ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သ...

By MayKingMK119

3.8M 517K 12.6K

Myanmar Translator _ May King Start date _ August 12, 2020 End date _ October 25, 2021 (completed) More

ေရခဲတံုးအက္ိုႀကီးကို ဆြဲေဆာင္သည့္ ဝံပုေလြ ညီငယ္ေလး
Chapter (1) - ျပန္လည္ေမြးဖြားလာေသာ ဝံပုေလြေလး၏ခ်စ္ျခင္း (Z+U)
Chapter (2) - အေတာ္ေကာင္းသည့္ ေဆြမ်ိဳးမ်ား
Chapter (3) - ရႈနင္၏ ရိုးသားေသာ ဦးေလး (Z+U)
Chapter (4) - မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုးခ်င္း
Chapter (5) - ႐ႈနင္၏ ေမြးမိခင္ရင္း ခ်င္ယြိက်ိဳး
Chapter (6) - သခင္ေလးတစ္ေယာက္အျဖစ္ ျပင္ဆင္ေပးျခင္း
Chapter (7) - အစ္ကိုႀကီးရႈဟိန္ ကၽြန္ေတာ္တို႔ ထပ္ေတြ႕ရေတာ့မယ္
Chapter (8) - အစ္ကိုႀကီးနားကို တိုးကပ္သြားေသာ ဝံပုေလြညီေလး
Chapter (9) - ကေလးတစ္ေယာက္က အရပ္ဘယ္ေလာက္ရွိသင့္လဲ
Chapter (10) - အကုိႀကီးေပါင္ႀကား ေျခေထာက္ေရာက္ေနေသာ ညီေလး
Chapter (11) - ငါ.. ဘယ္လိုေတာင္ အအိပ္ၾကမ္းရတာလဲ (╥﹏╥)
Chapter (12) - အျမင့္ဆံုးကိုတက္ခ်င္တာလား.. ရတယ္ ငရဲျပည္ထိ ဆြဲခ်ေပးမယ္ (Z+U)
Chapter (13) - ညီေလးရင္ဘတ္က ပန္းေရာင္အရာေလးႏွစ္ခု
Chapter (14) - အကိုႀကီးကို စဖို႕ အခြင့္ေရး ဆံုးရံႈးသြားျပီ(Z+U)
Chapter (15) - အကိုႀကီးက အရမ္း ထြားတာပဲ (• ▽ •;)
Chapter (16) - အိပ္ယာဝင္ အနမ္းမေပးလို႕ အလုိမက်ျဖစ္ေနေသာ အကိုႀကီး (Z+U)
Chapter (17) - ေဖေဖဖုတ္ေပးတဲ့ကိတ္မုန႔္ (Z+U)
Chapter (18) - အစ္ကိုႀကီးရခဲ့သည့္ ရည္းစားစာ (Z+U)
Chapter (19) - ညီေလး စိတ္မေပ်ာ္ဘူးလား (Z+U)
Chapter (20) - နင္နင္ရဲ႕ တင္ပါးျဖဴျဖဴေလးႏွစ္လုံး...(Z+U)
Chapter (21) - အစ္ကိုႀကီးကိုပဲ ယုံတယ္..(Z+U)
Chapter (22) - ဒါက အစ္ကိုအတုႀကီး/ ဒါက အစ်ကိုအတုကြီး
Chapter (23) - အစ္ကိုႀကီး ခ်ိန္းေတြ႕ၿပီ/အစ်ကိုကြီး ချိန်းတွေ့ပြီ
Chapter (24) - ဒီကေလးေနရာ ဘယ္သူ႔ကိုမွ အစားမထိုးႏိုင္ဘူး(Z+U)
Chapter (25) - ရွင္ႏွလံုးသားထဲမွာ တစ္ေယာက္ေယာက္ ရွိႏွင့္ေနၿပီလား..
Chapter (26) - ပဲနီေစ့ေလးေၾကာင့္ အာေခါင္ေျခာက္သြားေသာ အစ္ကိုႀကီး(Z+U)
Chapter (27) - ခ်င္ယြိက်ိဳးကို ႐ိုက္ခ်လိုက္ျခင္း
Chapter (28) - အစ္ကိုႀကီးအရက္မူးလာျခင္း (Z + U)
Chapter (29) - အစ္ကိုႀကီးကို ေရခ်ိဳးေပးေသာ နင္နင္ေလး
အေျဖတိုက္ႀကည့္ရ ေအာင္ဗိ်ဳ႕/အဖြေတိုက်ကြည့်ရ အောင်ဗျို့
Chapter (30) - ေကာ့ေတးပါတီပြဲကို တက္ေရာက္ျခင္း(Z+U)
Chapter (31) - "႐ႈနင္ေနရာမွာ ဘယ္သူ႔ကိုမွ အစားမထုိးဘူး.."(Z+U)
Chapter (32) - ဝမ္းကြဲညီမမ်ားႏွင့္ ႐ႈနင္ (Z+U)
Chapter (33) - ပိုင္စိုးလိုစိတ္ႀကီးလာေသာ အစ္ကိုႀကီး (Z+U)
Chapter (34) - မီးပံုထဲ မီးစာထည့္ေပးေနေသာ ရႈနင္း (Z+U)
Chapter (35) - အခ်စ္ငတ္ေသာ အကိုႀကီးနွင့္နွစ္သိ္မ့္ေပး ခ်င္ေသာ ညိီေလး (Z+U)
Chapter (36) - အကာကြယ္ေပးမယ့္ သူရဲေကာင္း အကိုႀကီး (Z+U)
Chapter (37) - ေျမေခြးညီအစ္မ (Z+U)
Chapter (38) - အကိုႀကီး ျပန္အလာကို ေစာင့္ေနေသာ ညီငယ္ေလး (Z+U)
Chapter (39) -အကိုႀကီးရဲ႕ဟာက မေသးဘူး မဟုတ္လား ^ o ^ (Z+U)
Chapter (40) - တူေသာအက်ိဳးေပး (Z+U
Chapter (41) - နင္နင္ကို တညလံုး ျပဳစုေပးေသာ အကိုႀကီး (Z+U)
Chapter (42) - နင္နင္ေလးေဘးမွာ တေနကုန္ အေဖာ္လုပ္ေပးေနေသာ အကိုႀကီး (Z+U)
Chapter (43) - ႐ႈမိသားစု စံုညီပြဲကို တက္ေရာက္ျခင္း (Z+U)
Far From You (MM translation)
Chapter (44) - ကၽြန္ေတာ္က သူတို႔ကို မသိဘူး (Z+U)
Chapter (45) - နင္နင့္ကို ငါ့လက္ထဲကေန ဘယ္သူမွ ယူမသြားရဘူး..
Chapter (46) - တဏွာ႐ူးသခင္ေလးႏွင့္ အႀကံႀကီးေသာသခင္မေလး
Chapter (47) - အစ္ကိုႀကီး၏ ပထမဆံုးအနမ္းပိုင္ရွင္ နင္နင္ (Z+U)
Chapter (48)_ကြၽန္ေတာ္ အကိုႀကီးကို တသက္လံုး တာဝန္ယူပါ့မယ္ (Z+U)
Chapter (49) - အစ္ကိုႀကီးက ကြၽန္ေတာ့္အေနာက္ေပါက္ေလးကို ထိလို႔မရဘူး (Z+U)
Chapter (50) - ညီေလးနူတ္ခမ္းကို သံုးႀကိ္မ္တိတိ နမ္းလိုက္ေသာ အကိုႀကီး (Z+U)
Chapter (51) - သဝန္တိုေသာ အကိုႀကီးနွင့္ ေသတြင္းတူးေသာ ေဟာ္ရန္ (Z+U)
Chapter (52) -ဥာဏ္မ်ားေသာ နင္နင္နွင့္ ေဒါကန္ေနေသာ အကိုႀကီး (Z+U)
Chapter (53)_ တင္ပါးျပင္မွာ ေျဗာတင္ခံလိုက္ရေသာ နင္နင္ (Z+U)
Chapter (54) - ခ်င္ယြိက်ိဳး ဆီက နင္နင္ကုိ ေခၚေဆာင္သြားေတာ့မယ့္ အကိုႀကီး
Chapter (55) - ပင္လယ္ကမ္းေျခသို႕ အပန္းေျဖခရီးတစ္ခု (Z+U)
Chapter (56) - မင္းကိုဖက္ခြင့္ေပးရင္ ႐ႈေယာင္ကို ဂ႐ုမစိုက္ေတာ့ဘူး
Chapter (57)_ ငါက အကိုႀကီးလက္ထဲမွာ အဖမ္းခံရေတာ့မွာေပါ့(Z+U)
Chapter (58) - နတ္ဘုရားႏွစ္ပါးၾကားက ၾကက္ျဖဴကေလး
Chapter (59) -ကၽြန္ေတာ္ အစ္ကိုႀကီးအေပၚ အၿမဲေကာင္းမွာပါ (Z+U)
Happy New Year
Chapter (60)_ အကိုႀကီးက ပိုက္ဆံရွာ..ကြ်န္ေတာ္က အိမ္ကို ေစာင့္ေရွာက္မယ္
Chapter (61)_ အကိုႀကီးကို ေဘာင္းဘီခြ်တ္ရမယ္.....(Z+U)
Chapter (62)_ ကြ်န္ေတာ့္ ပါးစပ္ထဲက ဘာႀကီးလဲ... (Z+U)
Chapter (63)- အခုဘဝမွာ နတ္ဘုရား အကိုႀကီး ရွိေနျပီ (Z+U)
Chapter (64)- အကိုႀကီးရဲ႕သေဘာကို အရင္ႀကည့္ေသာ ညီငယ္ေလး (Z+U)
Chapter (65) _ အကိုႀကီးရဲ႕စီးပြားေရးကို ကြ်န္ေတာ္ ကူညီေပးမယ္(Z+U)
Chapter (66)_ဦးေလးဆီက အရႈပ္ထုပ္ကို ရွင္းေပးရျခင္း (Z+U)
Chapter (67)_အဖိုးက ရွယ္ယာမ်ားေပးအပ္ျခင္း (Z+U)
Chapter (68) _တူးထားတဲ့ တြင္းထဲ ေျပးဝင္တဲ့ ခ်င္ယြိက်ိဳး (Z+U)
Chapter ( 69) _ အကိုႀကီးအေႀကာင္းကုိပဲ စဥ္းစားတယ္ (Z+U)
Chapter (69-2) _ "အစ္ကိုႀကီးက အစပ္ မစားနုိင္ဘူးမဟုတ္လား ?" (Z+U)
Chapter (70-1)_ ဆက္ဆီ ေဘာထုပ္ေဘာင္းဘီကို ဝတ္ျပေသာ အကိုႀကီး (Z+U)
Chapter (70-2)_ငါတို႕က ပံုမွန္ဆက္ဆံေရးမ်ိဳး ရွိလုိ႕လား (Z+U)
Chapter (71-1) _ ငါတို႕နွစ္ေယာက္ႀကားမွာ လွ်ိဳ႕ဝွက္ခ်က္ဆိုတာ မရွိဘူး (Z+U)
Chapter (71-2)_ ေမွ်ာ္ေတာ္ေယာင္ (Z+U)
Chapter (72-1) _အကိုႀကီးျပန္လာျပီ (Z+U)
Chapter (72-2) _အကိုႀကီးတစ္ေယာက္တည္းကို သေဘာက်ရင္ ရျပီ (Z+U)
Chapter (73) _ ေခ်ာင္ပိတ္ခံရေသာ နင္နင္ (Z+U)
Chapter (74)_ မ်က္ခြက္ေဆာင့္နင္းခံလိုက္ရသည့္ တဏွာရူး ေဟာ္ယြီ (Z+U)
Chapter (75)_ တဆင့္ခ်င္း တလွမ္းခ်င္း တိုးကပ္လုိ႕ ရင္ခြင္ထဲမွာ သိမ္းထားမယ္
Chapter (76)_ စေတာ္ဘယ္ရီနံ႕ သြားတိုက္ေဆးကို အကိုႀကီး အနံ႕ခံႀကည့္မလား
Chapter (77)_ စိတ္ကို ခ်ဳပ္တည္းထားရေသာ ညီငယ္ေလး.... (z+u)
Chapter (77-2)_အကိုႀကီးဆီက ဖုန္းကို တိတ္တခိုးေမွ်ာ္ေနေသာ နင္နင္ေလး (Z+U)
Chapter(78-1)_အကိုႀကီး ကြ်န္ေတာ့္အသားကို ထိခ်င္သေလာက္ ထိထားေပေတာ့
Chapter(78-2)_ ဂ်ယ္လီတုန္းကို အကိုက္ခံလိုက္ရေသာ နင္နင္ (Z+U)
Chapter (79-1) - အကိုကြီးကို အမှတ်သားပေးလိုက်သည့် ဝံပုလွေပေါက်လေး (U+Z)
Chapter (79-2)_ညီလေးလက်ကို ဆုပ်ကိုင်ပြီး ပွဲတက်ခြင်း (U+Z)
Chapter (80)_ဖွတ်မရ ဓါးမဆုံးသည့် ဟော်မိသားစု (U+Z)
Chapter (81-1)_ အကိုကြီးက နောင်အနာဂါတ်မှာ ကျွန်တော့်ကို စားမှာမို့လား... (U+Z)
Chapter (81-2)_🔞ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်မိသော ဟော်ယွီ (U+Z)
