Transmigrator meets reincarna...

By Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

138

1.2K 319 23
By Larkspur41

Unicode

ချူးလျန်လည်း လန့်ပြီး ထအော်မိသွားတယ်၊ သူမရဲ့ လက်တွေကို သူ့ကိုယ်ပေါ်ကနေ ဖယ်ပြီး ပြန်ကြည့်လိုက်တော့သူ့မျက်လုံးတွေက မှိတ်နေဆဲဘဲ။

နောက်ဆုံးတော့ သူ အိမ်မက်ယောင်နေတာမှန်း သူမ သိသွားပြီ၊ အဲ့ကျမှဘဲ ရင်ဘက်လေးဖိပြီး သက်ပြင်းချနိုင်တော့တယ်။

ဒါက သူမ ကို တကယ်ဘဲ လန့်သွားစေတာဘဲ။

ဒီလူရဲ့ ပါးစပ်ကနေ နောက်တကြိမ် ထပ်ပြီး ဝိုးတဝါးနဲ့ အသံထွက်လာတယ်၊ ဒါပေမယ့် သူ့အသံလေးက တကယ်ဘဲ တိုးတိုးလေးဆိုတော့ ဘာပြောလိုက်မှန်း ချူးလျန်လည်း နားမလည်နိုင်ဘူး။

ချူးလျန်လည်း စပ်စုချင်စိတ်နဲ့ ဖြည်းဖြည်းချင်းလေး အနားတိုးပြီး သူ့ပါးစပ်နားလေးရောက်အောင် အနားကပ်သွားလိုက်တယ်၊သူ ဘာတွေ ယောင်နေလဲဆိုတာကို သူမတကယ်ဘဲ သိချင်လိုက်တာ။

သူမ တတ်နိုင်သမျှ အနားကပ်ရင်းနဲ့ စကားလေးနည်းနည်းတော့ ‌ကြားလိုက်ရတယ်။

ဒီလို ထူးဆန်းပြီး ရှေ့နောက်မညီတဲ့ စကားတွေကြောင့် ချူးလျန် စိတ်တွေတောင် ရှုပ်ထွေးသွားရတယ်။

"ဟက် ၊ကောက်ကျစ်တဲ့ မိန်းမ  မင်းငါ့ကို သစ္စာဖောက်ခဲ့လို့ နောင်တရနေပြီမလား၊ နောက်ဆုံးတော့ အဲ့ ဒီကောင်ကလည်း မကောင်းတဲ့ကောင်ဘဲလေ၊ မင်းကို သူ သစ္စာဖောက်သွားပြီ၊‌ မင်းဝမ်းနည်းတယ်မလား၊ နာကျင်တယ်မလား၊ပြောစမ်းပါ၊ ငါခံစားခဲ့ရတာက မင်းထက် အဆတစ်ရာမက ပိုခဲ့တယ်"

ချူးလျန်:....

ဒီကယောင်ကတမ်းနဲ့ လူကို ကြည့်ရင်းနဲ့ ချူးလျန် နှုတ်ခမ်းတွေတောင် မဲ့ကျသွားတယ်၊ ကြည့်ရတာ ဒီယောကျ်ားက အရင်တုန်းက ကိစ္စ တစ်ခုခုကြောင့်အသည်းကွဲနေခဲ့တာဖြစ်မယ်။

ချူးလျန်လည်း အဲ့လို အရေမရ အဖက်မရ စကားတွေ ဆက်နားထောင်နေတုန်းမှာဘဲ အဲ့လူက ချက်ချင်းတိတ်ဆိတ်သွားတယ်။

တစ်ခဏချင်းမှာဘဲ သူ့ ခန္ဓာကိုယ် အပူချိန်ကပြန်တက်လာတယ်၊ ချူးလျန်လည်း ‌ရွေးချယ်စရာမရှိတော့ဘဲ သူ့တကိုယ်လုံးကို အပူကျဖို့ ရေပတ်ဆက်တိုက်ပေးနေရတယ်။

နောက်တော့ ချူးလျန်က ဂူနံရံကို မှီချလိုက်ပြီး ဟေးစန်းလန်ခေါင်းကို သူမ ပေါင်ကို ခေါင်းအုံးထားလိုက်တယ်၊ ဒါမှ သူ တစ်ခုခုဖြစ်ပြီး အပူချိန်တက်လာရင် သူမ အလွယ်တကူသိနိုင်မယ်လေ။

