Extra _ (2-1) - အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်..
လူစည်ကားနေသော လမ်းပေါ်တွင် ကြည့်ကောင်းချောမောသော လူငယ်လေးတစ်ယောက် လျှောက်လှမ်းလာစဉ် ရှေ့မှမိန်းကလေးအုပ်စုက စိတ်အားထက်သန်စွာဖြင့် တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ ထိုမိန်းကလေးတွေက သူတို့ university က ကျောင်းသူတွေ ဖြစ်ကြသည်။ သူတို့တွေက နောက်က လိုက်ပါလာသည့် လူငယ်လေးကို သတိမထားမိပဲ သူတို့ပြောနေသည့် ရုပ်ရှင်ဇာတ်ကားအကြောင်းကိုပဲ စိတ်ဝင်စားနေကြသည်။
ရှုယောင်းက သူတို့ဘက်ကိုကြည့်လိုက်ပြီး သူ့ရဲ့ကြည့်ကောင်းတဲ့မျက်ခုံးကို အနည်းငယ် မျက်မှောင်ကြုတ်လိုက်တယ်။ သူမတို့ပြောနေသည့်အကြောင်းရာက နာမည်ကြီး ဒါရိုက်တာ ရှန်းကျိုး၏ နောက်ဆုံး ရုံတင်ပြသသည့် ရုပ်ရှင်ဇာတ်ကားအကြောင်း ဖြစ်သည်၊ ဒီဇာတ်ကားသည်ကမ္ဘာတစ် ၀ န်းလုံးတွင် ရုံတင်ပြသခဲ့ပြီး အောင်မြင် ကျော်ကြားခဲ့သည့် ဇာတ်ကားဖြစ်သည်။ ပြီးတော့ ထိုကားရဲ့ လက်ထောက်ဒါရိုက်တာနှင့်ရင်းနှီးမြှုပ်နှံသူသည်က အဲ့ဒီလူပဲ ဖြစ်သည်။
အဲ့ဒီလူက ဘယ်သူလဲ?
သူက ကျွန်တော့်အစ်ကိုကြီး ရှုနင် ပါ။ သူ့ရဲ့ အဖေတူ၊ အမေတူ အကိုကြီးလေ...ဒါပေမယ့် အကိုကြီးက...သူ့ကို...ဘယ်တော့မှ...
ဒီအကြောင်းကို တွေးမိတော့ ရှုယောင်း ၏မျက်လုံးများထဲတွင် အနည်းငယ်ရှုပ်ထွေးရိပ်တွေ ပေါ်လာခဲ့ပြီး သူ့စိတ်တွေ ပင်ပန်းလာခဲ့သည်။ ဒါက သူ ခံနိုင်ရည်မရှိသော ခံစားချက်တစ်ခုဖြစ်သည်။
လေးလံသည့် သက်ပြင်းကို ပါးစပ်က မှုတ်ထုတ်လိုက်ပြီး ရှုယောင်းက ဘတ်စ်ကားစီးပြီး အိမ်ပြန်လာခဲ့သည်။ ရှုမိသားစုက အင်မတန် ချမ်းသာကာ သြဇာအာဏာရှိပေမယ့် သူက ချမ်းသာသည့် သခင်လေးလို မနေရပဲ... သာမန်ကောလိပ်ကျောင်းသားတစ် ဦးလိုပဲ နေခဲ့ရတယ်။ အဲ့ဒါ ဘာကြောင့်လဲ...
ဘာကြောင့်လဲဆိုတော့ သူ့အကိုကြီးက ရှုနင်က သူ့ကို သဘောမကျတဲ့အတွက်ပဲ...
ဟက်... ရယ်စရာပဲ မဟုတ်လား။
ရှုယောင်း ငယ်ငယ်တုန်းက အမှတ်တရတွေက သူ့မှတ်ဉာဏ်ထဲမှာ သိပ်မရေရာပေမယ့် သူ တစ်ယောက်ယောက်ကို ထိခိုက်စေခဲ့တယ်လို့တော့ မထင်ဘူး။ လူတိုင်းက သူ ငယ်စဉ်က အရမ်းကို ဆိုးသွမ်းကာ ညစ်ကျယ်ကျယ်နိုင်သည်ဟု ပြောခဲ့ကြသည်။ ဘယ်ကလေးမဆို ငယ်စဉ်က ဆိုးကြတာပဲ မဟုတ်လား။ သူ့တစ်ယောက်တည်း ထူးပြီး အဲ့လိုဖြစ်နေလို့လား...
သူက အိမ်အကူတွေကို အနိုင်ကျင့်ခဲ့တယ်တဲ့.... ကလေး သဘာဝ သူက ဘာသိဦးမှာမို့လဲ...
အဖေတစ်ယောက်တည်းကပဲ ငါ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်၊ သူက ငါ့ကို အမြဲတန်း တန်ဖိုးထားပြီး ညအတိုင်း ငါနဲ့ အတူတူအိပ်တယ်။ သူက ငါ့ကို ထိခိုက်မှာကို အရမ်းကြောက်တယ်၊ သူက ငါ့အမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီး အမြဲတမ်း အပြုံးနဲ့ ငါ့ကို စကားပြောခဲ့တယ်။
ဒါပေမယ့် ရှုနင် အိမ်ကို ရောက်လာရင် ဒါတွေ အားလုံးက လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ အိမ်ဖော်တွေကို အနိုင်ကျင့်ရင် သူက ငါ့ကို အပြစ်ပေးမယ်၊ သူနဲ့သူ့အစ်ကိုကြီးက အိမ်မကြီးမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်တယ်၊ ငါ့ကို အိမ်ဟောင်းကိုပို့ဖို့ အဖေကိုပြောလိမ့်မယ်။ အဲ့ဒါတော့ အရမ်းများသွားပြီ မဟုတ်လား။ ဒါပေမယ့် လူတိုင်းက သူ့ကိုကြောက်ကြတယ်။
အိမ်တအိမ်လုံးမှာ သြဇာအကြီးဆုံးဖြစ်တဲ့ အဖေတောင် သူလာရင် ငါ့ကို အရင်လို အလိုမလိုက်တော့ဘူး။ ငါ့ကို စာသင်ပေးဖို့ ဆရာတွေ ရှာပေးတယ်။ ငါ အပြစ်လုပ်ရင် ဆုံးမဖို့အကိုကြီးကို ခွင့်ပေးခဲ့တယ်။ အိမ်ဖော်တွေရော၊ အိမ်တော်ထိန်းရော... ရှုနင်လာရင် ငါ့ကို အရေးမလုပ်တော့ဘူး။ အဖေလည်း ရှုနင်လာရင် ငါ့ကို ညအချိန်ရောက်မှ အိမ်ဟောင်းကို လာတွေ့တော့တယ်။
ငါ့အဖေရဲ့အချစ်ကို လုယူသွားခဲ့တဲ့ ရှုနင်ကို ငယ်ငယ်ကတည်းက ငါမုန်းခဲ့မိတယ်။ သူလာရင် ငါက နေရာဖယ်ပေးရတာကို သိနေခဲ့လို့ သူ့ကိုမြင်တိုင်း ငါ ရန်လုပ်ချင်တယ်။ ဒါပေမယ့် ငါက ကလေးပဲရှိသေးတယ်လေ။ သူ့ကို အရုပ်နဲ့ပစ်ပေါက်တာ၊ ငါ လုပ်တဲ့အပြစ်လေးကို သူ့ပေါ် ပုံချတာလောက်ပဲ ငါလုပ်နိုင်တာပေါ့။
ဒါတွေက သူ့ကို ဘာ ထိခိုက်နိုင်မှာမို့လဲ။
သူ့ရဲ့အကိုကြီးဆိုတဲ့လူက ရှုနင်ကို ထိရင် ငါ့ကို အေးစက်စက်မျက်လုံးတွေနဲ့ ကြည့်တတ်တယ်။ ရှုနင်ကို ကြည့်ရဲ့ ကြင်နာနူးညံ့တဲ့အကြည့်က ငါ့ကို ကြည့်ရင် အမြဲခြိမ်းခြောက်မှုတွေနဲ့ပဲလေ....
