Transmigrator meets reincarna...

By Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

135

1.2K 293 26
By Larkspur41

Unicode

ချူးလျန်က အစက ဒီ‌လူရဲ့ ဆူပူကြိမ်းမောင်းသံကြောင့် တကယ်ဘဲ ကြောက်သွားခဲ့တာ၊အခုတခါ ထပ်ပြီး ခြိမ်းခြောက်ပြန်တော့လည်း လန့်ပြီး တလက်မလေးတောင် မရွှေ့ရဲဘူး၊ ခဏကြာတော့ ချူးလျန်သဘောပေါက်သွားတယ်၊ ဒီလူက အပြောကြမ်းပေမယ့် သူမကိုသက်သာစေချင်တဲ့ စိတ်လေးတော့ ရှိသားဘဲ။

သူမက သူ့ကို ဝိုင်းစက်ပြီး အပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေနဲ့ စိူက်ကြည့်နေမိတယ်၊ချူးလျန်ဆိုတာက ကြင်နာမှုကို အလေးမထားတတ်တဲ့ သူမဟုတ်ဘူး၊သူက သူမကို ကူညီဖို့ ခြေတလှမ်းတိုးလာမှတော့ သူမ ထပ်ပြီး ငြင်းပယ်မနေတော့ဘူး၊ဒီတကြိမ် သူ့အကူညီကို ထပ်ငြင်းမိရင် မိုက်မဲရုံတင်မဟုတ်ဘူး သေမှာကို စောင့်နေသလိုပါ ဖြစ်သွားလိမ့်မယ်။

အခုချိန်မှာ သူတို့နှစ်ယောက်က တအား နီးကပ်လွန်းလို့ ဒီလူရဲ့ မျက်တောင် တချောင်းချင်းစီကိုပါ အသေးစိတ်မြင်နေရတယ်။

ယောက်ျားတယောက်က ဒီလောက်လှပြီး ရှည်တဲ့ မျက်တောင်တွေ ရှိဖို့ လိုလို့လား?

သူ့မျက်နှာ တဝက်လောက်က မုတ်ဆိတ်တွေနဲ့ ပြည့်နေပေမယ့် ချူးလျန်သေချာပြောရဲတာက ဒီအမွှေးတွေ‌ရဲ့ အောက်မှာ တကယ်ချောမောတဲ့ သွင်ပြင် ရှိမှာ အသေချာဘဲ၊ဘေးတိုက်ကြည့်နေရုံတင်ကို သူ့ရဲ့ ဖြောင့်စင်းနေတဲ့ နှာတံ အနည်းငယ် ဖြူဖျော့နေတဲ့ နှုတ်ခမ်းတို့က ချောမောမှုကို ပေးစွမ်းနိုင်တယ်။

ဒီမုတ်ဆိတ်‌တွေရဲ့ အောက်က မျက်နှာလေးကို ချူးလျန်တကယ်ဘဲ စိတ်ဝင်စားနေမိပြီ။

ချူးလျန် မလှုပ်တော့ဘူးဆိုမှ ဟေးစန်းလန်က ထိုင်ချလိုက်ပြီး သူမ ခြေကျင်းဝတ်မှာ ညှပ်နေတဲ့ သံထောင်ချောက်ကို ဖြေးဖြေးချင်း ဆွဲဖြုတ်နေတယ်။

သူ့မျက်နှာ အနေအထားက တချက်မပြောင်းသွားဘဲနဲ့ဟေးစန်းလန်က မေးလာတယ် "ဒီတော့ အခုကျ ယောက်ျားနဲ့ မိန်းမကြားက အကွာအဝေးတွေ ဘာတွေ ထပ်မပြောတော့ဘူးလား "

သူမရဲ့ ခြေထောက်ကို ငြင်ငြင်သာသာကိုင်တွယ်ပြီး ‌ဖြုတ်ပေးနေလို့ ချူးလျန်ဒီလူအပေါ် ထားတဲ့ အထင်အမြင်ကောင်းတွေက ဒီမေးခွန်း တခုထဲနဲ့ ဖယ်ရှားခံလိုက်ရပြီ။

ချူးလျန်ရဲ့ မျက်နှာလေးက ဒေါသကြောင့် နီမြန်းလာတယ်၊ ဒါပေမယ့်လည်း။သူ့ကို ဘာတခွန်းမှ ပြန်မချေပရဲဘူး၊ စိတ်ထဲမှာတော့ သူသာ သူမကို ရန်လာမစရင် သူမလည်း ဒီလို အလောတကြီး လုပ်မိမှာ မဟုတ်ဘူး။

ဟေးချန်ဒီ ကြည့်လိုက်မိတော့ ဒီမာယာများတဲ့ မိန်းမရဲ့ ပါးလေး နှစ်ဖက်က ပန်းရောင်သန်းနေပြီးတော့ မျက်လုံးလေးတွေကလည်း မျက်ရည်ကြည်တွေ ဝေ့နေတယ်၊ သူမ ပုံစံလေးက နှစ်သိမ့်မှု ခံချင်တဲ့ သမင်ငယ်လေးလိုဘဲ၊  စိတ်ထဲက သူ့ကို  ထုရိုက်ပစ်ချင်နေပေမယ့် အပြင်မှာတော့ တခွန်းမှ စောဒက မတက်လာဘူး၊ ဒါလေးကို တွေးမိသွားတော့ သူ့ရဲ့ အေးစက်နေတဲ့ ပုံစံကတောင် နည်းနည်းနွေးထွေးလာတယ်။

ချူးလျန်ကို ထပ်ကြည့်မိတော့ သူမလေးက နှုတ်ခမ်းစူပြီး ခေါင်းကို ဘေးကို လှည့်ထားတဲ့ ပုံက စိတ်ကောက်ချင်နေတဲ့ ပုံဘဲ၊ ဟေးစန်းလန်လည်း ချူးလျန်ရဲ့ ခြေထောက်ကို ပြန်အာရုံစိုက်လိုက်တယ်၊ ခဏလောက်တုံ့ဆိုင်းနေပြီးတော့ ဟေးစန်းလန်က ချူးလျန်ဘက်ကို ကျောပေးပြီး ထိုင်ချလိုက်တယ်။

ချူးလျန်လည်း ဒီထူးဆန်းတဲ့ အပြုအမူကြီးကို တွေ့တော့ချက်ချင်းဘဲ နိူးနိုးကြားကြားဖြစ်သွားတယ် " ရှင် ဘာလုပ်တာလဲ"

သူက သူမကို လေးနက်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး အတည်ပြောလာတယ် " အပေါ်တက်"

အပေါ်တက်! ဘယ်အပေါ်လဲ!