Chapter (82)_ အကိုကြီးရဲ့ ပဲစေ့လေးကို ညစ်လိုက်တဲ့ ညီငယ်လေး (U+Z)
Chapter (83-1)_အကိုကြီးရဲ့ ပြင်သစ်အနမ်း (U+Z)
Chapter (83-2)_အကိုကြီး...မင်းကို သင်ပေးမယ်
Chapter (84)_ အကိုကြီးထက် ချစ်ရမည့်လူ မရှိနိုင်တော့ပြီ.... (U+Z)
Chapter (85)_အတိတ်ဘဝက ရည်းစားဟောင်းအတွက် ကျင်းတူးပေးရန် ကြံခြင်း (Uni+Z)
Chapter (86)_ အောက်ခြေလွတ် ဘဝင်မြင့်သော ဝမ်ချုံး
Chapter (87-1)_🔞ဝမ်ချုံး၏ပထမကို ယူသွားသော ဟုန်ရှင်းမင်းသားလေး
Chapter (87-2) _ ချမ်းသာခြင်း နတ်ဘုရားကို တွေ့ဆုံခြင်း
Chapter (88)_ ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း
Chapter (89)_ ရှည်ပြီး ထူသော ထွားကျိုင်းသည့် ရတနာချောင်းကို လေ့လာခြင်း
Chapter (90-1)_ အကိုကြီး ဂေးလ်သွားရင် ကျွန်တော် အကိုကြီးကို တာဝန်ယူပါ့မယ်
Chapter (90-2)_ နင်နင်ရဲ့ ဝမ်းနည်းပမ်းနည်း ငိုကြွေးခန်း
Chapter (91-1)_ အဖိုး ကွယ်လွန်ပြီ....
Chapter (91-2)_ လွန်ခဲ့တဲ့ 2 နှစ်ကတည်းက မင်းကို ချစ်ခဲ့တာ....
Chapter (92)_ နောက်ဆုံးတော့ ငါ အသက် 16 နှစ်ပြည့်ပြီးခဲ့ပြီ....
(U)Chapter (93)_အကိုကြီးရဲ့ ခန္ဓာကိုယ်ကို တကယ်ကြီးကို လွမ်းနေမိပြီ
(Z)Chapter (93)_အကိုႀကီးရဲ႕ ခႏၶာကိုယ္ကို တကယ္ႀကီးကို လြမ္းေနမိျပီ
Chapter (94)_🔞ကျောက်စိမ်းနှစ်ချောင်း အတူ ပူးကပ်ပါလို့....
Chapter (95)_ အကိုကြီးရဲ့ ဖြုတ်၊ ထုတ်၊ သတ် ပညာရပ်
Chapter (96)_🔞pa pa pa pa pa pa pa
Chapter (97) _ စုံတွဲဖြစ်သွားသော ရှုဟိန်နှင့် ရှုနင်
Chapter(98)_ ရှုကျီရွှမ်းကို ထောင်ချောက်ဆင်သော နင်နင်
Chapter (99)_🔞ဟိုတယ်မှာ pa pa pa
Chapter (100)_ တကိုယ်လုံး ချစ်ခြင်းရဲ့ သင်္ကေတတွေ ဖုံးလွှမ်းနေတဲ့ နင်နင်လေး
Chapter (101)_ အရေးကောင်း ဒိန်းဒေါင်းဖျက်ခံလိုက်ရတဲ့ ရှုဟိန်
Chapter (102)_ အကိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူ မထမ်းပေးချင်ဘူးလား နင်နင်...
ရေခဲအကိုကြီးကို ရေးနေတာ mayking မှ ဟုတ်ရဲ့လားဟင်
Chapter (103) - ဦးလေးချင်ယွိဖူရဲ့လက်ထပ်ပွဲ နဲ့ ဖိုမင် မြို့က ထွက်သွားခြင်း(U+Z)
Chapter (104)_ အစ်မကို ချကျွေးပြီး ထောင်ချောက်ဆင်တဲ့ ချင်ယွိကျိုး
Chapter (105)_ကိုယ့်အတတ် ကိုယ်စူးသည့် ချင်ယွိကျိုး
Chapter (106)_ အကိုကြီးဆီ အရောက်လာပြီ..
Chapter (107)_ မင်းသမီးလေးလို ပွေ့ချီပါလို့ အိပ်ဆောင်ကိုဝင်....
Chapter (108)_ 🔞 ငါတို့က တယောက်ကို တယောက်ပိုင်ဆိုင်သွားပြီကွ... O(∩_∩)O
Chapter(109) - မကောင်းကြံ ဘေးဒဏ်ထိသည့် ချင်ယွိလန်
Chapter (110)_ 🚫 မင်း သာမရှိရင် လမင်းကို ပိုင်ဆိုင်ရလည်း အလကားပဲ
Chapter (111)_ 🚫 အတင့်ရဲသော ရှုဟိန်
Chapter (112-1)-🔞ဒီကလေးကို ငုံထားချင်သည်အထိ မြတ်နိုးသည်
Chapter (112-2)- 🔞ကားပေါ်မှာ တကြိမ်... အိပ်ခန်းထဲမှာ တကြိမ်
Chapter (113)_ ဦးလေးဖူနှင့် ဖိုမင်တို့ကြားက မမြင်ရတဲ့ သံယောဇဉ်
Chapter (114) - အဖေရင်း စစ်ထူထုံးကို လျစ်လျူရှုကာ ထွက်ခဲ့သည့် ရှုဟိန်
Chapter (115)_ ဝမ်ချုံးနှင့် ထျန်းကျားဟွေ့ကို ကလဲ့စားချေပြီးခြင်း....
Chapter (116)_ 🔞 ရေချိုးခန်းထဲမှာ pa pa pa
Chapter (117-1)_🔞 ရှာလကာရည်သောက်နေတဲ့ အကိုကြီးရဲ့ မော်တော်ဟိုတယ်
Chapter (117-2)_🔞 မှန်ရှေ့မှာ pa pa pa
Chapter (118-1) _ ဦးလေးဖူ ကွာရှင်းလိုက်ပြီ
Chapter (118-2) _ 🔞 လေးခါရှိရင် ငါးခါလည်း ရှိနိုင်တယ် မလား....
Chapter (119) _🚫 တညလုံး လယ်ထွန်တဲ့ နင်နင်ရဲ့ ယောကျာ်း
Dominant -Submissive (သို့) Behind The Love Story
Chapter (120)_🔞စားပွဲထက်မှာ pa pa pa...
Chapter (121)_ 🔞ရေချိုးခန်း နံရံမှာ ဖိကပ်ပါလို့ pa pa pa
Chapter (122) - ငယ်ပေမယ့် အစွယ်လေးနှင့် ရှုယောင်း
Chapter (123)_ 🔞ရုံးခန်း နံရံကို ကျောမှီပါလို့ အကိုကြီးနဲ့ မတ်တပ် ချစ်ကြမယ်....
Chapter (124)_ ဦးလေးနှစ်ယောက်ဟာ ' XXOO ဗီဒီယို' တွေကို အတူကြည့်နေကြတာလား
Chapter (125)_ တူလေးဆီမှာ အမိခံလိုက်ရသည့် ဦးလေးဖူ
Chapter (126)_ ယောက္ခမကြီး စစ်ထူထုံးနှင့် ရှုနင် တွေ့ဆုံခြင်း
Chapter (127)_ လက်ဖက်စိမ်းကောင် အန်းရီ
COVID 19 အတွက် သတိပြုဖို့
Chapter (128)_ မင်းက အတန်းခေါင်းဆောင်ဖြစ်ချင်တာလား..ဟမ်
Chapter (129)_ ရှုနင်ကို လာကပ်သည့် တက်သစ်စ ရုပ်ရှင်မင်းသမီးလေး
😎ငှက်သိုက်ရူးများဖတ်ရန်🐦
Chapter (130)_ 🏮အကိုကြီးရဲ့ ထုတ်ကုန်အသစ်ကို စမ်းကြည့်နေသော နင်နင်
Chapter (131)_ သားသမီး မရနိုင်ရင်တောင် သားအဖြစ် လက်ခံဖို့ဆန္ဒရှိလား
Chapter (132)_ အဖေ့အိပ်ယာပေါ် တိုးဝှေ့အိပ်ကြတဲ့ စုံတွဲ
Chapter (133)_ အဖေ့ကို အကိုကြီးနဲ့ မှားတဲ့ နင်နင်
(U) Chapter (134)_ XXOO လုပ်နေတဲ့ လင်လင်ကို အဖေနဲ့ မှားတဲ့ နင်နင်
(Z) Chapter (134)_ XXOO လုပ္ေနတဲ့ လင္လင္ကို အေဖနဲ႔ မွားတဲ့ နင္နင္
Zawgyi user vs. Unicode user
Chapter (135-1)_🏮 တညလုံး နေရာစုံမှ pa pa pa
Chapter (135-2)_ ရှုယောင်းအတွက် လူယုံတော် မွေးပေးသည့် ရှုချိန်
Chapter (136)_ အမြင့်မှ ပြုတ်ကျတဲ့ တျန်းကျားဟွေ့
Question and Answer
Chapter (137)_ ရှုနင်ကို တိုက်ခိုက်ရဲတဲ့ ဝမ်ချုံး
👻The Best Ghost Fictions 👻
Chapter (138) _🏮 မီးဖိုချောင်ထဲမှာ ချစ်ကြမယ်....
Chapter (139)_ ယောက္ခမနှင့် သားမက် တွေ့ကြ ရာဝယ်.....
(U+Z) Chapter (140) _ ဒါက ...... ငါ့ချွေးမကွ!
သန်မာလွန်းသည့် Uke လေးများ/ သန္မာလြန္းသည့္ Uke ေလးမ်ား
(U+Z) Chapter (141)_ မြေးချွေးမအဖြစ် လက်ခံခြင်း...
Chapter (142-1)_ မြေးချွေးမကို လက်စွပ်အပ်နှင်းခြင်း
Chapter (142-2)_🏮 စစ်ထူအိမ်တော်မှာ Pa Pa Pa
(U+Z) Chapter (143-1)_ မိသားစု မျိုးရိုးသစ်ပင်ထဲ တရားဝင် ထည့်သွင်းခြင်း
(U+Z) Chapter (143-2)_ အကိုကြီးက ကျွန်တော်နဲ့ ကလေး မယူချင်ဘူးလား....
(U/Z) Chapter (144) - ဖေဖေရှုချိန်နှင့် မျက်နှာချင်းဆိုင်တွေ့လေပြီ....
Chapter (145) - အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်သော နတ်ဘုရားကြီး
(U+Z) Chapter (146-1) - ဒီအတွဲကို fujoshi တွေဆီကို ရောင်းလို့ရနိုင်တယ်
Chapter (146-2) - ရှုနင်ကို နာမည်ဖျက်ပြီး နာမည်ကြီးအောင် လုပ်ချင်သည့် လူငယ်လေး
Chapter (147) - 🏮 လူကောင်းကို စုဆောင်းထားနိုင်သော ရှုနင်
Chapter (148-1) - ကလေးအမွှာ၂စုံယူဖို့ စီစဉ်ခြင်း
Chapter (148-2)- မျက်နှာပြောင်တာက မျိုးရိုးလိုက် တာကိုး......
Chapter (149-1)- ရိုက်ကွင်းကို လိုက်လည်သော ရှုဟိန်
Chapter (150-1)_ သူက ငါ့ချစ်သူ
Chapter (150-2)_ pa pa pa ပြီးချိန်မှာ အစ်အောက်မေးသော အကိုကြီး
Chapter (151-1) - သုံးလကြာ ပျားရည်ဆမ်းခရီး
Chapter (151-2) - အဖေ မြင်သွားပြီ... ဘယ်လိုလုပ်ကြမလဲ...
(U+Z) Chapter (151-3) - အဖေ ဆုံးပါးသွားပြီ
Extra 1-1- လွမ်းဆွတ်နေရသည့် အကိုကြီး၏ ရင်ခွင်ဆီကို......
Extra 1-2 - ရှုမိသားစု၏မင်းသမီးလေး မွေးဖွားလာခြင်း
Extra _ (2-1) - အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်..
Extra _ 2-2 - ငါက ခွေးလိုကောင်...ငါက လူယုတ်မာ...
ရှုဟိန် - 1
ရှုဟိန် - 2
ရှုဟိန် - 3
ရှုဟိန် - 4🏮
ရှုဟိန် - 5🏮🏮🏮
ရှုဟိန်- 6 🏮🏮🏮
ရှုဟိန်- 7 🏮🏮🏮

