Unicode
မြောက်ပိုင်းဒေသရဲ့ ရာသီဥတုပြောင်းလဲမှုက တစ်ကယ်မှန်းရခက်တယ်။ ဆောင်းရာသီက ရောက်ချင်တာနဲ့ ရောက်ချလာတာပဲ။ အဲ့လို ခန့်မှန်းလို့ မရမှုက အပူချိန်ရုတ်တရက် ပြုတ်ကျသွားတော့ တုတ်ကွေးဖျားနာတွေဖြစ်လာကြတော့တယ်။
ဒီတစ်ခေါက်တော့ တုတ်ကွေးရာသီက ပြင်းပြင်းထန်ထန်ကို ရောက်ချလာတာ ကျောင်းရဲ့စူပါမားကတ်က တစ်ရှူးတွေကိုတောင် ချက်ချင်းပဲ အဝယ်များလာကြတယ်။ ပြီးတော့ ကျောင်းဆေးခန်းကိုသွားပြီး ဆေးသွားယူတဲ့ နှုန်းကလဲ ရုတ်တရက်တိုးလာခဲ့တယ်။
ချောင်လန်က ထန်းမော့ကျွေးတာကို ၂နှစ်နီးပါးလောက်စားလာခဲ့တာလေ။ ပြီးတော့ သူမက နေ့တိုင်းလဲ ပြေးသေးတယ်လေ။ အဲ့တာကြောင့် သူမမှာက ကိုယ်ခံအားကောင်းကောင်းရှိတယ်။ ဒါပေမဲ့ သူမက သူမအဆောင်ကလူတွေဆီကနေ အဖျားကူးတာကနေ မလွတ်ခဲ့ဘူး။ အဲ့တာက တစ်ယောက်ကနေ တစ်ခြား၂ယောက်ကိုကူးတာက စတာပဲ။ ပြီးတော့ အဲ့တာကနေ တစ်ဆင့်ပြီးတစ်ဆင့် သူမဆီကို ကူးလာတော့တာပဲ။
အပြင်ဘက်က ရာသီဥတုက အနှုတ်တောင်ရောက်နေပြီ။ အရမ်းလဲအေးနေတယ်။ အခန်းထဲမှာ အပူပေးစက်တပ်ထားတယ်ဆိုပေမဲ့ သေချာပေါက် အရမ်းနွေးမနေဘူးလေ။
ချောင်လန်က မနက်ခင်းအစောနိုးတုန်းက စာကျက်မလို့လုပ်ကထဲက ခေါင်းကိုက်နေခဲ့တာ။ မနက်ခင်း study ချိန်ရောက်တော့ သူမအတန်းဖော်သူငယ်ချင်းတွေရဲ့ စာကျက်သံတွေက သူမနားထဲကို လည်နေခဲ့တယ်။ ပြီးတော့ သူမရဲ့မူးနေတဲ့ခေါင်းက ပိုပြီးတော့တောင် လေးလာတယ်။ ၂မိနစ်တစ်ခါလောက် နှာချေနေတဲ့ ပိုင်ယွီရဲ့ နှုန်းကိုလိုက်ပြီး ချောင်လန်က စားပွဲပေါ်မှာ အိပ်ပျော်သွားခဲ့တယ်။
အခုက မနက်ခင်းအစောစာကြည့်တဲ့အချိန်ပဲရှိသေးတယ်လေ။ ပြီးတော့ အတန်းချိန်က မပြီးသေးဘူး။ အခုအချိန်က အိပ်ဖို့အချိန်မဟုတ်ဘူးလေ။ ဒါပေမဲ့ ချောင်လန်က မထိန်းနိုင်တော့ဘဲ အိပ်ပျော်သွားတယ်။ သူမ နိုးလာလိုက် အိပ်ပျော်သွားလိုက်နဲ့ ဖြစ်တာ အချိန်ဘယ်လောက်ကြာသွားမှန်း သူမမသိတော့ဘူး။
နောက်ဆုံး သူမခေါင်းထောင်နိုင်ဖို့ အားရှိလာတော့မှ သူမက အခန်းထဲက စင်မြင့်ဘက်ကို လှမ်းကြည့်လိုက်တယ်။ အင်္ဂလိပ်ဆရာက အခုထိရောက်မလာသေးတာကို သူမတွေ့လိုက်ရတယ်။ အဲ့တာနဲ့ ချက်ချင်းကိုပဲ စားပွဲခုံပေါ် ပြန်ပစ်လှဲချလိုက်တော့တယ်။
နောက်ဆုံးတော့ အတန်းကပြီးသွားခဲ့တယ်။ စာသင်ခန်းက နောက်ဆုံးတိတ်ဆိတ်သွားတော့မှ ချောင်လန်လဲ အေးအေးချမ်းချမ်းအိပ်လို့ရတော့တယ်။
အေးစက်နေတဲ့ လက်က သူမနဖူးပေါ်ကို ကျရောက်မလာခင်အထိပေါ့။ အဲ့လက်ကြောင့် ချောင်လန်ရုတ်တရက် လန့်နိုးလာခဲ့တယ်။ ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ သူမက ထန်းမော့ရဲ့ လှပတဲ့အညိုဖျော့ရောင်မျက်လုံးလေးတွေနဲ့ ဆုံတွေ့သွားတယ်။
ကောင်လေးက သူတစ်ခုခုအမှားလုပ်လိုက်မိသလိုမျိုး နည်းနည်းကြောင်သွားတယ်။ ပြီးတော့ သူ့မျက်လုံးတွေကလဲ သူ့မကို နည်းနည်းရှောင်နေတယ်။ ဒါပေမဲ့ သူက သူမဘက်ကိုဆက်ပြီးတိုးလာပြီး ချောင်လန့်ကို အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။ " ငါ့လက်က အရမ်းအေးနေလို့လား "
သူက ချောင်လန့်နဖူးပေါ်ကို လက်မတင်ခင် သူ့လက်တွေကို နွေးအောင်လုပ်ထားခဲ့တာပါ။ ဒါပေမဲ့ ကြည့်ရတာ သူ့လက်အပူချိန်က ချောင်လန့်အတွက် အရမ်းအေးနေတုန်းပဲနဲ့တူတယ်။
ချောင်လန်က ခေါင်းယမ်းလိုက်ပြီး " ဟင့်အင်း " လို့ပြောလိုက်တယ်။ သူမမှာက ခေါင်းမော့ဖို့အားမရှိသေးဘူး။ ပြီးတော့ သူမက ကောင်လေးရဲ့အနောက်ကိုဆုတ်သွားတဲ့ လက်လေးကို စိုက်ကြည့်နေလိုက်တယ်။ သူမကြည့်လိုက်တော့ သူ့ရဲ့ဖြူဖျော့နေတဲ့ လက်ကောက်ဝတ်ပေါ်မှာ ပွန်းပဲ့ရာတစ်ခုကို သေသေချာချာမြင်လိုက်ရတယ်။