ငါလည်း အဖေ့သား မဟုတ်လို့လား။ အဲ့အကိုကြီးဆိုတဲ့လူက ရှုနင်ကို ချစ်နိုင်ပြီး ငါ့ကို ဘာကြောင့် နည်းနည်းလေးတောင် မကောင်းပေးနိုင်ရတာလဲ....
အမေ့ကို သူ ကောင်းကောင်းမမှတ်မိတော့ပေ။ သူူ နည်းနည်းကြီးလာတော့ သူ့အမေကို မတွေ့ဖူးသလို အိမ်တော်မှာ သူ့အမေအကြောင်းကို ဘယ်သူမှ မပြောကြပေ။ သူများတွေက မိဘအစုံလင်နဲ့ ကြီးပျင်းလာပေမယ့် သူက အမေကို ငယ်ငယ်တုန်းကလွဲပြီး မမြင်ဖူးခဲ့ပေ။ သူ့အဖေရှိပေမယ့် သူ ၈ နှစ်သားမှာ အဖေ ဆုံးပါးသွားခဲ့တယ်။ သူကြီးလာမှ သူ့အမေ ဆုံးပါးသွားခဲ့ပြီဆိုတာ သိခဲ့ရတယ်။ သူ့အမေက ပင်လယ်ထဲက ကျွန်းလေးပေါ်မှာ ဆုံးပါးသွားရတယ်ဆိုပဲ....
အဖေက ဘာကြောင့် အမေ့ကို ပင်လယ်ထဲက ကျွန်းလေးမှာ ထားခဲ့တယ်ဆိုတာ သူ မသိတော့ဘူး။ ရှုနင်က ဒါကို သေချာပေါက် သိမှာပဲ။ ဒါပေမယ့် သူက ဘာကြောင့် အမေ့ကို ကျွန်းပေါ်မှာ သေတဲ့အထိ နေခိုင်းရတာလဲ။ ဘာကြောင့် အမေ့ကို သူနဲ့ဝေးရာမှာ ထားရတာလဲ။ တကယ်လို့ အမေသာရှိနေမယ်ဆိုရင် သေချာပေါက် သူ့ကို အချစ်အများကြီးပေးမှာပဲ... အခုတော့ အဖေ ဆုံးသွားကတည်းက သူ တစ်ယောက်တည်းဖြစ်ခဲ့တယ်။
တစ်ခါတလေ ရှုယောင်းက ရှုဟောင်ယွဲ့ကို မနာလိုဖြစ်မိတယ်။ သူမ ဆီမှာ အရာအားလုံးရှိတယ်၊ သူ့အဖေနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာ၊ သူမအစ်ကိုတွေရဲ့ ဂရုစိုက်မှုနှင့်နှစ်သိမ့်မှုတွေကို ရတဲ့အပြင် မြို့တော်မှာရှိတဲ့ စစ်ထူအိမ်တော်က သူမ၏အဖိုး စစ်ထူထုံးဆိုရင် သူမကို ရဖို့ အပြင်းအထန်ကြိုးစား ခဲ့တယ်လို့ ကြားတယ်။ သူမကိုပြန်ယူဖို့နဲ့ ... သူမရဲ့ နာမည်ကို စစ်ထူမိသားစု မျိုးရိုးသစ်ပင်မှာ ထည့်သွင်းနိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့တယ်တဲ့။
ဒီလိုမျိုး ကြီးမြတ်လှတဲ့ ဂုဏ်သိက္ခာက ရှုယောင်းကို ရူးသွပ်စေခဲ့သည်၊ သူတို့အားလုံးသည် ရှုမျိုးရိုးနာမည်ကို ဆက်ခံထားကြပေမယ့် သူတို့ရဲ့ဘဝတွေက မတူကြီကြဘူး။
ရှုနင်နဲ့ သူ ဆိုလည်း ရှုချိန်ဆိုတဲ့ အဖေတစ်ယောက်တည်းက မွေးဖွားလာပေမယ့် နေရတဲ့ ဘဝချင်းက မတူညီကြဘူး။ ပြီးတော့ ရှုဟောင်ယွဲ့ဆိုတဲ့ ကလေးမက သူ့ဘဝထက် အများကြီ းသာလွန်တဲ့ ဘဝမှာနေရတယ်။ ဘာကြောင့်လဲဆိုတော့ သူမက ရှုနင်ရဲ့သမီးဖြစ်နေလို့ပဲ...
ရှုယောင်း ပင်ပန်းစွာ သက်ပြင်းချလိုက်သည်။ သူ့အဖေဆုံးပြီးတဲ့နောက်မှာ အစေခံတစ်ဖွဲ့နဲ့အတူ သူ့ကို အိမ်တော်အပြင်မှာ ပြုစုပျိုးထောင်ဖို့စေလွှတ်တာတောင်ခံခဲ့ရတယ်၊ သူက အချစ်မခံရတဲ့ ကလေးဖြစ်တဲ့အတွက် သူ့အကိုကြီးက သူ့ကို ဂရုစိုက်ဖို့ ဘာကြောင့် သူတို့ခွန်အားကို သုံးနေဦးမှာတဲ့လဲ...
