Unicode
ဟေးချန်ဒီက နဖူးပေါ် လက်တင်လျက်နဲ့ ဂူနံရံကို မှီပြီး ထိုင်နေတယ်၊ သူ့မျက်လုံးတွေကို မှိတ်ထားလို့ တဖက်ကကြည့်ရင် အနားယူနေတယ်လို့ ထင်ရတယ်။
ချူးလျန်လည်း သူမရဲ့ ဒဏ်ရာကို သန့်စင်ဆေးထည့်ပြီးတော့ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်တယ်၊ ဂူတစ်ခုလူံးက တိတ်ဆိတ်ငြိမ်သက်နေတယ်၊ သူတို့ နှစ်ယောက်လူံး ဘာသံမှ ထွက်မလာကြဘူး၊ချူးလျန်လည်း ဆက်မနေနိုင်တော့ဘဲ သူရှိရာနားကို တိုးသွားကြည့်တယ်၊ ခဏ ခဏ လှမ်းကြည့်နေတာကို သူ့ဘက်က နည်းနည်းလေးမှ မလှုပ်လာဘူး။
ချူးလျန်ကတော့ သူအိပ်ေပျာ်နေတယ်လို့ဘဲ ယူဆလိုက်တယ်။
တကယ်တော့ ဟေးချန်ဒီက လုံးလုံးလျားလျား အိပ်ပျော်နေတာမဟုတ်ဘူး၊ သူ့ခေါင်းထဲနေ တဆစ်ဆစ်နဲ့ ထိုးကိုက်နေတာ ၊မနက်တုန်းက သက်သာသလိုရှိတဲ့ အဖျားကလည်း အခု ပြန်ထလာပြန်တယ်၊နောက်ပြီး ချူးလျန်ကို ဂူထဲထိ ပြန်သယ်ရတော့ ချွေးက ပြန်ထွက်လာတယ်၊ ဒါ့အပြင်အစားအစာရဖို့ အမဲလိုက်ခဲ့ရတယ် ၊ရစ်ငှက်တွေကို ချောင်းရှိရာမှာ သွားပြီး ဆေးကြောခဲ့ရတယ်၊ သူ့ကိုယ်ထဲမှာလည်း အဆိပ်အကျွင်းအကျန်တွေက ရှိနေသေးတယ်။
စောစောက ခြိမ်းခြောက်ခံထားရတော့ ချူးလျန်ကလည်း သူ့ကို လာစကားမပြောရဲဘူး၊ ဒါနဲ့ သူအိပ်ပျော်နေတယ်လို့ဘဲ ယူဆထားလိုက်တယ်။
ချူးလျန်က မီးပုံပေါ်မှာ ကင်ထားတဲ့ ရစ်ငှက်နှစ်ကောင်ကို ကြည့်နေမိတယ်၊ သူမ ဒီနေ့တနေကုန် ပင်ပန်းခဲ့ရတယ်၊ သူမ မှာ ရှိသမျှ အမဲခြောက်တွေကိုလည်း အရင်နေ့တုန်းက ဒီလူကြီးကို ကျွေးလိုက်ရတာ၊ နောက်ဆုံး အစာစားခဲ့ရတာ 24နာရီတောင် ကျော်သွားခဲ့ပြီ၊ ဒီတော့ ဒီလို ဝဝဖြိုးဖြိုး ငှက်နှစ်ကောင်ကို မြင်နေရတာနဲ့ သွားရည်မကျဘဲမနေနိုင်တော့ဘူး။
ချူးလျန်က ရှေ့တိုးလာပြီး ရစ်ငှက်တကောက်ကို ကောက်ကိုင်လိုက်တယ်၊ မျက်လူံးလေးတွေကလည်း ဘေးကလူကို ကြည့်နေလျက်နဲ့ပေါ့၊ ဘေးကလူက ဘာအမူအရာမှ ထူးမလာတာကို မြင်တော့ နည်းနည်းပိုရဲတင်းလာတယ်။
ရစ်ငှက်တွေက အပြင် အခွံကတော့ ကျက်လို့နေပြီ၊ ချူးလျန်က အနားကပ်ပြီး အနံ့ခံကြည့်တော့ တဖက်ကဘဲ ကျက်ပြီး တဖက်ကတော့ ဒီတိုင်းကြီး ရှိနေသေးတာကို တွေ့လိုက်ရတယ်။
ချူးလျန်လည်း လက်ထဲက ရစ်ငှက်ကို ကြည့်လိုက် ဘေးကလူကို ကြည့်လိုက်နဲ့ ဖြစ်နေမိတယ်။
ဒီလူက ရစ်ငှက်ကို မီးဖိုပေါ် တင်လိုက်ရုံနဲ့ ကျက်မယ်လို့ တကယ်ဘဲ ထင်နေတာလား ?
သေချာတာတော့ ဒီလူနိုးလာတဲ့ အချိန်ထိတောင် ဒါတွေက စားလို့ရအုံးမှာ မဟုတ်ဘူး၊ ရစ်ငှက်တွေရဲ့ တခြမ်းက လုံးဝကြီးကို မီးတူးလို့နေပြီ၊ ဒါတွေက ပြာမဖြစ်သွားရင်တောင် အပေါ်ယံက မီးကျွမ်းပြီး အထဲကတော့ အစိမ်းကြီး ဖြစ်နေမှာဘဲ။
ချူးလျန်လည်း သူမ ခါးနားက အိတ်လေးထဲနေ ဓားမြှောင်လေးကို ဆွဲထုတ်လိုက်တယ်။
နောက်ပြီး အိတ်ထဲကနေ ကြွေ ပုလင်းလေး နှစ်ခုကိုပါ ထပ်ထုတ်လာတယ်။
ပုလင်းနှစ်ခုထဲက တစ်ခုက ဆားတွေ ထည့်ထားတာဖြစ်ပြီးတော့ အခြားတစ်ခုကတော့ ချူးလျန်ကိုယ်တိုင်ရောနှောထားတဲ့ အထူးငါးမျိုးစပ် ဟင်းခပ် အမွှေးအကြိုင်ကိုထည့်ထားတယ်။
ချူးလျန်က ရစ်ငှက်ရဲ့ ဝဖီးနေတဲ့ အပိုင်းကို ဓားရာလေးပေးပြီး အေပါ်ကနေ ဆားနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဖြူးလိုက်တယ်၊ ပြီးတော့ ဂူထဲကနေ ကျောက်ပြားအသေးလေးတစ်ခုကို ရှာပြီး သန့်ရှင်းလိုက်တယ်၊ ပြီးတာနဲ့ ကျောက်ပြားကို မီးပုံပေါ်တင်ပြီး ရစ်ငှက်ကင်လို့ရလောက်မယ့်အထိ အပူပေးလိုက်တယ်။
အသားကို ကျောက်ပြားပေါ်တင်လိုက်တာနဲ့ မီးက သိပ်ပြီး ပြင်းပြင်းကြီး မတောက်လာတော့ဘူး၊ ဒါက အသားကို ဟိူဘက် ဒီဘက် လှန်ဖို့အတွက် ပိုအဆင်ပြေေစတယ်။
ချူးလျန်က ကျန်ရစ်ငှက်တကောင်ကိုပါ ကြည့်လိုက်မိတယ်၊ဒါပေမယ့် ဒီလူက သူမကို အသားယူခဲ့တာကို ပြန်တွေးမိတော့ နှုတ်ခမ်းကို မဲ့ပြီး သူ့ကို မနှောက်ယှက်ဖို့ ဆူံးဖြတ်လိုက်တယ်၊ သူမဘက်က ဒါကို ကင်ပေးချင်ပေမယ့်လည်း သူကြိုက်သလိုဘဲ စားပါစေတော့။
ဟေးစန်းလန်ခေါင်းက ဆိုးဆိုးဝါးဝါးကြီးကို ထိုးကိုက်နေတာ၊ မအီမသာဖြစ်နေတော့ အိပ်လို့ကလည်း မပျော်တော့ဘူး၊ လှုပ်ဖို့ကို အားမရှိတော့လို့ သူ့မျက်လူံးတွေကို အနားပေးတဲ့ အနေနဲ့ မှိတ်ထားလိုက်တော့တယ်။
ချုးလျန်က ရစ်ငှက်တကောင်ကို ယူလိုက်မှန်း ဝိုးတိုးဝါးတား မြင်လိုက်တော့မှ ပြန်ပြီး သတိဝင်လို့လာတယ်။
ချူးလျန်က အိတ်ကို ဆွဲဖွင့်ပြီး ငှက်ပေါ်ကိုဟင်းခတ်မှုန့်တွေ ဖြူးနေတာကို မြင်တော့ သူတကယ်ဘဲ ဝါးလူံးကွဲ ထရီမိမတတ်ဘဲ။
ဒီ မာယာများတဲ့ မိန်းမက ဘယ်ချိန်ကတည်းက အစားကောင်းကြိုက်သူ ဖြစ်သွားရတာလဲ? သူမက တကယ်ဘဲ ဟင်းခတ်မှုန့်တွေကို ကိုယ်နဲ့ မကွာသယ်လာတဲ့ အပြင် ဟင်းလှီးဖို့ ဓားတောင် ပါလာသေးတယ်!
