ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၂၇)

3.6K 578 22
By CrystalKyi

Unicode

ချောင်လန်က သူမနဲ့ထန်းမော့တို့က တွဲနေကြတာမဟုတ်ပါဘူးလို့ ဘယ်နှခါပဲပြောပြော အခုတော့ ပိုင်ယွီက သူမကိုသတ်လိုက်မယ်ဆိုရင်တောင် မယုံတော့ဘူး။

သူတို့၂ယောက်က ဖက်တောင်ဖက်ပြီးနေကြပြီကို။ မတွဲကြသေးဘူးဆိုတာ ဖြစ်နိုင်လို့လား??

ဒါပေမဲ့ ချောင်လန်ကလဲ ဒါကို နားလည်အောင် မရှင်းပြတက်တော့ဘူး။

ပိုင်ယွီက နေ့တိုင်းနေ့ ခွေးစာအကျွေးခံရပြီး အနှိပ်စက်ခံနေရတော့ သူမပုံက အတွေ့အကြုံရင့်တဲ့ အဖွားကြီးနဲ့တောင် တူလာပြီ။ " ယောက်ျားနဲ့ မိန်းမကြားမှာ ဘာမှဖြူစင်တဲ့ ဆက်ဆံရေးဆိုတာ မရှိဘူးဆိုတဲ့ ဆိုရိုးက အရမ်းမှန်တာပဲ။ "

ချောင်လန်က ပြန်စလိုက်တယ်။ " အဲ့တာဆို နင်နဲ့ ရင်းဇီချီးကရော ရိုးရိုးသားသား မဟုတ်ဘူးပေါ့?? "

ရင်းဇီချီးက ပိုင်ယွီရဲ့ tablemate လေ။ သူတို့၂ယောက်က အထက်တန်းပထမနှစ်ကထဲက တူတူထိုင်လာကြတာ။ နောက်တော့ အတန်းတွေပြန်ခွဲတော့လဲ သူတို့က တစ်ခန်းထဲကျပြီး တူတူဆက်ထိုင်ခဲ့ကြတာလေ။ အခုလဲ တတိယနှစ်တောင် ပြီးတော့မယ်။ သူတို့က အခုထိ တူတူထိုင်နေကြတုန်းပဲ။ ချောင်လန်နဲ့ ထန်းမော့တို့က ပိုင်ယွီနဲ့ ရင်းဇီချီးတို့ရှေ့မှာထိုင်တာဖြစ်တယ်။ နေ့တိုင်းနေ့တိုင်း သူတို့၂ယောက် စကားများပြီး ပွစိပွစိပြောနေကြတာကို ကြားနေရတယ်လေ။ နောက်ဆုံးပိုင်ယွီကစိတ်ဆိုးသွားပြီဆိုရင် ရင်းဇီချီး ကသူမကိုပြန်ပြီး ချော့တော့တယ်လေ။

ဒီလူ၂ယောက်က ပုံမန်သူငယ်ချင်းကောင်းတွေမျိုးတော့ မဟုတ်လောက်တာသေချာတယ်။

ချောင်လန်က ရုတ်တရက်ကြီး ရင်းဇီချီးနာမည်ကို ပြောလိုက်တော့ ပိုင်ယွီက ခဏလောက်ကြောင်သွားတယ်။ ပြီးတော့မှ သူမက ရှက်ရှက်နဲ့ ထခုန်ပြီးအော်လိုက်တယ်။ " သူကချွင်းချက်လေ။ တစ်ကယ်တော့ ယောက်ျားနဲ့မိန်းမကြားမှာ ဖြူစင်တဲ့ ဆက်ဆံရေးရှိပါသေးတယ်။ ဆိုရိုးတောင်ရှိသေးတယ်လေ အရုပ်ဆိုးလေ ဖြူစင်လေတဲ့။ ရင်းဇီချီးက အဲ့လိုပဲ!! ရုပ်ဆိုးပြီး ဖြူစင်တယ်။ ငါနင့်ကိုပြောမယ်နော် ငါက ငါကြိုက်တဲ့ပုံစံမျိုးနဲ့ ဘယ်တော့မှ သူငယ်ချင်းသွားမလုပ်ဘူး။ ငါ့ဘော်ဒါတွေအကုန်လုံးက သေချာပေါက် ငါမကြိုက်တဲ့ပုံတွေချည်းပဲ။ ပြီးတော့ ရင်းဇီချီးနဲ့ ငါနဲ့က ဒီတိုင်း ရိုးရိုးသားသားပါပဲနော်။ "

ချောင်လန်က ပိုစချင်လာတယ်။ " ရင်းဇီချီးက ထန်းမော့လောက်တော့ မချောပေမဲ့လို့ သူက သေချာပေါက်ရုပ်တော့ မဆိုးပါဘူးဟ။ "

" ကြည့် ကြည့် ကြည့် နင်က ရင်းဇီချီးအကြောင်းပြောနေတာတောင် ထန်းမော့ကို ဆွဲထုတ်လာနိုင်သေးတယ်နော်။ ချစ်ကြောင်းကြိုက်ကြောင်းထုတ်ကြွားတာက ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ဘူး ဟုတ်တယ်မလား။ " ပိုင်ယွီက ဆွံ့အနေတဲ့ပုံဖြစ်သွားတယ်။

" ပြီးတော့ စကားလမ်းကြောင်းမလွဲနဲ့နော်။ အဲ့တာဆို အရုပ်ဆိုးလေ ဖြူစင်လေဆိုတော့ ဇီချီးက ကြည့်ကောင်းလို့ မဖြူစင်ဘူးဆို နင်နဲ့ ထန်းမော့တို့က ပိုတောင်ဆိုးဦးမယ်။ ထန်းမော့က ဖြူစင်လား?? သူ ဖြူစင်တာကတော့လေ နင့်ကို သူ့အင်္ကျီထဲကိုတောင် ထည့်ပတ်ထားတာနော်။ ဒီတိုင်း အားလုံးကိုသာ နင်တို့၂ယောက်က တွဲနေပါတယ်လို့ ပြောလိုက်ပါတော့။ ငြင်းမနေနဲ့။ ရိုးရိုးသားသားတဲ့?? တစ်ကယ်လို့ နင်ကရိုးသားတယ်ဆိုရင် ထန်းမော့အဲ့လိုဖက်လိုက်တာကို ဒီတိုင်းခံနေမှာ မဟုတ်ဘူးလေ။ ပြီးတော့ နင်က ထန်းမော့ဖုန်းနံပါတ်ကို ရှေ့ဆုံးရောက်အောင် အထူးတလည် ထန်းမော့နာမည်ရှေ့မှာ 1 လို့တောင် ထပ်ထည့်ထားတာမလား?? "

ချောင်လန် : " ......... "

တစ်ကယ်လို့ ပိုင်ယွီကဒါကို ရုတ်တရက်ထုတ်မပြောခဲ့ရင် ချောင်လန်က အဲ့တာကို တစ်ကယ်မေ့သွားတော့မှာ။

ပိုင်ယွီက ဒါကိုလဲ တွေ့သွားတာပဲ။

ပိုင်ယွီက ချောင်လန့်ဖုန်းနဲ့ကစားတုန်းက ချောင်လန့် contact ကိုဖွင့်ကြည့်လိုက်ဖူးတယ်။