ချူးလျန်လည်း ပင်ပန်းနေတာမို့ ဂူကို မှီရင်း အိပ်မောကျသွားတယ်။

အိမ်မက်ထဲမှာ တစ်ခုခုက သူမ ခါးတွေကို လာရစ်ပတ်နေတယ်လို့ ခံစားမိလိုက်တယ်၊ မျက်စိဖွင့်ကြည့်ဖို့လည်း အားမရှိတော့တာမို့ ဘာကြီးက လာရစ်တွယ်နေမှန်း မသိနိုင်ဘူး ဖြစ်နေတယ်။

အိမ်မက်ဆိုးတွေက ကြီးစိုးနေတော့ ဟေးစန်းလန် မျက်ခုံးနှစ်ဖက်က စုသထက် စုလာတယ်၊အခုချိန်မှာ သူက စိတ်ရောကိုယ်ပါ ပင်ပန်းလို့နေတယ်၊ ဒီလို ခက်ခဲဆင်းရဲနေတဲ့ အချိန်မှာဘဲ သူ့ ခန္ဓာကိုယ်က နွေးထွေးပြီး သက်တောင့် သက်သာရှိတဲ့ နေရာလေးတစ်ခု ရှာတွေ့သွားသလိူ ခံစားလိုက်ရတယ်။

ရင်းနှီးနေကျ ရနံ့လေးတစ်ခုကို ရလိူက်ရတော့ ချက်ချင်းဘဲ စိတ်ငြိမ်သွားတယ်၊သူ့ခေါင်းထဲကို ဒီလို ချိုမြိန်တဲ့ ရနံ့လေးက ဝင်ရောက်လာပြီးတော့ သူ့ရဲ့ ပရမ်းပတာ အတွေးတွေကိုပါ မောင်းထုတ်ပစ်လိုက်တယ်။

ထိုးတက်နေတဲ့ အဖျားကတောင် ဖြည်းဖြည်းချင်း သက်သာလာတယ်။

တချိန်တည်းမှာဘဲ ဟေးစန်းလန်ရဲ့ လက်နှစ်ဖက်က ချူးလျန်ရဲ့ သေးသွယ်တဲ့ ခါးလေးကိူ ဖက်တွယ်ထားတယ်၊ ဒီလိူ နူးညံ့ပြီးနွေးထွေးလှတဲ့ ခံစား‌ချက်လေးကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတယ်။

ဟေးစန်းလန်ရဲ့ အသက်ရှုသံတွေက ပိုပြင်းလာပြီးတော့ သူ့ရဲ့ မသိစိတ်ထဲကနေ ဒီရနံ့လေးနဲ့ ဒီခံစားချက်လေးကို ပိူပိုပြီး လိုချင်လာတယ်။

အတွေးနဲ့ တထပ်တည်း သူ့လက်တွေကလည်း ချူးလျန်ခါးကို ပို တင်းကျပ်နေအောင် ဖက်တွယ်လိုက်တာ်၊တင်းကျပ်နေအောင်ဖက်ထားလို့ ချူးလျန်ဘက်က အနည်းငယ်လူးလွန့်ပြီး ရုန်းကန်လိုက်တော့ ဟေးစန်းလန် ဆက်ခနဲ နိုးလာတယ်။

ဟေးစန်းလန် မျက်လုံးတွေ ဖြည်းဖြည်းချင်းဖွင့်လာတယ်၊ သူ့လက်မောင်းတွေက ဘာကို သွားဖက်ထားလဲဆိုတာကို သူသိသွားတော့ တကိုယ်လုံးတောင့်တင်းသွားတယ်။

သူမက်ခဲ့တဲ့ ဆိုးဝါးတဲ့ အိမ်မက်တွေက သူ့စိတ်ထဲ ပြန်ဝင်လာတယ်၊သူ့အိမ်မက်ထဲမှာ ခြောက်လန့်နေခဲ့တဲ့ ဒီအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်ရတော့ ယင်ကောင်ကို ဝါးစားလိုက်မိသလို ရွံရှာသွားရတယ်။

သူက ချူးလျန်ခါးကို ချက်ချင်းလွှတ်ပြီး ထထိုင်လိုက်တယ်၊ ပြီးတော့ သူတို့ကြားမှာ အကွာဝေး‌တစ်ခုခြားအောင် ဘေးကို တိုးလိုက်တယ်။

ကံကောင်းစွာနဲ့ ဒီမိန်းမက တကယ်အိမ်မောကျနေတယ်၊ သူရဲ့ အပြုအမူတွေကတောင်သူမကို မနိုးသွားစေဘူး။