သူ့ မျက်လုံးတွေက ပိုဝါးလာပြီး ခေါင်းကလည်း ပိုမူးလာတယ်၊ ချူးလျန်ရဲ့ အလုပ်ရှုပ်နေတဲ့ ပုံရိပ်လေးကိုတောင် ဝိုးတိုးဝါးတားဘဲ မြင်ရတော့တယ်၊ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ၊ သူတို့နှစ်ေယာက်က ရှင်းရှင်းလင်းလင်းကြီးကို လူတယောက်တည်းမှန်း သိသာနေတာကို သူ့စိတ်ထဲ အခု ချူးလျန်နဲ့ အတိတ်ဘဝတုန်းက ချူးလျန်ကို ခွဲခြားမြင်နေမိတာပါလိမ့်?
ချူးလျန်ရဲ့ ဗိုက်ထဲကနေ တကြုတ်ကြုတ် မြည်နေပြီ၊ သူမက မီးပုံပေါ်က ရစ်ငှက်ကိုထိုင်ကြည့်နေရင်း သွားရည်တွေတောင်စီးကျလာတော့မယ်။
စွဲမက်စရာအနံ့လေးက ရစ်ငှက်ကင်ဆီကနေ ပျံ့လွင့်လာတယ်၊ ငှက်ရဲ့ အပြင်အရေခွံက အညိုရောင်သန်းပြီး ကြွပ်ရွလာပြီ၊ အပေါ်မှာ ဆီလူးထားသလိုတောင် ဝင်းပြောင်နေတယ်၊ ချူးလျန်က ပါးစပ်ထဲရောက်လာမယ့် အသားရဲ့ နူးအိမှုကိုတောင် ပုံဖော်နေမိတယ်၊ တကိုက်တည်း အကုန်သာ စားလိုက်ရရင်တော့.....
ချူးလျန်က ကျောက်ပြားေပါ်က ငှက်ကင်ကို ေသချာလေးယူပြီး သူမ စောစောက သန့်ရှင်းထားတဲ့ အခြားကျောက်ပြားတစ်ခုပေါ်ကို တင်ပြီ အအေးခံလိုက်တယ်၊ ပြီးတော့ ငှက်ရဲ့ဘေးဘက် ဒူးဆစ်ပိုင်းကို အရင် ဆွဲဖြဲဖို့ လုပ်လိုက်တယ်။
ဒါပေမယ့် ဘေးက မုတ်ဆိတ်တွေနဲ့ လူကြီးက သူမ ငှက်ကင်လေးရဲ့ ဒူးဆစ်ပိူင်းကို လာဆွဲဖြဲပြီး ချက်ချင်းဘဲ ကိုက်စားလိုက်တာကို မြင်လိုက်ရတယ်။
ချုးလျန်မှာ ဘာမှ ပြန်မတုံ့ပြန်နိုင်တော့ဘဲ ဒေါသတကြီး အော်ငိုမိမတတ်ဘဲ"ရှင်ဘာလို့ ကျွန်မ ငှက်ကင်ကို လာလုစားတာလဲ ၊ရှင့်ဟာက မီးပုံပေါ်မှာလေ"
ဟေးစန်းလန်က ပထမ တကိုက်အနေနဲ့ ငှက်ဒူးဆစ်ပိုင်းရဲ့ အသားတွေ ပြည့်နေတဲ့ နေရာကို ကိုက်ထည့်လိုက်တယ်၊ အပေါ် အရေခွံလေးက ကြွပ်ရွနေပြီး အထဲက အသားလေးက နူးအိနေတာဘဲ၊ဒီလို နူးညံ့ပြီး သစ်လွင်တဲ့ အရသာလေးက သူ့မှတ်ဉာဏ်ထဲမှာ ချက်ချင်းဘဲ စွဲထင်သွားပြီ။
သူလည်း ချူးလျန်နီးနီး ဗိုက်ဆာနေတာမို့ ဒီ ခြေထောက်ပိုင်းတစ်ခုလုံးကို သုံးခါကိုက်ပြီး အပြတ်ရှင်းပစ်လိုက်တယ်။
ဒီဘဝမှာတော့ ဒီမိန်းမက တကယ်ဘဲ အစားကောင်းကြိုတ်တတ်သူ ဖြစ်လာတာဘဲ၊ ဖြစ်နိုင်တာကတော့ သူမ မှာ ချီးမွမ်းစရာဆိုလို့ ဒီလို နတ်ဘုရားလို ဟင်းချက်စွမ်းရည်လေး တစ်ခုဘဲ ရှိတယ်။
သူမက သူ့ရဲ့ တရားဝင်ဇနီး ဖြစ်နေမှတော့ သူမရဲ့ ကြိုးစားမှု အသီး အပွင့်တွေကို သူက ဘာလို့ ခံစားခွင့် မရှိရမှာလဲ။
ချူးလျန်ရဲ့ မကူမကယ်နိုင်ဖြစ်ပြီး ပါးလေးတွေ စုဖောင်းထားတဲ့ ရုပ်လေးကို မြင်လိုက်ရတော့ သူရဲ့ နွမ်းနယ်အားပျက်နေတဲ့ ခန္ဓာကိုယ်က နည်းနည်း ကျေနပ်အားရသွားတော့တယ်။
ဟေးစန်းလန်က နောက်ဆုံးတလုတ်ကို ပါးစပ်နဲ့ အပြည့်သွပ်ပြီး အရိုးတွေကို ဘေးကို ပစ်ထုတ်လိုက်တယ် ၊ပြီးမှ ချူးလျန်ကို စိုက်ကြည့်ပြီး "ဒါတွေကို အမဲလိုက်ထားတာ ငါလေ"
ချူးလျန်လည်း ပြန်ပြောဖို့ စကားက ထွက်မလာတော့ဘူး။
သူမ ဒေါသတွေကိုဘဲ အတင်းမျိုသိပ်ထားလိုက်ရတယ်၊ သူမှန်ပါတယ်လေ၊ဒါတွေကို သူဖမ်းခဲ့တာဘဲ ၊သူမ လုပ်တာဆိုလို့ ပိုကောင်းအောင် ကင်လိုက်တာလေးတစ်ခုဘဲရှိတာကို၊ သူ က ယူစားချင်မှတော့ သူမ ဘက်က ဘယ်လို ပြောပြီး တားနိုင်မှာလဲ။
