(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)
Chapter (142-1)_ မြေးချွေးမကို လက်စွပ်အပ်နှင်းခြင်း
ဒါက တပ်မှူးဟောင်းကြီးရဲ့ဇနီးသည်က ချန်ထားရစ်တဲ့ လက်စွပ်ဖြစ်နိုင်တယ်မလား။ ဒီလိုတွေးမိပြီး ရှုနင်က ချွေးပြန်လာပြီး သူ့အင်္ကျီနောက်ကျောကို စိုစွတ်လာစေသည်။
"ဒီလက်စွပ်က ရှိနေတာကြာပြီ၊ ငါ့ အဖွားရဲ့လက်ထက်ကတည်းက လက်ဆင့်ကမ်းခဲ့တာ ငါ့တို့လက်ထပ်တဲ့ အမျိုးသမီးတွေကိုပဲ ပေးရမယ့် လက်စွပ်ဖြစ်တယ်။ "
ဒီလက်စွပ်က ခင်ပွန်းယောင်္ကျားတွေက သူတို့ရဲ့ဇနီးတွေဆီကို ပေးရတယ်။ ယခုအချိန်တွင်သူ့တွင်သွေးသားရင်းချာ ဆိုလို့ သူ့ မြေး ရှုဟိန်သာ ကျန်ရစ်ခဲ့ပြီး ရှုဟိန် ချစ်သောသူမှာ ရှုနင်သာဖြစ်သည့်အတွက် ဒီလက်စွပ်လေးက ရှုနင်အတွက်သာ ဖြစ်သည်။
တပ်မှူးက လက်စွပ်လေးကို ကြည့်ကာ ရှုနင်ကို နူးညံ့သောလေသံဖြင့်ပြောခဲ့သည်
"သိမ်း ထားလိုက်ပါ။ ဒါကို နောင်တချိန်မှာ ရှောင်ဟိန်ရဲ့ချွေးမကိုပေးနိုင်တာပေါ့... "
ဒါက အာလူးပူပူတစ်လုံးပဲ! လက်စွပ်သည် ပေါ့ပါးသော အရာတစ်ခု သာဖြစ်သော်လည်း ယခုအခါ အဲ့ဒါက တောင်တစ်ခုထက် ပိုလေးလံနေ သည်၊ ပုံမှန် သူ ရင်ဆိုင်ရမည့် ဖိအား အမျိုးအစား မဟုတ်ပေ။
သို့သော် ရှုနင်က ဒါကို လက်ခံပြီးတပ်မှုးဟောင်း အဖိုးကို လေးနက်စွာကျေးဇူးတင်ခဲ့သည်။ ရှုဟိန်ကို သူကလွဲလို့ ဘယ်သူမှ ပေးနိုင်မည်မဟုတ်ပေ။
ဤအရာသည် သူ့အဆင့်အတန်း၏ လက္ခဏာဖြစ်သောကြောင့် ရှုနင်က ဒါကို လက်လျှော့လိမ့်မည်မဟုတ်ချေ။
တပ်မှူးဟောင်းကြီးကကျေနပ်စွာ ခေါင်းညိတ်လိုက် သည်။ ဒီလူငယ်လေးက ငယ်သေးပေမယ့် သူက တာဝန်ယူတတ်တယ်၊ အနာဂတ်မှာ သူ ဘာလိုချင်လည်း ဆိုတာကိုလည်း သေချာ သိတယ်။ ရှုနင်၏သတင်းအချက်အလင် များစွာကို စစ်ထူထုံး၏အခန်းထဲတွင် စုပုံထားပြီး တပ်မှုးဟောင်းကြီးက ဒီအချက်လက်ကို ဂရုတစိုက်ကြည့်ရှုခဲ့သည်၊ မှတ်စုတစ်ခုတောင်မှ ချန်မထားခဲ့ပေ။
ရှုနင်သည် တွေ့ရခဲသော အလွန်ကောင်းသော ကလေး တစ်ယောက်ဖြစ်သည်ကို သူ သိသည်။ ရှေးကျသော ရှု မိသားစုသည် ရှုဟိန်အားထူးချွန်သူ ဖြစ်လာစေရန်ပြုစု ပျိုးထောင်ပေးခဲ့ပြီး သူသည် သူတို့၏သားကိုပင် အရယူခဲ့သဖြင့် အခု စစ်ထူမိသားစုက ရှုမိသားစုအပေါ် အကြွေးအများကြီး တင်ခဲ့လေပြီ။
သို့သော် ရှုချိန်သည်မည်သည့်လျော်ကြေးမျိုးကိုမျှ မတောင်းခဲ့ပေ၊ ထို့ကြောင့် ရှုချိန်က ပြုစုပေးခဲ့သော ရှုဟိန်အတွက် မောဝ်မိသားစုက ရှုမိသားစုအား လျော်ကြေးငွေကို များစွာပေးခဲ့သည်၊ ဒါက အားလုံးအတွက်ပျော်ရွှင်စရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။
"နင်နင်.....မင်း နောင်အနာဂတ်မှာ ငါ့ကို အဘိုးလို့ခေါ်နိုင်မလား"
"အဘိုး ~"
"လိမ်မာတဲ့ ကလေးလေး ~"
