Unicode
ချူးလျန်က နှင်းတောထဲမှာ ခိုက်ခိုက်တုန်နေရင်းနဲ့ လက်နှစ်ဖက်ကို ပိုက်ထားပြီး သူမ ရဲ့ မိုက်မဲလှတဲ့ ဆုံးဖြတ်ချက်ကြီးကို ပြန်တွေးနေမိတယ်။
ဒီတောင်တန်းကြီးတွေရဲ့ ဆောင်းဥတုက တကယ်ဘဲ စိတ်ပျက်စရာကောင်းလှတယ်၊ သစ်ပင်အကိုင်းအခက်ကြားက လေအေးတွေက သူမ ခန္ဓာကိုယ်ကို တဖျက်ဖျက်နဲ့ လာရိုက်ခတ်လို့နေတယ်၊ ဒီသဘာဝကြီးက သူမကိုယ်တွင်းက လက်ကျန် အနွေးဓာတ်လေးကိုပါ လာခိုးယူချင်နေတယ်၊နောက်ပြီး သစ်ကိုင်းတွေပေါ် နားနေတဲ့ ကျီးကန်းတွေရဲ့ အော်သံကြောင့် သူမ ကျောရိုးထဲကတောင် စိမ့်တက်လို့လာတယ်။
ဒီနေရာက ဘာသဘာဝရင်းမြစ်မှ မရှိတဲ့ မြောက်ပိုင်းဒေသဆိုတော့ အစားအစာ တစ်ခုတလေတောင် ရှာဖို့ မလွယ်လှဘူး။
ချူးလျန်က တောတွင်းမှာ အသက်ရှင်နေထိုင်ဖို့ နည်းလမ်းအချို့ကို တတ်သိနားလည်ထားပေမယ့် ဒီလိုမျိုး ကျောချမ်းစရာ ပတ်ဝန်းကျင်ကြီးကိုတော့ တခါမှ မတွေ့ကြုံဖူးဘူးလေ။
ချူးလျန်က မှိုင်းညို့နေတဲ့ တောအုပ်ကြီးကို ကြည့်ရင်းနဲ့ ခါးသက်သက်ပြုံးမိတယ်၊ သူမ တကယ်ဘဲ ဟိတ်ကြီးဟန်ကြီးနိုင်ခဲ့တာဘဲ၊ အပြင်က အခြေအနေက ဒီလိုကြီးမှန်း စောစောကတည်းက သိခဲ့ရင် သွေးနားထင်ရောက်တဲ့ စကားတွေ မပြောခဲ့ပါဘူး။
ဘယ်လိုဘဲဖြစ်ဖြစ် သူမက ထွက်လာပြီဆိုမှတော့ အကောင်းဆုံး ဆက်လုပ်ရုံဘဲ၊ ကံကောင်းရင် ထင်းရှုးသီးလေးတွေ တော့ ရလာနိုင်တယ်။
ဟေးချန်ဒီက ချူးလျန်အတွက် စိုးရိမ်နေတော့ သူမ ခြေရာနောက်ကနေ ထပ်ကြပ်မခွာလိုက်လာတယ်၊ ဒါပေမယ့် သူ ချူးလျန်ကို မမြင်ရသေးခင်ဘဲ ရင်းနှီးနေကျ အော်သံလေးကို ကြားလိုက်ရတယ်။
ဟေးချန်ဒီ မျက်လုံးတွေတောင် ကျုံ့သွားတယ်၊ သူက သူ့ ခန္ဓာကိုယ် အခြေအနေကိုတောင် အလေးမထားတော့ဘဲ အော်သံကြားတဲ့ နေရာဆီ အပြေးသွားလိုက်တယ်။
သူက ဒီပြသာနာပေးတတ်တဲ့ အမျိုးသမီး သစ်ရွက်ပုံခြောက်တွေကြားမှာ လဲကျနေတာကို မြင်မှဘဲ စိတ်ပူပန်မှုတွေ လျော့ကျသွားတော့တယ်။
ဒါပေမယ့်ချူးလျန်ရဲ့ နာကျင်နေတာကို ကြံကြံ့ခံနေတဲ့ သနားစရာပုံလေးကို မြင်လိုက်ရတော့ စိတ်ထဲမှာ ဒေါသကထောင်းခနဲဘဲ။
သူက လက်သီးကိုတင်းတင်းဆုပ်ပြီး ဒေါသပြေအောင် အသက်ဝဝရှုလိုက်ရတယ်၊ဒီလို အပြုအမူတွေကဘဲ သူ့ပုံစံကို ပိုပြီး အေးစက်သွားစေတယ်။
သူက ချူးလျန်နံဘေးကို ခြေတံရှည်တွေနဲ့ အပြေးသွားရင်း အေးစက်စက် အသံနဲ့မေးလိုက်တယ် "ဘာဖြစ်သွားတာလဲ "
ချူးလျန်က သူမ နံဘေးကို ရောက်လာတဲ့ ခြေသံတွေကို ကြားလို့ မော့ကြည့်မိတော့ အံ့သြသွားတယ်၊ သူမ ရဲ့ မုတ်ဆိတ်တွေနဲ့ ကယ်တင်ရှင်လေးက ဘေးရောက်နေတာကို မြင်လိုက်ရတော့ သူမ နာကျင်နေတာတွေတောင်မေ့မေ့လျော့လျော့ဖြစ်ပြီး စကားတွေကို ထစ်လို့ဘဲ "ရှင်.... ရှင် ဘာလို့ ထွက်လာရတာလဲ"