သူ့ရဲ့ ကျောပြင်ကျယ်ကြီးကို မြင်တော့မှာ သူဘာပြောချင်လဲဆိုတာကို ချူးလျန် သဘောပေါက်သွားတယ်၊ သူက အပြန်လမ်းတလျှောက်ကို သူမကို ကျောပိုးသွားချင်တာလား။

သူမ ပါးနှစ်ဖက်က ပြန်ပြီး ပန်းရောင်းသန်းလို့လာတယ်၊ဒါမျိုးက ဟိုဘက်ခေတ်‌မှာတော့ အထူးအဆန်းမဟုတ်ဘူး၊ တကယ်ဆို ဒါက ကြင်နာတတ်တဲ့ အပြုအမူဘဲ၊ဒါပေမာ့် အခုက သူမက ဝူအင်ပါယာမှာ ရှိနေတယ်၊ သူမနဲ့ နီးစပ်ပြီး တအိပ်ရာထဲ အတူရှိခဲ့ဖူးတာကလည်း သူမ ယောက်ျား ဟေးစန်းလန်တယောက်ဘဲ ရှိတာ ၊ဒါတောင်မှ စောင်က တယောက်တထည် ခြုံခဲ့ကြတာ။

ဒီတော့ သူမက ဘယ်လိုလုပ်ပြီး အခြားယောကျားရဲ့ ကျောပြင်ပေါ် တက်ရဲပ့မလဲ၊ ပြီးတော့ ဒီလူရဲ့ မျက်နှာကြီးက တနေကုန် ခက်ထန်နေတာ၊ သူက လူကောင်းလို့ ဘယ်သူက ထင်မှာလဲ၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ်လာတာဆို ဘယ်လိုလုပ်ရမလဲ။

ချူးလျန်က ဘာမှ ပြန်မပြေဘဲ အသံတိတ်နဲ့ကန့်ကွက်ကြောင်း ဖော်ပြနေတယ်။

ဟေးချန်ဒီ မျက်ခုံးတွေ တွန့်သွားပြီးမကြည်မသာနဲ့ ထပ်ပြောတယ် " မင်းက ငါ့ကို မသယ်သွားစေချင်ဘူးဆိုရင် အပြန်ကို မင်းဘာသာ လမ်းလျှောက်လို့ ရမှာလား"

ပြောပြီးတာနဲ့ သူက ထရပ်ပြီး ချူးလျန်ကို အပေါ်ကနေ စီးမိုးလို့ ကြည့်လာတယ်။

ချူးလျန်တကယ်ဘဲ ကသိကအောက်ဖြစ်သွားရတယ်၊ ဒီ လူပါးစပ်ဟလိုက်တိုင်း သူမကို ရန်စတဲ့ စကားတွေဘဲ ထွက်ထွက်လာတယ်၊တကယ်ဘဲ ဒီလူကို တဘဝလုံး အထီးကျန်ကျန်နေရအောင် ကျိန်ဆဲ ပစ်လိုက်ချင်တယ်။

ချူးလျန်က မတ်တပ်ထရပ်ဖို့ ကြိုးစားတယ်၊ ဒါပေမယ့် သူမ ခြေကျင်းဝတ်က မခံမရပ်နိုင်အောင် နာနေတယ်၊ ထဖို့ လုပ်တာနဲ့ ကို ပြန်ပြန်ပြီး လဲကျနေတယ်၊ချူးလျန် မျက်ရည်တွေတောင် ကျလာတယ်၊ သူမ ခြေထောက်တွေက ထောက်လို့ကို မရတော့ဘူး။

" ဒီလိုအခြေနေနဲ့များ ပြန်သွားချင်နေတာလား" ဟေးစန်းလန်က  သရော်လိုက်တယ် " မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ ဒီမှာဘဲနေပြီး သားရဲတွေရဲ့ အစာ အဖြစ်ခံမလား၊ လိမ်လိမ်မာမာနဲ့ ငါသယ်သွားတာကို လက်ခံမလား"

ချူးလျန်ဆိုတာက ဖိအားပေးတာတွေကို သဘောမကျတတ်ဘဲ အရိုးထဲကနေကို ခေါင်းမာပြီး မာနကြီးတတ်တဲ့ လူမျိုး။

စကားပုံတောင်ရှိသေးတယ်လေ၊ တောင်တွေ မြစ်တွေကိုသာ ပြောင်းလဲလို့ရမယ် လူတယောက်ရဲ့ နဂိုစိတ်သဘောထားကိုတော့ ပြောင်းလဲလို့မရနိုင်ဘူး။

ဟေးစန်းလန်ကသာ သူမကို ကြင်ကြင်နာနာနဲ့ ဖျောင်းဖျရင် သူမကလည်း ကျိုး‌ေကြာင်းနားမလည်တဲ့သူ မဟုတ်ပါဘူး၊ ဒါပေမယ့် သူမကို ပိုပြီး ဖိအားပေးလေလေ သူမက ပိုပြီး ခေါင်းမာလေလေဘဲ။

