ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၁၈)

3.2K 541 4
By CrystalKyi

Unicode

ဒီရက်ပိုင်းတွေမှာ ထန်းမော့သင်ယူနေတဲ့ ခေါင်းစဥ်က ပုံမန်ကျောင်းစာတွေနဲ့ အတိုက်အခိုက်သင်တာတို့အပြင် နောက်ထပ်၂ခုထပ်တိုးလာခဲ့တယ်။

စတော့ဈေးကွက်နဲ့ စိတ်ခံစားချက်တွေကို လေ့လာခွဲဖြားခြင်းတို့ပဲ ဖြစ်တယ်။

ချောင်လန်က စတော့တွေကို စိတ်ဝင်စားတယ်လို့ သိပြီးသွားကထဲက ထန်းမော့က စတော့ဈေးကွက်နဲ့ စပြီးထိတွေ့လာခဲ့တယ်။

ချောင်လန်ပြောတာတော့ သူမက စတော့နတ်ဘုရားရဲ့ ကိုယ်ရေးရာဇဝင်ကိုဖတ်ပြီးသွားတော့ အဲ့တာကိုလေးစားလို့ သူမက သင်ချင်တာလို့ ပြောခဲ့တယ်။ အဲ့ဒီ့စကားတစ်ခွန်းကြောင့်ပဲ ထန်းမော့က အဲ့တာကိုသင်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။

သူက အမြဲတမ်းနည်းလမ်းအမျိုးမျိုးသုံးပြီး ချောင်လန်သူ့အပေါ်ခံစားချက်တွေ ပိုရှိလာအောင် လုပ်ချင်နေတယ်။ အဲ့တာက အချစ်မဟုတ်ဘူးဆိုရင်တောင်ပေါ့။ အဲ့တာအပြင် ချောင်လန်က စတော့တွေကို အရမ်းစိတ်ဝင်စားတယ်လေ။ အဲ့တာကြောင့် သူက ဒါကိုအရင်လေ့လာထားလိုက်မယ်။ အဲ့တာမှ သူချောင်လန့်ကို ဖြေးဖြေးချင်းသင်ပေးလို့ရမှာပေါ့။

ဒါပေမဲ့ စတော့ဈေးကွက်နဲ့ ထိတွေ့ပြီးသွားတဲ့နောက်မှာ ထန်းမော့ကို ပိုပြီးပျော်ရွှင်လာစေတာက ဘာလဲဆိုတော့ သင်္ချာနည်းလမ်းမျိုးစုံကို အသုံးပြုရတာပဲ။ ထန်းမော့က ဒီဟာက သူထင်ထားတာထက်အများကြီး ပိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာ သိရှိလာတယ်။

ဒါပေမဲ့ စတော့တွေနဲ့အတူ ထန်းမော့က စိတ်ခံစားချက်တွေကို ခွဲခြမ်းစိတ်ဖြာတာကိုလဲ ကြိုးကြိုးစားစားလေ့လာခဲ့တယ်။

သူက သူ့စိတ်မသက်မသာဖြစ်တာကို သည်းခံပြီး စိတ်ရောဂါအထူးကုနဲ့ ထပ်ပြခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ သာမန်လူတစ်ယောက်နဲ့ ပိုပြီးတူလာအောင် စိတ်ရောဂါအထူးကုရဲ့ အကြံပေးချက်တွေကိုပဲ လက်ခံခဲ့တယ်။

သူက ဘယ်တော့မှ သာမန်လူတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာ သူသိတယ်။ ဒါပေမဲ့ သူက သာမန်လူမဟုတ်ဘူးဆိုတာကို တစ်ခြားသူတွေမသိအောင်လို့တော့ သူကကြိုးစားလို့ရသေးတယ်လေ။

ဒါပေမဲ့ ပြောတာက လုပ်ရတာထက်ပိုလွယ်တယ်။ စိတ်ခံစားချက်တွေကို ခွဲခြမ်းစိတ်ဖြာတယ်ဆိုတာ အရမ်းကိုခက်ခဲတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး တစ်ဘဝလုံး ဆက်တိုက်လေ့လာသွားဖို့လိုအပ်တယ်လေ။

ဆရာဝန်က သူ့ကို Asperger ရောဂါရဲ့ လက္ခဏာတွေအကြောင်းရေးထားတဲ့ စာအုပ်ကိုပေးခဲ့တယ်။ ဒီစာအုပ်ထဲမှာ လူသားတွေရဲ့စိတ်ခံစားချက် စုစုပေါင်း ၄၁၂မျိုးကို ဖော်ပြထားပြီး စိတ်ခံစားချက်တွေအကုန်လုံးကို မတူညီတဲ့အဖွဲ့၂၄ဖွဲ့ ခွဲခြားထားတယ်။

သူလုပ်ရမှာက အဲ့ဒီ့၄၁၂မျိုးသော စိတ်ခံစားချက်တွေအကုန်လုံးကို မှတ်မိအောင်လုပ်ပြီး သူ့ရင်ဘတ်ထဲမှာ သိမ်းထားဖို့ပဲ။ သူက အဲ့တာတွေကို နားမလည်ဘူး။ အဲ့တာကြောင့် သူက အဲ့စိတ်ခံစားချက်တွေရဲ့ အဓိပ္ပာယ်ကို မှတ်မိဖို့လိုတယ်။ ပြီးတော့ အဲ့စိတ်ခံစားချက်တစ်ခုချင်းစီက ပြသမဲ့ အမူအရာတွေ အပြုအမူတွေကို သေချာမှတ်မိဖို့လိုတယ်။

လူတစ်ယောက်က ငိုနေရင် သူဘာလုပ်ဖို့လိုလဲ။ ပြီးတော့ တစ်ယောက်ယောက်က ရယ်နေရင်ရော သူဘာလုပ်နေသင့်လဲ။ ဒါတွေအားလုံးကို စာအုပ်ထဲမှာ ရေးထားတယ်။ သူနားမလည်ရင်တောင် မသိရင်တောင် ဒါတွေအားလုံးက သင်ယူလို့ရတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ ထန်းမော့က စိတ်ရောကိုယ်ရော ပင်းပန်းသွားတယ်။

သူက နားမလည်ဘူးဆိုတော့ လူတစ်ယောက်ရဲ့ အမူအရာတစ်ခုခုကိုတွေ့ရင် တစ်ခြားသူတွေက ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာကို သူကသူ့မှတ်ဥာဏ်ထဲမှာပဲ လိုက်ရှာရတော့တယ်။

သူက သူ့တုံ့ပြန်မှုက မြန်နေအောင်လဲ သူ့ကိုယ်သူလေ့ကျင့်ရတယ်။ ဘာလို့လဲဆိုတော့ သူကနှေးနေရင် တစ်ချို့လူတွေက သူ့ကိုထုံထိုင်းတယ်လို့ ထင်သွားကြရင်ထင်သွားကြနိုင်တယ်လေ။ သူက ဟန်ဆောင်နေတယ်ဆိုတာ ဘယ်သူမှသိလို့မရဘူး။

ထန်းမော့ဦးနှောက်က အချိန်အကြာကြီးအတွင်းမှာ ဘယ်လောက်တောင် မြန်မြန်ပြေးနေရလဲဆိုတာ ဘယ်သူမှသိနိုင်မှာ မဟုတ်ဘူး။

သူ့ရဲ့ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့ရဲ့ အာရုံကြောတွေက အရမ်းကို စုပြုံရှုပ်ထွေးနေတယ်လို့ ခံစားနေရတယ်။ တစ်ခုခုကိုသင်ယူရလို့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်တယ်ဆိုတာ သူတစ်ခါမှ မခံစားခဲ့ဖူးတဲ့အရာပဲ။ ဒါပေမဲ့ အကျိုးသက်ရောက်မှုကတော့ မထင်မှတ်ထားလောက်အောင် ကောင်းတယ်လေ။