ချောင်လန့်ရဲ့ နွေးနေတဲ့လက်က သူ့အလိုလိုပဲ ထန်းမော့လက်ကောက်ဝတ်ကို ဆွဲမိသွားတယ်။
ထန်းမော့အေးခဲသွားတယ်။ သူ့လက်ကောက်ဝတ်က ပွန်းပဲ့ရာက နာလာလို့လား၊ ဒါမှမဟုတ် ချောင်လန့်လက်က အပူချိန်ကြောင့်ပဲလားတော့ သူမသိတော့ဘူး။
သူမဦးနှောက်က အဖျားပိုးဝင်သွားလို့ နည်းနည်းအလုပ်မလုပ်တော့တာနဲ့တူတယ်။ ဒီနေ့ ချောင်လန်က အရင်ကထက်ပိုပြီး နည်းနည်းရဲတင်းနေတယ်။
သူမရဲ့ အနည်းငယ်ဩရှနေတဲ့ အသံနဲ့ သူမက အသံtoneကို နည်းနည်းနူးနူးညံ့ညံ့လေးပြောလိုက်တယ်။ သူမတောင်သတိမထားလိုက်မိဘူး။ " ဒါက ဘာဖြစ်တာလဲ " သူမက လက်ချောင်းလေးတွေနဲ့ ပွန်းပဲ့နေတဲ့နေရာကို သာသာလေးထိလိုက်တယ်။
" ငါတစ်ခုခုနဲ့ မတော်တဆ တိုက်မိသွားတာ " ထန်းမော့က ပြောလိုက်တယ်။
တစ်ကယ်တမ်းက အဲ့တာက သူအတိုက်အခိုက် သင်နေတုန်းက ရခဲ့တဲ့ ဒဏ်ရာဖြစ်တယ်။
ချောင်လန်က ဒဏ်ရာကို အကြာကြီးစိုက်ကြည့်နေပြီးမှ လွှတ်လိုက်တယ်။
" ရူးလိုက်တာ "
သူမရဲ့ရွဲ့ပြောတဲ့ အသံကတောင် နူးညံ့နေပြီး နည်းနည်းတုန်ရီနေတယ်။
ထန်းမော့က အသက်ပြင်းပြင်းရှူလိုက်ပြီး ချောင်လန့်ရဲ့ နီရဲနေတဲ့ ပါးလေးတွေကို ကြည့်လိုက်တယ်။
" နင်ဖျားနေတယ် "
" အင်း " ချောင်လန်က ခေါင်းကို သူမလက်မောင်းထဲကို နောက်တစ်ခါပြန်နှစ်လိုက်တော့တယ်။ " အဖျားနည်းနည်းလေးပဲ ရှိတာပါ။ ဒီလိုခဏလောက်နေလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်။ "
သူမဘေးက ကောင်လေးက စကားပြောတာရပ်သွားတယ်။ ပြီးတော့ ချောင်လန်ကလဲ ခေါင်းမူးလာပြီး နောက်တစ်ခါပြန်အိပ်ပျော်သွားပြန်တယ်။ သူမဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲဆိုတာတော့ သူမမသိဘူး။ အပြင်ဘက်ကလေအေးတွေကို သယ်လာတဲ့ထန်းမော့ကြောင့် သူမနိုးလာခဲ့တယ်။
သူက သူမကို သောက်လို့ရလောက်တဲ့အထိနွေးနေတဲ့ ရေခွက်လေးကို လှမ်းပေးလိုက်တယ်။ ပြီးတော့ တစ်ရှူးနဲ့ ပတ်ထားတဲ့ ဆေးတစ်ချို့ကိုရောပေါ့။ သူမရှေ့က ကောင်လေးက ခေါင်းငုံ့ပြီး ကြီးနေတဲ့ဆေးတောင့်ကို လေးပိုင်းပိုင်းနေတယ်။ ပြီးတော့ သူ့ရဲ့ရှည်လျားတဲ့မျက်တောင်တွေကလဲ အောက်ကိုစိုက်ကျနေတယ်။
" နင် ဆေးဘယ်ကရလာတာလဲ "
" ဆေးဆိုင်က " ထန်းမော့က ချောင်လန့်ကို ဆေးလှမ်းပေးလိုက်တယ်။ " ဆေးသောက်ပြီး အိပ်လိုက်တော့။ ငါတို့လာမဲ့အတန်းချိန်အတွက် ဆရာကို ငါ့ပြောပြီးသွားပြီ။ "
" အင်းပါ " ချောင်လန်က ပြောပြီး ဆေးကိုသောက်လိုက်တယ်။ ပြီးတော့ တိတ်ဆိတ်စွာနဲ့ပဲ စားပွဲခုံပေါ်ကို ဆက်ပြီးလှဲနေလိုက်တယ်။
ဒါပေမဲ့ ခဏလောက်ကြာတော့ ကုတ်အင်္ကျီတစ်ခုက သူမပေါ်ရောက်လာလို့ သူမပုခုံးက နည်းနည်းလေးသွားတယ်။ ချောင်လန်က ထန်းမော့အဝတ်ဗီဒိုထဲကလာတဲ့ ရင်းနီးနေပြီး လတ်ဆက်တဲ့ရနံ့ကို ရလိုက်တယ်။ အဲ့တာနဲ့ သူမက မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တော့ ထန်းမော့က အင်္ကျီပါးပါးလေးကိုပဲ ဝတ်ထားတာကို တွေ့လိုက်ရတယ်။ ကျောင်းယူနီဖောင်းတဲ့ ဂျတ်ကတ်လေးပဲ ဝတ်ထားတာလေ။
ချောင်လန်က ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ထန်းမော့ကို ပြန်ပေးချင်နေတယ်။ ဒါပေမဲ့ ထန်းမော့က ခေါင်းမာမာနဲ့ပဲ သူမပုခုံးပေါ်ကို နောက်တစ်ခါထပ်ပြီး ခြုံပေးလိုက်ပြန်တယ်။ ကောင်လေးက သူမနားနားကို ကပ်လာပြီး တိုးတိုးလေးပြောလိုက်တယ်။ " ငါက မအေးဘူး "
ချောင်လန်က သူ့ရဲ့အဝတ်ပါးပါးလေးကို ကြည့်လိုက်တယ်။
ဘယ်လိုလုပ် သူက မအေးပဲနေမှာလဲ??