Chapter (149-2)- ရှုနင်ရဲ့ ရှာလကာရည်လေး

8.4K 1.5K 25
By MayKingMK119

Chapter (149-2)- ရှုနင်ရဲ့ ရှာလကာရည်လေး



အနက်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင် ထားသည့် တစ်ရာ့ကိုးဆယ် စင်တီမီတာကျော်သော ရှုဟိန်၏ ပုံစံသည် မြင့်မြတ်ချောမောကာ နတ်ဘုရား တစ်ပါးရဲ့ အရှိန်ဝါကို ထုတ်လွှတ်လို့နေသည်။

  ထင်းရှူးပင်ကဲ့သို့ ဖြောင့်မတ်စွာ မတ်တပ်ရပ်နေရုံနှင့် သူ၏ထွက်ပေါ်လာမှုက နေမင်းကြီးအလားထင် ရကာ သူ့အနားကို လူတွေ ကပ်မလာစေရန် ကြီးမားသော အရှိန်တို့ အလိုလျေက်ထွက်ပေါ်လျက်ရှိသည်၊

 သူနှင့် အကြည့်ချင်းဆုံလိုက်မိရင်  အနက်ဆုံးသော တွင်းနက်ကြီးကဲ့သို့ ခံစားရကာ ဆက်လက်ကြည့်ရဲ ဖို့ကို  သတ္တိရှိရန်လိုအပ်သည်။ သူတို့အားလုံးက  ရှုဟိန် နှင့် ရင်ဆိုင်ရချိန်တွင် ခေါင်းကိုငုံ့ထားကြကာ  အမှားတစ်ခုခု လုပ်မိသလို မလုံမလဲစိတ်ကို ဖြစ်လာစေသည်။

ဒီလူက တချက်ကြည့်လိုက်ရုံနှင့် ရိုးရှင်းမည့်ပုံ မပေါ်ပေ။ ဘယ်သူမှ သွားရှုပ်လို့ရမည့် လူမျိုး မဟုတ်ပေ။ ရှန်းကျိုးသည် သူ့လုပ်ငန်းရဲ့ သဘောသဘာဝအရ ငွေကြေးချမ်းသာသည့် ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းအုပ်စုကြီးများ၏ ခေါင်းဆောင်များနှင့် သူ မမြင်ဖူးသည့် လူဆိုလို့ မရှိဖူးပေ။ ဒါပေမယ့် အခု သူ မြင်ရသည့် လူရွယ်လောက် ဘယ်သူမှ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နိုင်ခြင်းမရှိပေ။

 ထိုလူရွယ်သည် အလွန်နုပျိုပြီး အကြည့်တွေက အရမ်းထက်မြက်သည်၊  စူးရှသောအကြည့်တွေက  ဓါးတစ်လက်ကဲ့သို့  အခြားသူများအား ဖိအားများစွာကို ပေးနေနိုင်သဖြင့် တကယ်ကိုထူးခြားသည့် လူရွယ်ဖြစ်သည်။

ရှုနင်က ရှုဟိန်ကို ရှန်းကျိုးဘက်ကို လက်ညှိုးထိုးကာ ပြောပြနေစဉ် ရှန်းကျိုးက   သူ့အားနှုတ်ဆက်ရန် အလျင်အမြန် ထွက်လာဖို့ သူ၏ မသိစိတ်က တိုက်တွန်းချက်ကို အလိုလို လိုက်နာခဲ့မိသည်။