ထန်းမော့က ကြိုးကြိုးစားစားနဲ့ အသိပညာတွေကို စုပ်ယူခဲ့ပြီး သူ့ကိုယ်သူ တုပတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်အောင် ပြောင်းနိုင်ခဲ့တယ်။ သိပ်မကြာလိုက်ဘူး သူက တက်နိုင်သမျှ အချိန်တိုအတွင်းမှာပဲ စကားပြောတဲ့နေရာမှာ အများဆုံးသုံးကြတဲ့ မျက်နှာထားတွေ အမူအရာတွေကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်လာတယ်။

မကြာခင်မှာပဲ လူတစ်ချို့က စပြောလာကြတယ် နောက်ဆုံးတော့ ထန်းမော့က မျက်နှာသေကြီးနဲ့ မဟုတ်တော့ဘူးဆိုပြီးတော့ပေါ့။ ပြီးတော့ ထန်းမော့ တစ်ကယ်တမ်းတော့ ပေါင်းသင်းရတာ မခက်ပါဘူးလို့လဲ တစ်ချို့လူတွေက ပြောလာကြတယ်။

ထန်းမော့က ပိုပိုပြီး ပေါင်းသင်းတက်လာတယ် ဖော်ရွေတက်လာတယ်လို့ အားလုံက ထင်လာကြတဲ့အချိန်မှာ ချောင်လန်တစ်ယောက်ပဲ စိတ်ထဲမှာ အရမ်းကိုပူပန်လာပြီး တစ်ခုခုမှားယွင်းနေတယ်ဆိုတဲ့ ခံစားချက်ကြီး ခံစားလာခဲ့ရတယ်။

ထန်းမော့က ဒီလောက်အမြန်ကြီး ကြီးထွားလာခဲ့တယ်၊ ပြောင်းလဲလာခဲ့တယ်။ ချောင်လန်က သတိမထားမိခဲ့ဘူး။

သူက ချောင်လန့်နဲ့ မျက်နှာချင်းဆိုင်တဲ့အချိန်ကျမှ သူက သူမကို သူ့ရဲ့အစစ်အမှန်ဖြစ်နေသေးတဲ့ အပိုင်းတွေကို ပြသနိုင်တာဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူ့ရင်ထဲမှာ သူထိန်းချုပ်လို့မရတဲ့ တစ်ခုခုရှိနေတာမလို့လေ။

ချောင်လန်က သူ့ကို ဘာဖြစ်တာလဲလို့ မေးလာတဲ့ အချိန်ကျ သူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ လိမ်ပြောနိုင်နေပြီလေ။

သူက စိတ်ရောဂါအထူးကုဆီကနေ ကုသမှုခံယူနေတာလို့ ပြောတယ်။ ပြီးတော့ တစ်ကယ်လို့ သူက အခုတလော ထူးထူးခြားခြားပြုမူနေတယ်ဆိုရင် အဲ့တာက ဆရာဝန်က သူ့ကို အဲ့လိုလုပ်ခိုင်းလို့လို့ ပြောတယ်။

သူ့စကားတွေရဲ့ ၈၀ရာခိုင်နှုန်းလောက်ကသာ မှန်ပေမဲ့ ဒါက တစ်ကယ်ပဲ ဆရာဝန်က သူ့ကို အကြံပေးခဲ့တာလေ ဒါပေမဲ့ ဆရာဝန်က သူ့ကို တစ်ခြားအကြောင်းတစ်ခုကိုလဲ သတိပေးခဲ့သေးတယ်ဆိုတာကိုတော့ ထန်းမော့က ချောင်လန့်ကို မပြောပြခဲ့ဘူး။

ဆရာဝန်ကပြောတယ် Asperger ရောဂါရှိတဲ့လူကြီးတွေက သူတို့ရဲ့ တုပနိုင်စွမ်းတွေကို အသုံးပြုလာကြတဲ့အချိန်မှာ သူတို့တွေက သာမန်လူတွေလိုပဲ ပြောဆိုဆက်ဆံနိုင်လာတယ်။ ပြီးတော့ တစ်ချို့ဆိုရင် အရမ်းကောင်းကောင်းလုပ်နိုင်လွန်းလို့ သူတို့က တစ်ခြားသူတွေထက် ပိုပြီး နာမည်ကြီးလာကြတယ်။ ဒါပေမဲ့ အရာအားလုံးက အရမ်းကောင်းနေတယ်လို့ ထင်နေရပေမဲ့ အဲ့တာက ဘေးဒုက္ခကြီးရဲ့ အစပျိုးမှု လက္ခဏာတစ်ခုပဲ ဖြစ်တယ်။

ဘာလို့လဲဆိုတော့ အဲ့အချိန်မှာ အဲ့လူရဲ့ ကမ္ဘာတစ်ခုလုံးက အမှန်တရားတွေနဲ့ လိမ်ညာမှုတွေက ရောနှောလာတာမလို့လေ။

မကြာခင်မှာပဲ အတွေ့အကြုံပိုရှိတဲ့ လူက တစ်ခြားသူတွေရဲ့ အတွေးတွေကို သူတို့ရဲ့ အပြုအမူတွေ စကားလုံးတွေကတစ်ဆင့် မြန်ဆန်စွာ ဖတ်နိုင်လာတယ်။ ပြီးတော့ အဲ့ဒီ့အသိပညာတွေအပေါ်မှာ မှီခိုရင်းနဲ့ ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုတစ်ခုကို ထွင်းထုနိုင်လာတယ်။

အဲ့အချိန်ကစပြီး ပေါင်းသင်းဆက်ဆံရတာနဲ့ တစ်ခြားသူတွေကို ဖတ်ရတာက ပိုပြီးလွယ်ကူလာတယ်။ ပြီးတော့ အဲ့တာနဲ့ပဲ ဖတ်ထားတဲ့စာကြောင်းတွေက ဝေဝါးလာပြီး ဘယ်ဟာက အလိမ်အညာလဲဆိုတာ အဲ့လူကိုယ်တိုင်တွေ ခွဲခြားနိုင်တော့မှာ မဟုတ်ဘူး။

--------------------------------

တစ်နေ့ပြီးတစ်နေ့ ရာသီဥတုက အေးအေးလာခဲ့တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲအေးပါစေ ကောင်လေးတွေရဲ့ ဘတ်စကတ်ဘော ကစားချင်စိတ်ကိုတော့ မသက်ရောက်ခဲ့ဘူး။

ဆောင်းတွင်းမှာ မြေကြီးတွေခဲနေလို့ ထိခိုက်ဒဏ်ရာရဖို့လွယ်တာကြောင့် ဆရာဆရာမတွေက အားလုံးကို ဘတ်စကတ်ဘောမဆော့ကြဖို့ အမြဲသတိပေးထားကြပေမဲ့ နှင်းမကျသရွေ့တော့ ဘတ်စကတ်ဘောကွင်းထဲမှာ လူတွေအမြဲရှိနေတာပဲ။

ချောင်လန့် နေ့တိုင်း ဘတ်စကတ်ဘောကွင်းဘက်ကနေ ဖြတ်သွားလေ့ရှိတယ်။ ဒါပေမဲ့ တစ်ချက်ကြည့်လိုက်တော့ သူမတစ်ခါမှ မမြင်ဘူးတဲ့ အတန်းအငယ်တွေကိုပဲ တွေ့ရတယ်။ ဒါကလဲဘာလို့လဲဆိုတော့ စီနီယာတွေအများစုက ဒီရက်ပိုင်းတွေမှာ ဘတ်စကတ်ဘော စကားဖို့ အချိန်မရှိကြတော့လို့လေ။

သူမစာသင်ခန်းကိုသွားတဲ့လမ်းမှာ ပိုင်ယွီနဲ့စကားပြောနေရင်း သူမက ဘတ်စကတ်ဘောကွင်းဘက်ကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ တစ်ခါထဲနဲ့ကိုပဲ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး ကောင်လေးတွေကြားထဲမှာ ဖြူဖြူဝဝ ကောင်လေးကို သူမတွေ့လိုက်တယ်။

ချောင်ယွမ်.....