သူ ဆက်လက် အသက်ရှင်နိုင်ဖို့... ရှုယောင်းက လူကောင်းလေးလို နေထိုင်ခဲ့ရပြီး သူ့ကိုယ်သူူ တိုးတက်စေဖို့ အရမ်းကိုတွန်းအားပေးပြီး ကြိုးစားခဲ့ရတယ်။ မဟုတ်ရင် သူ့ကို ရှုနင်က ပိုက်ဆံမပေးတော့မှာ၊ ဆက်လက်မထောက်ပံ့တော့မှာကို ကြောက်နေခဲ့တယ်။
တစ်ခါတုန်းက ရှုယောင်းကို သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က လမ်းမှာ တားဆီးတာ ခံလိုက်ရတယ်။ သူမနှင့်စကားပြောပြီးနောက် ထို ခပ်နွမ်းနွမ်း အဝတ်စားနဲ့ အမျိုးသမီးက သူ့ အမေ၏အစ်မဖြစ်တယ်ဆိုတာ သိလိုက်ရသည်။ ထိုအမျိုးသမီးကြီးက သူတို့ရဲ့တော်စပ်မှုကို ပြောပြကာ သူ့ဆီက ပိုက်ဆံလာတောင်းနေတာဖြစ်သည်။
ရှုယောင်းက ပညာမတတ်၊ အပြောအဆို ရုန့်ရင်းကြမ်းတမ်းပြီးအောက်တန်းကျသည့် ထိုအဒေါ်ကို ရင်ထဲ အသည်းထဲကနေ ရွံ့ရှာ မုန်းတီးအထင်သေးမိသည်။ ဒါပေမယ့် သူ့ရင်ထဲက အထင်မြင်သေးမှုနဲ့ ကဲ့ရဲ့မှုကို သိုဝှက်ပြီး သူ့ဆီမှာ ပိုက်ဆံတစ်ပြားမှ မရှိကြောင်း ယုံအောင် ပြောကာ သူမကို ထွက်သွားအောင် မနည်းလုပ်လိုက်ရသည်။
ရှုဟိန် ရဲ့အမေကိုကြည့်လိုက်စမ်းပါ၊ မြို့တော်မှာ မောဝ်မိသားစုက နိုင်ငံရေးမှာ သြဇာကြီးမားသလို ရှုဟိန်ရဲ့ အဖေဘက်က စစ်ထူအိမ်တော်က စစ်ရေးမှာ အင်အားကြီးမားကြတယ်၊ သူတို့တွေက အရာရှိတွေ၊ စစ်တပ်အကြီးကဲတွေဖြစ်ကြပြီး နေရာတိုင်းမှာ လူတိုင်းလေးစားအားကျရတဲ့ သူတွေဖြစ်တယ်။ သွားလေရာမှာ လေးစားခံရတဲ့ အားကျခံရတဲ့ သူတွေဖြစ်တယ်။
ဒါပေမယ့် သူ့ကျတော့ ဘာကြောင့် ဒါတွေ မရှိရတာလဲ။ သူ့အမေရဲ့မိသားစုနောက်ခံက ဘာကြောင့် မခိုင်မာတာလဲ။ ဘာကြောင့် ဆင်းရဲပြီး အောက်တန်းကျနေရတာလဲ။ ရှုနင်လည်း သူ့လို တစ်မအေ တည်းက မွေးလာပေမယ့် သူကျတော့ ဘာကြောင့် စစ်ထူအိမ်တော်က နှစ်လိုခြင်းကို ခံရတာလဲ။ သူတို့က ညီအစ်ကို အရင်းတွေဖြစ်ပေမယ့် ဒီကွာခြားမှုကို ရဖို့ သူ ဘာလုပ်ခဲ့တာလဲ။
နောက်ဆုံး အမေ့ ဘက်က ဦးလေးဖြစ်သူ ချင်ယွိဖူတောင်မှ သူ့ထက် သူ့အကိုရှုနင်ကို ပျာနေအောင် ချစ်တယ်ဆိုတဲ့ အသိက သူ့ကို မနာလိုဖြစ်လို့ ရူူးမလိုဖြစ်စေခဲ့တယ်။ ရှုနင်ကိုဆိုရင် ဦးလေးက အရမ်းချစ်သလို အရမ်းလေးစားတာ ဘာကြောင့်လဲ။ ရှုနင်က သူ့ကို ထောက်ပံ့ပေးတဲ့ သူ့အကိုကြီးရှိနေလို့ အောင်မြင်နေတာ မဟုတ်လား။ ရှုနင်က ဘာထူးခြားပြီး ကောင်းနေလို့ အားလုံးက ဝိုင်းချစ်နေကြတာလဲ။ ရှုနင် ရတဲ့အရာတွေကို သူက ဘာကြောင့် မရနိုင်ရတာလဲ...
မတရားဘူး...လောကကြီးက တကယ့်ကို မတရားဘူး....
ရှုဟောင်ယွဲ့ရဲ့ရုပ်သွင်က ရှုယောင်း၏ စိတ်ထဲတွင် ထပ်မံပေါ်ထွက်လာခဲ့သည်၊ သူမသည် ယောက်ျားနှစ် ဦး မှ ဖွဲ့စည်းထားသော ကလေးတစ်ယောက်ဖြစ်သော်လည်း သူမကို အားလုံးက မင်းသမီးလေးလို ဆက်ဆံခဲ့ကြသည်။ သူက ကြယ်စင်ကြားက လမင်းလေးလို တည်ရှိခဲ့သည်။ သူမ လိုချင်တာမှန်သမျှ မရတာ မရှိခဲ့ပေ။ နောက်ဆုံး သူမ မလိုချင်သည့်အရာပင်လျှင် ရှုယောင်း သေမလောက် လိုချင်ပေမယ့် မရနိုင်သည့် အရာများဖြစ်ခဲ့သည်။
လူချင်းတူပေမယ့် အသက်ရှုချင်းကွဲသလို ကံတရားကလည်း မတူညီကြပေ။
ဒီအကြောင်းကိုတွေးမိတော့ ရှုယောင်းက လက်သီးကိုတင်းတင်းဆုပ်ပြီး ဘတ်စ်ကားပေါ်က ဆင်းလိုက် သည်။ သူသည် ပုံမှန် ရပ်ကွက်ထဲက သာမန် နှစ်ထပ်တိုက် အိမ်တစ်အိမ်တွင် နေထိုင်နေရသည်။ သူ အသက်ကြီးလာတော့ သူ့ကို စောင့်ရှောက်ခဲ့သည့် အိမ်ဖော်တစ်စုကို ရှုနင်က ပြန်လွှတ်လိုက်သည်။ ဒါကြောင့် ရှုယောင်းက သူ့ကိုယ်သူသာ အားကိုးရတော့သည်။
မင်းတို့က ရှုဘိုးဘွားပိုင် အိမ်ကြီးမှာ အစေခံ တစ်စုနဲ့ နေထိုင်ကြပေမယ့် ငါ့ကို ခုလို အပြင်မှာ ထားခဲ့တယ်။ လတိုင်း လစဉ်ကြေးပေးတာလွဲပြီး ငါ့ကို ပစ်ထားခဲ့တယ်။ ဒီလိုလုပ်တဲအတွက် မင်းတို့ မိုးကြိုးပစ်ခံရမှာ မစိုးရိမ်ဘူးလား....