ရုပ်ရှင်ရိုက်ကွင်းမှ လူအုပ်စုကြီးသည် မူလက အတော်ပင်ရွှင်လန်းနေခဲ့ကြသော်လည်း ယခုတော့ ...... အံ့သြဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ ခဲ့သည်။ သူတို့ကလောလောဆယ်မှာ ရုပ်ရှင်ရိုက်နေတယ်၊ ဇာတ်လိုက် အမျိုးသားက ဝမ်းနည်းကြောင်းပြသနေတယ်၊ ဇာတ်လိုက် အမျိုးသမီးက ငိုနေချိန်မှာ အဲဒါက အတော်လေး ရင်ကိုထိစေမယ့် သနားစရာမြင်ကွင်းပါပဲ။ သူမရဲ့လှပတဲ့ ရွှေရင်အစုံက သိမ့်သိမ့်တုန်ကာ ကြည့်သူကို ပိုလို့တောင်လှုပ်ရှားစေနိုင်တယ်၊ သူမရဲ့မျက်လုံးတွေက ရွှမ်းလဲ့ပြီး စကားပြောနေ သလိုဖြစ်လို့  မြင်ရသူအဖို့   စွဲမက်စရာကောင်း လှတယ်၊ သူမ ငိုနေတာကို မြင်ရသူအဖို့ ရင်အစံကို နာကျင်စေပြီး ချက်ချင်း အငိုတိတ်အောင် ချော့မော့လာစေနိုင်သည်။

 သရုပ်ဆောင်မင်းသားက သက်ပြင်း ချ၍ ခေါင်းကိုမြှင့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။   ငိုနေသည့် အလှလေးကို နှစ်သိမ့်ပေးရန် သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လက်ကိုပြန်ချလိုက်နိုင်သည်၊ သူက ထိုမိန်းကလေးကို ချစ်လို့မရနိုင်ပေ။ သူတို့မိသားစုနှစ်ခုကြား ရန်ငြိုးကို မေ့ပစ်လို့မရပေ။

မင်းသားက လက်သီးကို တင်းတင်းဆုပ်ကာ  သက်ပြင်း ချပြီးနောက် ကျောခိုင်းကာ ထွက်ခွာသွားခဲ့သည်။

 တစ်ကြိမ်တည်းနဲ့ သူတို့ နှစ်ယောက် သရုပ်ဆောင်တာ အမှားယွင်းမရှိ အောင်မြင်စွာ ပြီးသွားသောကြောင့် သူတို့နှစ်ယောက်က  ကျွမ်းကျင်တဲ့သရုပ်ဆောင်တွေဆိုတာ သေချာသည်။

ရိုက်ကွင်းက တာဝန်ခံများနှင့် ခေါင်းဆောင် မင်းသား၊ မင်းသမီးများက အလုပ်ပြီးတာနဲ့ ချက်ချင်း  ရှုနင်ကို ဖော်ရွေစွာနှုတ်ဆက်ကြသည်၊ သူတို့သည် အလွန်စိတ်အားထက်သန်နေကြပြီး သူတို့ရိုက်ကူးရေး ကို ရှုနင် စိတ်တိုင်းမကျမှာကို စိုးရိမ်နေကြ သည်။

 

ထုံးစံအတိုင်း ရှုနင်က ရှုဟိန်ကို သူတို့နဲ့မိတ်ဆက် ပေးမှာ မဟုတ်ဘူး၊ သူက ရှုဟိန်ကို လမ်းလျှောက်ဖို့ ခေါ်ပြီး  သူတို့က နောက် တစ်နေရာက ရိုက်ကူးရေးကို အတူတူကြည့်ကြတယ်။ ရှုဟိန်သည်ရုပ်ရှင်ဇာတ်ကား အနည်းငယ်ထက် ပိုမကြည့်ခဲ့ဖူးပါ၊ သူ့ဘ ၀ သည် ခဏတာ အနားစရာ အချိန်မရှိပဲ အလုပ်တွေနဲ့ ပြည့်နေသည်။ ရှုနင်က သူ့ဘဝထဲကို ဝင်လာပြီးနောက် ရှုနင်နဲ့ အတူနေချိန်ရဖို့ အလုပ်မှန်သမျှကို အချိန်တိုတွင်း ပြီးဖို့ သိမ်းကျုံးလုပ်ကာ ပိုကြိုးစားခဲ့သည်။

ချင်းမင်သည် သူ ဝယ်လာခဲ့သော ကော်ဖီနှင့်အတူ ရောက်လာသည်။ သူက ရှုနင်ရဲ့လက်ထဲကို တိုက်ရိုက် ပို့ချင်ပေမယ့် ရှုဟိန်က သူ့လက်ကိုဆန့်လိုက်ပြီး လှမ်းယူကာ ရှုနင်ကို ပေးလိုက်သည်။

 " ည အိပ်မပျော်ပဲ နေမယ်။ သိပ်မသောက်နဲ့..."

"အကိုကြီး...ဒီမှာရှိနေတာ ကျွန်တော်က ဘယ်လိုလုပ် အိပ်လို့ ပျော်နိုင်မှာလဲ"


ရှုဟိန်: "..... "

(အမှန်တရားကို ဖွင့်ချလိုက်သော နင်နင်.. ဆွံ့အသွားသော ဟိန်ဟိန်)

ချင်းမင်: "...... "

ရှုနင်က မျက်ခုံးပင့်လိုက်ပြီး "အင်း.... ကျွန်တော်ပြောတာ မှားနေလို့လား"

အခြေအနေကိုနားလည်ပြီးနောက် ချင်းမင်သည် တိုက်ပွဲဇုံမှ သူ့ကိုယ်သူ ဖယ်ရှားရန်ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။

ဒီခေါင်းစဉ်က အရမ်းရယ်စရာ ကောင်းလွန်းတယ်၊ အဲဒါကို မင်းကြားလိုက်ရင် မျက်နှာသာရလိမ့်မယ်။ ချင်းမင်၏နှလုံးသည် ဒရမ်ကဲ့သို့ခုန်နေသည်။ အရင်တုန်းက သူက ကလပ်မှာ ဝမ်ချုံးကို သွားကြည့်စဉ် ရှုနင်ကိုလူနှစ်ယောက် ခေါ်ဖို့တောင် အကြံပေးခဲ့ဖူးတယ်၊ သခင်လေးရှုဟိန်က  ဒါကို မသိခဲ့ဘူး ဟုတ်တယ်မဟုတ်လား။ ဟဲ...ဟဲ...

သူသာ သိရင် ငါ သေလိမ့်မယ်။ ချင်းမင်က ရှုဟိန်က ရှုနင်အတွက် ဘယ်လိုအဓိပ္ပါယ်မျိုးရှိတယ်ဆိုတာ သူ နားလည်တယ်၊ သူ အလုပ် ကောင်းကောင်းလုပ် ခဲ့ရုံလေးပါ။ ဒါကို ရှုဟိန် မသိရင်တော့ အကောင်းဆုံးပေါ့။ တ ကယ်လို့ သိသွားရင်လည်း သူ့သူဌေးက သူ့ကို   ကာကွယ်ပေးလိမ့်မယ်။

ချင်းမင် ခန့်မှန်းတာ မှန်ပါတယ်။ ရှုနင်က အရည်ချင်းရှိသူကို  အရမ်းတန်ဖိုးထားတယ်။

မမျှော်လင့်ဘဲ၊  ဇာတ်ပို့ ခေါင်းဆောင် အမျိုးသမီး သည် အလွန်လုံ့လဝီရိယ ရှိစွာနှင့် သူမ က ရေခဲမုန့်အချို့ကို ယူလာသည်။ သူမသည် ထိုနေရာတွင် ရပ်မနေဘဲ သူမ၏မျက်လုံးထဲ၌ ပရောပရည် အမူယာဖြင့် တောက်ပစွာပြုံးနေသည်။ ရှု မိသားစုမှ သခင်လေးနှစ် ဦး သည် ချောမောသည့်အပြင် နှစ်ယောက်စလုံး မြင့်မြတ်ကြသည်။ သူတို့ထဲက တစ်ယောက်က ကြင်နာတတ်တဲ့ အရိပ်ငွေ့ ရှိနေပြီး  နောက်တစ်ယောက်က လွှမ်းမိုးနိုင်သည့် အရိပ်ငွေ့ကို ထုတ်လွှတ်နေတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့က အရမ်းကြည်နူးစရာကောင်းပြီး နှစ်ယောက်လုံးကို သူမက ကြိုက်နေတုန်းပဲ။

ခေါင်းဆောင်ဇာတ်ပို့အမျိုးသမီးသည် ဆွဲဆောင်မှုရှိကာ သူမအမူယာက နည်းနည်း အရိုင်းဆန်ပြီး ညှို့ငင်စွမ်းရှိသည်။

 သူမက လက်ရှိဇာတ်ကားထဲက ခေါင်းဆောင် မင်းသမီး " ရုပ်ရှင်ဘုရင်မ" နှင့်ပခုံးချင်း အမြဲယှဉ်နေလ့ရှိသည်။  သူမသည် အကယ်ဒမီ ဆုပေးပွဲတွင် ဆန်ကာတင်စာရင်းမှာ အကြိမ်ကြိမ် အမည်စာရင်းတင်သွင်းခြင်းကိုခံရသော်လည်း တစ်ခါမှ မရခဲ့ပေ။ ဒါတွေက ခြေချော်လက်ချော်ဖြစ်လို့ သူမ ဆုနဲ့လွဲရသည်ဟု ထင်ကာ ရှုနင်က အစပိုင်းက သူမကို သနားခဲ့သေးသည်။


ဒါတွေက ရှုဟိန်ကို သူမက ဆွဲဆောင်ဖို့ မလုပ်ခင်က ရှုနင်ရဲ့ အမြင်ဖြစ်သည်။ သူမက ရှုဟိန်ကို ဆွဲဆောင်ဖို့အထိ ရဲတင်းလိမ့်မည်ဟု ရှုနင် မထင်ခဲ့မိပေ။


