Unicode
ရှောင်းကျန့်တို့နှစ်ယောက်နဲ့ အားဖေးတို့လေးယောက်ကို မြေပြင်ပေါ်မှာဒူးထောက်ခိုင်းထားကာ ရှန်းယွမ်မေမှာဒေါသထွက်လွန်းတာကြောင့် မျက်နှာတောင်ရဲနေသည်။ ခုနရေကန်လေးက ဝမ်ဧကရာဇ်အတွက်သူမက သီးသန့်ဆောင်လုပ်ပေးထားတာဖြစ်ပြီး ထိုရေကန်လေးကိုရိပေါ်က ဆောက်လုပ်ပြီးချိန်သာ လာကြည့်ပြီး နောက်မလာတော့ေပ။
သူမကလဲထိုရေကန်လေးကို တန်ဖိုးထားလွန်းလို့ အစောင့်တောင်မရှိစေဘူး။ သူတို့နန်းတွင်းကလူတိုင်း ဒီရေကန်ကိုမလာရကြောင်းသိပေမယ့် ရှောင်းရီတို့ကတော့မသိ။ ရှောင်းရီကိုလဲမည်သူမှ အထူးတလည်မပြောကြပေ။ ရှောင်းရီရဲ့အထိန်းတော်ချန်ပါရင်တော့ သူတို့ကိုထိုရေကန်ကိုမသွားရကြောင်း ပြောပြမှာဖြစ်ပေမယ့် အထိန်းတော်ကြီးပါရင် ရှောင်းရီကိုဟိုမလုပ်ရဒီမလုပ်ရပြောလွန်းလို့ ဒီနေ့မှထားခဲ့လိုက်သည်။
ရှန်းယွမ်မေက ရှောင်းကျန့်တို့ကိုကြည့်ကာ
"နင်တို့ကုိ ဒီနေရာကိုမလာရဘူးလို့ ဘယ်သူမှပြောမထားဘူးလား!"
ရှောင်းရီကမလာသင့်တဲ့နေရာမှန်းသိသွားတော့ တောင်းပန်လာသည်။ ရှောင်းကျန့်ကလဲ သူတို့အမှားမို့ တောင်းပန်ေပမယ့် လွယ်လွယ်ခွင့်မလွှတ်တတ်ေသာ ရှန်းယွမ်မေကတော့ စိတ်မပြေသွား။
"နင်တို့အစေခံတွေက ကိုယ့်သခင်ကိုတားရကောင်းမှန်းမသိကြတာလား!!"
"တောင်းပန်ပါတယ် မယ်မယ်။ ကျွန်တော်မျိုးမတို့အမှားပါ။
ကျွန်တော်မျိုးမတို့က သခင်လေးတို့ကိုမတားမိလို့ဖြစ်ရတာပါ။
ကျွန်တော်မျိုးမတို့ကိုပဲအပြစ်ပေးပြီး သခင်လေးတို့နှစ်ယောက်ကိုခွင့်လွှတ်ပေးပါ"
အားစုရဲ့စကားကို လေးယောက်လုံးကထောက်ခံကြသည်။ ရှောင်းကျန့်လဲ အားစုရဲ့စကားကြောင့်မနေသာတော့။ သူတို့တားတာပဲ သူ(ရှောင်းကျန့်)တို့ကသာစွတ်လုပ်ခဲ့တာ။ ပြီးတော့ရှောင်းကျန့်ကအကြီးဆုံးပေမယ့် မဆုံးမတဲ့အပြင် သူပါဝင်ပါခဲ့တာလေ။
"မယ်မယ် ခွင့်လွှတ်ပေးပါ။
အားစုတို့က ကျွန်တော်တို့ကိုတားပါတယ်။
ပြီးတော့ဒါလဲ ကျွန်တော့်အမှားပါ။ ကျွန်တော်စလို့ဖြစ်တာပါ
အဲတော့ကျွန်တော့်ကိုပဲအပြစ်ပေးပါ.."
ရှောင်းကျန့်ပြောတော့ ရှောင်းရီကလဲဝင်ပြောသည်။
"မဟုတ်ပါဘူး မယ်မယ် ကျွန်မကြောင့်ပါ။ ကျွန်မကအကိုတော်တို့ကိုခေါ်လာတာပါ"
တစ်ယောက်တစ်ပေါက်နဲ့ပြောနေတာကို ရှန်းယွမ်မေစိတ်ရှုပ်လာကာ
"တော်ကြစမ်း!
အကုန်လုံးအပြစ်လုပ်ထားကြတာ
အစေခံလေးယောက်ကို ကြိမ်ဒဏ်သုံးဆယ်ပေးလိုက်
ကြင်ယာတော်ရှောင်းကို အားပေးအားမြောက်လုပ်လို့ကြိမ်ဒဏ်ငါးဆယ်ပေးလိုက်
ရှောင်းကျန့်ကတော့ ရေကန်ထဲထိငါးတွေကိုဖျက်စီးတာမို့ ကြိမ်ဒဏ်တစ်ရာပေးလိုက် မပြည့်မချင်းမရပ်နဲ့!"
ရှောင်းကျန့်တို့အကုန် အရိုက်ခံကြရသည်။ ကြိမ်တွေကအကြီးကြီးတွေမို့ ရှောင်းကျန့်တို့မှာအရှိုးရာတွေအပြည့်ပဲ။ ရှောင်းရီကအချက်သုံးဆယ်ကျော်အချခံပြီးေနာက်မှာ သူမမခံနိုင်တော့ပဲ နာလွန်းလို့မေ့တောင်လဲချင်နေပြီ။ ရှောင်းကျန့်ကသူ့ညီမကိုလှမ်းကြည့်တော့ မျက်နှာဖြူဖျော့နေတာကြောင့် ရှောင်းကျန့်ကဘေးကသူ့ညီမကိုဖက်ထားလိုက်ပြီး
"ညီမတော်အစားကျွန်တော်ကပိုခံပေးပါ့မယ် သူ့ကိုလွှတ်ပေးပါ"
ရှန်းယွမ်မေက ကြိမ်လုံးကိုင်ပြီးရပ်နေတဲ့လူတွေကို မျက်စပစ်ပြကာရိုက်ခိုင်းတော့ ရှောင်းကျန့်ကရှောင်းရီဆီရောက်မယ့် ကြိမ်ဒဏ်တွေကိုအစားခံေနပြီး အားဖေးတို့ကတော့ကြိမ်ဒဏ်ပြည့်သွားပြီ။ ရှောင်းကျန့်ကတော့ခုထိရိုက်ခံနေရတုန်း ရှောင်းရီကလဲဖြူဖျော့ပြီး ရှောင်းကျန့်ရင်ခွင်ထဲမှာမေ့ေမျှာ်နေကာ ရှောင်းကျန့်လဲမျက်နှာကဖြူစုတ်နေ၍ ကျောပြင်ကသွေးအချို့ပါကျနေသည်။
ထန်ကျီဟွမ် သူ့အဆောင်မှာမုန့်ထိုင်စားနေတုန်း သူ့နောက်လိုက်တစ်ယောက်က အပြေးလာပြောသည်။
"ကြင်ယာတော်လေး!! တော်ဝင်ကချေသည်ရှောင်းနဲ့ ကြင်ယာတော်ရှောင်းတို့ ရေကန်ဆီသွားလို့ မယ်မယ်ကကြိမ်ဒဏ်အပြစ်ပေးနေတယ်ကြားတယ်"
"ဟမ်!!"