သူမချောင်ယွမ့်ကို မတွေ့မိတာ အတော်ကြာပြီ။ သူမတွေ့ရသလောက်တော့ ချောင်ယွမ်က အရပ်အတော်လေးရှည်လာတာပဲ။ ဒါပေမဲ့ အရင်ကထက်တော့ နည်းနည်းပိန်သွားသလိုပဲ။ သူက အရင်ကလို ဝဝနဲ့ပုပုလုံးလုံံးကောင်လေး မဟုတ်တော့ဘူး။ အရပ်ရှည်ရှည်နဲ့ အားသန်ပြီးဝတဲ့ ကောင်လေးဖြစ်လာခဲ့တယ်။ သူ့ကိုယ်လုံးနဲ့ ဘတ်စကတ်ဘောလုံးကို ကိုင်ပြီး ကွင်းထဲမှာ ပတ်ပြေးနေတာက အရမ်းကို ပင်ပန်းနေပုံပေါ်တယ်။

ချောင်လန်က နည်းနည်းအံ့ဩသွားခဲ့တယ်။ ချောင်ယွမ်က ဘတ်စကတ်ဘောကစားတက်မှန်း သူမမထင်ထားခဲ့ဘူး။ ဒါပေမဲ့ အဲ့တာက ဒီတိုင်းဖြတ်ပြေးသွားတဲ့ အတွေးလေးတစ်ခုပါပဲ။ ဘာပဲပြောပြော သူကသူမနဲ့ ဘာမှမှ မဆိုင်တာပဲလေ။ အဲ့တာကြောင့် သူမကလဲ ခေါင်းကိုပြန်လှည့်လိုက်ပြီး အဲ့ကိစ္စကို အနောက်မှာပဲ ချန်ထားခဲ့လိုက်တော့တယ်။

နောက်၁၀ရက်နီးပါးလောက်ကြာတော့မှ ကျောင်းမှာ လူနာတင်ကားသံ ရုတ်တရက်ကြားခဲ့ရတယ်။ အဲ့တာနဲ့ ကျောင်းသားကျောင်းသူအများစုက သိချင်လို့ အပြင်ဘက်ကို ကြည့်လိုက်ကြတယ်။

လူနာတင်ကားက မြန်မြန်လာပြီး မြန်မြန်ထွက်သားခဲ့တယ်။ အတန်းလဲဆင်းရော အားလုံးက ဘာဖြစ်ခဲ့တာလဲဆိုတာ စပ်စပ်စုစုနဲ့ စုံစမ်းကြတော့တယ်။ ကျောင်းရဲ့အတင်းအဖျင်းသတင်းတွေက အလုပ်လုပ်တာ အရမ်းကိုမြန်တယ်။ နေ့လည်လောက်ကျ ဘာဖြစ်ခဲ့တာလဲဆိုတာ အားလုံးနီးပါးသိကုန်ကြပြီလေ။

အထက်တန်းကျောင်းသားတစ်ယောက်က ဘတ်စကတ်ဘောကစားနေရင်းနဲ့ လဲကျသွားပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာတဲ့။ PE ဆရာကလဲ အရမ်းကိုကြောက်သွားပြီး ချက်ချင်းကို 120 ကို ဖုန်းခေါ်ခဲ့တာတဲ့။

ဆရာဆရာမတွေအားလုံးကို အရေးပေါ်အစည်းအဝေးခေါ်ခဲ့တယ်။ နောက်အတန်းချိန်ကျတော့ အတန်းကြီးတွေရဲ့ အတန်းပိုင်ဆရာတွေက ဒီကိစ္စကို ဥပမာပေးပြီး ကျောင်းသားတွေကို ဘတ်စကတ်ဘောကစားဖို့ကို တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့တယ်။

အတန်းထဲက ကောင်လေးတွေက သက်ပြင်းချလိုက်ကြတယ်။ သူတို့ကစားချင်ရင်တောင်မှ သူတို့မှာ ကစားဖို့အချိန်က မရှိဘူးလေ။

အထက်တန်းကျောင်းဘဝက အရမ်းပျင်းဖို့ကောင်းတာပဲ။ ပြီးတော့ အတန်းအကြီးဆုံး ကျောင်းသားတွေဖြစ်ရတာကလွဲပြီး ကျောင်းမှာရှိသမျှ ကောင်းတဲ့အရာတွေအကုန်လုံးကို သူတို့ဆီက လုယူထားကြတာလေ။

PE ချိန်တွေအကုန်လုံးကို တစ်ခြားဆရာတွေက အကုန်ယူထားကြတယ်။ ပြီးတော့ entertainment program တွေမျိုးစုံကိုလဲ ဖျက်သိမ်းထားတယ်။ ဥပမာပြောရရင် နာမည်ကြီးတဲ့ နှစ်သစ်ကူးပါတီပွဲက တစ်ခြားအတန်းတွေအကုန်လုံးကို ပါဝင်ခွင့်ပေးထားတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ စီနီယာကျောင်းသားတွေကိုတော့ ပယ်ထားတယ်လေ။ ဒါပေမဲ့ အဲ့တာက အဆိုးဆုံးမဟုတ်သေးဘူး။ အဆိုးဆုံးကတော့ သူတို့ရဲ့ ၃ရက်ရှိတဲ့အားလပ်ရက်ကို ၁ရက်အဖြစ် တိုအောင်လုပ်ပစ်လိုက်တာပဲ။

တစ်ခန်းလုံးက လောကကြီးရဲ့ မတရားမှုတွေကို အော်ငိုနေကြတဲ့အချိန်မှာပဲ ချောင်လန်က ထန်းမော့ဘက်ကို တစ်ချက်ကြည့်လိုက်တော့ ထန်းမော့စားပွဲပေါ်မှာ နောက်ထပ်စာအုပ်အထူကြီး တစ်အုပ်ရှိနေတာကို တွေ့လိုက်ရတယ်။

အခုတလော ထန်းမော့က ဒီစာအုပ်ကို နေ့တိုင်းနေ့ကိုင်နေတာလေ။

ချောင်လန် အဲ့စာအုပ်ကိုတစ်ခါမြင်ဖူးတယ်။ အဲ့တာက စတော့exchange အကြောင်းကို ပရော်ဖက်ရှင်နယ်ကျကျ ရေးထားတဲ့ စာအုပ်လေ။ အဲ့တာက begineer လေးတွေအတွက် လမ်းညွှန်ထားတဲ့ စာအုပ် မဟုတ်ဘူး။ အဲ့တာက အရမ်းကိုနက်နဲပြီး အသေးစိတ်ကျတဲ့စာအုပ်လေ။ အရင်တုန်းက finance သင်ဖူးထားတဲ့ ချောင်လန်တောင်မှ စာရွက်အနည်းငယ်လောက် လှန်ကြည့်ပြီးသွားတာနဲ့ ကြောင်သွားရတယ်။

ပိုင်ယွီက သက်ပြင်းချလိုက်တယ်။ ပြီးတော့မှ ထန်းမော့က ဒီလောက် အထက်တန်းရဲ့ အတင်းမာဆုံးအချိန်မှာ ဒါမျိုးကို အပျော်အနေနဲ့လဲဖတ်သေးတယ်၊ ပြီးတော့ အဆင့်၁နေရာကိုလဲ ထိန်းထားနိုင်သေးတယ်လို့ ပြောလိုက်တယ်။ သက်ပြင်းချပြီးသွားတော့ သူမက ထန်းမော့ကို ဘာလို့ရုတ်တရက်ကြီး စတော့ကိုလေ့လာရတာလဲလို့ သိချင်လို့မေးလိုက်တယ်။ တုံ့ပြန်တဲ့အနေနဲ့ ထန်းမော့က " ဒါက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ "

ချောင်လန်က လက်နဲ့ မေးထောက်ပြီး ကောင်လေးရဲ့ နူးညံ့တဲ့ ပုံရိပ်လေးကို ကြည့်လိုက်တယ်။ သိပ်မကြာသေးခင်တုန်းက ထန်းမော့က သူမကို ဘာလို့ finance သင်ချင်တာလဲလို့ မေးခဲ့တာကို သူမတွေးမိသွားတယ်။