နောက်ဆုံးတော့လည်း ချူးလျန်ဘက်ကနေ ဟေးစန်းလန်ကို ရက်စက်တဲ့ အကြည့်စူးစူးလေးဘဲ ပေးလိုက်ရနိုင်တယ်။
ငှက်တကောင်လုံးမှာ ချူးလျန်က ဒူးဆစ်သားနဲနဲ နဲ့ ကျန်အသားလေးနဲနဲဘဲ စားလိုက်ရတယ်၊ ကျန်တဲ့ အပိုင်းတွေက ဟေးစန်းလန်ရဲ့ အစာအိမ်ထဲ ထိုးထည့်ခံလိုက်ရတယ်။
ချူးလျန်က သူမ ဗိုက်လေးကို ပွတ်ပြီး သက်ပြင်းချမိတယ်၊ ဟေးစန်းလန်ကတော့ ဗိုက်ဝသွားပေမယ့် သူမက အခုထိ မဝသေးဘူးလေ။
အဲ့ဒီအချိန်မှာ ဟေးစန်းလန်ကတော့ မျက်နှာ နှစ်ဖက်နဲ့ မိန်းမကို ကြည့်ရတာ ပျင်းရိနေတဲ့ ပုံနဲ့ ဂူနံရံကို မှီနေတယ်။
ချူးလျန်လည်း နားမလည်နိုင်ဖြစ်နေသလို ဟေးစန်းလန်လည်း သူ့ကိုယ်သူ သဘောမပေါက်ဘူး ဖြစ်နေတယ်၊ သူတို့ နှစ်ယောက်က ရစ်ငှက်ကင်ကို ခွဲစားကြပေမယ့် ဟေးစန်းလန် ပထမဆုံး စားတဲ့ အသားကလွဲပြီး ကျန်တဲ့ ကောင်းတဲ့ အပိုင်းေတွကို သူက ချူးလျန်ကို ပေးတယ်၊ချူးလျန် ကောင်းကောင်းစားတာ မြင်မှ ကျန်တဲ့ အပိုင်းတွေကို သူက စားတယ်။
ချူးလျန်လည်း ဟေးစန်းလန်လို အစာလုစားတဲ့ အာဏာရှင်လို လူညစ်ကြီးကို ဘာမှ ပြန်မခုခံနိုင်ဘူး၊ သူတို့နှစ်ယောက်စားသောက်လို့ပြီးတော့ ချုးလျန်က မီးပုံပေါ်က ရွှေ့ထားပြီးဖြစ်တဲ့ ကျန်တစ်ကောင်ကို ကြည့်လိုက်တယ်၊ သူတို့ အစားအသောက်ကို အလကားထားလိုက်လို့မဖြစ်ဘူး။
နောက်တော့ ချူးလျန်က အဲ့ဒီ တဝက်ကျက်နေတဲ့ ငှက်ကို ဟင်းခတ်အမွှေးအကြိုင်သုတ်ပြီး သန့်ရှင်းတဲ့ သစ်ရွက်ခြောက်တွေနဲ့ ဘေးမှာ ထုပ်ထားလိုက်တယ်၊ ဒါက သူတို့အတွက် မနက်စာဘဲ။
ချူးလျန်က ဂူပေါက်ဝကို လှမ်းကြည့်တော့ ကောင်းကင်က တဖြည်းဖြည်း မှောင်ရီပျိုးလာတယ်၊ နောက်တော့ မုတ်ဆိတ်တွေနဲ့ လူကို လှမ်းကြည့်မိသွားတယ် ၊ ဒီလူက သူမကို တောထဲကနေ ပြန်ထွက်နိုင်အောင် ခေါ်သွားပေးနိုင်ပါ့မလား?
ချူးလျန်က တိတ်တိတ်လေးဆုံးဖြတ်ထားလိုက်တယ်၊ မနက်ဖြန်မနက်ရောက်တဲ့ထိ ထွက်သွားဖို့ စကားစမလာရင်တော့ ဒီလူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတော့မှာဘဲ။
ညက တဖန် မှောင်မိုက်လို့လာတယ်၊ ဒီညတော့ ချူးလျန်က ဂရုတစိုက်ရှိနေတယ်၊ သူက မီးပုံနားကပ်ပြီး ခြုံထည်ကိုခြုံလို့ ဟေးစန်လန်ကို ကျောပေးပြီး လှဲအိပ်လိုက်တယ်။
ဟေးစန်းလန်က စိတ်ထဲမှာတော့ နှာမှုတ်လိုက်ပေမယ့် ချူးလျန်ရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီး ဘာမှ မပြောခဲ့ဘူး၊သူက သူ့လက်မောင်းကို ခေါင်းအူံးပြီးမြေပြင်ပေါ် လှဲအိပ်လိုက်တယ်၊ သူ့ ခန္ဓာကိုယ်ကလည်း သိပ်နေမကောင်းသေးတော့ ခပ်မြန်မြန်ဘဲ အိပ်ပျော်သွားတယ်။
မီးအပူရှိနေတာတောင်မှ အပြင်က လေအေးတွေကြောင့် ချူးလျန်က ပုဇွန်တုပ်လေးလို ကွေးကွေးလေး အိပ်နေမိတယ်။
သူမ ခန္ဓာကိုယ်က အလိုလိုကွေးလာပြီး ဒူးခေါင်းနှစ်ဖက်ကိုပိုက်ထားမိတယ်၊ သူမ ပုံစံလေးက ဘောလူံးလေးလိုကို ဖြစ်နေပြီ၊ချူးလျန်လည်း သူမကိုယ်သူမ အားတင်းပြီး အိပ်ပျော်အောင်ကြိုးစားလိူက်တယ်။
နောက်ဆုံးမှာ သူမ တကယ်ဘဲ အိပ်မောကျသွားတယ်၊ တနေကုန် ပင်ပန်းထားခဲ့တော့ ကောင်းကောင်းအိပ်ပျော်ပြီး အိမ်မက်တွေတောင် မက်နေတယ်။