သူမက ဘေးမှာ ရပ်‌နေတဲ့ အဲ့ဒီလူကို မော့ကြည့်လိုက်တယ်၊ သူက သူ့စကားတွေက အမိန့်အာဏာတခုလိုမျိုး ပုခုံးတွေကို ဖြောင့်တန်းပြီး မားမားမတ်မတ်ရပ်နေတယ်။

ဒီလူကို သယ်ခိုင်းဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလား? ဒီစိတ်ကြီး ဝင်နေတဲ့ သူကို သယ်ခိုင်းရမှာလား? ချူးလျန် ချက်ချင်းဘဲ ငြင်းပယ်လိုက်တယ်၊ သူမ ဒီနေ့ သူ့အကူအညီကို ထပ်မယူတော့ဘူး။

သူမက စပြောလိုက်တယ် " ကျွန်မကို ဒီနေရာမှာဘဲ သားရဲတွေ အစာအဖြစ်သာ ထားခဲ့လိုက်တော့"

သူမ အဖြေကို ကြားတာနဲ့ ဟေးစန်းလန်ရဲ့ မျက်လုံးတွေက မီးဟုန်းဟုန်းတောက်လာတော့တယ်။

ဒီတယောက်သာ သူ့ရဲ့ လက်အောက်ငယ်သားဆို သူ ချက်ချင်းဘဲ ကန်ထုတ်ပစ်လိုက်ပြီ ၊ဒါပေမယ့် အခု သူ့ဒေါသကို လာဆွတာက ချူးလျန် ဖြစ်နေတယ်။

အစက သူ ဒီမိန်းမကို ဆင်းရဲ ဒုက္ခဆိုတာကို သင်ခန်းစာပေးချင်ခဲ့တာ၊ အခု  ဒီမိန်းမက သူ့ ကမ်းလှမ်းချက်ကို ငြင်းပြီး ဒုက္ခကို ရွေးချယ်ပစ်လိုက်တယ်။

ဟေးချန်ဒီ မျက်နှာက ပိုပိုပြီး ခက်ထန်လာတယ်၊ သူက အတုအယောင် ရယ်သံကြီးနဲ့ အော်ရယ်ပြီး ထွက်လာတဲ့ စကားလုံးတွေကလည်း ဓားတွေလိုဘဲ စူးရှနေတယ် "မင်းက ယောကျ်ားနဲ့ မိန်းမ ကြားက အကွာအဝေးတွေကို ထည့်စဉ်းစားနေတာလား၊ ဒါပေမယ့် မင်း နောက်ကျလွန်းမနေဘူးလား၊ မနေ့ညကတင် ငါတို့ နှစ်ယောက် အတူတူရှိနေပြီးပြီလေ၊ မင်း ဒီမနက် ဘယ်နေရာမှာ နိုးလာတာလဲဆိုတာကို မမေ့နဲ့ အုံး"

ဒီမုတ်ဆိတ်တွေနဲ့ လူက သူမကို ရှေ့ထားပြီး ဒီလို မျက်နှာပြောင်တိုက်လိမ့်မယ်လို့ ချူးလျန် တကယ်မထင်ထားဘူး၊သူမ ဒေါသတွေက အမြင့်ဆုံးကို ရောက်နေပြီ၊ ဒါနဲ့ နှစ်ခါပြန်မစဉ်းစားတော့ဘဲ အော်ထည့်လိုက်တာ "ဟေးစန်းလန် ကဘဲအရှက်မဲ့ပြီး အေးစက်လွန်းတယ်လို့ ထင်ထားတာ ၊အခု ရှင် ...ရှင်က သူ့ထက်တောင် ပို အရှက်မဲ့ နေသေးတယ်"

သတိပြန်ဝင်လာတော့ ချူးလျန် နောင်တတွေ ရလာတယ်။

သူမ ဘာတွေ လုပ်မိတာလဲ? ဒီလူအပေါ် ဘာလို့ ဒေါသတွေ ထွက်မိနေတာလဲ?  သူမ မစဉ်းစား မဆင်ခြင်ဘဲ ပြောလိုက်မိပြီ၊ သူမရဲ့ တည်ငြိမ်အေးဆေးတဲ့ ပုံရိပ်လေးက ဘယ်ရောက်သွားတာလဲ?

သူတိူ့ နှစ်ယောက်လူံး ရှုပ်ထွေးလို့နေတယ်၊ သူသာ သူမကို ရန်လာမစရင် သူမလည်း ဒီလောက်ထိ စိတ်လွတ်သွားမှာ မဟုတ်ဘူး၊အခုတော့ သူမ ခြေထောက်ကလည်း ခိုက်မိထားသေးတာ်၊ သူမ အဖြစ်က စဉ်းတီတုံးပေါ်က ငါးတကောင်လိုဘဲ ဖြစ်နေပြီ။

သူမ ရဲ့ အတွေးတွေထဲ နစ်မြုပ်နေရင်းနဲ့ ချူးလျန်မှာ အဲ့လယကို ထပ်ပြီး မကြည့်ရဲတော့ဘူး။

သူမ နှုတ်ဖျားကနေ တောင်းပန်စကားဆိုမလို့ ပြင်နေတုန်းမှာဘဲ သူမတကိုယ်လူံးက မချီပြီး  ပခုံးကျယ်ကြီးတွေပေါ်ကို ကောက်တင်ခံလိုက်ရတယ်။

ဒါက အရမ်း ရုတ်တရက်ဆန်လွန်းနေတယ်၊ သူမ သတိထားမိတော့ တကိုယ်လူံးက သူ့ပုခုံးပေါ် ရောက်နေပြီ၊ သူမ ဗိုက်အောက်ကနေ သန်မာတဲ့ ကြွက်သားတွေကို ခံစားမိနေတယ်၊ သူမခေါင်းကလည်း အောက်ဘက်ကို တွဲလောင်းကျနေတော့ အခြေအနေက တကယ် အဆင်မပြေလှဘူး။