" ငါက တစ်ကယ်မအေးဘူး " ထန်းမော့က သူမပေါ်ကို ကုတ်အင်္ကျီကိုထပ်ပြီး ဝတ်ပေးလိုက်တယ်။ သူ့ရဲ့အေးစက်နေတဲ့ လက်ချောင်းလေးတွေက ချောင်လန့်ပါးပေါ်ကို ဖြတ်သွားတယ်။ ပြီးတော့မှ သူကပြုံးလိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။ " နင်မေ့နေပြီလား။ ငါက အေးတာကို မခံစားရဘူးလေ။ "
ချောင်လန့်နှလုံးသားက ရုတ်တရက်ကြီး ဆွဲအညစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ချဥ်စုတ်နေတဲ့ ခံစားချက်က ထွက်ပေါ်လာခဲ့တယ်။
သူတို့၂ယောက်ရဲ့ နောက်မှာထိုင်နေရင်း ပိုင်ယွီက အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတယ်။ ချောင်လန့်ရဲ့ တွေတွေကြီးဖြစ်နေတဲ့ အကြည့်ကိုကြည့်လိုက် ပြီးတော့ ထန်းမော့ရဲ့ ပါးလျနေတဲ့ အဝတ်တွေကို ကြည့်လိုက် လုပ်နေပြီးတော့ ပိုင်ယွီက ရုတ်တရက် အကျယ်ကြီးအော်လိုက်တယ်။ " ငါဖျားနေတယ်!! "
သူမနဲ့ တစ်ခုံထဲမှာထိုင်နေတဲ့ ကောင်လေးက သူမကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး " ငါသိတယ်လေ။ မနက်ခင်း study ချိန်တုန်းက နင် တစ်ရှူးတောင်ကုန်တော့မလို ဖြစ်နေတာလဲ။ "
" နင့်မှာ ငါ့ကိုတစ်ခုခုလုပ်ပေးချင်နေတာများ မရှိဘူးလား?!! "
" ငါနင့်ကို ငါ့တစ်ရှူးတွေအကုန်ပေးခဲ့တယ် မဟုတ်ဘူးလား?? "
ပိုင်ယွီ : " ... ငါအေးတယ်ဟ။ "
" အဲ့တော့? "
" ငါ့ကို နင့်ကုတ်အင်္ကျီပေး "
" နင့်ကို ဘာပေးရမယ်!! နင်ရူးနေလား?? စာသင်ခန်းထဲက အပူပေးစက်က အတုကြီးဟ။ အရမ်းအေးနေတာကို!! "
ပိုင်ယွီ : .....
" သွားစမ်း!! "
ဒီလောက်အေးနေတဲ့ ရာသီဥတုမှာ ကျောင်းယူနီဖောင်းပါးပါးလေးကိုပဲ ဝတ်ထားတဲ့ထန်းမော့က အရမ်းကိုမျက်စိထဲထင်းနေလို့လား ဒါမှမဟုတ် သူတို့၂ယောက်လုံးက အရမ်းကို သတိထားစရာကောင်းနေလို့လားတော့မသိဘူး အားလုံးက တစ်ချက်တစ်ချက် လှည့်ကြည့်ကြည့်နေကြတယ်။
bioဆရာကတော့ ထန်းမော့သူ့ရုံးခန်းထဲကို ခေါ်လဲခေါ်မထားဘဲ ရောက်ချလာတာကို သတိရသွားတယ်။ သူထင်တာက တစ်ခုခုဖြစ်နေလို့ပေါ့။ ဒါပေမဲ့ထန်းမော့က ခွင့်လာတိုင်တာတဲ့လေ။ သူကိုယ်တိုင်အတွက်တော့မဟုတ်ဘူး။ သူ့ရဲ့'deskmate' လေးအတွက်တဲ့လေ။ သူ့ deskmate ကဖျားနေလို့ သူမကိုအတန်းကနေ ခွင့်ပေးလို့ ရမလားဆိုပြီး လာမေးတာတဲ့လေ။
နောက်ဆုံးတော့ bio ဆရာက နားလည်သွားခဲ့ပြီလေ။ အတန်းပိုင်ဆရာကထန်းမော့ကို စကားခေါ်ပြောတုန်းက သူဘယ်လိုခံစားရလဲဆိုတာကိုပေါ့။ အခုခေတ်မှာ တိတ်တိတ်လေးချစ်ကြိုက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေက ပိုပိုပြီး များများလာကြတယ်။ ဒါပေမဲ့ ထန်းမော့နဲ့ချောင်လန့်လိုဖြစ်ရပ်မျိုးတော့ တစ်ခါမှမရှိခဲ့ဘူးပါဘူး။
ဒါပေမဲ့ ဒီလိုဆိုပေမဲ့ ထန်းမော့တောင်းဆိုမှုကို ငြင်းပယ်စရာ အကြောင်းမရှိဘူးလေ။ ဘာပဲပြောပြော ချောင်လန်က သူအကြိုက်ဆုံး ကျောင်းသူတစ်ယောက်ဖြစ်နေတုန်းပဲလေ။ အခုသူမက နေမကောင်းဘူးဆိုမှတော့ သူကထန်းမော့တောင်းဆိုချက်ကို မလိုက်လျောရင် သူကရက်စက်ရာကျနေမှာပေါ့။
ဒါကိုတွေးလိုက်တော့ bio ဆရာကလဲ ချောင်လန်နဲ့ထန်းမော့တို့ကို တစ်ချက်မကြည့်ဘဲ မနေနိုင်ဘူး။ နောက်ထပ်ထပ်ပြီး လေ့လာစောင့်ကြည့်လိုက်တော့ သူက ထန်းမော့ရဲ့အဝတ်ပါးပါးလေးကို သတိထားမိသွားတော့ မတုန်ရီပဲမနေနိုင်တော့ဘူး။
ကြည့်ရတာ ကျောင်းရဲ့အပူပေးစနစ်က ကောင်းကောင်းအလုပ်မလုပ်ဘူးနဲ့တူတယ်။
အတန်းပြီးသွားတော့ ဟောင်ရင့်ရဲ့ ညီအစ်ကိုကောင်းတွေက ဟောင်ရင့်ပုခုံးကိုပုတ်လိုက်တယ်။ " ဟေ့ကောင်ရေ မင်းကံတရားကို လက်ခံလိုက်ပါတော့ကွာ "
သူတို့က ဟောင်ရင့်ကို ကန့်လန့်တိုက်ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟောင်ရင်က ထန်းမော့နဲ့ပြိုင်ပြီးတိုက်ဖို့ရာအတွက် သူ့မှာဘာနည်းလမ်းမှ မရှိဘူးဆိုတာ သူသိသွားဖို့ သူတို့ကမျှော်လင့်နေကြတာလေ။ အစတုန်းကတော့ ထန်းမော့ရဲ့အရပ်က သူ့ရဲ့ချို့ယွင်းချက်တစ်ခုပဲလို့ သူတို့တွေးထားခဲ့ကြတာလေ။ ဒါပေမဲ့ ရလဒ်ကတော့ ထန်းမော့က ပေါင်းပင်လိုပဲ ထွားလာလိုက်တာလေ။
သူကတစ်နေ့ကျရင် ဟောင်ရင့်အရပ်ကိုတောင် ကျော်ရင်ကျော်သွားဦးမှာလေ။
အခု ဒီညီအစ်ကိုတွေရဲ့မျက်လုံးထဲမှာ ဟောင်ရင်က ထန်းမော့ထက်သာတာ ဘာမှမရှိဘူးလေ။ ချောင်လန့်မျက်လုံးထဲမှာဆို ပိုဆိုးပေါ့။
" အလှတရားဆိုတာ ကြည့်တဲ့လူရဲ့ မျက်လုံးထဲမှာပဲရှိတယ် ဆိုတဲ့ ဆိုရိုးလိုပဲပေါ့။ ချောင်လန်ကထန်းမော့နဲ့ လုံးဝကိုလိုက်ဖက်တာ။ သူတို့က သေချာပေါက်ကို ပါဝါစုံတွဲပဲကွ။ အဲ့တာကြောင့် ဘော်ဒါကြီးရေ မင်း ကံတရားကိုသာ လက်ခံလိုက်ပါတော့ကွာ။ "
ဟောင်ရင် : ? ? ?