ဟေးစန်းလန်က သူမ မေးခွန်းတွေကို ပြန်ဖြေချင်စိတ်ရှိမနေဘူး၊ သူက ခေါင်းကို ငုံပြီး သူမ ကိုင်ထားတဲ့ ညာဘက်ခြေထောက်လေးကို ကြည့်လိုက်တယ်။
ချူးလျန်က နည်းနည်းတော့ လိပ်ပြာမလုံသလိုဖြစ်သွားရတယ်၊ သူက သူမမေးတာကို ပြန်မဖြေဘဲ တနေရာထဲကိုဘဲ စူးစိုက်ကြည့်နေတယ်၊ ဒါကိုမြင်တော့ ချူးလျန်က သူမ ဝတ်စုံ အနားစလေးကို ဆွဲဖုံးပြီး အကြောင်းပြချက်ပေးလိုက်တတယ် "ဒါက ဘာမှ မဟုတ်ပါဘူး နည်းနည်းပါးပါး အဆစ်လွဲသွားတာပါ"
တဖက်လူက ဘာမှ ပြန်မပြောလာတော့ ချူးလျန်ကလည်း ထပ်ပြီး စိတ်မရှည်တော့ဘူး၊ ဒါနဲ့ တဖက်လူကို ဒေါသအကြည့်လေးနဲ့ ပြန်စိုက်ကြည့်လိုက်တယ်၊ ဒါပေမယ့် တဖက်လူရဲ့ မျက်ဝန်းတွေထဲက အေးစက်မှုတွေကို ခံစားမိတော့ သူမ ခြေထောက်ကို ဆွဲဖုံးထားတဲ့ ဝတ်ရုံစလေးကတောင် အားလျော့သွားရတယ်။
ဟေးစန်းလန်က အပေါ်ကနေ သူမကို စူးစိူက်ကြည့်နေတယ်၊ သူရဲ့ စူးရှတဲ့ မျက်ဝန်းတွေက သူမရဲ့ အစိမ်းရောင်စကတ်အောက်နားမှာ ဖုံးထားတဲ့ နီရဲနေတဲ့ ခြေထောက်လေးကို မြင်လိုက်ရတယ်။
ဟေးချန်ဒီရဲ့ မျက်ဝန်းတွေ ကျဉ်းမြောင်းသွားတယ်၊ သူက ခွင့်ပြုချက်တောင်မတောင်းဘဲနဲ့ သူမ လက်ကို ဆွဲယူပြီး အနားစကို လှန်ကြည့်လိုက်တယ်၊ သူမြင်လိုက်ရတာက သူမရဲ့ သေးသေးသွယ်သွယ် ညာဘက်ခြေထောက်လေးက တိရစ္ဆာန် ထောင်ဖမ်းတဲ့ ညှပ်နဲ့ ဖမ်းမိနေတာကိုဘဲ၊ သူမျက်ဝန်းတွေက အချိန်မရွေး မီးထတောက်တော့မလို ဖြစ်လာတယ်။
"ဒီတော့ ဒါက အဆစ်လွဲရုံလေးပေါ့ ၊ဟုတ်လား "ပုံမှန် သူ့အသံက ဆွဲငင်ပြီး ချော့မော့တတ်တဲ့ ပုံဖြစ်ပေမယ့် အခုတော့ ရေခဲလွှာတွေ အထပ်ထပ်ဖုံးအုပ်ထားသလို ခံစားရလို့ ချူးလျန်တောင် ကြောက်ပြီး တုန်တက်သွားတယ်။
ချူးလျန်ကလည်း သူဒီလောက် လက်မြန်မယ်လို့ မထင်ထားဘူးလေ၊ သူက ဆန့်ကျင်ဘက် လိင်ကြားက စည်းမျဉ်းတွေကို ဘာမှ ထည့်မတွက်ဘဲ သူမ စကတ်စကို အမြန်ကြီး လှန်ချလိုက်တယ်။
ဒီမုတ်ဆိတ်တွေနဲ့ လူကြီးက ဘယ်လောက်တောင် ဆိုးဝါးလိုက်လဲ။
တချိန်တည်းမှာဘဲ ချူးလျန်က ရှက်ရွံမှုနဲ့ မကျေမနပ်ဖြစ်မှူလေးကို ပါ ခံစားလိုက်ရတယ်၊ သူမကို သထိထား မကြည့်ဘဲနဲ့ကို သူမ နားရွက်ဖျားတွေ ရဲတက်နေတာကို မြင်နိုင်တယ်၊ဒါပေမယ့် သူရဲ့ အပြစ်တင်ဆူပူနေတဲ့ အသံကို ကြားလိုက်ရတော့ သူမရဲ့ ပြန်ချေပမယ့်စကားတွေက ဆက်မထွက်လာတော့ဘူး။
ဒီ ထောင်ချောက်ထဲမှာ သူမလည်း မမိချင်ပါဘူးနော်..ဒါတွေက သူမ အမှားမှ မဟုတ်ဘဲနဲ့။
စိတ်မချမ်းမသာနဲ့ သူမ စိတ်ထဲကနေဘဲ ပြန်ပြောနေမိတယ်။