တပ်မှူးအိုကြီးသည်တည်ငြိမ်အေးဆေးသောသူ ဖြစ်သော်လည်း စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ပေ။
ဒီကလေးလေးကို သူ့မှာရှိသမျှ အကုန်ပေးလိုက်ချင် ပေမယ့် နင်နင်ကို လန့်အောင် လုပ်မိမည်စိုးလို့ သူ့စိတ်ကို မနည်းထိန်းလိုက်ရသည်။
"အခုက ပြန်ဖို့ မိုးချုပ်နေပြီ။ အားထုံးက မင်းနဲ့ ရှောင်ဟိန်နေဖို့ အခန်းတစ်ခန်း စီစဉ်ပေးနေပြီ၊ ဒီည ဒီမှာပဲ အိပ်သွားလိုက်တော့"
အပြင်မှာ လင်းနေသေးပေမယ့် ရှုနင်က သက်ကြီးရွယ်အိုတွေကို စိတ်မပျက်စေချင်ပေ။ ပြီးတော့ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အင်အားကြီးမားလှသည့် သမိုင်းထဲက သူရဲကောင်းကြီးကို မျက်နှာချင်းဆိုင်တွေ့ရရင် ဘယ်သူမဆို စိတ်လှုပ်ရှားမိမှာပဲ။ သူက အဖိုးကို စိတ်မပျက်စေချင်လို့ လက်ခံလိုက်သည်။ ဒီလို သူ့တစ်ယောက်တည်း သဘောနဲ့ ညအိပ်လက်ခံလိုက်တာကို ရှုဟိန်က သူ့ကို ဒေါသထွက်နေမလား။ ဒါမှမဟုတ် အခွင့်ကောင်းယူပြီး သူ့ကို တညလုံး လုပ် နေမလားပဲ။ ဒါဆိုရင် သူ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
ညနေခင်းတွင် စစ်ထူအိမ်တော်ကြီးက တိတ်ဆိတ်နေပြီး အပ်ကျရင်တောင် ကြားရမလား ထင်ရသည်။ တကယ်တော့ ဒီအိမ်တော်ကြီးထဲမှာ အိမ်သူအိမ်သားများစွာရှိပေမယ့် အခု ရှုဟိန်နှင့် ရှုနင်တို့ ရောက်နေသဖြင့် သူတို့နှစ်ယောက်ကို အနှောက်ယှက်မဖြစ်စေရန် အားလုံးက အလိုက်တသိ ငြိမ်နေတာ ဖြစ်သည်။
ညနေစာကို စစ်ထူထုံးနှင့် စစ်ထူချန်မင်တို့ သားအဖ နှစ်ယောက်ကိုယ်တိုင် မီးဖိုချောင်ဝင်ကာ ချက်ပြုတ်ပြီးစားပွဲနှင့် အပြည့် ဟင်းများ တည်ခင်းပေး ခဲ့သည်။
မည်သူမျှသတိမထားမိတာကို အခွင့်ကောင်းယူကာ ရှုနင်သည် သူ၏ဖုန်းကို ထုတ်ကာ ခမ်းနားထည်ဝါ လှသော အိမ်တော်ကြီးကို အကြီးအကဲကိုယ်တိုင် ပြင်ဆင်ပေးသည့် ညနေစာကို ဓါတ်ပုံရိုက် ယူထား လိုက်သည်။ ဒီလို အကြီးကဲကိုယ်တိုင် ချက်ပြုတ် ထားတာကို စားရတာ ကောင်းချီး တခုပါပဲ...
ရှုဟိန် သည် အလွန်ပေါ့ပေါ့ပါးပါး ရှိနေကာ ရှုနင်သည်လည်း စိတ်အခြေအနေကောင်းနေ သောကြောင့် စစ်ထူထုံး၏မေးခွန်းများကို ဂရုတစိုက်တုံ့ပြန်ရန်ဆန္ဒရှိ နေခဲ့သည်၊ သူတို့၏နီးစပ်မှုက တိုးတက်မှု ရှိလာပြီး ဒါက ကြီးမားတဲ့ အပြောင်းလဲကြီး တစ်ခု ဖြစ်ခဲ့သည်။
သူတို့ အစာစားပြီးနောက် ရှုနင်သည်ပန်းကန်များကို ဆေးချင်သော်လည်း ရှုဟိန်ကလည်း နင်နင် ဘာလုပ်လုပ် ကူဖို့ အသင့်ဖြစ်နေသည်။ သူတို့ကြားက လေထုသည်ပျားရည်ကဲ့သို့ချိုမြိန်ပြီး ပန်းရောင်ပူဖောင်းများဖြင့် ဝန်းရံထားသလို ခံစားရသည်။
စစ်ထူထုံးနှင့် တပ်မှုးဟောင်း အဖိုးက မြေးလေးနှင့် သူ့အချစ်ကလေးကို ကြည့်ကာ အားကျ မနာလိုဖြစ်လို့နေသည်။
မိန်းမရှိတာ ကောင်းလိုက်တာ....