ထန်ကျီဟွမ်မတ်တပ်ထရပ်မိသွားကာ
"သူတို့ဘယ်လောက်အရိုက်ခံနေရပြီလဲ"
"ကြင်ယာတော်ရှောင်းကငါးဆယ်
တော်ဝင်ကချေသည်ရှောင်းကတစ်ရာလို့ကြားပါတယ်
အခုထိအပြစ်ပေးခံနေရတုန်းပါ"
"ဟာ! မယ်မယ်ကစိတ်ကြီးတယ် သူတို့ကိုရပ်ခိုင်းမှာမဟုတ်ဘူး
ငါတို့အရှင့်ဆီသွားရအောင်"
"ဧကရာဇ်က အရေးကြီးညီလာခံတတ်နေတယ်လေ ကြင်ယာတော်လေး"
"မသိဘူးဟာ ဒီတိုင်းထားရင် ရှောင်းကျန့်တို့သေသွားမှာပေါ့
မြန်မြန်လာ"
ထန်ကျီဟွမ်သွားတဲ့နောက်ကို အနောက်ကအစေခံတွေက အမြန်လိုက်ရသည်။ ထန်ကျီဟွမ်ညီလာခံလုပ်ေနတဲ့ခန်းမဆီရောက်တဲ့အချိန်မှာ တံခါးကိုဆွဲဖွင့်လိုက်ပြီး အထဲကိုအလောတကြီးဝင်သွားလိုက်တော့ သူ့ကိုအမတ်တွေကမျက်မှောင်ကြုတ်ပြီး ကြည့်နေကြတယ်။ ဝမ်ဧကရာဇ်လဲအပါအဝင်ပေါ့။
"ကြင်ယာတော်ထန် ဒီမှာကိုယ်တော်တို့ ညီလာခံလုပ်နေတာကို မင်းမသိတာလား ဘာကြောင့်ဝင်လာတာလဲ"
"အရေးကြီးလို့ပါအရှင် အရမ်းအရေးကြီးတာမို့ အခုပြောရမှာမို့ပါ"
ရိပေါ်ကသူ့ဘေးက သူ့ကိုယ်ရံတော်လျိုရှိုးချန်ကို မေးငေါ့ပြလိုက်တော့ ရှိုးချန်က ကျီဟွမ်ဘေးနားကိုရောက်လာပြီး ပြောေစသည်။ ကျီဟွမ်က ရှိုးချန်နားကိုကပ်ကာတိုးတိုးလေးပြောလိုက်တော့ ကိုယ်ရံတော်ရှိုးချန်လဲ ကျီဟွမ်စကားကြောင့်မျက်နှာအနည်းငယ်ပျက်သွားတာကိုထိန်းပြီး ရိပေါ်စီပြန်လျောက်သွားလိုက်ကာ နားနားကပ်၍ပြန်ပြောပြလိုက်သည်။
"ကြင်ယာတော်ရှောင်းနဲ့တော်ဝင်ကချေသည်ရှောင်းတို့ ရေကန်ဆီသွားလို့ မိဖုရားခေါင်မယ်မယ်ဆီမှာ ကြိမ်ဒဏ်အပြစ်ပေးခံနေရပါတယ်တဲ့။
ကြင်ယာတော်ရှောင်းကငါးဆယ် တော်ဝင်ကချေသည်ရှောင်းကတစ်ရာလို့ပြောပါတယ် မြန်မြန်လိုက်ပြီးတားပေးပါတဲ့"
"ဘာ!!"
ရိပေါ်အိင်္ဒြေတောင်မဆယ်နိုင်ပဲ အမြန်ထရပ်ကာ
"အဲကိုသွားကြမယ်!
ဒီနေ့တော့ညီလာခံကိုဒီမှာပဲရပ်လိုက်တော့ မနက်ဖြန်မှာဆက်ကြတာပေါ့"
ရိပေါ်ကပြောပြီးတာနဲ့ အမြန်ထွက်သွားသည်။ ရိပေါ်နောက်ကို ကျီဟွမ်နဲ့ကိုယ်ရံတော်ရှိုးချန်တို့က အမြန်လိုက်ရတယ်။ ရိပေါ်ရောက်သွားတဲ့ချိန်မှာ မေ့နေတဲ့ရှောင်းရီကိုဖက်ထားတဲ့ရှောင်းကျန့် သူ့ကျောမှာလဲသွေးတွေပေလို့။ ဘေးနားကအားဖေးတို့ကလဲငိုပြီး တစ်ယောက်ကိုတစ်ယောက်တွဲထားကြသည်။ ရိပေါ်အနားကိုအမြန်သွားလိုက်သည်။
"၈၈ ၈၉.."
"ရပ်စမ်း!"