ဘာလို့လဲဆိုတော့ သူမက စတော့ကို နည်းနည်းစိတ်ဝင်စားလို့လို့ ပြန်ဖြေခဲ့တာ။

Finance မေဂျာကိုယူပြီးသွားတဲ့အချိန်မှာ finance ကိုလေ့လာတာက စတော့ exchange မှာ သိပ်ပြီး အထောက်အကူမဖြစ်ဘူးဆိုတာကို သူမသိလိုက်ရပေမဲ့လဲ အဲ့တာက တစ်ကယ့်အဲ့အကြောင်းရင်းကြောင့်ပဲ စသင်ခဲ့တာလေ။ အဲ့တာကြောင့် ထန်းမော့က သူမကိုမေးတော့ သူမက အဲ့လိုပြန်ဖြေခဲ့လိုက်တာ။

တစ်ကယ်လို့ သူမမှတ်မိတာ မှန်မယ်ဆိုရင် ထန်းမော့က အဲ့ဘက်ပိုင်းကစာအုပ်တွေကို စဖတ်လာတာက သူမအဲ့လိုပြောပြီးသွားတဲ့ နောက်တစ်နေ့မှာပဲ။

ချောင်လန်က အတွေးမလွန်မိစေနဲ့လို့ သူမကိုယ်သူမ တစ်ခါမကသတိပေးပေမဲ့ ထန်းမော့က အဲ့တာကို တမင်သက်သက်လေ့လာတာက သူမကြောင့်လား ဆိုပြီး သူမက သိချင်နေသေးတာပဲ။

ချောင်လန်က လက်မောင်းပေါ်မှာ ခေါင်းအုံးလိုက်ပြီး ထန်းမော့ကို စိုက်ကြည့်နေခဲ့တယ်။ သူမက နည်းနည်းလေးပဲ စိုက်ကြည့်တာက ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့ အတန်းပိုင်ဆရာက ဆူပုတ်ပြီးနေကြတဲ့ အတန်းဖော်တွေနဲ့ စကားနိုင်လုနေတုန်းမလို့လေ။

ထန်းမော့က အစကထဲက လူတွေရဲ့ အကြည့်တွေကို sensitive ဖြစ်တယ်လေ။ ဒါ့ထက်ပိုတာက ချောင်လန်က သူ့ကိုစိုက်ကြည့်နေတာ အကြာကြီးရှိနေပြီလေ။

ဒီအသိကြောင့်မလို့ ထန်းမော့က သူမမျက်လုံးတွေသူ့အပေါ်မှာ ရှိနေတာကို အစောကြီးကထဲက သိနေခဲ့တာ။ ပြီးတော့ သူ့နှလုံးခုန်နုန်းကလဲ ရုတ်တရက် အရမ်းမြန်လာခဲ့တယ်။ သူ့စာအုပ်ပေါ်က လက်ချောင်းတွေက အလိုလို သူ့မျက်လုံးကို ပွတ်မိသွားတယ်။ ပြီးတော့ သူ့နှုတ်ခမ်းတွေက အပြုံးလေးအဖြစ် နည်းနည်းကွေးတက်သွားတယ်။

ခေါင်းလေးကို နည်းနည်း ငုံ့လိုက်ပြီး သူက ဘေးကိုလှည့်လိုက်ကာ ချောင်လန့်အကြည့်နဲ့ ဆုံလိုက်တယ်။ " ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး " ချောင်လန်က လက်ကိုခါလိုက်ပြီး အမြန်ပြောလိုက်တယ်။ ပြီးတော့မှ သူမအကြည့်က ထန်းမော့လက်ထဲက စာအုပ်ပေါ်ကို ကျသွားတယ်။ " မော့မော့ နင်သင်ပြီးသွားလို့ရှိရင် ငါ့ကိုသင်ပေးဖို့ မမေ့နဲ့နော်။ "

ငါက အစကထဲက နင့်ကို သင်ပေးဖို့ လေ့လာခဲ့တာပဲလေ.........

ထန်းမော့က တွေးလိုက်တယ်။ ဒါပေမဲ့ ဘာမှမပြောခဲ့ဘူး။ အဲ့အစား သူက ခေါင်းညိမ့်လိုက်ပြီး သူဘာတွေတွေးနေတာလဲဆိုတာ သူမအစအနလေးတောင် မသိသွားအောင် လုပ်လိုက်တယ်။

ချောင်လန်က ထန်းမော့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘာပုံမန်မဟုတ်တာမှ မတွေ့ရဘူး။

ထန်းမော့က သူ့မျက်နှာမှာ ဘာအမူအရာမှ သိပ်မပြဘူးလေ။ အဲ့တာကြောင့်လဲ ချောင်လန်က သူ့မျက်နှာအစားသူ့မျက်လုံးတွေကို ကြည့်တက်အောင် လုပ်ခဲ့တယ်။ အဲ့တာတောင်မှ ချောင်လန့်အတွက် ဖတ်ဖို့က ခက်ခဲနေသေးတယ်။ ဒါပေမဲ့ အခုအဲ့တာတွေကို ကြည့်လိုက်တော့ ဘယ်အချိန်ကထဲက စခဲ့တာမှန်းတော့ မသိဘူး ထန်းမော့က သူမကိုကြည့်နေတဲ့အချိန်တိုင်း သူ့မျက်လုံးတွေက အမြဲပြုံးနေတယ်ဆိုတာ ချောင်လန် သိလိုက်ရတယ်။

ချောင်လန် ခေါင်းကိုခါလိုက်ပြီး သူမရဲ့ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ရှင်းထုတ်လိုက်တယ်။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။သေချာပေါက် မဖြစ်နိုင်လောက်ပါဘူး။

Zawgyi

ဒီရက္ပိုင္းေတြမွာ ထန္းေမာ့သင္ယူေနတဲ့ ေခါင္းစဥ္က ပုံမန္ေက်ာင္းစာေတြနဲ႔ အတိုက္အခိုက္သင္တာတို႔အျပင္ ေနာက္ထပ္၂ခုထပ္တိုးလာခဲ့တယ္။

စေတာ့ေဈးကြက္နဲ႔ စိတ္ခံစားခ်က္ေတြကို ေလ့လာခြဲျဖားျခင္းတို႔ပဲ ျဖစ္တယ္။

ေခ်ာင္လန္က စေတာ့ေတြကို စိတ္ဝင္စားတယ္လို႔ သိၿပီးသြားကထဲက ထန္းေမာ့က စေတာ့ေဈးကြက္နဲ႔ စၿပီးထိေတြ႕လာခဲ့တယ္။

ေခ်ာင္လန္ေျပာတာေတာ့ သူမက စေတာ့နတ္ဘုရားရဲ႕ ကိုယ္ေရးရာဇဝင္ကိုဖတ္ၿပီးသြားေတာ့ အဲ့တာကိုေလးစားလို႔ သူမက သင္ခ်င္တာလို႔ ေျပာခဲ့တယ္။ အဲ့ဒီ့စကားတစ္ခြန္းေၾကာင့္ပဲ ထန္းေမာ့က အဲ့တာကိုသင္ယူဖို႔ ဆုံးျဖတ္ခဲ့တယ္။

သူက အၿမဲတမ္းနည္းလမ္းအမ်ိဳးမ်ိဳးသုံးၿပီး ေခ်ာင္လန္သူ႔အေပၚခံစားခ်က္ေတြ ပိုရွိလာေအာင္ လုပ္ခ်င္ေနတယ္။ အဲ့တာက အခ်စ္မဟုတ္ဘူးဆိုရင္ေတာင္ေပါ့။ အဲ့တာအျပင္ ေခ်ာင္လန္က စေတာ့ေတြကို အရမ္းစိတ္ဝင္စားတယ္ေလ။ အဲ့တာေၾကာင့္ သူက ဒါကိုအရင္ေလ့လာထားလိုက္မယ္။ အဲ့တာမွ သူေခ်ာင္လန္႔ကို ေျဖးေျဖးခ်င္းသင္ေပးလို႔ရမွာေပါ့။