ငါကမင်းရဲ့ ဘော်ဒါရောဟုတ်သေးရဲ့လား??!! တစ်ကယ်လို့မင်းက ဖြတ်တော့မယ်ဆိုရင်လဲ ညင်ညင်သာသာလေး လုပ်သင့်တာပေါ့!!
" တစ်ကယ်တော့ နောက်ထပ်နည်းတစ်နည်းရှိသေးတယ်ကွ " သူ့ဘေးနားက ကောင်လေးက ရုတ်တရက်ပြောလိုက်တယ်။ " ချောင်လန့်ကို မင်းကိုသူမကြိုက်တဲ့ကောင်လေးအဖြစ် မြင်လာအောင် မင်းလုပ်လို့ရတယ်။ "
သူ့အသံက နက်ရှိုင်းနေတယ်။ ပြီးတော့ သူက သူ့မျက်နှာမှာလဲ လေးနက်တဲ့ပုံစံဖြစ်အောင် လုပ်ထားတယ်။
ဟောင်ရင်က ချက်ချင်းကိုပဲ အားတွေပြည့်လာပြီး သူ့မျက်လုံးတွေကလဲ အရောင်တောက်သွားတယ်။ " ငါဘာလုပ်ရမလဲ "
" နည်းလမ်းက တစ်နည်းပဲရှိတယ်!! " ကောင်လေးက ပြောလိုက်တယ်။ ပြီးတော့မှ အကျယ်ကြီးကြေညာလိုက်တယ်။ " မင်း ချောင်လန့်ကို ' မျက်နှာသေနဲ့ဘုရင်က ကျွန်မကိုချစ်မိသွားတယ် ' ဆိုတဲ့ ဇာတ်ကားကိုကြည့်ဖို့ ညွှန်းလိုက်လေ။ "
' မျက်နှာသေနဲ့ဘုရင်က ကျွန်မကိုချစ်မိသွားတယ် ' ဆိုတာက အခုတလောရေပန်းစားနေတဲ့ သမိုင်းဒရမ်မာ တစ်ခုပဲဖြစ်တယ်။ အဲ့ဒရမ်မာက အပိုင်းသစ်တစ်ပိုင်းလွှင့်ပြီးသွားတာနဲ့ နေရာတိုင်းမှာ trend ဖြစ်သွားတာလေ။ ဒါကြောင့်မလို့ ဒရမ်မာထဲက ဇာတ်လိုက်မင်းသား ရှီရှင်းယွီက တစ်နေ့ပြီးတစ်နေ့ ပိုပိုနာမည်ကြီးလာတာပေါ့။ နေ့တိုင်းနေ့ သူ့ပရိသတ်အသစ်ဖြစ်ဖြစ်လာတဲ့လူတွေ အများကြီးပဲရှိတယ်လေ။
ဒါပေမဲ့ နောက်ထပ်တစ်ခုရှိသေးတယ်လေ။ အဲ့ရှီရှင်းယွီက ဟောင်ရင်နဲ့ အတော်လေးတူတာလေ။
ဟောင်ရင် : .......
အားလုံး : " ဟားဟားဟားဟား "
" သွားပြီးသေလိုက်တော့!! " ဟောင်ရင်က အဲ့ကောင်လေးကို ကန်ထုတ်လိုက်တယ်။
" ငါစနေတာ စနေတာပါကွ!! ဘော်ဒါကြီးကလဲ ငါက မင်းပျော်အောင် နောက်လိုက်တာပါကွာ။ တစ်ကယ်တော့ မင်းစဥ်းစားကြည့်လေ။ မင်းနဲ့ ချောင်လန်နဲ့က ဘယ်နားမှ ဆင်တူနေတာ မရှိဘူးလေ။ သူမက နောက်ကျရင် သေချာပေါက်ကို ထိပ်တန်းကျောင်းကိုဝင်ခွင့်ရမှာလေ။ ဒါပေမဲ့ မင်းအမှတ်တွေကို မင်းပြန်ကြည့်ဦးလေကွာ။ သေချာပေါက် မင်းအတွက် အဲ့တာကမဖြစ်နိုင်ဘူး။ မင်းအဆင့်တွေက ထန်းမော့တို့ ချန်ယောင်းရန်တို့နဲ့ ယှဥ်လိုက်ရင် လုံးဝကို အလယ်အလတ်ပဲရှိတာလေကွာ။ "
နောက်ဆုံးတော့ သူ့ဘေးနားက လူအုပ်ကြီးကလဲ အမှန်ပြောရတာကြိုက်တဲ့ ဘော်ဒါကို ဆွဲခေါ်သွားပြီး သူ့ကိုထပ်မကြည့်ကြတော့ဘူး။ ဒါက တစ်ကယ့်အမှန်တရားဆိုပေမဲ့ အမှန်တရားဆိုတာ ပြောသင့်တယ်လို့ သူတို့ခံစားရပေမဲ့ ဟောင်ရင့်ကို ကြည့်လိုက်တော့ ဟောင်ရင်က ငိုတော့မဲ့ပုံဖြစ်နေတယ်လေ။
(TN:မင်မင် ဝတ္ထုအသစ်တစ်ပုဒ် ဘာသာပြန်ထားပါတယ်။ ဖီးနစ်ဆံထိုး ပါ။ ရှေးခေတ်ပိုင်းပါပဲ။ wall ထဲ ဝင်ကြည့်ပြီး အားပေးကြပါဦး။)
Zawgyi
ေျမာက္ပိုင္းေဒသရဲ႕ ရာသီဥတုေျပာင္းလဲမႈက တစ္ကယ္မွန္းရခက္တယ္။ ေဆာင္းရာသီက ေရာက္ခ်င္တာနဲ႔ ေရာက္ခ်လာတာပဲ။ အဲ့လို ခန္႔မွန္းလို႔ မရမႈက အပူခ်ိန္႐ုတ္တရက္ ျပဳတ္က်သြားေတာ့ တုတ္ေကြးဖ်ားနာေတြျဖစ္လာၾကေတာ့တယ္။
ဒီတစ္ေခါက္ေတာ့ တုတ္ေကြးရာသီက ျပင္းျပင္းထန္ထန္ကို ေရာက္ခ်လာတာ ေက်ာင္းရဲ႕စူပါမားကတ္က တစ္ရႉးေတြကိုေတာင္ ခ်က္ခ်င္းပဲ အဝယ္မ်ားလာၾကတယ္။ ၿပီးေတာ့ ေက်ာင္းေဆးခန္းကိုသြားၿပီး ေဆးသြားယူတဲ့ ႏႈန္းကလဲ ႐ုတ္တရက္တိုးလာခဲ့တယ္။