တပ်မှူးဟောင်းကြီးက သူ့သားကို စလိုက်သည်။
"မင်းနောက်တစ်ယောက် ရှာချင်သေးလား။ "
သူ့မိန်းမက သူ့သား သေဆုံးပြီးကတည်းက သူမဆံပင်ကိုရိတ်ပြီး ဗုဒ္ဓဘာသာဘုရားကျောင်း တစ်ခုမှာ သီလရှင် တစ်ပါး အဖြစ် ဝင်ရောက်သွားခဲ့သည်။
သူတို့က့လက်ထပ်ခဲ့တယ်ဆိုတာ အချစ် မပါဝင်ဘူး၊ ဒါက သူတို့မိသားစု အကျိုးအတွက် လုပ်ခဲ့တာဖြစ်တယ်။
စစ်ထူထုံးသည် သူမအားတတ်နိုင်သမျှ ကောင်းကောင်းဆက်ဆံပေးခဲ့သည်။ အပြန်လှန်လေးစားပြီး ဆက်ဆံခြင်းက သူတို့အတွက် အကောင်းဆုံးဖြစ်မည်ဟု ထင်ခဲ့ပေမယ့် သူမဘက်က မိသားစုက အိမ်ထောင်ရေးကို မတည်မငြိမ်ဖြစ်ရန် လှုံ့ဆော်ပေးခဲ့သည်။
အဆုံးတွင် သူပြောနိုင်သည့် တစ်ခုတည်းသော အရာမှာ သူတို့အတူနေရန် ကံမပါခဲ့ပေ၊ သူမသည် စိတ်ခံစားချက်ကို မထိန်းနိုင်ပဲ သူမ သဘောဖြင့် အိမ်ကို စွန့်ခွာသွားခဲ့သည်။ သူတို့နှစ်ယောက်ကတည်း တစ်ယောက်ကိုတစ်ယောက် ချုပ်နှောင်မထားတော့ဖို့ စဉ်းစားခဲ့ကြသည်။
စစ်ထူထုံးက သူ့အဖေ၏စကားကိုကြားတော့ ခေါင်းယမ်းလိုက်သည်။
"အခ ကျွန်တော် လုပ်ချင်တဲ့တစ်ခုတည်းသော အရာက ရှုဟိန်နဲ့ ရှုနင်တို့ ပျော်ပျော်ရွှင်ရွှင်နေတာကို စောင့်ကြည့်ဖို့ပဲ။ "
"ဒါက အားလုံး ငါ့အပြစ်တွေဘဲ"
တပ်မှူးဟောင်းကြီးက သက်ပြင်းချလိုက်သည်။ ဒါဟာ အတိတ်က သူ့ကြိုးစားမှုကြောင့် မဟုတ်ရင် သူ့သားက ဒီလိုကံဆိုးမိုးမှောင်ကျမှာ မဟုတ်ဘူး။
"မဟုတ်ဘူး၊ ဒါတွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတွေရဲ့ ဆိုးကျိုးတွေပဲ"
သူ့ချစ်သူသည် သူ့ရဲ့ ကလေးကို ကိုယ်ဝန်လွယ်ထားပေမယ့် သူ မသိအောင် ိုဖုံးကွယ်ထားကာ ရှုချိန်ကို လက်ထပ်လိုက်သည်။ စစ်ထူထုံးလည်း ဒီဖြစ်ရပ်မှာ သားကောင်ဖြစ်ခဲ့ သော်လည်း သူ ဘာလုပ်ရမလဲ၊ သူ့အာဏာကို အသုံးချ၍ နှစ်ယောက်စလုံးကို ကွာရှင်းခိုင်းရမှာလား။
ရှုဟိန်ရဲ့အမေဟာ အရင်တုန်းက ဒီလောက် မာနမကြီးခဲ့ရင်၊ အရမ်းရက်စက်မရက်စက်ခဲ့ရင် သူတို့နှစ်ယောက် ထွက်ပြေးပြီး အတူနေဖို့ နည်းလမ်းကို ရှာလို့ရတယ်။ ဒါဆိုရင် သူတို့ နှစ်ယောက်တည်း ဘဝကို ထူထောင်နိုင်လိမ့်မယ်။
ဒီလိုမျိုး နောင်တ တရားကို သူတို့၏နှလုံးသားထဲမှာ တစ်သက်တာလုံး သိမ်းထားဖို့ မလိုတော့ဘူး မဟုတ်လား။
စစ်ထူအိမ်တော်က မောဝ်အိမ်တော်က သမီးဖြစ်သည့် ရှုဟိန်၏ အမေနှင့် ချစ်ကြိုက်နေသည်ကို သဘောမတူပဲ သူတို့ စစ်ထူမိသားစုကဲ့သို့ အခြား စစ်ဘက်သြဇာအာဏာကြီးမားသည့် အိမ်တော်က သမီးတစ်ယောက်နှင့် သဘောတူကာ စေ့စပ်ပေးခဲ့သည်။
