Unicode
ချူးလျန်ကတော့ သူမဘေးက လူက ဘာမှမပြောဘဲ စိုက်ကြည့်နေတာကို မြင်တော့ သူမ ပြောတာတွေကို သိပ်မရှင်းလို့များလားလို့ထင်သွားတယ်။
ဒါနဲ့ သူမက ထပ်ပြီး ပြောလိုက်တယ် "လူကြီးမင်း ရှင့်ကို ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်ပါမယ်၊ ကျွန်မက လက်ထပ်ပြီးသွားပါပြီ"
သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ သူမက လက်ထပ်ပြီးပြီဖြစ်လို့ သူကသာ သူမအပေါ်
မရိုးမသားစိတ်တွေ ရှိနေရင် စွန့်လွှတ်လိုက်ပါပေါ့။
ဟေးစန်းလန်မှာတော့ သွေးအန်လုမတတ်ဘဲ၊စိတ်တိုလွန်းလို့ ခေါင်းထဲကို ဆူးနွယ်တွေ လာထိုးဖောက်နေသလိုကိုတဆစ်ဆစ်နဲ့ဘဲ၊ ဒါပေမယ့် ချူးလျန်က သူမရဲ့ လက်ထပ်ခြင်းကို အမှတ်ရနေသေးတယ်ဆိုတာကို မြင်တော့ နည်းနည်းတော့ စိတ်သက်သာသွားတယ်။
အနည်းဆုံးတော့ ဒီမာယာများတဲ့ မိန်းမက သူ့နေရာသူသိပြီး သူမရဲ့ အဆင့်အတန်းကို ထိန်းရကောင်းမှန်းသိသေးတာဘဲ၊ သူမက အခြားယောက်ျားကို သွေးဆောင်ပြီး သူ့ကို ဦးထုပ်စိမ်းဆောင်းပေးတာမျိုးတော့ မလုပ်ဖူးဘဲ။
သူစိတ်သက်သာရလို့ မကြာသေးခင်မှာဘဲ ချူးလျန်နောက်ထပ်ပြောလာတဲ့ စကားတွေကြောင့် သူမကို လည်ပင်းညှစ်ချင်စိတ်ပေါက်လာတယ်။
ချူးလျန်က စကားဆက်မပြောခင် တဖက်လူရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေသေးတယ်။
သူမက နေရခက်တဲ့ အနေအထားကြီးကို ပျောက်အောင် အသာလေးချောင်းဟန့်ပြီး ဆက်ပြောလာတယ်။
"ဒီလို အေခြအနေကြီးထဲကနေ ကယ်တင်ပေးလို့ ရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်၊ ရှင့်ရဲ့ ဝတ်စုံကို ကြည့်ရတာတော့ ရှင်က လျန်ကျိုး နယ်ခြားစောင့်တပ်ကဘဲဖြစ်လိမ့်မယ်၊ ကျွန်မ ယောက်ျားကလည်း အဲ့ ဒီမှာဘဲလေ၊ သူက ရှင့်ရဲ့ အထက်လူကြီးတောင် ဖြစ်နေမလား မသိဘူး၊ တကယ်လို့ ရှင်သာ ကျွန်မကို အခွင့်အရေးယူမှန်း သူသိသွားရင် ရှင့်လက်တွေကိုတောင် ဖြတ်ပစ်လိုက်လိမ့်မယ် "