ေခ်ာင္လန္က ထန္းေမာ့ေကြၽးတာကို ၂ႏွစ္နီးပါးေလာက္စားလာခဲ့တာေလ။ ၿပီးေတာ့ သူမက ေန႔တိုင္းလဲ ေျပးေသးတယ္ေလ။ အဲ့တာေၾကာင့္ သူမမွာက ကိုယ္ခံအားေကာင္းေကာင္းရွိတယ္။ ဒါေပမဲ့ သူမက သူမအေဆာင္ကလူေတြဆီကေန အဖ်ားကူးတာကေန မလြတ္ခဲ့ဘူး။ အဲ့တာက တစ္ေယာက္ကေန တစ္ျခား၂ေယာက္ကိုကူးတာက စတာပဲ။ ၿပီးေတာ့ အဲ့တာကေန တစ္ဆင့္ၿပီးတစ္ဆင့္ သူမဆီကို ကူးလာေတာ့တာပဲ။
အျပင္ဘက္က ရာသီဥတုက အႏႈတ္ေတာင္ေရာက္ေနၿပီ။ အရမ္းလဲေအးေနတယ္။ အခန္းထဲမွာ အပူေပးစက္တပ္ထားတယ္ဆိုေပမဲ့ ေသခ်ာေပါက္ အရမ္းေႏြးမေနဘူးေလ။
ေခ်ာင္လန္က မနက္ခင္းအေစာႏိုးတုန္းက စာက်က္မလို႔လုပ္ကထဲက ေခါင္းကိုက္ေနခဲ့တာ။ မနက္ခင္း study ခ်ိန္ေရာက္ေတာ့ သူမအတန္းေဖာ္သူငယ္ခ်င္းေတြရဲ႕ စာက်က္သံေတြက သူမနားထဲကို လည္ေနခဲ့တယ္။ ၿပီးေတာ့ သူမရဲ႕မူးေနတဲ့ေခါင္းက ပိုၿပီးေတာ့ေတာင္ ေလးလာတယ္။ ၂မိနစ္တစ္ခါေလာက္ ႏွာေခ်ေနတဲ့ ပိုင္ယြီရဲ႕ ႏႈန္းကိုလိုက္ၿပီး ေခ်ာင္လန္က စားပြဲေပၚမွာ အိပ္ေပ်ာ္သြားခဲ့တယ္။
အခုက မနက္ခင္းအေစာစာၾကည့္တဲ့အခ်ိန္ပဲရွိေသးတယ္ေလ။ ၿပီးေတာ့ အတန္းခ်ိန္က မၿပီးေသးဘူး။ အခုအခ်ိန္က အိပ္ဖို႔အခ်ိန္မဟုတ္ဘူးေလ။ ဒါေပမဲ့ ေခ်ာင္လန္က မထိန္းႏိုင္ေတာ့ဘဲ အိပ္ေပ်ာ္သြားတယ္။ သူမ ႏိုးလာလိုက္ အိပ္ေပ်ာ္သြားလိုက္နဲ႔ ျဖစ္တာ အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္း သူမမသိေတာ့ဘူး။
ေနာက္ဆုံး သူမေခါင္းေထာင္ႏိုင္ဖို႔ အားရွိလာေတာ့မွ သူမက အခန္းထဲက စင္ျမင့္ဘက္ကို လွမ္းၾကည့္လိုက္တယ္။ အဂၤလိပ္ဆရာက အခုထိေရာက္မလာေသးတာကို သူမေတြ႕လိုက္ရတယ္။ အဲ့တာနဲ႔ ခ်က္ခ်င္းကိုပဲ စားပြဲခုံေပၚ ျပန္ပစ္လဲခ်လိုက္ေတာ့တယ္။
ေနာက္ဆုံးေတာ့ အတန္းကၿပီးသြားခဲ့တယ္။ စာသင္ခန္းက ေနာက္ဆုံးတိတ္ဆိတ္သြားေတာ့မွ ေခ်ာင္လန္လဲ ေအးေအးခ်မ္းခ်မ္းအိပ္လို႔ရေတာ့တယ္။
ေအးစက္ေနတဲ့ လက္က သူမနဖူးေပၚကို က်ေရာက္မလာခင္အထိေပါ့။ အဲ့လက္ေၾကာင့္ ေခ်ာင္လန္႐ုတ္တရက္ လန္႔ႏိုးလာခဲ့တယ္။ ေဘးဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ သူမက ထန္းေမာ့ရဲ႕ လွပတဲ့အညိဳေဖ်ာ့ေရာင္မ်က္လုံးေလးေတြနဲ႔ ဆုံေတြ႕သြားတယ္။
ေကာင္ေလးက သူတစ္ခုခုအမွားလုပ္လိုက္မိသလိုမ်ိဳး နည္းနည္းေၾကာင္သြားတယ္။ ၿပီးေတာ့ သူ႔မ်က္လုံးေတြကလဲ သူ႔မကို နည္းနည္းေရွာင္ေနတယ္။ ဒါေပမဲ့ သူက သူမဘက္ကိုဆက္ၿပီးတိုးလာၿပီး ေခ်ာင္လန္႔ကို အသံတိုးတိုးေလးနဲ႔ ေမးလိုက္တယ္။ " ငါ့လက္က အရမ္းေအးေနလို႔လား "
သူက ေခ်ာင္လန္႔နဖူးေပၚကို လက္မတင္ခင္ သူ႔လက္ေတြကို ေႏြးေအာင္လုပ္ထားခဲ့တာပါ။ ဒါေပမဲ့ ၾကည့္ရတာ သူ႔လက္အပူခ်ိန္က ေခ်ာင္လန္႔အတြက္ အရမ္းေအးေနတုန္းပဲနဲ႔တူတယ္။
ေခ်ာင္လန္က ေခါင္းယမ္းလိုက္ၿပီး " ဟင့္အင္း " လို႔ေျပာလိုက္တယ္။ သူမမွာက ေခါင္းေမာ့ဖို႔အားမရွိေသးဘူး။ ၿပီးေတာ့ သူမက ေကာင္ေလးရဲ႕အေနာက္ကိုဆုတ္သြားတဲ့ လက္ေလးကို စိုက္ၾကည့္ေနလိုက္တယ္။ သူမၾကည့္လိုက္ေတာ့ သူ႔ရဲ႕ျဖဴေဖ်ာ့ေနတဲ့ လက္ေကာက္ဝတ္ေပၚမွာ ပြန္းပဲ့ရာတစ္ခုကို ေသေသခ်ာခ်ာျမင္လိုက္ရတယ္။
ေခ်ာင္လန္႔ရဲ႕ ေႏြးေနတဲ့လက္က သူ႔အလိုလိုပဲ ထန္းေမာ့လက္ေကာက္ဝတ္ကို ဆြဲမိသြားတယ္။