ဒါကိုသိတော့ အင်မတန် မာနကြီးလှသည့် မောဝ်မိသားစုက မမလေးက စစ်ထူထုံးကို သူ့ကလေးလွယ်ထားသည့်အကြောင်းမပြောပဲ ထွက်လာခဲ့ပြီး သူမကို တဖက်သတ် ချစ်နေသည့် သူငယ်ချင်းဖြစ်သူ ရှုချိန်နှင့် လက်ထပ်ခဲ့သည်။
ဒါပေမယ့် ရှုဟိန် ၏အမေသည် သူမ တစ်သက်လုံးတွင် စစ်ထူထုံးကိုသာ ချစ်ခဲ့သည်။ ရှုချိန်နှင့် သေသည့်အချိန်ထိ ပေါင်းသင်းခဲ့ပေမယ့် သူမ ရင်ထဲမှာစစ်ထူထုံးပဲ ရှိခဲ့သည်။
ရှုချိန်ကတော့ သူမကို အမြဲ လေးစားကာ ချစ်ခဲ့သည်။ ဒါကြောင့် သူ့သွေးသားမဟုတ်သည့် ရှုဟိန်ကို သူ့သားအရင်းလို သဘောထားကာ ပျိုးထောင်ပေးခဲ့သည်။
ဒါပေမယ့် အလုပ်ခွင်ထဲမှာ ရှုနင်ရဲ့ အမေဖြစ်သူ အတွင်းရေးမှု ချင်ယွိကျိုးက ရှုချိန် က စီးပွားရေးပါတီပွဲကို တက်ရပြီး အရက်မူးနေချိန်မှာ အခွင့်ရေးယူကာ အတူအိပ်ခဲ့သည်။ ရှုနင်ကို ကိုယ်ဝန်လွယ်ခဲ့ရပေမယ့် ရှုချိန်က သူမကို အသိမှတ်မပြုသောကြောင့် ရှုနင်ကို တောမှာ တိတ်တိတ်လေး မွေးပြီး ထားရစ်ကာ ရှုချိန် သူမကို လက်ခံလာသည်အထိ အနားတွင် တွယ်ကပ်ကာ အတွင်းရေးမှုး ဆက်လုပ်လာခဲ့တာဖြစ်သည်။
နောင်တွင် ရှုချိန်ဆီမှာ သားအရင်းဖြစ်သူ ရှုနင်နဲ့ ရှုယောင်းတို့ရှိလာပေမယ့် ရှုဟိန်အပေါ် အချစ်လုံးဝမ လျော့ခဲ့ပေ။
ရှုချန်က ရှုဟိန်ရဲ့အမေအပေါ် ထားသည့် မေတ္တာထုက ဘယ်လောက်ကြီးသည်ကို မျက်ဝါးထင်ထင်မြင်နိုင် သည်။ ချင်ယွိကျိုး ကို လက်ထပ်ခဲ့တယ်ဆို တာကလည်း ရှုဟိန်ရဲ့ မိခင် ကင်ဆာနဲ့ကွယ်လွန် သွားပြီး ရှုယောင်းကို ကိုယ်ဝန်ရှိနေတာကို သိခဲ့လို့ဖြစ်သည်။
ရှုနင်နဲ့ ရှုယောင်းတို့ ရှိလာပေမယ့် ရှုချိန်က သူမအပေါ် ရှုဟိန်ရဲ့အမေကို ချစ်သလောက် မချစ်ပေ။ ဒါကြောင့် သူတို့ကြားက ချစ်ခြင်းမေတ္တာသည် မခိုင်မြဲခဲ့ပေ။ ဒါကြောင့် ချင်ယွိကျိုးက ကောက်ကျစ်သည့် လုပ်ရပ်ကို လုပ်လာတော့ သူက အရမ်းဝမ်းနည်းကာ သူမကို ပြတ်သားစွာ ရှင်းပစ်လိုက်တာဖြစ်သည်။
မွေးစားအဖေ ရှုချိန်နှင့် ရှုဟိန်ကြားက ဆက်ဆံရေးက ပြောစရာမလိုအောင် နွေးထွေးကာ ယုံကြည်လေးနက်သလောက် အဖေရင်း စစ်ထူထုံး နှင့် ရှုဟိန်ကြားက ဆက်ဆံရေးက အေးစက်ကာ
အနည်းငယ်လေးလံနေသည်။
ရှုနင်နှင့် ရှုဟိန် တို့ပန်းကန်ဆေးပြီးလို့ အတူတကွထွက် လာသောအခါ ရှုဟိန် သည် ရှုနင် ၏လက်ကို ပုဝါဖြင့်ခြောက်အောင် ကူညီ သုတ်ပေး နေခဲ့သည်။
စစ်ထူထုံးတို့သားအဖ အတွက်၊ ဒီမြင်ကွင်းက ပန်းချီကားတစ်ချပ်လိုပါပဲ၊ ရှုနင်ကယောက်ျားလေး တစ်ယောက်ဆိုရင်တောင် သူတို့က ဒီအတိုင်း ဆက်သွားနေနိုင်ရင် ကောင်းတာပေါ့။
**********-*************
Chapter (142-1)_ ေျမးေခြ်းမကို လက္စြပ္အပ္နွင္းျခင္း