ရှုှုနင် ကပြုံးပြီး ရှုဟိန်ရဲ့လက်ကိုဆွဲပြီး ပြောလိုက်သည်။

"အစ်ကိုကြီး ..ကျွန်တော် လမ်းမလျှောက်နိုင်တော့ဘူး"

ဇာတ်ပို့ခေါင်းဆောင်မင်းသမီးက အနည်းငယ်အံ့သြ သွားသည်။

 "...... "

ရှုဟိန်သည် အလွန်ပါးနပ် လိမ္မာသောသူဖြစ်သဖြင့် သူသည် ရှုနင်ကို မင်းသမီးလေးကဲ့သို့မချီထားပေ။ သူသည်ကော်ဖီခွက်ကို အနီးက အမှိုက်ပုံးထဲသို့ ပစ်ချလိုက်ပြီး ချက်ချင်း ဆောင့်ကြောင့်ထိုင်ပေး လိုက်သည်။


ရှုနင်က ကျေနပ်စွာပြုံးလိုက်ရင်း  ဒီလို မိန်းမတစ်ယောက်က မြူဆွယ်ဖျားယောင်းသဖြင့် ရှုဟိန်က စိတ်ပြောင်းသွားမှာမဟုတ်ဘူးဆိုတာ သိပေမယ့် အခြားသူတစ် ဦး က သူ့အကိုကြီးကို တပ်မက်သည့် စိတ်နှင့် ကြည့်နေပုံက သူ့ရင်ကို  မနှစ်မြို့ဖွယ် ခံစားချက် ဖြစ်နေစေတုန်းပဲလို့ ခံစားရတယ်။

ရှုနင်သည် ရှုဟိန် ၏ကျောပြင်ပေါ်သို့တက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ထူးခြားသော အကိုကြီး၏ ကိုယ်သင်း ရနံ့ကို ခံစားလိုက်ရသဖြင့် တင်းမာနေသည့် စိတ်တွေ သက်တောင့်သက်သာဖြစ်သွားတော့ သည်။

ကားသုံးစီးက ရုပ်ရှင်မြို့တော်မှ အတန်းလိုက် ှထွက်ခွာသွားသော်လည်း ချင်းမင်နှင့် သူ၏လက်ထောက် များစွာတို့သည် နောက်တွင် ကျန်နေခဲ့ကြသေးသည်


သူတို့က ရှန်းကျိုး နဲ့ဆွေးနွေးစရာတွေရှိနေခဲ့တယ်။

ရှုနင်က အပြန်လမ်းတွင် ဒါရိုက်တာရှန်းကျိုးဆီက စာကိုလက်ခံရရှိလိုက်သည်။ သူက ခေါင်းဆောင် ဇာတ်ပို့မင်းသမီး (ဒုတိယ သရုပ်ဆောင်မင်းသမီး) ကို  ပြောင်းလိုသလားဟုမေးသည်။ သူမရဲ့ လုပ်ပုံက ရှုနင်ကို နည်းနည်းစိတ် အနှောင့်အယှက်ဖြစ်စေ လိမ့်မယ်၊ ဒါပေမယ့် သူတို့က သူမကို တခြားသူတွေကို ချည်းကပ်ပြီး ဆွဆောင်တာနဲ့ ပတ်သတ်ပြီး သတိပေးထားတာ မရှိဘူး။ ဒါကြောင့် သူမကို ဒီပြစ်ချက်နဲ့ အပြစ်ပေးရအောင် စည်းမျဉ်းလည်း စာချုပ်ထဲမှာ ထည့်မထားဘူး။

 ထို့အပြင် စာချုပ် ရပ်စဲကြေးများသည် သူမအတွက် အဆင်ပြေစွာနေနိုင်ရန် ခဏတာလုံလောက် သော်လည်း ရှုနင် သည် သနားစရာကောင်းသော အမျိုးသမီးတစ် ဦး ကို လက်တုန့်မပြန်ချင်လို့ မလဲပဲ ဆက်လက်ရိုက်ကူးရန်သာ ပြောခဲ့သည်။

 
ရာသီဥတုက ရုတ်တရက်ပြောင်းလဲသွားပြီး မိုး စတင်ရွာသွန်းလာသည်။ ရှုနင်က မျက်မှောင်ကြုတ်လိုက်သောအခါ ရှုဟိန်က သူ့လက်ကိုတစ်ဖန်ဆုပ်ကိုင်လိုက်ပြီး ရှုနင် တကိုယ်လုံးကို သူ့ပေါင် ပေါ် တင်လိုက်သည် -

"ငါ ဘယ်သူနဲ့မှ မချစ်ပါဘူး ၊ ဒါပေမယ့် မင်း သဝန်တိုနေတဲ့အခါ မင်းရဲ့ပုံစံလေးက တကယ်ကို စွဲမက်စရာကောင်းတယ်"

သူပြောလိုက်ပြီးနောက် ရှုဟိန်သည် ရှုနင်၏မေးစေ့ လေးကို ပင့်မကာ အကြည်ချင်းဆုံစေ လိုက်သည်။


အကိုကြီး၏မျက်လုံးများအတွင်း၌ ပြင်းပြသော မီးတောက်တစ်ခုကကြောက်မက်ဖွယ်ကောင်းသော ဆွဲဆောင်မှုဖြင့် ဖြစ်ပေါ်လာခဲ့သည်။

 ရှုနင်က   တံတွေးကိုမျိုချ လိုက်မိသည်၊ သူ၏အစ်ကိုကြီးသည်  အမှန်တကယ်စွဲမက်ဖွယ် ကောင်းသော သူဖြစ်သည်။ သူ့ရှေ့မှာ ရှိနေရင် အကိုကြီး၏ ဆွဲဆောင်မှုကို သူက ခုခံအားလုံးဝမရှိဘူး၊ သူက ကားပေါ်မှာ လုပ်ချင်တာ မဖြစ်နိုင်ဘူး မဟုတ်လား။ မလုပ်နိုင်ဘူး၊ မိုးရွာနေတယ်၊ ဒီအချိန် သွားနေတဲ့ ကားက ထဲမှာ ချစ်တင်းနှောနေတာက ထူးဆန်းတယ်။

ရှုနင်က ကားထဲ မလုပ်ချင်တာကို ရှုဟိန် သတိပြုမိလို့ ရနင် အတွက် ခက်ခဲအောင် မလုပ်ချင်တော့ပေ။ သူက ရှုနင်၏ကိုယ်လေးကို ပွတ်သပ်ပေးနေသည့် လက်တွေကို ဆွဲထုတ်ကာ နင်နင်ရဲ့အဝတ်တွေကိုပဲ ဆန့်အောင် ပြန်ပြင်ပေးလိုက်သည်။ ပြီးမှ နင်နင်ကို စိတ်ကြိုက်နမ်းတော့သည်။

  ကားသည်မြေအောက်ကားပါကင်ထဲသို့ ဝင်သွားပြီး ဒီနေရာက ချင်းမင် စီစဉ်ပေးသောနေရာဖြစ် သည်။ L City သည် အလွန် မတိုးတက်သောကြောင့် ကြယ်သုံးပွင့် စားသောက်ဆိုင်သည်သာ အဆင့်အမြင့်ဆုံးဖြစ်သည်။

 
ရှုဟိန်က ရှုနင်ကို စားသောက်ဆိုင်ထဲကို ခေါ်သွားတဲ့အခါ သူက ရွှီကျင်းလို့ခေါ်တဲ့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။

 
ရွှီကျင်းက ဒီနေရာကို မိတ်ဆွေတွေနဲ့ ထမင်းလာစားတာဖြစ်ပြီး အခု ပြန်ထွက်လာတော့ သူ့နောက်မှာ  လူတွေအများကြီး ရှိနေတယ်။ ရှုဟိန်ကိုမြင်သောအခါ သူက ရပ်တန့်ကာ နူတ်ဆက်လိုက်သည်။

ရွှီကျင်းက ရှုနင်ကို  စိမ်ပြေနပြေကြည့်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို ဒါကရှုမိသားစုရဲ့ ဒုတိယမြောက် သခင်လေး လား။ မင်း အကြောင်းတွေကို ငါ အများကြီး ကြားဖူးတယ်၊ ဒါပေမယ့် ငါတို့ အခုမှ ပထမဆုံး စတွေ့ရတာပဲ၊ ငါ့နာမည်က ရွှီကျင်း... မင်း အစ်ကိုရဲ့သူငယ်ချင်း၊ ဒါကြောင့် ငါ့ကို အကိုရွှီလို့   ခေါ်နိုင်တယ်။ "

ရှုနင်ရဲ့မျက်သားတွေက ပြူးကျယ်သွားခဲ့ပေမယ့် သူက ရွှီကျင်းကို  အပြုံးလေးနဲ့နှုတ်ဆက်လိုက်တယ်။ ဒါပေမယ့် သူက ရှုဟိန်ရဲ့ လက်ကို ဆုပ်ကိုင် ထားတုန်း ဆိုတာကို သူ မေ့သွားတယ်။

ရှုဟိန်က ခေါင်းကိုငုံ့လိုက်ပြီး ရှုနင်ကိုကြည့်ကာ သေချာစဉ်းစားကြည့်လိုက်သည်။ အစောပိုင်းတွင် သူ၏ညီငယ်လေးသည် ရွှီကျင်းကို မြင်သည်နှင့် အလွန်စိတ်ပူပန်သွားပြီးသူ၏လက်ကို အားဖြင့် ဆုပ်ကိုင်လိုက်မိသည်၊
 
ဒါကို ဘာကို  သက်သေပြနေစသလဲ...