ထန္းေမာ့ေအးခဲသြားတယ္။ သူ႔လက္ေကာက္ဝတ္က ပြန္းပဲ့ရာက နာလာလို႔လား၊ ဒါမွမဟုတ္ ေခ်ာင္လန္႔လက္က အပူခ်ိန္ေၾကာင့္ပဲလားေတာ့ သူမသိေတာ့ဘူး။
သူမဦးေႏွာက္က အဖ်ားပိုးဝင္သြားလို႔ နည္းနည္းအလုပ္မလုပ္ေတာ့တာနဲ႔တူတယ္။ ဒီေန႔ ေခ်ာင္လန္က အရင္ကထက္ပိုၿပီး နည္းနည္းရဲတင္းေနတယ္။
သူမရဲ႕ အနည္းငယ္ဩရွေနတဲ့ အသံနဲ႔ သူမက အသံtoneကို နည္းနည္းႏူးႏူးညံ့ညံ့ေလးေျပာလိုက္တယ္။ သူမေတာင္သတိမထားလိုက္မိဘူး။ " ဒါက ဘာျဖစ္တာလဲ " သူမက လက္ေခ်ာင္းေလးေတြနဲ႔ ပြန္းပဲ့ေနတဲ့ေနရာကို သာသာေလးထိလိုက္တယ္။
" ငါတစ္ခုခုနဲ႔ မေတာ္တဆ တိုက္မိသြားတာ " ထန္းေမာ့က ေျပာလိုက္တယ္။
တစ္ကယ္တမ္းက အဲ့တာက သူအတိုက္အခိုက္ သင္ေနတုန္းက ရခဲ့တဲ့ ဒဏ္ရာျဖစ္တယ္။
ေခ်ာင္လန္က ဒဏ္ရာကို အၾကာႀကီးစိုက္ၾကည့္ေနၿပီးမွ လႊတ္လိုက္တယ္။
" ႐ူးလိုက္တာ "
သူမရဲ႕႐ြဲ႕ေျပာတဲ့ အသံကေတာင္ ႏူးညံ့ေနၿပီး နည္းနည္းတုန္ရီေနတယ္။
ထန္းေမာ့က အသက္ျပင္းျပင္း႐ူလိုက္ၿပီး ေခ်ာင္လန္႔ရဲ႕ နီရဲေနတဲ့ ပါးေလးေတြကို ၾကည့္လိုက္တယ္။
" နင္ဖ်ားေနတယ္ "
" အင္း " ေခ်ာင္လန္က ေခါင္းကို သူမလက္ေမာင္းထဲကို ေနာက္တစ္ခါျပန္ႏွစ္လိုက္ေတာ့တယ္။ " အဖ်ားနည္းနည္းေလးပဲ ရွိတာပါ။ ဒီလိုခဏေလာက္ေနလိုက္ရင္ ျပန္ေကာင္းသြားလိမ့္မယ္။ "
သူမေဘးက ေကာင္ေလးက စကားေျပာတာရပ္သြားတယ္။ ၿပီးေတာ့ ေခ်ာင္လန္ကလဲ ေခါင္းမူးလာၿပီး ေနာက္တစ္ခါျပန္အိပ္ေပ်ာ္သြားျပန္တယ္။ သူမဘယ္ေလာက္ၾကာေအာင္ အိပ္ေပ်ာ္သြားလဲဆိုတာေတာ့ သူမမသိဘူး။ အျပင္ဘက္ကေလေအးေတြကို သယ္လာတဲ့ထန္းေမာ့ေၾကာင့္ သူမႏိုးလာခဲ့တယ္။
သူက သူမကို ေသာက္လို႔ရေလာက္တဲ့အထိေႏြးေနတဲ့ ေရခြက္ေလးကို လွမ္းေပးလိုက္တယ္။ ၿပီးေတာ့ တစ္႐ူးနဲ႔ ပတ္ထားတဲ့ ေဆးတစ္ခ်ိဳ႕ကိုေရာေပါ့။ သူမေရွ႕က ေကာင္ေလးက ေခါင္းငုံ႔ၿပီး ႀကီးေနတဲ့ေဆးေတာင့္ကို ေလးပိုင္းပိုင္းေနတယ္။ ၿပီးေတာ့ သူ႔ရဲ႕ရွည္လ်ားတဲ့မ်က္ေတာင္ေတြကလဲ ေအာက္ကိုစိုက္က်ေနတယ္။
" နင္ ေဆးဘယ္ကရလာတာလဲ "
" ေဆးဆိုင္က " ထန္းေမာ့က ေခ်ာင္လန္႔ကို ေဆးလွမ္းေပးလိုက္တယ္။ " ေဆးေသာက္ၿပီး အိပ္လိုက္ေတာ့။ ငါတို႔လာမဲ့အတန္းခ်ိန္အတြက္ ဆရာကို ငါ့ေျပာၿပီးသြားၿပီ။ "
" အင္းပါ " ေခ်ာင္လန္က ေျပာၿပီး ေဆးကိုေသာက္လိုက္တယ္။ ၿပီးေတာ့ တိတ္ဆိတ္စြာနဲ႔ပဲ စားပြဲခုံေပၚကို ဆက္ၿပီးလဲေနလိုက္တယ္။
ဒါေပမဲ့ ခဏေလာက္ၾကာေတာ့ ကုတ္အက်ႌတစ္ခုက သူမေပၚေရာက္လာလို႔ သူမပုခုံးက နည္းနည္းေလးသြားတယ္။ ေခ်ာင္လန္က ထန္းေမာ့အဝတ္ဗီဒိုထဲကလာတဲ့ ရင္းႏီွးေနၿပီး လတ္ဆက္တဲ့ရနံ႔ကို ရလိုက္တယ္။ အဲ့တာနဲ႔ သူမက မ်က္လုံးေတြကို ျပန္ဖြင့္ၾကည့္လိုက္ေတာ့ ထန္းေမာ့က အက်ႌပါးပါးေလးကိုပဲ ဝတ္ထားတာကို ေတြ႕လိုက္ရတယ္။ ေက်ာင္းယူနီေဖာင္းတဲ့ ဂ်တ္ကတ္ေလးပဲ ဝတ္ထားတာေလ။
ေခ်ာင္လန္က ကုတ္အက်ႌကို ခြၽတ္လိုက္ၿပီး ထန္းေမာ့ကို ျပန္ေပးခ်င္ေနတယ္။ ဒါေပမဲ့ ထန္းေမာ့က ေခါင္းမာမာနဲ႔ပဲ သူမပုခုံးေပၚကို ေနာက္တစ္ခါထပ္ၿပီး ၿခဳံေပးလိုက္ျပန္တယ္။ ေကာင္ေလးက သူမနားနားကို ကပ္လာၿပီး တိုးတိုးေလးေျပာလိုက္တယ္။ " ငါက မေအးဘူး "
ေခ်ာင္လန္က သူ႔ရဲ႕အဝတ္ပါးပါးေလးကို ၾကည့္လိုက္တယ္။
ဘယ္လိုလုပ္ သူက မေအးပဲေနမွာလဲ??