ချူးလျန်က နားထဲမှာ စကားသံတွေ လိုလိုကြားတာနဲ့ ရီဝေဝေဖြစ်ပြီး နိုးလာတယ်၊ သူမဘေး နားက မီးပုံကလည်း ငြိမ်းလုနီးနီးဖြစ်နေတော့ အအေးဓာတ်က ပိုဝင်လာတယ်။
ဒါနဲ့ ခြုံထည်ကို တင်းတင်းဆွဲခြုံပြီး မီးပုံထဲကို သစ်ကိုင်းခြောက်တွေ စိုက်လိုက်တယ်၊ ဂူက တဖန် ပြန်လင်းလာတော့မှ သူမ အိမ်မက်လိုလို ကြားလိုက်ရတဲ့ အသံတွေက ဘေးက မုတ်ဆိတ်တွေနဲ့လူဆီကနေ ထွက်နေမှန်း သိလိုက်ရတယ်။
သူမက မလှုပ်မယှက်လေးနဲ့ ဘေးကလူကို ခဏကြာအောင် ကြည့်နေမိတယ်၊ ဘေးက လူက ဘာမှ မတုံပြန်လာတာနဲ့ ဂူနံရံကို အားပြုပြီး သူ့ဘေးနားကို ထော့နဲ့ထော့နဲ့ နဲ့ လျှောက်သွားတယ်။
သူ့ဘေးနားကို ရောင်တော့ မျက်နှာက မီးအရှိန်အောက်မှာ နီရဲနေတာကို မြင်လိုက်ရတယ်၊ သူ့ဆံပင်တွေက ချွေးတွေကြောင့် မျက်နှာပေါ်ကို လာကပ်နေတယ်၊ ချူးလျန်လည်း လန့်ပြီး သူ့နဖူးကို စမ်းကြည့်လိုက်တယ်။
သူမ လက်က သူ့နဖူးကို မထိရသေးခင်မှာကို အပူရှိန်က လာဟပ်နေတာကို ခံစားမိလိုက်တယ်၊ ဒါကတကယ်ကို ပူခြစ်နေတာဘဲ။
အခုတော့ ချူးလျန် တကယ်ဘဲ အထိတ်တလန့်ဖြစ်လို့လာပြီ၊ ဒီမုတ်ဆိတ်တွေနဲ့လူက စိတ်ညစ်ဖို့ကောင်းပေမယ့် သူမ သူ့ကို ဘာမှ အဖြစ်မခံနိုင်ဘူး၊ သူသာ တခုခုဖြစ်သွားရင် သူမ ဒီတောထဲကနေ တသက်လူံးထွက်နိုင်တော့မှာ မဟုတ်ဘူး။
ချူးလျန်က အံကြိတ်ပြီး မီးပုံဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်မိတယ်၊ ပြီးတာနဲ့ မီးတုတ်တချောင်းကို ယူပြီး ခဲရာခဲဆစ်နဲ့ ဂူပြင်ထွက်သွားတယ်။
သူမ မှတ်မိသလောက်ဆိုရင် ဒီကနေ မီတာ 50လောက်အကွာမှာ စမ်းချောင်းလေးတစ်ခုရှိရမယ်။
ခြေတဖက်ကို အားပြုပြီး ချူးလျန်က အဲ့ဒီအကွာအဝေးရောက်အောင် နာရီ ဝက်ကျော်ကျော် အချိန်ယူလိုက်ရတယ်။
ချူးလျန်က သူ့နဖူးေပါ်ကို ရေစိူဝတ်တင်ပေးပြီး သူ့အပေါ်ပိုင်းက အဝတ်တွေကို ဆွဲချွတ်လိုက်တယ်၊သူ့ ရင်အုပ်က ကြွက်သားတွေ အပြည့်ဘဲ။
သူတို့က အရေးပေါ်အခြေအနေဖြစ်နေတော့ ချူးလျန်မှာ မျက်စိအစာကျွေးဖို့ကို သတိမရနိုင်ဘူး၊ သူမက ရေစိုဝတ်နဲ့ သူ့ရင်ဘက်တွေ လက်တွေကို သုတ်ပြီး အပူချိန်ကျအောင်လုပ်နေတယ်။
ဟေးစန်းလန်ရဲ့ အသားအရည်ကတော့ တော်တော်လေးကို ကောင်းတယ်၊ သူက မြောက်ပိုင်းမှာနေပြီး လေ့ကျင့်ခန်းတွေလုပ်လို့ နေဒဏ်မိုးဒဏ်ခံထားရပေမယ့် သူ့ အသားအရောင်က သိပ်ပြီး မဲမသွားဘူး၊ မြို့တော်မှာ ရှိတုန်းကနဲ့တောင် သိပ်ပြီး မကွာခြားသွားဘူး၊ သူ့မျက်နှာက မုတ်ဆိတ်တွေဖယ်ပြီး ရှင်းလင်းလိုက်ရင်တော့ သူ့ကို စစ်တပ်က ခေါင်းဆောင်မှန်း ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။
ချူးလျန်က ရေပတ်ဝတ် သုံးလေးကြိမ်လောက်တိုက်ပေးပြီးတော့ နဖူးကို ထပ်စမ်းကြည့်လိုက်တယ်၊ အပူချိန်က နည်းနည်းတော့ လျော့သွားပြီ။
ချူးလျန် သက်ပြင်းချလိုက်မိတယ်၊ ဒီလူအပူချိန်က ကျလာပြီဆိုမှတော့ ဒီညတော့ အသက်ရှင်အုံးမှာပါ။
အဲ့ဒီအချိန်မှာဘဲ ဒီလူဆီကနေ အိမ်မက်ယောင်နေသလိုမျိုး အသံတွေ ထွက်လာတယ်။
"မင်း ..ဒီလို ကောက်ကျစ်တဲ့ မိန်းမ ၊ ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ စိတ်ကူးယဉ်မနေနဲ့ !"