ရွှီကျင်းက ဟိုးအရင်တုန်းက ပေါင်းပင်တွေကို နူတ်ပစ်ဖို့ (တရားမဝင် သားသမီးတွေကို ရှင်းပစ်ရန် ) သူ့ကိုပြောခဲ့ဖူးတယ်။

  သူ တစ်ခုခု လုပ်နိုင်ခဲ့သလား။

မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊


ရှုဟိန်က သူ့သူငယ်ချင်းအပေါ်မှာ ယုံကြည်မှု ရှိခဲ့တယ်။ ထိုအချိန်တွင် သူက ရှုနင်ကို မထိဖို့ ရွှီကျင်းကိုသတိပေးထားပြီး ဖြစ်၍ ရွှီကျင်းရဲ့ စရိုက်အရ သူက ရှုနင်ကို ထိဖို့ လုပ်တော့မည် မဟုတ်ပေ။

 
ဒါဆို ......ရှုနင်က ဘာကြောင့် ရွှီကျင်းကို ကြောက်နေတာလဲ...

 ***********-*****************














Chapter (149-2)- ရႈနင္ရဲ႕ ရွာလကာရည္ေလး

အနက္ေရာင္ အေနာက္တိုင္း ဝတ္စုံကို ဝတ္ဆင္ ထားသည့္ တစ္ရာ့ကိုးဆယ္ စင္တီမီတာေက်ာ္ေသာ ရႈဟိန္၏ ပုံစံသည္ ျမင့္ျမတ္ေခ်ာေမာကာ နတ္ဘုရား တစ္ပါးရဲ႕ အရွိန္ဝါကို ထုတ္လႊတ္လို႔ေနသည္။

  ထင္းရႉးပင္ကဲ့သို႔ ေျဖာင့္မတ္စြာ မတ္တပ္ရပ္ေန႐ုံႏွင့္ သူ၏ထြက္ေပၚလာမႈက ေနမင္းႀကီးအလားထင္ ရကာ သူ႔အနားကို လူေတြ ကပ္မလာေစရန္ ႀကီးမားေသာ အရွိန္တို႔ အလိုေလ်က္ထြက္ေပၚလ်က္ရွိသည္၊

 သူႏွင့္ အၾကည့္ခ်င္းဆုံလိုက္မိရင္  အနက္ဆုံးေသာ တြင္းနက္ႀကီးကဲ့သို႔ ခံစားရကာ ဆက္လက္ၾကည့္ရဲ ဖို႔ကို  သတၱိရွိရန္လိုအပ္သည္။ သူတို႔အားလုံးက  ရႈဟိန္ ႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ ေခါင္းကိုငုံ႔ထားၾကကာ  အမွားတစ္ခုခု လုပ္မိသလို မလုံမလဲစိတ္ကို ျဖစ္လာေစသည္။

ဒီလူက တခ်က္ၾကည့္လိုက္႐ုံႏွင့္ ႐ိုးရွင္းမည့္ပုံ မေပၚေပ။ ဘယ္သူမွ သြားရႈပ္လို႔ရမည့္ လူမ်ိဳး မဟုတ္ေပ။ ရွန္းက်ိဳးသည္ သူ႔လုပ္ငန္းရဲ႕ သေဘာသဘာဝအရ ေငြေၾကးခ်မ္းသာသည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၊ လုပ္ငန္းအုပ္စုႀကီးမ်ား၏ ေခါင္းေဆာင္မ်ားႏွင့္ သူ မျမင္ဖူးသည့္ လူဆိုလို႔ မရွိဖူးေပ။ ဒါေပမယ့္ အခု သူ ျမင္ရသည့္ လူ႐ြယ္ေလာက္ ဘယ္သူမွ ျပင္းထန္ေသာ အရွိန္အဝါကို ထုတ္လႊတ္ႏိုင္ျခင္းမရွိေပ။

 ထိုလူ႐ြယ္သည္ အလြန္ႏုပ်ိဳၿပီး အၾကည့္ေတြက အရမ္းထက္ျမက္သည္၊  စူးရွေသာအၾကည့္ေတြက  ဓါးတစ္လက္ကဲ့သို႔  အျခားသူမ်ားအား ဖိအားမ်ားစြာကို ေပးေနႏိုင္သျဖင့္ တကယ္ကိုထူးျခားသည့္ လူ႐ြယ္ျဖစ္သည္။

ရႈနင္က ရႈဟိန္ကို ရွန္းက်ိဳးဘက္ကို လက္ညႇိဳးထိုးကာ ေျပာျပေနစဥ္ ရွန္းက်ိဳးက   သူ႔အားႏႈတ္ဆက္ရန္ အလ်င္အျမန္ ထြက္လာဖို႔ သူ၏ မသိစိတ္က တိုက္တြန္းခ်က္ကို အလိုလို လိုက္နာခဲ့မိသည္။

႐ုပ္ရွင္႐ိုက္ကြင္းမွ လူအုပ္စုႀကီးသည္ မူလက အေတာ္ပင္႐ႊင္လန္းေနခဲ့ၾကေသာ္လည္း ယခုေတာ့ ...... အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ တိတ္ဆိတ္ေန ခဲ့သည္။ သူတို႔ကေလာေလာဆယ္မွာ ႐ုပ္ရွင္႐ိုက္ေနတယ္၊ ဇာတ္လိုက္ အမ်ိဳးသားက ဝမ္းနည္းေၾကာင္းျပသေနတယ္၊ ဇာတ္လိုက္ အမ်ိဳးသမီးက ငိုေနခ်ိန္မွာ အဲဒါက အေတာ္ေလး ရင္ကိုထိေစမယ့္ သနားစရာျမင္ကြင္းပါပဲ။ သူမရဲ႕လွပတဲ့ ေ႐ႊရင္အစုံက သိမ့္သိမ့္တုန္ကာ ၾကည့္သူကို ပိုလို႔ေတာင္လႈပ္ရွားေစႏိုင္တယ္၊ သူမရဲ႕မ်က္လုံးေတြက ႐ႊမ္းလဲ့ၿပီး စကားေျပာေန သလိုျဖစ္လို႔  ျမင္ရသူအဖို႔   စြဲမက္စရာေကာင္း လွတယ္၊ သူမ ငိုေနတာကို ျမင္ရသူအဖို႔ ရင္အစံကို နာက်င္ေစၿပီး ခ်က္ခ်င္း အငိုတိတ္ေအာင္ ေခ်ာ့ေမာ့လာေစႏိုင္သည္။

 သ႐ုပ္ေဆာင္မင္းသားက သက္ျပင္း ခ်၍ ေခါင္းကိုျမႇင့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။   ငိုေနသည့္ အလွေလးကို ႏွစ္သိမ့္ေပးရန္ သူ႔လက္ကို ဆန႔္ထုတ္လိုက္ေသာ္လည္း အနည္းငယ္ တုံ႔ဆိုင္းသြားၿပီးေနာက္ လက္ကိုျပန္ခ်လိုက္ႏိုင္သည္၊ သူက ထိုမိန္းကေလးကို ခ်စ္လို႔မရႏိုင္ေပ။ သူတို႔မိသားစုႏွစ္ခုၾကား ရန္ၿငိဳးကို ေမ့ပစ္လို႔မရေပ။

မင္းသားက လက္သီးကို တင္းတင္းဆုပ္ကာ  သက္ျပင္း ခ်ၿပီးေနာက္ ေက်ာခိုင္းကာ ထြက္ခြာသြားခဲ့သည္။

 တစ္ႀကိမ္တည္းနဲ႔ သူတို႔ ႏွစ္ေယာက္ သ႐ုပ္ေဆာင္တာ အမွားယြင္းမရွိ ေအာင္ျမင္စြာ ၿပီးသြားေသာေၾကာင့္ သူတို႔ႏွစ္ေယာက္က  ကြၽမ္းက်င္တဲ့သ႐ုပ္ေဆာင္ေတြဆိုတာ ေသခ်ာသည္။

႐ိုက္ကြင္းက တာဝန္ခံမ်ားႏွင့္ ေခါင္းေဆာင္ မင္းသား၊ မင္းသမီးမ်ားက အလုပ္ၿပီးတာနဲ႔ ခ်က္ခ်င္း  ရႈနင္ကို ေဖာ္ေ႐ြစြာႏႈတ္ဆက္ၾကသည္၊ သူတို႔သည္ အလြန္စိတ္အားထက္သန္ေနၾကၿပီး သူတို႔႐ိုက္ကူးေရး ကို ရႈနင္ စိတ္တိုင္းမက်မွာကို စိုးရိမ္ေနၾက သည္။

 

ထုံးစံအတိုင္း ရႈနင္က ရႈဟိန္ကို သူတို႔နဲ႔မိတ္ဆက္ ေပးမွာ မဟုတ္ဘူး၊ သူက ရႈဟိန္ကို လမ္းေလွ်ာက္ဖို႔ ေခၚၿပီး  သူတို႔က ေနာက္ တစ္ေနရာက ႐ိုက္ကူးေရးကို အတူတူၾကည့္ၾကတယ္။ ရႈဟိန္သည္႐ုပ္ရွင္ဇာတ္ကား အနည္းငယ္ထက္ ပိုမၾကည့္ခဲ့ဖူးပါ၊ သူ႔ဘ ၀ သည္ ခဏတာ အနားစရာ အခ်ိန္မရွိပဲ အလုပ္ေတြနဲ႔ ျပည့္ေနသည္။ ရႈနင္က သူ႔ဘဝထဲကို ဝင္လာၿပီးေနာက္ ရႈနင္နဲ႔ အတူေနခ်ိန္ရဖို႔ အလုပ္မွန္သမွ်ကို အခ်ိန္တိုတြင္း ၿပီးဖို႔ သိမ္းက်ဳံးလုပ္ကာ ပိုႀကိဳးစားခဲ့သည္။

ခ်င္းမင္သည္ သူ ဝယ္လာခဲ့ေသာ ေကာ္ဖီႏွင့္အတူ ေရာက္လာသည္။ သူက ရႈနင္ရဲ႕လက္ထဲကို တိုက္႐ိုက္ ပို႔ခ်င္ေပမယ့္ ရႈဟိန္က သူ႔လက္ကိုဆန႔္လိုက္ၿပီး လွမ္းယူကာ ရႈနင္ကို ေပးလိုက္သည္။

 " ည အိပ္မေပ်ာ္ပဲ ေနမယ္။ သိပ္မေသာက္နဲ႔..."