သူနိုးလာလာချင်း သူမကို မြင်လိုက်ရတော့ အတိတ်တုန်းကနဲ့ လက်ရှိနဲ့က ထပ်တူကျနေတယ်လို့ ထင်မိသွားတယ်။

အခုမှ ဖြည်းဖြည်းချင်း ပြန်တွေးကြည့်တော့ သူ့စိတ်ထဲမှာ ချူးလျန်က မတူညီတဲ့ ပုံရိပ်နဲ့ ရှိနှင့်နေပြီ။

ဟေးချန်ဒီက မှန်းဆလို့မရတဲ့ ပုံစံနဲ့ ချူးလျန်ကို ငေးကြည့်နေမိတယ်၊ သူမက စောစောက ပုံ‌ေလးအတိုင်းဘဲနံရံကို မှီလို့ ခြေဆင်းလျက် အိပ်ပျော်နေ‌တုန်းဘဲ၊ သူမ လက်တဖက်မှာ ရေစိုဝတ်ကို ကိုင်လျက်သားနဲ့၊ရေဘူးကလည်း မှောက်ကျနေပြီးတော့ မြေပေါ်မှာ ရေတေွ‌ေတာင်အိုင်နေတယ်။

သူ့ရဲ့ ဉာဏ်ရည်အရတော့ ချူးလျန် ဘာလုပ်ခဲ့လဲဆိုတာ ခန့်မှန်းဖို့ မခက်လှဘူး၊ ဒါလေးက သူ့နှလုံးသားကို တခါထပ်ပြီး ပရမ်းပတာ ဖြစ်သွားစေတယ်။

ဟေးချန်ဒီက သူနဲ့ ခြေလှမ်းအနည်းငယ်အကွာက ဒီအမျိုးသမီးကို စိုက်ကြည့်လို‌ေနတယ်၊သူ့စိတ်ထဲမှာတော့ ဒီအမျိုးသမီးရဲ့ ပုံရိပ်က နှစ်ခုဆီ ကွဲထွက်လို့နေတယ်။

ဘယ်ဟာက တကယ့် ချူးလျန်လဲ?

သူမကို နောက်တကြိမ် ထပ်ယုံကြည်လို့ရပါ့မလား?

ဟေးစန်းလန်က အတွေးယာဉ်ကြောထဲ မျောနေရင်းနဲ့ သူ့ရဲ့ ပါးလှတဲ့ နားကနေ ‌ဂူအပြင်က ခြေသံတွေကို ကြားလိုက်ရတယ်၊သူချက်ချင်းဘဲ ခက်ထန်သွားပြီး ချူးလျန်ဘေးကို ခုန်လို့ သူမကို လှုပ်ယမ်းပြီး နှိုးလိုက်တယ်။

‌ချူးလျန်လည်း လှုပ်ယမ်းမှုကြောင့် နိုးလာတယ်၊ သူမက အိပ်ချင်မူးတူး မျက်လုံးလေးတွေနဲ့ တဖက်လူကို ကြည့်လိုက်တော့ တဖက်က အသံထွက်လာတယ်" ရှူး..တယောက်ယောက်လာနေတယ်"

သူမရဲ့ အိပ်ချင်စိတ်လေးတောင် ဘယ်လွင့်လိူ့ လွင့်သွားမှန်း မသိတော့ဘူး။

သူစိတ်က အလိုလိုဘဲ ချူးလျန်ကို သူ့နောက်ကို ပို့ပြီး ကာကွယ်ပေးထားတယ်၊ လက်တဖက်ကလည်း ခါးနားက ဓားမြှောင်ကို အသင့်ကိုင်ထားတယ်၊ သူ့မျက်လုံးတွေက အမဲလိုက်တော့မယ့် လင်းယုန်တစ်ကောင်လို ဂူပေါက်ဝကို စူးစိုက်ကြည့်နေတယ်။

သူတို့မှာ ပုန်းကွယ်ဖို့ အချိန်မရှိတော့ဘူး၊ တယောက်ယောက်ကတော့ အထဲမှာ လူရှိနေတာကို သိနေလောက်ပြီ။