" ငါက တစ္ကယ္မေအးဘူး " ထန္းေမာ့က သူမေပၚကို ကုတ္အက်ႌကိုထပ္ၿပီး ဝတ္ေပးလိုက္တယ္။ သူ႔ရဲ႕ေအးစက္ေနတဲ့ လက္ေခ်ာင္းေလးေတြက ေခ်ာင္လန္႔ပါးေပၚကို ျဖတ္သြားတယ္။ ၿပီးေတာ့မွ သူကၿပဳံးလိုက္ၿပီး တိုးတိုးေလးေျပာလိုက္တယ္။ " နင္ေမ့ေနၿပီလား။ ငါက ေအးတာကို မခံစားရဘူးေလ။ "
ေခ်ာင္လန္႔နလုံးသားက ႐ုတ္တရက္ႀကီး ဆြဲအညစ္ခံလိုက္ရသလို ခံစားလိုက္ရၿပီး ခ်ဥ္စုတ္ေနတဲ့ ခံစားခ်က္က ထြက္ေပၚလာခဲ့တယ္။
သူတို႔၂ေယာက္ရဲ႕ ေနာက္မွာထိုင္ေနရင္း ပိုင္ယြီက အျဖစ္အပ်က္တစ္ခုလုံးကို ကိုယ္တိုင္မ်က္ျမင္ေတြ႕လိုက္ရတယ္။ ေခ်ာင္လန္႔ရဲ႕ ေတြေတြႀကီးျဖစ္ေနတဲ့ အၾကည့္ကိုၾကည့္လိုက္ ၿပီးေတာ့ ထန္းေမာ့ရဲ႕ ပါးလ်ေနတဲ့ အဝတ္ေတြကို ၾကည့္လိုက္ လုပ္ေနၿပီးေတာ့ ပိုင္ယြီက ႐ုတ္တရက္ အက်ယ္ႀကီးေအာ္လိုက္တယ္။ " ငါဖ်ားေနတယ္!! "
သူမနဲ႔ တစ္ခုံထဲမွာထိုင္ေနတဲ့ ေကာင္ေလးက သူမကို ထူးဆန္းတဲ့အၾကည့္နဲ႔ၾကည့္လိုက္ၿပီး " ငါသိတယ္ေလ။ မနက္ခင္း study ခ်ိန္တုန္းက နင္ တစ္ရႉးေတာင္ကုန္ေတာ့မလို ျဖစ္ေနတာလဲ။ "
" နင့္မွာ ငါ့ကိုတစ္ခုခုလုပ္ေပးခ်င္ေနတာမ်ား မရွိဘူးလား?!! "
" ငါနင့္ကို ငါ့တစ္ရႉးေတြအကုန္ေပးခဲ့တယ္ မဟုတ္ဘူးလား?? "
ပိုင္ယြီ : " .. ငါေအးတယ္ဟ။ "
" အဲ့ေတာ့? "
" ငါ့ကို နင့္ကုတ္အက်ႌေပး "
" နင့္ကို ဘာေပးရမယ္!! နင္႐ူးေနလား?? စာသင္ခန္းထဲက အပူေပးစက္က အတုႀကီးဟ။ အရမ္းေအးေနတာကို!! "
ပိုင္ယြီ : ...
" သြားစမ္း!! "
ဒီေလာက္ေအးေနတဲ့ ရာသီဥတုမွာ ေက်ာင္းယူနီေဖာင္းပါးပါးေလးကိုပဲ ဝတ္ထားတဲ့ထန္းေမာ့က အရမ္းကိုမ်က္စိထဲထင္းေနလို႔လား ဒါမွမဟုတ္ သူတို႔၂ေယာက္လုံးက အရမ္းကို သတိထားစရာေကာင္းေနလို႔လားေတာ့မသိဘူး အားလုံးက တစ္ခ်က္တစ္ခ်က္ လွည့္ၾကည့္ၾကည့္ေနၾကတယ္။
bioဆရာကေတာ့ ထန္းေမာ့သူ႔႐ုံးခန္းထဲကို ေခၚလဲေခၚမထားဘဲ ေရာက္ခ်လာတာကို သတိရသြားတယ္။ သူထင္တာက တစ္ခုခုျဖစ္ေနလို႔ေပါ့။ ဒါေပမဲ့ထန္းေမာ့က ခြင့္လာတိုင္တာတဲ့ေလ။ သူကိုယ္တိုင္အတြက္ေတာ့မဟုတ္ဘူး။ သူ႔ရဲ႕'deskmate' ေလးအတြက္တဲ့ေလ။ သူ႔ deskmate ကဖ်ားေနလို႔ သူမကိုအတန္းကေန ခြင့္ေပးလို႔ ရမလားဆိုၿပီး လာေမးတာတဲ့ေလ။
ေနာက္ဆုံးေတာ့ bio ဆရာက နားလည္သြားခဲ့ၿပီေလ။ အတန္းပိုင္ဆရာကထန္းေမာ့ကို စကားေခၚေျပာတုန္းက သူဘယ္လိုခံစားရလဲဆိုတာကိုေပါ့။ အခုေခတ္မွာ တိတ္တိတ္ေလးခ်စ္ႀကိဳက္ေနၾကတဲ့ ေက်ာင္းသားေက်ာင္းသူေတြက ပိုပိုၿပီး မ်ားမ်ားလာၾကတယ္။ ဒါေပမဲ့ ထန္းေမာ့နဲ႔ေခ်ာင္လန္႔လို႔ျဖစ္ရပ္မ်ိဳးေတာ့ တစ္ခါမွမရွိခဲ့ဘူးပါဘူး။
ဒါေပမဲ့ ဒီလိုဆိုေပမဲ့ ထန္းေမာ့ေတာင္းဆိုမႈကို ျငင္းပယ္စရာ အေၾကာင္းမရွိဘူးေလ။ ဘာပဲေျပာေျပာ ေခ်ာင္လန္က သူအႀကိဳက္ဆုံး ေက်ာင္းသူတစ္ေယာက္ျဖစ္ေနတုန္းပဲေလ။ အခုသူမက ေနမေကာင္းဘူးဆိုမွေတာ့ သူကထန္းေမာ့ေတာင္းဆိုခ်က္ကို မလိုက္ေလ်ာရင္ သူကရက္စက္ရာက်ေနမွာေပါ့။
ဒါကိုေတြးလိုက္ေတာ့ bio ဆရာကလဲ ေခ်ာင္လန္နဲ႔ထန္းေမာ့တို႔ကို တစ္ခ်က္မၾကည့္ဘဲ မေနႏိုင္ဘူး။ ေနာက္ထပ္ထပ္ၿပီး ေလ့လာေစာင့္ၾကည့္လိုက္ေတာ့ သူက ထန္းေမာ့ရဲ႕အဝတ္ပါးပါးေလးကို သတိထားမိသြားေတာ့ မတုန္ရီပဲမေနႏိုင္ေတာ့ဘူး။
ၾကည့္ရတာ ေက်ာင္းရဲ႕အပူေပးစနစ္က ေကာင္းေကာင္းအလုပ္မလုပ္ဘူးနဲ႔တူတယ္။
အတန္းၿပီးသြားေတာ့ ေဟာင္ရင့္ရဲ႕ ညီအစ္ကိုေကာင္းေတြက ေဟာင္ရင့္ပုခုံးကိုပုတ္လိုက္တယ္။ " ေဟ့ေကာင္ေရ မင္းကံတရားကို လက္ခံလိုက္ပါေတာ့ကြာ "
သူတို႔က ေဟာင္ရင့္ကို ကန္႔လန္႔တိုက္ေျပာေနတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ေဟာင္ရင္က ထန္းေမာ့နဲ႔ၿပိဳင္ၿပီးတိုက္ဖို႔ရာအတြက္ သူ႔မွာဘာနည္းလမ္းမွ မရွိဘူးဆိုတာ သူသိသြားဖို႔ သူတို႔ကေမွ်ာ္လင့္ေနၾကတာေလ။ အစတုန္းကေတာ့ ထန္းေမာ့ရဲ႕အရပ္က သူ႔ရဲ႕ခ်ိဳ႕ယြင္းခ်က္တစ္ခုပဲလို႔ သူတို႔ေတြးထားခဲ့ၾကတာေလ။ ဒါေပမဲ့ ရလဒ္ကေတာ့ ထန္းေမာ့က ေပါင္းပင္လိုပဲ ထြားလာလိုက္တာေလ။
သူကတစ္ေန႔က်ရင္ ေဟာင္ရင့္အရပ္ကိုေတာင္ ေက်ာ္ရင္ေက်ာ္သြားဦးမွာေလ။
အခု ဒီညီအစ္ကိုေတြရဲ႕မ်က္လုံးထဲမွာ ေဟာင္ရင္က ထန္းေမာ့ထက္သာတာ ဘာမွမရွိဘူးေလ။ ေခ်ာင္လန္႔မ်က္လုံးထဲမွာဆို ပိုဆိုးေပါ့။
" အလွတရားဆိုတာ ၾကည့္တဲ့လူရဲ႕ မ်က္လုံးထဲမွာပဲရွိတယ္ ဆိုတဲ့ ဆို႐ိုးလိုပဲေပါ့။ ေခ်ာင္လန္ကထန္းေမာ့နဲ႔ လုံးဝကိုလိုက္ဖက္တာ။ သူတို႔က ေသခ်ာေပါက္ကို ပါဝါစုံတြဲပဲကြ။ အဲ့တာေၾကာင့္ ေဘာ္ဒါႀကီးေရ မင္း ကံတရားကိုသာ လက္ခံလုိက္ပါေတာ့ကြာ။ "
ေဟာင္ရင္ : ? ? ?