ရိပေါ်ရဲ့ဩဇာအပြည့်နဲ့အသံကိုကြားတဲ့အချိန်မှာ ရိုက်နေတဲ့လက်တွေလဲရပ်သွားကာ ရှန်းယွမ်မေကလဲ ရိပေါ်အနားကိုရောက်လာသည်။ ရိပေါ်ရှန်းယွမ်မေကိုလဲမကြည့်မိ သူ့ကိုမော့ကြည့်နေတဲ့ ဖြူဖျော့နေတဲ့မျက်နှာလေးကိုကြည့်ကာ အံကျိတ်မိသွားသည်။
"ရေကန်လေးတစ်ခုပဲကို ဘာတွေကအဲလောက်အရေးကြီးနေလို့ ဒီလောက်ထိအပြစ်ပေးတာလဲ"
ရိပေါ်ရဲ့စကားကြောင့် ရှန်းယွမ်မေမျက်နှာပျက်သွားကာ
"ရေကန်လေးတစ်ခုပဲမဟုတ်ပါဘူးအရှင်။ ကျွန်မကအရှင့်အတွက်သီးသန့်တန်ဖိုးထားပြီးပေးခဲ့တဲ့လက်ဆောင်ပါ အရှင်ဘယ်လိုများအဲလိုပြောရက်ရတာပါလဲ"
"မင်းအဲလောက်ကြီးအပြစ်ပေးတာတော့လွန်လွန်းတယ်!
ရှောင်းကျန့်တစ်ခုခုဖြစ်ရင်မင်းမလွယ်ဘူး!
နောက်မှပြောကြတာပေါ့ ရှိုးချန်ရှောင်းရီကိုပွေ့ခဲ့"
ကိုယ်ရံတော်ရှိုးချန်ကရှောင်းရီကိုပွေ့ချီလိုက်သည်။ ရိပေါ်ကလဲမေ့တော့မလိုဖြစ်နေတဲ့ရှောင်းကျန့်ကို ပွေ့ချီလိုက်တော့တယ်။ ရိပေါ်ရဲ့ရင်ခွင်ထဲရောက်လာတဲ့ရှောင်းကျန့်ဟာ အားကိုးတွေ့သွားသလို စိတ်တွေကိုလွှတ်ချလိုက်တော့ သူလောကနဲ့ခနအဆက်အသွယ်ပြတ်သွားရသည်။ ရိပေါ်ကမေ့လဲသွားတဲ့သူ့ရင်ခွင်ထဲက လူသားလေးကိုယုယုယယလေးထွေးပွေ့ကာ ခေါ်သွားတော့ အနောက်ကပါလာတဲ့ကျီဟွမ်ဟာလဲ ထိုမြင်ကွင်းကိုစိတ်မကောင်းပေမယ့် သူ့အနောက်ကအစေခံတွေကို ရှောင်းကျန့်ရဲ့နောက်လိုက်တွေကိုတွဲခဲ့ဖို့ ပြောပြီးပြန်သွားသည်။
ရိပေါ်ကရှောင်းရီကို သူ့အဆောင်ပြန်ပို့ပြီးသမားတော်ခေါ်ပေးဖို့ကိုယ်ရံေတာ်ကုိမှာလိုက်ကာ သူကလဲစံကားဆောင်ကိုသွားပြီး သမားတော်မြန်မြန်ခေါ်ပေးရတယ်။ ရှောင်းကျန့်ရဲ့အနာတွေကိုဆေးသေချာထည့်ပေးပြီး သမားတော်ကဆေးလိမ်းပေးဖို့မှာကာ အနာရိုန်ကြောင့်ဖျားတာတွေလဲဖြစ်နိုင်ကြောင်း ပြော၍ထွက်သွားသည်။ အစေခံတွေပါအပြစ်ပေးခံရလို့သမားတော်နဲ့ပြပေးထားရတာကြောင့် ရိပေါ်ကပဲ ရှောင်းကျန့်ကိုဂရုစိုက်ဖို့တာဝန်ယူရသည်။
ညဘက်ရောက်တော့ ရှောင်းကျန့်အနာရိုန်ကြောင့် ဖျားပါတော့တယ်။ ရိပေါ်မှာမလုပ်တတ်မကိုင်တတ်ပေမယ့် သမားတော်ပြောသွားတဲ့အတိုင်းလေး သေချာဂရုစိုက်ေပးေနသည်။ ကိုယ်ပူကျသွားတော့ ရှောင်းကျန့်ရဲ့ညီးသံလေးတွေငြိမ်ပြီးအိပ်ပျော်သွားတော့မှသာ ရိပေါ်လဲစိတ်ချကာကုတင်ပေါ်ခေါင်းတင်ပြီးအိပ်လိုက်တော့သည်။
မနက်မိုးသောက်ချိန် ရှောင်းကျန့်ရဲ့အင်းအင်းအဲအဲအသံကိုရိပေါ်ကြားတော့နိုးလာသည်။ ရှောင်းကျန့်ကလဲေကျာကဒဏ်ရာေတွကနာလာလို့ထင် မျက်နှာလေးရှုံ့မဲ့လို့။
"ကျန့်ငယ် သတိရပြီလား"
ရိပေါ်ရဲ့အသံကိုကြားတော့ ရှောင်းကျန့်ကမျက်လုံးလေးကိုအားယူပြီးဖွင့်ကာ
"အရှင်"
"အင်း ကိုယ်ရှိတယ်"
"ကျွန်တော်ရေသောက်ချင်တယ်"
"ကိုယ်တိုက်မယ်နော်"
ရှောင်းကျန့်ကိုရေတိုက်ပြီးနောက် ရိပေါ်ကဘေးမှာပြန်ထိုင်တော့ ရှောင်းကျန့်ကမျက်ရည်တွေဝဲလာတာကြောင့် ရိပေါ်ကရင်ခွင်ထဲကိုသွင်းပြီးဖွဖွလေးဖက်ထားလိုက်သည်။
"ဟင့်.. နာတယ်.. ကျွန်တော်သေပြီတောင်ထင်ထားတာ။ ခုလဲနာတယ်"
"မငိုပါနဲ့ ခနပဲနော် ဆေးသေချာလိမ်းပေးရင်ပျောက်သွားမှာ မငိုရဘူးနော်"
ရိပေါ်ကမျက်ရည်လေးတွေ သုတ်ပေးပြီးပြောတော့ ရှောင်းကျန့်ကခေါင်းငြိမ့်ပြလာသည်။
"အရှင် ရီလေးကော သူရောဘယ်လိုနေလဲ။
ကျွန်တော့်ညီမလေးတော်တော်နာသွားမှာ သူကခေါင်းလေးခေါက်ခံရရင်တောင် နာလို့ဆိုပြီးအော်နေတဲ့ကလေး အခုသူဘယ်လိုနေလဲ ပြီးတော့ အားရုံတို့ရောသူတို့ရော"