ရှုယောင်းက စိတ်နာစွာတွေးလိုက်သည်။ တကယ်တော့ သူနေရသည့် ရပ်ကွက်က လူရည်သန့်ရပ်ကွက်ဖြစ်ကာ သူနေသည့် အိမ်က ကောင်းမွန်ပေမယ့် အမြဲတမ်း သူရသည့်အရာကို ရှုနင် ရသည့်အရာ၊ ရှုနင်ပိုင်ဆိုင်သည့်အရာနဲ့ အမြဲနှိုင်းယှဉ်ရာ ရှုယောင်းက မကျေမနပ်ဖြစ်နေခြင်းပင်။ သူရသည့် လစဉ် စရိတ်က သာမန်မိသားစု နေထိုင်စားသောက်နိုင်သည်ထက် အများကြီးပိုကာ သူနေရသည့် အဆင့်တန်းက မြင့်ပေမယ့် ရှုယောင်းက ဘယ်တော့မှ မရောင့်ရဲနိုင်ပေ။
ဒုတိယ အိမ်တော်ခွဲ့ အကိုဝမ်းကွဲ ရှုကျီရွှမ်းက သူ့ကိုအတော်လေးကောင်းကောင်းဆက်ဆံခဲ့တယ်၊ သူက ရှုယောင်းကို စိုးရိမ်ကြောင်း ပြသခဲ့ပြီး သူ့အတွက် ကောင်းမွန်တဲ့အရာတွေ အများကြီးပို့ခဲ့တယ်။ ရှုကျီရွှမ်းက သူ့ကို ကားတစ်စီးတောင်ပို့ပေးချင်ပေမယ့် ရှုယောင်း က လက်မခံဝံ့ဘူး၊ ဒုတိယအိမ်တော်နဲ့ဆက်သွယ်တာကို ရှုနင် သိသွားရင် သူ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။
သူ ဝံ့ဝံ့ကြွားကြွား ထင်ထင်ပေါ်ပေါ်နေရင် ရှုနင်က သတိထားမိပြီး သူ့ကို ပိုစောင့်ကြည့်မှာကို ရှုယောင်းစိုးရိမ်နေခဲ့သည်။
သူက ရှုနင်ကို အရမ်းကြောက်တယ်၊ အရမ်းကြောက်ခဲ့တယ်၊ ဒါပေမယ့် ...... သူက ဘာကြောင့်ကြောက်ခဲ့ တာလဲ။
ရှုဟိန်ကြောင့် ရှုနင်ကို ကြောက်ခဲ့တာလား...
ရှုဟိန်က သူ့အကိုကြီးနဲ့ အတူနေချင်ခဲ့တယ်၊ ပြီးတော့ ရှုမိသားစုရဲ့ ပိုင်ဆိုင်မှုကို အမွေရ ခဲ့တယ်၊ ဒါပေမယ့် ရှုဟိန်ဆီ မှာ ရှုအိမ်တော်နဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေအများကြီးရှိတယ်၊ ရှုနင် လည်း အပြင်မှာ လုပ်ငန်းအများကြီးကို ပိုင်ဆိုင်ခဲ့တာပဲ။ သူတို့နှစ်ယောက်ပိုင်ဆိုင်တဲ့လုပ်ငန်းနဲ့ စည်းစိမ်ချမ်းသာက ရှုမိသားစုပိုင်လုပ်ငန်းတွေထက်ကို များပြားပေမယ့် သူတို့က ဘာကြောင့် ရှုမိသားစု ပိုင်လုပ်ငန်းကို သူ့ကို မပေးပဲ လက်ဝါးကြီးအုပ်ထားရတာလဲ။
သူတို့နှစ်ယောက်က အရမ်းလောဘကြီးတာပဲ။ ဘာကြောင့် သူ့ကို ခက်ခဲအောင် လုပ်ခဲ့ရတာလဲ...
သူ မသိဘူး၊ သူ တကယ် မသိခဲ့ဘူး။
ရှုယောင်းက ပထမတွေ့တွေ့ချင်းမှာပဲ ရှုနင်ကို အရမ်း မုန်းတီးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ရှုနင်ကို သူ့အဖေက အရမ်းသဘောကျတဲ့အတွက်ပဲ။ မနာလိုခြင်းကြောင့် ယခုအချိန်တွင်သူ့နှလုံးသားထဲက နက်ရှိုင်းသောအမုန်းတရားကို ရှုယောင်း မေ့ဖျောက်လို့ မရနိုင်အောင် ဖြစ်ခဲ့သည်။
ရှုယောင်းက အသက်ပြည့်ပြီးနောက် သူ့အဖိုးထားခဲ့သည့် company အစုရှယ်ယာကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်သည်။ သူ ဘွဲ့ရပြီးသောအခါ ရှုနင်က သူ့ကို ကုမ္ပဏီထဲသို့ မဝင်အောင် တားဆီးလို့ မရတော့ပေ။
ငါ စိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းချင်း မင်းကို ဖြည်းဖြည်းချင်း ငါ ဆွဲချပြမယ်။ မင်းအရေတွေကိုဆွဲထုတ်မယ်၊ မင်းရဲ့အသားတွေကို ဆွဲဖြဲပြီး မင်းအရိုးတွေကို ဆွဲထုတ်ပစ်မယ်၊ မင်းကို တစ်စစီလုပ်ပြီး မီးရှို့ပစ်တာကို ကြည့်ရဖို့ ငါ မစောင့်နိုင်တော့ဘူး။
မင်းနဲ့မင်းရဲ့ကလေးတွေကို ကောင်းကောင်းနေခွင့်ပေးမှာမဟုတ်ဘူး။ အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်.. ရှုနင်...မင်းစောင့်နေစမ်းပါ....
ရှုယောင်းက အညှိုးတကြီးနှင့် ကြုံးဝါးက အမှောင်ထဲကနေ အခွင့်ရေးကို စောင့်နေခဲ့သည်။
************-**************
Extra _ (2-1) - အားလံုးကို အေသဆိုးနဲ႕ ေသေအာင္ ငါ လုပ္ျပမယ္..
လူစည္ကားေနေသာ လမ္းေပၚတြင္ ႀကည့္ေကာင္းေခ်ာေမာေသာ လူငယ္ေလးတစ္ေယာက္ ေလွ်ာက္လွမ္းလာစဥ္ ေရွ႕မွမိန္းကေလးအုပ္စုက စိတ္အားထက္သန္စြာျဖင့္ တစ္စုံတစ္ခုကို ေဆြးေႏြးေနၾကသည္။ ထိုမိန္းကေလးေတြက သူတုိ႕ university က ေက်ာင္းသူေတြ ျဖစ္ႀကသည္။ သူတုိ႕ေတြက ေနာက္က လိုက္ပါလာသည့္ လူငယ္ေလးကို သတိမထားမိပဲ သူတုိ႕ေျပာေနသည့္ ရုပ္ရွင္ဇာတ္ကားအေႀကာင္းကိုပဲ စိတ္ဝင္စားေနႀကသည္။
ရႈေယာင္းက သူတို႔ဘက္ကိုၾကည့္လိုက္ၿပီး သူ႔ရဲ႕ၾကည့္ေကာင္းတဲ့မ်က္ခုံးကို အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူမတို႕ေျပာေနသည့္အေႀကာင္းရာက နာမည္ႀကီး ဒါရိုက္တာ ရွန္းက်ိဳး၏ ေနာက္ဆံုး ရုံတင္ျပသသည့္ ႐ုပ္ရွင္ဇာတ္ကားအေႀကာင္း ျဖစ္သည္၊ ဒီဇာတ္ကားသည္ကမာၻတစ္ ၀ န္းလံုးတြင္ ရံုတင္ျပသခဲ့ျပီး ေအာင္ျမင္ ေက်ာ္ၾကားခဲ့သည့္ ဇာတ္ကားျဖစ္သည္။ ျပီးေတာ့ ထိုကားရဲ႕ လက္ေထာက္ဒါ႐ိုက္တာႏွင့္ရင္းႏွီးျမႇဳပ္ႏွံသူသည္က အဲ့ဒီလူပဲ ျဖစ္သည္။
အဲ့ဒီလူက ဘယ္သူလဲ?