ငါကမင္းရဲ႕ ေဘာ္ဒါေရာဟုတ္ေသးရဲ႕လား??!! တစ္ကယ္လို႔မင္းက ျဖတ္ေတာ့မယ္ဆိုရင္လဲ ညင္ညင္သာသာေလး လုပ္သင့္တာေပါ့!!
" တစ္ကယ္ေတာ့ ေနာက္ထပ္နည္းတစ္နည္းရွိေသးတယ္ကြ " သူ႔ေဘးနားက ေကာင္ေလးက ႐ုတ္တရက္ေျပာလိုက္တယ္။ " ေခ်ာင္လန္႔ကို မင္းကိုသူမႀကိဳက္တဲ့ေကာင္ေလးအျဖစ္ ျမင္လာေအာင္ မင္းလုပ္လို႔ရတယ္။ "
သူ႔အသံက နက္ရႈိင္းေနတယ္။ ၿပီးေတာ့ သူက သူ႔မ်က္ႏွာမွာလဲ ေလးနက္တဲ့ပုံစံျဖစ္ေအာင္ လုပ္ထားတယ္။
ေဟာင္ရင္က ခ်က္ခ်င္းကိုပဲ အားေတြျပည့္လာၿပီး သူ႔မ်က္လုံးေတြကလဲ အေရာင္ေတာက္သြားတယ္။ " ငါဘာလုပ္ရမလဲ "
" နည္းလမ္းက တစ္နည္းပဲရွိတယ္!! " ေကာင္ေလးက ေျပာလိုက္တယ္။ ၿပီးေတာ့မွ အက်ယ္ႀကီးေၾကညာလိုက္တယ္။ " မင္း ေခ်ာင္လန္႔ကို ' မ်က္ႏွာေသနဲ႔ဘုရင္က ကြၽန္မကိုခ်စ္မိသြားတယ္ ' ဆိုတဲ့ ဇာတ္ကားကိုၾကည့္ဖို႔ ၫႊန္းလိုက္ေလ။ "
' မ်က္ႏွာေသနဲ႔ဘုရင္က ကြၽန္မကိုခ်စ္မိသြားတယ္ ' ဆိုတာက အခုတေလာေရပန္းစားေနတဲ့ သမိုင္းဒရမ္မာ တစ္ခုပဲျဖစ္တယ္။ အဲ့ဒရမ္မာက အပိုင္းသစ္တစ္ပိုင္းလႊင့္ၿပီးသြားတာနဲ႔ ေနရာတိုင္းမွာ trend ျဖစ္သြားတာေလ။ ဒါေၾကာင့္မလို႔ ဒရမ္မာထဲက ဇာတ္လိုက္မင္းသား ရွီရွင္းယြီက တစ္ေန႔ၿပီးတစ္ေန႔ ပိုပိုနာမည္ႀကီးလာတာေပါ့။ ေန႔တိုင္းေန႔ သူ႔ပရိသတ္အသစ္ျဖစ္ျဖစ္လာတဲ့လူေတြ အမ်ားႀကီးပဲရွိတယ္ေလ။
ဒါေပမဲ့ ေနာက္ထပ္တစ္ခုရိေသးတယ္ေလ။ အဲ့ရွီရွင္းယြီက ေဟာင္ရင္နဲ႔ အေတာ္ေလးတူတာေလ။
ေဟာင္ရင္ : .......
အားလုံး : " ဟားဟားဟားဟား "
" သြားၿပီးေသလိုက္ေတာ့!! " ေဟာင္ရင္က အဲ့ေကာင္ေလးကို ကန္ထုတ္လိုက္တယ္။
" ငါစေနတာ စေနတာပါကြ!! ေဘာ္ဒါႀကီးကလဲ ငါက မင္းေပ်ာ္ေအာင္ ေနာက္လိုက္တာပါကြာ။ တစ္ကယ္ေတာ့ မင္းစဥ္းစားၾကည့္ေလ။ မင္းနဲ႔ ေခ်ာင္လန္နဲ႔က ဘယ္နားမွ ဆင္တူေနတာ မရွိဘူးေလ။ သူမက ေနာက္က်ရင္ ေသခ်ာေပါက္ကို ထိပ္တန္းေက်ာင္းကိုဝင္ခြင့္ရမွာေလ။ ဒါေပမဲ့ မင္းအမွတ္ေတြကို မင္းျပန္ၾကည့္ဦးေလကြာ။ ေသခ်ာေပါက္ မင္းအတြက္ အဲ့တာကမျဖစ္ႏိုင္ဘူး။ မင္းအဆင့္ေတြက ထန္းေမာ့တို႔ ခ်န္ေယာင္းရန္တို႔နဲ႔ ယွဥ္လိုက္ရင္ လုံးဝကို အလယ္အလတ္ပဲရွိတာေလကြာ။ "
ေနာက္ဆုံးေတာ့ သူ႔ေဘးနားက လူအုပ္ႀကီးကလဲ အမွန္ေျပာရတာႀကိဳက္တဲ့ ေဘာ္ဒါကို ဆြဲေခၚသြားၿပီး သူ႔ကိုထပ္မၾကည့္ၾကေတာ့ဘူး။ ဒါက တစ္ကယ့္အမွန္တရားဆိုေပမဲ့ အမွန္တရားဆိုတာ ေျပာသင့္တယ္လို႔ သူတို႔ခံစားရေပမဲ့ ေဟာင္ရင့္ကို ၾကည့္လိုက္ေတာ့ ေဟာင္ရင္က ငိုေတာ့မဲ့ပုံျဖစ္ေနတယ္ေလ။
(TN:မင္မင္ ဝတၳဳအသစ္တစ္ပုဒ္ ဘာသာျပန္ထားပါတယ္။ ဖီးနစ္ဆံထိုး ပါ။ ေရွးေခတ္ပိုင္းပါပဲ။ wall ထဲ ဝင္ၾကည့္ၿပီး အားေပးၾကပါဦး။)