ဟေးချန်ဒီရဲ့ မျက်ဝန်းတွေက တနေရာထဲမှာ ကျောက်ချထားတယ်၊ ဝင်လာတဲ့သူတွေက တုဟွန်းတွေ မဖြစ်ဖိူ့ မျှော်လင့်ရတာဘဲ၊ သူ့မှာ တိုက်ခိုက်ဖို့ လက်နက် မရှိတဲ့ အပြင် ခန္ဓာကိုယ်ကလည်း အခြေနေ မကောင်းနေဘူး၊ ပြီးတော့ ဘေးက ဒီမိန်းမကိုလည်း ကာကွယ်ပေးရအူံးမယ်၊ အခုချိန်မှာ တုဟွန်းတွေနဲ့ တိုက်ခိုက်ရမှာကို တကယ်ဘဲ စိတ်ပူနေတယ်။

ချူးလျန်ရဲ့ အကြည့်တွေကလည်း ဂူပေါက်ဝကို ကြည့်ရင်း စိုးရိမ်ပူပန်နေတယ် ၊သူမ လက်က ခါးက အိတ်ထဲက ငရုတ်သီး မှုန့်ဘူးကို အသင့်ကိုင်ထားတယ်၊ တကယ်လို့များ တိုက်ရခိုက်ရမယ်ဆိုရင် သူမဘက်က အဲ့လူမျက်နှာဆီ ဒါတွေ တန်း ပက်ပစ်လိုက်မယ်။

သိပ်မကြာခင်မှာဘဲ ဂူပေါက်ဝမှာ လူရိပ်နှစ်ခု ထင်ဟပ်လာတယ်။

ဟေးစန်းလန်က ဝင်လာတဲ့ နှစ်ယောက်ရဲ့ မျက်နှာတွေကို မြင်မှ‌ဘဲ စိတ်ချလက်ချရှိသွားတော့တယ်။

"ညီအစ်ကို ဟေး!"

"ခေါင်းဆောင်!"

အံ့အားသင့်နေတဲ့ အသံနှစ်ခုက တပြိုင်တည်း ထွက်ပေါ်လာတယ်။

ဟေးစန်းလန်လည်း ဓားမြှောင်နားက လက်ကို လွှတ်ချပြီး ဝင်လာတဲ့ နှစ်ယောက်ဆီ လျှောက်သွားလိုက်တယ်၊သူတို့တွေက လက်ထောက်တပ်မှုး ရှောင်ဟုန်ယု နဲ့ နောက်တယောက်က ‌ေဟစန်းလန်ရဲ့ တပ်ဖွဲ့ထဲက စစ်သားတယောက်ဖြစ်တဲ့ ကျောင်းလျန်ဘဲ။

အစောပိုင်းတုန်းက သူမှတ်ခဲ့တဲ့ အမှတ်အသားတွေက အသုံးဝင်သွားပုံပေါ်တယ်။

ဟေးချန်ဒီထက် တနှစ်နီးပါးငယ်ရွယ်တဲ့ ရှောင် ဟုန်ယုက ဟေးချန်ဒီကို ဝမ်းသာအားရနဲ့ လှမ်းဖက်လိုက်တယ်၊ပြီးတော့ သူ့တကိုယ်လုံးကို လှည့်ပတ်ကြည့်ပြီး "ညီအစ်ကိုဟေး ၊ ခင်ဗျားက‌တော့ ကျွန်တော်တို့ကို သေအောင် ခြောက်နေတာဘဲ၊ အခု အဆင်ပြေရဲ့လား ၊ကျွန်တော်နဲ့ ကျောင်းလျန် တို့ အမှတ်အသားကို တွေ့လို့ ဒီဘက်ရောက်လာတာ၊တုဟွန်း ဘက်က ကင်းထောက်တယောက်နဲ့ တွေ့ခဲ့တာနဲ့ အပြတ်ရှင်းခဲ့လိုက်သေးတယ်"

ဟေးစန်းလန်က သူတို့ နှစ်ယောက်ရဲ့ ပုခုံးတွေကို ပုတ်လိုက်ပြီးတော့ " နှစ်ယောက်လုံး တော်တယ်"

ဟေးစန်းလန် နောက်နားမှာ ရပ်နေတဲ့ ချူးလျန်လည်း ဝင်လာတဲ့ နှစ်ယောက်ကို သူမရဲ့ မျက်လုံးဝိုင်းတွေနဲ့ ကြောင်ကြောင်ကြီး ရပ်ကြည့်နေမိတယ်၊သူတိူ့တွေ ဒီမုတ်ဆိတ်တွေနဲ့ လူကို ခေါ်လိုက်တဲ့ ညီအစ်ကို ဟေးဆိုတာက သူမ အတွက် နည်းနညိး ထူးဆန်းနေသလိုဘဲ။