"အဆင်ပြေတယ် ရှောင်းရီဘာမှမဖြစ်ဘူး။ မစိုးရိမ်နဲ့နော် မင်းနောက်လိုက်တွေအကုန်အဆင်ပြေတယ်။ ကိုယ်သမားတော်နဲ့သေချာပြခိုင်းထားတယ်"
ရှောင်းကျန့်ကခေါင်းထပ်ငြိမ့်ပြကာ မျက်နှာကပြန်မဲ့လာပြန်ပြီး
"အရှင်.. ကျွန်တော့်ကျောတွေနာတယ် အရမ်းပဲ"
"သက်သာသွားမှာနော် သက်သာသွားမှာ"
ရိပေါ်ကသူ့ပုခုံးေပါ်ခေါင်းလေးမှီထားတဲ့ရှောင်းကျန့်ရဲ့ပုခုံးကနေဖက်ထားပြီး ပွတ်ပေးကာချော့နေရှာသည်။ ချော့နေရင်းအပြင်ကအစေခံတွေကိုလဲလှမ်းပြောရတယ်။
"အပြင်မှာဘယ်သူရှိလဲ သမားတော်သွားခေါ်ခဲ့"
ရှောင်းကျန့်ကိုသမားတော်နဲ့ပြပြီး သေချာဆေးလိမ်းပေးထားတယ်။ ရိပေါ်မှာအချိန်ပြည့်ဂရုစိုက်ချင်ပေမယ့်လဲ သူ့ရဲ့တိုင်းပြည်ကိစ္စတေွလဲရှိသေးတာကြောင့် ညီလာခံကမသွားလို့မရ။ ရှောင်းကျန့်ကသူတစ်ယောက်ထဲလဲအဆင်ပြေတယ်ပြောပေမယ့် တစ်ယောက်ထဲတော့မထားခဲ့ချင်။ ရိပေါ်တွက်တော်တော်ခက်ခဲနေခဲ့သည်။
"အရှင်"
"အားဟွမ် ဘာဖြစ်လို့လဲ"
"ရှောင်းကျန့်ကိုလာကြည့်တာပါ အရှင်ကညီလာခံမသွားဘူးလား"
"သွားမှာပါ ကိုယ်တော်သူ့ကိုတစ်ယောက်ထဲမထားခဲ့ချင်လို့"
"ဒါဆို စိတ်ချပြီးသွားပါ ကျွန်တော်ရှောင်းကျန့်ကိုကြည့်ဖို့လာတာပါ သူ့ကိုဂရုစိုက်ပေးလိုက်ပါ့မယ်"
"ကောင်းပါပြီ ဒါဆို အားဟွမ်ကိုပဲလွှဲခဲ့တော့မယ်
ကိုယ်တော်ညနေလာပြန်ကြည့်မယ်။
ကိုယ်သွားဦးမယ်"
ကျီဟွမ်ကိုလဲပြောရင်း ရှောင်းကျန့်ကိုလဲလှည့်ပြောကာ ရှောင်းကျန့်က ခေါင်းငြိမ့်ပြတော့ ရိပေါ်ကထွက်သွားသည်။ ကျီဟွမ်က ကုတင်ဘေးကိုခုံဆြဲပြီးထိုင်လိုက်ကာ
"ဘယ်လိုနေသေးလဲ အဲနေ့ကမင်းသေပြီတောင် ငါကထင်လိုက်တာ"
"ဒီလောက်လေးနဲ့ ကျွန်တော်ကလွယ်လွယ်မသေနိုင်ပါဘူး"
"အပြောကောင်းလိုက်တာ သေမလိုဖြစ်သွားတာကို"
"ဘာပဲဖြစ်ဖြစ်ပါ ကြင်ယာတော်ထန်ကို ကျေးဇူးတင်ပါတယ်"
"အာ.. ရပါတယ်"
ကျီဟွမ်ကရှက်ပြီး ဂုတ်ကိုလက်နဲ့ပွတ်ကာပြောနေတော့ ရှောင်းကျန့်ကလဲရယ်လိုက်သည်။
"နောက်နေ့လဲ ငါလာစောင့်ေပးမယ်။
ကြင်ယာတော်ရှောင်းရော မင်းအစေခံတွေရော အနားယူကြပါစေ"
"အင်း ထပ်ပြီးကျေးဇူးတင်ပါတယ်"
"အာ.. ခနခနကျေးဇူးတင်တယ်ပြောမနေနဲ့ ငါရှက်တယ်"
ရှောင်းကျန့်ကရယ်တော့ ကျီဟွမ်ကလဲလိုက်ရယ်သည်။ ရှောင်းကျန့်ရယ်နေရင်း ကျောကပြန်နာလာတော့ ကျီဟွမ်ကလဲပြာပြာသလဲ ဂရုစိုက်ပေးတယ်။ သူတို့နှစ်ယောက်ကရန်ဖြစ်နေလဲ စိတ်ထဲကတော့မပါကြတာမို့ သူငယ်ချင်းတော့ဖြစ်နိုင်သေးတယ်ေလ။
ဆက်ရန်~~~~
Zawgyi
ေရွာင္းက်န႔္တို႔ႏွစ္ေယာက္နဲ႕ အားေဖးတို႔ေလးေယာက္ကို ေျမျပင္ေပၚမွာဒူးေထာက္ခိုင္းထားကာ ရွန္းယြမ္ေမမွာေဒါသထြက္လြန္းတာေၾကာင့္ မ်က္ႏွာေတာင္ရဲေနသည္။ ခုနေရကန္ေလးက ဝမ္ဧကရာဇ္အတြက္သူမက သီးသန႔္ေဆာင္လုပ္ေပးထားတာျဖစ္ၿပီး ထိုေရကန္ေလးကိုရိေပၚက ေဆာက္လုပ္ၿပီးခ်ိန္သာ လာၾကည့္ၿပီး ေနာက္မလာေတာ့ေပ။
သူမကလဲထိုေရကန္ေလးကို တန္ဖိုးထားလြန္းလို႔ အေစာင့္ေတာင္မရွိေစဘူး။ သူတို႔နန္းတြင္းကလူတိုင္း ဒီေရကန္ကိုမလာရေၾကာင္းသိေပမယ့္ ေရွာင္းရီတို႔ကေတာ့မသိ။ ေရွာင္းရီကိုလဲမည္သူမွ အထူးတလည္မေျပာၾကေပ။ ေရွာင္းရီရဲ႕အထိန္းေတာ္ခ်န္ပါရင္ေတာ့ သူတို႔ကိုထိုေရကန္ကိုမသြားရေၾကာင္း ေျပာျပမွာျဖစ္ေပမယ့္ အထိန္းေတာ္ႀကီးပါရင္ ေရွာင္းရီကိုဟိုမလုပ္ရဒီမလုပ္ရေျပာလြန္းလို႔ ဒီေန႕မွထားခဲ့လိုက္သည္။
ရွန္းယြမ္ေမက ေရွာင္းက်န႔္တို႔ကိုၾကည့္ကာ
"နင္တို႔ကုိ ဒီေနရာကိုမလာရဘူးလို႔ ဘယ္သူမွေျပာမထားဘူးလား!"