ဒါေပမဲ့ စေတာ့ေဈးကြက္နဲ႔ ထိေတြ႕ၿပီးသြားတဲ့ေနာက္မွာ ထန္းေမာ့ကို ပိုၿပီးေပ်ာ္႐ႊင္လာေစတာက ဘာလဲဆိုေတာ့ သခ်ၤာနည္းလမ္းမ်ိဳးစုံကို အသုံးျပဳရတာပဲ။ ထန္းေမာ့က ဒီဟာက သူထင္ထားတာထက္အမ်ားႀကီး ပိုစိတ္ဝင္စားစရာေကာင္းတယ္ဆိုတာ သိရွိလာတယ္။

ဒါေပမဲ့ စေတာ့ေတြနဲ႔အတူ ထန္းေမာ့က စိတ္ခံစားခ်က္ေတြကို ခြဲျခမ္းစိတ္ျဖာတာကိုလဲ ႀကိဳးႀကိဳးစားစားေလ့လာခဲ့တယ္။

သူက သူ႔စိတ္မသက္မသာျဖစ္တာကို သည္းခံၿပီး စိတ္ေရာဂါအထူးကုနဲ႔ ထပ္ျပခဲ့တယ္။ ၿပီးေတာ့ သူ႔ကိုယ္သူ သာမန္လူတစ္ေယာက္နဲ႔ ပိုၿပီးတူလာေအာင္ စိတ္ေရာဂါအထူးကုရဲ႕ အႀကံေပးခ်က္ေတြကိုပဲ လက္ခံခဲ့တယ္။

သူက ဘယ္ေတာ့မွ သာမန္လူတစ္ေယာက္မျဖစ္ႏိုင္ဘူးဆိုတာ သူသိတယ္။ ဒါေပမဲ့ သူက သာမန္လူမဟုတ္ဘူးဆိုတာကို တစ္ျခားသူေတြမသိေအာင္လို႔ေတာ့ သူကႀကိဳးစားလို႔ရေသးတယ္ေလ။

ဒါေပမဲ့ ေျပာတာက လုပ္ရတာထက္ပိုလြယ္တယ္။စိတ္ခံစားခ်က္ေတြကို ခြဲျခမ္းစိတ္ျဖာတယ္ဆိုတာ အရမ္းကိုခက္ခဲတဲ့ ဘာသာရပ္တစ္ခုျဖစ္ၿပီး တစ္ဘဝလုံး ဆက္တိုက္ေလ့လာသြားဖို႔လိုအပ္တယ္ေလ။

ဆရာဝန္က သူ႔ကို Asperger ေရာဂါရဲ႕ လကၡဏာေတြအေၾကာင္းေရးထားတဲ့ စာအုပ္ကိုေပးခဲ့တယ္။ ဒီစာအုပ္ထဲမွာ လူသားေတြရဲ႕စိတ္ခံစားခ်က္ စုစုေပါင္း ၄၁၂မ်ိဳးကို ေဖာ္ျပထားၿပီး စိတ္ခံစားခ်က္ေတြအကုန္လုံးကို မတူညီတဲ့အဖြဲ႕၂၄ဖြဲ႕ ခြဲျခားထားတယ္။

သူလုပ္ရမွာက အဲ့ဒီ့၄၁၂မ်ိဳးေသာ စိတ္ခံစားခ်က္ေတြအကုန္လုံးကို မွတ္မိေအာင္လုပ္ၿပီး သူ႔ရင္ဘတ္ထဲမွာ သိမ္းထားဖို႔ပဲ။ သူက အဲ့တာေတြကို နားမလည္ဘူး။ အဲ့တာေၾကာင့္ သူက အဲ့စိတ္ခံစားခ်က္ေတြရဲ႕ အဓိပၸာယ္ကို မွတ္မိဖို႔လိုတယ္။ ၿပီးေတာ့ အဲ့စိတ္ခံစားခ်က္တစ္ခုခ်င္းစီက ျပသမဲ့ အမူအရာေတြ အျပဳအမူေတြကို ေသခ်ာမွတ္မိဖို႔လိုတယ္။

လူတစ္ေယာက္က ငိုေနရင္ သူဘာလုပ္ဖို႔လိုလဲ။ ၿပီးေတာ့ တစ္ေယာက္ေယာက္က ရယ္ေနရင္ေရာ သူဘာလုပ္ေနသင့္လဲ။ ဒါေတြအားလုံးကို စာအုပ္ထဲမွာ ေရးထားတယ္။ သူနားမလည္ရင္ေတာင္ မသိရင္ေတာင္ ဒါေတြအားလုံးက သင္ယူလို႔ရတယ္။

ရက္အနည္းငယ္အတြင္းမွာပဲ ထန္းေမာ့က စိတ္ေရာကိုယ္ေရာ ပင္းပန္းသြားတယ္။

သူက နားမလည္ဘူးဆိုေတာ့ လူတစ္ေယာက္ရဲ႕ အမူအရာတစ္ခုခုကိုေတြ႕ရင္ တစ္ျခားသူေတြက ဘယ္လိုတုံ႔ျပန္ၾကသလဲဆိုတာကို သူကသူ႔မွတ္ဥာဏ္ထဲမွာပဲ လိုက္ရွာရေတာ့တယ္။

သူက သူ႔တုံ႔ျပန္မႈက ျမန္ေနေအာင္လဲ သူ႔ကိုယ္သူေလ့က်င့္ရတယ္။ ဘာလို႔လဲဆိုေတာ့ သူကေႏွးေနရင္ တစ္ခ်ိဳ႕လူေတြက သူ႔ကိုထုံထိုင္းတယ္လို႔ ထင္သြားၾကရင္ထင္သြားၾကႏိုင္တယ္ေလ။ သူက ဟန္ေဆာင္ေနတယ္ဆိုတာ ဘယ္သူမွသိလို႔မရဘူး။

ထန္းေမာ့ဦးေႏွာက္က အခ်ိန္အၾကာႀကီးအတြင္းမွာ ဘယ္ေလာက္ေတာင္ ျမန္ျမန္ေျပးေနရလဲဆိုတာ ဘယ္သူမွသိႏိုင္မွာ မဟုတ္ဘူး။

သူ႔ရဲ႕ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ သူ႔ရဲ႕ အာ႐ုံေၾကာေတြက အရမ္းကို စုၿပဳံရႈပ္ေထြးေနတယ္လို႔ ခံစားေနရတယ္။ တစ္ခုခုကိုသင္ယူရလို႔ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္တယ္ဆိုတာ သူတစ္ခါမွ မခံစားခဲ့ဖူးတဲ့အရာပဲ။ ဒါေပမဲ့ အက်ိဳးသက္ေရာက္မႈကေတာ့ မထင္မွတ္ထားေလာက္ေအာင္ ေကာင္းတယ္ေလ။

ထန္းေမာ့က ႀကိဳးႀကိဳးစားစားနဲ႔ အသိပညာေတြကို စုပ္ယူခဲ့ၿပီး သူ႔ကိုယ္သူ တုပတဲ့ေနရာမွာ ဆရာတစ္ဆူျဖစ္ေအာင္ ေျပာင္းႏိုင္ခဲ့တယ္။ သိပ္မၾကာလိုက္ဘူး သူက တက္ႏိုင္သမွ် အခ်ိန္တိုအတြင္းမွာပဲ စကားေျပာတဲ့ေနရာမွာ အမ်ားဆုံးသုံးၾကတဲ့ မ်က္ႏွာထားေတြ အမူအရာေတြကို မွန္မွန္ကန္ကန္ တုံ႔ျပန္ႏိုင္လာတယ္။