(T/N -personal caseကြောင့် မupမိတာပါ အခု ပြန်လာပါပြီ 💚)
roast pheasant ( ငှက်ပေါက်စနလေးလို့ ထင်နေကြမှာမို့ တကယ်က ကြက်တကောင်အရွယ်လောက်ထိကို ရှိပါတယ်)
Zawgyi
ေဟးခ်န္ဒီက နဖူးေပၚ လက္တင္လ်က္နဲ႔ ဂူနံရံကို မွီၿပီး ထိုင္ေနတယ္၊ သူ႕မ်က္လုံးေတြကို မွိတ္ထားလို႔ တဖက္ကၾကည့္ရင္ အနားယူေနတယ္လို႔ ထင္ရတယ္။
ခ်ဴးလ်န္လည္း သူမရဲ႕ ဒဏ္ရာကို သန္႔စင္ေဆးထည့္ၿပီးေတာ့ ေဘးဘီဝဲယာကို လွည့္ၾကည့္လိုက္တယ္၊ ဂူတစ္ခုလူံးက တိတ္ဆိတ္ၿငိမ္သက္ေနတယ္၊ သူတို႔ ႏွစ္ေယာက္လူံး ဘာသံမွ ထြက္မလာၾကဘူး၊ခ်ဴးလ်န္လည္း ဆက္မေနႏိုင္ေတာ့ဘဲ သူ႐ွိရာနားကို တိုးသြားၾကည့္တယ္၊ ခဏ ခဏ လွမ္းၾကည့္ေနတာကို သူ႕ဘက္က နည္းနည္းေလးမွ မလႈပ္လာဘူး။
ခ်ဴးလ်န္ကေတာ့ သူအိပ္ေပ်ာ္ေနတယ္လို႔ဘဲ ယူဆလိုက္တယ္။
တကယ္ေတာ့ ေဟးခ်န္ဒီက လုံးလုံးလ်ားလ်ား အိပ္ေပ်ာ္ေနတာမဟုတ္ဘူး၊ သူ႕ေခါင္းထဲေန တဆစ္ဆစ္နဲ႔ ထိုးကိုက္ေနတာ ၊မနက္တုန္းက သက္သာသလို႐ွိတဲ့ အဖ်ားကလည္း အခု ျပန္ထလာျပန္တယ္၊ေနာက္ၿပီး ခ်ဴးလ်န္ကို ဂူထဲထိ ျပန္သယ္ရေတာ့ ေခြၽးက ျပန္ထြက္လာတယ္၊ ဒါ့အျပင္အစားအစာရဖို႔ အမဲလိုက္ခဲ့ရတယ္ ၊ရစ္ငွက္ေတြကို ေခ်ာင္း႐ွိရာမွာ သြားၿပီး ေဆးေၾကာခဲ့ရတယ္၊ သူ႕ကိုယ္ထဲမွာလည္း အဆိပ္အကြၽင္းအက်န္ေတြက ႐ွိေနေသးတယ္။
ေစာေစာက ၿခိမ္းေျခာက္ခံထားရေတာ့ ခ်ဴးလ်န္ကလည္း သူ႕ကို လာစကားမေျပာရဲဘူး၊ ဒါနဲ႔ သူအိပ္ေပ်ာ္ေနတယ္လို႔ဘဲ ယူဆထားလိုက္တယ္။
ခ်ဴးလ်န္က မီးပုံေပၚမွာ ကင္ထားတဲ့ ရစ္ငွက္ႏွစ္ေကာင္ကို ၾကည့္ေနမိတယ္၊ သူမ ဒီေန႔တေနကုန္ ပင္ပန္းခဲ့ရတယ္၊ သူမ မွာ ႐ွိသမွ် အမဲေျခာက္ေတြကိုလည္း အရင္ေန႔တုန္းက ဒီလူႀကီးကို ေကြၽးလိုက္ရတာ၊ ေနာက္ဆုံး အစာစားခဲ့ရတာ 24နာရီေတာင္ ေက်ာ္သြားခဲ့ၿပီ၊ ဒီေတာ့ ဒီလို ဝဝၿဖိဳးၿဖိဳး ငွက္ႏွစ္ေကာင္ကို ျမင္ေနရတာနဲ႔ သြားရည္မက်ဘဲမေနႏိုင္ေတာ့ဘူး။
ခ်ဴးလ်န္က ေ႐ွ႕တိုးလာၿပီး ရစ္ငွက္တေကာက္ကို ေကာက္ကိုင္လိုက္တယ္၊ မ်က္လူံးေလးေတြကလည္း ေဘးကလူကို ၾကည့္ေနလ်က္နဲ႔ေပါ့၊ ေဘးကလူက ဘာအမူအရာမွ ထူးမလာတာကို ျမင္ေတာ့ နည္းနည္းပိုရဲတင္းလာတယ္။
ရစ္ငွက္ေတြက အျပင္ အခြံကေတာ့ က်က္လို႔ေနၿပီ၊ ခ်ဴးလ်န္က အနားကပ္ၿပီး အနံ႔ခံၾကည့္ေတာ့ တဖက္ကဘဲ က်က္ၿပီး တဖက္ကေတာ့ ဒီတိုင္းႀကီး ႐ွိေနေသးတာကို ေတြ႕လိုက္ရတယ္။
ခ်ဴးလ်န္လည္း လက္ထဲက ရစ္ငွက္ကို ၾကည့္လိုက္ ေဘးကလူကို ၾကည့္လိုက္နဲ႔ ျဖစ္ေနမိတယ္။
ဒီလူက ရစ္ငွက္ကို မီးဖိုေပၚ တင္လိုက္႐ုံနဲ႔ က်က္မယ္လို႔ တကယ္ဘဲ ထင္ေနတာလား ?
ေသခ်ာတာေတာ့ ဒီလူႏိုးလာတဲ့ အခ်ိန္ထိေတာင္ ဒါေတြက စားလို႔ရအုံးမွာ မဟုတ္ဘူး၊ ရစ္ငွက္ေတြရဲ႕ တျခမ္းက လုံးဝႀကီးကို မီးတူးလို႔ေနၿပီ၊ ဒါေတြက ျပာမျဖစ္သြားရင္ေတာင္ အေပၚယံက မီးကြၽမ္းၿပီး အထဲကေတာ့ အစိမ္းႀကီး ျဖစ္ေနမွာဘဲ။
ခ်ဴးလ်န္လည္း သူမ ခါးနားက အိတ္ေလးထဲေန ဓားေျမႇာင္ေလးကို ဆြဲထုတ္လိုက္တယ္။
ေနာက္ၿပီး အိတ္ထဲကေန ေႂကြ ပုလင္းေလး ႏွစ္ခုကိုပါ ထပ္ထုတ္လာတယ္။
ပုလင္းႏွစ္ခုထဲက တစ္ခုက ဆားေတြ ထည့္ထားတာျဖစ္ၿပီးေတာ့ အျခားတစ္ခုကေတာ့ ခ်ဴးလ်န္ကိုယ္တိုင္ေရာေႏွာထားတဲ့ အထူးငါးမ်ိဳးစပ္ ဟင္းခပ္ အေမႊးအႀကိဳင္ကိုထည့္ထားတယ္။
ခ်ဴးလ်န္က ရစ္ငွက္ရဲ႕ ဝဖီးေနတဲ့ အပိုင္းကို ဓားရာေလးေပးၿပီး အေပၚကေန ဆားနဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြ ျဖဴးလိုက္တယ္၊ ၿပီးေတာ့ ဂူထဲကေန ေက်ာက္ျပားအေသးေလးတစ္ခုကို ႐ွာၿပီး သန္႔႐ွင္းလိုက္တယ္၊ ၿပီးတာနဲ႔ ေက်ာက္ျပားကို မီးပုံေပၚတင္ၿပီး ရစ္ငွက္ကင္လို႔ရေလာက္မယ့္အထိ အပူေပးလိုက္တယ္။
အသားကို ေက်ာက္ျပားေပၚတင္လိုက္တာနဲ႔ မီးက သိပ္ၿပီး ျပင္းျပင္းႀကီး မေတာက္လာေတာ့ဘူး၊ ဒါက အသားကို ဟိူဘက္ ဒီဘက္ လွန္ဖို႔အတြက္ ပိုအဆင္ေျပေစတယ္။
ခ်ဴးလ်န္က က်န္ရစ္ငွက္တေကာင္ကိုပါ ၾကည့္လိုက္မိတယ္၊ဒါေပမယ့္ ဒီလူက သူမကို အသားယူခဲ့တာကို ျပန္ေတြးမိေတာ့ ႏႈတ္ခမ္းကို မဲ့ၿပီး သူ႕ကို မေႏွာက္ယွက္ဖို႔ ဆူံးျဖတ္လိုက္တယ္၊ သူမဘက္က ဒါကို ကင္ေပးခ်င္ေပမယ့္လည္း သူႀကိဳက္သလိုဘဲ စားပါေစေတာ့။
ေဟးစန္းလန္ေခါင္းက ဆိုးဆိုးဝါးဝါးႀကီးကို ထိုးကိုက္ေနတာ၊ မအီမသာျဖစ္ေနေတာ့ အိပ္လို႔ကလည္း မေပ်ာ္ေတာ့ဘူး၊ လႈပ္ဖို႔ကို အားမ႐ွိေတာ့လို႔ သူ႕မ်က္လူံးေတြကို အနားေပးတဲ့ အေနနဲ႔ မွိတ္ထားလိုက္ေတာ့တယ္။
ခ်ဳးလ်န္က ရစ္ငွက္တေကာင္ကို ယူလိုက္မွန္း ဝိုးတိုးဝါးတား ျမင္လိုက္ေတာ့မွ ျပန္ၿပီး သတိဝင္လို႔လာတယ္။
ခ်ဴးလ်န္က အိတ္ကို ဆြဲဖြင့္ၿပီး ငွက္ေပၚကိုဟင္းခတ္မႈန္႔ေတြ ျဖဴးေနတာကို ျမင္ေတာ့ သူတကယ္ဘဲ ဝါးလူံးကြဲ ထရီမိမတတ္ဘဲ။
ဒီ မာယာမ်ားတဲ့ မိန္းမက ဘယ္ခ်ိန္ကတည္းက အစားေကာင္းႀကိဳက္သူ ျဖစ္သြားရတာလဲ? သူမက တကယ္ဘဲ ဟင္းခတ္မႈန္႔ေတြကို ကိုယ္နဲ႔ မကြာသယ္လာတဲ့ အျပင္ ဟင္းလွီးဖို႔ ဓားေတာင္ ပါလာေသးတယ္!