နာမည်တွေက pinyin အလိုက်စဥ်ထားတာဆိုတော့ ပိုင်ယွီနာမည်က b နဲ့စတာဆိုတော့ ပုံမန်ဆို အဲ့တာက စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိတာလေ။ ရလဒ်ကတော့ ပိုင်ယွီက သူမနာမည်ရဲ့ရှေ့မှာ ထန်းမော့ရဲ့ နာမည်ရှိနေတာကို ဖွင့်ကြည့်လိုက်တော့ တွေ့သွားတယ်လေ။

ထန်းမော့ နာမည်က t နဲ့စတာလေ။ အဲ့ကျဘယ်လိုပဲစဥ်စဥ် သူမအရှေ့တော့ မရောက်သင့်ဘူးလေ။ အဲ့တာနဲ့ သူမအသေးစိတ်ကြည့်ကြည့်လိုက်တော့ ထန်းမော့ရဲ့ Tan အရှေ့မှာ 1 ရှိနေတယ်လေ။

တစ်ချက်ကြည့်လိုက်တာနဲ့ အဲ့တာက တမင်သက်သက်ထည့်ထားတာမှန်း သိသာနေတာပဲလေ။

ဒါက ချောင်လန့်ဖုန်းလေ။ တစ်ကယ်လို့ ချောင်လန်က အထူးတလည်မှတ်ထားတာ မဟုတ်ရင် ဘယ်သူလုပ်တာ ဖြစ်နိုင်ဦးမှာလဲ။

ပြီးတော့ သူမက သူမထန်းမော့ကို ကြိုက်တာက ဟိုလိုကြိုက်တာမျိုး မဟုတ်ဘူးလို့လဲ ပြောသေးတယ်လေ။ ဒီလိုအပြုအမူမျိုးက ငယ်ရွယ်တဲ့အတွဲတွေပဲ လုပ်လေ့ရှိတာကို။

အဲ့တာနဲ့ ပိုင်ယွီက အဲ့ကိစ္စကို ဒီနေ့ နောက်တစ်ခါ ထပ်တူးဆွလာတယ်။

ချောင်လန်က ခဏလောက်ကြောင်သွားတယ်။ ဒီဘက်ခေတ်မှာက အားလုံးက wechat ကိုပဲ အသုံးများကြတာလေ။ ရိုးရိုးဖုန်းနဲ့ခေါ်တယ်ဆိုတာက အကြိမ်အရေအတွက် အရမ်းနည်းလွန်းတယ်။ တစ်ကယ်လို့ ဖုန်းခေါ်မယ်ဆိုရင်တောင် contact ထဲဝင်မကြည့်ဖြစ်ဘူးလေ။ အထူးသဖြင့် မကြာခဏခေါ်လေ့ရှိတဲ့လူတွေဆိုပိုဆိုးပေါ့။ သူတို့က ပုံမန်ဆိုရင် call log ထဲကနေပဲ ရှာဆက်လိုက်တာလေ။ ထန်းမော့နံပါတ်ဆိုပိုဆိုးပေါ့။ ထန်းမော့နံပါတ်က သူမနံပါတ်ထက် ပိုပြီးတော့တောင် မှတ်ရလွယ်သေးတယ်လေ။ အဲ့တာကြောင့် သူမက အဲ့တာကိုတစ်ကယ် သတိမထားမိခဲ့ဘူး။

ချက်ချင်းကိုပဲ သူမက အိပ်ယာခေါင်းရင်းက ဖုန်းကိုယူလိုက်ပြီး ဖွင့်လိုက်ကာ contact ထဲကို ဝင်လိုက်တယ်။

ထန်းမော့နာမည်က တစ်ကယ့်ကို ထိပ်ဆုံးမှာပဲ။ ပြီးတော့ အရှေ့မှာလဲ 1 ဆိုတာလေး ရှိနေသေးတယ်။

ချောင်လန်က အဲ့ 1 ဆိုတာလေးကို အကြာကြီးစိုက်ကြည့်နေပြီး နူးညံ့ညင်သာစွာ ပြုံးလိုက်တယ်။

ချောင်လန့်အတွက်ကတော့ ဒီနေ့ညက လုံးဝကို စိတ်အေးလက်အေး ဖြစ်သွားတယ်။

နောက်ဆုံးတော့ ချောင်မိသားစုပြဿနာကြီးကိုရှင်းပြီးသွားပြီလေ။ ပြီးတော့ သူမ ဘာလုပ်ချင်နေတာလဲဆိုတာကိုလဲ လွယ်လွယ်နဲ့ နားလည်သိမြင်သွားပြီလေ။ ဒီကာလအတွင်းမှာ သူမရင်ဘတ်ထဲမှာ ဆို့တက်နေတဲ့ ဒုက္ခတွေအကုန်လုံးက ပျောက်ကွယ်သွားခဲ့ပြီ။ နောက်ဆုံးတော့ ချောင်လန်က ငြိမ်းငြိမ်းချမ်းချမ်း အိပ်နိုင်သွားခဲ့ပြီ။

ချောင်လန်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပဲ။ ဒါပေမဲ့ ထန်းမော့ကတော့ မျက်လုံးမှိတ်လိုက်တိုင်း ချောင်လန့်မျက်နှာလေးကိုပဲ အနီးကပ် ပြန်ပြန်မြင်ယောင်နေမိတယ်။ ချောင်လန့်မျက်နှာက သူ့ပါးတွေနဲ့ အရမ်းနီးကပ်နေတာပဲ။ သူ့လက်တွေကလဲ သူမကိုယ်ကို ဖက်ထားတယ်။ အိပ်ယာထဲမှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ ညနောက်ကျတဲ့အထိ သူက အိပ်မပျော်ခဲ့ဘူး။ ဒါပေမဲ့ နောက်ဆုံးအိပ်ပျော်သွားတော့လဲ သူက အိမ်မက်မက်ခဲ့တယ်။ နေ့မှာတွေးတဲ့ဟာတွေကို ညမှာ ပြန်ပြီး အိမ်မက်မက်တယ်ဆိုတဲ့အတိုင်းပဲ သူ့ အိမ်မက်ထဲက မြင်ကွင်းက သူတွေးထားတာထက်တောင် အများကြီး ပိုပူလောင်နေတယ်။

ဒါက သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဖိနှိပ်ထားပြီး ဘယ်တော့မှ မပြောရဲတဲ့ စကားတွေပေါ့။

မနက်ကျတော့ ထန်းမော့က နိုးလာပြီး ကုတင်ပေါ်မှာ စောင်ကို ဖက်ထားရင်းနဲ့ အူကြောင်ကြောင်ပုံနဲ့ ထိုင်နေတယ်။ ခဏလောက်ကြာတော့ ဖုန်း screen က မီးလင်းလာခဲ့တယ်။ ထန်းမော့က စက်ရုပ်လိုပဲ ဖုန်းကိုယူလိုက်တယ်။

ချောင်လန့်ဆီက morning ဆိုတဲ့ wechat မက်ဆေ့ပဲ။

ညတုန်းက အိမ်မက်က အရမ်းဆိုးဝါးတာပဲ။ ထန်းမော့က ဒီနေ့မနက်ခင်း နည်းနည်းပျော်နေတယ်။ သူက မနေ့ညက သူ့အိမ်မက်ထဲကို ဝင်လာလိုက်ထွက်သွားလိုက်လုပ်နေတဲ့ ကောင်မလေးကို wechat background ပုံကနေ ကြည့်နေခဲ့တယ်။ ကောင်လေးက ဖြူဖွေးပြီး နူးညံ့တဲ့ မျက်နှာရှိတယ်။ အခုအဲ့မျက်နှာက ရှက်သွေးဖြာနေတယ်။

နည်းနည်းလဲ နီနေတယ်။

ထန်းမော့ မင်းကတော့ တစ်ကယ့်ကို အသိစိတ်လွတ်သွားပြီပဲ...