သူ့ရဲ့ မျိုးရိုးနာမည်က ဟေးဖြစ်နေပြီး သူက ခေါင်းဆောင်တပ်မှုးလည်း ဖြစ်နေတယ်၊ ဒါက တိုက်ဆိုင်နေတာ မဖြစ်နိုင်လောက်ဘူး။

ချူးလျန်လည်း သူမရှေ့က တောင့်တင်းတဲ့ ကျောပြင်ကျယ်ကို ကြည့်နေရင်းနဲ့ မုတ်ဆိတ်တွေနဲ့ မျက်နှာက စိတ်ထဲ ရောက်လာတယ်။

‌ချူးလျန် ခေါင်းယမ်းလိုက်မိတယ်၊ ဘယ်လိုဘဲတွေးတွေး ‌ေဟစန်းလန်ရဲ့ ချောမောတဲ့ မျက်နှာနဲ့ ဒီလူရဲ့ မျက်နှာကို မဆပ်စပ်နိုင်ဘူးဖြစ်နေတယ်။

ဒါနဲ့ သူမစိတ်ထဲ တိုက်ဆိုင်မှုပါလို့ ဇွတ်တွေး‌ပစ်လိုက်တယ်၊ မြောက်ပိုင်းစစ်တပ်မှာ လူထောင်ပေါင်း‌များစွာရှိနေတာဘဲ၊ ဒါက အခြား တပ်မှုးဟေးဖြစ်မှာ
မထူးဆန်းလှပါဘူး။

ရှောင်ယုန်ယုက ဟေးစန်းလန်နဲ့ စကားပြောနေရင်းနဲ့ နောက်ဘက်မှာ လူရှိနေသေးတာကို တွေ့သွားတယ်၊ချက်ချင်းဘဲ သူ့ပါးစပ်ဖျားကနေ လွှတ်ခနဲ ထွက်လာတယ်" ညီအကိုဟေး ဒါက မရီးလား?"

ဟေးစန်းလန်လည်း ရှောင်ဟုန်ယုက ဒီလိုမျိုး မေးလာမယ်လို့ မထင်ထားခဲ့ဘူး၊သူက ပြန်မဖြေသေးဘဲ ချူးလျန်ကို ပြန်လှည့်ကြည့်လာတယ်၊ ဒီမိန်းမ ဘယ်လို အမူအရာရှိမလဲဆိုတာ သူတကယ်ဘဲ သိချင်တယ်လေ။

ချူးလျန်ရဲ့ မျက်လုံးတွေက စက်ဝိုင်းပုံဖြစ်တဲ့ အထိ ဝိုင်းစက်သွားတယ်၊ သူမက ပြုံးစိစိနဲ့ လုပ်နေတဲ့ ရှောင်ဟုန်ယုကို တလှည့် မုတ်ဆိတ်တွေနဲ့ လူကို တလှည့် ကြည့်နေမိတယ်။

ဒါက ဘယ်လို ဟာသ ကြီးတုန်း?

ချူးလျန်ရဲ့ သူမကိုယ်သူမ အကောင်းဆုံးပြန်ထိန်းလိုက်တယ်၊ဒီမုတ်ဆိတ်တွေနဲ့ လူဆီက ဘာတုံပြန့်မှုမှ မလာတော့ သူမ နှလုံးသားလေးက အပြင်ကို ထွက်ကျတော့မတတ် ခုန်နေတယ်၊ဒါက အထင်လွဲနေကြတာ ဖြစ်မယ်၊ ဒီလူက သူ့မိန်းမကို လာခေါ်တဲ့ လမ်းမှာ ကြုံနေလို့ သူမကို ကယ်ဆယ်မိသွားတာဘဲ၊ ဒါကြောင့် သူမကို သူ့မိန်းမလို့ ထင်နေကြတာ ဖြစ်မယ်။

ဟုတ်တယ်၊ အဲ့လိုဘဲ ဖြစ်လောက်တယ်။

ဒီအကြောင်းပြချက်တွေက ဘယ်လိုဘဲ သနားစရာကောင်းနေပေမယ့် ချူးလျန်စိတ်ထဲမှာ နှစ်ရက်ကြာအတူရှိခဲ့တဲ့ သူက ဟေးချန်ဒီပါဆိုတာကို ဝန်မခံချင်ဘူးဖြစ်နေတယ်၊ ဒီရက်အတွင်း သူမ ပြောခဲ့ လုပ်ခဲ့တာတွေကို ပြန်တွေးမိတော့ သူမ တကိုယ်လူံးကျင်းနက်နက်တူးပြီးတော့ သာ ဝင်ပုန်းလိုက်ချင်တော့တာဘဲ။