"အကိုႀကီး...ဒီမွာရွိေနတာ ကြၽန္ေတာ္က ဘယ္လိုလုပ္ အိပ္လို႔ ေပ်ာ္ႏိုင္မွာလဲ"


ရႈဟိန္: "..... "

(အမွန္တရားကို ဖြင့္ခ်လိုက္ေသာ နင္နင္.. ဆြံ႕အသြားေသာ ဟိန္ဟိန္)

ခ်င္းမင္: "...... "

ရႈနင္က မ်က္ခုံးပင့္လိုက္ၿပီး "အင္း.... ကြၽန္ေတာ္ေျပာတာ မွားေနလို႔လား"

အေျခအေနကိုနားလည္ၿပီးေနာက္ ခ်င္းမင္သည္ တိုက္ပြဲဇုံမွ သူ႔ကိုယ္သူ ဖယ္ရွားရန္ေျခလွမ္းမ်ားစြာ ဆုတ္လိုက္ရသည္။

ဒီေခါင္းစဥ္က အရမ္းရယ္စရာ ေကာင္းလြန္းတယ္၊ အဲဒါကို မင္းၾကားလိုက္ရင္ မ်က္ႏွာသာရလိမ့္မယ္။ ခ်င္းမင္၏ႏွလုံးသည္ ဒရမ္ကဲ့သို႔ခုန္ေနသည္။ အရင္တုန္းက သူက ကလပ္မွာ ဝမ္ခ်ဳံးကို သြားၾကည့္စဥ္ ရႈနင္ကိုလူႏွစ္ေယာက္ ေခၚဖို႔ေတာင္ အႀကံေပးခဲ့ဖူးတယ္၊ သခင္ေလးရႈဟိန္က  ဒါကို မသိခဲ့ဘူး ဟုတ္တယ္မဟုတ္လား။ ဟဲ...ဟဲ...

သူသာ သိရင္ ငါ ေသလိမ့္မယ္။ ခ်င္းမင္က ရႈဟိန္က ရႈနင္အတြက္ ဘယ္လိုအဓိပၸါယ္မ်ိဳးရွိတယ္ဆိုတာ သူ နားလည္တယ္၊ သူ အလုပ္ ေကာင္းေကာင္းလုပ္ ခဲ့႐ုံေလးပါ။ ဒါကို ရႈဟိန္ မသိရင္ေတာ့ အေကာင္းဆုံးေပါ့။ တ ကယ္လို႔ သိသြားရင္လည္း သူ႔သူေဌးက သူ႔ကို   ကာကြယ္ေပးလိမ့္မယ္။

ခ်င္းမင္ ခန႔္မွန္းတာ မွန္ပါတယ္။ ရႈနင္က အရည္ခ်င္းရွိသူကို  အရမ္းတန္ဖိုးထားတယ္။

မေမွ်ာ္လင့္ဘဲ၊  ဇာတ္ပို႔ ေခါင္းေဆာင္ အမ်ိဳးသမီး သည္ အလြန္လုံ႔လဝီရိယ ရွိစြာႏွင့္ သူမ က ေရခဲမုန႔္အခ်ိဳ႕ကို ယူလာသည္။ သူမသည္ ထိုေနရာတြင္ ရပ္မေနဘဲ သူမ၏မ်က္လုံးထဲ၌ ပေရာပရည္ အမူယာျဖင့္ ေတာက္ပစြာၿပဳံးေနသည္။ ရႈ မိသားစုမွ သခင္ေလးႏွစ္ ဦး သည္ ေခ်ာေမာသည့္အျပင္ ႏွစ္ေယာက္စလုံး ျမင့္ျမတ္ၾကသည္။ သူတို႔ထဲက တစ္ေယာက္က ၾကင္နာတတ္တဲ့ အရိပ္ေငြ႕ ရွိေနၿပီး  ေနာက္တစ္ေယာက္က လႊမ္းမိုးႏိုင္သည့္ အရိပ္ေငြ႕ကို ထုတ္လႊတ္ေနတယ္၊ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ သူတို႔က အရမ္းၾကည္ႏူးစရာေကာင္းၿပီး ႏွစ္ေယာက္လုံးကို သူမက ႀကိဳက္ေနတုန္းပဲ။

ေခါင္းေဆာင္ဇာတ္ပို႔အမ်ိဳးသမီးသည္ ဆြဲေဆာင္မႈရွိကာ သူမအမူယာက နည္းနည္း အ႐ိုင္းဆန္ၿပီး ညႇိဳ႕ငင္စြမ္းရွိသည္။

 သူမက လက္ရွိဇာတ္ကားထဲက ေခါင္းေဆာင္ မင္းသမီး " ႐ုပ္ရွင္ဘုရင္မ" ႏွင့္ပခုံးခ်င္း အၿမဲယွဥ္ေနလ့ရွိသည္။  သူမသည္ အကယ္ဒမီ ဆုေပးပြဲတြင္ ဆန္ကာတင္စာရင္းမွာ အႀကိမ္ႀကိမ္ အမည္စာရင္းတင္သြင္းျခင္းကိုခံရေသာ္လည္း တစ္ခါမွ မရခဲ့ေပ။ ဒါေတြက ေျခေခ်ာ္လက္ေခ်ာ္ျဖစ္လို႔ သူမ ဆုနဲ႔လြဲရသည္ဟု ထင္ကာ ရႈနင္က အစပိုင္းက သူမကို သနားခဲ့ေသးသည္။


ဒါေတြက ရႈဟိန္ကို သူမက ဆြဲေဆာင္ဖို႔ မလုပ္ခင္က ရႈနင္ရဲ႕ အျမင္ျဖစ္သည္။ သူမက ရႈဟိန္ကို ဆြဲေဆာင္ဖို႔အထိ ရဲတင္းလိမ့္မည္ဟု ရႈနင္ မထင္ခဲ့မိေပ။


ရႈွုနင္ ကၿပဳံးၿပီး ရႈဟိန္ရဲ႕လက္ကိုဆြဲၿပီး ေျပာလိုက္သည္။

"အစ္ကိုႀကီး ..ကြၽန္ေတာ္ လမ္းမေလွ်ာက္ႏိုင္ေတာ့ဘူး"

ဇာတ္ပို႔ေခါင္းေဆာင္မင္းသမီးက အနည္းငယ္အံ့ၾသ သြားသည္။

 "...... "

ရႈဟိန္သည္ အလြန္ပါးနပ္ လိမၼာေသာသူျဖစ္သျဖင့္ သူသည္ ရႈနင္ကို မင္းသမီးေလးကဲ့သို႔မခ်ီထားေပ။ သူသည္ေကာ္ဖီခြက္ကို အနီးက အမႈိက္ပုံးထဲသို႔ ပစ္ခ်လိုက္ၿပီး ခ်က္ခ်င္း ေဆာင့္ေၾကာင့္ထိုင္ေပး လိုက္သည္။


ရႈနင္က ေက်နပ္စြာၿပဳံးလိုက္ရင္း  ဒီလို မိန္းမတစ္ေယာက္က ျမဴဆြယ္ဖ်ားေယာင္းသျဖင့္ ရႈဟိန္က စိတ္ေျပာင္းသြားမွာမဟုတ္ဘူးဆိုတာ သိေပမယ့္ အျခားသူတစ္ ဦး က သူ႔အကိုႀကီးကို တပ္မက္သည့္ စိတ္ႏွင့္ ၾကည့္ေနပုံက သူ႔ရင္ကို  မႏွစ္ၿမိဳ႕ဖြယ္ ခံစားခ်က္ ျဖစ္ေနေစတုန္းပဲလို႔ ခံစားရတယ္။

ရႈနင္သည္ ရႈဟိန္ ၏ေက်ာျပင္ေပၚသို႔တက္လိုက္ၿပီး သူ႔ခႏၶာကိုယ္မွ ထူးျခားေသာ အကိုႀကီး၏ ကိုယ္သင္း ရနံ႔ကို ခံစားလိုက္ရသျဖင့္ တင္းမာေနသည့္ စိတ္ေတြ သက္ေတာင့္သက္သာျဖစ္သြားေတာ့ သည္။

ကားသုံးစီးက ႐ုပ္ရွင္ၿမိဳ႕ေတာ္မွ အတန္းလိုက္ ွထြက္ခြာသြားေသာ္လည္း ခ်င္းမင္ႏွင့္ သူ၏လက္ေထာက္ မ်ားစြာတို႔သည္ ေနာက္တြင္ က်န္ေနခဲ့ၾကေသးသည္


သူတို႔က ရွန္းက်ိဳး နဲ႔ေဆြးေႏြးစရာေတြရွိေနခဲ့တယ္။

ရႈနင္က အျပန္လမ္းတြင္ ဒါ႐ိုက္တာရွန္းက်ိဳးဆီက စာကိုလက္ခံရရွိလိုက္သည္။ သူက ေခါင္းေဆာင္ ဇာတ္ပို႔မင္းသမီး (ဒုတိယ သ႐ုပ္ေဆာင္မင္းသမီး) ကို  ေျပာင္းလိုသလားဟုေမးသည္။ သူမရဲ႕ လုပ္ပုံက ရႈနင္ကို နည္းနည္းစိတ္ အေႏွာင့္အယွက္ျဖစ္ေစ လိမ့္မယ္၊ ဒါေပမယ့္ သူတို႔က သူမကို တျခားသူေတြကို ခ်ည္းကပ္ၿပီး ဆြေဆာင္တာနဲ႔ ပတ္သတ္ၿပီး သတိေပးထားတာ မရွိဘူး။ ဒါေၾကာင့္ သူမကို ဒီျပစ္ခ်က္နဲ႔ အျပစ္ေပးရေအာင္ စည္းမ်ဥ္းလည္း စာခ်ဳပ္ထဲမွာ ထည့္မထားဘူး။