သူ႕ မ်က္လုံးေတြက ပိုဝါးလာၿပီး ေခါင္းကလည္း ပိုမူးလာတယ္၊ ခ်ဴးလ်န္ရဲ႕ အလုပ္႐ႈပ္ေနတဲ့ ပုံရိပ္ေလးကိုေတာင္ ဝိုးတိုးဝါးတားဘဲ ျမင္ရေတာ့တယ္၊ ဘယ္ေလာက္ေတာင္ ထူးဆန္းလိုက္သလဲ၊ သူတို႔ႏွစ္ေယာက္က ႐ွင္း႐ွင္းလင္းလင္းႀကီးကို လူတေယာက္တည္းမွန္း သိသာေနတာကို သူ႕စိတ္ထဲ အခု ခ်ဴးလ်န္နဲ႔ အတိတ္ဘဝတုန္းက ခ်ဴးလ်န္ကို ခြဲျခားျမင္ေနမိတာပါလိမ့္?
ခ်ဴးလ်န္ရဲ႕ ဗိုက္ထဲကေန တၾကဳတ္ၾကဳတ္ ျမည္ေနၿပီ၊ သူမက မီးပုံေပၚက ရစ္ငွက္ကိုထိုင္ၾကည့္ေနရင္း သြားရည္ေတြေတာင္စီးက်လာေတာ့မယ္။
စြဲမက္စရာအနံ႔ေလးက ရစ္ငွက္ကင္ဆီကေန ပ်ံ႕လြင့္လာတယ္၊ ငွက္ရဲ႕ အျပင္အေရခြံက အညိဳေရာင္သန္းၿပီး ႂကြပ္႐ြလာၿပီ၊ အေပၚမွာ ဆီလူးထားသလိုေတာင္ ဝင္းေျပာင္ေနတယ္၊ ခ်ဴးလ်န္က ပါးစပ္ထဲေရာက္လာမယ့္ အသားရဲ႕ ႏူးအိမႈကိုေတာင္ ပုံေဖာ္ေနမိတယ္၊ တကိုက္တည္း အကုန္သာ စားလိုက္ရရင္ေတာ့.....
ခ်ဴးလ်န္က ေက်ာက္ျပားေပၚက ငွက္ကင္ကို ေသခ်ာေလးယူၿပီး သူမ ေစာေစာက သန္႔႐ွင္းထားတဲ့ အျခားေက်ာက္ျပားတစ္ခုေပၚကို တင္ၿပီ အေအးခံလိုက္တယ္၊ ၿပီးေတာ့ ငွက္ရဲ႕ေဘးဘက္ ဒူးဆစ္ပိုင္းကို အရင္ ဆြဲၿဖဲဖို႔ လုပ္လိုက္တယ္။
ဒါေပမယ့္ ေဘးက မုတ္ဆိတ္ေတြနဲ႔ လူႀကီးက သူမ ငွက္ကင္ေလးရဲ႕ ဒူးဆစ္ပိူင္းကို လာဆြဲၿဖဲၿပီး ခ်က္ခ်င္းဘဲ ကိုက္စားလိုက္တာကို ျမင္လိုက္ရတယ္။
ခ်ဳးလ်န္မွာ ဘာမွ ျပန္မတုံ႔ျပန္ႏိုင္ေတာ့ဘဲ ေဒါသတႀကီး ေအာ္ငိုမိမတတ္ဘဲ"႐ွင္ဘာလို႔ ကြၽန္မ ငွက္ကင္ကို လာလုစားတာလဲ ၊႐ွင့္ဟာက မီးပုံေပၚမွာေလ"
ေဟးစန္းလန္က ပထမ တကိုက္အေနနဲ႔ ငွက္ဒူးဆစ္ပိုင္းရဲ႕ အသားေတြ ျပည့္ေနတဲ့ ေနရာကို ကိုက္ထည့္လိုက္တယ္၊ အေပၚ အေရခြံေလးက ႂကြပ္႐ြေနၿပီး အထဲက အသားေလးက ႏူးအိေနတာဘဲ၊ဒီလို ႏူးညံ့ၿပီး သစ္လြင္တဲ့ အရသာေလးက သူ႕မွတ္ဉာဏ္ထဲမွာ ခ်က္ခ်င္းဘဲ စြဲထင္သြားၿပီ။
သူလည္း ခ်ဴးလ်န္နီးနီး ဗိုက္ဆာေနတာမို႔ ဒီ ေျခေထာက္ပိုင္းတစ္ခုလုံးကို သုံးခါကိုက္ၿပီး အျပတ္႐ွင္းပစ္လိုက္တယ္။
ဒီဘဝမွာေတာ့ ဒီမိန္းမက တကယ္ဘဲ အစားေကာင္းႀကိဳတ္တတ္သူ ျဖစ္လာတာဘဲ၊ ျဖစ္ႏိုင္တာကေတာ့ သူမ မွာ ခ်ီးမြမ္းစရာဆိုလို႔ ဒီလို နတ္ဘုရားလို ဟင္းခ်က္စြမ္းရည္ေလး တစ္ခုဘဲ ႐ွိတယ္။
သူမက သူ႕ရဲ႕ တရားဝင္ဇနီး ျဖစ္ေနမွေတာ့ သူမရဲ႕ ႀကိဳးစားမႈ အသီး အပြင့္ေတြကို သူက ဘာလို႔ ခံစားခြင့္ မ႐ွိရမွာလဲ။