ဒါပေမဲ့...

တစ်ကယ်လဲ မေ့လို့မရနိုင်ဘူးလေ။

ဒီနေ့ထန်းမော့ပုံက နည်းနည်းတစ်မျိုးကြီးဖြစ်နေတာကို ချောင်လန်ခံစားမိတယ်။ သူမက သူ့ကိုမျက်လုံးလေးနဲ့ ကြည့်လိုက်တာနဲ့ သူက ချက်ချင်းကို ဘေးကိုလှည့်သွားတယ်။ သူက တစ်ခုခုအမှားလုပ်ထားမိတဲ့ ပုံစံကြီးလေ။

မနေ့ကကြောင့်မလို့လား??

ငါဘာကို ရှာတွေ့သွားတာပါလိမ့်??

ချောင်လန်က ထန်းမော့အဲ့လိုဖြစ်နေတာကိုမြင်တော့ နည်းနည်းလေးမှ စိတ်မပူဘူး။ နည်းနည်းလေးတောင် စိတ်လှုပ်ရှားနေသေးတယ်။

တစ်ကယ်လို့ ထန်းမော့က အဲ့လိုကိစ္စတွေကို လုံးလုံးနားမလည်တာဆိုရင် သူ့အပြုအမူတွေက အရင်လိုပဲ ဘာမှကွာခြားသွားမှာ မဟုတ်ဘူးလေ။ ပုံမန်မဟုတ်တာ ဘာမှရှိမှာ မဟုတ်ဘူး။ တစ်ကယ်လို့ ပုံမန်မဟုတ်တာ နည်းနည်းလေးရှိနေပြီဆိုရင် အဲ့တာက ရှက်နေတာဆိုရင်တောင် ချောင်လန့်အတွက်ကတော့ သေချာပေါက်ကို ကောင်းတဲ့ကိစ္စတစ်ခုပဲလေ။

အတန်းထဲမှာ ချောင်လန်နဲ့ ထန်းမော့တို့ဘက်ကို ကြည့်ကြည့်နေကြတဲ့ မျက်လုံးတွေအကုန်လုံးက စချင်နောက်ချင်နေကြတဲ့ မျက်လုံးတွေချည်းပဲ။ အတန်းဖော်တွေအကုန်လုံးက အတင်းအဖျင်းတွေပြောကြတာချည်းပဲ။ မနေ့တုန်းက သူတို့၂ယောက်က 'အချစ်တွေအပြည့်နဲ့ ဖက်' ခဲ့ကြတာလေ။ ပြီးတော့ အဆောင်အောက်ကြီးမှာလေ။ အားလုံးက အတန်းထဲဝင်မလာခင်မှာတောင် သိနေကြပြီ။ သူတို့အားလုံးက နှစ်သစ်ကူးပြီးရင် လာမဲ့ ချစ်သူများနေ့အကြောင်းကို ပြောနေကြတယ်။ ပြီးတော့ ချစ်သူများနေ့မှာ ရုပ်ရှင်သစ်တွေအများကြီးကလဲ ရုံတင်ကြတယ်လေ။

ထန်းမော့က အတန်းဖော်တွေရဲ့ စနောက်သံတွေကြားကနေ ဦးလေးချန်ကို အကျဥ်းချုံးပြန်ဖြေလိုက်တယ်။ ချောင်လန်ကတော့ မသိလိုက်ဘူး။ ကျောင်းပေါက်ရှေ့က အဖေချောင်နဲ့ အမေချောင်တို့ရဲ့ စားသောက်ဆိုင်သေးသေးလေးက ပိတ်လိုက်ရတယ်။ အဖေချောင်နဲ့ အမေချောင်တို့ကလဲ သူတို့သားလေးရဲ့ ကျန်းမာရေးကို ပြန်ကောင်းအောင် လုပ်ပေးနေကြတယ်။ သူတို့က ရက်အများကြီးမပျော်လိုက်ရဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စီးပွားရေးက မရှိတော့ဘူးလေ။

ထန်းမော့က ကျောက်ကပ်အတွက်ပိုက်ဆံပေးခဲ့ပေမဲ့ ခွဲစိတ်မှုအပြီး ဆေးဖိုးဝါးခတွေက ဈေးကြီးသေးတယ်လေ။ သူတို့လက်ထဲက ပိုက်ဆံတွေက တစ်ဖြည်းဖြည်းနည်းနည်းလာပြီး ပိုက်ဆံရှာဖို့နည်းမရှိတော့ အဖေချောင်နဲ့အမေချောင်တို့က ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။

အဖွားချောင်ကတော့ နားမလည်နိုင်ဘူး " တစ်ကယ်လို့ အဲ့လူက ယွမ်အာ့ကို ခွဲစိတ်ဖို့ ပိုက်ဆံပေးနိုင်တယ်ဆိုရင် ခွဲစိတ်ပြီးဆေးဖိုးဝါးခတွေကိုလဲ သူက ဘာလို့မပေးနိုင်ရမှာလဲ။ "

အဖေချောင်နဲ့ အမေချောင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အကြာကြီးနေတော့မှ အဖေချောင်က ပြောလိုက်တယ်။ " အဲ့လိုပြောလို့လဲမရဘူးလေ။ သူက ပိုက်ဆံပေးတာကိုပဲ ကျေးဇူးတင်ဖို့ကောင်းနေပြီလေ။ ပြီးတော့ သူက ကျွန်တော်တို့ကို အကြွေးတင်နေတာမှ မဟုတ်..... "

" ဘာလို့အကြွေးမတင်ရမှာလဲ!!! "

အဖွားချောင်က မျက်လုံးပြူးကြည့်လိုက်တယ်။ " ငါတို့မိသားစုက အလုပ်ကြိုးစားပြီး သမီးမိန်းကလေးတွေကို ကျွေးမွေးပြုစုခဲ့ရတာလေ။ အခုအဲ့တာတွေက ပေးလိုက်ရပြီလေ။ အဲ့တော့ သူက သူ့မောင်လေးအတွက် ပိုက်ဆံနည်းနည်းလောက်ပေးရတာ ဘာဖြစ်သွားမှာ မလို့လဲ။ သူက ပိုက်ဆံချမ်းသာတယ်လို့ နင်တို့ပဲပြောတယ်မလား။ သူက ချောင်လန့်အတွက် ယွမ်သန်းနဲ့ချီတောင် ပေးသေးတာပဲ။ အခုဟာက ယွမ်သိန်းဂဏာန်းလောက်ပဲဟာကို။ သူတို့က အများကြီးပေးပြီပြီပဲ။ နည်းနည်းလောက်ထပ်ပေးလိုက်လဲ ဘာမှထူးမသွားပါဘူး။ "