ဟေးစန်းလန်ကတော့ စိတ်ထဲမှာ လှောင်ရယ်ရင်းနဲ့ တိတ်တိတ်လေး မှတ်ထားလိုက်ပြီ၊ တကယ်လို့ တယောက်ယောက်ကများ ဒီချူးလျန်ဆိုတဲ့ မိန်းမကို ထိရဲရင် အဲ့ယောက်ျားတွေရဲ့ လက်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်မယ်၊ ဒါပေမယ့် ချူးလျန်ရဲ့ ဖြူဖွေးနေတဲ့ လက်ကလေးတွေက သူမရဲ့ အကျီစကို တင်းကျပ်နေအောင် ဆွဲကိုင်ထားတာကို မြင်တော့ သူ့အကြည့်တွေက ပြန်ပြီး အေးစက်သွားပြန်တယ်။
သူ့ရဲ့ အေးစက်စက် အသွင်ပြင်ကိုချူးလျန်က သတိမပြုမိရှာဘူး၊သူမ ကတော့ ဒီလူကို ပြစ်ဒဏ်တွေ အကြောင်း ကောင်းကောင်းသတိပေးနိုင်ခဲ့ပြီလို့ တွေးနေမိတယ်။
"တကယ်တော့ ရှင့်ကိုလည်း အပြစ်တင်လို့မရပါဘူး၊ဒီဂူထဲမှာ အေးစက်နေတဲ့ အပြင် ရှင်ကလည်း အဆိပ်မိပြီး ဖျားနာနေတယ်လေ၊ ဒီတော့ ဒီလိုတွေ ဖြစ်သွားတာ နားလည်လို့ရပါတယ်၊ ပြီးတော့ တခါမှ မတွေ့ဖူးတဲ့ သူစိမ်းကို အသက်စွန့်ကယ်တင်ခဲ့တယ်ဆိုကတည်းက ရှင်ကကြင်နာတတ်တဲ့သူဘဲ၊ သေချာတယ် ရှင်က ယုံကြည်လို့ရတဲ့ လူဘဲ ဖြစ်မှာပါ၊ ဒီမှာ ကျွန်မတို့တွေ တညလူံးအတူရှိခဲ့တယ်ဆိုတာကို သိတဲ့သူ ဘယ်သူမှ မရှိဘူးလေ၊ ဒီတော့ ဒီကနေ ထွက်သွားခဲ့ရင်တောင် ရှင့်ဘက်က တခွန်းမှ မဟခဲ့ရင် ကျွန်မရဲ့ နာမည်လည်း ပျက်စရာအကြောင်းမရှိတော့ဘူး"
"မိန်းမသားဖြစ်ရတာ မလွယ်လှဘူးလေ၊ ရှင့်မှာလည်း အမေတို့ အစ်မတို့ ရှိမှာပါဘဲ၊ ဒီတော့ ကျွန်မရဲ့ အခြေအနေကို နားလည်စာနာနိုင်မယ်လို့ ထင်ပါတယ် "
ပြောပြီးတာနဲ့ ချူးလျန်က သူမရဲ့ အယ်မွန်ပုံ မျက်လုံးဝိုင်ေလးေတွနဲ့ အပြစ်ကင်းတဲ့ အသနားခံ ပုံစံလေးနဲ့ စိုက်ကြည့်လိုက်တယ်။
တဖက်ကလူ သဘောမတူမချင်း သူမက ဒီလိူ ပူံစံလေးနဲ့ဘဲ စိုက်ကြည့်နေမယ့်သဘောရှိတယ်။
ဟေးစန်းလန်ရဲ့အမူအရာကတော့ ပိုပြီး မည်းမှောင်လာပြီ ၊သူက ဒေါသကို ထိန်းထားရလို့ အသက်ရှုတောင်ကျပ်လာတယ်၊ သူမကို တကယ်ဘဲ စည်းကမ်းတွေနဲ့ ကြပ်မတ်မှ ရမယ်၊ ဒါပေမယ့် သူမက ဒီလို ချစ်စဖွယ် မျက်ဝန်းလေးတွေနဲ့ စိုက်ကြည့်လာပြန်တော့ သူ့ နှလုံးသားက မပျော့ဘဲ မနေနိုင်တော့ဘူး။
ဒီလိုဆိုရင်တောင်မှ သူ့ စိတ်ထဲမှာတော့ ဒေါသလေး နည်းနည်းတော့ ကျန်နေသေးတယ်၊သူက ဘဝတစ်ခုလုံးနဲ့ ရင်းပြီး သူမကို ကယ်ခဲ့တယ်၊ ဒါတောင်မှ သူမက သူမခင်ပွန်းကို မမှတ်မိသေးဘူး၊ သူ့နေရာမှာ အခြားလူတွေဆိုလည်း သူလိုဘဲ ဒေါသထွက်ကြမှာဘဲ။