အပြင်ပိုင်းမှာတော့ သူမရဲ့ အပြင်ပုံစံနဲ့ အတွင်းစိတ်တွေက ဆန့်ကျင်ဘက်ဖြစ်လို့နေတယ်။
သူမက ခေါင်းလေးကို ငုံထားပြီး မျက်တောင်ရှည်ကြီးတွေတောင် တဆတ်ဆတ် တုန်နေတယ်၊ သူမ ကြည့်ရတာ အဆူခံရလို့ ကြောက်နေတဲ့ ယုန်ငယ်လေးလို သနားစဖွယ်လေး ဖြစ်နေတယ်။
သူမက ဘယ်လိုဘဲ အပြစ်မကင်းတဲ့ ပုံစံလေး သရုပ်ဖော်နေပေမယ့် ဟေးစန်းလန်ရဲ့ ဆူပူမယ့်ဆုံးဖြတ်ချက်ကတော့ နည်းနည်းမှ လျော့မသွားဘူး။
ဟမ့် ..ဒီမာယာများတဲ့ မိန်းမက သနားစရာကောင်းအောင် လာပြီး သရုပ်ဆောင်နေတယ်။
ချူးလျန်က ဟေးစန်းလန်လက်ထဲက သူမ စကတ်စကို ပြန်ဆွဲယူပြီး သူမခြေထောက်ကို ဖုံးလိုက်တယ် ။
"ရှင်..ဘာလို့ ဒီလိုလုပ်တာလဲ"
ဟေးစန်းလန်အတွက်တော့ ဂြိုလ်ဆိုးက မကုန်သေးတဲ့ပုံဘဲ၊ သူ့အသံက ပို ခက်ထန်ပြီး အေးစက်လိူ့လာတယ်၊ သူက ချူးလျန်ရဲ့ အပြုအမူကို အလေးမထားဘဲ သတိပေးသလိူနဲ့ ပြောလိုက်တယ် "မင်း လက်တွေကို ဖယ်လိုက်"
ဒီလူရဲ့ အေးစက်ပြီး ပြင်းထန်တဲ့ အရှိန်အဝါတွေက သူမကို တကယ်ဘဲ ထိတ်လန့်စေတယ်၊ ဒါပေမယ့် သူမက သူ့မျက်လုံးေတွကို ပြန်စိုက်ကြည့်ပြီး သတ္တိစုပြီး ပြောလိုက်တယ် " လူကြီးမင်း ၊အမျိုး သားနဲ့ အမျိုးသမီးတွေကြားမှာ သင့်တော်တဲ့ အကွာဝေးတစ်ခု ထားသင့်တယ်လေ၊ ဒါကို ကျွန်မဘာသာ လုပ်လိုက်ပါ့မယ် "
ပြောပြီးတာနဲ့ ချူးလျန်က သူမ စကတ်စကို တင်းတင်းကျပ်ကျပ်ဆွဲကိုင်ပြီး အလျှော့မပေးဘဲ ခေါင်းမာတတ်တဲ့ မျက်ဝန်းလေးတွေနဲ့ ဟေးစန်းလန်ကို စိုက်ကြည့်လိုက်တယ်။
ဟေးစန်းလန်ကတော့ ချက်ချင်းဘဲ ဒေါသတွေ အပြည့်နဲ့ ဖြစ်လာတယ် ။
ဟက်! အမျိုးသားနဲ့ အမျိုးသမီး ကြားက အကွာအဝေးလား
သူမက သူမရဲ့ ခင်ပွန်းကိုတောင်မှ ဒီ ရူးကြောင်ကြောင်စည်းမျဉ်းတွေ လာရွတ်ပြနေတယ်။
သိပ်ကောင်းတယ်။
ဒီ မူရာမာယာများတဲ့ မိန်းမ ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ သူ ဒီနေ့ စောင့်ကြည့်လိုက်မယ်။
ဟေးချန်ဒီက သူမ ခြေကျင်းဝတ်လေးကို လွှတ်ချလိုက်ပြီးတော့ မတ်တပ်ထရပ်လိုက်တယ်၊ သူက တဖက်ကို လျှောက်သွားပြီး ကျောပါပေးထားလိုက်တယ်။
မုတ်ဆိတ်တွေနဲ့ လူက မကြည့်တော့ဘူးဆိုတာ သေချာမှ ချူးလျန်လည်း သက်ပြင်းချမိတော့တယ်၊ သူမ တချက်ခိုးကြည့်မိတော့ ဖြောင့်မတ်နေတဲ့ သူရဲ့ ကျောပြင်ကျယ်ကို မြင်လိုက်ရတယ်၊ သူ ဒီဘက်ကို ထပ်မကြည့်ဘူးဆိုတာ သေချာမှ ချူးလျန်က သူမ ရဲ့ ခြေကျင်းဝတ်ကို ဖူံးထားတာကို ဆွဲဖယ်လိုက်တယ်။
ဒါကနည်းနည်းလောက် လှုပ်ရှားလိုက်တာနဲ့ကို အသက်ရှုရပ်မတတ်နာတာဘဲ။