သူက ကြၽန္ေတာ့္အစ္ကိုႀကီး ရႈနင္ ပါ။ သူ႕ရဲ႕ အေဖတူ၊ အေမတူ အကိုႀကီးေလ...ဒါေပမယ့္ အကိုႀကီးက...သူ႕ကို...ဘယ္ေတာ့မွ...
ဒီအေႀကာင္းကို ေတြးမိေတာ့ ရႈေယာင္း ၏မ်က္လုံးမ်ားထဲတြင္ အနည္းငယ္ရႈပ္ေထြးရိပ္ေတြ ေပၚလာခဲ့ျပီး သူ႕စိတ္ေတြ ပင္ပန္းလာခဲ့သည္။ ဒါက သူ ခံႏိုင္ရည္မရွိေသာ ခံစားခ်က္တစ္ခုျဖစ္သည္။
ေလးလံသည့္ သက္ျပင္းကို ပါးစပ္က မႈတ္ထုတ္လိုက္ျပီး ရႈေယာင္းက ဘတ္စ္ကားစီးျပီး အိမ္ျပန္လာခဲ့သည္။ ရႈမိသားစုက အင္မတန္ ခ်မ္းသာကာ ႀသဇာအာဏာရွိေပမယ့္ သူက ခ်မ္းသာသည့္ သခင္ေလးလို မေနရပဲ... သာမန္ေကာလိပ္ေက်ာင္းသားတစ္ ဦးလိုပဲ ေနခဲ့ရတယ္။ အဲ့ဒါ ဘာေႀကာင့္လဲ...
ဘာေၾကာင့္လဲဆိုေတာ့ သူ႔အကိုႀကီးက ရႈနင္က သူ႔ကို သေဘာမက်တဲ့အတြက္ပဲ...
ဟက္... ရယ္စရာပဲ မဟုတ္လား။
ရႈေယာင္း ငယ္ငယ္တုန္းက အမွတ္တရေတြက သူ႕မွတ္ဥာဏ္ထဲမွာ သိပ္မေရရာေပမယ့္ သူ တစ္ေယာက္ေယာက္ကို ထိခိုက္ေစခဲ့တယ္လို႕ေတာ့ မထင္ဘူး။ လူတိုင္းက သူ ငယ္စဥ္က အရမ္းကို ဆိုးသြမ္းကာ ညစ္က်ယ္က်ယ္နုိင္သည္ဟု ေျပာခဲ့ႀကသည္။ ဘယ္ကေလးမဆို ငယ္စဥ္က ဆိုးႀကတာပဲ မဟုတ္လား။ သူ႕တစ္ေယာက္တည္း ထူးျပီး အဲ့လိုျဖစ္ေနလို႕လား...
သူက အိ္မ္အကူေတြကို အနုိင္က်င့္ခဲ့တယ္တဲ့.... ကေလး သဘာဝ သူက ဘာသိဦးမွာမုိ႕လဲ...
အေဖတစ္ေယာက္တည္းကပဲ ငါ့ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံခဲ့တယ္၊ သူက ငါ့ကို အၿမဲတန္း တန္ဖိ္ုးထားျပီး ညအတုိင္း ငါနဲ႕ အတူတူအိပ္တယ္။ သူက ငါ့ကို ထိခိုက္မွာကို အရမ္းေၾကာက္တယ္၊ သူက ငါ့အမွားေတြကို ခြင့္လႊတ္ေပးနိုင္ျပီး အျမဲတမ္း အျပံဳးနဲ႕ ငါ့ကို စကားေျပာခဲ့တယ္။
ဒါေပမယ့္ ရႈနင္ အိမ္ကို ေရာက္လာရင္ ဒါေတြ အားလံုးက လံုးဝကို ေျပာင္းလဲသြားခဲ့တယ္။ အိမ္ေဖာ္ေတြကို အနိုင္က်င့္ရင္ သူက ငါ့ကို အျပစ္ေပးမယ္၊ သူနဲ႔သူ႔အစ္ကိုႀကီးက အိမ္မႀကီးမွာ အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနႏိုင္တယ္၊ ငါ့ကို အိမ္ေဟာင္းကိုပို႔ဖို႔ အေဖကိုေျပာလိမ့္မယ္။ အဲ့ဒါေတာ့ အရမ္းမ်ားသြားျပီ မဟုတ္လား။ ဒါေပမယ့္ လူတိုင္းက သူ႔ကိုေၾကာက္ၾကတယ္။
အိမ္တအိမ္လံုးမွာ ႀသဇာအႀကီးဆံုးျဖစ္တဲ့ အေဖေတာင္ သူလာရင္ ငါ့ကို အရင္လို အလိုမလိုက္ေတာ့ဘူး။ ငါ့ကို စာသင္ေပးဖို႕ ဆရာေတြ ရွာေပးတယ္။ ငါ အျပစ္လုပ္ရင္ ဆံုးမဖို႕အကိုႀကီးကို ခြင့္ေပးခဲ့တယ္။ အိမ္ေဖာ္ေတြေရာ၊ အိမ္ေတာ္ထိန္းေရာ... ရႈနင္လာရင္ ငါ့ကို အေရးမလုပ္ေတာ့ဘူး။ အေဖလည္း ရႈနင္လာရင္ ငါ့ကို ညအခ်ိန္ေရာက္မွ အိမ္ေဟာင္းကို လာေတြ႕ေတာ့တယ္။
ငါ့အေဖရဲ႕အခ်စ္ကို လုယူသြားခဲ့တဲ့ ရႈနင္ကို ငယ္ငယ္ကတည္းက ငါမုန္းခဲ့မိတယ္။ သူလာရင္ ငါက ေနရာဖယ္ေပးရတာကို သိေနခဲ့လို႕ သူ႕ကိုျမင္တုိင္း ငါ ရန္လုပ္ခ်င္တယ္။ ဒါေပမယ့္ ငါက ကေလးပဲရွိေသးတယ္ေလ။ သူ႕ကို အရုပ္နဲ႕ပစ္ေပါက္တာ၊ ငါ လုပ္တဲ့အျပစ္ေလးကို သူ႕ေပၚ ပံုခ်တာေလာက္ပဲ ငါလုပ္နုိင္တာေပါ့။
ဒါေတြက သူ႕ကို ဘာ ထိခုိက္နုိင္မွာမို႕လဲ။
သူ႕ရဲ႕အကိုႀကီးဆိုတဲ့လူက ရႈနင္ကို ထိရင္ ငါ့ကို ေအးစက္စက္မ်က္လံုးေတြနဲ႕ ႀကည့္တတ္တယ္။ ရႈနင္ကို ႀကည့္ရဲ႕ ႀကင္နာနူးညံ့တဲ့အႀကည့္က ငါ့ကို ႀကည့္ရင္ အျမဲျခိမ္းေျခာက္မႈေတြနဲ႕ပဲေလ....