ခ်ဴးလ်န္ရဲ႕ မကူမကယ္ႏိုင္ျဖစ္ၿပီး ပါးေလးေတြ စုေဖာင္းထားတဲ့ ႐ုပ္ေလးကို ျမင္လိုက္ရေတာ့ သူရဲ႕ ႏြမ္းနယ္အားပ်က္ေနတဲ့ ခႏၶာကိုယ္က နည္းနည္း ေက်နပ္အားရသြားေတာ့တယ္။
ေဟးစန္းလန္က ေနာက္ဆုံးတလုတ္ကို ပါးစပ္နဲ႔ အျပည့္သြပ္ၿပီး အ႐ိုးေတြကို ေဘးကို ပစ္ထုတ္လိုက္တယ္ ၊ၿပီးမွ ခ်ဴးလ်န္ကို စိုက္ၾကည့္ၿပီး "ဒါေတြကို အမဲလိုက္ထားတာ ငါေလ"
ခ်ဴးလ်န္လည္း ျပန္ေျပာဖို႔ စကားက ထြက္မလာေတာ့ဘူး။
သူမ ေဒါသေတြကိုဘဲ အတင္းမ်ိဳသိပ္ထားလိုက္ရတယ္၊ သူမွန္ပါတယ္ေလ၊ဒါေတြကို သူဖမ္းခဲ့တာဘဲ ၊သူမ လုပ္တာဆိုလို႔ ပိုေကာင္းေအာင္ ကင္လိုက္တာေလးတစ္ခုဘဲ႐ွိတာကို၊ သူ က ယူစားခ်င္မွေတာ့ သူမ ဘက္က ဘယ္လို ေျပာၿပီး တားႏိုင္မွာလဲ။
ေနာက္ဆုံးေတာ့လည္း ခ်ဴးလ်န္ဘက္ကေန ေဟးစန္းလန္ကို ရက္စက္တဲ့ အၾကည့္စူးစူးေလးဘဲ ေပးလိုက္ရႏိုင္တယ္။
ငွက္တေကာင္လုံးမွာ ခ်ဴးလ်န္က ဒူးဆစ္သားနဲနဲ နဲ႔ က်န္အသားေလးနဲနဲဘဲ စားလိုက္ရတယ္၊ က်န္တဲ့ အပိုင္းေတြက ေဟးစန္းလန္ရဲ႕ အစာအိမ္ထဲ ထိုးထည့္ခံလိုက္ရတယ္။
ခ်ဴးလ်န္က သူမ ဗိုက္ေလးကို ပြတ္ၿပီး သက္ျပင္းခ်မိတယ္၊ ေဟးစန္းလန္ကေတာ့ ဗိုက္ဝသြားေပမယ့္ သူမက အခုထိ မဝေသးဘူးေလ။
အဲ့ဒီအခ်ိန္မွာ ေဟးစန္းလန္ကေတာ့ မ်က္ႏွာ ႏွစ္ဖက္နဲ႔ မိန္းမကို ၾကည့္ရတာ ပ်င္းရိေနတဲ့ ပုံနဲ႔ ဂူနံရံကို မွီေနတယ္။
ခ်ဴးလ်န္လည္း နားမလည္ႏိုင္ျဖစ္ေနသလို ေဟးစန္းလန္လည္း သူ႕ကိုယ္သူ သေဘာမေပါက္ဘူး ျဖစ္ေနတယ္၊ သူတို႔ ႏွစ္ေယာက္က ရစ္ငွက္ကင္ကို ခြဲစားၾကေပမယ့္ ေဟးစန္းလန္ ပထမဆုံး စားတဲ့ အသားကလြဲၿပီး က်န္တဲ့ ေကာင္းတဲ့ အပိုင္းေတြကို သူက ခ်ဴးလ်န္ကို ေပးတယ္၊ခ်ဴးလ်န္ ေကာင္းေကာင္းစားတာ ျမင္မွ က်န္တဲ့ အပိုင္းေတြကို သူက စားတယ္။
ခ်ဴးလ်န္လည္း ေဟးစန္းလန္လို အစာလုစားတဲ့ အာဏာ႐ွင္လို လူညစ္ႀကီးကို ဘာမွ ျပန္မခုခံႏိုင္ဘူး၊ သူတို႔ႏွစ္ေယာက္စားေသာက္လို႔ၿပီးေတာ့ ခ်ဳးလ်န္က မီးပုံေပၚက ေ႐ႊ႕ထားၿပီးျဖစ္တဲ့ က်န္တစ္ေကာင္ကို ၾကည့္လိုက္တယ္၊ သူတို႔ အစားအေသာက္ကို အလကားထားလိုက္လို႔မျဖစ္ဘူး။
ေနာက္ေတာ့ ခ်ဴးလ်န္က အဲ့ဒီ တဝက္က်က္ေနတဲ့ ငွက္ကို ဟင္းခတ္အေမႊးအႀကိဳင္သုတ္ၿပီး သန္႔႐ွင္းတဲ့ သစ္႐ြက္ေျခာက္ေတြနဲ႔ ေဘးမွာ ထုပ္ထားလိုက္တယ္၊ ဒါက သူတို႔အတြက္ မနက္စာဘဲ။
ခ်ဴးလ်န္က ဂူေပါက္ဝကို လွမ္းၾကည့္ေတာ့ ေကာင္းကင္က တျဖည္းျဖည္း ေမွာင္ရီပ်ိဳးလာတယ္၊ ေနာက္ေတာ့ မုတ္ဆိတ္ေတြနဲ႔ လူကို လွမ္းၾကည့္မိသြားတယ္ ၊ ဒီလူက သူမကို ေတာထဲကေန ျပန္ထြက္ႏိုင္ေအာင္ ေခၚသြားေပးႏိုင္ပါ့မလား?