စောစောက မုတ်ဆိတ်တွေနဲ့ လူကိုဘဲ အာရုံစိုက်နေမိတော့ နာမှန်း မသိသာဘူး၊ အခုတော့ နှစ်ဆ သုံးဆလောက်ကို ပိုနာနေပြီ။
သူမက အဆင်ပြေတဲ့ ပုံစံလေး ပြောင်းထိုင်ပြီးတော့ သူမ ခြေထောက်ကို ညှပ်မိနေတဲ့ ထောင်ချောက်ကို ကလော်ပြီး ဆွဲဖယ်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် ဒီထောင်ချောက်က အပြင်က မြင်ေနရသလောက် ဖယ်ဖို့ မလွယ်ကူလှဘူး၊ သူမ ခြေထောက်ကလည်း ညှပ်မိနေတော့ အားကုန်ထုတ်သုံးလို့ကလည်းမရဘူး၊ ထောင်ချောက်က အရမ်း မြဲနေတော့ကျ သူမ အကြိမ်အတော်ကြိုးစားတာတောင်မှ ဖယ်မရဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ သူမကတော့ နာကျင်မှုကြောင့် အားတွေ ကုန်လူနီးပါးဖြစ်နေပြီ။
သူမ အသက်ပြင်းပြင်း ရှူလိုက်မိတယ်၊ ပြီးတော့ သူမနဲ့ မနီးမဝေးမှာ ရှိနေတဲ့ မုတ်ဆိတ်တွေနဲ့ လူကို တုံဆိုင်းဆိုင်းနဲ့ လှမ်းကြည့်မိတယ်၊သူမ သူ့ဆီက အကူညီတောင်းချင်ပေမယ့် စောစောက သူ့ အကူအညီကို ငြင်းပယ်ထားမိတော့ သူမရဲ့ မာနက အဲ့လိုလုပ်ဖို့ ခွင့်မပြုပြန်ဘူး။
ချူးလျန်ကတော့ သူမရဲ့ အသူံးမကျ ဖြစ်မှုကိုဘဲ စိတ်ထဲမှာ ကြိတ်ပြီး ကြိမ်းမောင်းနေမိတယ်။
တဖက်ကဟေးစန်းလန်ကလည်း ခပ်လှမ်းလှမ်းမှာ ရပ်ပြီး အရေးမစိုက်တဲ့ ပုံဖမ်းနေပေမာ့် သူ့မျက်လုံးထောင့်လေးကနေ ချူးလျန်ကို လှမ်းလှမ်းကြည့်နေတယ်။
သူက ဒီသေးငယ်တဲ့ ပုံရိပ်လေးက အံကြိတ်ပြီး ထောင်ချောက်ကို ဆွဲဖယ်နေတာကို စောင့်ကြည့်နေတယ်၊ သူမ မျက်တောင်ဖျားတွေမှာ မျက်ရည်စတွေ စိုစွတ်နေတာကိုပါ သူ မြင်နေရတယ်။
အအေးဒဏ်ကြောင့် နီရဲနေတဲ့ လက်သေးသေးလေး နှစ်ဖက်က ထောင်ေချာက်ကို မရမက ဆွဲဖယ်နေတယ်၊ ဒါပေမယ့် ဘယ်လိုဘဲ လုပ်လုပ်ထောင်ချောက်ကတော့ မြဲမြံစွာနဲ့ သူမ ခြေထောက်ကို ညှပ်ထားတုန်းဘဲ၊ အဆုံးမှာတော့ သူမက သိပ်အားနည်းလွန်းနေတယ်၊ သူမ ခြေထောက်ကလည်း ထောင်ချောက်မှာ ညှပ်မိနေတုန်းဘဲ ၊ဒဏ်ရာကနေလည်း သွေးတွေက တစိမ့်စိမ့်ထွက်နေလို့ သူမ အတော် ပင်ပန်းနေပြီ။
ဟေးချန်ဒီစိတ်ထဲ ပိုတင်းကြပ်လာလို့ ဆက်ပြီး ရပ်မနေနိုင်တော့ဘူး၊သူ့ရဲ့ တကယ့်ပုံရိပ်အမှန်ကို မေ့ထားပြီး သူမနဲ့ အပေးအယူလုပ်ခဲ့တဲ့ သူ့ကိုယ်သူဘဲ ကျိန်ဆဲနေမိတယ်။
ဒီအမျိုးသမီးပြောတဲ့ ဘာစည်းမျဉ်းဖြစ်ဖြစ် သူဘက်က လျစ်လျူရှုလိုက်ပြီ၊ သူက သူမလက်တွေကို သူ့ လက်မောင်းကြားမှာ ဆွဲယူထားလိုက်တယ်၊ ပြီးတော့ သူ့ရဲ့ ပုံမှန်ဩရှရှ အသံနဲ့ သတိပေးစကားဆိုလိုက်တယ် " မလှုပ်နဲ့ မဟုတ်ရင် မင်းခြေထောက်က တသက်လုံး သုံးမရတော့ဘဲ ဖြစ်သွားမယ်"
(T/N -spoilပေးလိုက်မယ် နောက်အပိုင်းနည်းနည်းလောက်ရောက်ရင် ဒီလင်မယား စkissပါပြီ🤭)