" ဒါ..... "

အဖေချောင်က ဘာပြောရမှန်းမသိတော့ဘူး။ ဒါပေမဲ့ အမေချောင်ကတော့ နည်းနည်းစိတ်ယိုင်သွားတယ်။ အဖွားချောင်ပြောတာ သေချာပေါက် အဓိပ္ပာယ်ရှိတာပဲ။

" ငါတို့က သူ့ဆီကနေ ပိုက်ဆံအများကြီး မလိုချင်ပါဘူး။ ယွမ်အာခွဲစိတ်ပြီးလို့ ကုန်မဲ့ပိုက်ဆံက အများဆုံးမှ ယွမ်၂သိန်းလောက်ပေါ့။ နင်တို့ သွားတောင်းရင် သူက မပေးဘူးလို့ ငါတော့မယုံဘူး။ " အဖွားချောင်ကပြောလိုက်တယ်။ " အခုမှ ဆယ်ကျော်သက်ကလေးမလား။ ဒါကိုတောင် နင်တို့နိုင်အောင် မပြောနိုင်ဘူးဆိုတာ ငါမယုံဘူး။ "

အမေချောင်က အဖွားချောင်စကားတွေကြောင့် စိတ်ယိုင်သွားတယ်။ စိတ်ယိုင်သွားရုံဘဲ။ ဒါပေမဲ့ နောက်ကိစ္စတစ်ခုကိုလဲ တွေးမိသွားတယ်။

" ဟိုနေ့က ကျွန်မတို့ဆိုင်ကို ရုတ်တရက် လာတဲ့ ဧည့်သည်က အဲ့ကလေး အနောက်ကနေ တစ်ခုခုရွေ့လိုက်တာလား မသိဘူး။ " အမေချောင်က ပြောလိုက်တယ်။ " သူက အစတုန်းက လော့မိသားစုအကြောင်း ပြောသေးတယ်နော်..... "

" ဘယ်လော့မိသားစုလဲ " အဖွားချောင်က သိချင်နေတယ်။

အဲ့ကျတော့မှ အမေချောင်က လော့ညန်နဲ့ ချောင်လန့်တို့အကြောင်းကို ပြောပြလိုက်တယ်။ ထန်းမော့က လော့မိသားစု စီးပွားပျက်သွားရတဲ့ နောက်ကွယ်ကလူလို့လဲ ပြောလိုက်တယ်။ အဖွားချောင်က အဲ့တာကို ကြားလိုက်တော့ ပိုပြီးတော့တောင် ဒေါသထွက်သွားတယ်။ " လောကမှာ ဥပဒေဆိုတာ ရှိသေးတယ်။ သွားပြီး တောင်းချည်!! ဒါက ငါတို့မိသားစုရဲ့ စားဝတ်နေရေးအတွက်ပဲ။ သူကပိုက်ဆံထုတ်မပေးဘူးဆိုတာ ငါတော့ မယုံဘူး။ "

အဖေချောင်နဲ့ အမေချောင်တို့က နည်းနည်းကြောက်နေသေးတယ်။ ".... မဟုတ်လဲ ထားလိုက်..... "

" နင့်သားကျန်းမာရေးက နင့်မျက်နှာထက် ပိုအရေးကြီးနေလို့လား " အဖွားချောင်က အော်လိုက်တယ်။ " နင်တို့သွားမတောင်းဘူးဆိုရင် ငါသွားတောင်းမယ်။ နင်တို့က ကြောက်နေပေါ့။ ငါကတော့ သူယွမ်အာ့ကို တစ်ခုခုလုပ်နိုင်လိမ့်ဆိုတာ မယုံဘူး။ အခုခေတ်က ဥပဒေတွေနဲ့ ပြည့်နေတာ။ ဒီလူမှုလောကမှာ သူက အဲ့လိုဥပဒေမဲ့ လုပ်နိုင်လိမ့်မယ်တဲ့လား?? ကြည့်ပါဦး။ နင်တို့လို လူကြီးတွေက ကလေးတစ်ယောက်ခြောက်တာနဲ့ ကြောက်လာရတယ်လို့။ "

အဖေချောင်နဲ့ အမေချောင်တို့က အကြာကြီးတိတ်ဆိတ်သွားကြတယ်။ ခဏလောက်ကြာတော့ အမေချောင်က ပြောလိုက်တယ်။ " မဟုတ်လဲ သူ့ကိုပဲ ထပ်ရှာကြတာပေါ့။ ယွမ်၂သိန်းအတွက်ကိုလေ ... ချောင်လန်ကိုတော့ သွားမရှာနဲ့တော့ ........  "

အဖေချောင်ကလဲ သူ့ရဲ့ပိတ်လိုက်ရတဲ့ စားသောက်ဆိုင်လေးကို တွေးလိုက်ပြီး နောက်ဆုံးတော့ ခေါင်းညိမ့်လိုက်တယ်။

တစ်ဖက်မှာတော့ ဦးလေးချန်က ချောင်မိသားစု ဆက်သွယ်လာတာကို လက်မခံခဲ့ဘူး။ အမေချောင်နဲ့ အဖေချောင်တို့က ထန်းမော့ကို မပြောနဲ့ ဦးလေးချန်ကိုတောင် ဆက်သွယ်လို့မရခဲ့ဘူး။

ထန်းမော့က ရယ်လိုက်ပြီး ဖုန်းချလိုက်တယ်။ ပြီးတော့ ချောင်လန်နဲ့ စကားဆက်ပြောနေလိုက်တယ်။

Zawgyi

ေခ်ာင္လန္က သူမနဲ႔ထန္းေမာ့တို႔က တြဲေနၾကတာမဟုတ္ပါဘူးလို႔ ဘယ္ႏွခါပဲေျပာေျပာ အခုေတာ့ ပိုင္ယြီက သူမကိုသတ္လိုက္မယ္ဆိုရင္ေတာင္ မယုံေတာ့ဘူး။

သူတို႔၂ေယာက္က ဖက္ေတာင္ဖက္ၿပီးေနၾကၿပီကို။ မတြဲၾကေသးဘူးဆိုတာ ျဖစ္ႏိုင္လို႔လား??