ေရွာင္းရီကမလာသင့္တဲ့ေနရာမွန္းသိသြားေတာ့ ေတာင္းပန္လာသည္။ ေရွာင္းက်န႔္ကလဲ သူတို႔အမွားမို႔ ေတာင္းပန္ေပမယ့္ လြယ္လြယ္ခြင့္မလႊတ္တတ္ေသာ ရွန္းယြမ္ေမကေတာ့ စိတ္မေျပသြား။
"နင္တို႔အေစခံေတြက ကိုယ့္သခင္ကိုတားရေကာင္းမွန္းမသိၾကတာလား!!"
"ေတာင္းပန္ပါတယ္ မယ္မယ္။ ကြၽန္ေတာ္မ်ိဳးမတို႔အမွားပါ။
ကြၽန္ေတာ္မ်ိဳးမတို႔က သခင္ေလးတို႔ကိုမတားမိလို႔ျဖစ္ရတာပါ။
ကြၽန္ေတာ္မ်ိဳးမတို႔ကိုပဲအျပစ္ေပးၿပီး သခင္ေလးတို႔ႏွစ္ေယာက္ကိုခြင့္လႊတ္ေပးပါ"
အားစုရဲ႕စကားကို ေလးေယာက္လုံးကေထာက္ခံၾကသည္။ ေရွာင္းက်န႔္လဲ အားစုရဲ႕စကားေၾကာင့္မေနသာေတာ့။ သူတို႔တားတာပဲ သူ(ေရွာင္းက်န႔္)တို႔ကသာစြတ္လုပ္ခဲ့တာ။ ၿပီးေတာ့ေရွာင္းက်န႔္ကအႀကီးဆုံးေပမယ့္ မဆုံးမတဲ့အျပင္ သူပါဝင္ပါခဲ့တာေလ။
"မယ္မယ္ ခြင့္လႊတ္ေပးပါ။
အားစုတို႔က ကြၽန္ေတာ္တို႔ကိုတားပါတယ္။
ၿပီးေတာ့ဒါလဲ ကြၽန္ေတာ့္အမွားပါ။ ကြၽန္ေတာ္စလို႔ျဖစ္တာပါ
အဲေတာ့ကြၽန္ေတာ့္ကိုပဲအျပစ္ေပးပါ.."
ေရွာင္းက်န႔္ေျပာေတာ့ ေရွာင္းရီကလဲဝင္ေျပာသည္။
"မဟုတ္ပါဘူး မယ္မယ္ ကြၽန္မေၾကာင့္ပါ။ ကြၽန္မကအကိုေတာ္တို႔ကိုေခၚလာတာပါ"
တစ္ေယာက္တစ္ေပါက္နဲ႕ေျပာေနတာကို ရွန္းယြမ္ေမစိတ္ရႈပ္လာကာ
"ေတာ္ၾကစမ္း!
အကုန္လုံးအျပစ္လုပ္ထားၾကတာ
အေစခံေလးေယာက္ကို ႀကိမ္ဒဏ္သုံးဆယ္ေပးလိုက္
ၾကင္ယာေတာ္ေရွာင္းကို အားေပးအားေျမာက္လုပ္လို႔ႀကိမ္ဒဏ္ငါးဆယ္ေပးလိုက္
ေရွာင္းက်န႔္ကေတာ့ ေရကန္ထဲထိငါးေတြကိုဖ်က္စီးတာမို႔ ႀကိမ္ဒဏ္တစ္ရာေပးလိုက္ မျပည့္မခ်င္းမရပ္နဲ႕!"
ေရွာင္းက်န႔္တို႔အကုန္ အရိုက္ခံၾကရသည္။ ႀကိမ္ေတြကအႀကီးႀကီးေတြမို႔ ေရွာင္းက်န႔္တို႔မွာအရွိုးရာေတြအျပည့္ပဲ။ ေရွာင္းရီကအခ်က္သုံးဆယ္ေက်ာ္အခ်ခံၿပီးေနာက္မွာ သူမမခံနိုင္ေတာ့ပဲ နာလြန္းလို႔ေမ့ေတာင္လဲခ်င္ေနၿပီ။ ေရွာင္းက်န႔္ကသူ႕ညီမကိုလွမ္းၾကည့္ေတာ့ မ်က္ႏွာျဖဴေဖ်ာ့ေနတာေၾကာင့္ ေရွာင္းက်န႔္ကေဘးကသူ႕ညီမကိုဖက္ထားလိုက္ၿပီး
"ညီမေတာ္အစားကြၽန္ေတာ္ကပိုခံေပးပါ့မယ္ သူ႕ကိုလႊတ္ေပးပါ"
ရွန္းယြမ္ေမက ႀကိမ္လုံးကိုင္ၿပီးရပ္ေနတဲ့လူေတြကို မ်က္စပစ္ျပကာရိုက္ခိုင္းေတာ့ ေရွာင္းက်န႔္ကေရွာင္းရီဆီေရာက္မယ့္ ႀကိမ္ဒဏ္ေတြကိုအစားခံေနၿပီး အားေဖးတို႔ကေတာ့ႀကိမ္ဒဏ္ျပည့္သြားၿပီ။ ေရွာင္းက်န႔္ကေတာ့ခုထိရိုက္ခံေနရတုန္း ေရွာင္းရီကလဲျဖဴေဖ်ာ့ၿပီး ေရွာင္းက်န႔္ရင္ခြင္ထဲမွာေမ့ေမွ်ာ္ေနကာ ေရွာင္းက်န႔္လဲမ်က္ႏွာကျဖဴစုတ္ေန၍ ေက်ာျပင္ကေသြးအခ်ိဳ႕ပါက်ေနသည္။
ထန္က်ီဟြမ္ သူ႕အေဆာင္မွာမုန႔္ထိုင္စားေနတုန္း သူ႕ေနာက္လိုက္တစ္ေယာက္က အေျပးလာေျပာသည္။
"ၾကင္ယာေတာ္ေလး!! ေတာ္ဝင္ကေခ်သည္ေရွာင္းနဲ႕ ၾကင္ယာေတာ္ေရွာင္းတို႔ ေရကန္ဆီသြားလို႔ မယ္မယ္ကႀကိမ္ဒဏ္အျပစ္ေပးေနတယ္ၾကားတယ္"
"ဟမ္!!"