 ထို႔အျပင္ စာခ်ဳပ္ ရပ္စဲေၾကးမ်ားသည္ သူမအတြက္ အဆင္ေျပစြာေနႏိုင္ရန္ ခဏတာလုံေလာက္ ေသာ္လည္း ရႈနင္ သည္ သနားစရာေကာင္းေသာ အမ်ိဳးသမီးတစ္ ဦး ကို လက္တုန႔္မျပန္ခ်င္လို႔ မလဲပဲ ဆက္လက္႐ိုက္ကူးရန္သာ ေျပာခဲ့သည္။

 
ရာသီဥတုက ႐ုတ္တရက္ေျပာင္းလဲသြားၿပီး မိုး စတင္႐ြာသြန္းလာသည္။ ရႈနင္က မ်က္ေမွာင္ၾကဳတ္လိုက္ေသာအခါ ရႈဟိန္က သူ႔လက္ကိုတစ္ဖန္ဆုပ္ကိုင္လိုက္ၿပီး ရႈနင္ တကိုယ္လုံးကို သူ႔ေပါင္ ေပၚ တင္လိုက္သည္ -

"ငါ ဘယ္သူနဲ႔မွ မခ်စ္ပါဘူး ၊ ဒါေပမယ့္ မင္း သဝန္တိုေနတဲ့အခါ မင္းရဲ႕ပုံစံေလးက တကယ္ကို စြဲမက္စရာေကာင္းတယ္"

သူေျပာလိုက္ၿပီးေနာက္ ရႈဟိန္သည္ ရႈနင္၏ေမးေစ့ ေလးကို ပင့္မကာ အၾကည္ခ်င္းဆုံေစ လိုက္သည္။


အကိုႀကီး၏မ်က္လုံးမ်ားအတြင္း၌ ျပင္းျပေသာ မီးေတာက္တစ္ခုကေၾကာက္မက္ဖြယ္ေကာင္းေသာ ဆြဲေဆာင္မႈျဖင့္ ျဖစ္ေပၚလာခဲ့သည္။

 ရႈနင္က   တံေတြးကိုမ်ိဳခ် လိုက္မိသည္၊ သူ၏အစ္ကိုႀကီးသည္  အမွန္တကယ္စြဲမက္ဖြယ္ ေကာင္းေသာ သူျဖစ္သည္။ သူ႔ေရွ႕မွာ ရွိေနရင္ အကိုႀကီး၏ ဆြဲေဆာင္မႈကို သူက ခုခံအားလုံးဝမရွိဘူး၊ သူက ကားေပၚမွာ လုပ္ခ်င္တာ မျဖစ္ႏိုင္ဘူး မဟုတ္လား။ မလုပ္ႏိုင္ဘူး၊ မိုး႐ြာေနတယ္၊ ဒီအခ်ိန္ သြားေနတဲ့ ကားက ထဲမွာ ခ်စ္တင္းေႏွာေနတာက ထူးဆန္းတယ္။

ရႈနင္က ကားထဲ မလုပ္ခ်င္တာကို ရႈဟိန္ သတိျပဳမိလို႔ ရနင္ အတြက္ ခက္ခဲေအာင္ မလုပ္ခ်င္ေတာ့ေပ။ သူက ရႈနင္၏ကိုယ္ေလးကို ပြတ္သပ္ေပးေနသည့္ လက္ေတြကို ဆြဲထုတ္ကာ နင္နင္ရဲ႕အဝတ္ေတြကိုပဲ ဆန႔္ေအာင္ ျပန္ျပင္ေပးလိုက္သည္။ ၿပီးမွ နင္နင္ကို စိတ္ႀကိဳက္နမ္းေတာ့သည္။

  ကားသည္ေျမေအာက္ကားပါကင္ထဲသို႔ ဝင္သြားၿပီး ဒီေနရာက ခ်င္းမင္ စီစဥ္ေပးေသာေနရာျဖစ္ သည္။ L City သည္ အလြန္ မတိုးတက္ေသာေၾကာင့္ ၾကယ္သုံးပြင့္ စားေသာက္ဆိုင္သည္သာ အဆင့္အျမင့္ဆုံးျဖစ္သည္။

 
ရႈဟိန္က ရႈနင္ကို စားေသာက္ဆိုင္ထဲကို ေခၚသြားတဲ့အခါ သူက ႐ႊီက်င္းလို႔ေခၚတဲ့ သူ႔ရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းတစ္ေယာက္ႏွင့္ ဆုံေတြ႕ခဲ့သည္။

 
႐ႊီက်င္းက ဒီေနရာကို မိတ္ေဆြေတြနဲ႔ ထမင္းလာစားတာျဖစ္ၿပီး အခု ျပန္ထြက္လာေတာ့ သူ႔ေနာက္မွာ  လူေတြအမ်ားႀကီး ရွိေနတယ္။ ရႈဟိန္ကိုျမင္ေသာအခါ သူက ရပ္တန႔္ကာ ႏူတ္ဆက္လိုက္သည္။

႐ႊီက်င္းက ရႈနင္ကို  စိမ္ေျပနေျပၾကည့္လိုက္ၿပီး ေမးလိုက္သည္။

"ဒါဆို ဒါကရႈမိသားစုရဲ႕ ဒုတိယေျမာက္ သခင္ေလး လား။ မင္း အေၾကာင္းေတြကို ငါ အမ်ားႀကီး ၾကားဖူးတယ္၊ ဒါေပမယ့္ ငါတို႔ အခုမွ ပထမဆုံး စေတြ႕ရတာပဲ၊ ငါ့နာမည္က ႐ႊီက်င္း... မင္း အစ္ကိုရဲ႕သူငယ္ခ်င္း၊ ဒါေၾကာင့္ ငါ့ကို အကို႐ႊီလို႔   ေခၚႏိုင္တယ္။ "

ရႈနင္ရဲ႕မ်က္သားေတြက ျပဴးက်ယ္သြားခဲ့ေပမယ့္ သူက ႐ႊီက်င္းကို  အၿပဳံးေလးနဲ႔ႏႈတ္ဆက္လိုက္တယ္။ ဒါေပမယ့္ သူက ရႈဟိန္ရဲ႕ လက္ကို ဆုပ္ကိုင္ ထားတုန္း ဆိုတာကို သူ ေမ့သြားတယ္။

ရႈဟိန္က ေခါင္းကိုငုံ႔လိုက္ၿပီး ရႈနင္ကိုၾကည့္ကာ ေသခ်ာစဥ္းစားၾကည့္လိုက္သည္။ အေစာပိုင္းတြင္ သူ၏ညီငယ္ေလးသည္ ႐ႊီက်င္းကို ျမင္သည္ႏွင့္ အလြန္စိတ္ပူပန္သြားၿပီးသူ၏လက္ကို အားျဖင့္ ဆုပ္ကိုင္လိုက္မိသည္၊
 
ဒါကို ဘာကို  သက္ေသျပေနစသလဲ...


႐ႊီက်င္းက ဟိုးအရင္တုန္းက ေပါင္းပင္ေတြကို ႏူတ္ပစ္ဖို႔ (တရားမဝင္ သားသမီးေတြကို ရွင္းပစ္ရန္ ) သူ႔ကိုေျပာခဲ့ဖူးတယ္။

  သူ တစ္ခုခု လုပ္ႏိုင္ခဲ့သလား။

မဟုတ္ဘူး၊ မျဖစ္ႏိုင္ဘူး၊


ရႈဟိန္က သူ႔သူငယ္ခ်င္းအေပၚမွာ ယုံၾကည္မႈ ရွိခဲ့တယ္။ ထိုအခ်ိန္တြင္ သူက ရႈနင္ကို မထိဖို႔ ႐ႊီက်င္းကိုသတိေပးထားၿပီး ျဖစ္၍ ႐ႊီက်င္းရဲ႕ စ႐ိုက္အရ သူက ရႈနင္ကို ထိဖို႔ လုပ္ေတာ့မည္ မဟုတ္ေပ။

 
ဒါဆို ......ရႈနင္က ဘာေၾကာင့္ ႐ႊီက်င္းကို ေၾကာက္ေနတာလဲ...

 ***********-*****************








Continue Reading

You'll Also Like

101K 7.1K 110
KinnPorsche မြန်မာဘာသာပြန်ပါ . Book 1 to 4 ထိ ရှိပါမယ် . KinnPorsche ျမန္မာဘာသာျပန္ပါ . Book 1 to 4 ထိ ရွိပါမယ္ . Both Zawgyi & Unicode available...
413K 37.5K 164
Written By- May King ဆူမီရာကို ခ်စ္သည့္ စစ္နတ္ဘုရားကုလန္၊ မယ္ေတာ္၏ အခ်စ္ကို ရထားသည့္ေနာင္ေတာ္ကိုမုန္းတီးေနသည့္ နန္ေက်ာင္မင္းသား ယြမ္ခ်ဴးခန္၊ ခ်စ္မယား...
4K 544 14
❌Not Translation!❌ တည်တံ့သော်တစ်ယောက် ဘယ်တုန်းကမှ မတော်တဆဖြစ်ပြီးသေရမယ်လို့မတွေးမိခဲ့ဖူးဘူး အစစအရာရာသတိထားနေထိုင်တတ်တဲ့သူ ယုတ်စွအဆုံး အိမ်ထဲကနေ ခြံရှ...
66.2K 9.8K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...