ဒါေပမဲ့ ေခ်ာင္လန္ကလဲ ဒါကို နားလည္ေအာင္ မရွင္းျပတက္ေတာ့ဘူး။

ပိုင္ယြီက ေန႔တိုင္းေန႔ ေခြးစာအေကြၽးခံရၿပီး အႏွိပ္စက္ခံေနရေတာ့ သူမပုံက အေတြ႕အႀကဳံရင့္တဲ့ အဖြားႀကီးနဲ႔ေတာင္ တူလာၿပီ။ " ေယာက္်ားနဲ႔ မိန္းမၾကားမွာ ဘာမွျဖဴစင္တဲ့ ဆက္ဆံေရးဆိုတာ မရွိဘူးဆိုတဲ့ ဆို႐ိုးက အရမ္းမွန္တာပဲ။ "

ေခ်ာင္လန္က ျပန္စလိုက္တယ္။ " အဲ့တာဆို နင္နဲ႔ ရင္းဇီခ်ီးကေရာ ႐ိုး႐ိုးသားသား မဟုတ္ဘူးေပါ့?? "

ရင္းဇီခ်ီးက ပိုင္ယြီရဲ႕ tablemate ေလ။ သူတို႔၂ေယာက္က အထက္တန္းပထမႏွစ္ကထဲက တူတူထိုင္လာၾကတာ။ ေနာက္ေတာ့ အတန္းေတြျပန္ခြဲေတာ့လဲ သူတို႔က တစ္ခန္းထဲက်ၿပီး တူတူဆက္ထိုင္ခဲ့ၾကတာေလ။ အခုလဲ တတိယႏွစ္ေတာင္ ၿပီးေတာ့မယ္။ သူတို႔က အခုထိ တူတူထိုင္ေနၾကတုန္းပဲ။ ေခ်ာင္လန္နဲ႔ ထန္းေမာ့တို႔က ပိုင္ယြီနဲ႔ ရင္းဇီခ်ီးတို႔ေရွ႕မွာထိုင္တာျဖစ္တယ္။ ေန႔တိုင္းေန႔တိုင္း သူတို႔၂ေယာက္ စကားမ်ားၿပီး ပြစိပြစိေျပာေနၾကတာကို ၾကားေနရတယ္ေလ။ ေနာက္ဆုံးပိုင္ယြီကစိတ္ဆိုးသြားၿပီဆိုရင္ ရင္းဇီခ်ီး ကသူမကိုျပန္ၿပီး ေခ်ာ့ေတာ့တယ္ေလ။

ဒီလူ၂ေယာက္က ပုံမန္သူငယ္ခ်င္းေကာင္းေတြမ်ိဳးေတာ့ မဟုတ္ေလာက္တာေသခ်ာတယ္။

ေခ်ာင္လန္က ႐ုတ္တရက္ႀကီး ရင္းဇီခ်ီးနာမည္ကို ေျပာလိုက္ေတာ့ ပိုင္ယြီက ခဏေလာက္ေၾကာင္သြားတယ္။ ၿပီးေတာ့မွ သူမက ရွက္ရွက္နဲ႔ ထခုန္ၿပီးေအာ္လိုက္တယ္။ " သူကခြၽင္းခ်က္ေလ။ တစ္ကယ္ေတာ့ ေယာက္်ားနဲ႔မိန္းမၾကားမွာ ျဖဴစင္တဲ့ ဆက္ဆံေရးရွိပါေသးတယ္။ ဆို႐ိုးေတာင္ရွိေသးတယ္ေလ အ႐ုပ္ဆိုးေလ ျဖဴစင္ေလတဲ့။ ရင္းဇီခ်ီးက အဲ့လိုပဲ!! ႐ုပ္ဆိုးၿပီး ျဖဴစင္တယ္။ ငါနင့္ကိုေျပာမယ္ေနာ္ ငါက ငါႀကိဳက္တဲ့ပုံစံမ်ိဳးနဲ႔ ဘယ္ေတာ့မွ သူငယ္ခ်င္းသြားမလုပ္ဘူး။ ငါ့ေဘာ္ဒါေတြအကုန္လုံးက ေသခ်ာေပါက္ ငါမႀကိဳက္တဲ့ပုံေတြခ်ည္းပဲ။ ၿပီးေတာ့ ရင္းဇီခ်ီးနဲ႔ ငါနဲ႔က ဒီတိုင္း ႐ိုး႐ိုးသားသားပါပဲေနာ္။ "

ေခ်ာင္လန္က ပိုစခ်င္လာတယ္။ " ရင္းဇီခ်ီးက ထန္းေမာ့ေလာက္ေတာ့ မေခ်ာေပမဲ့လို႔ သူက ေသခ်ာေပါက္႐ုပ္ေတာ့ မဆိုးပါဘူးဟ။ "

" ၾကည့္ ၾကည့္ ၾကည့္ နင္က ရင္းဇီခ်ီးအေၾကာင္းေျပာေနတာေတာင္ ထန္းေမာ့ကို ဆြဲထုတ္လာႏိုင္ေသးတယ္ေနာ္။ ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းထုတ္ႂကြားတာက ဘယ္ေတာ့မွ ၿပီးဆုံးေတာ့မွာ မဟုတ္ဘူး ဟုတ္တယ္မလား။ " ပိုင္ယြီက ဆြံ႕အေနတဲ့ပုံျဖစ္သြားတယ္။

" ၿပီးေတာ့ စကားလမ္းေၾကာင္းမလြဲနဲ႔ေနာ္။ အဲ့တာဆို အ႐ုပ္ဆိုးေလ ျဖဴစင္ေလဆိုေတာ့ ဇီခ်ီးက ၾကည့္ေကာင္းလို႔ မျဖဴစင္ဘူးဆို နင္နဲ႔ ထန္းေမာ့တို႔က ပိုေတာင္ဆိုးဦးမယ္။ ထန္းေမာ့က ျဖဴစင္လား?? သူ ျဖဴစင္တာကေတာ့ေလ နင့္ကို သူ႔အက်ႌထဲကိုေတာင္ ထည့္ပတ္ထားတာေနာ္။ ဒီတိုင္းအားလုံးကိုသာ နင္တို႔၂ေယာက္က တြဲေနပါတယ္လို႔ ေျပာလိုက္ပါေတာ့။ ျငင္းမေနနဲ႔။ ႐ိုး႐ိုးသားသားတဲ့?? တစ္ကယ္လို႔ နင္က႐ိုးသားတယ္ဆိုရင္ ထန္းေမာ့အဲ့လိုဖက္လိုက္တာကို ဒီတိုင္းခံေနမွာ မဟုတ္ဘူးေလ။ ၿပီးေတာ့ နင္က ထန္းေမာ့ဖုန္းနံပါတ္ကို ေရွ႕ဆုံးေရာက္ေအာင္ အထူးတလည္ ထန္းေမာ့နာမည္ေရွ႕မွာ 1 လို႔ေတာင္ ထပ္ထည့္ထားတာမလား?? "

ေခ်ာင္လန္ : " ......... "

တစ္ကယ္လို႔ ပိုင္ယြီကဒါကို ႐ုတ္တရက္ထုတ္မေျပာခဲ့ရင္ ေခ်ာင္လန္က အဲ့တာကို တစ္ကယ္ေမ့သြားေတာ့မွာ။

ပိုင္ယြီက ဒါကိုလဲ ေတြ႕သြားတာပဲ။

ပိုင္ယြီက ေခ်ာင္လန္႔ဖုန္းနဲ႔ကစားတုန္းက ေခ်ာင္လန္႔ contact ကိုဖြင့္ၾကည့္လိုက္ဖူးတယ္။

နာမည္ေတြက pinyin အလိုက္စဥ္ထားတာဆိုေတာ့ ပိုင္ယြီနာမည္က b နဲ႔စတာဆိုေတာ့ ပုံမန္ဆို အဲ့တာက စာရင္းရဲ႕ ထိပ္ဆုံးမွာ ရွိတာေလ။ ရလဒ္ကေတာ့ ပိုင္ယြီက သူမနာမည္ရဲ႕ေရွ႕မွာ ထန္းေမာ့ရဲ႕ နာမည္ရွိေနတာကို ဖြင့္ၾကည့္လိုက္ေတာ့ ေတြ႕သြားတယ္ေလ။