ထန္က်ီဟြမ္မတ္တပ္ထရပ္မိသြားကာ
"သူတို႔ဘယ္ေလာက္အရိုက္ခံေနရၿပီလဲ"
"ၾကင္ယာေတာ္ေရွာင္းကငါးဆယ္
ေတာ္ဝင္ကေခ်သည္ေရွာင္းကတစ္ရာလို႔ၾကားပါတယ္
အခုထိအျပစ္ေပးခံေနရတုန္းပါ"
"ဟာ! မယ္မယ္ကစိတ္ႀကီးတယ္ သူတို႔ကိုရပ္ခိုင္းမွာမဟုတ္ဘူး
ငါတို႔အရွင့္ဆီသြားရေအာင္"
"ဧကရာဇ္က အေရးႀကီးညီလာခံတတ္ေနတယ္ေလ ၾကင္ယာေတာ္ေလး"
"မသိဘူးဟာ ဒီတိုင္းထားရင္ ေရွာင္းက်န႔္တို႔ေသသြားမွာေပါ့
ျမန္ျမန္လာ"
ထန္က်ီဟြမ္သြားတဲ့ေနာက္ကို အေနာက္ကအေစခံေတြက အျမန္လိုက္ရသည္။ ထန္က်ီဟြမ္ညီလာခံလုပ္ေနတဲ့ခန္းမဆီေရာက္တဲ့အခ်ိန္မွာ တံခါးကိုဆြဲဖြင့္လိုက္ၿပီး အထဲကိုအေလာတႀကီးဝင္သြားလိုက္ေတာ့ သူ႕ကိုအမတ္ေတြကမ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္ေနၾကတယ္။ ဝမ္ဧကရာဇ္လဲအပါအဝင္ေပါ့။
"ၾကင္ယာေတာ္ထန္ ဒီမွာကိုယ္ေတာ္တို႔ ညီလာခံလုပ္ေနတာကို မင္းမသိတာလား ဘာေၾကာင့္ဝင္လာတာလဲ"
"အေရးႀကီးလို႔ပါအရွင္ အရမ္းအေရးႀကီးတာမို႔ အခုေျပာရမွာမို႔ပါ"
ရိေပၚကသူ႕ေဘးက သူ႕ကိုယ္ရံေတာ္လ်ိဳရွိုးခ်န္ကို ေမးေငါ့ျပလိုက္ေတာ့ ရွိုးခ်န္က က်ီဟြမ္ေဘးနားကိုေရာက္လာၿပီး ေျပာေစသည္။ က်ီဟြမ္က ရွိုးခ်န္နားကိုကပ္ကာတိုးတိုးေလးေျပာလိုက္ေတာ့ ကိုယ္ရံေတာ္ရွိုးခ်န္လဲ က်ီဟြမ္စကားေၾကာင့္မ်က္ႏွာအနည္းငယ္ပ်က္သြားတာကိုထိန္းၿပီး ရိေပၚစီျပန္ေလ်ာက္သြားလိုက္ကာ နားနားကပ္၍ျပန္ေျပာျပလိုက္သည္။
"ၾကင္ယာေတာ္ေရွာင္းနဲ႕ေတာ္ဝင္ကေခ်သည္ေရွာင္းတို႔ ေရကန္ဆီသြားလို႔ မိဖုရားေခါင္မယ္မယ္ဆီမွာ ႀကိမ္ဒဏ္အျပစ္ေပးခံေနရပါတယ္တဲ့။
ၾကင္ယာေတာ္ေရွာင္းကငါးဆယ္ ေတာ္ဝင္ကေခ်သည္ေရွာင္းကတစ္ရာလို႔ေျပာပါတယ္ ျမန္ျမန္လိုက္ၿပီးတားေပးပါတဲ့"
"ဘာ!!"
ရိေပၚအိေျဒၤေတာင္မဆယ္နိုင္ပဲ အျမန္ထရပ္ကာ
"အဲကိုသြားၾကမယ္!
ဒီေန႕ေတာ့ညီလာခံကိုဒီမွာပဲရပ္လိုက္ေတာ့ မနက္ျဖန္မွာဆက္ၾကတာေပါ့"
ရိေပၚကေျပာၿပီးတာနဲ႕ အျမန္ထြက္သြားသည္။ ရိေပၚေနာက္ကို က်ီဟြမ္နဲ႕ကိုယ္ရံေတာ္ရွိုးခ်န္တို႔က အျမန္လိုက္ရတယ္။ ရိေပၚေရာက္သြားတဲ့ခ်ိန္မွာ ေမ့ေနတဲ့ေရွာင္းရီကိုဖက္ထားတဲ့ေရွာင္းက်န႔္ သူ႕ေက်ာမွာလဲေသြးေတြေပလို႔။ ေဘးနားကအားေဖးတို႔ကလဲငိုၿပီး တစ္ေယာက္ကိုတစ္ေယာက္တြဲထားၾကသည္။ ရိေပၚအနားကိုအျမန္သြားလိုက္သည္။
"၈၈ ၈၉.."
"ရပ္စမ္း!"