သူ့ လက်မောင်းတဖက်က သူမ ဒူးတွေကို ပွေ့ဖက်ထားပြီး အခြားတဖက်နဲ့ ခြေကျင်းဝတ်ကို ကိုင်ထားတယ်၊ ပြီးတော့ အေးစက်စက်နဲ့ သတိပေးလာတယ်"မလှုပ်နဲ့ မဟုတ်ရင် ပစ်ချလိုက်မယ်"

ချူးလျန်က အပေါ်ကနေ အောက်ကို တွဲလောင်းချ သယ်ခံနေရတော့ သူမရဲ့ ဖြူဖွေးနေတဲ့ မျက်နှာလေးက နီရဲလို့နေပြီ၊ သူမရဲ့ နားရွက်တွေပါ ရဲတက်နေတယ်။

ရှက်လွန်းလို့ သူ့ကျောပြင်ကြီးကို သူမ လက်သီးတွေနဲ့ ထုရိူက်နေမိတယ်၊" ရှင် ....ရှင် ကျွန်မကို အခုချက်ချင်းအောက်ချပေး ၊ ကျွန်မယောက်ျားသိရင် ရှင် ခြေတွေ လက်တွေကို အပိုင်းပိုင်း ခုတ်ပစ်လိမ့်မယ်"

ချူးလျန်ရဲ့ လက်သီးဆုပ်လေးတွေက သန်မာတောင့်တင်းတဲ့ ဟေးစန်းလန်အတွက်တော့ ကလိထိုးနေသလိုဘဲ၊သူက ‌နှာခေါင်းရှုံ့လိုက်တယ်၊" မင်းမှာ ဘာကိုယ်ကျင့်တရားမှ မရှိဘူး၊ မင်းရဲ့ ခင်ပွန်းကိုတောင် အရှက်မရှိဘဲ သွေးအေးတတ်တဲ့သူလို့ ဆဲဆိုနေတယ်မဟုတ်ဘူးလား"

ချူးလျန်တကယ်ဘဲ ဆွံအသွားတယ်၊ သူမ လုပ်နိုင်တာက ရုန်းကန်နေရင်းနဲ့ ပြန်ချေပဖို့ဘဲ။

ဟေးချန်ဒီကတော့ သည်းခံနိုင်စွမ်း ကုန်နေပြီ၊ ဒီမိန်းမက ပြသာနာရှာရတာကို ကြိုက်လွန်းတယ်၊ဒါကြောင့် ဒေါသဖြစ်ဖြစ်နဲ့ သူ့ ပုခုံးပေါ် ကောက်တင်ပစ်လိုက်တာ၊ ဒါပေမယ့် သူ ဒေါသထွက်နေတုန်းဘဲ၊ အကြောင်းကတော့ သူမ စိတ်ထဲ သူ့ကို အဲ့လိုတွေးနေရမလားပေါ့။

အရှက်မရှိဘူး! သွေးအေးတယ်! ဟက် ! သူက ဟို နွေးထွေးပြီး ယုယတတ်တဲ့ ရှောင်ပိုကျင်းနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။

ဟေးချန်ဒီမှာ ချူးလျန်က ရုန်းကန်တွန်းထုတ်နေလို့ တကယ်ဘဲ စိတ်အနှောက်အယှက်‌ဖြစ်နေပြီ၊ သူ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်လက်ကျန်ရှိနေသေးတော့ နေရတာလည်း သိပ်အဆင်မပြေတော့ဘူး။

ချူးလျန်က သူ့မိန်းမဘဲ၊ သူ့မိန်းမဆိုမှတော့ သူလုပ်ချင်တာ လုပ်လို့ရတယ်။

သူ့ဒေါသတွေကိူ ချူးလျန်က လာလာဆွနေတယ်၊ ဒီတော့ သူ့ လက်တဖက်နဲ့ ချူးလျန်ရဲ့ ခြေထောက်တွေကို သိမ်းဖက်ထားလိုက်တယ် ၊ပြီးတော့ ကျန်လက်တဖက်ရဲ့ လက်ဖဝါးနဲ့ ချူးလျန်ရဲ့ နူးညံ့ပြီးအိစက်နေတဲ့ ..




Zawgyi



ခ်ဴးလ်န္က အစက ဒီ‌လူရဲ႕ ဆူပူႀကိမ္းေမာင္းသံေၾကာင့္ တကယ္ဘဲ ေၾကာက္သြားခဲ့တာ၊အခုတခါ ထပ္ၿပီး ၿခိမ္းေျခာက္ျပန္ေတာ့လည္း လန္႔ၿပီး တလက္မေလးေတာင္ မေ႐ႊ႕ရဲဘူး၊ ခဏၾကာေတာ့ ခ်ဴးလ်န္သေဘာေပါက္သြားတယ္၊ ဒီလူက အေျပာၾကမ္းေပမယ့္ သူမကိုသက္သာေစခ်င္တဲ့ စိတ္ေလးေတာ့ ႐ွိသားဘဲ။

သူမက သူ႕ကို ဝိုင္းစက္ၿပီး အျပစ္ကင္းတဲ့ မ်က္ဝန္းေလးေတြနဲ႔ စိူက္ၾကည့္ေနမိတယ္၊ခ်ဴးလ်န္ဆိုတာက ၾကင္နာမႈကို အေလးမထားတတ္တဲ့ သူမဟုတ္ဘူး၊သူက သူမကို ကူညီဖို႔ ေျခတလွမ္းတိုးလာမွေတာ့ သူမ ထပ္ၿပီး ျငင္းပယ္မေနေတာ့ဘူး၊ဒီတႀကိမ္ သူ႕အကူညီကို ထပ္ျငင္းမိရင္ မိုက္မဲ႐ုံတင္မဟုတ္ဘူး ေသမွာကို ေစာင့္ေနသလိုပါ ျဖစ္သြားလိမ့္မယ္။

အခုခ်ိန္မွာ သူတို႔ႏွစ္ေယာက္က တအား နီးကပ္လြန္းလို႔ ဒီလူရဲ႕ မ်က္ေတာင္ တေခ်ာင္းခ်င္းစီကိုပါ အေသးစိတ္ျမင္ေနရတယ္။

ေယာက်္ားတေယာက္က ဒီေလာက္လွၿပီး ႐ွည္တဲ့ မ်က္ေတာင္ေတြ ႐ွိဖို႔ လိုလို႔လား?