သူမရဲ့ ခင်ပွန်းကို မမှတ်မိတဲ့ အပြင် သူစိမ်းတစ်ယောက်လိုပါ ဆူပူကြိမ်းမောင်းလိုက်သေးတယ်၊ ပြီးတော့ အခြားတစ်ယောက်လို့ ထင်ရက်သားနဲ့ကို နီးနီးကပ်ကပ် နေခဲ့သေးတာ။

ချူးလျန်တော့ ဒီအကြောင်းကို ထပ်ကိုမတွေးကြည့်ရဲတော့ဘူး ၊ ကံကောင်းထောက်မပြီး ကောင်းကင်ဘုံက သူမကို သနားညှာတာဖို့ဘဲ မျှော်လင့်ရတာဘဲ။

ဟေးချန်ဒီရဲ့ နှုတ်ခမ်းထောင့်တွေက ချူးလျန်ကို လှောင်ရယ်ချင်တဲ့ ပုံနဲ့ ကွေးတက်သွားတယ်။

ရှောင်ဟုန်ယုလို လူပိန်းတောင်မှ ဒီစုံတွဲကြားမှာ တစ်ခုခု ဖြစ်‌ထားမှန်း သေချာသိတယ်၊ သူက မပြုံးနိုင်တော့ဘဲနဲ့ ဟေးစန်းလန်ရဲ့ ပုခုံးကို တိုက်ပြီး လေသံတိုးတိုးလေးနဲ့ မေးလိုက်တယ်" ညီအစ်ကိုဟေး ဘာတွေ ဖြစ်ခဲ့တာလဲ? မင်းက မရီးကို စိတ်မချမ်းသာအောင် ဘာတွေ လုပ်ထားတာလဲ?"

ဟေးစန်းလန်က သူ့ကို ပါးစပ်ပိတ်ထားဆိုတဲ့ အေးစက်စက် အကြည့်ကြီးနဲ့ ကြည့်လာတယ်။

ရှောင်ဟုန်ယုက နဂိုကတည်းက တိတ်တိတ်မနေနိုင်တဲ့ သူဆိုတော့ ဟေးစန်းလန်ဘေးနားကို ပိုကပ်လာပြီး တိုးတိုးလေး ထပ်မေးတယ်။

" ညီအကိုဟေး မင်းက မရီးနဲ့ နှစ်ညလောက်အတူရှိနေခဲ့တာကို မရီးက အခုလို စိတ်ဆိုးနေတယ်ဆိုတော့ မင်းရဲ့ လုပ်ဆောင်ချက်တွေက သိပ်မကောင်းလို့လား? ဒါဆိုရင်တော့ မင်းသူမကို သေချာရှင်းပြသင့်တယ်၊ ငါတို့တပ်ထဲက စည်းကမ်းတင်းကျပ်လွန်းတော့ ဘယ်မိန်းမနဲ့ မှ အချိန်မဖြုန်းခဲ့ရတာ ကြာနေပြီလေ"

ရှောင်ဟုန်ယုက ပြောပြီးတာနဲ့ ဟေးချန်ဒီရဲ့ အောက်ပိုင်းက တတိယခြေထောက်ကို အဓိပ္ပာယ်ရှိရှိ ငုံကြည့်လိုက်တယ်။

စစ်တပ်ထဲကလူအားလုံးက ယောက်ျားသားတွေ ချည်းဘဲ ၊ဒီတော့ သူတို့တွေ ညပိုင်း ဝိုင်းဖွဲ့ စကားဆိုကြတိုင်း အမျိုးသမီး တွေ အကြောင်းက မပါမဖြစ်ဘဲ၊ဒီတော့ လူပျိုလေး ရှောင်ဟုန်ယုတောင်မှ သူတို့တွေရဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ အကျွမ်းတဝင် ဖြစ်နေပြီ။