ငါလည္း အေဖ့သား မဟုတ္လုိ႕လား။ အဲ့အကိုႀကီးဆိုတဲ့လူက ရႈနင္ကို ခ်စ္နုိင္ျပီး ငါ့ကို ဘာေႀကာင့္ နည္းနည္းေလးေတာင္ မေကာင္းေပးနုိင္ရတာလဲ....
အေမ့ကို သူ ေကာင္းေကာင္းမမွတ္မိေတာ့ေပ။ သူူ နည္းနည္းႀကီးလာေတာ့ သူ႕အေမကို မေတြ႕ဖူးသလို အိမ္ေတာ္မွာ သူ႕အေမအေႀကာင္းကို ဘယ္သူမွ မေျပာႀကေပ။ သူမ်ားေတြက မိဘအစံုလင္နဲ႕ ႀကီးပ်င္းလာေပမယ့္ သူက အေမကို ငယ္ငယ္တုန္းကလြဲျပီး မျမင္ဖူးခဲ့ေပ။ သူ႕အေဖရွိေပမယ့္ သူ ၈ နွစ္သားမွာ အေဖ ဆံုးပါးသြားခဲ့တယ္။ သူႀကီးလာမွ သူ႕အေမ ဆံုးပါးသြားခဲ့ျပီဆုိတာ သိခဲ့ရတယ္။ သူ႕အေမက ပင္လယ္ထဲက ကြ်န္းေလးေပၚမွာ ဆံုးပါးသြားရတယ္ဆိုပဲ....
အေဖက ဘာေႀကာင့္ အေမ့ကို ပင္လယ္ထဲက ကြ်န္းေလးမွာ ထားခဲ့တယ္ဆုိတာ သူ မသိေတာ့ဘူး။ ရႈနင္က ဒါကို ေသခ်ာေပါက္ သိမွာပဲ။ ဒါေပမယ့္ သူက ဘာေႀကာင့္ အေမ့ကို ကြ်န္းေပၚမွာ ေသတဲ့အထိ ေနခုိင္းရတာလဲ။ ဘာေႀကာင့္ အေမ့ကို သူနဲ႕ေဝးရာမွာ ထားရတာလဲ။ တကယ္လို႕ အေမသာရွိေနမယ္ဆုိရင္ ေသခ်ာေပါက္ သူ႕ကို အခ်စ္အမ်ားႀကီးေပးမွာပဲ... အခုေတာ့ အေဖ ဆံုးသြားကတည္းက သူ တစ္ေယာက္တည္းျဖစ္ခဲ့တယ္။
တစ္ခါတေလ ရႈေယာင္းက ရႈေဟာင္ယြဲ႕ကို မနာလိုျဖစ္မိတယ္။ သူမ ဆီမွာ အရာအားလုံးရွိတယ္၊ သူ႔အေဖနွစ္ေယာက္ရဲ႕ခ်စ္ျခင္းေမတၱာ၊ သူမအစ္ကိုေတြရဲ႕ ဂ႐ုစိုက္မႈႏွင့္ႏွစ္သိမ့္မႈေတြကို ရတဲ့အျပင္ ၿမိဳ႕ေတာ္မွာရွိတဲ့ စစ္ထူအိ္မ္ေတာ္က သူမ၏အဖိုး စစ္ထူထံုးဆိုရင္ သူမကို ရဖို႕ အျပင္းအထန္ႀကိဳးစား ခဲ့တယ္လို႕ ႀကားတယ္။ သူမကိုျပန္ယူဖို႕နဲ႕ ... သူမရဲ႕ နာမည္ကို စစ္ထူမိသားစု မ်ိဳးရိုးသစ္ပင္မွာ ထည့္သြင္းနုိင္ဖို႕ အသည္းအသန္ႀကိဳးစားခဲ့တယ္တဲ့။
ဒီလိုမ်ိဳး ႀကီးျမတ္လွတဲ့ ဂုဏ္သိကၡာက ရႈေယာင္းကို ႐ူးသြပ္ေစခဲ့သည္၊ သူတို႔အားလုံးသည္ ရႈမ်ိဳးရိုးနာမည္ကို ဆက္ခံထားႀကေပမယ့္ သူတို႕ရဲ႕ဘဝေတြက မတူႀကီႀကဘူး။
ရႈနင္နဲ႕ သူ ဆုိလည္း ရႈခ်ိန္ဆိုတဲ့ အေဖတစ္ေယာက္တည္းက ေမြးဖြားလာေပမယ့္ ေနရတဲ့ ဘဝခ်င္းက မတူညီႀကဘူး။ ျပီးေတာ့ ရႈေဟာင္ယြဲ႕ဆုိတဲ့ ကေလးမက သူ႕ဘဝထက္ အမ်ားႀကီ းသာလြန္တဲ့ ဘဝမွာေနရတယ္။ ဘာေႀကာင့္လဲဆုိေတာ့ သူမက ရႈနင္ရဲ႕သမီးျဖစ္ေနလို႕ပဲ...
ရႈေယာင္း ပင္ပန္းစြာ သက္ျပင္းခ်လိုက္သည္။ သူ႔အေဖဆုံးၿပီးတဲ့ေနာက္မွာ အေစခံတစ္ဖြဲ႕နဲ႕အတူ သူ႔ကို အိမ္ေတာ္အျပင္မွာ ျပဳစုပ်ိဳးေထာင္ဖို႔ေစလႊတ္တာေတာင္ခံခဲ့ရတယ္၊ သူက အခ်စ္မခံရတဲ့ ကေလးျဖစ္တဲ့အတြက္ သူ႕အကိုႀကီးက သူ႕ကို ဂရုစိုက္ဖို႕ ဘာေႀကာင့္ သူတုိ႕ခြန္အားကို သံုးေနဦးမွာတဲ့လဲ...