Zawgyi
ခ်ဴးလ်န္က ႏွင္းေတာထဲမွာ ခိုက္ခိုက္တုန္ေနရင္းနဲ႔ လက္ႏွစ္ဖက္ကို ပိုက္ထားၿပီး သူမ ရဲ႕ မိုက္မဲလွတဲ့ ဆုံးျဖတ္ခ်က္ႀကီးကို ျပန္ေတြးေနမိတယ္။
ဒီေတာင္တန္းႀကီးေတြရဲ႕ ေဆာင္းဥတုက တကယ္ဘဲ စိတ္ပ်က္စရာေကာင္းလွတယ္၊ သစ္ပင္အကိုင္းအခက္ၾကားက ေလေအးေတြက သူမ ခႏၶာကိုယ္ကို တဖ်က္ဖ်က္နဲ႔ လာ႐ိုက္ခတ္လို႔ေနတယ္၊ ဒီသဘာဝႀကီးက သူမကိုယ္တြင္းက လက္က်န္ အေႏြးဓာတ္ေလးကိုပါ လာခိုးယူခ်င္ေနတယ္၊ေနာက္ၿပီး သစ္ကိုင္းေတြေပၚ နားေနတဲ့ က်ီးကန္းေတြရဲ႕ ေအာ္သံေၾကာင့္ သူမ ေက်ာ႐ိုးထဲကေတာင္ စိမ့္တက္လို႔လာတယ္။
ဒီေနရာက ဘာသဘာဝရင္းျမစ္မွ မ႐ွိတဲ့ ေျမာက္ပိုင္းေဒသဆိုေတာ့ အစားအစာ တစ္ခုတေလေတာင္ ႐ွာဖို႔ မလြယ္လွဘူး။
ခ်ဴးလ်န္က ေတာတြင္းမွာ အသက္႐ွင္ေနထိုင္ဖို႔ နည္းလမ္းအခ်ိဳ႕ကို တတ္သိနားလည္ထားေပမယ့္ ဒီလိုမ်ိဳး ေက်ာခ်မ္းစရာ ပတ္ဝန္းက်င္ႀကီးကိုေတာ့ တခါမွ မေတြ႕ၾကဳံဖူးဘူးေလ။
ခ်ဴးလ်န္က မိႈင္းညိဳ႕ေနတဲ့ ေတာအုပ္ႀကီးကို ၾကည့္ရင္းနဲ႔ ခါးသက္သက္ျပဳံးမိတယ္၊ သူမ တကယ္ဘဲ ဟိတ္ႀကီးဟန္ႀကီးႏိုင္ခဲ့တာဘဲ၊ အျပင္က အေျခအေနက ဒီလိုႀကီးမွန္း ေစာေစာကတည္းက သိခဲ့ရင္ ေသြးနားထင္ေရာက္တဲ့ စကားေတြ မေျပာခဲ့ပါဘူး။
ဘယ္လိုဘဲျဖစ္ျဖစ္ သူမက ထြက္လာၿပီဆိုမွေတာ့ အေကာင္းဆုံး ဆက္လုပ္႐ုံဘဲ၊ ကံေကာင္းရင္ ထင္း႐ႈးသီးေလးေတြ ေတာ့ ရလာႏိုင္တယ္။
ေဟးခ်န္ဒီက ခ်ဴးလ်န္အတြက္ စိုးရိမ္ေနေတာ့ သူမ ေျခရာေနာက္ကေန ထပ္ၾကပ္မခြာလိုက္လာတယ္၊ ဒါေပမယ့္ သူ ခ်ဴးလ်န္ကို မျမင္ရေသးခင္ဘဲ ရင္းႏွီးေနက် ေအာ္သံေလးကို ၾကားလိုက္ရတယ္။
ေဟးခ်န္ဒီ မ်က္လုံးေတြေတာင္ က်ံဳ႕သြားတယ္၊ သူက သူ႕ ခႏၶာကိုယ္ အေျခအေနကိုေတာင္ အေလးမထားေတာ့ဘဲ ေအာ္သံၾကားတဲ့ ေနရာဆီ အေျပးသြားလိုက္တယ္။
သူက ဒီျပသာနာေပးတတ္တဲ့ အမ်ိဳးသမီး သစ္႐ြက္ပုံေျခာက္ေတြၾကားမွာ လဲက်ေနတာကို ျမင္မွဘဲ စိတ္ပူပန္မႈေတြ ေလ်ာ့က်သြားေတာ့တယ္။
ဒါေပမယ့္ခ်ဴးလ်န္ရဲ႕ နာက်င္ေနတာကို ၾကံၾကံ့ခံေနတဲ့ သနားစရာပုံေလးကို ျမင္လိုက္ရေတာ့ စိတ္ထဲမွာ ေဒါသကေထာင္းခနဲဘဲ။
သူက လက္သီးကိုတင္းတင္းဆုပ္ၿပီး ေဒါသေျပေအာင္ အသက္ဝဝ႐ႈလိုက္ရတယ္၊ဒီလို အျပဳအမူေတြကဘဲ သူ႕ပုံစံကို ပိုၿပီး ေအးစက္သြားေစတယ္။
သူက ခ်ဴးလ်န္နံေဘးကို ေျခတံ႐ွည္ေတြနဲ႔ အေျပးသြားရင္း ေအးစက္စက္ အသံနဲ႔ေမးလိုက္တယ္ "ဘာျဖစ္သြားတာလဲ "
ခ်ဴးလ်န္က သူမ နံေဘးကို ေရာက္လာတဲ့ ေျခသံေတြကို ၾကားလို႔ ေမာ့ၾကည့္မိေတာ့ အံ့ၾသသြားတယ္၊ သူမ ရဲ႕ မုတ္ဆိတ္ေတြနဲ႔ ကယ္တင္႐ွင္ေလးက ေဘးေရာက္ေနတာကို ျမင္လိုက္ရေတာ့ သူမ နာက်င္ေနတာေတြေတာင္ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္ၿပီး စကားေတြကို ထစ္လို႔ဘဲ "႐ွင္.... ႐ွင္ ဘာလို႔ ထြက္လာရတာလဲ"