ဒါက တပ္မႉးေဟာင္းႀကီးရဲ႕ဇနီးသည္က ခ်န္ထားရစ္တဲ့ လက္စြပ္ျဖစ္ႏိုင္တယ္မလား။ ဒီလိုေတြးမိၿပီး ရႈနင္က ေခြၽးျပန္လာၿပီး သူ႔အက်ႌေနာက္ေက်ာကို စိုစြတ္လာေစသည္။
"ဒီလက္စြပ္က ရွိေနတာၾကာၿပီ၊ ငါ့ အဖြားရဲ႕လက္ထက္ကတည္းက လက္ဆင့္ကမ္းခဲ့တာ ငါ့တို႔လက္ထပ္တဲ့ အမ်ိဳးသမီးေတြကိုပဲ ေပးရမယ့္ လက္စြပ္ျဖစ္တယ္။ "
ဒီလက္စြပ္က ခင္ပြန္းေယာက်ၤားေတြက သူတို႔ရဲ႕ဇနီးေတြဆီကို ေပးရတယ္။ ယခုအခ်ိန္တြင္သူ႔တြင္ေသြးသားရင္းခ်ာ ဆိုလို႔ သူ႔ ေျမး ရႈဟိန္သာ က်န္ရစ္ခဲ့ၿပီး ရႈဟိန္ ခ်စ္ေသာသူမွာ ရႈနင္သာျဖစ္သည့္အတြက္ ဒီလက္စြပ္ေလးက ရႈနင္အတြက္သာ ျဖစ္သည္။
တပ္မႉးက လက္စြပ္ေလးကို ၾကည့္ကာ ရႈနင္ကို ႏူးညံ့ေသာေလသံျဖင့္ေျပာခဲ့သည္
"သိမ္း ထားလိုက္ပါ။ ဒါကို ေနာင္တခ်ိန္မွာ ေရွာင္ဟိန္ရဲ႕ေခြၽးမကိုေပးႏိုင္တာေပါ့... "
ဒါက အာလူးပူပူတစ္လုံးပဲ! လက္စြပ္သည္ ေပါ့ပါးေသာ အရာတစ္ခု သာျဖစ္ေသာ္လည္း ယခုအခါ အဲ့ဒါက ေတာင္တစ္ခုထက္ ပိုေလးလံေန သည္၊ ပုံမွန္ သူ ရင္ဆိုင္ရမည့္ ဖိအား အမ်ိဳးအစား မဟုတ္ေပ။
သို႔ေသာ္ ရႈနင္က ဒါကို လက္ခံၿပီးတပ္မႈးေဟာင္း အဖိုးကို ေလးနက္စြာေက်းဇူးတင္ခဲ့သည္။ ရႈဟိန္ကို သူကလြဲလို႔ ဘယ္သူမွ ေပးႏိုင္မည္မဟုတ္ေပ။
ဤအရာသည္ သူ႔အဆင့္အတန္း၏ လကၡဏာျဖစ္ေသာေၾကာင့္ ရႈနင္က ဒါကို လက္ေလွ်ာ့လိမ့္မည္မဟုတ္ေခ်။
တပ္မႉးေဟာင္းႀကီးကေက်နပ္စြာ ေခါင္းညိတ္လိုက္ သည္။ ဒီလူငယ္ေလးက ငယ္ေသးေပမယ့္ သူက တာဝန္ယူတတ္တယ္၊ အနာဂတ္မွာ သူ ဘာလိုခ်င္လည္း ဆိုတာကိုလည္း ေသခ်ာ သိတယ္။ ရႈနင္၏သတင္းအခ်က္အလင္ မ်ားစြာကို စစ္ထူထုံး၏အခန္းထဲတြင္ စုပုံထားၿပီး တပ္မႈးေဟာင္းႀကီးက ဒီအခ်က္လက္ကို ဂ႐ုတစိုက္ၾကည့္ရႈခဲ့သည္၊ မွတ္စုတစ္ခုေတာင္မွ ခ်န္မထားခဲ့ေပ။
ရႈနင္သည္ ေတြ႕ရခဲေသာ အလြန္ေကာင္းေသာ ကေလး တစ္ေယာက္ျဖစ္သည္ကို သူ သိသည္။ ေရွးက်ေသာ ရႈ မိသားစုသည္ ရႈဟိန္အားထူးခြၽန္သူ ျဖစ္လာေစရန္ျပဳစု ပ်ိဳးေထာင္ေပးခဲ့ၿပီး သူသည္ သူတို႔၏သားကိုပင္ အရယူခဲ့သျဖင့္ အခု စစ္ထူမိသားစုက ရႈမိသားစုအေပၚ အေႂကြးအမ်ားႀကီး တင္ခဲ့ေလၿပီ။
သို႔ေသာ္ ရႈခ်ိန္သည္မည္သည့္ေလ်ာ္ေၾကးမ်ိဳးကိုမွ် မေတာင္းခဲ့ေပ၊ ထို႔ေၾကာင့္ ရႈခ်ိန္က ျပဳစုေပးခဲ့ေသာ ရႈဟိန္အတြက္ ေမာဝ္မိသားစုက ရႈမိသားစုအား ေလ်ာ္ေၾကးေငြကို မ်ားစြာေပးခဲ့သည္၊ ဒါက အားလုံးအတြက္ေပ်ာ္႐ႊင္စရာအျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့သည္။
"နင္နင္.....မင္း ေနာင္အနာဂတ္မွာ ငါ့ကို အဘိုးလို႔ေခၚႏိုင္မလား"
"အဘိုး ~"
"လိမ္မာတဲ့ ကေလးေလး ~"
တပ္မႉးအိုႀကီးသည္တည္ၿငိမ္ေအးေဆးေသာသူ ျဖစ္ေသာ္လည္း စိတ္လႈပ္ရွားေနသျဖင့္ သူ႔ကိုယ္သူ မထိန္းႏိုင္ခဲ့ေပ။