နောက်ပြီး ဟေးချန်ဒီနဲ့ ချူးလျန်က လက်ထပ်ပြီးတာ နှစ်ဝက်ကျော်ကျော်ဘဲရှိသေးတာ၊ လက်ထပ်ပြီးလို့ မကြာခင်မှာဘဲ ဟေးချန်ဒီက မြို့တော်ကနေ ထွက်ခွာလာခဲ့တာ ၊ဒီတော့ ဒီစုံတွဲကြားက ခံစားချက်တွေက သစ်လွင်နေတုန်းဘဲ ရှိအူံးမှာ၊ သူတို့ကြားမှာ အတူရှိချိန်တွေက လုံလောက်တယ်လို့ကို ရှိမှာ မဟုတ်ဘူး။

ဟေးချန်ဒီလည်း သူ့ရဲဘော်ရဲဘက်ကသူ့ကို ရှေ့ထားပြီးဒီကိစ္စကို ဟာသလုပ်ရဲမယ်လို့ မထင်ထားဘူး၊ ဒီတော့ သူ့ရဲ့ မုတ်ဆိတ်တွေနဲ့ မျက်နှာကြီးက ပိုပိုပြီး မည်းမှောင်လာတယ်။

ကံကောင်းတာတစ်ခုက ဟေးစန်းလန်ရဲ့ နားရွက်တွေက ဆံပင်တွေနဲ့ ဖုံးကွယ်နေလို့ဘဲ၊ တကယ်လို့များ ရှောင်ဟုန်ယုသာ ဒါကို မြင်သွားလို့ကတော့ တသက်လုံး စနောက်လို့ကို ပြီးတော့မှာ မဟုတ်ဘူး။

ဟေးစန်းလန်ရဲ့ အပြင်ပိုင်းက တည်ငြိမ်ပြီး အေးဆေးနေတဲ့ ပုံဖမ်းထားပေမယ့် သူ့စိတ်ဝိဉာဉ်ကတော့ အရင်ကတော့ အခုပါ လူပျိုစစ်စစ် ဖြစ်နေတုန်းဘဲလေ။

ရှောင်ဟုန်ယုသာ ဒီအကြောင်းသိသွားရင်တော့ ဟေးစန်းလန်ကို လက်ညိုးထိုးပြီး သုံးရက်လောက် ရယ်မောနေလိမ့်မယ်၊သူ့မှာ ဒီလောက်လှပတဲ့ မိန်းမရှိနေတာ‌တောင် တစက်လေးမှ မထိခဲ့ဘူးပေါ့ ၊သူ့ကို ယောက်ျားစစ်တယ်လို့ ခေါ်လို့ရပါအုံးမလား? သူ့ရဲ့ ကြံခိုင်သန်မာတဲ့ ညီအစ်ကိုဟေးက မစွမ်းဆောင်နိုင်တဲ့သူတော့ မဟုတ်နိုင်ဘူးမလား?

Zawgyi













ချူးလျန်:....

ဒီကယောင်ကတမ်းနဲ့ လူကို ကြည့်ရင်းနဲ့ ချူးလျန် နှုတ်ခမ်းတွေတောင် မဲ့ကျသွားတယ်၊ ကြည့်ရတာ ဒီယောက်ျားက အရင်တုန်းက ကိစ္စ တစ်ခုခုကြောင့်အသည်းကွဲနေခဲ့တာဖြစ်မယ်။






အိမ်မက်ဆိုးတွေက ကြီးစိုးနေတော့ ဟေးစန်းလန် မျက်ခုံးနှစ်ဖက်က စုသထက် စုလာတယ်၊အခုချိန်မှာ သူက စိတ်ရောကိုယ်ပါ ပင်ပန်းလို့နေတယ်၊ ဒီလို ခက်ခဲဆင်းရဲနေတဲ့ အချိန်မှာဘဲ သူ့ ခန္ဓာကိုယ်က နွေးထွေးပြီး သက်တောင့် သက်သာရှိတဲ့ နေရာလေးတစ်ခု ရှာတွေ့သွားသလို ခံစားလိုက်ရတယ်။

ရင်းနှီးနေကျ ရနံ့လေးတစ်ခုကို ရလိုက်ရတော့ ချက်ချင်းဘဲ စိတ်ငြိမ်သွားတယ်၊သူ့ခေါင်းထဲကို ဒီလို ချိုမြိန်တဲ့ ရနံ့လေးက ဝင်ရောက်လာပြီးတော့ သူ့ရဲ့ ပရမ်းပတာ အတွေးတွေကိုပါ မောင်းထုတ်ပစ်လိုက်တယ်။


တချိန်တည်းမှာဘဲ ဟေးစန်းလန်ရဲ့ လက်နှစ်ဖက်က ချူးလျန်ရဲ့ သေးသွယ်တဲ့ ခါးလေးကို ဖက်တွယ်ထားတယ်၊ ဒီလို နူးညံ့ပြီးနွေးထွေးလှတဲ့ ခံစား‌ချက်လေးကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတယ်။