သူ ဆက္လက္ အသက္ရွင္နုိ္င္ဖို႕... ရႈေယာင္းက လူေကာင္းေလးလို ေနထုိင္ခဲ့ရျပီး သူ႕ကိုယ္သူူ တိုးတက္ေစဖုိ႕ အရမး္ကိုတြန္းအားေပးျပီး ႀကိဳးစားခဲ့ရတယ္။ မဟုတ္ရင္ သူ႕ကို ရႈနင္က ပိုက္ဆံမေပးေတာ့မွာ၊ ဆက္လက္မေထာက္ပံ့ေတာ့မွာကို ေႀကာက္ေနခဲ့တယ္။
တစ္ခါတုန္းက ရႈေယာင္းကို သက္လတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္က လမ္းမွာ တားဆိီးတာ ခံလိုက္ရတယ္။ သူမႏွင့္စကားေျပာၿပီးေနာက္ ထို ခပ္ႏြမ္းႏြမ္း အဝတ္စားနဲ႕ အမ်ိဳးသမီးက သူ႕ အေမ၏အစ္မျဖစ္တယ္ဆုိတာ သိလိုက္ရသည္။ ထိုအမ်ိဳးသမီးႀကီးက သူတို႕ရဲ႕ေတာ္စပ္မႈကို ေျပာျပကာ သူ႕ဆီက ပိုက္ဆံလာေတာင္းေနတာျဖစ္သည္။
ရႈေယာင္းက ပညာမတတ္၊ အေျပာအဆို ရုန္႕ရင္းႀကမ္းတမ္းျပီးေအာက္တန္းက်သည့္ ထိုအေဒၚကို ရင္ထဲ အသည္းထဲကေန ရြံ႕ရွာ မုန္းတီးအထင္ေသးမိသည္။ ဒါေပမယ့္ သူ႕ရင္ထဲက အထင္ျမင္ေသးမႈနဲ႕ ကဲ့ရဲ႕မႈကို သိုဝွက္ျပီး သူ႕ဆီမွာ ပိုက္ဆံတစ္ျပားမွ မရွိေႀကာင္း ယံုေအာင္ ေျပာကာ သူမကို ထြက္သြားေအာင္ မနည္းလုပ္လိုက္ရသည္။
ရႈဟိန္ ရဲ႕အေမကိုၾကည့္လိုက္စမ္းပါ၊ ျမိဳ႕ေတာ္မွာ ေမာဝ္မိသားစုက နုိင္ငံေရးမွာ ၾသဇာႀကီးမားသလို ရႈဟိန္ရဲ႕ အေဖဘက္က စစ္ထူအိမ္ေတာ္က စစ္ေရးမွာ အင္အားႀကီးမားႀကတယ္၊ သူတို႔ေတြက အရာရွိေတြ၊ စစ္တပ္အႀကီးကဲေတြျဖစ္ႀကျပီး ေနရာတုိင္းမွာ လူတိုင္းေလးစားအားက်ရတဲ့ သူေတြျဖစ္တယ္။ သြားေလရာမွာ ေလးစားခံရတဲ့ အားက်ခံရတဲ့ သူေတြျဖစ္တယ္။
ဒါေပမယ့္ သူ႕က်ေတာ့ ဘာေႀကာင့္ ဒါေတြ မရွိရတာလဲ။ သူ႔အေမရဲ႕မိသားစုေနာက္ခံက ဘာေၾကာင့္ မခိုင္မာတာလဲ။ ဘာေႀကာင့္ ဆင္းရဲျပီး ေအာက္တန္းက်ေနရတာလဲ။ ရႈနင္လည္း သူ႕လို တစ္မေအ တည္းက ေမြးလာေပမယ့္ သူက်ေတာ့ ဘာေႀကာင့္ စစ္ထူအိမ္ေတာ္က နွစ္လုိျခင္းကို ခံရတာလဲ။ သူတို႕က ညီအစ္ကို အရင္းေတြျဖစ္ေပမယ့္ ဒီကြာျခားမႈကို ရဖို႕ သူ ဘာလုပ္ခဲ့တာလဲ။
ေနာက္ဆံုး အေမ့ ဘက္က ဦးေလးျဖစ္သူ ခ်င္ယြိဖူေတာင္မွ သူ႕ထက္ သူ႕အကိုရႈနင္ကို ပ်ာေနေအာင္ ခ်စ္တယ္ဆိုတဲ့ အသိက သူ႕ကို မနာလိုျဖစ္လို႕ ရူူးမလိုျဖစ္ေစခဲ့တယ္။ ရႈနင္ကိုဆိုရင္ ဦးေလးက အရမ္းခ်စ္သလို အရမ္းေလးစားတာ ဘာေႀကာင့္လဲ။ ရႈနင္က သူ႕ကို ေထာက္ပံ့ေပးတဲ့ သူ႕အကိုႀကီးရွိေနလို႕ ေအာင္ျမင္ေနတာ မဟုတ္လား။ ရႈနင္က ဘာထူးျခားျပီး ေကာင္းေနလို႕ အားလံုးက ဝိုင္းခ်စ္ေနႀကတာလဲ။ ရႈနင္ ရတဲ့အရာေတြကို သူက ဘာေႀကာင့္ မရနုိင္ရတာလဲ...
မတရားဘူး...ေလာကႀကီးက တကယ့္ကို မတရားဘူး....
ရႈေဟာင္ယြဲ႕ရဲ႕ရုပ္သြင္က ရႈေယာင္း၏ စိတ္ထဲတြင္ ထပ္မံေပၚထြက္လာခဲ့သည္၊ သူမသည္ ေယာက္်ားႏွစ္ ဦး မွ ဖြဲ႕စည္းထားေသာ ကေလးတစ္ေယာက္ျဖစ္ေသာ္လည္း သူမကို အားလံုးက မင္းသမီးေလးလို ဆက္ဆံခဲ့ႀကသည္။ သူက ႀကယ္စင္ႀကားက လမင္းေလးလို တည္ရွိခဲ့သည္။ သူမ လိုခ်င္တာမွန္သမွ် မရတာ မရွိခဲ့ေပ။ ေနာက္ဆံုး သူမ မလိုခ်င္သည့္အရာပင္လွ်င္ ရႈေယာင္း ေသမေလာက္ လိုခ်င္ေပမယ့္ မရနုိင္သည့္ အရာမ်ားျဖစ္ခဲ့သည္။
လူခ်င္းတူေပမယ့္ အသက္ရႈခ်င္းကြဲသလို ကံတရားကလည္း မတူညီႀကေပ။
ဒီအေႀကာင္းကိုေတြးမိေတာ့ ရႈေယာင္းက လက္သီးကိုတင္းတင္းဆုပ္ၿပီး ဘတ္စ္ကားေပၚက ဆင္းလိုက္ သည္။ သူသည္ ပံုမွန္ ရပ္ကြက္ထဲက သာမန္ နွစ္ထပ္တိုက္ အိမ္တစ္အိမ္တြင္ ေနထိုင္ေနရသည္။ သူ အသက္ႀကီးလာေတာ့ သူ႕ကို ေစာင့္ေရွာက္ခဲ့သည့္ အိမ္ေဖာ္တစ္စုကို ရႈနင္က ျပန္လႊတ္လိုက္သည္။ ဒါေႀကာင့္ ရႈေယာင္းက သူ႔ကိုယ္သူသာ အားကိုးရေတာ့သည္။
မင္းတို႕က ရႈဘုိးဘြားပို္င္ အိမ္ႀကီးမွာ အေစခံ တစ္စုနဲ႕ ေနထိုင္ႀကေပမယ့္ ငါ့ကို ခုလို အျပင္မွာ ထားခဲ့တယ္။ လတုိင္း လစဥ္ေႀကးေပးတာလြဲျပီး ငါ့ကို ပစ္ထားခဲ့တယ္။ ဒီလိုလုပ္တဲအတြက္ မင္းတို႕ မိုးႀကိဳးပစ္ခံရမွာ မစိုး၇ိမ္ဘူးလား....