ရိေပၚရဲ႕ဩဇာအျပည့္နဲ႕အသံကိုၾကားတဲ့အခ်ိန္မွာ ရိုက္ေနတဲ့လက္ေတြလဲရပ္သြားကာ ရွန္းယြမ္ေမကလဲ ရိေပၚအနားကိုေရာက္လာသည္။ ရိေပၚရွန္းယြမ္ေမကိုလဲမၾကည့္မိ သူ႕ကိုေမာ့ၾကည့္ေနတဲ့ ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာေလးကိုၾကည့္ကာ အံက်ိတ္မိသြားသည္။
"ေရကန္ေလးတစ္ခုပဲကို ဘာေတြကအဲေလာက္အေရးႀကီးေနလို႔ ဒီေလာက္ထိအျပစ္ေပးတာလဲ"
ရိေပၚရဲ႕စကားေၾကာင့္ ရွန္းယြမ္ေမမ်က္ႏွာပ်က္သြားကာ
"ေရကန္ေလးတစ္ခုပဲမဟုတ္ပါဘူးအရွင္။ ကြၽန္မကအရွင့္အတြက္သီးသန႔္တန္ဖိုးထားၿပီးေပးခဲ့တဲ့လက္ေဆာင္ပါ အရွင္ဘယ္လိုမ်ားအဲလိုေျပာရက္ရတာပါလဲ"
"မင္းအဲေလာက္ႀကီးအျပစ္ေပးတာေတာ့လြန္လြန္းတယ္!
ေရွာင္းက်န႔္တစ္ခုခုျဖစ္ရင္မင္းမလြယ္ဘူး!
ေနာက္မွေျပာၾကတာေပါ့ ရွိုးခ်န္ေရွာင္းရီကိုေပြ႕ခဲ့"
ကိုယ္ရံေတာ္ရွိုးခ်န္ကေရွာင္းရီကိုေပြ႕ခ်ီလိုက္သည္။ ရိေပၚကလဲေမ့ေတာ့မလိုျဖစ္ေနတဲ့ေရွာင္းက်န႔္ကို ေပြ႕ခ်ီလိုက္ေတာ့တယ္။ ရိေပၚရဲ႕ရင္ခြင္ထဲေရာက္လာတဲ့ေရွာင္းက်န႔္ဟာ အားကိုးေတြ႕သြားသလို စိတ္ေတြကိုလႊတ္ခ်လိဳက္ေတာ့ သူေလာကနဲ႕ခနအဆက္အသြယ္ျပတ္သြားရသည္။ ရိေပၚကေမ့လဲသြားတဲ့သူ႕ရင္ခြင္ထဲက လူသားေလးကိုယုယုယယေလးေထြးေပြ႕ကာ ေခၚသြားေတာ့ အေနာက္ကပါလာတဲ့က်ီဟြမ္ဟာလဲ ထိုျမင္ကြင္းကိုစိတ္မေကာင္းေပမယ့္ သူ႕အေနာက္ကအေစခံေတြကို ေရွာင္းက်န႔္ရဲ႕ေနာက္လိုက္ေတြကိုတြဲခဲ့ဖို႔ ေျပာၿပီးျပန္သြားသည္။
ရိေပၚကေရွာင္းရီကို သူ႕အေဆာင္ျပန္ပို႔ၿပီးသမားေတာ္ေခၚေပးဖို႔ကိုယ္ရံေတာ္ကုိမွာလိုက္ကာ သူကလဲစံကားေဆာင္ကိုသြားၿပီး သမားေတာ္ျမန္ျမန္ေခၚေပးရတယ္။ ေရွာင္းက်န႔္ရဲ႕အနာေတြကိုေဆးေသခ်ာထည့္ေပးၿပီး သမားေတာ္ကေဆးလိမ္းေပးဖို႔မွာကာ အနာရိုန္ေၾကာင့္ဖ်ားတာေတြလဲျဖစ္နိုင္ေၾကာင္း ေျပာ၍ထြက္သြားသည္။ အေစခံေတြပါအျပစ္ေပးခံရလို႔သမားေတာ္နဲ႕ျပေပးထားရတာေၾကာင့္ ရိေပၚကပဲ ေရွာင္းက်န႔္ကိုဂ႐ုစိုက္ဖို႔တာဝန္ယူရသည္။
ညဘက္ေရာက္ေတာ့ ေရွာင္းက်န႔္အနာရိုန္ေၾကာင့္ ဖ်ားပါေတာ့တယ္။ ရိေပၚမွာမလုပ္တတ္မကိုင္တတ္ေပမယ့္ သမားေတာ္ေျပာသြားတဲ့အတိုင္းေလး ေသခ်ာဂ႐ုစိုက္ေပးေနသည္။ ကိုယ္ပူက်သြားေတာ့ ေရွာင္းက်န႔္ရဲ႕ညီးသံေလးေတြၿငိမ္ၿပီးအိပ္ေပ်ာ္သြားေတာ့မွသာ ရိေပၚလဲစိတ္ခ်ကာကုတင္ေပၚေခါင္းတင္ၿပီးအိပ္လိုက္ေတာ့သည္။
မနက္မိုးေသာက္ခ်ိန္ ေရွာင္းက်န႔္ရဲ႕အင္းအင္းအဲအဲအသံကိုရိေပၚၾကားေတာ့နိုးလာသည္။ ေရွာင္းက်န႔္ကလဲေက်ာကဒဏ္ရာေတြကနာလာလို႔ထင္ မ်က္ႏွာေလးရႈံ႕မဲ့လို႔။
"က်န႔္ငယ္ သတိရၿပီလား"
ရိေပၚရဲ႕အသံကိုၾကားေတာ့ ေရွာင္းက်န႔္ကမ်က္လုံးေလးကိုအားယူၿပီးဖြင့္ကာ
"အရွင္"
"အင္း ကိုယ္ရွိတယ္"
"ကြၽန္ေတာ္ေရေသာက္ခ်င္တယ္"
"ကိုယ္တိုက္မယ္ေနာ္"
ေရွာင္းက်န႔္ကိုေရတိုက္ၿပီးေနာက္ ရိေပၚကေဘးမွာျပန္ထိုင္ေတာ့ ေရွာင္းက်န႔္ကမ်က္ရည္ေတြဝဲလာတာေၾကာင့္ ရိေပၚကရင္ခြင္ထဲကိုသြင္းၿပီးဖြဖြေလးဖက္ထားလိုက္သည္။