ေဟးစန္းလန္က သူမ ေမးခြန္းေတြကို ျပန္ေျဖခ်င္စိတ္႐ွိမေနဘူး၊ သူက ေခါင္းကို ငုံၿပီး သူမ ကိုင္ထားတဲ့ ညာဘက္ေျခေထာက္ေလးကို ၾကည့္လိုက္တယ္။
ခ်ဴးလ်န္က နည္းနည္းေတာ့ လိပ္ျပာမလုံသလိုျဖစ္သြားရတယ္၊ သူက သူမေမးတာကို ျပန္မေျဖဘဲ တေနရာထဲကိုဘဲ စူးစိုက္ၾကည့္ေနတယ္၊ ဒါကိုျမင္ေတာ့ ခ်ဴးလ်န္က သူမ ဝတ္စုံ အနားစေလးကို ဆြဲဖုံးၿပီး အေၾကာင္းျပခ်က္ေပးလိုက္တတယ္ "ဒါက ဘာမွ မဟုတ္ပါဘူး နည္းနည္းပါးပါး အဆစ္လြဲသြားတာပါ"
တဖက္လူက ဘာမွ ျပန္မေျပာလာေတာ့ ခ်ဴးလ်န္ကလည္း ထပ္ၿပီး စိတ္မ႐ွည္ေတာ့ဘူး၊ ဒါနဲ႔ တဖက္လူကို ေဒါသအၾကည့္ေလးနဲ႔ ျပန္စိုက္ၾကည့္လိုက္တယ္၊ ဒါေပမယ့္ တဖက္လူရဲ႕ မ်က္ဝန္းေတြထဲက ေအးစက္မႈေတြကို ခံစားမိေတာ့ သူမ ေျခေထာက္ကို ဆြဲဖုံးထားတဲ့ ဝတ္႐ုံစေလးကေတာင္ အားေလ်ာ့သြားရတယ္။
ေဟးစန္းလန္က အေပၚကေန သူမကို စူးစိူက္ၾကည့္ေနတယ္၊ သူရဲ႕ စူး႐ွတဲ့ မ်က္ဝန္းေတြက သူမရဲ႕ အစိမ္းေရာင္စကတ္ေအာက္နားမွာ ဖုံးထားတဲ့ နီရဲေနတဲ့ ေျခေထာက္ေလးကို ျမင္လိုက္ရတယ္။
ေဟးခ်န္ဒီရဲ႕ မ်က္ဝန္းေတြ က်ဥ္းေျမာင္းသြားတယ္၊ သူက ခြင့္ျပဳခ်က္ေတာင္မေတာင္းဘဲနဲ႔ သူမ လက္ကို ဆြဲယူၿပီး အနားစကို လွန္ၾကည့္လိုက္တယ္၊ သူျမင္လိုက္ရတာက သူမရဲ႕ ေသးေသးသြယ္သြယ္ ညာဘက္ေျခေထာက္ေလးက တိရစၧာန္ ေထာင္ဖမ္းတဲ့ ညႇပ္နဲ႔ ဖမ္းမိေနတာကိုဘဲ၊ သူမ်က္ဝန္းေတြက အခ်ိန္မေ႐ြး မီးထေတာက္ေတာ့မလို ျဖစ္လာတယ္။
"ဒီေတာ့ ဒါက အဆစ္လြဲ႐ုံေလးေပါ့ ၊ဟုတ္လား "ပုံမွန္ သူ႕အသံက ဆြဲငင္ၿပီး ေခ်ာ့ေမာ့တတ္တဲ့ ပုံျဖစ္ေပမယ့္ အခုေတာ့ ေရခဲလႊာေတြ အထပ္ထပ္ဖုံးအုပ္ထားသလို ခံစားရလို႔ ခ်ဴးလ်န္ေတာင္ ေၾကာက္ၿပီး တုန္တက္သြားတယ္။
ခ်ဴးလ်န္ကလည္း သူဒီေလာက္ လက္ျမန္မယ္လို႔ မထင္ထားဘူးေလ၊ သူက ဆန္႔က်င္ဘက္ လိင္ၾကားက စည္းမ်ဥ္းေတြကို ဘာမွ ထည့္မတြက္ဘဲ သူမ စကတ္စကို အျမန္ႀကီး လွန္ခ်လိုက္တယ္။
ဒီမုတ္ဆိတ္ေတြနဲ႔ လူႀကီးက ဘယ္ေလာက္ေတာင္ ဆိုးဝါးလိုက္လဲ။
တခ်ိန္တည္းမွာဘဲ ခ်ဴးလ်န္က ႐ွက္႐ြံမႈနဲ႔ မေက်မနပ္ျဖစ္မႉေလးကို ပါ ခံစားလိုက္ရတယ္၊ သူမကို သထိထား မၾကည့္ဘဲနဲ႔ကို သူမ နား႐ြက္ဖ်ားေတြ ရဲတက္ေနတာကို ျမင္ႏိုင္တယ္၊ဒါေပမယ့္ သူရဲ႕ အျပစ္တင္ဆူပူေနတဲ့ အသံကို ၾကားလိုက္ရေတာ့ သူမရဲ႕ ျပန္ေခ်ပမယ့္စကားေတြက ဆက္မထြက္လာေတာ့ဘူး။
ဒီ ေထာင္ေခ်ာက္ထဲမွာ သူမလည္း မမိခ်င္ပါဘူးေနာ္..ဒါေတြက သူမ အမွားမွ မဟုတ္ဘဲနဲ႔။