ခ်ဴးလ်န္က တိတ္တိတ္ေလးဆုံးျဖတ္ထားလိုက္တယ္၊ မနက္ျဖန္မနက္ေရာက္တဲ့ထိ ထြက္သြားဖို႔ စကားစမလာရင္ေတာ့ ဒီလူနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးရေတာ့မွာဘဲ။
ညက တဖန္ ေမွာင္မိုက္လို႔လာတယ္၊ ဒီညေတာ့ ခ်ဴးလ်န္က ဂ႐ုတစိုက္႐ွိေနတယ္၊ သူက မီးပုံနားကပ္ၿပီး ျခဳံထည္ကိုျခဳံလို႔ ေဟးစန္လန္ကို ေက်ာေပးၿပီး လွဲအိပ္လိုက္တယ္။
ေဟးစန္းလန္က စိတ္ထဲမွာေတာ့ ႏွာမႈတ္လိုက္ေပမယ့္ ခ်ဴးလ်န္ရဲ႕ အျပဳအမူနဲ႔ ပတ္သတ္ၿပီး ဘာမွ မေျပာခဲ့ဘူး၊သူက သူ႕လက္ေမာင္းကို ေခါင္းအူံးၿပီးေျမျပင္ေပၚ လွဲအိပ္လိုက္တယ္၊ သူ႕ ခႏၶာကိုယ္ကလည္း သိပ္ေနမေကာင္းေသးေတာ့ ခပ္ျမန္ျမန္ဘဲ အိပ္ေပ်ာ္သြားတယ္။
မီးအပူ႐ွိေနတာေတာင္မွ အျပင္က ေလေအးေတြေၾကာင့္ ခ်ဴးလ်န္က ပုဇြန္တုပ္ေလးလို ေကြးေကြးေလး အိပ္ေနမိတယ္။
သူမ ခႏၶာကိုယ္က အလိုလိုေကြးလာၿပီး ဒူးေခါင္းႏွစ္ဖက္ကိုပိုက္ထားမိတယ္၊ သူမ ပုံစံေလးက ေဘာလူံးေလးလိုကို ျဖစ္ေနၿပီ၊ခ်ဴးလ်န္လည္း သူမကိုယ္သူမ အားတင္းၿပီး အိပ္ေပ်ာ္ေအာင္ႀကိဳးစားလိူက္တယ္။
ေနာက္ဆုံးမွာ သူမ တကယ္ဘဲ အိပ္ေမာက်သြားတယ္၊ တေနကုန္ ပင္ပန္းထားခဲ့ေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ၿပီး အိမ္မက္ေတြေတာင္ မက္ေနတယ္။
ခ်ဴးလ်န္က နားထဲမွာ စကားသံေတြ လိုလိုၾကားတာနဲ႔ ရီေဝေဝျဖစ္ၿပီး ႏိုးလာတယ္၊ သူမေဘး နားက မီးပုံကလည္း ၿငိမ္းလုနီးနီးျဖစ္ေနေတာ့ အေအးဓာတ္က ပိုဝင္လာတယ္။
ဒါနဲ႔ ျခဳံထည္ကို တင္းတင္းဆြဲျခဳံၿပီး မီးပုံထဲကို သစ္ကိုင္းေျခာက္ေတြ စိုက္လိုက္တယ္၊ ဂူက တဖန္ ျပန္လင္းလာေတာ့မွ သူမ အိမ္မက္လိုလို ၾကားလိုက္ရတဲ့ အသံေတြက ေဘးက မုတ္ဆိတ္ေတြနဲ႔လူဆီကေန ထြက္ေနမွန္း သိလိုက္ရတယ္။
သူမက မလႈပ္မယွက္ေလးနဲ႔ ေဘးကလူကို ခဏၾကာေအာင္ ၾကည့္ေနမိတယ္၊ ေဘးက လူက ဘာမွ မတုံျပန္လာတာနဲ႔ ဂူနံရံကို အားျပဳၿပီး သူ႕ေဘးနားကို ေထာ့နဲ႔ေထာ့နဲ႔ နဲ႔ ေလွ်ာက္သြားတယ္။
သူ႕ေဘးနားကို ေရာင္ေတာ့ မ်က္ႏွာက မီးအ႐ွိန္ေအာက္မွာ နီရဲေနတာကို ျမင္လိုက္ရတယ္၊ သူ႕ဆံပင္ေတြက ေခြၽးေတြေၾကာင့္ မ်က္ႏွာေပၚကို လာကပ္ေနတယ္၊ ခ်ဴးလ်န္လည္း လန္႔ၿပီး သူ႕နဖူးကို စမ္းၾကည့္လိုက္တယ္။
သူမ လက္က သူ႕နဖူးကို မထိရေသးခင္မွာကို အပူ႐ွိန္က လာဟပ္ေနတာကို ခံစားမိလိုက္တယ္၊ ဒါကတကယ္ကို ပူျခစ္ေနတာဘဲ။
အခုေတာ့ ခ်ဴးလ်န္ တကယ္ဘဲ အထိတ္တလန္႔ျဖစ္လို႔လာၿပီ၊ ဒီမုတ္ဆိတ္ေတြနဲ႔လူက စိတ္ညစ္ဖို႔ေကာင္းေပမယ့္ သူမ သူ႕ကို ဘာမွ အျဖစ္မခံႏိုင္ဘူး၊ သူသာ တခုခုျဖစ္သြားရင္ သူမ ဒီေတာထဲကေန တသက္လူံးထြက္ႏိုင္ေတာ့မွာ မဟုတ္ဘူး။
ခ်ဴးလ်န္က အံႀကိတ္ၿပီး မီးပုံေဘးမွာ ေဆာင့္ေၾကာင့္ထိုင္လိုက္မိတယ္၊ ၿပီးတာနဲ႔ မီးတုတ္တေခ်ာင္းကို ယူၿပီး ခဲရာခဲဆစ္နဲ႔ ဂူျပင္ထြက္သြားတယ္။
သူမ မွတ္မိသေလာက္ဆိုရင္ ဒီကေန မီတာ 50ေလာက္အကြာမွာ စမ္းေခ်ာင္းေလးတစ္ခု႐ွိရမယ္။
ေျခတဖက္ကို အားျပဳၿပီး ခ်ဴးလ်န္က အဲ့ဒီအကြာအေဝးေရာက္ေအာင္ နာရီ ဝက္ေက်ာ္ေက်ာ္ အခ်ိန္ယူလိုက္ရတယ္။
ခ်ဴးလ်န္က သူ႕နဖူးေပၚကို ေရစိူဝတ္တင္ေပးၿပီး သူ႕အေပၚပိုင္းက အဝတ္ေတြကို ဆြဲခြၽတ္လိုက္တယ္၊သူ႕ ရင္အုပ္က ႂကြက္သားေတြ အျပည့္ဘဲ။
သူတို႔က အေရးေပၚအေျခအေနျဖစ္ေနေတာ့ ခ်ဴးလ်န္မွာ မ်က္စိအစာေကြၽးဖို႔ကို သတိမရႏိုင္ဘူး၊ သူမက ေရစိုဝတ္နဲ႔ သူ႕ရင္ဘက္ေတြ လက္ေတြကို သုတ္ၿပီး အပူခ်ိန္က်ေအာင္လုပ္ေနတယ္။
ေဟးစန္းလန္ရဲ႕ အသားအရည္ကေတာ့ ေတာ္ေတာ္ေလးကို ေကာင္းတယ္၊ သူက ေျမာက္ပိုင္းမွာေနၿပီး ေလ့က်င့္ခန္းေတြလုပ္လို႔ ေနဒဏ္မိုးဒဏ္ခံထားရေပမယ့္ သူ႕ အသားအေရာင္က သိပ္ၿပီး မဲမသြားဘူး၊ ၿမိဳ႕ေတာ္မွာ ႐ွိတုန္းကနဲ႔ေတာင္ သိပ္ၿပီး မကြာျခားသြားဘူး၊ သူ႕မ်က္ႏွာက မုတ္ဆိတ္ေတြဖယ္ၿပီး ႐ွင္းလင္းလိုက္ရင္ေတာ့ သူ႕ကို စစ္တပ္က ေခါင္းေဆာင္မွန္း ဘယ္သူမွ ယုံၾကမွာ မဟုတ္ဘူး။
ခ်ဴးလ်န္က ေရပတ္ဝတ္ သုံးေလးႀကိမ္ေလာက္တိုက္ေပးၿပီးေတာ့ နဖူးကို ထပ္စမ္းၾကည့္လိုက္တယ္၊ အပူခ်ိန္က နည္းနည္းေတာ့ ေလ်ာ့သြားၿပီ။
ခ်ဴးလ်န္ သက္ျပင္းခ်လိုက္မိတယ္၊ ဒီလူအပူခ်ိန္က က်လာၿပီဆိုမွေတာ့ ဒီညေတာ့ အသက္႐ွင္အုံးမွာပါ။
အဲ့ဒီအခ်ိန္မွာဘဲ ဒီလူဆီကေန အိမ္မက္ေယာင္ေနသလိုမ်ိဳး အသံေတြ ထြက္လာတယ္။
"မင္း ..ဒီလို ေကာက္က်စ္တဲ့ မိန္းမ ၊ ငါမင္းကို ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး၊ စိတ္ကူးယဥ္မေနနဲ႔ !"
(T/N -personal caseေၾကာင့္ မupမိတာပါ အခု ျပန္လာပါၿပီ 💚)