မၾကာခင္မွာပဲ လူတစ္ခ်ိဳ႕က စေျပာလာၾကတယ္ ေနာက္ဆုံးေတာ့ ထန္းေမာ့က မ်က္ႏွာေသႀကီးနဲ႔ မဟုတ္ေတာ့ဘူးဆိုၿပီးေတာ့ေပါ့။ ၿပီးေတာ့ ထန္းေမာ့ တစ္ကယ္တမ္းေတာ့ ေပါင္းသင္းရတာ မခက္ပါဘူးလို႔လဲ တစ္ခ်ိဳ႕လူေတြက ေျပာလာၾကတယ္။

ထန္းေမာ့က ပိုပိုၿပီး ေပါင္းသင္းတက္လာတယ္ ေဖာ္ေ႐ြတက္လာတယ္လို႔ အားလုံက ထင္လာၾကတဲ့အခ်ိန္မွာ ေခ်ာင္လန္တစ္ေယာက္ပဲ စိတ္ထဲမွာ အရမ္းကိုပူပန္လာၿပီး တစ္ခုခုမွားယြင္းေနတယ္ဆိုတဲ့ ခံစားခ်က္ႀကီး ခံစားလာခဲ့ရတယ္။

ထန္းေမာ့က ဒီေလာက္အျမန္ႀကီး ႀကီးထြားလာခဲ့တယ္၊ ေျပာင္းလဲလာခဲ့တယ္။ ေခ်ာင္လန္က သတိမထားမိခဲ့ဘူး။

သူက ေခ်ာင္လန္႔နဲ႔ မ်က္ႏွာခ်င္းဆိုင္တဲ့အခ်ိန္က်မွ သူက သူမကို သူ႔ရဲ႕အစစ္အမွန္ျဖစ္ေနေသးတဲ့ အပိုင္းေတြကို ျပသႏိုင္တာျဖစ္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရင္ထဲမွာ သူထိန္းခ်ဳပ္လို႔မရတဲ့ တစ္ခုခုရွိေနတာမလို႔ေလ။

ေခ်ာင္လန္က သူ႔ကို ဘာျဖစ္တာလဲလို႔ ေမးလာတဲ့ အခ်ိန္က် သူက တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ လိမ္ေျပာႏိုင္ေနၿပီေလ။

သူက စိတ္ေရာဂါအထူးကုဆီကေန ကုသမႈခံယူေနတာလို႔ ေျပာတယ္။ ၿပီးေတာ့ တစ္ကယ္လို႔ သူက အခုတေလာ ထူးထူးျခားျခားျပဳမူေနတယ္ဆိုရင္ အဲ့တာက ဆရာဝန္က သူ႔ကို အဲ့လိုလုပ္ခိုင္းလို႔လို႔ ေျပာတယ္။

သူ႔စကားေတြရဲ႕ ၈၀ရာခိုင္ႏႈန္းေလာက္ကသာ မွန္ေပမဲ့ ဒါက တစ္ကယ္ပဲ ဆရာဝန္က သူ႔ကို အႀကံေပးခဲ့တာေလ ဒါေပမဲ့ ဆရာဝန္က သူ႔ကို တစ္ျခားအေၾကာင္းတစ္ခုကိုလဲ သတိေပးခဲ့ေသးတယ္ဆိုတာကိုေတာ့ ထန္းေမာ့က ေခ်ာင္လန္႔ကို မေျပာျပခဲ့ဘူး။

ဆရာဝန္ကေျပာတယ္ Asperger ေရာဂါရွိတဲ့လူႀကီးေတြက သူတို႔ရဲ႕ တုပႏိုင္စြမ္းေတြကို အသုံးျပဳလာၾကတဲ့အခ်ိန္မွာ သူတို႔ေတြက သာမန္လူေတြလိုပဲ ေျပာဆိုဆက္ဆံႏိုင္လာတယ္။ ၿပီးေတာ့ တစ္ခ်ိဳ႕ဆိုရင္ အရမ္းေကာင္းေကာင္းလုပ္ႏိုင္လြန္းလို႔ သူတို႔က တစ္ျခားသူေတြထက္ ပိုၿပီး နာမည္ႀကီးလာၾကတယ္။ ဒါေပမဲ့ အရာအားလုံးက အရမ္းေကာင္းေနတယ္လို႔ ထင္ေနရေပမဲ့ အဲ့တာက ေဘးဒုကၡႀကီးရဲ႕ အစပ်ိဳးမႈ လကၡဏာတစ္ခုပဲ ျဖစ္တယ္။

ဘာလို႔လဲဆိုေတာ့ အဲ့အခ်ိန္မွာ အဲ့လူရဲ႕ ကမာၻတစ္ခုလုံးက အမွန္တရားေတြနဲ႔ လိမ္ညာမႈေတြက ေရာေႏွာလာတာမလို႔ေလ။

မၾကာခင္မွာပဲ အေတြ႕အႀကဳံပိုရွိတဲ့ လူက တစ္ျခားသူေတြရဲ႕ အေတြးေတြကို သူတို႔ရဲ႕ အျပဳအမူေတြ စကားလုံးေတြကတစ္ဆင့္ ျမန္ဆန္စြာ ဖတ္ႏိုင္လာတယ္။ ၿပီးေတာ့ အဲ့ဒီ့အသိပညာေတြအေပၚမွာ မွီခိုရင္းနဲ႔ ၿပီးျပည့္စုံတဲ့ တုံ႔ျပန္မႈတစ္ခုကို ထြင္းထုႏိုင္လာတယ္။

အဲ့အခ်ိန္ကစၿပီး ေပါင္းသင္းဆက္ဆံရတာနဲ႔ တစ္ျခားသူေတြကို ဖတ္ရတာက ပိုၿပီးလြယ္ကူလာတယ္။ ၿပီးေတာ့ အဲ့တာနဲ႔ပဲ ဖတ္ထားတဲ့စာေၾကာင္းေတြက ေဝဝါးလာၿပီး ဘယ္ဟာက အလိမ္အညာလဲဆိုတာ အဲ့လူကိုယ္တိုင္ေတြ ခြဲျခားႏိုင္ေတာ့မွာ မဟုတ္ဘူး။

--------------------------------

တစ္ေန႔ၿပီးတစ္ေန႔ ရာသီဥတုက ေအးေအးလာခဲ့တယ္။ ဒါေပမဲ့ ဘယ္ေလာက္ပဲေအးပါေစ ေကာင္ေလးေတြရဲ႕ ဘတ္စကတ္ေဘာ ကစားခ်င္စိတ္ကိုေတာ့ မသက္ေရာက္ခဲ့ဘူး။

ေဆာင္းတြင္းမွာ ေျမႀကီးေတြခဲေနလို႔ ထိခိုက္ဒဏ္ရာရဖို႔လြယ္တာေၾကာင့္ ဆရာဆရာမေတြက အားလုံးကို ဘတ္စကတ္ေဘာမေဆာ့ၾကဖို႔ အၿမဲသတိေပးထားၾကေပမဲ့ ႏွင္းမက်သေ႐ြ႕ေတာ့ ဘတ္စကတ္ေဘာကြင္းထဲမွာ လူေတြအၿမဲရွိေနတာပဲ။

ေခ်ာင္လန္႔ ေန႔တိုင္း ဘတ္စကတ္ေဘာကြင္းဘက္ကေန ျဖတ္သြားေလ့ရွိတယ္။ ဒါေပမဲ့ တစ္ခ်က္ၾကည့္လိုက္ေတာ့ သူမတစ္ခါမွ မျမင္ဘူးတဲ့ အတန္းအငယ္ေတြကိုပဲ ေတြ႕ရတယ္။ ဒါကလဲဘာလို႔လဲဆိုေတာ့ စီနီယာေတြအမ်ားစုက ဒီရက္ပိုင္းေတြမွာ ဘတ္စကတ္ေဘာ စကားဖို႔ အခ်ိန္မရွိၾကေတာ့လို႔ေလ။

သူမစာသင္ခန္းကိုသြားတဲ့လမ္းမွာ ပိုင္ယြီနဲ႔စကားေျပာေနရင္း သူမက ဘတ္စကတ္ေဘာကြင္းဘက္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ ၿပီးေတာ့ တစ္ခါထဲနဲ႔ကိုပဲ အရပ္ရွည္ရွည္ပိန္ပိန္ပါးပါး ေကာင္ေလးေတြၾကားထဲမွာ ျဖဴျဖဴဝဝ ေကာင္ေလးကို သူမေတြ႕လိုက္တယ္။

ေခ်ာင္ယြမ္.....