စိတ္မခ်မ္းမသာနဲ႔ သူမ စိတ္ထဲကေနဘဲ ျပန္ေျပာေနမိတယ္။
အျပင္ပိုင္းမွာေတာ့ သူမရဲ႕ အျပင္ပုံစံနဲ႔ အတြင္းစိတ္ေတြက ဆန္႔က်င္ဘက္ျဖစ္လို႔ေနတယ္။
သူမက ေခါင္းေလးကို ငုံထားၿပီး မ်က္ေတာင္႐ွည္ႀကီးေတြေတာင္ တဆတ္ဆတ္ တုန္ေနတယ္၊ သူမ ၾကည့္ရတာ အဆူခံရလို႔ ေၾကာက္ေနတဲ့ ယုန္ငယ္ေလးလို သနားစဖြယ္ေလး ျဖစ္ေနတယ္။
သူမက ဘယ္လိုဘဲ အျပစ္မကင္းတဲ့ ပုံစံေလး သ႐ုပ္ေဖာ္ေနေပမယ့္ ေဟးစန္းလန္ရဲ႕ ဆူပူမယ့္ဆုံးျဖတ္ခ်က္ကေတာ့ နည္းနည္းမွ ေလ်ာ့မသြားဘူး။
ဟမ့္ ..ဒီမာယာမ်ားတဲ့ မိန္းမက သနားစရာေကာင္းေအာင္ လာၿပီး သ႐ုပ္ေဆာင္ေနတယ္။
ခ်ဴးလ်န္က ေဟးစန္းလန္လက္ထဲက သူမ စကတ္စကို ျပန္ဆြဲယူၿပီး သူမေျခေထာက္ကို ဖုံးလိုက္တယ္ ။
"႐ွင္..ဘာလို႔ ဒီလိုလုပ္တာလဲ"
ေဟးစန္းလန္အတြက္ေတာ့ ၿဂိဳလ္ဆိုးက မကုန္ေသးတဲ့ပုံဘဲ၊ သူ႕အသံက ပို ခက္ထန္ၿပီး ေအးစက္လိူ႕လာတယ္၊ သူက ခ်ဴးလ်န္ရဲ႕ အျပဳအမူကို အေလးမထားဘဲ သတိေပးသလိူနဲ႔ ေျပာလိုက္တယ္ "မင္း လက္ေတြကို ဖယ္လိုက္"
ဒီလူရဲ႕ ေအးစက္ၿပီး ျပင္းထန္တဲ့ အ႐ွိန္အဝါေတြက သူမကို တကယ္ဘဲ ထိတ္လန္႔ေစတယ္၊ ဒါေပမယ့္ သူမက သူ႕မ်က္လုံးေတြကို ျပန္စိုက္ၾကည့္ၿပီး သတၱိစုၿပီး ေျပာလိုက္တယ္ " လူႀကီးမင္း ၊အမ်ိဳး သားနဲ႔ အမ်ိဳးသမီးေတြၾကားမွာ သင့္ေတာ္တဲ့ အကြာေဝးတစ္ခု ထားသင့္တယ္ေလ၊ ဒါကို ကြၽန္မဘာသာ လုပ္လိုက္ပါ့မယ္ "
ေျပာၿပီးတာနဲ႔ ခ်ဴးလ်န္က သူမ စကတ္စကို တင္းတင္းက်ပ္က်ပ္ဆြဲကိုင္ၿပီး အေလွ်ာ့မေပးဘဲ ေခါင္းမာတတ္တဲ့ မ်က္ဝန္းေလးေတြနဲ႔ ေဟးစန္းလန္ကို စိုက္ၾကည့္လိုက္တယ္။
ေဟးစန္းလန္ကေတာ့ ခ်က္ခ်င္းဘဲ ေဒါသေတြ အျပည့္နဲ႔ ျဖစ္လာတယ္ ။
ဟက္! အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ၾကားက အကြာအေဝးလား
သူမက သူမရဲ႕ ခင္ပြန္းကိုေတာင္မွ ဒီ ႐ူးေၾကာင္ေၾကာင္စည္းမ်ဥ္းေတြ လာ႐ြတ္ျပေနတယ္။
သိပ္ေကာင္းတယ္။
ဒီ မူရာမာယာမ်ားတဲ့ မိန္းမ ဘယ္ေလာက္ခံႏိုင္ရည္႐ွိလဲဆိုတာ သူ ဒီေန႔ ေစာင့္ၾကည့္လိုက္မယ္။
ေဟးခ်န္ဒီက သူမ ေျခက်င္းဝတ္ေလးကို လႊတ္ခ်လိုက္ၿပီးေတာ့ မတ္တပ္ထရပ္လိုက္တယ္၊ သူက တဖက္ကို ေလွ်ာက္သြားၿပီး ေက်ာပါေပးထားလိုက္တယ္။
မုတ္ဆိတ္ေတြနဲ႔ လူက မၾကည့္ေတာ့ဘူးဆိုတာ ေသခ်ာမွ ခ်ဴးလ်န္လည္း သက္ျပင္းခ်မိေတာ့တယ္၊ သူမ တခ်က္ခိုးၾကည့္မိေတာ့ ေျဖာင့္မတ္ေနတဲ့ သူရဲ႕ ေက်ာျပင္က်ယ္ကို ျမင္လိုက္ရတယ္၊ သူ ဒီဘက္ကို ထပ္မၾကည့္ဘူးဆိုတာ ေသခ်ာမွ ခ်ဴးလ်န္က သူမ ရဲ႕ ေျခက်င္းဝတ္ကို ဖူံးထားတာကို ဆြဲဖယ္လိုက္တယ္။
ဒါကနည္းနည္းေလာက္ လႈပ္႐ွားလိုက္တာနဲ႔ကို အသက္႐ႈရပ္မတတ္နာတာဘဲ။