ထန္းေမာ့ နာမည္က t နဲ႔စတာေလ။ အဲ့က်ဘယ္လိုပဲစဥ္စဥ္ သူမအေရွ႕ေတာ့ မေရာက္သင့္ဘူးေလ။ အဲ့တာနဲ႔ သူမအေသးစိတ္ၾကည့္ၾကည့္လိုက္ေတာ့ ထန္းေမာ့ရဲ႕ Tan အေရွ႕မွာ 1 ရွိေနတယ္ေလ။

တစ္ခ်က္ၾကည့္လိုက္တာနဲ႔ အဲ့တာက တမင္သက္သက္ထည့္ထားတာမွန္း သိသာေနတာပဲေလ။

ဒါက ေခ်ာင္လန္႔ဖုန္းေလ။ တစ္ကယ္လို႔ ေခ်ာင္လန္က အထူးတလည္မွတ္ထားတာ မဟုတ္ရင္ ဘယ္သူလုပ္တာ ျဖစ္ႏိုင္ဦးမာလဲ။

ၿပီးေတာ့ သူမက သူမထန္းေမာ့ကို ႀကိဳက္တာက ဟိုလိုႀကိဳက္တာမ်ိဳး မဟုတ္ဘူးလို႔လဲ ေျပာေသးတယ္ေလ။ ဒီလိုအျပဳအမူမ်ိဳးက ငယ္႐ြယ္တဲ့အတြဲေတြပဲ လုပ္ေလ့ရွိတာကို။

အဲ့တာနဲ႔ ပိုင္ယြီက အဲ့ကိစၥကို ဒီေန႔ ေနာက္တစ္ခါ ထပ္တူးဆြလာတယ္။

ေခ်ာင္လန္က ခဏေလာက္ေၾကာင္သြားတယ္။ ဒီဘက္ေခတ္မွာက အားလုံးက wechat ကိုပဲ အသုံးမ်ားၾကတာေလ။ ႐ိုး႐ိုးဖုန္းနဲ႔ေခၚတယ္ဆိုတာက အႀကိမ္အေရအတြက္ အရမ္းနည္းလြန္းတယ္။ တစ္ကယ္လို႔ ဖုန္းေခၚမယ္ဆိုရင္ေတာင္ contact ထဲဝင္မၾကည့္ျဖစ္ဘူးေလ။ အထူးသျဖင့္ မၾကာခဏေခၚေလ့ရွိတဲ့လူေတြဆိုပိုဆိုးေပါ့။ သူတို႔က ပုံမန္ဆိုရင္ call log ထဲကေနပဲ ရွာဆက္လိုက္တာေလ။ ထန္းေမာ့နံပါတ္ဆိုပိုဆိုးေပါ့။ ထန္းေမာ့နံပါတ္က သူမနံပါတ္ထက္ ပိုၿပီးေတာ့ေတာင္ မွတ္ရလြယ္ေသးတယ္ေလ။ အဲ့တာေၾကာင့္ သူမက အဲ့တာကိုတစ္ကယ္ သတိမထားမိခဲ့ဘူး။

ခ်က္ခ်င္းကိုပဲ သူမက အိပ္ယာေခါင္းရင္းက ဖုန္းကိုယူလိုက္ၿပီး ဖြင့္လိုက္ကာ contact ထဲကို ဝင္လိုက္တယ္။

ထန္းေမာ့နာမည္က တစ္ကယ့္ကို ထိပ္ဆုံးမွာပဲ။ ၿပီးေတာ့ အေရွ႕မွာလဲ 1 ဆိုတာေလး ရွိေနေသးတယ္။

ေခ်ာင္လန္က အဲ့ 1 ဆိုတာေလးကို အၾကာႀကီးစိုက္ၾကည့္ေနၿပီး ႏူးညံ့ညင္သာစြာ ၿပဳံးလိုက္တယ္။

ေခ်ာင္လန္႔အတြက္ကေတာ့ ဒီေန႔ညက လုံးဝကို စိတ္ေအးလက္ေအး ျဖစ္သြားတယ္။

ေနာက္ဆုံးေတာ့ ေခ်ာင္မိသားစုျပႆနာႀကီးကိုရင္းၿပီးသြားၿပီေလ။ ၿပီးေတာ့ သူမ ဘာလုပ္ခ်င္ေနတာလဲဆိုတာကိုလဲ လြယ္လြယ္နဲ႔ နားလည္သိျမင္သြားၿပီေလ။ ဒီကာလအတြင္းမွာ သူမရင္ဘတ္ထဲမွာ ဆို႔တက္ေနတဲ့ ဒုကၡေတြအကုန္လုံးက ေပ်ာက္ကြယ္သြားခဲ့ၿပီ။ ေနာက္ဆုံးေတာ့ ေခ်ာင္လန္က ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္ႏိုင္သြားခဲ့ၿပီ။

ေခ်ာင္လန္ကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာပဲ။ ဒါေပမဲ့ ထန္းေမာ့ကေတာ့ မ်က္လုံးမွိတ္လိုက္တိုင္း ေခ်ာင္လန္႔မ်က္ႏွာေလးကိုပဲ အနီးကပ္ ျပန္ျပန္ျမင္ေယာင္ေနမိတယ္။ ေခ်ာင္လန္႔မ်က္ႏွာက သူ႔ပါးေတြနဲ႔ အရမ္းနီးကပ္ေနတာပဲ။ သူ႔လက္ေတြကလဲ သူမကိုယ္ကို ဖက္ထားတယ္။ အိပ္ယာထဲမွာ ဟိုဘက္လိမ့္လိုက္ ဒီဘက္လိမ့္လိုက္နဲ႔ ညေနာက္က်တဲ့အထိ သူက အိပ္မေပ်ာ္ခဲ့ဘူး။ ဒါေပမဲ့ ေနာက္ဆုံးအိပ္ေပ်ာ္သြားေတာ့လဲ သူက အိမ္မက္မက္ခဲ့တယ္။ ေန႔မွာေတြးတဲ့ဟာေတြကို ညမွာ ျပန္ၿပီး အိမ္မက္မက္တယ္ဆိုတဲ့အတိုင္းပဲ သူ႔ အိမ္မက္ထဲက ျမင္ကြင္းက သူေတြးထားတာထက္ေတာင္ အမ်ားႀကီး ပိုပူေလာင္ေနတယ္။

ဒါက သူ႔ႏွလုံးသားရဲ႕ အနက္႐ိုင္းဆုံးေနရာမွာ ဖိႏွိပ္ထားၿပီး ဘယ္ေတာ့မွ မေျပာရဲတဲ့ စကားေတြေပါ့။

မနက္က်ေတာ့ ထန္းေမာ့က ႏိုးလာၿပီး ကုတင္ေပၚမွာ ေစာင္ကို ဖက္ထားရင္းနဲ႔ အူေၾကာင္ေၾကာင္ပုံနဲ႔ ထိုင္ေနတယ္။ ခဏေလာက္ၾကာေတာ့ ဖုန္း screen က မီးလင္းလာခဲ့တယ္။ ထန္းေမာ့က စက္႐ုပ္လိုပဲ ဖုန္းကိုယူလိုက္တယ္။

ေခ်ာင္လန္႔ဆီက morning ဆိုတဲ့ wechat မက္ေဆ့ပဲ။

ညတုန္းက အိမ္မက္က အရမ္းဆိုးဝါးတာပဲ။ ထန္းေမာ့က ဒီေန႔မနက္ခင္း နည္းနည္းေပ်ာ္ေနတယ္။ သူက မေန႔ညက သူ႔အိမ္မက္ထဲကို ဝင္လာလိုက္ထြက္သြားလိုက္လုပ္ေနတဲ့ ေကာင္မေလးကို wechat background ပုံကေန ၾကည့္ေနခဲ့တယ္။ ေကာင္ေလးက ျဖဴေဖြးၿပီး ႏူးညံ့တဲ့ မ်က္ႏွာရွိတယ္။ အခုအဲ့မ်က္ႏွာက ရွက္ေသြးျဖာေနတယ္။

နည္းနည္းလဲ နီေနတယ္။

ထန္းေမာ့ မင္းကေတာ့ တစ္ကယ့္ကို အသိစိတ္လြတ္သြားၿပီပဲ.