ဟေးစန်းလန်မှာ စိတ်ဓာတ်တောင်ကျတယ်၊ ဒါပေမယ့် သူမကို သူဘယ်သူဆိုတာ ချက်ချင်းကြီး မပြောပြချင်တော့ဘူး၊သူ့ဇနီး ဆီကနေ ဘယ်လိုရက်စက်တဲ့စကားတွေ ထပ်ထွက်လာပြီး ဘယ်ချိန်မှ သူ့ကိုဖမ်းမိမလဲဆိုတာ စောင့်ကြည့်အုံးမယ်၊ သူမ သူ့ကို မှတ်မိဖို့ ဘယ်လောက်များ ကြာလောက်မလဲ။
စနောက်ချင်တဲ့ အနှောက်စိတ်လေးက သူ့စိတ်ထဲပေါ်လာတယ်၊သူမ ပြောတဲ့ ထူးဆန်းပြီး ရက်စက်လှပါတယ်ဆိုတဲ့ သူမ ယောက်ျားက အရှေ့က လူမှန်းသာ သူမသိသွားရင် ဘယ်လို အမူအရာမျိုး ဖြစ်မလဲဆိုတာ သူတကယ်ဘဲ သိချင်တယ်။
သူက ခါးသီးလှတဲ့ ခံစားချက်တွေကို ဖိနှိပ်ထားပြီး နှုတ်ခမ်းကိုဘဲ မဲ့ပြီး ခေါင်းညိမ့်ပြလိုက်တယ်။
ချူးလျန်ကလည်း တဖက်လူက သဘောတူတာကိုတွေ့တော့မှ သက်ပြင်းချနိုင်တော့တယ်၊သူမက ချက်ချင်းဘဲ ထရပ်ပြီး ပြောလာတယ်" သေချာတာတော့ ကျွန်မ အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကြွေးကို မမေ့ပါဘူး၊ အခုချိန်ကစပြီး ရှင့်မှာ တစ်ခုခု အခက်ကြုံရင် ကျွန်မကို လာရှာလို့ရပါတယ်၊ ဒါက ဘာဘဲဖြစ်နေနေ ကျွန်မ တတ်နိုင်သရွေ့ ကူညီပေးမှာပါ"
ဟေးချန်ဒီရဲ့ အခြေအနေက ပို အဆင်ပြေလာပြီ၊ သူ့အဖျားက အရှင်းကြီး မပျောက်သေးပေမယ့် မနေ့ကထက်တော့ ပိုသက်သာလာပြီ။
ချူးလျန်ရဲ့ ကတိစကားတွေကို ကြားလိုက်တော့ ဟေးချန်ဒီ နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားတယ် ၊ပြီးတော့ အထင်သေးတဲ့ လေသံနဲ့ ပြောလာတယ်"မင်းလို မိန်းမငယ်လေးက ငါ့ကို ဘယ်လို အကူညီ ပေးနိုင်မှာလဲ"
ချူးလျန်ကလည်း မကြည်မသာနဲ့ သူ့ကို ပြန်ဖြေလာတယ် "ကောင်းပြီလေ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ၊ ကျွန်မက ရှင့်ကို မကူညီ နိုင်ဘူးလို့ ဘယ်သူပြောလဲ၊ အခုတောင် ကျွန်မ ရှင့်ကို ကူညီနိုင်တယ်၊ ဒီမှာစောင့်နေ ၊ တခုခု စားဖို့ သွားရှာလိုက်အုံးမယ် "
ဟေးစန်းလန်က ဂူဝကို လှမ်းကြည့်လိုက်တယ်၊ မိုးကတော့ တိတ်သွားပြီ ၊ ဒါပေမယ့် ဂူဝက မြက်ပင်တွေပေါ်မှာ နှင်းတွေက ဖုံးလွှမ်းနေတယ်၊ သူ့စိတ်ထဲ နှာခေါင်းရှုံ့လိုက်တယ်၊ ဒီလောက် ချမ်းအေးနေတဲ့ တောင်ပေါ်ကြီးမှာ ချူးလျန်လို မိန်းမငယ်လေးတယောက်က စားစရာတခုခုရှာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ချူးလျန်က ဟေးချန်ဒီရဲ့ အပြုအမူတွေကို စောင့်ကြည့်နေတော့၊ သူ့ရဲ့ မယုံကြည်ဘဲ အထင်သေးနေတဲ့ ပုံစံကို မြင်လိုက်ရတာက သူမရဲ့ ခေါင်းမာတတ်တဲ့ စိတ်ကလေးကို လာရန်စလိုက်သလိုဘဲ။