"ဟင့္.. နာတယ္.. ကြၽန္ေတာ္ေသၿပီေတာင္ထင္ထားတာ။ ခုလဲနာတယ္"
"မငိုပါနဲ႕ ခနပဲေနာ္ ေဆးေသခ်ာလိမ္းေပးရင္ေပ်ာက္သြားမွာ မငိုရဘူးေနာ္"
ရိေပၚကမ်က္ရည္ေလးေတြ သုတ္ေပးၿပီးေျပာေတာ့ ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပလာသည္။
"အရွင္ ရီေလးေကာ သူေရာဘယ္လိုေနလဲ။
ကြၽန္ေတာ့္ညီမေလးေတာ္ေတာ္နာသြားမွာ သူကေခါင္းေလးေခါက္ခံရရင္ေတာင္ နာလို႔ဆိုၿပီးေအာ္ေနတဲ့ကေလး အခုသူဘယ္လိုေနလဲ ၿပီးေတာ့ အား႐ုံတို႔ေရာသူတို႔ေရာ"
"အဆင္ေျပတယ္ ေရွာင္းရီဘာမွမျဖစ္ဘူး။ မစိုးရိမ္နဲ႕ေနာ္ မင္းေနာက္လိုက္ေတြအကုန္အဆင္ေျပတယ္။ ကိုယ္သမားေတာ္နဲ႕ေသခ်ာျပခိုင္းထားတယ္"
ေရွာင္းက်န႔္ကေခါင္းထပ္ၿငိမ့္ျပကာ မ်က္ႏွာကျပန္မဲ့လာျပန္ၿပီး
"အရွင္.. ကြၽန္ေတာ့္ေက်ာေတြနာတယ္ အရမ္းပဲ"
"သက္သာသြားမွာေနာ္ သက္သာသြားမွာ"
ရိေပၚကသူ႕ပုခုံးေပၚေခါင္းေလးမွီထားတဲ့ေရွာင္းက်န႔္ရဲ႕ပုခုံးကေနဖက္ထားၿပီး ပြတ္ေပးကာေခ်ာ့ေနရွာသည္။ ေခ်ာ့ေနရင္းအျပင္ကအေစခံေတြကိုလဲလွမ္းေျပာရတယ္။
"အျပင္မွာဘယ္သူရွိလဲ သမားေတာ္သြားေခၚခဲ့"
ေရွာင္းက်န႔္ကိုသမားေတာ္နဲ႕ျပၿပီး ေသခ်ာေဆးလိမ္းေပးထားတယ္။ ရိေပၚမွာအခ်ိန္ျပည့္ဂ႐ုစိုက္ခ်င္ေပမယ့္လဲ သူ႕ရဲ႕တိုင္းျပည္ကိစၥေတြလဲရွိေသးတာေၾကာင့္ ညီလာခံကမသြားလို႔မရ။ ေရွာင္းက်န႔္ကသူတစ္ေယာက္ထဲလဲအဆင္ေျပတယ္ေျပာေပမယ့္ တစ္ေယာက္ထဲေတာ့မထားခဲ့ခ်င္။ ရိေပၚတြက္ေတာ္ေတာ္ခက္ခဲေနခဲ့သည္။
"အရွင္"
"အားဟြမ္ ဘာျဖစ္လို႔လဲ"
"ေရွာင္းက်န႔္ကိုလာၾကည့္တာပါ အရွင္ကညီလာခံမသြားဘူးလား"
"သြားမွာပါ ကိုယ္ေတာ္သူ႕ကိုတစ္ေယာက္ထဲမထားခဲ့ခ်င္လို႔"
"ဒါဆို စိတ္ခ်ၿပီးသြားပါ ကြၽန္ေတာ္ေရွာင္းက်န႔္ကိုၾကည့္ဖို႔လာတာပါ သူ႕ကိုဂ႐ုစိုက္ေပးလိုက္ပါ့မယ္"
"ေကာင္းပါၿပီ ဒါဆို အားဟြမ္ကိုပဲလႊဲခဲ့ေတာ့မယ္
ကိုယ္ေတာ္ညေနလာျပန္ၾကည့္မယ္။
ကိုယ္သြားဦးမယ္"
က်ီဟြမ္ကိုလဲေျပာရင္း ေရွာင္းက်န႔္ကိုလဲလွည့္ေျပာကာ ေရွာင္းက်န႔္က ေခါင္းၿငိမ့္ျပေတာ့ ရိေပၚကထြက္သြားသည္။ က်ီဟြမ္က ကုတင္ေဘးကိုခုံႀဆဲၿပီးထိုင္လိုက္ကာ
"ဘယ္လိုေနေသးလဲ အဲေန႕ကမင္းေသၿပီေတာင္ ငါကထင္လိုက္တာ"
"ဒီေလာက္ေလးနဲ႕ ကြၽန္ေတာ္ကလြယ္လြယ္မေသနိုင္ပါဘူး"
"အေျပာေကာင္းလိုက္တာ ေသမလိုျဖစ္သြားတာကို"
"ဘာပဲျဖစ္ျဖစ္ပါ ၾကင္ယာေတာ္ထန္ကို ေက်းဇူးတင္ပါတယ္"
"အာ.. ရပါတယ္"
က်ီဟြမ္ကရွက္ၿပီး ဂုတ္ကိုလက္နဲ႕ပြတ္ကာေျပာေနေတာ့ ေရွာင္းက်န႔္ကလဲရယ္လိုက္သည္။
"ေနာက္ေန႕လဲ ငါလာေစာင့္ေပးမယ္။
ၾကင္ယာေတာ္ေရွာင္းေရာ မင္းအေစခံေတြေရာ အနားယူၾကပါေစ"
"အင္း ထပ္ၿပီးေက်းဇူးတင္ပါတယ္"
"အာ.. ခနခနေက်းဇူးတင္တယ္ေျပာမေနနဲ႕ ငါရွက္တယ္"
ေရွာင္းက်န႔္ကရယ္ေတာ့ က်ီဟြမ္ကလဲလိုက္ရယ္သည္။ ေရွာင္းက်န႔္ရယ္ေနရင္း ေက်ာကျပန္နာလာေတာ့ က်ီဟြမ္ကလဲျပာျပာသလဲ ဂ႐ုစိုက္ေပးတယ္။ သူတို႔ႏွစ္ေယာက္ကရန္ျဖစ္ေနလဲ စိတ္ထဲကေတာ့မပါၾကတာမို႔ သူငယ္ခ်င္းေတာ့ျဖစ္နိုင္ေသးတယ္ေလ။
ဆက္ရန္~~~~