ဒါေပမဲ့...

တစ္ကယ္လဲ ေမ့လို႔မရႏိုင္ဘူးေလ။

ဒီေန႔ထန္းေမာ့ပုံက နည္းနည္းတစ္မ်ိဳးႀကီးျဖစ္ေနတာကို ေခ်ာင္လန္ခံစားမိတယ္။ သူမက သူ႔ကိုမ်က္လုံးေလးနဲ႔ ၾကည့္လိုက္တာနဲ႔ သူက ခ်က္ခ်င္းကို ေဘးကိုလွည့္သြားတယ္။ သူက တစ္ခုခုအမွားလုပ္ထားမိတဲ့ ပုံစံႀကီးေလ။

မေန႔ကေၾကာင့္မလို႔လား??

ငါဘာကို ရွာေတြ႕သြားတာပါလိမ့္??

ေခ်ာင္လန္က ထန္းေမာ့အဲ့လိုျဖစ္ေနတာကိုျမင္ေတာ့ နည္းနည္းေလးမွ စိတ္မပူဘူး။ နည္းနည္းေလးေတာင္ စိတ္လႈပ္ရွားေနေသးတယ္။

တစ္ကယ္လို႔ ထန္းေမာ့က အဲ့လိုကိစၥေတြကို လုံးလုံးနားမလည္တာဆိုရင္ သူ႔အျပဳအမူေတြက အရင္လိုပဲ ဘာမွကြာျခားသြားမွာ မဟုတ္ဘူးေလ။ ပုံမန္မဟုတ္တာ ဘာမရိမာ မဟုတ္ဘူး။ တစ္ကယ္လို႔ ပုံမန္မဟုတ္တာ နည္းနည္းေလးရွိေနၿပီဆိုရင္ အဲ့တာက ရွက္ေနတာဆိုရင္ေတာင္ ေခ်ာင္လန္႔အတြက္ကေတာ့ ေသခ်ာေပါက္ကို ေကာင္းတဲ့ကိစၥတစ္ခုပဲေလ။

အတန္းထဲမွာ ေခ်ာင္လန္နဲ႔ ထန္းေမာ့တို႔ဘက္ကို ၾကည့္ၾကည့္ေနၾကတဲ့ မ်က္လုံးေတြအကုန္လုံးက စခ်င္ေနာက္ခ်င္ေနၾကတဲ့ မ်က္လုံးေတြခ်ည္းပဲ။ အတန္းေဖာ္ေတြအကုန္လုံးက အတင္းအဖ်င္းေတြေျပာၾကတာခ်ည္းပဲ။ မေန႔တုန္းက သူတို႔၂ေယာက္က 'အခ်စ္ေတြအျပည့္နဲ႔ ဖက္' ခဲ့ၾကတာေလ။ ၿပီးေတာ့ အေဆာင္ေအာက္ႀကီးမွာေလ။ အားလုံးက အတန္းထဲဝင္မလာခင္မွာေတာင္ သိေနၾကၿပီ။ သူတို႔အားလုံးက ႏွစ္သစ္ကူးၿပီးရင္ လာမဲ့ ခ်စ္သူမ်ားေန႔အေၾကာင္းကို ေျပာေနၾကတယ္။ ၿပီးေတာ့ ခ်စ္သူမ်ားေန႔မွာ ႐ုပ္ရင္သစ္ေတြအမ်ားႀကီးကလဲ ႐ုံတင္ၾကတယ္ေလ။

ထန္းေမာ့က အတန္းေဖာ္ေတြရဲ႕ စေနာက္သံေတြၾကားကေန ဦးေလးခ်န္ကို အက်ဥ္းခ်ဳံးျပန္ေျဖလိုက္တယ္။ ေခ်ာင္လန္ကေတာ့ မသိလိုက္ဘူး။ ေက်ာင္းေပါက္ေရ႕က အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔ရဲ႕ စားေသာက္ဆိုင္ေသးေသးေလးက ပိတ္လိုက္ရတယ္။ အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔ကလဲ သူတို႔သားေလးရဲ႕ က်န္းမာေရးကို ျပန္ေကာင္းေအာင္ လုပ္ေပးေနၾကတယ္။ သူတို႔က ရက္အမ်ားႀကီးမေပ်ာ္လိုက္ရဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕ စီးပြားေရးက မရွိေတာ့ဘူးေလ။

ထန္းေမာ့က ေက်ာက္ကပ္အတြက္ပိုက္ဆံေပးခဲ့ေပမဲ့ ခြဲစိတ္မႈအၿပီး ေဆးဖိုးဝါးခေတြက ေဈးႀကီးေသးတယ္ေလ။ သူတို႔လက္ထဲက ပိုက္ဆံေတြက တစ္ျဖည္းျဖည္းနည္းနည္းလာၿပီး ပိုက္ဆံရွာဖို႔နည္းမရွိေတာ့ အေဖေခ်ာင္နဲ႔အေမေခ်ာင္တို႔က ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေတာ့ဘူး။

အဖြားေခ်ာင္ကေတာ့ နားမလည္ႏိုင္ဘူး " တစ္ကယ္လို႔ အဲ့လူက ယြမ္အာ့ကို ခြဲစိတ္ဖို႔ ပိုက္ဆံေပးႏိုင္တယ္ဆိုရင္ ခြဲစိတ္ၿပီးေဆးဖိုးဝါးခေတြကိုလဲ သူက ဘာလို႔မေပးႏိုင္ရမွာလဲ။ "

အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔က တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကၿပီး အၾကာႀကီးေနေတာ့မွ အေဖေခ်ာင္က ေျပာလိုက္တယ္။ " အဲ့လိုေျပာလို႔လဲမရဘူးေလ။ သူက ပိုက္ဆံေပးတာကိုပဲ ေက်းဇူးတင္ဖို႔ေကာင္းေနၿပီေလ။ ၿပီးေတာ့ သူက ကြၽန္ေတာ္တို႔ကို အေႂကြးတင္ေနတာမွ မဟုတ္..... "

" ဘာလို႔အေႂကြးမတင္ရမွာလဲ!!! "