သူမက စိတ်ဆိုးတကြီးနဲ့ဘဲ " ဒီမှာဘဲ ထိုင်နေ၊ ဘယ်မှသွားမနေနဲ့ ကျွန်မ မကြာခင်ပြန်လာမယ်"
ချူးလျန်က သူမရဲ့ ခြုံထည်ကို ဆွဲယူပြီး မြန်မြန်ဘဲ ဂူပြင်ကို ထွက်သွားတယ်၊အပြင်ရောက်တာနဲ့ လေအေးတွေကြောင့် သူမရဲ့ အိပ်ချင်မူးတူးစိတ်ကလေးတောက် ပျောက်ကွယ်သွားတယ်။
တော်တော်လေး စိတ်တိုစရာကောင်းတယ်၊ ချူးလျန်က သူမခေါင်းကို ခါပြီး ခြေဆောင့်လို့ ထွက်သွားတယ်။
သူမ ဘာကို ရှာရမလဲ၊ ဘာလို့များ အဲ့ဒီ မုတ်ဆိတ်တွေနဲ့ လူရဲ့ ရန်စတာကို နားယောင်မိရတာလဲ၊ သူက ဘာမှ မပြောဘဲနဲ့ကို သူမ က အစားအစာထွက်ရှာေနမိပြီ။
အခုတော့ ဂူထဲကနေ ထွက်လာပြီးပြီဆိုမှတော့ လက်ဗလာနဲ့ ပြန်လို့မဖြစ်ဘူး၊မဟုတ်ရင် ရှက်လွန်းလို့ သေသွားလိမ့်မယ်။
ချူးလျန်က သက်ပြင်းချပြီး တည်ငြိမ်အောင်လုပ်လိုက်တယ်၊ ပြီးမှ သူမ လက်ရှိကို လက်ခံပြီး ကြုံရာလမ်းကနေ နှင်းထုကို ဖြတ်ပြီး တောအုပ်ထဲဝင်သွားတာ်။
ခဏလောက်လမ်းလျှောက်ပြီးတော့ ဂူထဲက အဖြစ်အပျက်က သူမခေါင်းထဲ ပြန်ဝင်လာတယ်၊ ဒီမုတ်ဆိတ်တွေနဲ့ လူရဲ့ အသံက ရင်းနှီးနေသလိုဘဲ၊ ဒါကို သူမ တနေရာရာမှာ ကြားဖူးပါတယ်၊ ဘယ်နေရာမှာ ကြားဖူးပါလိမ့်၊ ဘယ်နေရာမှာ....
ချူးလျန်က ခေါင်းယမ်းပြီး ဒီအကြောင်းကို ဘေးဖယ်ထားလိုက်တယ်၊ လောကကြီးမှာ ရုပ်တူတဲ့ သူတွေတို့ အသံတူတဲ့ သူတွေတို့ အများကြီး ရှိနေတာဘဲလေ၊ ဒီတော့ ချူးလျန်က ဒါကို ဆက်ပြီးတွေးမနေတော့ဘူး။
ဟေးချန်ဒီကတော့ ချူးလျန်ရဲ့ ပုံရိပ်လေး မြင်ကွင်းထဲက ပျောက်သွားတဲ့ အထိ ငေးကြည့်နေမိတယ်။
ဂူရဲ့ မညီညာတဲ့ ကြမ်းပြင်ကို ငေးကြည့်နေတဲ့ သူ့မျက်ဝန်းတွေက အဓိပ္ပာယ်ဖော်လို့မရနိုင်ဘူး။
ခဏကြာတော့ ဟေးချန်ဒီက ထရပ်လာတယ်၊ ရုတ်ခြည်း ထရပ်လိုက်တာမို့ သူ့ခေါင်းက မူးမိုက်သွားပြီး တကိုယ်လုံး ယိုင်သွားတယ်၊ သူက ဂူနံရံကို ကိုင်ပြီး မျက်လုံးမှိတ်လို့ ခဏနားလိုက်တယ်၊ ခဏနားပြီးတော့ သူ ပိုအဆင်ပြေလာတယ်။