ဟေးစန်းလန်ရဲ့ အသက်ရှုသံတွေက ပိုပြင်းလာပြီးတော့ သူ့ရဲ့ မသိစိတ်ထဲကနေ ဒီရနံ့လေးနဲ့ ဒီခံစားချက်လေးကို ပိုပိုပြီး လိုချင်လာတယ်။








ဟေးချန်ဒီက မှန်းဆလို့မရတဲ့ ပုံစံနဲ့ ချူးလျန်ကို ငေးကြည့်နေမိတယ်၊ သူမက စောစောက ပုံ‌လေးအတိုင်းဘဲနံရံကို မှီလို့ ခြေဆင်းလျက် အိပ်ပျော်နေ‌တုန်းဘဲ၊ သူမ လက်တဖက်မှာ ရေစိုဝတ်ကို ကိုင်လျက်သားနဲ့၊ရေဘူးကလည်း မှောက်ကျနေပြီးတော့ မြေပေါ်မှာ ရေတွေ‌တောင်အိုင်နေတယ်။


ဟေးချန်ဒီက သူနဲ့ ခြေလှမ်းအနည်းငယ်အကွာက ဒီအမျိုးသမီးကို စိုက်ကြည့်လို‌နေတယ်၊သူ့စိတ်ထဲမှာတော့ ဒီအမျိုးသမီးရဲ့ ပုံရိပ်က နှစ်ခုဆီ ကွဲထွက်လို့နေတယ်။





သူမရဲ့ အိပ်ချင်စိတ်လေးတောင် ဘယ်လွင့်လို့ လွင့်သွားမှန်း မသိတော့ဘူး။



ဟေးချန်ဒီရဲ့ မျက်ဝန်းတွေက တနေရာထဲမှာ ကျောက်ချထားတယ်၊ ဝင်လာတဲ့သူတွေက တုဟွန်းတွေ မဖြစ်ဖို့ မျှော်လင့်ရတာဘဲ၊ သူ့မှာ တိုက်ခိုက်ဖို့ လက်နက် မရှိတဲ့ အပြင် ခန္ဓာကိုယ်ကလည်း အခြေနေ မကောင်းနေဘူး၊ ပြီးတော့ ဘေးက ဒီမိန်းမကိုလည်း ကာကွယ်ပေးရအူံးမယ်၊ အခုချိန်မှာ တုဟွန်းတွေနဲ့ တိုက်ခိုက်ရမှာကို တကယ်ဘဲ စိတ်ပူနေတယ်။




"ညီအစ်ကို ဟေး!"

"ခေါင်းဆောင်!"


ဟေးစန်းလန်လည်း ဓားမြှောင်နားက လက်ကို လွှတ်ချပြီး ဝင်လာတဲ့ နှစ်ယောက်ဆီ လျှောက်သွားလိုက်တယ်၊သူတို့တွေက လက်ထောက်တပ်မှုး ရှောင်ဟုန်ယု နဲ့ နောက်တယောက်က ‌ဟေစန်းလန်ရဲ့ တပ်ဖွဲ့ထဲက စစ်သားတယောက်ဖြစ်တဲ့ ကျောင်းလျန်ဘဲ။




ဟေးစန်းလန် နောက်နားမှာ ရပ်နေတဲ့ ချူးလျန်လည်း ဝင်လာတဲ့ နှစ်ယောက်ကို သူမရဲ့ မျက်လုံးဝိုင်းတွေနဲ့ ကြောင်ကြောင်ကြီး ရပ်ကြည့်နေမိတယ်၊သူတို့တွေ ဒီမုတ်ဆိတ်တွေနဲ့ လူကို ခေါ်လိုက်တဲ့ ညီအစ်ကို ဟေးဆိုတာက သူမ အတွက် နည်းနညိး ထူးဆန်းနေသလိုဘဲ။



‌ချူးလျန် ခေါင်းယမ်းလိုက်မိတယ်၊ ဘယ်လိုဘဲတွေးတွေး ‌ဟေစန်းလန်ရဲ့ ချောမောတဲ့ မျက်နှာနဲ့ ဒီလူရဲ့ မျက်နှာကို မဆပ်စပ်နိုင်ဘူးဖြစ်နေတယ်။

မထူးဆန်းလှပါဘူး။























Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...