ဒီကေလးေလးကို သူ႔မွာရွိသမွ် အကုန္ေပးလိုက္ခ်င္ ေပမယ့္ နင္နင္ကို လန႔္ေအာင္ လုပ္မိမည္စိုးလို႔ သူ႔စိတ္ကို မနည္းထိန္းလိုက္ရသည္။
"အခုက ျပန္ဖို႔ မိုးခ်ဳပ္ေနၿပီ။ အားထုံးက မင္းနဲ႔ ေရွာင္ဟိန္ေနဖို႔ အခန္းတစ္ခန္း စီစဥ္ေပးေနၿပီ၊ ဒီည ဒီမွာပဲ အိပ္သြားလိုက္ေတာ့"
အျပင္မွာ လင္းေနေသးေပမယ့္ ရႈနင္က သက္ႀကီး႐ြယ္အိုေတြကို စိတ္မပ်က္ေစခ်င္ေပ။ ၿပီးေတာ့ တိုင္းျပည္ရဲ႕ ဂုဏ္ေဆာင္ အင္အားႀကီးမားလွသည့္ သမိုင္းထဲက သူရဲေကာင္းႀကီးကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ရရင္ ဘယ္သူမဆို စိတ္လႈပ္ရွားမိမွာပဲ။ သူက အဖိုးကို စိတ္မပ်က္ေစခ်င္လို႔ လက္ခံလိုက္သည္။ ဒီလို သူ႔တစ္ေယာက္တည္း သေဘာနဲ႔ ညအိပ္လက္ခံလိုက္တာကို ရႈဟိန္က သူ႔ကို ေဒါသထြက္ေနမလား။ ဒါမွမဟုတ္ အခြင့္ေကာင္းယူၿပီး သူ႔ကို တညလုံး လုပ္ ေနမလားပဲ။ ဒါဆိုရင္ သူ ခံႏိုင္ရည္ ရွိမွာ မဟုတ္ဘူး။
ညေနခင္းတြင္ စစ္ထူအိမ္ေတာ္ႀကီးက တိတ္ဆိတ္ေနၿပီး အပ္က်ရင္ေတာင္ ၾကားရမလား ထင္ရသည္။ တကယ္ေတာ့ ဒီအိမ္ေတာ္ႀကီးထဲမွာ အိမ္သူအိမ္သားမ်ားစြာရွိေပမယ့္ အခု ရႈဟိန္ႏွင့္ ရႈနင္တို႔ ေရာက္ေနသျဖင့္ သူတို႔ႏွစ္ေယာက္ကို အေႏွာက္ယွက္မျဖစ္ေစရန္ အားလုံးက အလိုက္တသိ ၿငိမ္ေနတာ ျဖစ္သည္။
ညေနစာကို စစ္ထူထုံးႏွင့္ စစ္ထူခ်န္မင္တို႔ သားအဖ ႏွစ္ေယာက္ကိုယ္တိုင္ မီးဖိုေခ်ာင္ဝင္ကာ ခ်က္ျပဳတ္ၿပီးစားပြဲႏွင့္ အျပည့္ ဟင္းမ်ား တည္ခင္းေပး ခဲ့သည္။
မည္သူမွ်သတိမထားမိတာကို အခြင့္ေကာင္းယူကာ ရႈနင္သည္ သူ၏ဖုန္းကို ထုတ္ကာ ခမ္းနားထည္ဝါ လွေသာ အိမ္ေတာ္ႀကီးကို အႀကီးအကဲကိုယ္တိုင္ ျပင္ဆင္ေပးသည့္ ညေနစာကို ဓါတ္ပုံ႐ိုက္ ယူထား လိုက္သည္။ ဒီလို အႀကီးကဲကိုယ္တိုင္ ခ်က္ျပဳတ္ ထားတာကို စားရတာ ေကာင္းခ်ီး တခုပါပဲ...
ရႈဟိန္ သည္ အလြန္ေပါ့ေပါ့ပါးပါး ရွိေနကာ ရႈနင္သည္လည္း စိတ္အေျခအေနေကာင္းေန ေသာေၾကာင့္ စစ္ထူထုံး၏ေမးခြန္းမ်ားကို ဂ႐ုတစိုက္တုံ႔ျပန္ရန္ဆႏၵရွိ ေနခဲ့သည္၊ သူတို႔၏နီးစပ္မႈက တိုးတက္မႈ ရွိလာၿပီး ဒါက ႀကီးမားတဲ့ အေျပာင္းလဲႀကီး တစ္ခု ျဖစ္ခဲ့သည္။
သူတို႔ အစာစားၿပီးေနာက္ ရႈနင္သည္ပန္းကန္မ်ားကို ေဆးခ်င္ေသာ္လည္း ရႈဟိန္ကလည္း နင္နင္ ဘာလုပ္လုပ္ ကူဖို႔ အသင့္ျဖစ္ေနသည္။ သူတို႔ၾကားက ေလထုသည္ပ်ားရည္ကဲ့သို႔ခ်ိဳၿမိန္ၿပီး ပန္းေရာင္ပူေဖာင္းမ်ားျဖင့္ ဝန္းရံထားသလို ခံစားရသည္။
စစ္ထူထံုးနွင့္ တပ္မႈးေဟာင္း အဖိုးက ေျမးေလးနွင့္ သူ႕အခ်စ္ကေလးကို ႀကည့္ကာ အားက် မနာလိုျဖစ္လုိ႕ေနသည္။
မိန္းမရွိတာ ေကာငး္လိုက္တာ....