သူမေခ်ာင္ယြမ့္ကို မေတြ႕မိတာ အေတာ္ၾကာၿပီ။ သူမေတြ႕ရသေလာက္ေတာ့ ေခ်ာင္ယြမ္က အရပ္အေတာ္ေလးရွည္လာတာပဲ။ ဒါေပမဲ့ အရင္ကထက္ေတာ့ နည္းနည္းပိန္သြားသလိုပဲ။ သူက အရင္ကလို ဝဝနဲ႔ပုပုလုံးလုံံးေကာင္ေလး မဟုတ္ေတာ့ဘူး။ အရပ္ရွည္ရွည္နဲ႔ အားသန္ၿပီးဝတဲ့ ေကာင္ေလးျဖစ္လာခဲ့တယ္။ သူ႔ကိုယ္လုံးနဲ႔ ဘတ္စကတ္ေဘာလုံးကို ကိုင္ၿပီး ကြင္းထဲမွာ ပတ္ေျပးေနတာက အရမ္းကို ပင္ပန္းေနပုံေပၚတယ္။

ေခ်ာင္လန္က နည္းနည္းအံ့ဩသြားခဲ့တယ္။ ေခ်ာင္ယြမ္က ဘတ္စကတ္ေဘာကစားတက္မွန္း သူမမထင္ထားခဲ့ဘူး။ ဒါေပမဲ့ အဲ့တာက ဒီတိုင္းျဖတ္ေျပးသြားတဲ့ အေတြးေလးတစ္ခုပါပဲ။ ဘာပဲေျပာေျပာ သူကသူမနဲ႔ ဘာမွမွ မဆိုင္တာပဲေလ။ အဲ့တာေၾကာင့္ သူမကလဲ ေခါင္းကိုျပန္လွည့္လိုက္ၿပီး အဲ့ကိစၥကို အေနာက္မွာပဲ ခ်န္ထားခဲ့လိုက္ေတာ့တယ္။

ေနာက္၁၀ရက္နီးပါးေလာက္ၾကာေတာ့မွ ေက်ာင္းမွာ လူနာတင္ကားသံ ႐ုတ္တရက္ၾကားခဲ့ရတယ္။ အဲ့တာနဲ႔ ေက်ာင္းသားေက်ာင္းသူအမ်ားစုက သိခ်င္လို႔ အျပင္ဘက္ကို ၾကည့္လိုက္ၾကတယ္။

လူနာတင္ကားက ျမန္ျမန္လာၿပီး ျမန္ျမန္ထြက္သားခဲ့တယ္။ အတန္းလဲဆင္းေရာ အားလုံးက ဘာျဖစ္ခဲ့တာလဲဆိုတာ စပ္စပ္စုစုနဲ႔ စုံစမ္းၾကေတာ့တယ္။ ေက်ာင္းရဲ႕အတင္းအဖ်င္းသတင္းေတြက အလုပ္လုပ္တာ အရမ္းကိုျမန္တယ္။ ေန႔လည္ေလာက္က် ဘာျဖစ္ခဲ့တာလဲဆိုတာ အားလုံးနီးပါးသိကုန္ၾကၿပီေလ။

အထက္တန္းေက်ာင္းသားတစ္ေယာက္က ဘတ္စကတ္ေဘာကစားေနရင္းနဲ႔ လဲက်သြားၿပီး ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားတာတဲ့။ PE ဆရာကလဲ အရမ္းကိုေၾကာက္သြားၿပီး ခ်က္ခ်င္းကို 120 ကို ဖုန္းေခၚခဲ့တာတဲ့။

ဆရာဆရာမေတြအားလုံးကို အေရးေပၚအစည္းအေဝးေခၚခဲ့တယ္။ ေနာက္အတန္းခ်ိန္က်ေတာ့ အတန္းႀကီးေတြရဲ႕ အတန္းပိုင္ဆရာေတြက ဒီကိစၥကို ဥပမာေပးၿပီး ေက်ာင္းသားေတြကို ဘတ္စကတ္ေဘာကစားဖို႔ကို တင္းတင္းက်ပ္က်ပ္ တားျမစ္ခဲ့တယ္။

အတန္းထဲက ေကာင္ေလးေတြက သက္ျပင္းခ်လိုက္ၾကတယ္။ သူတို႔ကစားခ်င္ရင္ေတာင္မွ သူတို႔မွာ ကစားဖို႔အခ်ိန္က မရွိဘူးေလ။

အထက္တန္းေက်ာင္းဘဝက အရမ္းပ်င္းဖို႔ေကာင္းတာပဲ။ ၿပီးေတာ့ အတန္းအႀကီးဆုံး ေက်ာင္းသားေတြျဖစ္ရတာကလြဲၿပီး ေက်ာင္းမွာရွိသမွ် ေကာင္းတဲ့အရာေတြအကုန္လုံးကို သူတို႔ဆီက လုယူထားၾကတာေလ။

PE ခ်ိန္ေတြအကုန္လုံးကို တစ္ျခားဆရာေတြက အကုန္ယူထားၾကတယ္။ ၿပီးေတာ့ entertainment program ေတြမ်ိဳးစုံကိုလဲ ဖ်က္သိမ္းထားတယ္။ ဥပမာေျပာရရင္ နာမည္ႀကီးတဲ့ ႏွစ္သစ္ကူးပါတီပြဲက တစ္ျခားအတန္းေတြအကုန္လုံးကို ပါဝင္ခြင့္ေပးထားတယ္။ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ စီနီယာေက်ာင္းသားေတြကိုေတာ့ ပယ္ထားတယ္ေလ။ ဒါေပမဲဲ့ အဲ့တာက အဆိုးဆုံးမဟုတ္ေသးဘူး။ အဆိုးဆုံးကေတာ့ သူတို႔ရဲ႕ ၃ရက္ရွိတဲ့အားလပ္ရက္ကို ၁ရက္အျဖစ္ တိုေအာင္လုပ္ပစ္လိုက္တာပဲ။

တစ္ခန္းလုံးက ေလာကႀကီးရဲ႕ မတရားမႈေတြကို ေအာ္ငိုေနၾကတဲ့အခ်ိန္မွာပဲ ေခ်ာင္လန္က ထန္းေမာ့ဘက္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ထန္းေမာ့စားပြဲေပၚမွာ ေနာက္ထပ္စာအုပ္အထူႀကီး တစ္အုပ္ရွိေနတာကို ေတြ႕လိုက္ရတယ္။

အခုတေလာ ထန္းေမာ့က ဒီစာအုပ္ကို ေန႔တိုင္းေန႔ကိုင္ေနတာေလ။

ေခ်ာင္လန္ အဲ့စာအုပ္ကိုတစ္ခါျမင္ဖူးတယ္။ အဲ့တာက စေတာ့exchange အေၾကာင္းကို ပေရာ္ဖက္ရွင္နယ္က်က် ေရးထားတဲ့ စာအုပ္ေလ။ အဲ့တာက begineer ေလးေတြအတြက္ လမ္းၫႊန္ထားတဲ့ စာအုပ္ မဟုတ္ဘူး။ အဲ့တာက အရမ္းကိုနက္နဲၿပီး အေသးစိတ္က်တဲ့စာအုပ္ေလ။ အရင္တုန္းက finance သင္ဖူးထားတဲ့ ေခ်ာင္လန္ေတာင္မွ စာ႐ြက္အနည္းငယ္ေလာက္ လွန္ၾကည့္ၿပီးသြားတာနဲ႔ ေၾကာင္သြားရတယ္။