အဖြားေခ်ာင္က မ်က္လုံးျပဴးၾကည့္လိုက္တယ္။ " ငါတို႔မိသားစုက အလုပ္ႀကိဳးစားၿပီး သမီးမိန္းကေလးေတြကို ေကြၽးေမြးျပဳစုခဲ့ရတာေလ။ အခုအဲ့တာေတြက ေပးလိုက္ရၿပီေလ။ အဲ့ေတာ့ သူက သူ႔ေမာင္ေလးအတြက္ ပိုက္ဆံနည္းနည္းေလာက္ေပးရတာ ဘာျဖစ္သြားမွာ မလို႔လဲ။ သူက ပိုက္ဆံခ်မ္းသာတယ္လို႔ နင္တို႔ပဲေျပာတယ္မလား။ သူက ေခ်ာင္လန္႔အတြက္ ယြမ္သန္းနဲ႔ခ်ီေတာင္ ေပးေသးတာပဲ။ အခုဟာက ယြမ္သိန္းဂဏာန္းေလာက္ပဲဟာကို။ သူတို႔က အမ်ားႀကီးေပးၿပီၿပီပဲ။ နည္းနည္းေလာက္ထပ္ေပးလိုက္လဲ ဘာမထူးမသြားပါဘူး။ "

" ဒါ..... "

အေဖေခ်ာင္က ဘာေျပာရမွန္းမသိေတာ့ဘူး။ ဒါေပမဲ့ အေမေခ်ာင္ကေတာ့ နည္းနည္းစိတ္ယိုင္သြားတယ္။ အဖြားေခ်ာင္ေျပာတာ ေသခ်ာေပါက္ အဓိပၸာယ္ရွိတာပဲ။

" ငါတို႔က သူ႔ဆီကေန ပိုက္ဆံအမ်ားႀကီး မလိုခ်င္ပါဘူး။ ယြမ္အာခြဲစိတ္ၿပီးလို႔ ကုန္မဲ့ပိုက္ဆံက အမ်ားဆုံးမွ ယြမ္၂သိန္းေလာက္ေပါ့။ နင္တို႔ သြားေတာင္းရင္ သူက မေပးဘူးလို႔ ငါေတာ့မယုံဘူး။ " အဖြားေခ်ာင္ကေျပာလိုက္တယ္။ " အခုမွ ဆယ္ေက်ာ္သက္ကေလးမလား။ ဒါကိုေတာင္ နင္တို႔ႏိုင္ေအာင္ မေျပာႏိုင္ဘူးဆိုတာ ငါမယုံဘူး။ "

အေမေခ်ာင္က အဖြားေခ်ာင္စကားေတြေၾကာင့္ စိတ္ယိုင္သြားတယ္။ စိတ္ယိုင္သြား႐ုံဘဲ။ ဒါေပမဲ့ ေနာက္ကိစၥတစ္ခုကိုလဲ ေတြးမိသြားတယ္။

" ဟိုေန႔က ကြၽန္မတို႔ဆိုင္ကို ႐ုတ္တရက္ လာတဲ့ ဧည့္သည္က အဲ့ကေလး အေနာက္ကေန တစ္ခုခုေ႐ြ႕လိုက္တာလား မသိဘူး။ " အေမေခ်ာင္က ေျပာလိုက္တယ္။ " သူက အစတုန္းက ေလာ့မိသားစုအေၾကာင္း ေျပာေသးတယ္ေနာ္..... "

" ဘယ္ေလာ့မိသားစုလဲ " အဖြားေခ်ာင္က သိခ်င္ေနတယ္။

အဲ့က်ေတာ့မွ အေမေခ်ာင္က ေလာ့ညန္နဲ႔ ေခ်ာင္လန္႔တို႔အေၾကာင္းကို ေျပာျပလိုက္တယ္။ ထန္းေမာ့က ေလာ့မိသားစု စီးပြားပ်က္သြားရတဲ့ ေနာက္ကြယ္ကလူလို႔လဲ ေျပာလိုက္တယ္။ အဖြားေခ်ာင္က အဲ့တာကို ၾကားလိုက္ေတာ့ ပိုၿပီးေတာ့ေတာင္ ေဒါသထြက္သြားတယ္။ " ေလာကမွာ ဥပေဒဆိုတာ ရွိေသးတယ္။ သြားၿပီး ေတာင္းခ်ည္!! ဒါက ငါတို႔မိသားစုရဲ႕ စားဝတ္ေနေရးအတြက္ပဲ။ သူကပိုက္ဆံထုတ္မေပးဘူးဆိုတာ ငါေတာ့ မယုံဘူး။ "

အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔က နည္းနည္းေၾကာက္ေနေသးတယ္။ ".... မဟုတ္လဲ ထားလိုက္..... "

" နင့္သားက်န္းမာေရးက နင့္မ်က္ႏွာထက္ ပိုအေရးႀကီးေနလို႔လား " အဖြားေခ်ာင္က ေအာ္လိုက္တယ္။ " နင္တို႔သြားမေတာင္းဘူးဆိုရင္ ငါသြားေတာင္မယ္။ နင္တို႔က ေၾကာက္ေနေပါ့။ ငါကေတာ့ သူယြမ္အာ့ကို တစ္ခုခုလုပ္ႏိုင္လိမ့္ဆိုတာ မယုံဘူး။ အခုေခတ္က ဥပေဒေတြနဲ႔ ျပည့္ေနတာ။ ဒီလူမႈေလာကမွာ သူက အဲ့လိုဥပေဒမဲ့ လုပ္ႏိုင္လိမ့္မယ္တဲ့လား?? ၾကည့္ပါဦး။ နင္တို႔လို လူႀကီးေတြက ကေလးတစ္ေယာက္ေျခာက္တာနဲ႔ ေၾကာက္လာရတယ္လို႔။ "

အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔က အၾကာႀကီးတိတ္ဆိတ္သြားၾကတယ္။ ခဏေလာက္ၾကာေတာ့ အေမေခ်ာင္က ေျပာလိုက္တယ္။ " မဟုတ္လဲ သူ႔ကိုပဲ ထပ္ရွာၾကတာေပါ့။ ယြမ္၂သိန္းအတြက္ကိုေလ။ .. ေခ်ာင္လန္ကိုေတာ့ သြားမရွာနဲ႔ေတာ့ ........  "

အေဖေခ်ာင္ကလဲ သူ႔ရဲ႕ပိတ္လိုက္ရတဲ့ စားေသာက္ဆိုင္ေလးကို ေတြးလိုက္ၿပီး ေနာက္ဆုံးေတာ့ ေခါင္းညိမ့္လိုက္တယ္။

တစ္ဖက္မွာေတာ့ ဦးေလးခ်န္က ေခ်ာင္မိသားစု ဆက္သြယ္လာတာကို လက္မခံခဲ့ဘူး။ အေမေခ်ာင္နဲ႔ အေဖေခ်ာင္တို႔က ထန္းေမာ့ကို မေျပာနဲ႔ ဦးေလးခ်န္ကိုေတာင္ ဆက္သြယ္လို႔မရခဲ့ဘူး။

ထန္းေမာ့က ရယ္လိုက္ၿပီး ဖုန္းခ်လိုက္တယ္။ ၿပီးေတာ့ ေခ်ာင္လန္နဲ႔ စကားဆက္ေျပာေနလိုက္တယ္။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...