သူ႕မ်က္ႏွာ တဝက္ေလာက္က မုတ္ဆိတ္ေတြနဲ႔ ျပည့္ေနေပမယ့္ ခ်ဴးလ်န္ေသခ်ာေျပာရဲတာက ဒီအေမႊးေတြ‌ရဲ႕ ေအာက္မွာ တကယ္ေခ်ာေမာတဲ့ သြင္ျပင္ ႐ွိမွာ အေသခ်ာဘဲ၊ေဘးတိုက္ၾကည့္ေန႐ုံတင္ကို သူ႕ရဲ႕ ေျဖာင့္စင္းေနတဲ့ ႏွာတံ အနည္းငယ္ ျဖဴေဖ်ာ့ေနတဲ့ ႏႈတ္ခမ္းတို႔က ေခ်ာေမာမႈကို ေပးစြမ္းႏိုင္တယ္။

ဒီမုတ္ဆိတ္‌ေတြရဲ႕ ေအာက္က မ်က္ႏွာေလးကို ခ်ဴးလ်န္တကယ္ဘဲ စိတ္ဝင္စားေနမိၿပီ။

ခ်ဴးလ်န္ မလႈပ္ေတာ့ဘူးဆိုမွ ေဟးစန္းလန္က ထိုင္ခ်လိုက္ၿပီး သူမ ေျခက်င္းဝတ္မွာ ညႇပ္ေနတဲ့ သံေထာင္ေခ်ာက္ကို ေျဖးေျဖးခ်င္း ဆြဲျဖဳတ္ေနတယ္။

သူ႕မ်က္ႏွာ အေနအထားက တခ်က္မေျပာင္းသြားဘဲနဲ႔ေဟးစန္းလန္က ေမးလာတယ္ "ဒီေတာ့ အခုက် ေယာက်္ားနဲ႔ မိန္းမၾကားက အကြာအေဝးေတြ ဘာေတြ ထပ္မေျပာေတာ့ဘူးလား "

သူမရဲ႕ ေျခေထာက္ကို ျငင္ျငင္သာသာကိုင္တြယ္ၿပီး ‌ျဖဳတ္ေပးေနလို႔ ခ်ဴးလ်န္ဒီလူအေပၚ ထားတဲ့ အထင္အျမင္ေကာင္းေတြက ဒီေမးခြန္း တခုထဲနဲ႔ ဖယ္႐ွားခံလိုက္ရၿပီ။

ခ်ဴးလ်န္ရဲ႕ မ်က္ႏွာေလးက ေဒါသေၾကာင့္ နီျမန္းလာတယ္၊ ဒါေပမယ့္လည္း။သူ႕ကို ဘာတခြန္းမွ ျပန္မေခ်ပရဲဘူး၊ စိတ္ထဲမွာေတာ့ သူသာ သူမကို ရန္လာမစရင္ သူမလည္း ဒီလို အေလာတႀကီး လုပ္မိမွာ မဟုတ္ဘူး။

ေဟးခ်န္ဒီ ၾကည့္လိုက္မိေတာ့ ဒီမာယာမ်ားတဲ့ မိန္းမရဲ႕ ပါးေလး ႏွစ္ဖက္က ပန္းေရာင္သန္းေနၿပီးေတာ့ မ်က္လုံးေလးေတြကလည္း မ်က္ရည္ၾကည္ေတြ ေဝ့ေနတယ္၊ သူမ ပုံစံေလးက ႏွစ္သိမ့္မႈ ခံခ်င္တဲ့ သမင္ငယ္ေလးလိုဘဲ၊  စိတ္ထဲက သူ႕ကို  ထု႐ိုက္ပစ္ခ်င္ေနေပမယ့္ အျပင္မွာေတာ့ တခြန္းမွ ေစာဒက မတက္လာဘူး၊ ဒါေလးကို ေတြးမိသြားေတာ့ သူ႕ရဲ႕ ေအးစက္ေနတဲ့ ပုံစံကေတာင္ နည္းနည္းေႏြးေထြးလာတယ္။

ခ်ဴးလ်န္ကို ထပ္ၾကည့္မိေတာ့ သူမေလးက ႏႈတ္ခမ္းစူၿပီး ေခါင္းကို ေဘးကို လွည့္ထားတဲ့ ပုံက စိတ္ေကာက္ခ်င္ေနတဲ့ ပုံဘဲ၊ ေဟးစန္းလန္လည္း ခ်ဴးလ်န္ရဲ႕ ေျခေထာက္ကို ျပန္အာ႐ုံစိုက္လိုက္တယ္၊ ခဏေလာက္တုံ႔ဆိုင္းေနၿပီးေတာ့ ေဟးစန္းလန္က ခ်ဴးလ်န္ဘက္ကို ေက်ာေပးၿပီး ထိုင္ခ်လိုက္တယ္။

ခ်ဴးလ်န္လည္း ဒီထူးဆန္းတဲ့ အျပဳအမူႀကီးကို ေတြ႕ေတာ့ခ်က္ခ်င္းဘဲ ႏိူးႏိုးၾကားၾကားျဖစ္သြားတယ္ " ႐ွင္ ဘာလုပ္တာလဲ"

သူက သူမကို ေလးနက္တဲ့ အၾကည့္ေတြနဲ႔ ၾကည့္ၿပီး အတည္ေျပာလာတယ္ " အေပၚတက္"

အေပၚတက္! ဘယ္အေပၚလဲ!