ပိုင္ယြီက သက္ျပင္းခ်လိုက္တယ္။ ၿပီးေတာ့မ ထန္းေမာ့က ဒီေလာက္ အထက္တန္းရဲ႕ အတင္းမာဆုံးအခ်ိန္မွာ ဒါမ်ိဳးကို အေပ်ာ္အေနနဲ႔လဲဖတ္ေသးတယ္၊ ၿပီးေတာ့ အဆင့္၁ေနရာကိုလဲ ထိန္းထားႏိုင္ေသးတယ္လို႔ ေျပာလိုက္တယ္။ သက္ျပင္းခ်ၿပီးသြားေတာ့ သူမက ထန္းေမာ့ကို ဘာလို႔႐ုတ္တရက္ႀကီး စေတာ့ကိုေလ့လာရတာလဲလို႔ သိခ်င္လို႔ေမးလိုက္တယ္။ တုံ႔ျပန္တဲ့အေနနဲ႔ ထန္းေမာ့က " ဒါက အရမ္းစိတ္ဝင္စားဖို႔ ေကာင္းတယ္။ "

ေခ်ာင္လန္က လက္နဲ႔ ေမးေထာက္ၿပီး ေကာင္ေလးရဲ႕ ႏူးညံ့တဲ့ ပုံရိပ္ေလးကို ၾကည့္လိုက္တယ္။ သိပ္မၾကာေသးခင္တုန္းက ထန္းေမာ့က သူမကို ဘာလို႔ finance သင္ခ်င္တာလဲလို႔ ေမးခဲ့တာကို သူမေတြးမိသြားတယ္။

ဘာလို႔လဲဆိုေတာ့ သူမက စေတာ့ကို နည္းနည္းစိတ္ဝင္စားလို႔လို႔ ျပန္ေျဖခဲ့တာ။

Finance ေမဂ်ာကိုယူၿပီးသြားတဲ့အခ်ိန္မွာ finance ကိုေလ့လာတာက စေတာ့ exchange မွာ သိပ္ၿပီး အေထာက္အကူမျဖစ္ဘူးဆိုတာကို သူမသိလိုက္ရေပမဲ့လဲ အဲ့တာက တစ္ကယ့္အဲ့အေၾကာင္းရင္းေၾကာင့္ပဲ စသင္ခဲ့တာေလ။ အဲ့တာေၾကာင့္ ထန္းေမာ့က သူမကိုေမးေတာ့ သူမက အဲ့လိုျပန္ေျဖခဲ့လိုက္တာ။

တစ္ကယ္လို႔ သူမမွတ္မိတာ မွန္မယ္ဆိုရင္ ထန္းေမာ့က အဲ့ဘက္ပိုင္းကစာအုပ္ေတြကို စဖတ္လာတာက သူမအဲ့လိုေျပာၿပီးသြားတဲ့ ေနာက္တစ္ေန႔မွာပဲ။

ေခ်ာင္လန္က အေတြးမလြန္မိေစနဲ႔လို႔ သူမကိုယ္သူမ တစ္ခါမကသတိေပးေပမဲ့ ထန္းေမာ့က အဲ့တာကို တမင္သက္သက္ေလ့လာတာက သူမေၾကာင့္လား ဆိုၿပီး သူမက သိခ်င္ေနေသးတာပဲ။

ေခ်ာင္လန္က လက္ေမာင္းေပၚမွာ ေခါင္းအုံးလိုက္ၿပီး ထန္းေမာ့ကို စိုက္ၾကည့္ေနခဲ့တယ္။ သူမက နည္းနည္းေလးပဲ စိုက္ၾကည့္တာက ကိစၥမရွိဘူး။ ဘာလို႔လဲဆိုေတာ့ အတန္းပိုင္ဆရာက ဆူပုတ္ၿပီးေနၾကတဲ့ အတန္းေဖာ္ေတြနဲ႔ စကားႏိုင္လုေနတုန္းမလို႔ေလ။

ထန္းေမာ့က အစကထဲက လူေတြရဲ႕ အၾကည့္ေတြကို sensitive ျဖစ္တယ္ေလ။ ဒါ့ထက္ပိုတာက ေခ်ာင္လန္က သူ႔ကိုစိုက္ၾကည့္ေနတာ အၾကာႀကီးရွိေနၿပီေလ။

ဒီအသိေၾကာင့္မလို႔ ထန္းေမာ့က သူမမ်က္လုံးေတြသူ႔အေပၚမွာ ရွိေနတာကို အေစာႀကီးကထဲက သိေနခဲ့တာ။ ၿပီးေတာ့ သူ႔ႏွလုံးခုန္ႏုန္းကလဲ ႐ုတ္တရက္ အရမ္းျမန္လာခဲ့တယ္။ သူ႔စာအုပ္ေပၚက လက္ေခ်ာင္းေတြက အလိုလို သူ႔မ်က္လုံးကို ပြတ္မိသြားတယ္။ ၿပီးေတာ့ သူ႔ႏႈတ္ခမ္းေတြက အၿပဳံးေလးအျဖစ္ နည္းနည္းေကြးတက္သြားတယ္။

ေခါင္းေလးကို နည္းနည္း ငုံ႔လိုက္ၿပီး သူက ေဘးကိုလည့္လိုက္ကာ ေခ်ာင္လန္႔အၾကည့္နဲ႔ ဆုံလိုက္တယ္။ " ဘာျဖစ္လို႔လဲ "

" ဘာမွမျဖစ္ပါဘူး " ေခ်ာင္လန္က လက္ကိုခါလိုက္ၿပီး အျမန္ေျပာလိုက္တယ္။ ၿပီးေတာ့မွ သူမအၾကည့္က ထန္းေမာ့လက္ထဲက စာအုပ္ေပၚကို က်သြားတယ္။ " ေမာ့ေမာ့ နင္သင္ၿပီးသြားလို႔ရွိရင္ ငါ့ကိုသင္ေပးဖို႔ မေမ့နဲ႔ေနာ္။ "

ငါက အစကထဲက နင့္ကို သင္ေပးဖို႔ ေလ့လာခဲ့တာပဲေလ.........

ထန္းေမာ့က ေတြးလိုက္တယ္။ ဒါေပမဲ့ ဘာမွမေျပာခဲ့ဘူး။ အဲ့အစား သူက ေခါင္းညိမ့္လိုက္ၿပီး သူဘာေတြေတြးေနတာလဲဆိုတာ သူမအစအနေလးေတာင္ မသိသြားေအာင္ လုပ္လိုက္တယ္။

ေခ်ာင္လန္က ထန္းေမာ့မ်က္လုံးထဲကို တည့္တည့္စိုက္ၾကည့္လိုက္တယ္။ ဒါေပမဲ့ ဘာပုံမန္မဟုတ္တာမွ မေတြ႕ရဘူး။

ထန္းေမာ့က သူ႔မ်က္ႏွာမွာ ဘာအမူအရာမွ သိပ္မျပဘူးေလ။ အဲ့တာေၾကာင့္လဲ ေခ်ာင္လန္က သူ႔မ်က္ႏွာအစားသူ႔မ်က္လုံးေတြကို ၾကည့္တက္ေအာင္ လုပ္ခဲ့တယ္။ အဲ့တာေတာင္မွ ေခ်ာင္လန္႔အတြက္ ဖတ္ဖို႔က ခက္ခဲေနေသးတယ္။ ဒါေပမဲ့ အခုအဲ့တာေတြကို ၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္ကထဲက စခဲ့တာမွန္းေတာ့ မသိဘူး ထန္းေမာ့က သူမကိုၾကည့္ေနတဲ့အခ်ိန္တိုင္း သူ႔မ်က္လုံးေတြက အၿမဲၿပဳံးေနတယ္ဆိုတာ ေခ်ာင္လန္ သိလိုက္ရတယ္။

ေခ်ာင္လန္ ေခါင္းကိုခါလိုက္ၿပီး သူမရဲ႕ ရႈပ္ေထြးေနတဲ့ အေတြးေတြကို ရွင္းထုတ္လိုက္တယ္။ ဘယ္လိုလုပ္ၿပီးျဖစ္ႏုိင္မွာလဲ။ေသခ်ာေပါက္ မျဖစ္ႏိုင္ေလာက္ပါဘူး။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...