တပ္မႉးေဟာင္းႀကီးက သူ႕သားကို စလိုက္သည္။
"မင္းေနာက္တစ္ေယာက္ ရွာခ်င္ေသးလား။ "
သူ႔မိန္းမက သူ႕သား ေသဆုံးျပီးကတည္းက သူမဆံပင္ကိုရိတ္ၿပီး ဗုဒၶဘာသာဘုရားေက်ာင္း တစ္ခုမွာ သီလရွင္ တစ္ပါး အျဖစ္ ဝင္ေရာက္သြားခဲ့သည္။
သူတို႔က ႔လက္ထပ္ခဲ့တယ္ဆုိတာ အခ်စ္ မပါဝင္ဘူး၊ ဒါက သူတို႔မိသားစု အက်ိဳးအတြက္ လုပ္ခဲ့တာျဖစ္တယ္။
စစ္ထူထံုးသည္ သူမအားတတ္ႏိုင္သမွ် ေကာင္းေကာင္းဆက္ဆံေပးခဲ့သည္။ အျပန္လွန္ေလးစားျပီး ဆက္ဆံျခင္းက သူတို႕အတြက္ အေကာင္းဆံုးျဖစ္မည္ဟု ထင္ခဲ့ေပမယ့္ သူမဘက္က မိသားစုက အိမ္ေထာင္ေရးကို မတည္မၿငိမ္ျဖစ္ရန္ လႈံ႕ေဆာ္ေပးခဲ့သည္။
အဆုံးတြင္ သူေျပာႏိုင္သည့္ တစ္ခုတည္းေသာ အရာမွာ သူတို႔အတူေနရန္ ကံမပါခဲ့ေပ၊ သူမသည္ စိတ္ခံစားခ်က္ကို မထိန္းနုိင္ပဲ သူမ သေဘာျဖင့္ အိမ္ကို စြန္႕ခြာသြားခဲ့သည္။ သူတို႕ႏွစ္ေယာက္ကတည္း တစ္ေယာက္ကိုတစ္ေယာက္ ခ်ဳပ္ေနွာင္မထားေတာ့ဖို႕ စဥ္းစားခဲ့ႀကသည္။
စစ္ထူထံုးက သူ႕အေဖ၏စကားကိုႀကားေတာ့ ေခါင္းယမ္းလိုက္သည္။
"အခ ကြ်န္ေတာ္ လုပ္ခ်င္တဲ့တစ္ခုတည္းေသာ အရာက ရႈဟိန္နဲ႕ ရႈနင္တို႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတာကို ေစာင့္ၾကည့္ဖို႔ပဲ။ "
"ဒါက အားလံုး ငါ့အျပစ္ေတြဘဲ"
တပ္မႉးေဟာင္းႀကီးက သက္ျပင္းခ်လိုက္သည္။ ဒါဟာ အတိတ္က သူ႔ႀကိဳးစားမႈေႀကာင့္ မဟုတ္ရင္ သူ႔သားက ဒီလိုကံဆိုးမိုးေမွာင္က်မွာ မဟုတ္ဘူး။
"မဟုတ္ဘူး၊ ဒါေတြက ကြ်န္ေတာ့္ရဲ႕ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈေတြရဲ႕ ဆိုးက်ိဳးေတြပဲ"
သူ႕ခ်စ္သူသည္ သူ႕ရဲ႕ ကေလးကို ကိုယ္ဝန္လြယ္ထားေပမယ့္ သူ မသိေအာင္ ိုဖုံးကြယ္ထားကာ ရႈခ်ိန္ကို လက္ထပ္လိုက္သည္။ စစ္ထူထံုးလည္း ဒီျဖစ္ရပ္မွာ သားေကာင္ျဖစ္ခဲ့ ေသာ္လည္း သူ ဘာလုပ္ရမလဲ၊ သူ႔အာဏာကို အသုံးခ်၍ ႏွစ္ေယာက္စလုံးကို ကြာရွင္းခိုင္းရမွာလား။
ရႈဟိန္ရဲ႕အေမဟာ အရင္တုန္းက ဒီေလာက္ မာနမႀကီးခဲ့ရင္၊ အရမ္းရက္စက္မရက္စက္ခဲ့ရင္ သူတို႕နွစ္ေယာက္ ထြက္ေျပးျပီး အတူေနဖို႕ နည္းလမ္းကို ရွာလို႕ရတယ္။ ဒါဆိုရင္ သူတို႕ နွစ္ေယာက္တည္း ဘဝကို ထူေထာင္နိုင္လိမ့္မယ္။
ဒီလိုမ်ိဳး ေနာင္တ တရားကို သူတို႔၏ႏွလုံးသားထဲမွာ တစ္သက္တာလုံး သိမ္းထားဖို႕ မလိုေတာ့ဘူး မဟုတ္လား။
စစ္ထူအိမ္ေတာ္က ေမာဝ္အိမ္ေတာ္က သမီးျဖစ္သည့္ ရႈဟိန္၏ အေမနွင့္ ခ်စ္ႀကိဳက္ေနသည္ကို သေဘာမတူပဲ သူတို႕ စစ္ထူမိသားစုကဲ့သို႕ အျခား စစ္ဘက္ႀသဇာအာဏာႀကီးမားသည့္ အိမ္ေတာ္က သမီးတစ္ေယာက္နွင့္ သေဘာတူကာ ေစ့စပ္ေပးခဲ့သည္။