သူ႕ရဲ႕ ေက်ာျပင္က်ယ္ႀကီးကို ျမင္ေတာ့မွာ သူဘာေျပာခ်င္လဲဆိုတာကို ခ်ဴးလ်န္ သေဘာေပါက္သြားတယ္၊ သူက အျပန္လမ္းတေလွ်ာက္ကို သူမကို ေက်ာပိုးသြားခ်င္တာလား။

သူမ ပါးႏွစ္ဖက္က ျပန္ၿပီး ပန္းေရာင္းသန္းလို႔လာတယ္၊ဒါမ်ိဳးက ဟိုဘက္ေခတ္‌မွာေတာ့ အထူးအဆန္းမဟုတ္ဘူး၊ တကယ္ဆို ဒါက ၾကင္နာတတ္တဲ့ အျပဳအမူဘဲ၊ဒါေပမာ့္ အခုက သူမက ဝူအင္ပါယာမွာ ႐ွိေနတယ္၊ သူမနဲ႔ နီးစပ္ၿပီး တအိပ္ရာထဲ အတူ႐ွိခဲ့ဖူးတာကလည္း သူမ ေယာက်္ား ေဟးစန္းလန္တေယာက္ဘဲ ႐ွိတာ ၊ဒါေတာင္မွ ေစာင္က တေယာက္တထည္ ျခဳံခဲ့ၾကတာ။

ဒီေတာ့ သူမက ဘယ္လိုလုပ္ၿပီး အျခားေယာက်ားရဲ႕ ေက်ာျပင္ေပၚ တက္ရဲပ့မလဲ၊ ၿပီးေတာ့ ဒီလူရဲ႕ မ်က္ႏွာႀကီးက တေနကုန္ ခက္ထန္ေနတာ၊ သူက လူေကာင္းလို႔ ဘယ္သူက ထင္မွာလဲ၊ မေကာင္းတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ခ်ဥ္းကပ္လာတာဆို ဘယ္လိုလုပ္ရမလဲ။

ခ်ဴးလ်န္က ဘာမွ ျပန္မေျပဘဲ အသံတိတ္နဲ႔ကန္႔ကြက္ေၾကာင္း ေဖာ္ျပေနတယ္။

ေဟးခ်န္ဒီ မ်က္ခုံးေတြ တြန္႔သြားၿပီးမၾကည္မသာနဲ႔ ထပ္ေျပာတယ္ " မင္းက ငါ့ကို မသယ္သြားေစခ်င္ဘူးဆိုရင္ အျပန္ကို မင္းဘာသာ လမ္းေလွ်ာက္လို႔ ရမွာလား"

ေျပာၿပီးတာနဲ႔ သူက ထရပ္ၿပီး ခ်ဴးလ်န္ကို အေပၚကေန စီးမိုးလို႔ ၾကည့္လာတယ္။

ခ်ဴးလ်န္တကယ္ဘဲ ကသိကေအာက္ျဖစ္သြားရတယ္၊ ဒီ လူပါးစပ္ဟလိုက္တိုင္း သူမကို ရန္စတဲ့ စကားေတြဘဲ ထြက္ထြက္လာတယ္၊တကယ္ဘဲ ဒီလူကို တဘဝလုံး အထီးက်န္က်န္ေနရေအာင္ က်ိန္ဆဲ ပစ္လိုက္ခ်င္တယ္။

ခ်ဴးလ်န္က မတ္တပ္ထရပ္ဖို႔ ႀကိဳးစားတယ္၊ ဒါေပမယ့္ သူမ ေျခက်င္းဝတ္က မခံမရပ္ႏိုင္ေအာင္ နာေနတယ္၊ ထဖို႔ လုပ္တာနဲ႔ ကို ျပန္ျပန္ၿပီး လဲက်ေနတယ္၊ခ်ဴးလ်န္ မ်က္ရည္ေတြေတာင္ က်လာတယ္၊ သူမ ေျခေထာက္ေတြက ေထာက္လို႔ကို မရေတာ့ဘူး။

" ဒီလိုအေျခေနနဲ႔မ်ား ျပန္သြားခ်င္ေနတာလား" ေဟးစန္းလန္က  သေရာ္လိုက္တယ္ " မင္းမွာ ေ႐ြးခ်ယ္စရာ ႏွစ္ခု႐ွိတယ္၊ ဒီမွာဘဲေနၿပီး သားရဲေတြရဲ႕ အစာ အျဖစ္ခံမလား၊ လိမ္လိမ္မာမာနဲ႔ ငါသယ္သြားတာကို လက္ခံမလား"

ခ်ဴးလ်န္ဆိုတာက ဖိအားေပးတာေတြကို သေဘာမက်တတ္ဘဲ အ႐ိုးထဲကေနကို ေခါင္းမာၿပီး မာနႀကီးတတ္တဲ့ လူမ်ိဳး။

စကားပုံေတာင္႐ွိေသးတယ္ေလ၊ ေတာင္ေတြ ျမစ္ေတြကိုသာ ေျပာင္းလဲလို႔ရမယ္ လူတေယာက္ရဲ႕ နဂိုစိတ္သေဘာထားကိုေတာ့ ေျပာင္းလဲလို႔မရႏိုင္ဘူး။

ေဟးစန္းလန္ကသာ သူမကို ၾကင္ၾကင္နာနာနဲ႔ ေဖ်ာင္းဖ်ရင္ သူမကလည္း က်ိဳး‌ေၾကာင္းနားမလည္တဲ့သူ မဟုတ္ပါဘူး၊ ဒါေပမယ့္ သူမကို ပိုၿပီး ဖိအားေပးေလေလ သူမက ပိုၿပီး ေခါင္းမာေလေလဘဲ။

