ်မ္းေပ်ာ္႐ႊင္စြာ ေနသြားရမယ္ဆိုတာ ေသခ်ာေနေလၿပီ။
****************-************