ဟေးစန်းလန်ရဲ့ အခြေအနေက မနေ့ကထက်ပို အဆင်ပြေလာပေမယ့် သူက အဆိပ်မိထားတဲ့ အပြင် အဖျားပါကြီးထားသေးတယ်၊ အဆိပ်အကြွင်းအကျန်တွေ ကျန်နေသေးတော့ သူ့ခန္ဓာကိုယ်က အားနည်းနေတုန်းဘဲ၊ သူ့ ခန္ဓာကိုယ်က ဒီလောက်ထိ အားနည်းနေပေမယ့်လည်း ချူးလျန်က သစ်တောထဲကို
တယောက်တည်း ဝင်သွားတာ မြင်နေရတော့ သူနားမနေနိုင်တော့ဘူး။
ဒီသစ်တော အပြင်ဘက်မှာ တုဟွန်းတွေ ရှိနေမလား ဘယ်သူက သိနိုင်မှာလဲ၊ ချူးလျန်က အဲ့လူတွေနဲ့ ပက်ပင်းကြုံနေရင် ဘယ်လိုလုပ်မလဲ၊ တုဟွန်းတွေနဲ့ မတွေ့ရင်တောင်မှ ဒီတောကြီးက သူမ အတွက် အန္တရာယ်များလွန်းတယ်။
သူက ချူးလျန်ကို အသက်နဲ့ ရင်းပြီး ကယ်ခဲ့ရတာ သူမ တစ်ခုခုထပ်ဖြစ်သွားရင် ဒါတွေက အလကားဖြစ်မသွားဘူးလား။
ဟေးချန်ဒီရဲ့ အမူအရာကတော့ ပုံမှန်လို အေးစက်စက်နဲ့ဘဲ၊ သူက ချူးလျန်အပေါ်ထားတဲ့ စိုးရိမ်စိတ်တွေကို ဒီလို မဆီလျော်တဲ့ ဆင်ခြေတွေနဲ့ ဖုံးကွယ်ပစ်လိုက်တယ်။
ဟေးချန်ဒီက အားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့ဘဲ ဂူအပြင်ကို ထွက်လာတယ်၊ သူက သူ့နောက်လိုက်တွေ ရှာတွေ့နိုင်ဖို့ အမှတ်အသားပြုခဲ့ပြီးတော့ ချူးလျန်ရဲ့ ခြေရာတွေအတိုင်း သူမ နောက်ကို လိုက်လာတယ်။
Zawgyi
"ဒီလို အခြေအနေကြီးထဲကနေ ကယ်တင်ပေးလို့ ရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်၊ ရှင့်ရဲ့ ဝတ်စုံကို ကြည့်ရတာတော့ ရှင်က လျန်ကျိုး နယ်ခြားစောင့်တပ်ကဘဲဖြစ်လိမ့်မယ်၊ ကျွန်မ ယောက်ျားကလည်း အဲ့ ဒီမှာဘဲလေ၊ သူက ရှင့်ရဲ့ အထက်လူကြီးတောင် ဖြစ်နေမလား မသိဘူး၊ တကယ်လို့ ရှင်သာ ကျွန်မကို အခွင့်အရေးယူမှန်း သူသိသွားရင် ရှင့်လက်တွေကိုတောင် ဖြတ်ပစ်လိုက်လိမ့်မယ် "
ပြောပြီးတာနဲ့ ချူးလျန်က သူမရဲ့ အယ်မွန်ပုံ မျက်လုံးဝိုင်လေးတွေနဲ့ အပြစ်ကင်းတဲ့ အသနားခံ ပုံစံလေးနဲ့ စိုက်ကြည့်လိုက်တယ်။
တဖက်ကလူ သဘောမတူမချင်း သူမက ဒီလို ပူံစံလေးနဲ့ဘဲ စိုက်ကြည့်နေမယ့်သဘောရှိတယ်။
သူမ ဘာကို ရှာရမလဲ၊ ဘာလို့များ အဲ့ဒီ မုတ်ဆိတ်တွေနဲ့ လူရဲ့ ရန်စတာကို နားယောင်မိရတာလဲ၊ သူက ဘာမှ မပြောဘဲနဲ့ကို သူမ က အစားအစာထွက်ရှာနေမိပြီ။