သူမက ေဘးမွာ ရပ္‌ေနတဲ့ အဲ့ဒီလူကို ေမာ့ၾကည့္လိုက္တယ္၊ သူက သူ႕စကားေတြက အမိန္႔အာဏာတခုလိုမ်ိဳး ပုခုံးေတြကို ေျဖာင့္တန္းၿပီး မားမားမတ္မတ္ရပ္ေနတယ္။

ဒီလူကို သယ္ခိုင္းဖို႔ကလြဲၿပီး တျခားနည္းလမ္းမ႐ွိေတာ့ဘူးလား? ဒီစိတ္ႀကီး ဝင္ေနတဲ့ သူကို သယ္ခိုင္းရမွာလား? ခ်ဴးလ်န္ ခ်က္ခ်င္းဘဲ ျငင္းပယ္လိုက္တယ္၊ သူမ ဒီေန႔ သူ႕အကူအညီကို ထပ္မယူေတာ့ဘူး။

သူမက စေျပာလိုက္တယ္ " ကြၽန္မကို ဒီေနရာမွာဘဲ သားရဲေတြ အစာအျဖစ္သာ ထားခဲ့လိုက္ေတာ့"

သူမ အေျဖကို ၾကားတာနဲ႔ ေဟးစန္းလန္ရဲ႕ မ်က္လုံးေတြက မီးဟုန္းဟုန္းေတာက္လာေတာ့တယ္။

ဒီတေယာက္သာ သူ႕ရဲ႕ လက္ေအာက္ငယ္သားဆို သူ ခ်က္ခ်င္းဘဲ ကန္ထုတ္ပစ္လိုက္ၿပီ ၊ဒါေပမယ့္ အခု သူ႕ေဒါသကို လာဆြတာက ခ်ဴးလ်န္ ျဖစ္ေနတယ္။

အစက သူ ဒီမိန္းမကို ဆင္းရဲ ဒုကၡဆိုတာကို သင္ခန္းစာေပးခ်င္ခဲ့တာ၊ အခု  ဒီမိန္းမက သူ႕ ကမ္းလွမ္းခ်က္ကို ျငင္းၿပီး ဒုကၡကို ေ႐ြးခ်ယ္ပစ္လိုက္တယ္။

ေဟးခ်န္ဒီ မ်က္ႏွာက ပိုပိုၿပီး ခက္ထန္လာတယ္၊ သူက အတုအေယာင္ ရယ္သံႀကီးနဲ႔ ေအာ္ရယ္ၿပီး ထြက္လာတဲ့ စကားလုံးေတြကလည္း ဓားေတြလိုဘဲ စူး႐ွေနတယ္ "မင္းက ေယာက်္ားနဲ႔ မိန္းမ ၾကားက အကြာအေဝးေတြကို ထည့္စဥ္းစားေနတာလား၊ ဒါေပမယ့္ မင္း ေနာက္က်လြန္းမေနဘူးလား၊ မေန႔ညကတင္ ငါတို႔ ႏွစ္ေယာက္ အတူတူ႐ွိေနၿပီးၿပီေလ၊ မင္း ဒီမနက္ ဘယ္ေနရာမွာ ႏိုးလာတာလဲဆိုတာကို မေမ့နဲ႔ အုံး"

ဒီမုတ္ဆိတ္ေတြနဲ႔ လူက သူမကို ေ႐ွ႕ထားၿပီး ဒီလို မ်က္ႏွာေျပာင္တိုက္လိမ့္မယ္လို႔ ခ်ဴးလ်န္ တကယ္မထင္ထားဘူး၊သူမ ေဒါသေတြက အျမင့္ဆုံးကို ေရာက္ေနၿပီ၊ ဒါနဲ႔ ႏွစ္ခါျပန္မစဥ္းစားေတာ့ဘဲ ေအာ္ထည့္လိုက္တာ "ေဟးစန္းလန္ ကဘဲအ႐ွက္မဲ့ၿပီး ေအးစက္လြန္းတယ္လို႔ ထင္ထားတာ ၊အခု ႐ွင္ ...႐ွင္က သူ႕ထက္ေတာင္ ပို အ႐ွက္မဲ့ ေနေသးတယ္"

သတိျပန္ဝင္လာေတာ့ ခ်ဴးလ်န္ ေနာင္တေတြ ရလာတယ္။

သူမ ဘာေတြ လုပ္မိတာလဲ? ဒီလူအေပၚ ဘာလို႔ ေဒါသေတြ ထြက္မိေနတာလဲ?  သူမ မစဥ္းစား မဆင္ျခင္ဘဲ ေျပာလိုက္မိၿပီ၊ သူမရဲ႕ တည္ၿငိမ္ေအးေဆးတဲ့ ပုံရိပ္ေလးက ဘယ္ေရာက္သြားတာလဲ?

သူတိူ႕ ႏွစ္ေယာက္လူံး ႐ႈပ္ေထြးလို႔ေနတယ္၊ သူသာ သူမကို ရန္လာမစရင္ သူမလည္း ဒီေလာက္ထိ စိတ္လြတ္သြားမွာ မဟုတ္ဘူး၊အခုေတာ့ သူမ ေျခေထာက္ကလည္း ခိုက္မိထားေသးတာ္၊ သူမ အျဖစ္က စဥ္းတီတုံးေပၚက ငါးတေကာင္လိုဘဲ ျဖစ္ေနၿပီ။

သူမ ရဲ႕ အေတြးေတြထဲ နစ္ျမဳပ္ေနရင္းနဲ႔ ခ်ဴးလ်န္မွာ အဲ့လယကို ထပ္ၿပီး မၾကည့္ရဲေတာ့ဘူး။