ရႈေယာင္းက စိတ္နာစြာေတြးလိုက္သည္။ တကယ္ေတာ့ သူေနရသည့္ ရပ္ကြက္က လူရည္သန္႕ရပ္ကြက္ျဖစ္ကာ သူေနသည့္ အိမ္က ေကာင္းမြန္ေပမယ့္ အျမဲတမ္း သူရသည့္အရာကို ရႈနင္ ရသည့္အရာ၊ ရႈနင္ပိုင္ဆိုင္သည့္အရာနဲ႕ အျမဲနိႈင္းယွဥ္ရာ ရႈေယာင္းက မေက်မနပ္ျဖစ္ေနျခင္းပင္။ သူရသည့္ လစဥ္ စရိတ္က သာမန္မိသားစု ေနထုိင္စားေသာက္နိုင္သည္ထက္ အမ်ားႀကီးပိုကာ သူေနရသည့္ အဆင့္တန္းက ျမင့္ေပမယ့္ ရႈေယာင္းက ဘယ္ေတာ့မွ မေရာင့္ရဲနုိင္ေပ။
ဒုတိယ အိမ္ေတာ္ခြဲ႕ အကိုဝမ္းကြဲ ရႈက်ီရႊမ္းက သူ႔ကိုအေတာ္ေလးေကာင္းေကာင္းဆက္ဆံခဲ့တယ္၊ သူက ရႈေယာင္းကို စိုးရိမ္ေၾကာင္း ျပသခဲ့ၿပီး သူ႕အတြက္ ေကာင္းမြန္တဲ့အရာေတြ အမ်ားႀကီးပို႔ခဲ့တယ္။ ရႈက်ီရႊမ္းက သူ႕ကို ကားတစ္စီးေတာင္ပို႔ေပးခ်င္ေပမယ့္ ရႈေယာင္း က လက္မခံဝံ့ဘူး၊ ဒုတိယအိမ္ေတာ္နဲ႕ဆက္သြယ္တာကို ရႈနင္ သိသြားရင္ သူ ပိုျပီး ဒုကၡေရာက္လိမ့္မယ္။
သူ ဝံ့ဝ့့ံႀကြားႀကြား ထင္ထင္ေပၚေပၚေနရင္ ရႈနင္က သတိထားမိျပီး သူ႕ကို ပိုေစာင့္ႀကည့္မွာကို ရႈေယာင္းစိုးရိမ္ေနခဲ့သည္။
သူက ရႈနင္ကို အရမ္းေၾကာက္တယ္၊ အရမ္းေၾကာက္ခဲ့တယ္၊ ဒါေပမယ့္ ...... သူက ဘာေၾကာင့္ေႀကာက္ခဲ့ တာလဲ။
ရႈဟိန္ေႀကာင့္ ရႈနင္ကို ေႀကာက္ခဲ့တာလား...
ရႈဟိန္က သူ႔အကိုႀကီးနဲ႔ အတူေနခ်င္ခဲ့တယ္၊ ၿပီးေတာ့ ရႈမိသားစုရဲ႕ ပိုင္ဆိုင္မႈကို အေမြရ ခဲ့တယ္၊ ဒါေပမယ့္ ရႈဟိန္ဆီ မွာ ရႈအိမ္ေတာ္နဲ႕ မသက္ဆိုင္တဲ့ ပိုင္ဆိုင္မႈေတြအမ်ားႀကီးရွိတယ္၊ ရႈနင္ လည္း အျပင္မွာ လုပ္ငန္းအမ်ားႀကီးကို ပိုင္ဆိုင္ခဲ့တာပဲ။ သူတုိ႕နွစ္ေယာက္ပိုင္ဆိုင္တဲ့လုပ္ငန္းနဲ႕ စည္းစိမ္ခ်မ္းသာက ရႈမိသားစုပို္င္လုပ္ငန္းေတြထက္ကို မ်ားျပားေပမယ့္ သူတို႕က ဘာေႀကာင့္ ရႈမိသားစု ပိုင္လုပ္ငနး္ကို သူ႕ကို မေပးပဲ လက္ဝါးႀကီးအုပ္ထားရတာလဲ။
သူတုိ႕နွစ္ေယာက္က အရမ္းေလာဘႀကီးတာပဲ။ ဘာေႀကာင့္ သူ႕ကို ခက္ခဲေအာင္ လုပ္ခဲ့ရတာလဲ...
သူ မသိဘူး၊ သူ တကယ္ မသိခဲ့ဘူး။
ရႈေယာင္းက ပထမေတြ႕ေတြ႕ခ်င္းမွာပဲ ရႈနင္ကို အရမ္း မုန္းတီးခဲ့တယ္။ ဘာေႀကာင့္လဲဆုိေတာ့ ရႈနင္ကို သူ႕အေဖက အရမ္းသေဘာက်တဲ့အတြက္ပဲ။ မနာလိုျခင္းေႀကာင့္ ယခုအခ်ိန္တြင္သူ႔ႏွလုံးသားထဲက နက္ရႈိင္းေသာအမုန္းတရားကို ရႈေယာင္း ေမ့ေဖ်ာက္လို႕ မရနုိင္ေအာင္ ျဖစ္ခဲ့သည္။
ရႈေယာင္းက အသက္ျပည့္ျပီးေနာက္ သူ႕အဖိုးထားခဲ့သည့္ company အစုရွယ္ယာကို ပိုင္ဆိုင္ခဲ့ျပီးျဖစ္သည္။ သူ ဘြဲ႕ရၿပီးေသာအခါ ရႈနင္က သူ႕ကို ကုမၸဏီထဲသို႔ မ၀င္ေအာင္ တားဆီးလို႕ မရေတာ့ေပ။
ငါ စိတ္ရွည္ရွည္နဲ႔ျဖည္းျဖည္းခ်င္း မင္းကို ျဖည္းျဖည္းခ်င္း ငါ ဆြဲခ်ျပမယ္။ မင္းအေရေတြကိုဆြဲထုတ္မယ္၊ မင္းရဲ႕အသားေတြကို ဆြဲျဖဲျပီး မင္းအ႐ိုးေတြကို ဆြဲထုတ္ပစ္မယ္၊ မင္းကို တစ္စစီလုပ္ျပီး မီးရႈိ႕ပစ္တာကို ၾကည့္ရဖို႕ ငါ မေစာင့္နုိင္ေတာ့ဘူး။
မင္းနဲ႔မင္းရဲ႕ကေလးေတြကို ေကာင္းေကာင္းေနခြင့္ေပးမွာမဟုတ္ဘူး။ အားလံုးကို အေသဆိုးနဲ႕ ေသေအာင္ ငါ လုပ္ျပမယ္.. ရႈနင္...မင္းေစာင့္ေနစမ္းပါ....
ရႈေယာင္းက အညွိဳးတႀကီးနွင့္ ႀကံဳးဝါးက အေမွာင္ထဲကေန အခြင့္ေရးကို ေစာင့္ေနခဲ့သည္။
************-**************