ေစာေစာက မုတ္ဆိတ္ေတြနဲ႔ လူကိုဘဲ အာ႐ုံစိုက္ေနမိေတာ့ နာမွန္း မသိသာဘူး၊ အခုေတာ့ ႏွစ္ဆ သုံးဆေလာက္ကို ပိုနာေနၿပီ။
သူမက အဆင္ေျပတဲ့ ပုံစံေလး ေျပာင္းထိုင္ၿပီးေတာ့ သူမ ေျခေထာက္ကို ညႇပ္မိေနတဲ့ ေထာင္ေခ်ာက္ကို ကေလာ္ၿပီး ဆြဲဖယ္ဖို႔ ႀကိဳးစားတယ္။
ဒါေပမယ့္ ဒီေထာင္ေခ်ာက္က အျပင္က ျမင္ေနရသေလာက္ ဖယ္ဖို႔ မလြယ္ကူလွဘူး၊ သူမ ေျခေထာက္ကလည္း ညႇပ္မိေနေတာ့ အားကုန္ထုတ္သုံးလို႔ကလည္းမရဘူး၊ ေထာင္ေခ်ာက္က အရမ္း ၿမဲေနေတာ့က် သူမ အႀကိမ္အေတာ္ႀကိဳးစားတာေတာင္မွ ဖယ္မရဘူး၊ ဆန္႔က်င္ဘက္အေနနဲ႔ သူမကေတာ့ နာက်င္မႈေၾကာင့္ အားေတြ ကုန္လူနီးပါးျဖစ္ေနၿပီ။
သူမ အသက္ျပင္းျပင္း ႐ွဴလိုက္မိတယ္၊ ၿပီးေတာ့ သူမနဲ႔ မနီးမေဝးမွာ ႐ွိေနတဲ့ မုတ္ဆိတ္ေတြနဲ႔ လူကို တုံဆိုင္းဆိုင္းနဲ႔ လွမ္းၾကည့္မိတယ္၊သူမ သူ႕ဆီက အကူညီေတာင္းခ်င္ေပမယ့္ ေစာေစာက သူ႕ အကူအညီကို ျငင္းပယ္ထားမိေတာ့ သူမရဲ႕ မာနက အဲ့လိုလုပ္ဖို႔ ခြင့္မျပဳျပန္ဘူး။
ခ်ဴးလ်န္ကေတာ့ သူမရဲ႕ အသူံးမက် ျဖစ္မႈကိုဘဲ စိတ္ထဲမွာ ႀကိတ္ၿပီး ႀကိမ္းေမာင္းေနမိတယ္။
တဖက္ကေဟးစန္းလန္ကလည္း ခပ္လွမ္းလွမ္းမွာ ရပ္ၿပီး အေရးမစိုက္တဲ့ ပုံဖမ္းေနေပမာ့္ သူ႕မ်က္လုံးေထာင့္ေလးကေန ခ်ဴးလ်န္ကို လွမ္းလွမ္းၾကည့္ေနတယ္။
သူက ဒီေသးငယ္တဲ့ ပုံရိပ္ေလးက အံႀကိတ္ၿပီး ေထာင္ေခ်ာက္ကို ဆြဲဖယ္ေနတာကို ေစာင့္ၾကည့္ေနတယ္၊ သူမ မ်က္ေတာင္ဖ်ားေတြမွာ မ်က္ရည္စေတြ စိုစြတ္ေနတာကိုပါ သူ ျမင္ေနရတယ္။
အေအးဒဏ္ေၾကာင့္ နီရဲေနတဲ့ လက္ေသးေသးေလး ႏွစ္ဖက္က ေထာင္ေခ်ာက္ကို မရမက ဆြဲဖယ္ေနတယ္၊ ဒါေပမယ့္ ဘယ္လိုဘဲ လုပ္လုပ္ေထာင္ေခ်ာက္ကေတာ့ ၿမဲျမံစြာနဲ႔ သူမ ေျခေထာက္ကို ညႇပ္ထားတုန္းဘဲ၊ အဆုံးမွာေတာ့ သူမက သိပ္အားနည္းလြန္းေနတယ္၊ သူမ ေျခေထာက္ကလည္း ေထာင္ေခ်ာက္မွာ ညႇပ္မိေနတုန္းဘဲ ၊ဒဏ္ရာကေနလည္း ေသြးေတြက တစိမ့္စိမ့္ထြက္ေနလို႔ သူမ အေတာ္ ပင္ပန္းေနၿပီ။
ေဟးခ်န္ဒီစိတ္ထဲ ပိုတင္းၾကပ္လာလို႔ ဆက္ၿပီး ရပ္မေနႏိုင္ေတာ့ဘူး၊သူ႕ရဲ႕ တကယ့္ပုံရိပ္အမွန္ကို ေမ့ထားၿပီး သူမနဲ႔ အေပးအယူလုပ္ခဲ့တဲ့ သူ႕ကိုယ္သူဘဲ က်ိန္ဆဲေနမိတယ္။
ဒီအမ်ိဳးသမီးေျပာတဲ့ ဘာစည္းမ်ဥ္းျဖစ္ျဖစ္ သူဘက္က လ်စ္လ်ဴ႐ႈလိုက္ၿပီ၊ သူက သူမလက္ေတြကို သူ႕ လက္ေမာင္းၾကားမွာ ဆြဲယူထားလိုက္တယ္၊ ၿပီးေတာ့ သူ႕ရဲ႕ ပုံမွန္ဩ႐ွ႐ွ အသံနဲ႔ သတိေပးစကားဆိုလိုက္တယ္ " မလႈပ္နဲ႔ မဟုတ္ရင္ မင္းေျခေထာက္က တသက္လုံး သုံးမရေတာ့ဘဲ ျဖစ္သြားမယ္"
(T/N -spoilေပးလိုက္မယ္ ေနာက္အပိုင္းနည္းနည္းေလာက္ေရာက္ရင္ ဒီလင္မယား စkissပါၿပီ🤭)