ဒါကိုသိေတာ့ အင္မတန္ မာနႀကီးလွသည့္ ေမာဝ္မိသားစုက မမေလးက စစ္ထူထံုးကို သူ႕ကေလးလြယ္ထားသည့္အေႀကာင္းမေျပာပဲ ထြက္လာခဲ့ျပီး သူမကို တဖက္သတ္ ခ်စ္ေနသည့္ သူငယ္ခ်င္းျဖစ္သူ ရႈခ်ိန္နွင့္ လက္ထပ္ခဲ့သည္။
ဒါေပမယ့္ ရႈဟိန္ ၏အေမသည္ သူမ တစ္သက္လုံးတြင္ စစ္ထူထံုးကိုသာ ခ်စ္ခဲ့သည္။ ရႈခ်ိန္နွင့္ ေသသည့္အခ်ိန္ထိ ေပါင္းသင္းခဲ့ေပမယ့္ သူမ ရင္ထဲမွာစစ္ထူထံုးပဲ ရွိခဲ့သည္။
ရႈခ်ိန္ကေတာ့ သူမကို အျမဲ ေလးစားကာ ခ်စ္ခဲ့သည္။ ဒါေႀကာင့္ သူ႕ေသြးသားမဟုတ္သည့္ ရႈဟိန္ကို သူ႕သားအရင္းလို သေဘာထားကာ ပ်ိဳးေထာင္ေပးခဲ့သည္။
ဒါေပမယ့္ အလုပ္ခြင္္ထဲမွာ ရႈနင္ရဲ႕ အေမျဖစ္သူ အတြင္းေရးမႈ ခ်င္ယြိက်ိဳးက ရႈခ်ိန္ က စီးပြားေရးပါတီပြဲကို တက္ရျပီး အရက္မူးေနခ်ိန္မွာ အခြင့္ေရးယူကာ အတူအိပ္ခဲ့သည္။ ရႈနင္ကို ကိုယ္ဝန္လြယ္ခဲ့ရေပမယ့္ ရႈခ်ိန္က သူမကို အသိမွတ္မျပဳေသာေႀကာင့္ ရႈနင္ကို ေတာမွာ တိတ္တိတ္ေလး ေမြးျပီး ထားရစ္ကာ ရႈခ်ိန္ သူမကို လက္ခံလာသည္အထိ အနားတြင္ တြယ္ကပ္ကာ အတြင္းေရးမႈး ဆက္လုပ္လာခဲ့တာျဖစ္သည္။
ေနာင္တြင္ ရႈခ်ိန္ဆီမွာ သားအရင္းျဖစ္သူ ရႈနင္နဲ႕ ရႈေယာင္းတို႕ရွိလာေပမယ့္ ရႈဟိန္အေပၚ အခ်စ္လံုးဝမ ေလ်ာ့ခဲ့ေပ။
ရႈခ်န္က ရႈဟိန္ရဲ႕အေမအေပၚ ထားသည့္ ေမတၱာထုက ဘယ္ေလာက္ႀကီးသည္ကို မ်က္ဝါးထင္ထင္ျမင္နုိင္ သည္။ ခ်င္ယြိက်ိဳး ကို လက္ထပ္ခဲ့တယ္ဆုိ တာကလည္း ရႈဟိန္ရဲ႕ မိခင္ ကင္ဆာနဲ႕ကြယ္လြန္ သြားျပီး ရႈေယာင္းကို ကိုယ္ဝန္ရွိေနတာကို သိခဲ့လို႕ျဖစ္သည္။
ရႈနင္နဲ႕ ရႈေယာင္းတို႕ ရွိလာေပမယ့္ ရႈခ်ိန္က သူမအေပၚ ရႈဟိန္ရဲ႕အေမကို ခ်စ္သေလာက္ မခ်စ္ေပ။ ဒါေႀကာင့္ သူတို႕ႀကားက ခ်စ္ျခင္းေမတၱာသည္ မခိုင္ၿမဲခဲ့ေပ။ ဒါေႀကာင့္ ခ်င္ယြိက်ိဳးက ေကာက္က်စ္သည့္ လုပ္ရပ္ကို လုပ္လာေတာ့ သူက အရမ္းဝမ္းနည္းကာ သူမကို ျပတ္သားစြာ ရွင္းပစ္လိုက္တာျဖစ္သည္။
ေမြးစားအေဖ ရႈခ်ိန္နွင့္ ရႈဟိန္ႀကားက ဆက္ဆံေရးက ေျပာစရာမလိုေအာင္ ေနြးေထြးကာ ယံုႀကည္ေလးနက္သေလာက္ အေဖရင္း စစ္ထူထံုး နွင့္ ရႈဟိန္ႀကားက ဆက္ဆံေရးက ေအးစက္ကာ
အနည္းငယ္ေလးလံေနသည္။
ရႈနင္နွင့္ ရႈဟိန္ တို႔ပန္းကန္ေဆးျပီးလို႕ အတူတကြထြက္ လာေသာအခါ ရႈဟိန္ သည္ ရႈနင္ ၏လက္ကို ပုဝါျဖင့္ေျခာက္ေအာင္ ကူညီ သုတ္ေပး ေနခဲ့သည္။
စစ္ထူထံုးတို႔သားအဖ အတြက္၊ ဒီျမင္ကြင္းက ပန္းခ်ီကားတစ္ခ်ပ္လိုပါပဲ၊ ရႈနင္ကေယာက္်ားေလး တစ္ေယာက္ဆိုရင္ေတာင္ သူတို႔က ဒီအတိုင္း ဆက္သြားေနႏိုင္ရင္ ေကာင္းတာေပါ့။