သူမ ႏႈတ္ဖ်ားကေန ေတာင္းပန္စကားဆိုမလို႔ ျပင္ေနတုန္းမွာဘဲ သူမတကိုယ္လူံးက မခ်ီၿပီး  ပခုံးက်ယ္ႀကီးေတြေပၚကို ေကာက္တင္ခံလိုက္ရတယ္။

ဒါက အရမ္း ႐ုတ္တရက္ဆန္လြန္းေနတယ္၊ သူမ သတိထားမိေတာ့ တကိုယ္လူံးက သူ႕ပုခုံးေပၚ ေရာက္ေနၿပီ၊ သူမ ဗိုက္ေအာက္ကေန သန္မာတဲ့ ႂကြက္သားေတြကို ခံစားမိေနတယ္၊ သူမေခါင္းကလည္း ေအာက္ဘက္ကို တြဲေလာင္းက်ေနေတာ့ အေျခအေနက တကယ္ အဆင္မေျပလွဘူး။

သူ႕ လက္ေမာင္းတဖက္က သူမ ဒူးေတြကို ေပြ႕ဖက္ထားၿပီး အျခားတဖက္နဲ႔ ေျခက်င္းဝတ္ကို ကိုင္ထားတယ္၊ ၿပီးေတာ့ ေအးစက္စက္နဲ႔ သတိေပးလာတယ္"မလႈပ္နဲ႔ မဟုတ္ရင္ ပစ္ခ်လိုက္မယ္"

ခ်ဴးလ်န္က အေပၚကေန ေအာက္ကို တြဲေလာင္းခ် သယ္ခံေနရေတာ့ သူမရဲ႕ ျဖဴေဖြးေနတဲ့ မ်က္ႏွာေလးက နီရဲလို႔ေနၿပီ၊ သူမရဲ႕ နား႐ြက္ေတြပါ ရဲတက္ေနတယ္။

႐ွက္လြန္းလို႔ သူ႕ေက်ာျပင္ႀကီးကို သူမ လက္သီးေတြနဲ႔ ထု႐ိူက္ေနမိတယ္၊" ႐ွင္ ....႐ွင္ ကြၽန္မကို အခုခ်က္ခ်င္းေအာက္ခ်ေပး ၊ ကြၽန္မေယာက်္ားသိရင္ ႐ွင္ ေျခေတြ လက္ေတြကို အပိုင္းပိုင္း ခုတ္ပစ္လိမ့္မယ္"

ခ်ဴးလ်န္ရဲ႕ လက္သီးဆုပ္ေလးေတြက သန္မာေတာင့္တင္းတဲ့ ေဟးစန္းလန္အတြက္ေတာ့ ကလိထိုးေနသလိုဘဲ၊သူက ‌ႏွာေခါင္း႐ႈံ႕လိုက္တယ္၊" မင္းမွာ ဘာကိုယ္က်င့္တရားမွ မ႐ွိဘူး၊ မင္းရဲ႕ ခင္ပြန္းကိုေတာင္ အ႐ွက္မ႐ွိဘဲ ေသြးေအးတတ္တဲ့သူလို႔ ဆဲဆိုေနတယ္မဟုတ္ဘူးလား"

ခ်ဴးလ်န္တကယ္ဘဲ ဆြံအသြားတယ္၊ သူမ လုပ္ႏိုင္တာက ႐ုန္းကန္ေနရင္းနဲ႔ ျပန္ေခ်ပဖို႔ဘဲ။

ေဟးခ်န္ဒီကေတာ့ သည္းခံႏိုင္စြမ္း ကုန္ေနၿပီ၊ ဒီမိန္းမက ျပသာနာ႐ွာရတာကို ႀကိဳက္လြန္းတယ္၊ဒါေၾကာင့္ ေဒါသျဖစ္ျဖစ္နဲ႔ သူ႕ ပုခုံးေပၚ ေကာက္တင္ပစ္လိုက္တာ၊ ဒါေပမယ့္ သူ ေဒါသထြက္ေနတုန္းဘဲ၊ အေၾကာင္းကေတာ့ သူမ စိတ္ထဲ သူ႕ကို အဲ့လိုေတြးေနရမလားေပါ့။

အ႐ွက္မ႐ွိဘူး! ေသြးေအးတယ္! ဟက္ ! သူက ဟို ေႏြးေထြးၿပီး ယုယတတ္တဲ့ ေ႐ွာင္ပိုက်င္းနဲ႔ ဘယ္ယွဥ္ႏိုင္ပါ့မလဲ။

ေဟးခ်န္ဒီမွာ ခ်ဴးလ်န္က ႐ုန္းကန္တြန္းထုတ္ေနလို႔ တကယ္ဘဲ စိတ္အေႏွာက္အယွက္‌ျဖစ္ေနၿပီ၊ သူ႕ ခႏၶာကိုယ္ထဲမွာ အဆိပ္လက္က်န္႐ွိေနေသးေတာ့ ေနရတာလည္း သိပ္အဆင္မေျပေတာ့ဘူး။

ခ်ဴးလ်န္က သူ႕မိန္းမဘဲ၊ သူ႕မိန္းမဆိုမွေတာ့ သူလုပ္ခ်င္တာ လုပ္လို႔ရတယ္။

သူ႕ေဒါသေတြကိူ ခ်ဴးလ်န္က လာလာဆြေနတယ္၊ ဒီေတာ့ သူ႕ လက္တဖက္နဲ႔ ခ်ဴးလ်န္ရဲ႕ ေျခေထာက္ေတြကို သိမ္းဖက္ထားလိုက္တယ္ ၊ၿပီးေတာ့ က်န္လက္တဖက္ရဲ႕ လက္ဖဝါးနဲ႔ ခ်ဴးလ်န္ရဲ႕ ႏူးညံ့ၿပီးအိစက္ေနတဲ့ ..













































Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...